Zone Engineering services & Construction .

Zone Engineering services & Construction . Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zone Engineering services & Construction ., Yangon.

💖💖💖အရှေ့ဒဂုံမြို့နယ်တွင်ဆောင်ရွက်နေသောလုံးချင်း အဆောက်အဦးprojectအား ဂုဏ်ယူစွာဖြင့် လက်ရှိဆောင်​ရွက်နေပါသည်...။အပ်နှံပေး...
29/01/2024

💖💖💖

အရှေ့ဒဂုံမြို့နယ်တွင်
ဆောင်ရွက်နေသော
လုံးချင်း အဆောက်အဦး
projectအား ဂုဏ်ယူစွာဖြင့် လက်ရှိဆောင်​ရွက်နေပါသည်...။

အပ်နှံပေးသော
အိမ်ရှင်မိသားစုနှင့်တကွ
သင်ဆရာ မြင်ဆရာ
ကြားဆရာ များ
မြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံးကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာ ကြပါစေ....။
💗January/2024💖

*save sweet project memory*

💜💙💜

11/07/2019

🌹🌹🌹
အားလံုး ပဲ မဂၤလာပါ။

💥 Zone Engineering Services & Construction Group မှကြိုဆိုပါတယ် ။

Day (2)

✍️ ✍️ ✍️

💝 Answer 1 ;

🌞 Quantity Surveyor ဆိုသည်မှာ တည်ဆောက်ရေး လုပ်ငန်း တစ်ခု ၏ လိုအပ်သည့် ဆောက်လုပ်ရေး ပစ္စည်း ကုန်ကျမှု နှင့် ကုန်ကျစားရိတ် တို့အား တိုင်းတာ တွက်ချက် ပေးသူ ဖြစ်ပါတယ် ။

💝Answer 2 ;

🌞 မှန်ကန်သော / အတည်ပြုပြီးသော Drawing မှ အတိုင်းအတာများအား တိုင်းတာကာ
လုပ်ငန်း သဘာဝအလိုက် (Tender/Quotation နှင့် Site Actual ) တို့အတွက် Estimate တစ်ခုကို
( Detail of measurement , Builder of Estimate , Abstract Cost, Bill of Quantity ) Sheet တို့ အနည်းဆုံး ပါဝင် သော Estimate တွေကို တွက်ချက်ပေးရပါတယ်။

🌞 Site Actual တွက်ချက်ရာတွင် အပိုင်းလိုက် Budget တွေထွက်တဲ့အထိ ပြင်ဆင်ထားခြင်း လိုအပ်သော Cutting Schedule တွေ အထိပါ တစ်ခါတည်း လုပ်နိုင်ရင် အကောင်းဆုံး ပါပဲ။ဒါမှ Operation Run တဲ့အခါ ဥပမာ Foundation တစ်ဖြတ်ဆို Budget ဘယ်လောက်လိုတယ် ၊Skeleton တစ်ဖြတ် ဆို budget ဘယ်လောက် စသည်ဖြင့် Budget ပေါ်နေမှာပါ။

🌞 Tender/Quotation တို့က လုပ်ငန်းတစ်ခုလုံးစာ ငွေ Amount ထွက်နေရင် အဆင်ပြေပါတယ်။
အချိန်ရရင်တော့ တစ်ခါတည်း အပိုင်းလိုက် Budget
တွေပေါ်အောင်တွက်နိုင်ရင် ဒီ Project ကိုကိုင်တဲ့ Q.S က နှစ်ခါမလုပ်ရတော့ဘူးပေါ့။
တခါတည်း အဆင်သင့် ဖြစ်တဲ့ Budget ပေါ်တဲ့ Estimate တစ်စောင် ရပြီးသားဖြစ်သွားပါပြီ။

💝 Answer 3 ;

🌞 Q.S တစ်ယောက်ယူရတဲ့ အဓိက တာဝန်များကတော့
( ကုမ္ပဏီ အလိုက် / ရာထူးအလိုက် ကွာတက်ကြပါတယ်)
ခုက ယေဘုယျ လုပ်ရသည်များ မျှဝေပေးသွားပါမယ် ။
အကုန် မဆိုလိုပေမယ့် လုပ်နိုင်နေရင်တော့
ကိုယ့် ကိုယ်ရည်ကိုယ်သွေး အတွက် အကောင်းဆုံးပါပဲ ။
Fresherလေးတွေအတွက် အားပေးတာပါ ။

🌞 တွက်ချက်ထားတဲ့ Estimate မှာ အတည်ပြုပြီးသား
Drawing ကနေ အတိုင်းအတာ မှန်မှန် တွက်ရန် ၊
Scope မကျန် ရန် ၊ လုပ်ငန်း ပမာဏ ပေါင်းခြင်းတွေ
မကျန်ရန်/မထပ်ရန်၊
Builder Estimate ထုတ်ရာတွင်လည်း မှန်ကန်မှု ရှိရန်၊
Bill of Quantity ထုတ်ရာတွင် မှန်ကန်ရန် နှင့်
အဓိကက 🤝 🤝 Rate တွေ မှန်ရန် လိုအပ်ပါသည် ။
ဘယ်ဒေသ တွင်လုပ်မှာလည်း ?
Local Rate တွေ ရရှိနိုင်ဖို့ လိုပါသည် ။

🌞 ထွက်လာသော Budget အား Operation Run ပါက Progress အမှီ Budget လျာပေးထားရန်။
ကိုယ်လျာထားသော Budget အတွင်း ၀င်အောင် စီစစ် ကာ Operation အား ပစ္စည်း+လေဘာ
Support လုပ်သွား ပေးရန် ။

🌞 တွက်ချက်မှု / Drawing အတိုင်း ဖြစ်မဖြစ် / ကွာဟချက်များ လုပ်ငန်းအခြေအနေအရ
ပြောင်းလဲမှု ရှိပါက Revise Budget များ
တွက်ချက်တင်ပြပေးသွားရန် ။

🌞 မိမိ၏ လုပ်ငန်းဆောင်တာများအား အထက်လူကြီးထံ
မပြတ်သတင်းပို့ကာ လိုအပ်သလို ပူးပေါင်း ဆောင်ရွက် သွားရန်။

🌞အချို့ နေရာတွေမှာ Contract တွေပြင်ဆင်ခြင်းများ ။
Progress အလိုက် Sub-Con များ Payment များ စီစစ်ခြင်း ငွေစာရင်းထံ တင်ပေးခြင်းတို့ပါဝင်သလို၊
တစ်ဖက်ကလည်း ကိုယ့် အလုပ်အပ်တဲ့ လုပ်ငန်းရှင် ထံ ကိုယ်ပြီးတဲ့ Progress အရ ငွေတင်တောင်း ရန်
(လုပ်ငန်း မှတ်တမ်း ဓါတ်ပုံတို့ ၊ ပြီးစီးမှု ရာခိုင်နှုန်းတို့) ပါဝင်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ပေးရတက်ပါတယ်။

💝 Answer 4 ;

🔐 ဒါကတော့ ကိုယ့်တီထွင် ကြံဆဥာဏ် ၊ စေတနာ ၊ လုံ့လ ၊ ၀ီရိယ ၊ စည်းကမ်းလိုက်နာမှု တို့ပါ ပါဝင်မှ ရပါမယ်။
ကိုယ်ကလည်း အရည်အချင်း ရှိလာပြီ ဆိုရင်
အမှုထမ်းမှ အရာထမ်း ၊
အရာထမ်း မှ ဌာနမှူး ၊
ဌာနမှူးမှ Contract Manager စသည်ဖြင့် ကုမ္ပဏီ ဖွဲ့စည်း ပုံ အရ တက်လမ်း ရှိလာမှာပါ။
နောက်ဆုံး ပညာပိုင်းဆိုင်ရာ ကော ၊
ငွေကြေးပိုင်းဆိုင်ရာ အတွေ့အကြုံ တွေ ရပြီ ဆိုတော့ ကိုယ်ပိုင်လုပ်ငန်း တောင် တည်ထောင်လို့ ဖြစ်ပါပြီနော်။
(အများကြီး ပြောပြချင်ပေမယ့် စာရိုက်တင်ရတာဆိုတော့ နှုတ်လောက်တော့ မစုံနိုင်ဘူးလေ)

ကဲ ဘာပဲဖြစ်ဖြစ် Q.S ရဲ့ အစကတော့ Estimate ပါ ။
ဒီ့အတွက် Estimate တွက်ပေးရပါတယ်။
Estimate ဆိုသည်မှာ ခန်းမှန်းခြေ တွက်ချက်မှုစာရင်း ပါ။

👀 👀 Estimate ဆိုရင်ဖြင့်
Estimate ဘယ်နှစ်မျိုး ရှိလည်း ?
👀 👀 ဘာတွေလည်း ?

Day 2 မှာလည်း ဝိုင်းစဉ်းစားပေးကြည့်ပါဦး

✌️ သိထားတော့ ပိုပြည့်စုံတာပေါ့ နော် ။
🤗 ကိုယ်စီးတဲ့မြင်း အထီးလား အမလား ?
ကွဲကွဲ ပြားပြား သိထားတော့ဘာလေးပဲ သိထားသိထား
👌 ကိုယ်သိထားတာလေးကပို တန်ဖိုး ရှိ သွားတာပေါ့။

အားလုံးသော သတ္တ၀ါ အပေါင်းတို့သည်အမိုက်မှောင် ပျောက်အလင်းရောက်မှန် စွာ အသိ ထက်ပါစေသော် ...အမိုက်မှောင် ပျောက်အလင်းရောက်မှန...
09/07/2019

အားလုံးသော သတ္တ၀ါ အပေါင်းတို့သည်

အမိုက်မှောင် ပျောက်အလင်းရောက်
မှန် စွာ အသိ ထက်ပါစေသော် ...

အမိုက်မှောင် ပျောက်အလင်းရောက်
မှန် စွာ အသိ ရှင်းပါစေသော် ...

အမိုက်မှောင် ပျောက်အလင်းရောက်
မှန် စွာ အသိ လင်းပါစေသော် ...

🌹🌹🌹🌹 အားလုံး ပဲ မင်္ဂလာပါ။💥 Zone Engineering Services & Construction Group မှကြိုဆိုပါတယ် ။လက်တွေ့အသုံးချ လုပ်ငန်းခွင်သုံး...
09/07/2019

🌹🌹🌹🌹
အားလုံး ပဲ မင်္ဂလာပါ။

💥 Zone Engineering Services & Construction Group မှကြိုဆိုပါတယ် ။

လက်တွေ့အသုံးချ လုပ်ငန်းခွင်သုံး
အင်ဂျင်နီယာ နည်းပညာများစွာထဲမှ
Quantity Surveyor အကြောင်း
တက်နိုင်သမျှ အပိုင်းလိုက်
မျှဝေ ပေးသွားမှာဖြစ်ပါတယ်။

🙁🙁 အင်ဂျင်နီယာ ကျောင်းဆင်းစ များ အနေဖြင့်
လုပ်ငန်းခွင် နှင့်စတင် တွေ့ထိရတော့ မည်ဆိုလျှင်
အနည်း နှင့် အများစိတ်ပူ မိ ကြတက်စမြဲပင်ဖြစ်ပါတယ် ။

😏😏 ဒါကြောင့် မိမိကိုယ်မိမိ အတိုင်းအတာ တစ်ခုထိ ယုံကြည်မှု ရလာစေရန် ရည်ရွယ်ကာမှတ်သား ဆောင်ရွက်ခဲ့သည်များအား
( Quantity Surveyor တစ်ယောက် အနေဖြင့်သာ )
တက်သိသလောက် လက်ဆင့်ကမ်းကာ ပညာပါရမီ လေးဖြည့်ရင်း အားတဲ့အခါတိုင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ် ။

👉 အင်ဂျင်နီယာအများစုသည် -

1. လုပ်ငန်း ခွင် ၀င်ကာစ တွင် ဖြစ်စေ၊
2. ဆိုဒ်တာဝန်ခံ အင်ဂျင်နီယာ တစ်ယောက် လုပ်ရသည်ဖြစ်စေ၊
3. Interview ဖြေသည့် အခါ တွင် ဖြစ်စေ အချိန်တစ်ခု အတွင်း Estimate ကို တွက်ချက်ပေးရတက်ပါတယ် ။

ဒီအခြေအနေမျိုးတွေမှာ ခြေမကိုင်မိ လက်မကိုင်မိ ဘယ်က
ဘယ်လိုစတင် တွက်ချက်ရမလည်း စိတ်ပူမိ တက်ပါတယ်။

OK - ဒါဆို စလိုက်ကြရအောင်ပါ။

Day ( 1 )

🤔 ☕️ 🤔 ☕️
Question ; 1 -Quantity Surveyor ဆိုတာဘာကို ပြောတာလည်း ?
Question ; 2 -ဘာတွေလုပ်ရ သလည်း ?
Question ; 3 -ဘာတာဝန်တွေ ယူရ သလည်း ?
Question ; 4 -ဘယ်လိုတက်လမ်း ရှိပါသလည်း ?

✍️ ပထမဆုံး မိမိ နားလည်ထားသလောက် စိတ်ပါ လက်ပါလေး ပြောပြ ကြည့်ပေးပါလား ?

🤗 အပြုသဘောဆောင်ပြီး အပြန်အလှန် ဆွေးနွေးတော့
ဦးနှောက် အတွေးတွေပွင့် သွားတာပေါ့ ။

✌️ မှားတာ မှန်တာ ကိစ္စ မရှိပါဘူး ။

🧠🧠🧠 အမေးအဖြေ တွေမှာ ပါဝင် ဆွေးနွေးခြင်းဖြင့်
ဦးဏှောက် လှုံ့ ဆော်မှုရတော့ ပိုမှတ်မိပြီး မမေ့တော့ဘူးပေါ့။

@ Pyin Oo Lwin { Structure } ပိုင်း ဝင်ပေးခဲ့တဲ့ အိမ်လေးပါ
25/05/2019

@ Pyin Oo Lwin
{ Structure } ပိုင်း ဝင်ပေးခဲ့တဲ့ အိမ်လေးပါ

💥💥💥 Zone Engineering Service & Construction မှလက်တွေ့ အသုံးချ အင်ဂျင်နီယာ သင်တန်း များစွာထဲမှ Quantity Surveyor Training...
10/01/2019

💥💥💥 Zone Engineering Service & Construction မှလက်တွေ့ အသုံးချ အင်ဂျင်နီယာ သင်တန်း များစွာထဲမှ Quantity Surveyor Training ကို
မြောက်ဥက္ကလာပ ဆေးတက္ကသိုလ် (၂) အနီးတွင်
ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း မြောက်ဥက္ကလာသူ/သား
များ နှင့် အနယ်နယ် အရပ်ရပ်မှ မိတ်ဆွေ အပါင်းတို့အား
သတင်းကောင်းပါး အပ်ပါသည် ။

👉 သင်ရိုး ညွှန်းအစီအစဉ် 👈

✍️ About Quantity Surveyor and Quantity Surveyor's abilities ၊
✍️ Specifications of Construction Material and Wastage ၊
✍️ Working Drawing ဖတ်ပုံ ၊ ဖတ်နည်း ၊
✍️. Estimate and Actual အယူအဆ ၊ တွက်ချက် ပုံ နှင့်
နည်းများ
✍️. Analysis ဖတ်ပုံ ဖတ်နည်း ၊
✍️ B.Q with Man Powerထုတ်နည်း ၊
✍️. B.Q with Scope of work ပြင်ဆင်ကာ အပိုင်း လိုက် Budget တွက်ချက်ပုံ များ ၊
✍️ Budget Control လုပ်ပုံ လုပ်နည်းများ ၊
✍️ Interview အတွက်လို အပ်နိုင်သော သိမှတ်ဖွယ်ရာ များ ၊
✍️. Brick Nogging, Brick Pillar တို့ ၏ အယူအဆ နှင့် တွက်ချက်ပုံများ ၊
✍️. Steel Structure အစ အဆုံး တွက်ချက်နည်းများ ၊
✍️ Microsoft Office တွင် ထည့်သွင်း တွက်ချက်နည်းများ ။

👩‍🏫 Quantity Surveyor အတွေ့ အကြုံ ဖြင့် လုပ်သက် 16 နှစ် အထက် ဆောင်ရွက် ပြီးသူမှ R.C , Steel Structure တို့အား အနည်းဆုံး Project တစ်ခုစီ ဖြင့် သင်ကြား မျှဝေသွားမည်။

💣💣💣 သင်တန်း ၏ အဓိက ရည်ရွယ်ချက် မှာ ကျောင်းဆင်းကာစ အလုပ်ခွင် စ၀င်ကာစတွင် Senoir များ မျက်နှာ၇ိပ် မျက်နှာကဲ ကြည့်ကာ မသိသည်များ မေးရ ၊လုပ်ခိုင်းသည်များ မလုပ်တက်သေးချိန် မျက်နှာငယ်ငယ်ဖြင့် မေးမြန်း စုံစမ်းကာ အလုပ်သင် ဘ၀ များဖြတ်ကျော် ခဲ့ရသည်များအား ကိုယ်ချင်းစာ ကာ လုပ်သက်တစ်လျှောက်မှတ်သားဆောင်ရွက်ထားသော မှတ်စု ၆ အုပ်မှ ပြုစု ကာ ရရှိသောသင်ရိုးညွှန်းဖြင့် ပြန်လည် မျှဝေလိုခြင်းဖြစ်သည် ။

👓 👓 ထိုရည်ရွယ်ချက် အတိုင်း 2011 ခု နှစ်ကတည်းက တစ်ဦးချင်းသော်လည်းကောင်း ၊ အဖွဲ့လိုက်သော် လည်းကောင်း ၊ ကုမ္ပဏီ အဖွဲ့အစည်း တွင် သော်လည်းကောင်း သင်ကြား မျှဝေ လာခဲ့သည်မှာ( ၇ ) နှစ် ကာလ ဖြတ်ကျော် လာသည်ဖြစ်၍ သင်ကြား မျှဝေ ခြင်း မှာသက်တမ်း ဆယ်စု နှစ်တွင်း ၀င်လာပြီ ဖြစ်ပါသည်။ ထပ်မံ ၀မ်းစာများဖြည့်ကာ သင်ရိုးညွှန်းအား ပြန်လည် Update လုပ်ပြီး တည် ဆောက်ရေးလောက အား တစ်ထောင့်တစ်နေရာမှ အလှဆင် ပေးရန် ရည်ရွယ် ကာ ယခု အသစ်တဖန် ပြန်လည် မွေးဖွား ခြင်း ဖြစ်ပါသည် ။ ထိုခေတ်ထိုအခါက ဖုန်းများ အခုလောက်မထွန်းကာချိန်ဖြစ်၍ ဓါတ်ပုံ မှတ်တမ်း များရယူမှု မပြုလုပ်ဖြစ်ခဲ့ပါ။ 👓 👓

☀️ သင်တန်း ၏ မူမှာ

🎓 တက်ချင်ရင် သင်၊
🎓 တော်ချင်ရင် ကျင့်၊
🎓 မမေ့ချင်ရင် စိတ်ဝင်စား၊
🎓 မမှားချင်ရင် ပြန်စစ်။

👨‍👦‍👦👨‍👨‍👦‍👦👨‍👨‍👦‍👦 တက်ရောက်သင့်သူများ

🌺 A.G.T.I , B.Tech , B.E , M.E ကျောင်းဆင်းပြီးသူများ၊
🌺 မည်သည့် အတန်းတွင်မဆို Final Year တက်ရောက်နေသူများ၊(သို့မှသာ ကျောင်းသင်ခန်းစာ တွင် ပိုမိုစိတ်ဝင်စားလာပြီး ၊သင်
ကြားမှုများတွင် ပိုမို အာရုံ စိုက်ကာ လုပ်ငန်းခွင် နှင့် သက်ဆိုင်သော အခန်းများတွင် ပိုမို နာလည်းနိုင်စွမ်း ရှိလာမည် ။)
🌺 နှစ်နှစ် အထက် လုပ်ငန်းအတွေ့  ကြုံ ရရှိပြီး သော အခြား ဘွဲ့ရ Supervisor များ တက်ရောက်နိုင်ပါသည် ။

⌛️သင်တန်း ကာလ - တစ်လခွဲ။

🕰အချိန် - Monday to Thursday - 9 A.M to 12 A.M
- Saturday to Sunday - 2 P.M to 5 P.M

📝✏️💰 သင်တန်းကြေး - 80,000.0 ကျပ်တိတိ ။

👩‍🎓👩‍🎓👩‍🎓တက်မြောက်ကြောင်း စီစစ် ပြီးပါက Certificate
ထုတ်ပေးပါမည် ။

10/01/2019

🌄 ဆောက်လုပ်ရေး လုပ်ငန်းများ ဆောက်ရွက်လျက်ရှိသော
လူကြီးမင်းများ၏ တည်ဆောက်ရေး လုပ်ငန်း များအတွက်

👨‍💼ပစ္စည်း နှင့် လေဘာခ များအပါအဝင် ငွေကြေး ကုန်ကျမှုများ သိလိုလျှင် ၊ Quotation နှင့် Tender များ Professional ကျကျ ဝင်ပြိုင်လိုပါလျှင်

😎 အပိုင်းလိုက် Budget လျာထားချက် များ သိရှိထားကာ ၊

🔦 💡 🌺 🌺 ပိုမို ချောမွေ့သော
တည်ဆောက်ရေး ကိစ္စ များ ဆောင်ရွက်လိုလျှင်၊

📙 Report ပိုင်း များ စနစ်တကျ ဆောင်ရွက်ထားလို လျှင်

👩‍ 👩‍ 👩‍ ဆယ့်ငါးနှစ် အထက် လုပ်ငန်း အတွေ့အကြုံ
ရှိသော Q.S များမှ Quantity Surveyor ၀န်ဆောင်မှု ဖြင့်
အောက်ပါ အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည် ။
လုပ်ငန်း အနေအထား အသီးသီး အရ Package
အမျိုးမျိုး ဖြင့် ဝန်ဆောင်မှု အား ဆောင်ရွက်လျက်ရှိပါသည်။

💞 Including Estimate Items :

👌 Structural works start from excavation work, foundation work , skeleton structural work, back filling work upto Roofing work and Parapet work.
👌 Architectural works such as internal walling work , external walling work, concrete flooring work including topping work, plastering Work , sill & lintel work.
👌 Finishing works such as painting work , tile work , ceiling Work ,floor finish work, iron grill work, partition work , chowket work and door & window work.

⌛️ 👩‍✈️ Time Period : : Maximun Two Weeks after advance payment .

👩‍ Requirement : : Detail Structural and Architectural Complete Design Drawings & Specifications .

⚖️ Excluding Estimate Items :

👈 Struting work, Crane work, Landscaping work, Tube-well work, Fencing work, M&E work.
👈 Water-proofing work, Drain & apron work, Pavement work, Septic tank & Ground tank work.
👈 All of above can do by extra work after detail specifications.

💰 Payment Terms and Conditions :
After Agreement - 40 %,
After Cession - 60 %,
Fine - 1% per day for our Lateness, (excluding adjustment for conclusion),

29/09/2018
ပြင်ဦးလွင် လုံးချင်း အဆောက်အဦး
26/07/2018

ပြင်ဦးလွင် လုံးချင်း အဆောက်အဦး

မြို့တော်ခန်းမတည်ဆောက်ရေးစီမံကိန်းပါ။
24/07/2018

မြို့တော်ခန်းမတည်ဆောက်ရေးစီမံကိန်းပါ။

Address

Yangon

Telephone

+959973420026

Website

Alerts

Be the first to know and let us send you an email when Zone Engineering services & Construction . posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share