13/05/2026
စင်္ကာပူနိုင်ငံမှာရှိတဲ့ မြန်မာဘောလုံးအသင်းတွေအတွက် အခမ်းနားဆုံးနဲ့ ဂုဏ်ယူစရာအကောင်းဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ MNYC 2026 မှာ
PT Engineering Co.,Ltd အနေနဲ့
TGFB FC ရဲ့ Main Sponsor အဖြစ်
ပါဝင်ခွင့်ရခဲ့တာဟာ ကျွန်တော်တို့အတွက် ထိုက်တန်တဲ့ ဂုဏ်ယူမှုတစ်ခုပါပဲ။ 🤝
ဒီနှစ်မှာတော့ TGFB FC ဟာ ကွင်းအတွင်းမှာ အစွမ်းကုန်ကြိုးစားပြခဲ့သလို၊ အားပေးသူပရိသတ်တွေရဲ့ တစ်ခဲနက်ဝန်းရံမှုတွေနဲ့အတူ
Semi-Final အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီ
ဖြစ်ပါတယ်။ 🏆🏆🏆
ဒါဟာ အသင်းရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့
ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို
သက်သေပြလိုက်တာပဲဖြစ်ပါတယ်။ ✨🎊🎉
အသင်းရဲ့ ရင်ဘတ်ပေါ်က Logo ကနေတစ်ဆင့် ကျွန်တော်တို့ PT Engineering ရဲ့ ပံ့ပိုးမှုတွေက အသင်းသားတွေနဲ့အတူ ရှိနေမှာဖြစ်သလို၊
ဒီလို မြန်မာလူငယ်အားကစားကဏ္ဍရဲ့
သမိုင်းမှတ်တိုင်မှာ တစ်စိတ်တစ်ပိုင်း
ပါဝင်ခွင့်ရတာဟာ ကျွန်တော်တို့ကုမ္ပဏီအတွက်
အမြဲအမှတ်ရနေမယ့် ဂုဏ်ယူဖွယ်ရာ
မှတ်တိုင်တစ်ခုပါ။ 🙌
ဂုဏ်ယူပါတယ် TGFB FC! Semi-Final ကနေ ဗိုလ်လုပွဲအထိ အောင်မြင်မှုတွေ ဆက်လက်
သိမ်းပိုက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါတယ် .။ 🙏🏻🙏🏻🙏🏻
.,LTD