AE Construction Co.,Ltd

  • Home
  • AE Construction Co.,Ltd

AE Construction Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AE Construction Co.,Ltd, Construction Company, No. 8, Ground Floor, 55Street, Pazundaung Township, .

အ​ဆောက်အဦးများအား ကန်ထရိုက်စနစ်၊ PAE စနစ်၊ လုံးချင်းတိုက်၊အခန်းပြင်ဆင်ခြင်း၊ Steel Structureအ​ဆောက်အဦးနှင့် ထရန်စ​ဖော်မာ တပ်ဆင်​ရေးလုပ်ငန်းများကို AE ​ဆောက်လုပ်​ရေးမှ တာဝန်ယူတည်​ဆောက်​​ပေးလျက်ရှိပါတယ်။ 📞095117234 📞095510949 📞09972214444 📞09782222280

🏢 ဒေါပုံမှာ တိုက်ခန်းပိုင်ရှင်ကြီး တစ်ဦး ထပ်မံ ပေါ်ထွက်လာပါပြီခင်ဗျာ...! 🎉🥳ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ စံပယ် (၅) လမ်...
13/08/2026

🏢 ဒေါပုံမှာ တိုက်ခန်းပိုင်ရှင်ကြီး တစ်ဦး ထပ်မံ ပေါ်ထွက်လာပါပြီခင်ဗျာ...! 🎉🥳

ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ စံပယ် (၅) လမ်း က (၆) လွှာ (၁) ခန်း ထပ်မံပြီး ရောင်းထွက်သွားခဲ့ပါပြီဗျာ... 🔑✨

အခုလို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးခဲ့တဲ့ တိုက်ခန်းပိုင်ရှင်သစ်ကြီးကို AE Construction Co.,Ltd မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပြီး ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ... 🙏✨

🚨 လက်လွတ်မခံသင့်တဲ့ သတင်းကောင်း! 🚨
တိုက်ခန်းကောင်းကောင်း၊ လမ်းသန့်သန့်နဲ့ ပတ်ဝန်းကျင်သန့်သန့်မှာ နေထိုင်ချင်သူတွေအတွက် နောက်ထပ် တိုက်ခန်း အနည်းငယ်သာ ကျန်ရှိတော့တာမို့လို့ လက်နှေးမနေဘဲ အခုပဲ မြန်မြန်လေး ဆက်သွယ်ဝယ်ယူလိုက်တော့နော်...! 🏃‍♂️💨🏡

📞 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက -
Active Eagle Construction & Engineering
📱 Phone: 09 5117 234, 09 5510 949, 09 97221 4444, 09 78 22222 80

📍 Address: အမှတ် (၈)၊ မြေညီထပ်၊ ၅၅ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

#ဒေါပုံမြို့နယ် #စံပယ်၅လမ်း #တိုက်ခန်းအရောင်း #ကန်ထရိုက် #တိုက်ခန်း #ကွန်ဒို #လုံးချင်း

ဝါဆိုလပြည့် (ဓမ္မစင်္ကြာ အခါတော်နေ့ )🙏🙏🙏ဝါဆိုလပြည့်အခါသမယမှာ ဘေးဘယာများ ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့AE Co...
29/07/2026

ဝါဆိုလပြည့် (ဓမ္မစင်္ကြာ အခါတော်နေ့ )🙏🙏🙏

ဝါဆိုလပြည့်အခါသမယမှာ ဘေးဘယာများ ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့
AE Construction Co.,Ltd မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်…


#ဝါဆိုလပြည့်နေ့ #အခန်း #ကွန်ဒို #တိုက်ခန်း
#ဓမ္မစင်္ကြာအခါတော်နေ့

🏡အိမ်ဆောက်မယ်ဆိုတာ ဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက်တစ်ခုထဲမှာ ပါပါတယ်။ 💥ဒါပေမဲ့ အိမ်ဆောက်ရင်းနဲ့ စိတ်ညစ်ရတဲ့အရာကတော့ "Bud...
23/07/2026

🏡အိမ်ဆောက်မယ်ဆိုတာ ဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက်တစ်ခုထဲမှာ ပါပါတယ်။ 💥ဒါပေမဲ့ အိမ်ဆောက်ရင်းနဲ့ စိတ်ညစ်ရတဲ့အရာကတော့ "Budget ထက်💰 အပိုကုန်ကျစရိတ်တွေ တက်လာတာ" ပါပဲ။ ဒါမျိုးမဖြစ်ရအောင် အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ သတိထားသင့်တဲ့ အချက် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။

၁။ ပုံစံရေးဆွဲခြင်း (Design) ကို သေချာပြင်ဆင်ပါ - 🏠အိမ်ဆောက်နေရင်းမှ "ဒီနေရာလေး ပြင်ချင်တယ်၊ ဒီအခန်းလေး နည်းနည်းတိုးချင်တယ်" ဆိုပြီး အစီအစဉ်ပြောင်းတာဟာ ⏰အချိန်ရော၊ 💰ငွေကြေးပါ အများကြီး ပိုကုန်စေပါတယ်။ မဆောက်ခင်မှာ ဒီဇိုင်းကို အပြီးသတ် စိတ်တိုင်းကျ ရေးဆွဲထားဖို့ အရေးကြီးပါတယ်ခင်ဗျာ။ 🏠📐

၂။ ပစ္စည်းအရည်အသွေးကို စနစ်တကျ ရွေးချယ်ပါ - ဈေးပေါတာကိုပဲ ကြည့်ပြီး ဝယ်မိရင် ခဏခဏ ပြင်ရတတ်ပါတယ်။ 👷တာရှည်ခံမယ့် ပစ္စည်းကောင်းတွေကို အသုံးပြုတာက ရေရှည်မှာ ပိုက်ဆံပိုသက်သာပါတယ်။ 🧱🏗️

၃။ စာချုပ်ကို ပြတ်ပြတ်သားသား ချုပ်ဆိုပါ - လုပ်ငန်းမစခင်မှာ လုပ်ငန်းခွင်ကုန်ကျစရိတ်၊ အချိန်ကာလ၊ လုပ်ငန်းအဆင့်ဆင့်ကို စာချုပ်ထဲမှာ အသေးစိတ် ထည့်သွင်းချုပ်ဆိုထားပါ။ ဒါမှ နောက်ပိုင်းမှာ ငွေကြေးအငြင်းပွားမှုတွေ မဖြစ်မှာပါ။ 📝🤝

၄။ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ/ဆောက်လုပ်ရေးအဖွဲ့နဲ့ လက်တွဲပါ - 👷တစ်ချို့က ဈေးသက်သာချင်လို့ နားမလည်တဲ့သူတွေနဲ့ ဆောက်မိကြပါတယ်။ အမှားပြင်ရတဲ့ စရိတ်က မူလကုန်ကျစရိတ်ထက် ပိုများတတ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆောက်မှပဲ စိတ်အေးရမှာပါ။ 👷‍♂️🛠️

၅။ စီမံခန့်ခွဲမှုကို သေချာလုပ်ပါ - ဆောက်လုပ်ရေးကာလအတွင်းမှာ ပစ္စည်းတွေ အလဟဿမဖြစ်အောင်၊ 💥လူအင်အားကို စနစ်တကျ အသုံးချနိုင်အောင် စီမံခန့်ခွဲမှုကောင်းဖို့ လိုပါတယ်။ 📊⚙️

🏠အိမ်ဆောက်ဖို့ စီစဉ်နေတယ်ဆိုရင် အပိုကုန်ကျစရိတ်မရှိဘဲ စိတ်တိုင်းကျ ဖြစ်စေဖို့ Active Eagle Construction & Engineering AE Construction Co.,Ltd ကို ယုံကြည်စွာ အပ်နှံနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဘက်က ပညာရှင်တွေက အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။

အသေးစိတ်ကို အခုပဲ ဖုန်းဆက်မေးမြန်းနိုင်ပါတယ် -
📞 09-5117 234
📞 09-5510 949
📞 09-97221 4444
📞 09-78 22222 80
📍 အမှတ်(၈)၊ မြေညီထပ်၊ ၅၅ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။

#အိမ်ဆောက်မယ် #ဆောက်လုပ်ရေး #တိုက်ခန်း #လုံးချင်း #အိမ် #ကွန်ဒို

💥အထပ်မြင့်အဆောက်အအုံတွေရဲ့ အသက်ရှူပေါက် - Curtain Wall System အကြောင်း💥ခေတ်ပေါ်မြို့ပြတွေမှာ မှန်စီရွှေစီနဲ့ လှပဆန်းသစ်န...
04/07/2026

💥အထပ်မြင့်အဆောက်အအုံတွေရဲ့ အသက်ရှူပေါက် - Curtain Wall System အကြောင်း💥

ခေတ်ပေါ်မြို့ပြတွေမှာ မှန်စီရွှေစီနဲ့ လှပဆန်းသစ်နေတဲ့ 🏚️အထပ်မြင့်စကိုင်စကရက်ပါ (Skyscraper) ကြီးတွေကို မြင်ဖူးကြမှာပါ။ အဲဒီလို အဆောက်အအုံကြီးတွေရဲ့ အပြင်ဘက်မျက်နှာစာမှာ အုတ်နံရံတွေအစား မှန်ချပ်ကြီးတွေကို ဘယ်လိုတွဲလောင်းဆွဲပြီး တပ်ဆင်ထားလဲဆိုတာ စဉ်းစားဖူးပါသလား?
ဒါကို ဆောက်လုပ်ရေးအင်ဂျင်နီယာလောကမှာ Curtain Wall System (ကာတန်ဝေါစနစ်) လို့ ခေါ်ပါတယ်။

၁။ Curtain Wall ဆိုတာ ဘာလဲ?
📍Curtain Wall ဆိုတာ အဆောက်အအုံရဲ့ ပင်မဖွဲ့စည်းပုံ (Main Structure) ပေါ်မှာ ဝန်ပိစေခြင်းမရှိဘဲ၊ အပြင်ဘက်ကနေ ကာရံပေးထားတဲ့ "အလှဆင်မဟုတ်တဲ့ အကာအကွယ်နံရံစနစ်" ဖြစ်ပါတယ်။ သူက အဆောက်အအုံရဲ့ အမိုးနဲ့ ကြမ်းပြင်တွေကလာတဲ့ အလေးချိန် (Dead Load) ကို လုံးဝသယ်ဆောင်မထားပါဘူး။
သူ့ရဲ့ အဓိကတာဝန်က အဆောက်အအုံအတွင်းထဲကို လေပြင်းဒဏ်၊ မိုးရေဒဏ်နဲ့ နေရောင်ခြည်ဒဏ်တွေ တိုက်ရိုက်မကျရောက်အောင် ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။

၂။ Curtain Wall ရဲ့ အဓိကအမျိုးအစား (၂) မျိုး
📍ဆောက်လုပ်ရေးလုပ်ငန်းခွင် အခြေအနေနဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး အင်ဂျင်နီယာတွေဟာ အောက်ပါ (၂) မျိုးထဲက သင့်တော်ရာကို ရွေးချယ်တပ်ဆင်ကြပါတယ်။
(က)Stick System (လုပ်ငန်းခွင်သုံး စနစ်)
* အလုပ်လုပ်ပုံ: အလူမီနီယံ ဖရိမ် (Frames) တွေနဲ့ မှန်ချပ်တွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင် (Site) ထဲကို အပိုင်းအစလိုက် သယ်လာပြီးမှ တစ်ခုချင်းစီ လိုက်လံတပ်ဆင်တဲ့ စနစ်ပါ။
* အားသာချက်: ပို့ဆောင်ရလွယ်ကူပြီး စရိတ်သက်သာပါတယ်။ အဆောက်အအုံဒီဇိုင်း အကွေးအဆန့်တွေကို လုပ်ငန်းခွင်ထဲမှာပဲ လိုသလို ညှိယူနိုင်ပါတယ်။
* အားနည်းချက်: လုပ်ငန်းခွင်ထဲမှာ တပ်ဆင်ရတဲ့အတွက် အချိန်အများကြီးပေးရပြီး ရာသီဥတုဆိုးရွားရင် အလုပ်ကြန့်ကြာတတ်ပါတယ်။

(ခ)Unitized System (စက်ရုံထုတ် အချောထည်စနစ်)
* အလုပ်လုပ်ပုံ: စက်ရုံ (Factory) ထဲမှာတင် အလူမီနီယံဖရိမ်ထဲကို မှန်တွေ၊ ပတ်ကင် (Gaskets) တွေကို တစ်ခါတည်း အကန့်လိုက် (Modules) တပ်ဆင်ပြီးသား အချောထည်ကြီးတွေကို လုပ်ငန်းခွင်ဆီ သယ်ဆောင်လာတဲ့ စနစ်ပါ။
* အားသာချက်: စက်ရုံမှာ စနစ်တကျလုပ်ထားလို့ အရည်အသွေး အရမ်းစိတ်ချရပြီး Crane (ကရိန်း) စက်ကြီးတွေနဲ့ အမြန်ကောက်ချိတ်ရုံပဲမို့ အချိန်ကုန် သက်သာပါတယ်။
* အားနည်းချက်: စက်ရုံကနေ သယ်ယူဖို့ သယ်ယူပို့ဆောင်ရေး (Logistics) စရိတ်ကြီးမားပြီး အစောပိုင်း အင်ဂျင်နီယာဒီဇိုင်း တွက်ချက်မှု တိကျဖို့ လိုအပ်ပါတယ်။

၃။ အထပ်မြင့်ပရောဂျက်တွေမှာ ဘာကြောင့် မရှိမဖြစ် သုံးကြတာလဲ?
* Structural Flexibility: မြေငလျင်လှုပ်တာပဲဖြစ်ဖြစ်၊ လေပြင်းတိုက်လို့ အဆောက်အအုံ တုန်ခါတာပဲဖြစ်ဖြစ် Curtain Wall တွေက ကြံ့ကြံ့ခံနိုင်အောင် Elastic ဖြစ်အောင် ဒီဇိုင်းထုတ်ထားပါတယ်။
* Thermal Insulation: အခုခေတ်မှာ Double Glazing (မှန်နှစ်ထပ်ကြား လေဟာနယ်ခံခြင်း) စနစ်တွေကို သုံးကြတဲ့အတွက် အပြင်က အပူရှိန်ကို အထဲမဝင်အောင် တားဆီးပေးလို့ လေအေးပေးစက် (Air-con) သုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။
* Aesthetics: အဆောက်အအုံကို ခေတ်မှီပြီး ပရီမီယံဆန်တဲ့ Look မျိုး ပေးစွမ်းနိုင်ပါတယ်။

💡 ဆောက်လုပ်ရေးလောကသားများအတွက် သတိပြုရန်: Curtain Wall တပ်ဆင်တဲ့အခါ အရေးကြီးဆုံးက "Waterproofing (ရေလုံမှု)" ဖြစ်ပါတယ်။ ဖရိမ်တွေကြားထဲက Joint (အဆက်) တွေမှာသုံးတဲ့ Sealant (ကော်) အရည်အသွေး မကောင်းရင် နောက်ပိုင်း မိုးယိုစိမ့်မှု ပြဿနာ ခေါင်းခဲရတတ်ပါတယ်။

💥Knowledge Sharing လေးပါ💥

📍 ရုံးခန်းတည်နေရာ: အမှတ် (၈)၊ မြေညီထပ်၊ ၅၅ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်ဖုန်း
📞 09 5117234
📞 09 5510949
📞 09 97221 4444
📞 09 782222280



Wall System
​ဆောက်လုပ်​ရေး #တိုက်ခန်း #ကွန်ဒို

⚡ ဓာတ်အားလုံခြုံစိတ်ချ၊ AE CONSTRUCTION နဲ့ အဆင်​ပြေစေရမယ် ⚡AE CONSTRUCTION အနေဖြင့် ဒလမြို့နယ် တရားရုံး၏ 315 KVA Transf...
27/06/2026

⚡ ဓာတ်အားလုံခြုံစိတ်ချ၊ AE CONSTRUCTION နဲ့ အဆင်​ပြေစေရမယ် ⚡

AE CONSTRUCTION အနေဖြင့် ဒလမြို့နယ် တရားရုံး၏ 315 KVA Transformer Project ကို အောင်မြင်စွာ တာဝန်ယူ တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။💥💥💥

👷လုပ်ငန်းခွင်တိုင်းမှာ လျှပ်စစ်မီးလုံခြုံရေးသည် အသက်သွေးကြောဖြစ်သည်နှင့်အညီ AE CONSTRUCTION မှ ၁၀၀% အာမခံချက်အပြည့်ဖြင့် ကျွမ်းကျင်ပညာရှင်များက စနစ်တကျ တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

✅ ဘာကြောင့် AE CONSTRUCTION ကို ရွေးချယ်သင့်တာလဲ?

👉အတွေ့အကြုံနှင့် ကျွမ်းကျင်မှု: အစိုးရဌာနဆိုင်ရာ လုပ်ငန်းကြီးများအပါအဝင်🏗️ စက်မှုဇုန်များနှင့် ပုဂ္ဂလိကလုပ်ငန်းများအတွက် Transformer တပ်ဆင်ခြင်းလုပ်ငန်းများကို နှစ်ပေါင်းများစွာ တာဝန်ယူဆောင်ရွက်ပေးနေခြင်း။

👉၁၀၀% အာမခံချက်: AE Construction ရဲ့တပ်ဆင်မှုပိုင်းဆိုင်ရာ အရည်အသွေးများကို ၁၀၀% အပြည့်အဝ အာမခံပေးထားပါသည်။

👉စနစ်တကျဆောင်ရွက်မှု: အဆင့်မြင့်နည်းပညာ၊ ✅မှန်ကန်သောစံချိန်စံညွှန်းများနှင့်အညီ လုံခြုံစိတ်ချရသော လျှပ်စစ်မီးစနစ်ကို ရရှိစေရန် တာဝန်ယူမှုအပြည့်ဖြင့် လုပ်ဆောင်ပေးခြင်း။

💥ဓာတ်အားမတည်ငြိမ်မှုများ၊ 👷လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စိုးရိမ်မှုများအတွက် စိတ်ပူနေစရာမလိုတော့ပါဘူး။ 🦅 AE CONSTRUCTION က သင့်ရဲ့ လျှပ်စစ်ဆိုင်ရာ လိုအပ်ချက်များကို အကောင်းဆုံး ဖြေရှင်းပေးသွားမှာပါ။

📞 ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်များ
အသေးစိတ်ကို အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📍 အမှတ် (၈)၊ မြေညီထပ်၊ ၅၅ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ 09-5117 234, 09-5510 949,
09-97221 4444, 09-78 22222 80

#မီး #လျှပ်စစ် #ဒလမြို့နယ်တရားရုံး #လျှပ်စစ်အင်ဂျင်နီယာ #အရည်အသွေးမြင့်ဝန်ဆောင်မှု

💥လျှပ်စစ်ပစ္စည်းတွေ အသုံးပြုတဲ့အခါ ကိုယ့်ကိုကိုယ်ရော၊🏠 အိမ်မှာရှိတဲ့ ချစ်ရသူတွေကိုပါ အန္တရာယ်ကင်းစေဖို့ ဒါလေးတွေ မေ့မထား...
18/06/2026

💥လျှပ်စစ်ပစ္စည်းတွေ အသုံးပြုတဲ့အခါ ကိုယ့်ကိုကိုယ်ရော၊🏠 အိမ်မှာရှိတဲ့ ချစ်ရသူတွေကိုပါ အန္တရာယ်ကင်းစေဖို့ ဒါလေးတွေ မေ့မထားပါနဲ့! ⚡🔌

နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုတဲ့အခါ သတိမမူမိလို့ ဖြစ်တတ်တဲ့ 💥မတော်တဆမှုတွေက အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။ "မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံး" ဖြစ်တဲ့အတွက် အရေးကြီးတဲ့ အချက် (၆) ချက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

၁။ Earth (မြေစိုက်) ပါဝင်တဲ့ ပလပ်ခေါင်းတွေကိုသာ အသုံးပြုပါ။ - လျှပ်စစ်ပစ္စည်းတွေရဲ့ ယိုစိမ့်မှုအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

၂။ လက်စိုနေချိန်မှာ 🖐️လျှပ်စစ်ပစ္စည်းတွေကို မကိုင်တွယ်ပါနဲ့။ - ရေနဲ့ လျှပ်စစ်က တွဲမသုံးသင့်တဲ့အရာပါ။ 💥အထူးသဖြင့် 🛁ရေချိုးပြီးချိန်၊ လက်စိုချိန်တွေမှာ ပလပ်ထိုးတာ၊ ပစ္စည်းကိုင်တာကို ရှောင်ကြဉ်ပါ။

၃။ ဝိုင်ယာကြိုးတွေ ပျက်စီးနေရင် ချက်ချင်းလဲလှယ်ပါ။ - ဝိုင်ယာကြိုးတွေ ပြတ်နေတာ၊🪢 ကြေးနီကြိုးတွေ ပေါ်နေတာမျိုး တွေ့ရင် လျစ်လျူမရှုပါနဲ့။ 🔥မီးလောင်ကျွမ်းမှုနဲ့ ရှော့ခ်ဖြစ်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

၄။ ပစ္စည်းတွေ ပြုပြင်တဲ့အခါ လုံခြုံရေးပစ္စည်း (ဥပမာ - လက်အိတ်) ဝတ်ဆင်ပါ။ - 👩‍🚒လျှပ်စစ်နဲ့ ပတ်သက်ပြီး ပြုပြင်မှုတွေ လုပ်တဲ့အခါ အကာအကွယ်ပစ္စည်းတွေနဲ့သာ လုပ်ဆောင်ပါ။

၅။ Main Switch ကို အရင်ပိတ်ဖို့ မမေ့ပါနဲ့။ - လျှပ်စစ်ပစ္စည်းတစ်ခုခုကို ပြုပြင်တော့မယ်၊🔌 ပလပ်ခေါင်းတွေကို စစ်ဆေးတော့မယ်ဆိုရင် အဓိကမီးခလုတ် (Main Switch) ကို အရင်ပိတ်ပြီးမှ စတင်ပါ။

၆။ အမြဲတမ်း သတိရှိပါ။ - လျှပ်စစ်အန္တရာယ်ဆိုတာ တစ်ခါတစ်ရံမှာ ပေါ့ဆမှုလေးတစ်ခုကနေ စတင်တာဖြစ်လို့ အမြဲသတိထား ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

💥မိမိတို့ရဲ့ အိမ်၊ ရုံးခန်းနဲ့ လုပ်ငန်းခွင်တွေမှာ လျှပ်စစ်အန္တရာယ်ကင်းရှင်းဖို့အတွက် ဒီအချက်လေးတွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

သင်တို့ရဲ့ အိမ်မှာ လျှပ်စစ်ဝိုင်ယာကြိုးတွေ အခြေအနေကရော ဘယ်လိုရှိလဲ? မေးစရာရှိတာတွေ၊ မျှဝေချင်တာတွေရှိရင် Comment မှာ ရေးပေးခဲ့ကြပါဦး။ 👇

📍 ရုံးခန်းတည်နေရာ: အမှတ် (၈)၊ မြေညီထပ်၊ ၅၅ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်ဖုန်း
📞 09 5117234
📞 09 5510949
📞 09 97221 4444
📞 09 782222280

#လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး #လျှပ်စစ်အသုံးပြုမှု #အန္တရာယ်ကင်းကြပါစေ

06/06/2026

🏠အဆောက်အဦးတွေ ဆောက်လုပ်ဖို့အတွက်ယုံကြည်ရတဲ့ လက်တွဲဖော်ကို ရှာဖွေနေပါသလား? 🏗️ ဆောက်လုပ်ရေးစီမံကိန်းတိုင်းဟာ ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုဖြစ်တာမို့ အရည်အသွေးနဲ့ ယုံကြည်စိတ်ချရမှုက အရေးအကြီးဆုံးပါ။

👷‍♀️AE Construction Co.,Ltd ဟာ သင့်ရဲ့လိုအပ်ချက်တိုင်းကို ပြည့်မီစေဖို့အတွက် ဝန်ဆောင်မှုမျိုးစုံကို ပေးအပ်နေပါတယ်။
🏗️ ခိုင်ခံ့ပြီး ခေတ်မီတဲ့ Steel Structure (သံမဏိတည်ဆောက်မှု) တွေ
🏢 ကျယ်ဝန်းပြီး စနစ်တကျရှိတဲ့ ကုန်လှောင်ရုံ (Warehouse) တွေ
🛠️ အသေးစိတ်ကအစ ဂရုစိုက်ပြီး ဆောက်လုပ်ပေးမယ့် အိမ်ရာစီမံကိန်းတွေ၊ ပြန်လည်ပြင်ဆင်မွမ်းမံခြင်းနဲ့ အခြားသော ဆောက်လုပ်ရေးလုပ်ငန်းအားလုံးကို အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာအဖွဲ့နဲ့ ကျွမ်းကျင်လုပ်သားတွေက နောက်ဆုံးပေါ်နည်းပညာတွေသုံးပြီး အချိန်မီပြီးစီးအောင် တာဝန်ယူဆောင်ရွက်ပေးပါတယ်။

👷‍♀️ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုဘဲ အကောင်းဆုံးရလဒ်တွေကို ရယူပိုင်ဆိုင်နိုင်ဖို့ AE Construction Co.,Ltd ကို ယုံကြည်စိတ်ချစွာ လက်တွဲလိုက်ပါဗျို့🤗

🏢 ရုံးလိပ်စာ: No.(8), Ground Floor, 55street, Pazundaung, Township, Yangon, Myanmar.
📞 ဖုန်းနံပါတ်များ:
📞 09 5117234
📞 09 5510949
📞 09 97221 4444
📞 09 782222280

Audio credit to the rightful owner.
No copyright infringement intended.

#ဆောက်လုပ်ရေး #အဆောက်အဦ #အိမ်ဆောက်မယ် #ပြင်ဆင်မွမ်းမံခြင်း #စိတ်ချရသောဆောက်လုပ်ရေး #ပြည်တွင်းစီးပွားရေး #တိုက်ခန်း #မျက်နှာကျက် #အခန်းပြင် #ဂျက်ဆင်ဘုတ်

🧱ကန်ထရိုက်တာ မှားရွေးမိခြင်းက သင့်ရဲ့ အိပ်မက်အိမ်လေး (သို့မဟုတ်) ရုံးခန်းအသစ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေနိုင...
01/06/2026

🧱ကန်ထရိုက်တာ မှားရွေးမိခြင်းက သင့်ရဲ့ အိပ်မက်အိမ်လေး (သို့မဟုတ်) ရုံးခန်းအသစ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်ပါတယ်။ 🏢အဆောက်အဦးတစ်ခု ဆောက်လုပ်ရာမှာ ကျွမ်းကျင်မှုမရှိတဲ့သူနဲ့ လုပ်ကိုင်မိရင် ကြုံတွေ့ရမယ့် အဓိက ပြဿနာ ၅ ချက်ကို ဝေမျှပေးလိုက်ပါတယ် -

🏗️ ကန်ထရိုက်တာ မှားရွေးမိရင် ဘာတွေဖြစ်မလဲ?

၁။ **အရည်အသွေး ညံ့ဖျင်းခြင်း (Poor Quality)**
👷‍♂️လုပ်ငန်းခွင် အတွေ့အကြုံ မရှိတဲ့အခါ အကြမ်းထည်ရော အချောထည်ပါ စံချိန်စံညွှန်း မမှီတာတွေ ဖြစ်တတ်ပါတယ်။⚡ ရေရှည်မှာ အက်ကြောင်းထတာ၊ ရေယိုတာနဲ့ အဆောက်အဦး ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာတွေ စောစီးစွာ ရင်ဆိုင်ရနိုင်ပါတယ်။

၂။ **ကုန်ကျစရိတ် ပိုမိုကုန်ကျခြင်း (Budget Overrun)**
📝တွက်ချက်မှု မကျွမ်းကျင်တဲ့အတွက် မလိုအပ်ဘဲ ပစ္စည်းဖိတ်စင်တာ၊ မူလခန့်မှန်းချက်ထက် 💰ငွေကုန်ကြေးကျ ပိုများလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အမှားအယွင်းတွေကို ပြန်ပြင်ဖို့အတွက် နောက်ထပ် ကုန်ကျစရိတ်တွေ ထပ်တိုးလာတတ်ပါတယ်။

၃။ **သတ်မှတ်ချိန်ထက် ကြန့်ကြာခြင်း (Delay in Timeline)**
👨‍💼စနစ်တကျ စီမံခန့်ခွဲမှု မရှိရင် အလုပ်သမားပြဿနာ (သို့) ပစ္စည်းပြတ်လပ်မှုတွေကြောင့် အလုပ်တွေ ရပ်နားနေပြီး သတ်မှတ်ထားတဲ့🗓️ ရက်စွဲအတိုင်း အိမ်မတက်နိုင်တာ၊ ရုံးခန်းမဖွင့်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။

၄။ **တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်း (Lack of Responsibility)**
💥လုပ်ငန်းခွင်မှာ အမှားအယွင်း တစ်ခုခုဖြစ်ခဲ့ရင် တိကျတဲ့ အဖြေ မပေးနိုင်တာ ဒါမှမဟုတ် တာဝန်မယူဘဲ ရှောင်ဖယ်တာမျိုးတွေက သင့်ကို စိတ်သောက ရောက်စေမှာပါ။😠

၅။ **တရားဝင် စာချုပ်စာတမ်း အားနည်းခြင်း (Legal Risks)**
💯ယုံကြည်မှုကိုပဲ အခြေခံပြီး တိကျတဲ့ စာချုပ်မရှိဘဲ လုပ်ကိုင်မိတဲ့အခါ အငြင်းပွားမှုတွေ ဖြစ်လာရင် ဥပဒေကြောင်းအရ ဖြေရှင်းဖို့ ခက်ခဲတတ်ပါတယ်။

🏠 အချုပ်အားဖြင့်ဆိုရင်တော့
🏢အဆောက်အဦးတစ်ခုဆိုတာ တစ်သက်မှာ တစ်ခါလောက်ပဲ ခဲခဲယဉ်ယဉ် ဆောက်လုပ်ရတာ ဖြစ်လို့ 💰ငွေကြေး သက်သာရုံတစ်ခုတည်းနဲ့ မရွေးချယ်သင့်ပါဘူး။🙅 အတွေ့အကြုံရှိပြီး စနစ်တကျ တာဝန်ယူနိုင်တဲ့ 👷👷‍♂️**AE Construction & Engineering** လုပ်ငန်းစုတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါရစေ။🦅

📍 ရုံးခန်းတည်နေရာ: အမှတ် (၈)၊ မြေညီထပ်၊ ၅၅ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်ဖုန်း
📞 09 5117234
📞 09 5510949
📞 09 97221 4444
📞 09 782222280


#တိုက်ခန်း #ကွန်ဒို #လုံးချင်း #ကန်ထရိုက်

🕌 Eid al-Adha Mubarak🌙 ယနေ့ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ် ထားရာ " အီဒုလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်) "ဖြစ်ပါတယ်ဒီလိုနေ့ထ...
28/05/2026

🕌 Eid al-Adha Mubarak🌙

ယနေ့ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ် ထားရာ " အီဒုလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်) "ဖြစ်ပါတယ်

ဒီလိုနေ့ထူးနေ့မြတ်မှာ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းများ နှင့် ပြည့်စုံစွာ ဖြတ်သန်းနိုင်ကြပါစေလို့ AE Construction Co.,Ltd မိသားစုမှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

#အီးဒ် #မြန်မာ

👷👨‍🔧၂၀၂၆ခုနှစ်၊ မေလ ၁ ရက် အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ်နေ့စဉ် ကြိုးစားအားထုတ်နေသော လုပ်သားအားလုံးကို လေးစားဂုဏ်ပြုပါသည်။ဘ...
01/05/2026

👷👨‍🔧၂၀၂၆ခုနှစ်၊ မေလ ၁ ရက် အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ်နေ့စဉ် ကြိုးစားအားထုတ်နေသော လုပ်သားအားလုံးကို လေးစားဂုဏ်ပြုပါသည်။ဘေးကင်းလုံခြုံပြီး ကျန်းမာချမ်းသာသော နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေ​ကြောင်း AE Construction Co.,Ltd မှဆုမွန်​ကောင်း​တောင်းအပ်ပါသည်။🦺🧡

#အလုပ်သမား​နေ့ #အခန်း

Address

No. 8, Ground Floor, 55Street, Pazundaung Township

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Website

Alerts

Be the first to know and let us send you an email when AE Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Engineering Company?

Share