Myat Precious Pearl Co.,Ltd

Myat Precious Pearl Co.,Ltd Premier source for high-quality plastic resins and raw chemicals, directly from factories in China and India.

❝ ကဆုန်လပြည့်နေ့ ❞ 🌿ယနေ့ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှစ၍ မိဘပြည်သူ၊ လုပ်ငန်းရှင်အပေါင်းတို့သည် စိတ်၏ချမ်းသာခ...
29/04/2026

❝ ကဆုန်လပြည့်နေ့ ❞

🌿ယနေ့ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှစ၍ မိဘပြည်သူ၊ လုပ်ငန်းရှင်အပေါင်းတို့သည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။

ကောင်းမှုကုသိုလ်စုစုတို့ကိုလည်း ယခင်ထက် ဆထက်တိုး၍ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

#ကဆုန်လပြည့်နေ့

ဘာကြောင့် 𝐏𝐫𝐨𝐩𝐞𝐥𝐢𝐧𝐚𝐬 𝐏𝐏 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 ကိုပဲ လုပ်ငန်းရှင်တွေ အဓိက ရွေးချယ်ကြတာလဲ? မင်္ဂလာပါရှင်... လုပ်ငန်းခွင်မှာ ပလတ်စတစ်ပု...
29/04/2026

ဘာကြောင့် 𝐏𝐫𝐨𝐩𝐞𝐥𝐢𝐧𝐚𝐬 𝐏𝐏 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 ကိုပဲ လုပ်ငန်းရှင်တွေ အဓိက ရွေးချယ်ကြတာလဲ?

မင်္ဂလာပါရှင်... လုပ်ငန်းခွင်မှာ ပလတ်စတစ်ပုံသွင်း ( 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 ) လုပ်တဲ့အခါ စက်ထဲမှာ စီးဆင်းမှုမမှန်လို့ အလေအလွင့်တွေများပြီး စိတ်ညစ်နေရတဲ့ လုပ်ငန်းရှင်ကြီးတွေ ရှိပါသလားရှင်?

ဒါဆိုရင်တော့ အခုပြောပြမယ့် 𝐏𝐫𝐨𝐩𝐞𝐥𝐢𝐧𝐚𝐬 (𝐏𝐏 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧) က လူကြီးမင်းတို့အတွက် လက်တွဲဖော်ကောင်း ဖြစ်မှာပါရှင်။

𝐏𝐫𝐨𝐩𝐞𝐥𝐢𝐧𝐚𝐬 ကိုဘာကြောင့် အသုံးများရတာလ?

✅ စက်ထဲမှာ အရမ်းအလုပ်လုပ်ရတာ သက်သာစေတယ်

𝐏𝐫𝐨𝐩𝐞𝐥𝐢𝐧𝐚𝐬 စီးဆင်းမှု (𝐅𝐥𝐨𝐰 𝐑𝐚𝐭𝐞) က အရမ်းတည်ငြိမ်ပါတယ်ရှင်။ ဒါကြောင့် ပုံသွင်းတဲ့အခါမှာ စက်မှာလည်း ဝန်မပိသလို၊ အလုပ်လည်း ပိုတွင်စေပါတယ်။

✅ အသားကြည်လင်ပြီး ပုံစံကျလှပတယ်

လူကြီးမင်းတို့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေက အသားကြည်ကြည်လင်လင်နဲ့ တောက်ပြောင်နေတော့ ဈေးကွက်ထဲ တင်လိုက်တဲ့အခါမှာ ဝယ်သူတွေ မျက်စိကျစရာ ဖြစ်နေမှာ အသေအချာပါပဲရှင်။

✅ ကုန်ထုတ်စရိတ်ကို တကယ်လျှော့ချပေးနိုင်တယ်

အသားတောင့်တင်းပြီး ပုံသွင်းရတာ လွယ်ကူတဲ့အတွက် အမှားအယွင်းကြောင့်ဖြစ်တဲ့ အလေအလွင့်တွေကို သိသိသာသာ လျှော့ချပေးနိုင်လို့ အမြတ်ကို ပိုကျန်စေပါတယ်ရှင်။

ဘယ်လိုနေရာတွေမှာ အသုံးအများဆုံးလဲ?

🤔 အိမ်သုံးပစ္စည်းတွေ (ကုလားထိုင်၊ ပုံး၊ ခြင်းတောင်း) ကနေ အစားအသောက်ဘူးတွေ၊ လျှပ်စစ်ပစ္စည်း အကာအကွယ်အစွပ်တွေအထိ အရည်အသွေးမြင့်မြင့်နဲ့ ထုတ်ချင်တဲ့လုပ်ငန်းတိုင်းမှာအသုံးပြုလို့ရပါတယ်ရှင်။

လုပ်ငန်းခွင်မှာ အလုပ်တွေ ပိုတွင်ပြီး အလေအလွင့်နည်းတဲ့ ကုန်ကြမ်းမျိုးကိုမှ သုံးချင်တယ်ဆိုရင်တော့ 𝐏𝐫𝐨𝐩𝐞𝐥𝐢𝐧𝐚𝐬 ကို အခုပဲ ယုံကြည်စိတ်ချစွာ မှာယူလိုက်ပါရှင်။

ဆက်သွယ်ရန် ဖုန်း
☎️ 𝟎𝟗 𝟕𝟔𝟎 𝟑𝟔𝟐 𝟖𝟎𝟑 ၊ ☎️ 𝟎𝟗 𝟕𝟔𝟎 𝟑𝟔𝟐 𝟖𝟎𝟕

#𝐌𝐲𝐚𝐭𝐏𝐫𝐞𝐜𝐢𝐨𝐮𝐬𝐏𝐞𝐚𝐫𝐥 #𝐌𝐏𝐏 #𝐏𝐫𝐨𝐩𝐞𝐥𝐢𝐧𝐚𝐬 #𝐏𝐏𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 #𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧𝐌𝐨𝐥𝐝𝐢𝐧𝐠 #𝐏𝐥𝐚𝐬𝐭𝐢𝐜𝐑𝐚𝐰𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥𝐬 #𝐌𝐚𝐧𝐮𝐟𝐚𝐜𝐭𝐮𝐫𝐢𝐧𝐠𝐌𝐲𝐚𝐧𝐦𝐚𝐫

လူကြီးမင်းတို့ ထုတ်ကုန်တွေရဲ့ အရည်အသွေးအတွက် အကောင်းဆုံးရွေးချယ်မှု 𝐏𝐏 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 မင်္ဂလာပါရှင်…. လုပ်ငန်းခွင်မှ...
24/04/2026

လူကြီးမင်းတို့ ထုတ်ကုန်တွေရဲ့ အရည်အသွေးအတွက် အကောင်းဆုံးရွေးချယ်မှု 𝐏𝐏 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝

မင်္ဂလာပါရှင်…. လုပ်ငန်းခွင်မှာ အသုံးပြုမယ့် ပလတ်စတစ်ကုန်ကြမ်းတွေက အရည်အသွေးကောင်းဖို့ရော၊ ထုတ်ကုန်အချောထည် ထွက်လာတဲ့အခါမှာ ပုံစံကျလှပဖို့ကအလွန်ကို အရေးကြီးပါတယ်ရှင်။

🇸🇦 ဒီနေ့မှာတော့ 𝐒𝐚𝐮𝐝𝐢 𝐀𝐫𝐚𝐛𝐢𝐚 နိုင်ငံထုတ် အရည်အသွေးမြင့် 𝐏𝐏 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 အကြောင်းလေး ပြောပြပေးချင်ပါတယ်ရှင်။

𝐏𝐏 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 ဆိုတာ ဘာလဲ? 🤔
သူကတော့ 𝐏𝐨𝐥𝐲𝐦𝐞𝐫 အမျိုးအစားဖြစ်ပြီး တောင့်တင်းခိုင်ခံ့မှု (𝐒𝐭𝐢𝐟𝐟𝐧𝐞𝐬𝐬) အရမ်းကောင်းတဲ့အပြင် အပူဒဏ်ကိုလည်း ကောင်းကောင်းခံနိုင်ပါတယ်ရှင်။ ဒါကြောင့် ပုံသွင်း (𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧) လုပ်ငန်းတွေမှာ လူကြီးမင်းတို့ အသုံးအများဆုံးနဲ့ အားကိုးရဆုံး ကုန်ကြမ်းတစ်ခုပဲ ဖြစ်မှာပါရှင်။

ဘယ်လိုနေရာတွေမှာ အဓိက သုံးကြသလဲ?

▪️ အိမ်သုံးပစ္စည်းတွေအတွက်
ပလတ်စတစ် ကုလားထိုင်၊ စားပွဲ၊ ခြင်းတောင်းနဲ့ ရေပုံး စတဲ့ တောင့်တင်းခိုင်ခံ့ဖို့ လိုအပ်တဲ့ အိမ်သုံးပစ္စည်းတွေမှာ အဓိက သုံးလို့ရပါတယ်ရှင်။

▪️ အစားအသောက်ထုပ်ပိုးမှုတွေအတွက်
အပူဒဏ်ခံနိုင်တဲ့ ဂုဏ်သတ္တိကြောင့် 𝐌𝐢𝐜𝐫𝐨𝐰𝐚𝐯𝐞 ထဲထည့်လို့ရတဲ့ အစားအသောက်ဘူးတွေ (𝐌𝐢𝐜𝐫𝐨𝐰𝐚𝐯𝐚𝐛𝐥𝐞 𝐂𝐨𝐧𝐭𝐚𝐢𝐧𝐞𝐫𝐬) နဲ့ ဘူးဖုံးတွေ ထုတ်လုပ်တဲ့နေရာမှာလည်း အလွန်ကို အဆင်ပြေပါတယ်ရှင်။

▪️ လူသုံးကုန်နဲ့ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေအတွက်
ကလေးကစားစရာတွေ၊အလှကုန်ဘူးခွံတွေ ထုတ်လုပ်တဲ့နေရာမှာလည်း အသားကြည်လင်ပြီး ပုံစံကျလှပဖို့အတွက် အသုံးများပါတယ်ရှင်။

𝐏𝐏 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 ကို သုံးရင် ဘယ်လိုအကျိုးရှိမလဲ? 💡
အသားတောင့်တင်းပြီး ပုံသွင်းရတာလွယ်ကူတဲ့အတွက် လုပ်ငန်းခွင်မှာ အလေအလွင့် နည်းနည်းနဲ့ အမြန်ဆုံး ထုတ်လုပ်နိုင်ပါတယ်ရှင်။

ဒါက လူကြီးမင်းတို့အတွက် ကုန်ထုတ်စရိတ်ကို လျှော့ချပေးနိုင်တဲ့အပြင် အရည်အသွေးမြင့်တဲ့ ထုတ်ကုန်တွေကိုလည်း ရရှိစေမှာပါရှင်။

လူကြီးမင်းတို့ လုပ်ငန်းရဲ့ ထုတ်ကုန်တွေကို စံချိန်မီပြီး ခိုင်ခိုင်မာမာရှိစေဖို့ 𝐏𝐏 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 ကို အခုပဲ ရွေးချယ်လိုက်ပါရှင်။

ဆက်သွယ်စုံစမ်းရန်

ဖုန်း: ☎️ 𝟎𝟗 𝟕𝟔𝟎 𝟑𝟔𝟐 𝟖𝟎𝟑 ၊ ☎️ 𝟎𝟗 𝟕𝟔𝟎 𝟑𝟔𝟐 𝟖𝟎𝟕

#𝐌𝐲𝐚𝐭𝐏𝐫𝐞𝐜𝐢𝐨𝐮𝐬𝐏𝐞𝐚𝐫𝐥 #𝐌𝐏𝐏 #𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝𝐏𝐨𝐥𝐲𝐩𝐫𝐨𝐩𝐲𝐥𝐞𝐧𝐞 #𝐇𝐨𝐦𝐨𝐏𝐏 #𝐒𝐚𝐮𝐝𝐢𝐌𝐚𝐝𝐞 #𝐏𝐥𝐚𝐬𝐭𝐢𝐜𝐑𝐚𝐰𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥𝐬 #𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧𝐌𝐨𝐥𝐝𝐢𝐧𝐠 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐌𝐚𝐧𝐮𝐟𝐚𝐜𝐭𝐮𝐫𝐢𝐧𝐠

လူကြီးမင်းတို့ရဲ့ အိတ်တွေကို ပိုခိုင်ပြီး အကြမ်းခံမယ့် 𝐈𝐧𝐧𝐨𝐏𝐥𝐮𝐬 𝐒𝐀-𝟏𝟒𝟓 𝐓 🇹🇭အိတ်မှုတ်တဲ့အခါမှာဖြစ်ဖြစ်၊ အိတ်အသားတွေ ထုတ်တ...
21/04/2026

လူကြီးမင်းတို့ရဲ့ အိတ်တွေကို ပိုခိုင်ပြီး အကြမ်းခံမယ့် 𝐈𝐧𝐧𝐨𝐏𝐥𝐮𝐬 𝐒𝐀-𝟏𝟒𝟓 𝐓 🇹🇭

အိတ်မှုတ်တဲ့အခါမှာဖြစ်ဖြစ်၊ အိတ်အသားတွေ ထုတ်တဲ့အခါမှာဖြစ်ဖြစ် ဆွဲအားလည်းကောင်းရမယ်၊ အလွယ်တကူလည်း မပြတ်စေရဘူးဆိုတဲ့ ကုန်ကြမ်းမျိုးကို ရှာနေတာလားရှင်?

🇹🇭 ဒါဆိုရင်တော့ ထိုင်းနိုင်ငံထုတ် 𝐈𝐧𝐧𝐨𝐏𝐥𝐮𝐬 𝐒𝐀-𝟏𝟒𝟓 𝐓 က လူကြီးမင်းတို့အတွက် တကယ့်ကို အစွမ်းထက်တဲ့ အဖြေတစ်ခု ဖြစ်မှာပါရှင်။

𝐈𝐧𝐧𝐨𝐏𝐥𝐮𝐬 𝐒𝐀-𝟏𝟒𝟓 𝐓 က ဘာကြောင့် ဒီလောက် နာမည်ကြီးတာလဲ? 🤔

𝐈𝐧𝐧𝐨𝐏𝐥𝐮𝐬 𝐒𝐀-𝟏𝟒𝟓 𝐓 က 𝐋𝐋𝐃𝐏𝐄 အမျိုးအစားဖြစ်ပြီး ပစ္စည်းအသားရဲ့ ဆွဲအား (𝐓𝐞𝐧𝐬𝐢𝐥𝐞 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡) က တော်တော်လေးကို ကောင်းမွန်ပါတယ်ရှင်။ အိတ်ကို ပါးပါးလေး မှုတ်ထားရင်တောင် အလွယ်တကူ ထိုးဖောက်လို့ မရနိုင်တဲ့အထိ အကြမ်းခံပါတယ်ရှင်။

ဘယ်လိုနေရာတွေမှာ အဓိက သုံးကြသလဲ?

▪️ဈေးဝယ်အိတ် အကောင်းစားတွေအတွက်
အိတ်အသားက ပါးပေမဲ့ အထဲမှာ ပစ္စည်းအလေးကြီးတွေ ထည့်သယ်ရင်တောင် ပြတ်မကျအောင် 𝐇𝐃𝐏𝐄 နဲ့ ရောပြီး အိတ်မှုတ်တဲ့နေရာမှာ သုံးရပါတယ်။

▪️စက်မှုသုံး အစွပ်အိတ်တွေ (𝐋𝐢𝐧𝐞𝐫𝐬) အတွက်

ဓာတုဗေဒပစ္စည်းတွေနဲ့ ရေစိုဒဏ်ကို ကောင်းကောင်း ခံနိုင်ရည်ရှိအောင် လုပ်ရမယ့် အစွပ်တွေ၊ အခင်းတွေ ထုတ်တဲ့နေရာမှာလည်း အသုံးပြုလို့ အလွန်ကောင်းပါတယ်ရှင်။

▪️အစားအသောက် ထုပ်ပိုးတဲ့ အိတ်တွေအတွက်
အသားက ကြည်ကြည်လင်လင်နဲ့ ပျော့ပျောင်းမှုရှိတဲ့အတွက် အေးခဲမုန့်အိတ်တွေနဲ့ တခြားထုပ်ပိုးမှုတွေမှာလည်း အသုံးများပါတယ်ရှင်။

ဆက်သွယ်ရန် ဖုန်း
☎️ 𝟎𝟗 𝟕𝟔𝟎 𝟑𝟔𝟐 𝟖𝟎𝟑 ၊ ☎️ 𝟎𝟗 𝟕𝟔𝟎 𝟑𝟔𝟐 𝟖𝟎𝟕

#𝐌𝐲𝐚𝐭𝐏𝐫𝐞𝐜𝐢𝐨𝐮𝐬𝐏𝐞𝐚𝐫𝐥 #𝐌𝐏𝐏 #𝐈𝐧𝐧𝐨𝐏𝐥𝐮𝐬 #𝐒𝐀𝟏𝟒𝟓𝐓 #𝐋𝐋𝐃𝐏𝐄 #𝐏𝐥𝐚𝐬𝐭𝐢𝐜𝐑𝐚𝐰𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥𝐬 #𝐅𝐢𝐥𝐦𝐁𝐥𝐨𝐰𝐢𝐧𝐠 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐌𝐚𝐧𝐮𝐟𝐚𝐜𝐭𝐮𝐫𝐢𝐧𝐠

နှစ်ဆန်းတစ်ရက်နေ့  🙏🏻🌿 ပျော်ရွှင်စရာမြန်မာ့ နှစ်ဆန်းတစ်ရက်နေ့ အခါသမယလေးမှာ မိတ်ဆွေလုပ်ငန်းရှင်လူကြီးမင်းများအားလုံး မင်္...
17/04/2026

နှစ်ဆန်းတစ်ရက်နေ့ 🙏🏻

🌿 ပျော်ရွှင်စရာမြန်မာ့ နှစ်ဆန်းတစ်ရက်နေ့ အခါသမယလေးမှာ မိတ်ဆွေလုပ်ငန်းရှင်လူကြီးမင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း MPP မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နှစ်သစ်မှာ ဘေးရန်ကင်းလို့ စိတ်ချမ်းမြေ့ကြပါစေ။

#နှစ်ဆန်းတစ်ရက်နေ့ဆုတောင်း

❝ နှစ်သစ်မင်္ဂလာဆုမွန်လွှာ ❞ 🌿 မြန်မာ့နှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယမှစ မိဘပြည်သူများနှင့် လုပ်ငန်းရှင်များအားလုံး စိတ်...
12/04/2026

❝ နှစ်သစ်မင်္ဂလာဆုမွန်လွှာ ❞

🌿 မြန်မာ့နှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယမှစ မိဘပြည်သူများနှင့် လုပ်ငန်းရှင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်တကွ လိုအင်ဆန္ဒများ ပြည့်စုံပါစေကြောင်း MPP မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ 🙏🏻🙏🏻

#နှစ်သစ်ဆုတောင်း #မြန်မာသင်္ကြန်

Myanmar New Year Thingyan Corporate Gift 🎁💦A memorable gift to express our appreciation and gratitude to our valued cust...
05/04/2026

Myanmar New Year Thingyan Corporate Gift 🎁💦

A memorable gift to express our appreciation and gratitude to our valued customer companies and alliance companies for their continuous support, trust, and long-term partnership.

Thank you for being part of our journey and for growing together with us. 👏



လုပ်ငန်းခွင်သုံး 𝐂𝐚𝐮𝐬𝐭𝐢𝐜 𝐒𝐨𝐝𝐚 ကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲ? 👨‍🔬⚗️ 𝐆𝐫𝐚𝐬𝐢𝐦 𝐁𝐫𝐚𝐧𝐝 ရဲ့ 𝐂𝐚𝐮𝐬𝐭𝐢𝐜 𝐒𝐨𝐝𝐚ဟာ စက်မှုလုပ်ငန်း တေ...
03/04/2026

လုပ်ငန်းခွင်သုံး 𝐂𝐚𝐮𝐬𝐭𝐢𝐜 𝐒𝐨𝐝𝐚 ကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲ? 👨‍🔬

⚗️ 𝐆𝐫𝐚𝐬𝐢𝐦 𝐁𝐫𝐚𝐧𝐝 ရဲ့ 𝐂𝐚𝐮𝐬𝐭𝐢𝐜 𝐒𝐨𝐝𝐚ဟာ စက်မှုလုပ်ငန်း တော်တော်များများမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ကြမ်းတစ်ခုပဲ ဖြစ်ပါတယ်ရှင်။

💁🏻‍♀️ဒါတင်မက ပြင်းအားအရမ်းကောင်းတဲ့ ဓာတုပစ္စည်းဖြစ်တာကြောင့် 𝐂𝐚𝐮𝐬𝐭𝐢𝐜 𝐒𝐨𝐝𝐚 ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုရမလဲဆိုတာကို လုပ်ငန်းရှင်များ မဖြစ်မနေသိထားဖို့တော့လိုအပ်ပါတယ်ရှင်။

✅ 𝐂𝐚𝐮𝐬𝐭𝐢𝐜 𝐒𝐨𝐝𝐚 ကို ဘယ်လိုနေရာတွေမှာ အသုံးများလဲ?

▪️ဆပ်ပြာနှင့် သန့်စင်ဆေးရည် ထုတ်လုပ်ခြင်း

အဆီများကို ဆပ်ပြာအဖြစ် ပြောင်းလဲပေးသည့် (𝐒𝐚𝐩𝐨𝐧𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧) လုပ်ငန်းစဉ်အတွက် အဓိက အသုံးပြုပါတယ်။

▪️အထည်အလိပ်လုပ်ငန်း

ချည်မျှင်များကို ပိုမိုတောက်ပြောင်စေရန်နှင့် ဆိုးဆေး ပိုမိုစွဲမြဲစေရန်အတွက် အသုံးပြုပါတယ်။
▪️စက္ကူနှင့် ပျော့ဖတ်ထုတ်လုပ်ခြင်း
သစ်သားများကို ပျော့ဖတ်အဖြစ် ပြောင်းလဲရာတွင် အညစ်အကြေးများ ဖယ်ရှားရန် အသုံးပြုပါတယ်။

▪️ရေဆိုးသန့်စင်ခြင်း

စက်ရုံထွက် ရေဆိုးများ၏ အက်ဆစ်ဓာတ်ကို ဓာတ်ပြယ်စေရန် (𝐍𝐞𝐮𝐭𝐫𝐚𝐥𝐢𝐳𝐚𝐭𝐢𝐨𝐧) အတွက် အသုံးပြုပါတယ်။

🙅‍♂️ဘယ်လိုနေရာတွေမှာ မသုံးသင့်ဘူးလဲ?

❌အလူမီနီယံနှင့် သွပ်ပစ္စည်းများ

𝐂𝐚𝐮𝐬𝐭𝐢𝐜 𝐒𝐨𝐝𝐚 သည် အလူမီနီယံနှင့် ဓာတ်ပြုပါက ဟိုက်ဒရိုဂျင်ဂတ်စ် ထွက်ရှိပြီး ပစ္စည်းကို ပျက်စီးစေနိုင်သည့်အတွက် အလူမီနီယံပစ္စည်းများကို ဆေးကြောရာတွင် မသုံးသင့်ပါ။

❌သိုးမွေးနှင့် ပိုးထည်များ

ပြင်းထန်သော အယ်လ်ကာလီဓာတ်ကြောင့် တိရိစ္ဆာန်ထွက် အမျှင်များ (သိုးမွေး၊ ပိုးသား) ကို ကြွေမွပျက်စီးစေနိုင်ပါတယ်။

❌တိုက်ရိုက် ထိတွေ့ခြင်း

အသားအရေကို ပြင်းထန်စွာ လောင်ကျွမ်းစေနိုင်သဖြင့် ကာကွယ်ရေးပစ္စည်း (𝐆𝐥𝐨𝐯𝐞𝐬, 𝐆𝐨𝐠𝐠𝐥𝐞𝐬) မပါဘဲ တိုက်ရိုက်ကိုင်တွယ်ခြင်း မပြုရပါ။

ဆက်သွယ်ရန် ဖုန်း :
☎️𝟎𝟗 𝟕𝟔𝟎 𝟑𝟔𝟐 𝟖𝟎𝟑
☎️ 𝟎𝟗 𝟕𝟔𝟎 𝟑𝟔𝟐 𝟖𝟎𝟕

🇹🇭လုပ်ငန်းရှင်များအတွက် အဆင့်မြင့်ကုန်ကြမ်း Innoplus HDPE 1010J ကို အကျိုးရှိရှိ အသုံးပြုနိုင်မည့် နည်းလမ်း (၅) မျိုး ▪️...
31/03/2026

🇹🇭လုပ်ငန်းရှင်များအတွက် အဆင့်မြင့်ကုန်ကြမ်း Innoplus HDPE 1010J ကို အကျိုးရှိရှိ အသုံးပြုနိုင်မည့် နည်းလမ်း (၅) မျိုး

▪️အရည်သွေးမြင့် ဈေးဝယ်အိတ်များ ထုတ်လုပ်ခြင်း

ဈေးဝယ်အိတ်တွေရဲ့အရေးအကြီးဆုံးဖြစ်တဲ့ အသားပါးပြီး အလေးချိန်ဒဏ်ကို တကယ့်ခိုင်ခိုင်မာမာ ခံနိုင်ရည်ရှိဖို့ဆိုရင် HDPE 1010 J က အသင့်တော်ဆုံးရွေးချယ်မှုပါပဲ။

▪️အကြမ်းခံရမည့် စက်မှုသုံး အိတ်အကြီးစားများ

အမှိုက်အိတ်အကြီးစားတွေနဲ့ စက်ရုံသုံး Heavy-duty အိတ်တွေအတွက်ဆိုရင် တောင့်တင်းခိုင်ခံ့မှုက အရေးအကြီးဆုံးဖြစ်တာကြောင့် ပစ္စည်းအလေးကြီးတွေ ထည့်သွင်းသယ်ယူရတဲ့နေရာမှာတောင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာပါရှင်။

▪️ အစားအသောက်လုပ်ငန်းသုံး ထုပ်ပိုးမှုအိတ်များ

အရည်အသွေးမြင့် ကုန်ကြမ်းဖြစ်တဲ့အတွက် အစားအသောက်တွေကို ဘေးကင်းလုံခြုံစွာ ထည့်သွင်းသိုလှောင်နိုင်မယ့် အပြင် လူကြီးမင်းတို့ ထုတ်ကုန်တွေအပေါ် ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကိုပါ ပိုမိုတိုးတက်စေနိုင်ပါတယ်ရှင်။

▪️ ပလတ်စတစ်အလိပ် (Roll) များ အမြောက်အမြား ထုတ်လုပ်ခြင်း
စက်ထဲမှာ အရည်ပျော်စီးဆင်းမှု ပြေပြစ်တဲ့အတွက် အိတ်မှုတ်တဲ့အခါ အလေအလွင့် (Waste) အရမ်းနည်းပါတယ်။ ဒါကြောင့်အချိန်တိုအတွင်း အိတ်အထွက်နှုန်း ကို အမြင့်ဆုံး ရရှိစေမှာဖြစ်လို့ ကုန်ထုတ်စရိတ်ကို တကယ်ပဲ လျှော့ချပေးနိုင်ပါတယ်ရှင်။

▪️စက်မှုလုပ်ငန်းသုံး အကာအကွယ်လွှာ (Liners) များ

ရေစိုခံဖို့နဲ့ ဓာတုပစ္စည်းဒဏ်ကို ခံနိုင်ရည်ရှိဖို့ လိုအပ်တဲ့ စက်မှုလုပ်ငန်းသုံး အကာအကွယ်တွေနဲ့ အိတ်အစွပ်တွေ ထုတ်လုပ်တဲ့နေရာမှာလည်း HDPE 1010J ရဲ့ မာကျောတဲ့ ဂုဏ်သတ္တိကြောင့် လုပ်ငန်းရှင်တိုင်း အားထားရာဖြစ်နေတာပဲဖြစ်ပါတယ်။

💁🏻‍♀️ လူကြီးမင်းတို့ စိတ်တိုင်းကျ အရည်သွေးမြင့် ထိုင်းနိုင်ငံထုတ် HDPE 1010J ကို MPP မှာ ယုံကြည်စိတ်ချစွာဖြင့်မှာယူနိုင်ပါတယ်ရှင်။

ဆက်သွယ်ရန် ဖုန်း :
☎️ 09 760 362 803
☎️ 09 760 362 807

Grand Resources - PP Film (GF 10S) ကို ဘယ်နေရာတွေမှာ အဓိက အသုံးပြုသလဲ?၁။ အဆင့်မြင့် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းဖလင်သား...
21/03/2026

Grand Resources - PP Film (GF 10S) ကို ဘယ်နေရာတွေမှာ အဓိက အသုံးပြုသလဲ?

၁။ အဆင့်မြင့် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်း
ဖလင်သားကြည်လင်ပြတ်သားမှု အထူးကောင်းမွန်ပြီး ခိုင်ခံ့မှုရှိတာကြောင့် အတွင်းရှိပစ္စည်းများကို ထင်ရှားပေါ်လွင်စေလိုတဲ့ အဆင့်မြင့်အိတ်အမျိုးမျိုး ထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။

၂။ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ ထုပ်ပိုးခြင်း

ကြည်လင်တောက်ပပြီး ပြောင်လက်နေတဲ့ ဂုဏ်သတ္တိကြောင့် အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ပိုမို ဆွဲဆောင်မှုရှိစေဖို့ ထုပ်ပိုးရာမှာ အသုံးပြုပါတယ်။ အစိုဓာတ်ကိုလည်း ကောင်းကောင်းကာကွယ်ပေးနိုင်လို့ အစားအစာတွေရဲ့ လတ်ဆတ်မှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၃။ ပလတ်စတစ် ပုံသွင်းခြင်းနှင့် ရက်လုပ်ခြင်း

ဖလင်သားရဲ့ တောင့်တင်းမှု (Stiffness) အထူးကောင်းမွန်လို့ ပလတ်စတစ်ပစ္စည်းတွေကို ပုံသွင်းရာမှာဖြစ်စေ၊ ရက်လုပ်ရာမှာဖြစ်စေ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ပါတယ်။

Grand Resources - PP Film (GF 10S) ကို အသုံးပြုခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?

၁။ အပူဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိခြင်း

Thermal Stability ကောင်းမွန်တဲ့အတွက် အပူဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိပါတယ်။ အပူဒဏ်ကြောင့် ပုံစံပျက်သွားတာမျိုးလုံးဝမရှိလို့ ထုတ်ကုန်အရည်အသွေးကို အထူးကောင်းမွန်စေ ပါတယ်။

၂။ ကြည်လင်တောက်ပြီး ခိုင်ခံ့မှုကို ပေးစွမ်းနိုင်ခြင်း

အလွန်ပါးလွှာပေမဲ့ ခိုင်ခံ့တဲ့ ဖလင်အမျိုးအစား ဖြစ်ပါတယ်။ High Clarity ရှိတဲ့အတွက် ထုပ်ပိုးထားတဲ့ ကုန်ပစ္စည်းရဲ့ Brand Quality ကို ပိုမိုမြင့်မားစေပါတယ်။

၃။ ကုန်ထုတ်လုပ်မှုကို ချောမွေ့စေခြင်း

စက်ထဲမှာ အသုံးပြုရလွယ်ကူချောမွေ့ပြီး ဖလင်သားတည်ငြိမ်တဲ့အတွက် အလေအလွင့် မရှိသလောက် နည်းပါးစွာဖြင့် ထုတ်လုပ်နိုင်ပါတယ်။
အရောင်းမြှင့်တင်ရေး ထုပ်ပိုးမှုတွေအတွက် အရည်အသွေးမြင့် PP Film (GF 10S) ကို ကျွန်မတို့ရဲ့ MPP မှာ ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါပြီရှင်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အခုပဲ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (သို့မဟုတ်) ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဆက်သွယ်စုံစမ်းရန်
ဖုန်း: ☎️ 09 760 362 803 ၊ ☎️ 09 760 362 807

လုပ်ငန်းသုံး Quality ကောင်း Hydrogen Peroxide ကို ရှာနေပါသလား?ရှာဖွေဝယ်ယူရခက်နေတဲ့ Hydrogen Peroxide အကောင်းစားတွေ MPP မ...
14/03/2026

လုပ်ငန်းသုံး Quality ကောင်း Hydrogen Peroxide ကို ရှာနေပါသလား?

ရှာဖွေဝယ်ယူရခက်နေတဲ့ Hydrogen Peroxide အကောင်းစားတွေ MPP မှာ အသင့်ရှိနေပြီနော်

သင့်လုပ်ငန်းရဲ့ ထုတ်ကုန်အရည်အသွေးကို စံချိန်မီဖို့ဆိုရင် ပြင်းအားမှန်ပြီး အာနိသင်တည်ငြိမ်တဲ့ ကုန်ကြမ်းတွေကို သုံးဖို့က အဓိကကျပါတယ်။

ကုန်ပစ္စည်းအချက်အလက် (Product Specifications)
• Origin: 🇧🇩 Made in Bangladesh
• Packaging: 30 kg per drum (အလင်းမဖောက်နိုင်၊ မယိုစိမ့်နိုင်တဲ့ အလုံပိတ် စည်ပိုင်းပြာပုံးများဖြင့် စနစ်တကျ ထုပ်ပိုးထားပါတယ်)
• Stability: ပြင်းအား တိကျမှန်ကန်ပြီး အာနိသင် အလွန်တည်ငြိမ်မှုရှိခြင်း။

ဘယ်လိုလုပ်ငန်းတွေအတွက် အဓိက သင့်တော်မလဲ?
၁။ အထည်အလိပ်လုပ်ငန်း
ချည်သားများကို ဖြူစင်စေရန်နှင့် အရောင်ချွတ်ရန် (Hydrogen Peroxide ဟာ သုံးနေကျ ကလိုရင်းချွတ်ဆေးတွေလို ပတ်ဝန်းကျင်ကို အန္တရာယ်မပေးတဲ့အတွက် ပိုမိုစိတ်ချရပါတယ်)

၂။ စက္ကူနှင့် ပျော့ဖတ်လုပ်ငန်း
စက္ကူပျော့ဖတ်များကို သန့်စင်ရန်နှင့် ပိုမိုဖြူစင်တောက်ပသော စက္ကူသားများ ရရှိစေရန်။

၃။ ပိုးသတ်ခြင်းလုပ်ငန်း
- စက်ရုံသုံး စက်ကိရိယာများနှင့် လုပ်ငန်းခွင် ပိုးသန့်စင်ရန်။
- ဆေးရုံသုံး/ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာများနှင့် ခွဲစိတ်ခန်းများကို ပိုးသန့်စင်ရန်။
- အစားအသောက် ထုပ်ပိုးသည့် စက်ကိရိယာများကို ဘေးကင်းစွာ ပိုးသန့်စင်ရန်။

၄။ ရေဆိုးသန့်စင်မှု
ရေဆိုးများအတွင်းရှိ အဆိပ်အတောက်ဖြစ်စေသော အော်ဂဲနစ်ဒြပ်ပေါင်းများကို ချေဖျက်ရန်နှင့် အနံ့ဆိုးများကို အထိရောက်ဆုံး ဖယ်ရှားရန်။

ပြင်းအားမှန်၊ အာနိသင်တည်ငြိမ်တဲ့ Hydrogen Peroxide ကိုသုံးပြီး လူကြီးမင်းတို့ လုပ်ငန်းရဲ့ ထုတ်ကုန်အရည်အသွေးကို အခုပဲ မြှင့်တင်လိုက်တော့နော်။

အရည်အသွေး စိတ်ချရမှုက ကျွန်ုပ်တို့ MPP ရဲ့ အဓိက ရည်မှန်းချက်ပါ။

မှာယူလိုပါကဆက်သွယ်ရန် ဖုန်း :
☎️09 760 362 803 ☎️ 09 760 362 807

Address

Yangon
11701

Alerts

Be the first to know and let us send you an email when Myat Precious Pearl Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share