နှင်းရတနာ-Hnin Yadanar Construction

နှင်းရတနာ-Hnin Yadanar Construction Construction

အေးချမ်းလှတဲ့ နယ်မြို့လေးတွေမှာအသက်အရွယ် ကြီးလာရင် ဖြစ်စေ အလုပ်တွေများပြီး ပင်ပန်းတဲ့အခါ အပန်းဖြေချင်ရင် ဖြစ်‌စေအပင်လေးတ...
16/09/2025

အေးချမ်းလှတဲ့ နယ်မြို့လေးတွေမှာ
အသက်အရွယ် ကြီးလာရင် ဖြစ်စေ
အလုပ်တွေများပြီး ပင်ပန်းတဲ့အခါ
အပန်းဖြေချင်ရင် ဖြစ်‌စေ
အပင်လေးတွေ စိုက်ပြီး
အေးအေးချမ်းချမ်း နေချင်သော
ကိုယ့်အမျိုးတွေ အတွက်
သစ်သားနဲ့ ‌ဆောက်လုပ်ထားတဲ့
တထပ်အိမ်ပုံစံလေးတွေ
တင်ပေးလိုက်ရပါတယ်ရှင့်

Credit

နံရံတွေ မိုးတွင်းဘက်မှာ အစိုပြန်ရေစိမ့်ပြီး ဆေးတွေဘာကြောင့်ကွာလာရသလဲ👉 မိုးတွင်းမှာ နံရံတွေ အစိုပြန်ပြီး ဆေးကွာကျတာ ဘာကြေ...
26/07/2025

နံရံတွေ မိုးတွင်းဘက်မှာ အစိုပြန်ရေစိမ့်ပြီး ဆေးတွေဘာကြောင့်ကွာလာရသလဲ

👉 မိုးတွင်းမှာ နံရံတွေ အစိုပြန်ပြီး ဆေးကွာကျတာ ဘာကြောင့်လဲ ?

🛡️ မိုးတွင်းရောက်ပြီဆိုတာနဲ့ နံရံတွေ အစိုပြန်ပြီး ဆေးတွေ ကွာကျတာဟာ အိမ်ပိုင်ရှင်တွေ မကြာခဏ ကြုံရတဲ့ ပြဿနာပါ။ ဒီလိုဖြစ်ရတဲ့ အဓိ အကြောင်းရင်း တွေကတော့-

🛡️ ရေစိမ့်ဝင်မှု (Water Seepage) 🛡️ ဒါက အဖြစ်အများဆုံး အကြောင်းရင်းပါ။

🛡️ အပြင်နံရံမှ ရေစိမ့်ခြင်း🔸 မိုးရေတွေက နံရံရဲ့အက်ကွဲကြောင်းတွေ၊ အပေါက်တွေ၊ ဒါမှမဟုတ် ဆောက်လုပ်တုန်းက ရေစိမ့်ခံစနစ် (waterproofing) အားနည်းတာတွေကနေတစ်ဆင့် အိမ်ထဲကို တိုက်ရိုက်ဝင်ရောက်တာမျိုးပါ။

🛡️ ခေါင်မိုး၊ ဝရန်တာ၊ ရေမြောင်းများမှ ရေယိုခြင်း🔸ခေါင်မိုး၊ ဝရန်တာ၊ ရေဆင်းမြောင်းတွေမှာ ရေပိတ်မိတာ၊ အက်နေတာ၊ ကွဲနေတာတွေကနေ ရေစိမ့်ပြီး နံရံကို ထိခိုက်တာမျိုးပါ။ဒါက အဖြစ်နည်းပါတယ်။

🛡️ ပိုက်လိုင်းများမှ ရေယိုခြင်း🔸အိမ်တွင်းရေပိုက်လိုင်းတွေ ပေါက်ပြဲတာ၊ ချောင်နေတာတွေကနေ နံရံထဲကို ရေစိမ့်ဝင်တာမျိုးပါ။

🛡️ မြေကြီးမှ အစိုဓာတ်တက်ခြင်း🔸မြေအောက်ကနေ အစိုဓာတ်တွေက နံရံအောက်ခြေကနေ စုပ်ယူပြီး အပေါ်ကို တဖြည်းဖြည်းတက်လာတာမျိုးပါ။ မြေကြီးနဲ့ နံရံကြားမှာ ရေကာအလွှာ (Damp Proof Course - DPC) မပါတာ ဒါမှမဟုတ် ပျက်စီးနေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

🛡️🌟 condensation (ငွေ့ရည်ဖွဲ့ခြင်း)🔸အိမ်တွင်း လေထုထဲမှာရှိတဲ့ ရေငွေ့တွေက အေးတဲ့နံရံမျက်နှာပြင်နဲ့ တွေ့တဲ့အခါ ရေအဖြစ် ပြောင်းလဲပြီး နံရံမှာ ကပ်ငြိတာမျိုးပါ။ လေဝင်လေထွက် မကောင်းတဲ့ အခန်းတွေ၊ မီးဖိုချောင်၊ ရေချိုးခန်းတွေမှာ ပိုအဖြစ်များပါတယ်။ နံရံအပြင်ဘက်က ရေစိမ့်တာနဲ့ ယှဉ်ရင် ပိုပြီး မျက်နှာပြင်ပေါ်မှာ ဖြစ်တတ်ပါတယ်။

🛡️ ဒီလို ရေစိုထိုင်းစွတ်စိုလာတဲ့အခါ နံရံမှာ သုတ်ထားတဲ့ ဆေးသားတွေဟာ အစိုဓာတ်ကို စုပ်ယူပြီး ဖောင်းကြွလာပါတယ်။ ကြာလာရင် ဆေးရဲ့ကပ်ငြိအား (adhesion) လျော့ကျပြီး ကွာကျ လာပါတော့တယ်။ မှိုတွေတက်တာ၊ နံရံမှာ အစွန်းအထင်းတွေ ထင်ကျန်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

🔰🔸နံရံ အစိုပြန်ပြီး ဆေးကွာတာကို ဘယ်လိုပြင်မလဲ ?

🔰 နံရံအစိုပြန်ပြီး ဆေးကွာတာကို ပြင်ဖို့ဆိုရင် အစိုဓာတ်ဝင်ရောက်တဲ့ အရင်းအမြစ်ကို အရင်ဆုံး ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းရပါမယ်။ ဒီလိုမှမဟုတ်ဘဲ ဆေးအသစ်ပြန်သုတ်လိုက်ရင် ခဏပဲခံပြီး ပြန်ဖြစ်ဦးမှာပါပဲ။

🔰🔹ပြင်ဆင်နည်းအဆင့်ဆင့်ကတော့-

ရေဝင်ပေါက်ကို ရှာဖွေပြီး ပိတ်ပါ ⤵️

🔰 အပြင်နံရံများကို စစ်ဆေးပါ🔹နံရံအပြင်ဘက်မှာ အက်ကွဲကြောင်းတွေ၊ အပေါက်တွေ၊ အင်္ဂတေ ကွာကျနေတဲ့ နေရာတွေရှိမရှိ သေချာကြည့်ပါ။ တွေ့ရင် ရေစိမ့်ခံနိုင်တဲ့ ပစ္စည်း (Waterproof Sealant/Crack Filler) တွေနဲ့ သေချာဖာထုပ်ပါ။

🔰 ခေါင်မိုးနှင့် ရေဆင်းစနစ် စစ်ဆေးပါ🔹 ခေါင်မိုးအကာတွေ၊ ရေဆင်းမြောင်းတွေ ပိတ်နေတာ၊ ရေယိုနေတာ၊ ကွဲနေတာတွေ ရှိမရှိ စစ်ဆေးပြီး လိုအပ်ရင် ရှင်းလင်းပါ၊ ပြင်ဆင်ပါ ဒါမှမဟုတ် အစားထိုးလဲလှယ်ပါ။

🔰ပိုက်လိုင်းများ စစ်ဆေးပါ🔹 နံရံထဲက ပိုက်လိုင်းတွေ ပေါက်နေတာ၊ ရေယိုနေတာမျိုးဆိုရင် ပိုက်ပြင်သမားကို ခေါ်ပြီး ပြင်ဆင်ခိုင်းပါ။ ဒါက အိမ်ရှင်ဘာသာ ပြင်ဖို့ ခက်နိုင်ပါတယ်။

🔰မြေကြီးမှ အစိုဓာတ်တက်ခြင်းအတွက်🔹 ဒါက နည်းပညာလိုအပ်ပါတယ်။ Damp Proofing Specialist လို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး နံရံအောက်ခြေမှာ ရေကာအလွှာ ထပ်ထည့်တာ ဒါမှမဟုတ် ဓာတုပစ္စည်းတွေ ထိုးသွင်းတာ (Damp Proofing Injection) စတာတွေ လုပ်ရပါလိမ့်မယ်။

🔰🌟 Condensation (ငွေ့ရည်ဖွဲ့ခြင်း) အတွက်🔹အခန်းတွင်း လေဝင်လေထွက် ကောင်းအောင် ပန်ကာဖွင့်တာ၊ ပြတင်းပေါက်ဖွင့်တာ၊ ရေချိုးပြီးရင် တံခါးဖွင့်ထားတာမျိုး လုပ်ပါ။ လေစိုခံစက် (Dehumidifier) သုံးတာမျိုးလည်း လုပ်လို့ရပါတယ်။

👉ရေဝင်ပေါက်ကို ပိတ်ပြီးတာနဲ့ ရေစိုနေတဲ့ နံရံကို လုံးဝခြောက်သွေ့အောင် ထားပါ။ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်၊ တံခါးတွေ ဖွင့်ထားပါ။ ပန်ကာတွေ ဖွင့်ပြီး ကူညီပေးလို့ရပါတယ်။

👉မှိုတွေ တက်နေရင် မှိုသတ်ဆေး (Mould Remover) ဒါမှမဟုတ် ရေနဲ့ရောထားတဲ့ (Bleach) နဲ့ ပွတ်တိုက်ဆေးကြောပြီး ခြောက်အောင်ထားပါ။

👉နံရံခြောက်သွားပြီဆိုရင် ဖောင်းနေတဲ့၊ ကွာနေတဲ့ ဆေးသားတွေနဲ့ လျော့ရဲနေတဲ့ အင်္ဂတေတွေကို သေချာခြစ်ထုတ်ပါ။ နံရံမျက်နှာပြင်ကို ချောမွေ့အောင် ပြုလုပ်ပါ။

👉နံရံချောသွားပြီဆိုရင် ရေစိမ့်ခံနိုင်သော အင်္ဂတေ ဒါမှမဟုတ် (Damp-Proof Primer) ကို အရင်ဆုံး သုတ်ပေးပါ။ ဒါက နောက်ပိုင်းမှာ အစိုဓာတ် ပြန်မဝင်အောင် ကာကွယ်ပေးပါလိမ့်မယ်။

👉အဲဒီနောက်မှ အိမ်တွင်းသုံး အရည်အသွေးမြင့် ဆေး (High-Quality Interior Paint) ကို သုတ်လိမ်းပေးပါ။ ပိုပြီး ကာကွယ်လိုရင် ရေစိုခံဆေး တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

Zaw Myint Myat ရေးသားသည်။

 ောက်အဦးတစ်လုံးဆောက်လုပ်ရာတွင်အဓိကအရေးကြီးသောအခြေခံအချက်အလက်များ•••••••••••••••••••••••••••••••••••••••••••••1.  #ပန္နက်...
18/07/2025

ောက်အဦးတစ်လုံးဆောက်လုပ်ရာတွင်အဓိကအရေးကြီးသောအခြေခံအချက်အလက်များ
•••••••••••••••••••••••••••••••••••••••••••••

1. #ပန္နက်ရိုက်ခြင်း {Surveying Layout Plan} ••

အဆောက်အဦး ပန္နက်ရိုက်ခြင်းသည် အဆောက်အဦးတစ်ခုဆောက်လုပ်ရာတွင် အရေးကြီးပါသည်။

အဆောက်အအုံ ထောင့်မှတ်များ စိုက်ပေးပါ။ စမှတ်နေရာမှန်မှ 5' နှင့် 10' ကြား အကွာအဝေး စိုက်ထူပါ ။ ဆိုလိုသည်မှာ Footing မြေကြီးတူးရမယ့် တွင်းနှင့် လွတ်အောင်စိုက်ရပါမည်။ တွက်ချက်၍ အဆင်ပြေသလို လုပ်နိုင်ပါသည်။ အုတ်ခုံ ဗဟိုမျဉ်း ၊ အဆောက်အအုံ အပြင်မျဉ်း Drawing ပါပုံစံရွေး၍ ကျင်တွယ်ဖမ်းပါ ။ အများသောအားဖြင့် အပြင်နံရံမျဉ်းကို ကျင်တွယ်ဖမ်းပါက ပိုလွယ်ကူသည်။

အဆောက်အအုံ ပန္နက်များ စိုက်ထူပြီးပါက ထောင့်ဖြတ် အကွာအဝေး ညီ မညီ ပြန်စစ်ပါ။ ( တိကျသေချာအောင် ဝက်ခေါင်းထိုး ကျင်တွယ် ဖမ်းခိုင်းခြင်းဖြစ်ပါသည်။)

ထောင့်မှတ်များ ပန္နက်ရိုက်ရာတွင် ငုတ် တစ်ငုတ်တည်း စိုက်ထူ စနစ်ကို မသုံးပါနှင့် ။ တန်းပန္နက်ရိုက် စနစ်ကိုသာ ကျင့်သုံးပေးပါ။

ပန္နက်တန်းကို ရေချိန် (Level)ကိုက် ပြုလုပ်၍ မြေညီထပ် ကြမ်းပြင်အမြင့်နှင့် တူညီအောင် ဆောင်ရွက်ပါ။

ပန္နက်တန်းစိုက်ထူပြီးပါက တာဝန်ခံ အင်ယာများ ကြီးကြပ်စစ်ဆေးပေးပါ။ ပြီးမှ လုပ်ငန်းစတင်ပေးပါ။

ပန္နက်တန်းများကို အချိန်အတော်ကြာ အသုံးပြုရမည် ဖြစ်သောကြောင့် ..

* မြေတူးလုပ်ငန်းနှင့် ကင်းလွတ်သည့် နေရာ စိုက်ပါ။
* လုံခြုံစွာ ကာရန်ထားပါ။
* အများသိနိုင်ရန် အမှတ်အသား ပြုလုပ်ထားပါ။
* ခိုင်ခန့်စွာ ပြုလုပ်ပေးပါ။

ပန္နက်ပတ်တန်းရိုက်ရာမှာ ပုံစံ (Drawing) ထဲက ပေးထားတဲ့ အုတ်မြစ်ရဲ့ အမြင့် (Plinth Level) အထိ ရောက်အောင် ရိုက်ရပါ့မယ်။

အလားတူ အမြင့်တွေကို ရေချိန်ပိုက်နဲ့ကူးတဲ့အခါ စတင် သတ်မှတ်ထားတဲ့ အမှတ်ကပဲ ရသလောက် ကူးယူဖြန့်ဝေရပါ့မယ်။ ( ဆိုလိုတာက တစ်တိုင်ပြီးတစ်တိုင် ရွေ့လျှားကာ ဆင့်ကာဆင့်ကာ မကူးရ)။

ပြီးရင် လယ်ဗယ်(Level)အားလုံး မှန်/မမှန် ပြန်စစ်ရပါ့မယ်။ (ဆိုလိုတာက နောက်ဆုံးအမှတ်နဲ့ အစအမှတ်ကို ရေချိန်ပိုက်နဲ့ မတူညီတဲ့နေရာကနေ ပြန်ကူးယူ စစ်ဆေးချင်တာပါ)။

ပန္နက်မျဉ်း ကျင်တွယ် ကျ/မကျ စစ်ရပါ့မယ်။ ဒါကတော့ တော်တော်များများ သိပြီးသားမို့ အကျယ်ထည့်မရေးတော့ပါ။

ကျင်တွယ်ရပြီဆိုရင် အခန်းခွဲလို့ရပါပြီ။ အခန်းခွဲရာမှာ ပုံစံပါ ခန်းပွင့် ပေရှည်တိုင်းခွဲ၍ ပတ်တန်းပေါ်မှာ သံငုတ်လေးရိုက်ကာ သေချာ အမှတ်အသား ပြုလုပ်ထားရပါ့မယ်။ A ဆို အေလိုင်း B ဆို ဘီလိုင်းခွဲ၍ ဆေးသုတ်အမှတ်အသား ပေးထားရင် ပိုကောင်းပါတယ်။ (စတာတွေ ပြောနေတာက အဆောက်အဦးတစ်ခုမှာ အခြေခံအုတ်မြစ်က အရေးကြီးပါတယ်၊ ဖောင်ဒေးရှင်းမှာ ကျင်တွယ်မရ ခန်းပွင့်မမှန်ခဲ့ရင် အကုန်မှားပါပြီ၊ အရေးကြီးလို့ပါ)။

2. #မြေကြီးတူးခြင်း {Excavation} ••

မြေကြီးတူးရာမှာ ကိုယ်တူးမယ့် ဖူတင် အကျယ်တိုင်း သစ်သားခွေလေးခွေကာ ပန္နက်မျဉ်းနှင့် သစ်သားခွေမှာ ခွဲထားသည့်အလယ်ပွိုင့်တို့ ချိန်ချရပါမည်။ (ဆိုလိုတာသည်မှာ သစ်သားခွေမှာ ဘောင်လေးဘောင် ပွိုင့်လေးပွိုင့် ရှိရပါ့မယ်။ ပန္နက်မျဉ်းက လေးမျဉ်း ရှိရပါမယ်။ ပန္နက်လေးမျဉ်းနဲ့ ဘောင်လေးဘောင် ရအောင် ချိန်ချခိုင်းတာပါ)။

ရပြီဆိုရင် သစ်သားဘောင်လေးအတိုင်း ထုံးဖြူး၍ Marking ပေးရပါ့မယ်။ ပြီးတော့ အဲ့အမှတ်အသားထက် တစ်ဖတ်သုံးလက်မစီ ပိုတူးပေးရပါတယ်။ ဒါမှ Formwork ရိုက်ဖို့ နေရာ ရမှာပါ။

အတိအကျတူး၍ Formwork မရိုက်ဘဲ Footing ကွန်ကရစ်လောင်းမယ်ဆို ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။
•••••••••••••••••••••••••••••••••••••••••••••

3. #ဖောင်းဒေးရှင်းအတွက်အောက်ခံအမာသားလောင်းခြင်း{Hardcore} ••

Footing Concrete မလောင်းမီ Hardcore အရင် ရိုက်ရပါ့မယ်။ Hardcore ရိုက်ရမှာ အုတ်အဆွေးအမြေ့များ မရိုက်သင့်ပါ။ အုတ်ကောင်းနှင့် ရိုက်ရပါ့မယ်။ 6"x9" ကျောက်ကြီးနှင့်ရိုက်နိုင်ရင် ပိုကောင်းပါတယ်။ စီစီရီရီ ရိုက်ရပါ့မယ်။ ဖြစ်သလို ပစ်ချ၍မလုပ်ရပါ။ ပြီးရင် တချို့က သဲကြပ်ပါတယ်။ မကြပ်လဲ ရပါတယ် ။ Lean Concrete 3" ထု ရအောင် လောင်းပေးရပါ့မယ်။ သဲ ကြပ်တာ/မကြပ်တာက ဘိလပ်မြေ ပိုကုန်တာနဲ့ မကုန်တာပဲ ကွာသွားတာပါ။

Footing Concrete နှင့် Lean Concrete တွဲ မလောင်းသင့်ပါ။ တစ်ချို့က Lean Concrete 3"၊ Footing Concrete 9" စုစုပေါင်း 1' ကျောက်ကျောက်ချင်း အတူတူပါပဲ ဆိုပြီး တွဲလောင်းတာ မြင်ဖူးပါတယ်။ လုံးဝ (လုံးဝ) မလုပ်ရပါ🚫🚫🚫။ Lean Concrete နှင့် Footing Concrete မတူပါဘူးခင်ဗျာ။ နောက်အပိုင်းများတွင် Lean Concrete အကြောင်း ဆက်လက်ဖော်ပြပေးသွားပါမည်။



Lean Concrete ဆိုတာ၊ မြေသတ်တာဟု၊ ကျွန်တော် လွယ်လွယ်ကူကူ၊ ပေါ့ပေါ့ပါးပါး၊ ပြောခဲ့ဘူးပါသည်။

ဒီတခါ နက်နက်နဲနဲ၊ လေးလေးပင်ပင်၊ ပြောင်းပြောပါမည်။

Lean Concrete ခင်းရသော အကြောင်းရင်း၊ ၂ချက် ရှိပါသည်။ ၄င်းတို့မှာ

1. လိုအပ်သော Level ရသွားအောင်လို့၊ (သဲခင်းလည်းရတာဘဲ)၊ (တနည်းအားဖြင့်) ညီညာတဲ့၊ မျက်နှာပြင် ရအောင်လို့၊ ဖြစ်ပါသည်။

(သဲခင်း+ရေလောင်း+ဒင်ဆောင့် လည်းရတာဘဲ)

Level မညီရင်၊ ဘာဖြစ်မတုန်းဆိုတော့၊ Precast Structural တွေဆိုရင်၊ စောင်းသွားတပ်သည်ဟု၊ ဆိုပါသည်။

2. မြေကြီးဆိုတာ၊ ချဉ်တာ ရှိပါသည်၊ ငံတာရှိပါသည်၊ ရှိချင်တာတွေရှိပါသည်။ အဲ့ဒါတွေက Structural Element ဖြစ်တဲ့ Foundation ကို၊ ဖျက်ဆီးမှာ စိုးလို့၊ Lean လောင်းရပါသည်။

(ကိုက်စားချင်စရာ ကောင်းအောင်၊ မြေကြီးက၊ သန့်နေတာလည်း ရှိပါသည်။)

မှတ်ချက်။

၁။ ယခုအခါ၊ ကွန်ကရစ်လမ်းများ၊ ခင်းနေကြပါသည်။ ကွန်ကရစ်ကား အနင်းခံနိုင်အောင် Service Road အဖြစ် Lean Concrete ခင်းပေးသင့်ပါသည်။ ထိုအပေါ်တွင် သဲဖြူးပြီးမှသာ၊ လမ်းသား ကွန်ကရစ်ကို ခင်းသင့်ပါသည်။

(အမြန်လမ်းတွင်၊ အမှား၂ ချက်ရှိပါသည်။ နောင် အလျှင်းသင့်လျှင် ရေးပါမည်။)

၂။ အထက်ပါအကြောင်းရင်း ၂ ချက်နှင့် ကင်းလွတ်ပါက၊ Lean Concrete မခင်းလည်း ရပါသည်။

၃။ Lean Concrete ကို၊ အထူ ဘယ်လောက် ခင်းရမလဲ ဆိုသော်၊ ပုံတွင် ၁-လက်မသာ ခင်းထားသည်ကို၊ တွေ့မြင်နိုင်ပါသည်။

၃-၁။ မြေကောင်းတော့လည်း ၁လက်မပေါ့ဗျာ။
၃-၂။ သင့်ရင် ၂-လက်မ၊
၃-၃။ ညံ့ရင် ၃လက်မ၊
၃-၄။ အဲ့ထက်ညံ့ရင် ၄-လက်မ ခင်းမလား၊ Hard-core ရိုက်မလား စဉ်းစားရတော့မည်။

၄။ ဒီလိုဆို Hard-Core ဘယ်နှစ်လက်မ၊ ခင်းရမည်နည်း။

၄-၁။ ဗွက်ထသော် Hard-Core ရိုက်ရပါမည်။

၄-၂။ Hardcore 6" ရိုက်လို့လည်း မြေမငြိမ်သော် Wood Pile ရိုက်ရပါမည်။

Special Credit to U Kyawlwin Htun

===========================



Lean concrete ကို ဘာလို့သုံးကြတာလဲ။

Lean concrete မပါပဲ မြေကြီးပေါ် တိုက်ရိုက် Footing ချလို့ မရနိုင်ဘူးလား။

Lean concrete ရဲ့ အချိုးအစား ဒါမှမဟုတ် Compressive Strength။

Lean Concrete ရဲ့ Functions
အဲဒါတွေကို သိချင်ပါတယ်။



Structure တခုလုံးရဲ့ wt ကို Footing ကနေ ထမ်းပြီးရင် အောက်ကမြေကြီးက တဆင့် ထပ်ထမ်းပါတယ်။

အဲ့ဒီ နေရာမှာ Footing နဲ့ Concrete ကြားခံတဲ့ အရာမှန်သမျှက Footing ကနေ မြေကြီးကို Load ကူးတဲ့ မူလ ရည်ရွယ်ချက်ကို ကောင်းအောင်ပဲ လုပ်ရပါမယ်။ ဆိုးစေတဲ့ အရာမျိုးဆို မလုပ်သင့်ပါဘူး။

အပေါ်မှာ ပြောသွားကြသလိုပါပဲ Lean concrete က Footing ကို မြေကြီးနဲ့ တိုက်ရိုက်မထိအောင် ကြားခံပေးတယ်။

အဲ့ဒီတော့ Rebar Cover ကို မြေကြီးနဲ့ မထိလို့ ဆိုပြီး 2" ယူမယ်ဆိုရင် ယူလို့ရသွားပါပြီ။ ဒါပေမယ့် 3" ကတော့ ပုံမှန်ယူကြတယ်ပေါ့။

Cover လျော့ယူလို့ရရင် Effective Depth ပိုမယ်။ Shear, moment ခံနိုင်ရည်ပိုကောင်းတယ်။

Lean မခံဘူးဆိုရင်တော့ Cover 3" Minimum မဖြစ်မနေယူရမယ်။

Lean concrete ဟာ Footing ကို မြေကြီးနဲ့ တိုက်ရိုက် မထိအောင် ထားဖို့အပြင် မညီမညာဖြစ်နေတဲ့ အောက်ခံမြေကို Footing အတွက် သံချီရာမှာ ညီညာအောင် လုပ်ဖို့ အတွက် သုံးပါတယ်။

သူ့အတွက် Concrete Strength ကို Grade 20 (20MPa or 2900psi cube strength ~ 2300psi fc') သုံးလေ့ရှိပြီး Site mix ကို 1:3:6 သုံးပါတယ်။

သူ့ကို မဖြစ်မနေသုံးရမယ်လို့တော့ ကန့်သက် ထားတာတော့ မတွေဖူးပါဘူး။

ဒါပေမယ့် Granular Soil လို Stable ဖြစ်တဲ့မြေမျိုး မဟုတ်ဘဲ Cohesive Soil လိုမျိုး ပွလိုက် ကြုံ့လိုက်နဲ့ Footing ကို အန္တရာယ်ဖြစ်စေမယ့် Movement မျိုးရှိတဲ့ အခါမျိုးမှာ သုံးသင့်ပါတယ်။

အဲ့ဒီလို အခါမျိုးမှာတော့ Hardcore ပါ တွဲသုံးရင် ပိုကောင်းမယ် ထင်ပါတယ်။

Lean ထု ပိုလောင်းမိတာကတော့ လောင်းပြီး သွားပြီဆိုတော့ မတတ်နိုင်တော့ဘူးလေ။ ဒါပေမယ့် ဘယ်အကြောင်းနဲ့မှ Footing Thickness ကို မလျော့မိဖို့ အရေးကြီးပါတယ်။

Special Credit to Ko Bo Bo Kyaw

===========================

ိုတာကအလုပ်လုပ်ရလွယ်ကူအောင်ညီညာတဲ့မျက်နှာပြင်တစ်ခုပြုလုပ်ပေးခြင်းပါပဲ။

သံဆင်ရင် မြေကြီးနဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင်၊ (တနည်း) မြေကြီးက အစိုငွေ့တွေက ကွန်ကရစ် ကာဗာမလောက်ရင် အထဲကို စိမ့်ဝင်ပြီး သံချောင်းတွေကို Corrosion မဖြစ်အောင်၊ ရေမကြာခဏ ဝပ်တတ်တဲ့ နေရာတွေမှာ လုပ်ငန်း မနှောင့်နှေးရအောင် Lean လောင်းခြင်းကို လုပ်ပေးရပါတယ်။

အချိုးက 1:3:6 ရှိသင့်ပါတယ်။ အဲဒီထက်လဲ ပိုစရာ မလိုသလို၊ မလျော့ သင့်ပါဘူး။ မှာတဲ့ Concrete က ပိုသွားရင်လဲ Lean အဖြစ်လောင်းလဲ ရပါတယ်။

ကောင်းတာက Lean အထူကို ၂ လက်မ အနဲဆုံးထားပါ။ အောက်ခံ မြေကြီးကို Compaction သေချာရအောင် လုပ်ပါ။

ဒါမှ Lean Concrete ကညီညာတဲ့ မျက်နှာပြင်၊ ခိုင်ခံ့တဲ့ အောက်အခြေခံ ရမှာပါ။ အပေါ်က လာတဲ့ Load ကြောင့် Lean ကွဲတာမျိုးတွေ မဖြစ်မှပါ။

Compaction သိပ်ကောင်းအောင် မလုပ်နိုင်၇င် Hardcore စီပြီး သဲကြပ် အဲဒီအပေါ်မှာ Lean လောင်းတာက Shallow Foundation အတွက် အကောင်းဆုံး Sub-Grade ပါပဲ။

လမ်းခင်းတဲ့ Concept နဲ့ အတူတူပါပဲ။ အထူးသဖြင့် Granular Soil တွေမှာဆို Hardcore ကလုပ်ကို လုပ်ပေးရပါမယ်။

သူတို့က Drained Type ဆိုတော့ Immediate Settlement ဖြစ်ပါတယ်။

ဒီနေရာမှာ Lean ကို Cover သဘောမျိုး ယူဆပြီး သံကို အဲဒီအပေါ်မှာ တန်းဆင်တာကိုတော့ ကျွန်တော် မကြိုက်ပါဘူး။

အဲဒီအတွက် Lean ကိုနှိမ့် ပေးရပါမယ်။ နောက် အစ်ကိုတစ်ယောက် ပြောတဲ့ ၂" က Structure ကို မထိခိုက်ဘူး ဆိုတာ က ကျွန်တော့် အယူအဆပါ။

စီနီယာ တွေအနေနဲ့ မှားရင် ပြင်ပေးစေလိုပါတယ်။ ကျွန်တော့် အမြင်အရ Lean ကိုသေချာ လောင်းရင် အဲဒီ Lean က လွယ်လွယ်ကူကူ ကွဲမထွက်နိုင်ပါဘူး။

ဘာလို့လဲ ဆိုတော့ Lean ကအောက်က မြေကြီးကို ချက်ချင်း Load Transfer လုပ်လိုက်လို့ပါ။

တကယ်လို့ အောက်ခံ မြေကြီးက Compaction မကောင်းရင် သေချာပေါက် မြေကျွံမှာပါပဲ။

ကျွန်တော့် ယူဆချက်မှာ Lean က သေချာ လောင်းထားတယ်။ အောက်ခံမြေကြီးကလဲ ကြံ့ခိုင်မှုရှိတယ်။

ဒါဆိုရင် Load ကို Distribute Uniformly ဖြစ်လို့ Lean က အပေါ်က Load ကြောင့် အကယ်၍ Settlement ဖြစ်ခဲ့သည့် တိုင်အောင် အားလုံး ကြေမွနေမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။

အထူးသဖြင့် Dam တွေကို Compaction ပေးရာမှာ အလွှာလိုက် လုပ်ရပါတယ်။ ၁ လက်မ ချင်းစီပါ။အဲဒီလိုမျိုး ၂ လက်မ ၃ လက်မ စသည် တက်သွားရင် အဲဒါက အရမ်းကို သိပ်သည်းပြီး Settlement ဖြစ်ဖို့ အရမ်းခက်ခဲပါတယ်။

Lean မှာ လဲ အဲဒီ Concept ပါပဲ။ ဒါတွေကတော့ ကျွန်တော့် ဖတ်မှတ် သိရှိမြင်ဖူးတာတွေပါ။

အမှားအယွင်းများ ရှိနိုင်ပါတယ်။ သိတဲ့ သူများက ပြင်ဆင် ဖြည့်စွက်ပေးဖို့ပါပဲ။

Special Credit to Thura ZinSoe.

============================

လောင်းတာနဲ့ မလောင်းတာနဲ့က အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။ အဓိကက Casting လုပ်တဲ့အချိန်မှာ အရမ်းသိသာသွားပါပြီ။

Ground Water Table ထက်ကိုယ့် လောင်းမယ့် Footing က ပိုနက်နေတယ် ဆိုရင် ကျောက်လောင်းတဲ့အခါ မြေအောက်ရေကပါ ရောပြီးဝင်လာမယ်။

အဲဒီမြေအောက်ရေမှာ Sulphate ဓာတ်ပါလာမယ် ဆိုရင်တော့ အဲဒီ Footing က သွားပြီပေါ့။ ဒါက Chemical Reaction အတွက် မကောင်းတဲ့ အချက်ပါ။

Concrete ရဲ့ Strength က အဓိက ဓာတ်ပြုမယ့် ရေပေါ်မှာ မှုတည်နေတာကို။ နောက်တစ်ချက်က အလုပ် တကယ်လုပ်မယ့် လက်သမား...သူတို့အတွက် Footing Setting လုပ်တာမှာ အဆင်အပြေဆုံးပဲ။

မြေကြီးပေါ်မှာသာ Point ချမယ်ဆိုရင် ဒီမြေကြီးက မရွေ့ပါဘူးလို့ ဘယ်သူအာမခံမှာလဲ။ အဲဒီ Effect က Column Eccentricity ဖြစ်စေတဲ့ အချက်မှာ Main Cause ပေါ့။

ချည်ကွေး သမားအတွက်လည်း သံကိုရှိသင့်တဲ့ နေရာမှာ ရှိအောင် ချည်ရာမှာလည်း တကယ် ထိရောက်ပါတယ်။

အလုပ်ပြီးမြောက်မှုမှာလည်း လုပ်ရကိုင်ရ လွယ်ကူတော့ ပိုမြန်မယ် ထင်ပါတယ်။

ဒါပေမယ့် Lean concrete မလောင်းလို့ Settlement ပေါ်မှာတော့ Effect မရှိဘူးလို့ ယူဆမိပါတယ်။ ကျနော် ဉာဏ်မိသလောက် Footing Design တွေမှာ Settlement တွေကို Soil Bearing Strength ပေါ်မှာမှုတည်ပြီး Footing width ကိုတွက်ယူခဲ့တာပါ။

Hardcore ဆိုတာကတော့ မြေကြီးအမာခံ ရစေရန် ကျောက်ကြီးထည့် သဲကျပ် ရေလောင်း ဒင်စောင့်ပြီး လုပ်ရတဲ့ အလွှာတစ်မျိုးပါ။

Special Crrdit to Pyay Maung Maung

===========================

မပါရင် w/c ratio အပြင် လုပ်ရတာ ဘယ်လိုမှ အဆင်မပြေဘူး။

1. မြေကျင်းတူးပီး Lean မလောင်းဘူး ထားပါတော့ မချော်အောင် သဲဖြူးလိုက်တယ်။ ပြီးတော့ cover ခုပီး သံဇကာ တင်တယ် Cover တုံးက အဲ့ဒီ သဲထဲ နစ်နေတာလည်း ရှိတယ်။ သံနဲ့ အောက်က သဲနဲ့ ထိနေရော အဲဒါနဲ့ Cover နှစ်တုံး ဆင့်လိုက်တယ်။ (soil Bearing ကတော့ Lean 3 in လောက်နဲ့ ထူးပြီး မလျော့လောက်ပါဘူး။ Footing Thickness လည်းမလျော့ဘူး။) အဲဒီလို နှစ်တုံးဆင့်တော့ ပန်းရံတွေက Conc; ပစ်လောင်းတဲ့အခါ 4 in ပတ်လည် Cover က မငြိမ်တော့ဘူး။ လောင်းပြီးမှ Col; က နေရာ ရွေ့မှန်းသိတော့တာ။

2. နောက် Footing နဲ့ col; တိုင်ကို နေရာချတော့ အဲဒီ Lean Conc; ပေါ်မှာ Survey Point ပေးလုပ်ရတာ အဆင်ပြေတယ်။

3. အဆင်မပြေတာက ပုံမှန် Site သေးသေးလေးတွေမှာ မြေက အားအားရှိ ပြိုနေတာ။ အောက်ခြေ လုပ်ငန်းမှာ လက်သမား လုပ်ငန်း နည်းတော့ on stand by မရှိတာများတယ်။ မြေသက်သက် မကာနိုင်ဘူး။ အဲဒီတော့ Lean သက်သက် လောင်းဖို့ အချိန်မရဘူး။

Special Credit to Min Khant.

============================



မြေ ကြီးရဲ့ Pressure က နက်လာလေ ပိုကောင်းတဲ့ High Pressure ရှိနိုင်လေလို့ တွေးရင်တော့ ရတယ်။

ဘာလို့လည်းဆိုတော့ သိပ်သည်းမှုက ကောင်းနေမှာကိုး။ သဘော တရားအား ဖြင့်တော့…

( Soil ရဲ့ Density ကို ကြည့်လို့၊ ရှိသင့်တာထက် လျော့နေရင်လည်း Pressure က လျော့နေတတ်ပါတယ်။ ဒီ သဘောတရားနဲ့လည်း ဆန်းစစ် ကြည့်နိုင်ပါတယ်။ )

၁၉၉၇ ခုနှစ် က တောင်ဒဂုံမှာ စက်ရုံတွေ ဆောက်တော့ ၆ ပေ အနက်အောက်မှာ ပိုပို ပျော့သွားတာ တွေ့ဘူးတယ်။

Designer က Dig more , Dig more လို့ပြောလေ
တူးလေ ပျော့လေပဲ။ Soil Test Result တော့ မသိခဲ့ဘူး။

နောင် လှိုင်သာယာဘက်က စက်ရုံ တချို့မှာလည်း ဒီသဘော တရားတွေ တွေ့ဘူးတယ်။

Soil Test Result ( N value အရ ) လည်း ဒီအတိုင်းပဲ ရတယ်။

တနေရာနဲ့ တနေရာ တူတော့ မတူနိုင်ဘူး။

ပြောခြင်တာက Soil အသေအခြာ စမ်းမဖြစ်တဲ့ နယ်တွေမှာ အလွယ် မတွေးစေခြင်တာရယ် ကလေးတွေ အတွက် စဉ်းစားစရာလေးတွေ ရစေခြင်တာရယ်ကြောင့်ပါ။

Geo; Tech အပိုင်းမှာတော့ အများကြီး ကျယ်ပြန့်နိုင်ပါတယ်။

အခုဟာကတော့ ကိုယ်တွေ့ အချက်တချက်ကိုပဲ သဘောတရားနဲ့ လက်တွေ့ ချင့်ချိန်စရာ အနေနဲ့ ပြောပြခြင်း ဖြစ်ပါတယ်။

အလားတူ ကိစ္စတွေ အများကြီး ရှိပါမယ်။

ဖြစ်နိုင်သမျှကတော့ Soil Pressure တူတဲ့ အနက် ( Level ) ကို ရွေးသင့်တယ် ။ ( ပိုနက်ရင်တော့ ကုန်ကျငွေလည်း ပိုမယ်။ )

အဲလိုလည်း အဆင်မပြေဘူး။ ကိုယ့် အဆောက်အဦး ကလည်း ကျယ်မယ် ဆိုရင်တော့ ပိုင်းပြီး စဉ်းစားတာ ပိုကောင်းပါတယ်။

မြေကမှ မကောင်းရင် ဘာအဆောက်အဦး ဘာ Design ဖြစ်ပါစေ အဟောသိကံ ဖြစ်ပါလိမ့်မယ်။

မြေကြီးကို သတိထားပါ ။

မြေ ကို Data စုံအောင် စမ်းပါ။

Special Credit to U Aung Htay.

===============

ကျေးဇူးများစွာဖြင့် ..



12/07/2025

မိမိရဲ့ကိုယ်ပိုင်အိမ်လေးကို
ဘယ်လိုရေစိမ့်မှုကင်းအောင် ထိန်းသိမ်းမလဲ?

မိုးရာသီဆိုတာ အိမ်တစ်လုံးအတွက် စမ်းသပ်ခံရတဲ့အချိန်ပါ။
အမိုးSlabမှ ရေယိုခြင်း၊ နံရံများမှ ရေစိမ့်ခြင်းဖြစ်လာရင် –
အိမ်နဲ့ပတ်သက်တဲ့အသုံးစရိတ်၊ အခြေအနေနဲ့ ကောင်းမွန်မှုအားလုံးအပေါ် သက်ရောက်ပါတယ်။

ဒါကြောင့် စတင်ဆောက်တဲ့အချိန် မှာပဲ မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း၊
ပြဿနာပေါ်လာပြီဆိုရင် ချက်ချင်း ပြုပြင်နိုင်ဖို့ သိထားဖို့လိုပါတယ်။



☔ 1. Slab မိုးအတွက် – ရေမယိုမဖြစ်ဖို့ အရေးကြီးတဲ့အဆင့် ၃ ချက်

✅ Slab Concrete Casting
• Concrete casting မှာ vi****or သုံးပြီး compaction မှန်အောင်လုပ်ပါ။
• Construction joint တွေမှာ PVC waterbar ထည့်သင့်ပါတယ်။

✅ Slope ပေးခြင်း
• မိုးရေကျန်ရှိနေမခံဘဲ 1:50 slope (ပေ ၁ တစ်ခုပေါ် လက်မ ၁/၄ ခန့်ချ) ပေးပါ။
• ရေကချောချောမောမောစီးထွက်နိုင်မှာ ဖြစ်ရမယ်။

✅ Waterproofing Membrane ထည့်ခြင်း
• Slab casting ပြီးရင် Sika၊ Dr. Fixit စတဲ့ Waterproof coating သုံးပါ။
• PU / Bitumen / Acrylic based membrane များက ရေမဝင်စေရန် ကာကွယ်ပေးပါတယ်။

✅ Protective Topping/ Tile ခင်းခြင်း
• Waterproofing layer အပေါ် Topping ထပ်လောင်းပြီး ကြွေပြားခင်းပါ။



🧱 2. နံရံရေစိမ့်မှု မဖြစ်စေဖို့ အရေးကြီးဆုံး ၅ ချက်

✅ 1. ကျစ်လစ်တဲ့ Plaster လုပ်ခြင်း
• Cement : Sand = 1:4 သုံးပါ
• လေမခိုရန် အထူးဂရုစိုက်ပါ
• ကွန်ကရစ်နဲ့ အုတ်ဆက်ရာကို အထူးဂရုစိုက်ပါ
• Curing တစ်ပတ်ခန့်လုပ်ဖို့မမေ့ပါနဲ့

✅ 2. Waterproof Additive ထည့်ခြင်း
• Dr. Fixit / Sika Latex ကို plaster mortar ထဲသုံးပါ

✅ 3. Primer Waterproof Coating တင်ခြင်း
• Nippon HydroShield စတဲ့ Sealer coating ကို 2 coats လုပ်ပါ

✅ 4. Joint & Outlet Sealant သုံးခြင်း
• Window edges, pipe outlet တွေကို PU sealant ဖြင့် ချုပ်ပါ

✅ 5. Coping Stone + Drip Mold ပါအောင်လုပ်ခြင်း
• Parapet wall, boundary wall နဲ့ sunshade တွေမှာ coping လုပ်ပြီး
• ရေတား (Drip groove) လိုင်းလုပ်ထားဖို့လိုတယ်



🛠️ 3. ရေစိမ့်ပြဿနာ ပေါ်လာပြီးသားနံရံများအတွက် ဖြေရှင်းနည်း

✅ Damp Area Scraping & Repair
• ရေစိမ့်နေတဲ့နေရာကို Scrape လုပ်၊ Salt တွေဖယ်ပြီး Cement mortar ဖြင့်ပြင်

✅ Injection Grouting (Severe Case)
• PU or Epoxy Grout ဖြင့် Crack ထဲကို injection ထိုး၍ sealing

✅ Replaster + Coating
• ပြသနာကောင်းပြီးတဲ့နံရံကို ပြန် plaster ချပြီး Waterproof coating 3 coats ထပ်တင်ပါ



📆 Yearly Maintenance Suggestion
• မိုးမကျမီ – Slab, Parapet, Wall တွေကို Visual check ပြုလုပ်ပါ
• ရေစိမ့်မှုရှိ/မရှိ စစ်ဖို့ Water test (ရေထည့်ထားခြင်း)လုပ်နိုင်ပါတယ်

#နံရံရေစိမ့် #ရေမယို #မိုးရာသီအိမ်ထိန်းသိမ်းခြင်း

Credit for the original loader

ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဤနေ့ထူးနေ့မြတ် အခါသမလေးမှာမြန်မာနိုင်ငံသူ၊နိုင်ငံသား အပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကုသိ...
11/05/2025

ကဆုန်လပြည့်(ဗုဒ္ဓနေ့)
ဤနေ့ထူးနေ့မြတ် အခါသမလေးမှာ
မြန်မာနိုင်ငံသူ၊နိုင်ငံသား အပေါင်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
ကုသိုလ်၊ဘာဝနာ ပွားများစေနိုင်ပါကြောင်း
ကျွန်မတို့ နှင်းရတနာ မိသားစုမှ
ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင့်

မြန်မာ သက္ကရာဇ် ၁၃၈၇ ခုနှစ် နှစ်သစ်မှ အစပြု၍မြန်မာ နိုင်ငံသူ၊နိုင်ငံသား  အပေါင်း ကျန်းမာချမ်းသာ ဘေးဘယာ ကင်းကွာပါစေကြောင်...
17/04/2025

မြန်မာ သက္ကရာဇ် ၁၃၈၇ ခုနှစ်
နှစ်သစ်မှ အစပြု၍
မြန်မာ နိုင်ငံသူ၊နိုင်ငံသား အပေါင်း
ကျန်းမာချမ်းသာ ဘေးဘယာ ကင်းကွာပါစေကြောင်း
ကျွန်မတို့ နှင်းရတနာ မိသားစုမှ
ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင့်

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when နှင်းရတနာ-Hnin Yadanar Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share