Ngaman Shwe Myay Construction

Ngaman Shwe Myay Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ngaman Shwe Myay Construction, Construction Company, Yangon.

12/03/2025

Quality Control (QC) in Construction

PMI လို့ခေါ်တဲ့ Project Management Institute ကထုတ်ထားတဲ့ Project Manager တွေအတွက် guidebook ဖြစ်တဲ့ PMBOK GUIDE ထဲမှာ Quality Control ကိုခုလိုဆိုပါတယ်။

"The process of monitoring and recording results of executing the quality activities to assess performance and recommend necessary actions"

တည်ဆောက်ထုတ်လုပ်လိုက်တဲ့ products/ process ရဲ့ အရည်အသွေး performance ကို စောင့်ကြည့်ခြင်း၊စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ လိုအပ်သလိုအရေးယူဆောင်ရွက်ခြင်း လို့ ဆိုနိုင်ပါတယ်။

QC စစ်တယ် လို့ ကျနော်တို့ ဆောက်လုပ်ရေးမှာ အသုံးများကြတယ်။

ဘာကိုစစ်တာလဲ?

အသုံးပြုတဲ့ material ရဲ့ quality ကိုစစ်တယ်။ တည်ဆောက်လိုက်တဲ့ အဆောက်အအုံအစိတ်အပိုင်း‌ တွေရဲ့ လက်ရာလက်သား workmanship ကိုစစ်တယ်။ Final product ဖြစ်တဲ့ အဆောက်အအုံပြီးစီးမှုကို စစ်တယ်။

ဘာနဲ့ ကိုင်စစ်မှာလဲ?

Contract မှာဖော်ပြထားတဲ့ အတိုင်းစစ်မယ်။ သတ်မှတ်ထားတဲ့ specifications တွေ၊ standards တွေ ကိုင်စစ်မယ်။ Method Statement အတိုင်းလုပ်မလုပ် စစ်မယ်။ Approved drawings အတိုင်းလုပ်မလုပ် စစ်မယ်။

ဘယ်အချိန်မှာ စစ်မှာလဲ?

တည်ဆောက်ရေး မစခင်မှာ သုံးစွဲမယ့် material quality ကိုစစ်မယ်။ မျက်မြင် visual စစ်မယ်။ 3rd party laboratory မှာ test လုပ်စစ်မယ်။ တည်ဆောက်နေစဉ် အဆင့်တိုင်းမှာ စစ်မယ်၊ လိုအပ်ရင် field test တွေလုပ်ပြီးစစ်မယ်။ ITP & checklist တွေအတိုင်းစစ်မယ်။ acceptance criteria သတ်မှတ်ထားတဲ့အတိုင်း tolerance ထဲ၀င်မ၀င်စစ်မယ်။အားလုံးပြီးတဲ့ အခါ final Inspection ၀င်မယ်၊ T&C လုပ်မယ်၊ snag list/ punch list ထုတ်မယ်၊ အားလုံး အိုကေရင် handover လုပ်မယ်။

ဘယ်သူတွေက စစ်မှာလဲ?

ဆိုက်အင်ဂျင်နီယာ၊ QC inspector၊ Consultant Inspector၊ Lab technician ၊ 3rd party specialist တွေက လိုအပ်သလိုစစ်ဆေးပါတယ်။

Quality control ဆိုတာ တည်ဆောက်လိုက်တဲ့ လမ်းတံတား အဆောက်အအုံတွေ လက်ရာလက်သား အရည်အသွေးကောင်းမွန်စေဖို့ လုပ်ငန်းစဉ်အဆင့်တိုင်းကို သတ်မှတ်ထားတဲ့ Contract documentsတွေအတိုင်း ကိုက်ညီအောင် ကြပ်မတ်စစ်ဆေးခြင်းဖြစ်ပါတယ်။

ဒါကြောင့် အရည်အသွေးကောင်း၊ တာရှည်ခံ၊ ခိုင်ခန့်တဲ့ အဆောက်အအုံတွေဖြစ်ဖို့ QC အရေးကြီးပါတယ်။

Crd- ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

🏘️အဆောက်အဦး မဆောက်လုပ်မီ ပန္နက် ပတ်တန်းရိုက်ခြင်းအကြောင်း✍️✳️အဆောက်အဦး ပန္နတ်ရိုက်ခြင်းသည် အရေးကြီးသည်။လျှော့၍ မစဉ်းစားပ...
21/02/2025

🏘️အဆောက်အဦး မဆောက်လုပ်မီ

ပန္နက် ပတ်တန်းရိုက်ခြင်းအကြောင်း✍️

✳️အဆောက်အဦး ပန္နတ်ရိုက်ခြင်းသည် အရေးကြီး

သည်။လျှော့၍ မစဉ်းစားပါနှင့်✳️

✳️အဆောက်အအုံ ထောင့်မှတ်များ စိုက်ရန်

ပါ(ပတ်တန်းပေါ့)။ နေရာမှန်မှ 5' နှင့် 10' ကြား အကွာ

အဝေး စိုက်ထူပါ ။

ဆိုလိုသည်က footing မြေကြီးတူးရမယ့် တွင်းနှင့်

လွတ်အောင်ပါ ။ တွက်၍ အဆင်ပြေသလို လုပ်နှိုင်

သည်။ အုတ်ခုံ ဗဟိုမျှဉ်း ၊ အဆောက်အအုံ အပြင်

မျှဉ်း ကြိုက်ရာရွေး၍ ကျင်တွယ်ဖမ်းပါ ။ အများသုံး

အပြင်နံရံမျှဉ်းကို ဖမ်းပါက ပိုလွယ်ကူသည်။

✳️အဆောက်အအုံ ပန္နတ်များ စိုက်ပြီးပါက ထောင့်

ဖြတ် အကွာအဝေး ညီ မညီ ပြန်စစ်ပါ။

( ဝက်ခေါင်းထိုး ကျင်တွယ် ဖမ်းခိုင်းတာပါ ။ သေချာ

အောင်)

✳️ထောင့်ပန္နတ် ရိုက်ရာ၌ ငုတ် တစ်ငုတ် စိုက်ထူ

စနစ်ကို မသုံးပါနှင့် ။ တန်းပန္နတ် စနစ်ကိုသာ သုံးပါ ။

✳️ပန္နတ်တန်းကို ရေချိန်ကိုက် ပြုလုပ်၍(Level)

မြေညီထပ် ကြမ်းပြင် အမြင့်နှင့် တူညီအောင်

ဆောင်ရွက်ပါ။

✳️ပန္နတ်တန်း စိုက်ထူပြီးပါက တာဝန်ခံ အင်ယာ

ကြီးကြပ်၍ စစ်ဆေးပါ။ စစ်ဆေးစေပါ ။ စစ်ပြီးမှ

လုပ်ငန်းစတင်ပါ ။(အရေးကြီးး)

✳️ပန္နတ်တန်းများကို အချိန်အတော်ကြာ အသုံးပြု

မည် ဖြစ်၍ .....

- မြေတူးလုပ်ငန်းနှင့် ကင်းလွတ်သည့် နေရာ စိုက်

ပါ။
- လုံခြုံစွာ ကာရန်ထားပါ ။

- အများသိနိုင်ရန် အမှတ်အသား ပြုလုပ်ထားပါ ။

- ခိုင်ခန့်စွာ ပြုလုပ်ပါ ။

လိုအပ်ချက်များ Comment​ မှာဖြည့်စွက်ရေးသား

အကြံပြုနိုင်ပါတယ်ဗျ



#ငမန်းရွှေမြေဆောက်လုပ်ရေး

20/02/2025

အာစီတိုင် ၉ပတ်လည် ၁၀ပတ်လည်မှာ သံချောင်း

ဘယ်လောက်ထည့်ရမလဲ???။

ဟုတ်ကဲ့။ အကြမ်းဖျင်းပြောရမည်ဆိုရင် အာစီ

တိုင်လို့ ပြောတာနဲ့ သံချောင်း ၄ ချောင်းတော့

ထည့်ပေးပါဗျ။

ACI တို့ ဘာတို့ရဲ့ စံသတ်မှတ်ချက်တွေအရတော့

ဖိအားဒဏ် compression ခံနိုင်ဖို့ တိုင်အရွယ်အစား

ဧရိယာရဲ့ ၁% ကနေ ၈% အထိ သံချောင်းကို

ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဥပမာ ၁၀လက်မ

ပတ်လည် တိုင်တစ်တိုင်မှာ ၆မူး လေးချောင်း ထည့်

မယ်ဆိုပါစို့။ လုံလောက်မှုရှိမရှိ စစ်ကြည့်ရအောင်။

ဆိုတော့ ကွန်ကရစ်ရဲ့ ဧရိယာ - ၁၀ လက်မ x ၁၀

လက် = ၁၀၀ စတုရန်းလက်မ

သံချောင်းဧရိယာက ခြောက်မူးရဲ့ မျက်နှာပြင်ဧရိယာ

က ၀.၃၁ စတုရန်းလက်မရှိပါတယ်။

လေးချာင်းဆိုတော့ = ၀.၃၁ x ၄ ချောင်း = ၁.၂၄

စတုရန်းလက်မ ရပါမယ်။

သူတို့နှစ်ခု၏ အချိုးကို တွက်ရင် = (သံချောင်း

ဧရိယာ)/(ကွန်ကရစ်ဧရိယာ) = ၁.၂၄ / ၁၀၀ =

၀.၀၁၂၄ ရပါမယ်။ ဆိုတော့ ရာခိုင်နှုန်းသိရဖို့ ၁၀၀

နှင့်မြှောက်ရင် = ၁.၂၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒါကြောင့် ၁ နှင့် ၈ ရာခိုင်နှုန်းကြားမှာ ရှိရမယ်ဆို

တော့ အဆင်ပြေတယ်လို့ သတ်မှတ်လို့ရပေမယ့်

တော်တော်လေးနည်းနေပါတယ်။ ၁ နှင့် ၈ ရာခိုင်နှုန်း

ကြားဆိုတော့ အနည်းဆုံးတော့ ၂ ရာခိုင်နှုန်းကနေ ၄

ရာခိုင်နှုန်းအထိ ရှိသင့်ပါတယ်။ ဧရိယာကို အရင်

သတ်မှတ်ပြီး ကိုယ်အဆင်ပြေတဲ့ သံချောင်း

အရွယ်အစားနဲ့ အရည်အတွက်ကိုလည်း ကစားလို့ရ

မှာဖြစ်ပါတယ်။

၈ ရာခိုင်နှုန်းထက် ပိုများရင်ကော ဘာဖြစ်မလဲဆရာ

ရေ?????။

သေချာတာက‌တော့ မကုန်သင့်ပဲ ကုန်ကျမယ်။

သံချောင်းတွေ စိပ်လွန်းမယ် ကွန်ကရစ်သား နည်း

သွားမယ် ကွန်ကရစ်ထမ်းရမည့်လုပ်ငန်းမှာ အားနည်း

မယ် ခိုင်ခန့်မှုနည်းမယ်။ ဝန်သေပမာဏများတဲ့

အတွက် နောက်ပိုင်းမှာ တိုင်တွေအနေနဲ့ Stress

ဒဏ်ကို ခံနေရမှာ ဖြစ်ပါတယ်။

သံချောင်းပါတဲ့ မည်သည့်ကွန်ကရစ်လုပ်ငန်းတွင် မ

ဆို သံချောင်းများတိုင်း ကောင်းတယ်ဆိုတဲ့ အယူ

အဆကြီးကိုလည်း ဖျောက်ပစ်ကြရမှာဖြစ်ပါတယ်။

သံချောင်းဆိုတာ ကွန်ကရစ်ကို ကူညီပေးတဲ့သူ

ဖြစ်တဲ့အတွက် ကွန်ကရစ်ပမာဏထက် များနေလို့မရ

ပါဘူး။ သူက အဓိကမဟုတ်ပါဘူး။ ကွန်ကရစ်က

အဓိကဖြစ်ပြီး ကွန်ကရစ်အနေနဲ့ အားနည်းတဲ့အပိုင်း

ကိုသာ သံချောင်းကိုထည့်ပြီး ကူပေးရတဲ့ အားကူ

သံချောင်းဖြစ်တဲ့အတွက် စနစ်တကျ ခွဲခြား

သတ်မှတ်ပြီး လိုအပ်သလောက်သာ အသုံးပြုရမှာဖြ

စ်ပါတယ်။

Over Weight မဖြစ်စေဖို့လည်း အရေးကြီးတာဖြစ်ပါ

တယ်။

ကွန်ကရစ်လုပ်ငန်းတွင် သံချောင်းပမာဏသည်

အဓိကမဟုတ်ပဲ ကွန်ကရစ်ရဲ့ ဘယ်အပိုင်း ဘယ်

နေရာမှာ ထားရမယ်ဆိုတဲ့ နေရာချမှုကသာ အဓိက

ဖြစ်ပါတယ်။ ဥပမာ ကြမ်းခင်းတွေ အမိုးတွေမှာ ဘ

င့်ထုတ်တွေမှာ ကွန်ကရစ်သားရဲ့ဘယ်အပိုင်း Neutral

Axis အပေါ်အောက် ထားသင့်တဲ့နေရာ ကွန်ကရစ်က

နေ အားနည်းတဲ့ ဆွဲဆန့်ဒဏ်ခံရမယ့်အပိုင်းမှာ ထည့်ရ

မှာဖြစ်ပါတယ်။

ငါးမူး လေးချောင်းပဲ သုံးထားတာ အဆင်ပေပါ့မလား

ဆရာ?????

ငါးမူးလေးချောင်းဆိုရင်တော့ = ၀.၂ x ၄ ချောင်း =

၀.၈ စတုရန်းလက်မ

သံချောင်းရာခိုင်နှုန်း = ၀.၅/၁၀၀ = ၀.၀၀၅ = ၀.၀၀၅

x ၁၀၀ = ၀.၅ ရာခိုင်နှုန်းဆိုတော့ လုံးဝအဆင်မပြေ

တာ တွေ့ရနိုင်ပါတယ်။

ဒါတွေကတော့ ဧရိယာအချိုးကနေ သံချောင်းပမာဏ

ကို တွက်ချက်တဲ့ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။

ခံနိုင်ရည်တွက်ချက်မှုတွေ အသေးစိတ်ဒီဇိုင်းလုပ်တာ

ကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

#ထန်ပီး(NYRDDC,MDY)

19/02/2025

လှေကားနဲ့ပတ်သက်တဲ့အကြောင်း၊ပုံလေးတွေ

တင်ပေးလိုက်ပါတယ်လှေကားတွေ ဝေတော့မယ်

ဆိုရင်....

လှေကားပြုလုပ်မဲ့ အကျယ်အဝန်း၊လှေကားထစ်ရဲ့

အကျော်၊နင်းပြားအတိုင်းအတာ၊Ground Floor Top

Levelကနေ Slab Top Levelရဲ့ အမြင့်ပေကို

သိရှိရပါ့မယ်

လှေကားတစ်ခြမ်းကို နှစ်ပေခွဲထားမယ်ဆိုရင်

လှေကားတစ်ခုလုံးဆို ငါးပေ နေရာကုန်မယ်

လှေကား အကျော် (6)လက်မ၊ နင်းပြား

(12)လက်မနဲ့ ဝေမယ်

Ground Floor Top Level ကနေ Slab Top Level ထိ

10 Ft 6 လက်မ အမြင့်ပေရှိမယ်

အကျော် (6)လက်မနဲ့ဝေမယ်ဆိုရင်

လှေကားထစ် (21) ထစ်ရမယ်

Landing က နှစ်ပေခွဲထားမယ်

21 ထစ် ဆိုတော့ ဆယ်ထစ်ကို အတိုင်းအတာယူမယ်

နင်းပြားက (12) လက်မဆိုတော့...

10×12 = 120 in(10Ft)

Landing+လှေကားထစ်အတိုင်းအတာ

10 + 2.5 = 12.5 Ft

ငါးပေ အကျယ်၊12ပေခွဲ အလျား၊အမြင့် ဆယ်ပေခွဲ

အခန်းတစ်ခုမှာ

လှေကားထစ် (21)ထစ်၊အကျော်(6)လက်မ၊

နင်းပြား(12)လက်မဖြစ်ပါတယ်

အကြမ်းဖျင်းနမူနာတွက်ပြတာဖြစ်ပါတယ်

အမှားပါခဲ့ရင် နားလည်ပေးပီး ဝေဖန်အကြံပြုနိူင်ပါ

တယ်

#မူရင်းရေးသားသူအား Crd ပေးပါတယ်ခင်ဗျာ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ngaman Shwe Myay Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share