Endlab

Endlab Professional IT Solutions

ကိုယ်ပိုင် app တစ်ခုရဖို့ သိန်းဆယ်ချီပေးရပါတယ်။ကျ‌နော်တို့ EndLab မှာတော့ မိတ်ဆွေတစ်ယောက် စိတ်တိုင်းကျ မှာယူထားတဲ့ Ruiji...
18/07/2026

ကိုယ်ပိုင် app တစ်ခုရဖို့ သိန်းဆယ်ချီပေးရပါတယ်။
ကျ‌နော်တို့ EndLab မှာတော့ မိတ်ဆွေတစ်ယောက် စိတ်တိုင်းကျ မှာယူထားတဲ့ Ruijie voucher print app ကို ဖန်တီးပေးခဲ့ပါတယ်။

လိုအပ်တဲ့ မိတ်ဆွေများ ကျနော်တို့ဆီမှာ ဝယ်ယူနိုင်ပါတယ်။

ပြန်လည်ရောင်းချလိုသူတွေ အတွက်လည်း သက်သာတဲ့ စျေးနှုန်းနဲ့တဆင့် ပြန်လည် ရောင်းချနိုင်ဖို့ စီစဥ်ပေးထားပါတယ်။

app ရဲ့ လုပ်ဆောင်ချက်တွေကို ပုံတစ်ပုံချင်းစီမှာ ကြည့်ရှု့လေ့လာနိုင်ပါတယ်။

အသေးစိတ်သိချင်ရင် page messenger ကနေ စုံစမ်းနိုင်ပါတယ်။

04/07/2026

Network devices တွေကို Config ချဖို့ App တွေ၊ Browser တွေကို အာရုံနောက်ခံပြီး သုံးနေရတဲ့ ခေတ်ကို မေ့ထားလိုက်တော့... ❌

ကိုယ့်ဖုန်းထဲမှာ ပုံမှန်သုံးနေကျ Telegram Chat Box ကနေ စာလေးတစ်ကြောင်း ပို့ရုံနဲ့တင် Network တစ်ခုလုံးကို စိတ်ကြိုက် လှမ်းပြီး ခိုင်းလို့ရမယ့် ခေတ်ကို ရောက်လာပါပြီ။ 😎

ဒီနေ့မှာတော့ ကျွန်တော်တို့ဆီမှာ Services အပ်နှံထားတဲ့ Customer တစ်ယောက်ရဲ့ Real-world Project လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လူကိုယ်တိုင် Browser တွေဖွင့်၊ Mouse Click တွေ တစ်ချက်ချင်းစီ လိုက်နှိပ်စရာမလိုဘဲ WiFi Setup လုပ်တာကအစ... Voucher Portal အဆုံးအထိ အားလုံးကို Telegram ကနေ စကားပြောသလိုမျိုး လှမ်းခိုင်းရုံပါပဲ။

ဒါကြောင့် လုပ်ငန်းရှင်အနေနဲ့ Configuration ပိုင်းအတွက် Technician သီးသန့် ခေါ်ထားစရာမလိုတော့ပါဘူး။ Devices တွေကို Power ပေးထားပြီး Telegram ထဲကနေ ကိုယ်ဘာလုပ်ချင်လဲဆိုတာကို (မြန်မာလို) အေးဆေးပြောပြလိုက်ရုံနဲ့တင် နောက်ကွယ်က AI က သူ့အလိုလို အမှားအယွင်းမရှိ configuration တွေကို Automatic ထိုင်ချပေးသွားမှာ ဖြစ်ပါတယ်။

🎯 ဒီစနစ်မှာ ဘာတွေ အလိုအလျောက် ခိုင်းလို့ရလဲဆိုရင် -

🌐 WiFi SSIDs အသစ်များ ဆောက်ခိုင်းခြင်း

🎨 Voucher Portal များကို စိတ်ကြိုက် Setup လုပ်ခိုင်းခြင်း

🎟️ Voucher Codes (ဝိုင်ဖိုင်ကုတ်) များကို စောင်ရေအလိုက် ချက်ချင်း ထုတ်ခိုင်းခြင်း

📱 SSID တစ်ခုချင်းစီ သို့မဟုတ် အသုံးပြုသူ (Client) အလိုက် Speed (Bandwidth) Limit သတ်မှတ်ခိုင်းခြင်း

💰 "ဒီနေ့ ရောင်းရငွေ ဘယ်လောက်ရှိလဲ" မေးပြီး တစ်နေ့တာ ဝင်ငွေစာရင်းကို တွက်ချက်ပြသပေးခြင်း

ဒါတွေ အားလုံးကို Network Administrator လူတစ်ယောက်နဲ့ စကားပြောနေရသလိုမျိုး Casual မြန်မာစကားနဲ့ လွတ်လပ်စွာ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။

ကျနော်တို့ Software အသုံးပြုသူတွေ အနေနဲ့ ကို့ရဲ့ MikroTik router မှာချိတ်ဆက်ထားတဲ့ Device တွေကိုဘယ်လိုကြည့်ရမလဲ မေးလာကြလ...
12/06/2026

ကျနော်တို့ Software အသုံးပြုသူတွေ အနေနဲ့ ကို့ရဲ့ MikroTik router မှာချိတ်ဆက်ထားတဲ့ Device တွေကိုဘယ်လိုကြည့်ရမလဲ မေးလာကြလို့ ဖြေပေးလိုက်ပါတယ်။

✅Topology view
ချိတ်ဆက်အသုံးပြုနေကြတဲ့ Device တွေကို အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။
Topology ဆိုတဲ့အတိုင်း Switch နှင့် AP တွေကိုပါ မြင်ရမှာဖြစ်ပါတယ်။

✅Online User
Online user မှာ‌တော့ Hotspot အသုံးပြုနေသူတွေကိုသာသီးသန့် မြင်ရမှာ ဖြစ်ပါတယ်။

Omada Controller အတွက် mobile printer နဲ့ voucher code ထုတ်လို့ရပါပြီ။ Android ပဲရပါဦးမယ်။
03/06/2026

Omada Controller အတွက် mobile printer နဲ့ voucher code ထုတ်လို့ရပါပြီ။ Android ပဲရပါဦးမယ်။

PC အတွက် mikrotik hotspot manager အသစ်ထွက်ပါတယ်။ပြည်တွင်းမှ developer များဖန်တီးထားတာ ဖြစ်လို့ မိတ်ဆွေရဲ့ လိုအပ်ချက်နဲ့ ...
01/06/2026

PC အတွက် mikrotik hotspot manager အသစ်ထွက်ပါတယ်။ပြည်တွင်းမှ developer များဖန်တီးထားတာ ဖြစ်လို့ မိတ်ဆွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှု့ရှိစေမှာပါ။
ဝယ်ယူအားပေးလို့ရပါပြီ။တနှစ်ကိုမှ 350,000 ပါ။

Omada EAP 603၃လုံးဆိုရင် ပေတ‌စ်ထောင် အထိလိုင်းမိတယ်...အလယ်မှာတစ်လုံးထားပြီး ဘေးနှစ်လုံးကို internet ကြိုးမလိုပဲ power ပေ...
11/03/2026

Omada EAP 603
၃လုံးဆိုရင် ပေတ‌စ်ထောင် အထိလိုင်းမိတယ်...

အလယ်မှာတစ်လုံးထားပြီး ဘေးနှစ်လုံးကို internet ကြိုးမလိုပဲ power ပေးထားလိုက်တာနဲ့ ပေတစ်ထောင် ပတ်လည် စိတ်ချလက်ချ သုံးလို့ရတယ်....

အပြင်မှာ လက်တွေ့စမ်းထားပြီးမှ ပြောတာပါ။ဒါတောင် ကြားမှာ အိမ်တွေ အပင်တွေ တိုက်တွေ ခံနေသေးတယ်။

Omada EAP တွေရဲ့ အားသာချက်က ကြိုးမလိုပဲ Mesh လုပ်လို့ရတာပဲ။ကြိုက်တဲ့ အချိန် ကြိုက်တဲ့နေရာမှာ နောက်ထပ် အလုံးတွေ ထပ်တိုးသွားလို့ရတယ် power ပေးရုံပဲ ကြိုးတွေ မလို Fiber တွေမလိုတော့ဘူး...

လိုအပ်ရင် ဆက်သွယ်မှာယူနိုင်ပါတယ်။

Ruijie voucher print new version released!!!Ruijie voucher print extension အသစ်ထွက်ပါပြီ။Version အသစ်မှာ Bluetooth therm...
05/01/2026

Ruijie voucher print new version released!!!
Ruijie voucher print extension အသစ်ထွက်ပါပြီ။
Version အသစ်မှာ Bluetooth thermal printer နှင့် ချိတ်ပြီး print ထုတ်နိုင်ပါပြီ။
Software တခုပဲဝယ်ပါ။ ဖုန်းမှာပဲထည့်သုံးမလား ?PC မှာပဲထည့်သုံးမလား ? နှစ်ခုစလုံးမှာတပြိုင်နက်တင်သုံးချင်တာလား? Software တခုထဲနဲ့ မတူညီသည့် device တွေပေါ်မှာတင်ပြီး သုံးနိုင်ပါတယ်။
တခါဝယ်ပြီး တသက်လုံးသုံးပါ android / window / Linux etc.., devices မရွေးပါဘူး။
Mobile မှာဆိုရင် Bluetooth printer ဖြင့် ချိတ်ဆက်ပြီး voucher ထုတ်ယူနိုင်တယ်။PC မှာဆိုရင် USB ကနေ print ထုတ်နိုင်တယ်။

ကွန်ပျူတာနဲ့ အင်တာနက်လောကမှာ အသုံးအများဆုံး စက်ပစ္စည်း (၃)မျိုး 1.Router(Routing)Router ဆိုတာကတော့ လမ်းညွှန်ပေးသူလို့ မှ...
01/01/2026

ကွန်ပျူတာနဲ့ အင်တာနက်လောကမှာ အသုံးအများဆုံး စက်ပစ္စည်း (၃)မျိုး

1.Router(Routing)
Router ဆိုတာကတော့ လမ်းညွှန်ပေးသူလို့ မှတ်ထားလို့ရပါတယ်။ သူက Network တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပေးပြီး ဒေတာတွေကို လမ်းကြောင်းမှန်အောင် ပို့ဆောင်ပေးပါတယ်။
ဥပမာ: device တစ်ခု Network ထဲဝင်လာတဲ့အခါ Router (DHCP Server) ကနေ "မင်းအတွက် IP လိပ်စာက ဒါပဲ၊ အခု အင်တာနက်သုံးလို့ရပြီ" လို့ အသိအမှတ်ပြု (Acknowledgment) ပေးတာမျိုးပါ။
အသုံးပြုတဲ့ Protocols များ: RIP, OSPF, IS-IS, EIGRP နဲ့ BGP တို့ ဖြစ်ပါတယ်။

2.Switch (Switching)
Switch ဆိုတာ Local Area Network (LAN) တစ်ခုအတွင်းမှာရှိတဲ့ စက်ပစ္စည်းတွေကို ချိတ်ဆက်ပေးတာဖြစ်ပါတယ်။
Router နဲ့ မတူတဲ့အချက်ကတော့ Switch ဟာ ဒေတာတွေကို လူတိုင်းဆီ (Broadcasting) မပို့ဘဲ သက်ဆိုင်ရာ စက်ပစ္စည်းဆီကိုပဲ တိုက်ရိုက်ပို့ဆောင်ပေးပါတယ်။ ဥပမာ- ကွန်ပျူတာတစ်လုံးကနေ Printer ဆီကို ဒေတာပို့ရင် အဲဒီ Printer ဆီကိုပဲ တန်းရောက်အောင် ပို့ပေးတာမျိုးပါ။
အသုံးပြုတဲ့ နည်းပညာများ: VLAN, VTP, STP, RSTP, Port channel စတာတွေ ပါဝင်ပါတယ်။

3.Firewall
Firewall ဆိုတာ ကွန်ရက်လုံခြုံရေးအတွက် အသုံးပြုတဲ့ အကာအကွယ်အတားအဆီးတစ်ခု ဖြစ်ပါတယ်။
ယုံကြည်ရတဲ့ ကိုယ့်ရဲ့အတွင်းပိုင်းကွန်ရက် (Internal Network) နဲ့ အပြင်လောက အင်တာနက် (External Network) ကြားမှာ တံတိုင်းတစ်ခုလို ခံထားတာပါ။ သတ်မှတ်ထားတဲ့ လုံခြုံရေးစည်းမျဉ်းတွေနဲ့အညီ ဝင်လာတဲ့ဒေတာတွေကို စစ်ဆေးပြီး အန္တရာယ်ရှိတာတွေကို တားဆီးပေးပါတယ်။
အသုံးပြုတဲ့ နည်းပညာများ: NAT, IDS, IPS, ACLS, IPSEC နဲ့ HTTPS Inspection စတာတွေ ပါဝင်ပါတယ်။

𝐈𝐆𝐌𝐏 𝐒𝐧𝐨𝐨𝐩𝐢𝐧𝐠 ရဲ့ လုပ်ဆောင်ချက်𝐏𝐂 ၂လုံးတပြိုင်နက်ထဲ 𝐰𝐞𝐛𝐬𝐢𝐭𝐞 တခုတည်းကို ဝင်ကြည့်နေတယ်ဆိုပါစို့..ပုံ (၁) မှာ ပြထားတဲ့အတိုင...
30/12/2025

𝐈𝐆𝐌𝐏 𝐒𝐧𝐨𝐨𝐩𝐢𝐧𝐠 ရဲ့ လုပ်ဆောင်ချက်

𝐏𝐂 ၂လုံးတပြိုင်နက်ထဲ 𝐰𝐞𝐛𝐬𝐢𝐭𝐞 တခုတည်းကို ဝင်ကြည့်နေတယ်ဆိုပါစို့..

ပုံ (၁) မှာ ပြထားတဲ့အတိုင်း 𝐖𝐞𝐛 𝐒𝐞𝐫𝐯𝐞𝐫 ဆီကနေ 𝐏𝐂 ၂ခုလုံး ဆီ 𝐝𝐚𝐭𝐚 𝐭𝐫𝐚𝐟𝐟𝐢𝐜 တွေကို သီးခြားစီ ပို့ပေးရပါတယ်။

ဒီနည်းလမ်းကို "𝐔𝐧𝐢𝐜𝐚𝐬𝐭" လို့ ခေါ်ပါတယ်။

𝐓𝐫𝐚𝐟𝐟𝐢𝐜 တွေဟာ မူရင်းနေရာ (𝐒𝐨𝐮𝐫𝐜𝐞) ကနေ သွားလိုတဲ့နေရာ (𝐃𝐞𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧) ဆီကို တိုက်ရိုက်သွားပါတယ်။

လမ်းကြောင်းပေါ်မှာရှိတဲ့ စက်တိုင်းက ဒီ 𝐭𝐫𝐚𝐟𝐟𝐢𝐜 ကို ဘယ်နေရာကို ပို့ရမယ်ဆိုတာ တိတိကျကျ သိကြပါတယ်။

အားနည်းချက်အနေနဲ့ အသုံးပြုသူ များလာလေလေ၊ 𝐒𝐞𝐫𝐯𝐞𝐫 က 𝐝𝐚𝐭𝐚 တွေကို အကြိမ်ကြိမ် ပိုပို့ရလေလေ ဖြစ်တဲ့အတွက် 𝐛𝐚𝐧𝐝𝐰𝐢𝐝𝐭𝐡 အများကြီး ကုန်ဆုံးစေပါတယ်။

ကို့ရဲ့ 𝐍𝐞𝐭𝐰𝐨𝐫𝐤 ထဲမှာ 𝐈𝐏𝐓𝐕 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 တွေ သုံးထားရင် ဘာကြောင့် လိုင်းပိုကျပ်ရတာလဲ ?

𝐈𝐏𝐓𝐕 အများစုဟာ 𝐌𝐮𝐥𝐭𝐢𝐜𝐚𝐬𝐭 ဆိုတဲ့ နည်းပညာကို သုံးပါတယ်။ ဒါဟာ 𝐔𝐧𝐢𝐜𝐚𝐬𝐭 နဲ့ မတူပါဘူး။

𝐔𝐧𝐢𝐜𝐚𝐬𝐭 မှာ လူ ၁၀၀က 𝐰𝐞𝐛𝐬𝐢𝐭𝐞 တခုထဲကို ကြည့်ရင် 𝐒𝐞𝐫𝐯𝐞𝐫 က 𝐝𝐚𝐭𝐚 အထုပ် ၁၀၀ ပို့ရပါတယ်။

𝐌𝐮𝐥𝐭𝐢𝐜𝐚𝐬𝐭 (𝐈𝐏𝐓𝐕)မှာတော့ 𝐒𝐞𝐫𝐯𝐞𝐫 က 𝐝𝐚𝐭𝐚 ၁ ထုပ်ပဲ ပို့ပါတယ်။ ဒါပေမဲ့ လမ်းမှာရှိတဲ့ 𝐑𝐨𝐮𝐭𝐞𝐫 နဲ့ 𝐒𝐰𝐢𝐭𝐜𝐡 တွေကနေတစ်ဆင့် လိုအပ်တဲ့ စက်တွေဆီကိုပဲ ပွားပြီး ပို့ပေးတာမျိုးပါ။

𝐑𝐨𝐮𝐭𝐞𝐫 က 𝐈𝐏𝐓𝐕 𝐭𝐫𝐚𝐟𝐟𝐢𝐜 တွေကို စနစ်တကျ မခွဲခြားနိုင်တဲ့အခါ (𝐈𝐆𝐌𝐏 𝐒𝐧𝐨𝐨𝐩𝐢𝐧𝐠 မရှိတဲ့အခါ) ပုံ(၂) ထဲကအတိုင်း အဲဒီ 𝐈𝐏𝐓𝐕 𝐝𝐚𝐭𝐚 တွေဟာ 𝐓𝐕 ဆီတင်မကဘဲ 𝐍𝐞𝐭𝐰𝐨𝐫𝐤 ထဲမှာရှိတဲ့ အခြားသော 𝐢𝐧𝐭𝐞𝐫𝐧𝐞𝐭 အသုံးပြုသူတွေဆီကိုပါ အတင်းဝင်လာပါတယ်။ 𝐏𝐂 က အဲဒီ 𝐝𝐚𝐭𝐚 တွေကို လက်ခံဖို့ မလိုပေမဲ့လည်း 𝐧𝐞𝐭𝐰𝐨𝐫𝐤 လမ်းကြောင်းမှာ ပိတ်ဆို့မှု (𝐂𝐨𝐧𝐠𝐞𝐬𝐭𝐢𝐨𝐧) ဖြစ်စေပြီး ဝက်ဘ်ဆိုက်ဖွင့်ရတာ နှေးကွေးသွားရခြင်း ဖြစ်ပါတယ်။

𝐈𝐏𝐓𝐕 ရင်းမြစ်ကနေ 𝐝𝐚𝐭𝐚 တွေရောက်လာရင် 𝐒𝐰𝐢𝐭𝐜𝐡 က "ဒါက 𝐌𝐮𝐥𝐭𝐢𝐜𝐚𝐬𝐭 𝐝𝐚𝐭𝐚 ပဲ၊ ဘယ်သူကြည့်နေမှန်း ငါမသိဘူး၊ ဒါကြောင့် ရှိသမျှ စက်အားလုံးဆီ ပို့လိုက်မယ်" ဆိုပြီး 𝐅𝐥𝐨𝐨𝐝 လုပ်ချလိုက်ပါတယ်။

𝐏𝐂 က အဲဒီ 𝐝𝐚𝐭𝐚 တွေကို လက်ခံရရှိတဲ့အခါ "ငါနဲ့မဆိုင်ဘူး" ဆိုပြီး ပြန်ဖျက်ထုတ်နေရပါတယ်။ ဒီလိုမျိုး မလိုအပ်တဲ့ 𝐝𝐚𝐭𝐚 တွေကို လက်ခံလိုက်၊ ဖျက်လိုက် လုပ်နေရတဲ့အတွက် သင့်ရဲ့ 𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐁𝐚𝐧𝐝𝐰𝐢𝐝𝐭𝐡 တွေ ကုန်ဆုံးသွားပြီး 𝐏𝐂 မှာ အင်တာနက်သုံးရတာ လေးလံနှေးကွေးသွားရတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ပဲ 𝐈𝐆𝐌𝐏 𝐒𝐧𝐨𝐨𝐩𝐢𝐧𝐠 က "စမတ်ကျတဲ့ လမ်းညွှန်ပေးသူ" အဖြစ် လိုအပ်တာပါ။ သူရှိနေရင် 𝐈𝐏𝐓𝐕 𝐭𝐫𝐚𝐟𝐟𝐢𝐜 တွေကို 𝐓𝐕 ဆီပဲ သီးသန့်လမ်းကြောင်းဖောက်ပြီး ပို့ပေးတော့တာမို့လို့ တခြားသော အင်တာနက်အသုံးပြုသူတွေ အနှောင့်အယှက်မရှိ အင်တာနက် ကောင်းကောင်းသုံးလို့ ရသွားတာဖြစ်ပါတယ်။ပုံ(၃)

မိုဘိုင်းဖုန်းတစ်လုံးရဲ့ အခရာကျဆုံး အစိတ်အပိုင်း ဘာလဲ?မိုဘိုင်းဖုန်း ကြော်ငြာ ပို့စ်များ သို့မဟုတ် ဗီဒီယို 𝐫𝐞𝐯𝐢𝐞𝐰 များတွ...
29/12/2025

မိုဘိုင်းဖုန်းတစ်လုံးရဲ့ အခရာကျဆုံး အစိတ်အပိုင်း ဘာလဲ?

မိုဘိုင်းဖုန်း ကြော်ငြာ ပို့စ်များ သို့မဟုတ် ဗီဒီယို 𝐫𝐞𝐯𝐢𝐞𝐰 များတွင် 𝐢𝐦𝐚𝐠𝐢𝐧𝐠 𝐬𝐮𝐛𝐬𝐲𝐬𝐭𝐞𝐦 (ကင်မရာစနစ်) ကိုသာ အဓိက ဦးစားပေး ဖော်ပြလေ့ရှိသည်ကို မကြာခဏ တွေ့ရှိရပါလိမ့်မည်။ သို့သော် ဖုန်း၏ 𝐜𝐨𝐫𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 ကို အထူး အာရုံစိုက်ထားသည့် 𝐫𝐞𝐯𝐢𝐞𝐰 မျိုးကို မတွေ့ရှိရသလောက် ရှားပါသည်။
ဤ 𝐩𝐨𝐬𝐭 တွင်တော့ ဖုန်း၏ 𝐩𝐫𝐢𝐦𝐚𝐫𝐲 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐦𝐞𝐭𝐫𝐢𝐜 ကို 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 𝐬𝐮𝐛𝐬𝐲𝐬𝐭𝐞𝐦 အဖြစ် သတ်မှတ်ပါမည်။ 𝐂𝐚𝐦𝐞𝐫𝐚 𝐦𝐨𝐝𝐮𝐥𝐞 နှင့် အခြား 𝐡𝐚𝐫𝐝𝐰𝐚𝐫𝐞/𝐬𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐜𝐨𝐦𝐩𝐨𝐧𝐞𝐧𝐭𝐬 များကို 𝐯𝐚𝐥𝐮𝐞-𝐚𝐝𝐝𝐞𝐝 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 (𝐚𝐝𝐝-𝐨𝐧 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬) အဖြစ်သာ ရှုမြင်ပါမည်။

မိုဘိုင်းဖုန်း တွေကို အစပိုင်းမှာ 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 𝐩𝐫𝐨𝐛𝐥𝐞𝐦 တွေကို ဖြေရှင်းဖို့ ပဲ အဓိကရည်ရွယ်ပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်က လူတွေ အချင်းချင်း အဝေးကနေ ဆက်သွယ်နိုင်ဖို့ ပဲ အဓိက ရည်ရွယ်ချက် ဖြစ်ခဲ့ပါတယ်။
၁၉၇၃ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ 𝐌𝐚𝐫𝐭𝐢𝐧 𝐂𝐨𝐨𝐩𝐞𝐫 (𝐌𝐨𝐭𝐨𝐫𝐨𝐥𝐚) က ပထမဆုံး မိုဘိုင်းဖုန်း ခေါ်ဆိုမှု လုပ်ခဲ့တယ်။
သူ ပြောခဲ့တဲ့ စကားက “လူတွေ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အချင်းချင်း ဆက်သွယ်နိုင်ဖို့” ပဲ ဖြစ်ပါတယ်။
အဲဒီအချိန်က ဖုန်းက ၁ ကီလိုဂရမ်ကျော် လေးပြီး ဘက်ထရီ ၃၀ မိနစ်ပဲ ခံတယ်။ ကင်မရာ မပါဘူး၊ ဂိမ်း မပါဘူး၊ အင်တာနက် မပါဘူး။ ဖုန်းပြောဖို့ပဲ ရည်ရွယ်ခဲ့တာ။
အသံကို 𝐚𝐧𝐚𝐥𝐨𝐠 𝐬𝐢𝐠𝐧𝐚𝐥 အနေနဲ့ တိုက်ရိုက် ပို့တယ်။𝟏𝐆 ရဲ့ အစ ပုံစံလို့ပြောနိုင်တယ်။
၁၉၉၉ ခုနှစ် မေလ မှာ ဂျပန်မှာ Kyocera Visual Phone VP-210 ဆိုတဲ့ ဖုန်း ပထမဆုံး ဈေးကွက်ထဲ ထွက်လာခဲ့တယ်။ ဒါက ကမ္ဘာ့ပထမဆုံး ဈေးကွက်မှာ ရောင်းချခဲ့တဲ့ ကင်မရာ ပါတဲ့ ဖုန်း ဖြစ်ပါတယ်။ (0.11 MP ကင်မရာ၊ ပုံ ၂၀ လောက် သိမ်းနိုင်တယ်။
စာရှည်သွားမှာစိုးလို့ 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 (𝐖𝐢-𝐅𝐢) အပိုင်းကိုပဲဆက်ပြောပါမယ်။
လက်ရှိ ၂၀၂၅ ခုနှစ်အထိ 𝐖𝐢-𝐅𝐢 နည်းပညာဟာ 𝐖𝐢-𝐅𝐢 𝟕 (𝟖𝟎𝟐.𝟏𝟏𝐛𝐞) ခေတ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့် 𝐟𝐥𝐚𝐠𝐬𝐡𝐢𝐩 ဖုန်းတွေ နဲ့ အဆင့်မြင့် 𝐫𝐨𝐮𝐭𝐞𝐫 တွေမှာ 𝐖𝐢-𝐅𝐢 𝟕 ကို အသုံးပြုလာကြပါပြီ။
ဒါ့ကြောင့် ဖုန်းတလုံးဝယ်ယူတော့မယ်ဆိုရင် 𝐖𝐢-𝐅𝐢 𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 ကိုဦးစားပေးရွေးချယ်ဖို့လိုအပ်လာပါပြီ။
ကိုယ်ဝယ်မယ့်ဖုန်းက 𝐥𝐚𝐭𝐞𝐬𝐭 𝐖𝐢-𝐅𝐢𝟕 𝐬𝐮𝐩𝐩𝐨𝐫𝐭 လုပ်တဲ့ ဖုန်းလား 𝐃𝐮𝐚𝐥 𝐁𝐚𝐧𝐝 𝐖𝐢-𝐅𝐢𝟓/𝟔 လောက်ဆိုရင်ရပြီလား စဥ်းစားရပါမယ်။ဒါကအရေးကြီးပါတယ်။
အနိမ့်ဆုံးတော့ 𝐖𝐢-𝐅𝐢𝟔 လောက်အထိ 𝐬𝐮𝐩𝐩𝐨𝐫𝐭 လုပ်တဲ့ဖုန်းမျိူးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ဒါက လက်ရှိကျနော်တို့ အိမ်က 𝐖𝐢-𝐅𝐢 𝐫𝐨𝐮𝐭𝐞𝐫 အများစုနဲ့အဆင်ပြေစေပါလိမ့်မယ်။
𝐖𝐢-𝐅𝐢𝟔𝐄/𝐖𝐢-𝐅𝐢𝟕
𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 ပိုင်းကိုပိုပြီး ဦးစားပေးတဲ့သူဆိုရင်တော့ 𝐖𝐢-𝐅𝐢𝟔𝐄/𝐖𝐢-𝐅𝐢𝟕 𝐬𝐮𝐩𝐩𝐨𝐫𝐭 လုပ်သည့် အမျိုးအစားကိုသာရွေးချယ်ဝယ်ယူပါ။အိမ်က 𝐖𝐢-𝐅𝐢 𝐫𝐨𝐮𝐭𝐞𝐫 တွေကိုလည်း 𝐖𝐢-𝐅𝐢𝟔𝐄(𝟔𝐆𝐇𝐳)/𝐖𝐢-𝐅𝐢𝟕 𝐬𝐮𝐩𝐩𝐨𝐫𝐭 လုပ်တဲ့ 𝐫𝐨𝐮𝐭𝐞𝐫 မျိုးတွေနဲ့ အစားထိုးဖို့လိုအပ်လာပြီ။မဟုတ်ရင် 𝐅𝐞𝐫𝐫𝐚𝐫𝐢 𝐜𝐚𝐫 ကို လှည်းလမ်းလေးပေါ် တက်မောင်းနေသလိုပါပဲ။
𝐃𝐮𝐚𝐥 𝐁𝐚𝐧𝐝 & 𝐓𝐫𝐢 𝐁𝐚𝐧𝐝
𝟔𝐄(𝟔𝐆𝐇𝐳)/𝐖𝐢-𝐅𝐢𝟕 သုံးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် 𝐃𝐮𝐚𝐥 𝐁𝐚𝐧𝐝 𝐨𝐫 𝐓𝐫𝐢 𝐁𝐚𝐧𝐝 အကြောင်းကိုလည်း မဖြစ်မနေ ထည့်သွင်းစဥ်းစာရပါမယ်။
ဈေးကွက်ထဲမှာ အချို့ ကုမ္ပဏီ တွေ က “𝐖𝐢-𝐅𝐢 𝟕 𝐃𝐮𝐚𝐥 𝐁𝐚𝐧𝐝” လို့ ရေးထားပြီး ဈေးသက်သာအောင် ရောင်းတာ ရှိတယ်။ ဒါက တကယ်တော့ 𝐖𝐢-𝐅𝐢 𝟕 ရဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬 တချို့ (ဥပမာ 𝐌𝐋𝐎, 𝟒𝟎𝟗𝟔-𝐐𝐀𝐌) ပဲ ပါပြီး 𝟔 𝐆𝐇𝐳 မပါဘူး။𝟔 𝐆𝐇𝐳 လိုချင်ရင် 𝐓𝐫𝐢 𝐁𝐚𝐧𝐝 ပဲ ရွေးပါ။ဖုန်း သို့မဟုတ် 𝐑𝐨𝐮𝐭𝐞𝐫 ဝယ်တဲ့အခါ ဒီ အချက်လေး မမေ့ပါနဲ့။ဥပမာ- 𝐒𝐚𝐦𝐬𝐮𝐧𝐠 𝐆𝐚𝐥𝐚𝐱𝐲 𝐒𝟐𝟓 𝐔𝐥𝐭𝐫𝐚 ရဲ့ 𝐒𝐩𝐞𝐜𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 မှာ 𝐖𝐢-𝐅𝐢 𝟖𝟎𝟐.𝟏𝟏 𝐚/𝐛/𝐠/𝐧/𝐚𝐜/𝟔𝐞/𝟕, 𝐭𝐫𝐢-𝐛𝐚𝐧𝐝 လို့ဖော်ပြထား ပါတယ်။
အတိုချုပ်ရရင် ဒေတာတွေ မြန်ဆန်၊ ချောမွေ့စွာ ပို့နိုင်၊ ဆက်သွယ်နိုင်ဖို့ ကပဲ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အခရာကျဆုံးလုပ်ဆောင်ချက် ဖြစ်ပါတယ်။
ကင်မရာ ဘယ်လောက်ကောင်းကောင်း၊ 𝐩𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 ဘယ်လောက်မြန်မြန်၊ 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 (ချိတ်ဆက်မှု) မကောင်းရင် အကုန်လုံး အလကားပါပဲ။
𝐏𝐡𝐨𝐭𝐨 𝐮𝐩𝐥𝐨𝐚𝐝𝐢𝐧𝐠 / 𝐯𝐢𝐝𝐞𝐨 𝐬𝐭𝐫𝐞𝐚𝐦𝐢𝐧𝐠 / 𝐆𝐚𝐦𝐢𝐧𝐠 / 𝐥𝐚𝐭𝐞𝐬𝐭 𝐭𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐀𝐑/𝐕𝐑 𝐞𝐭𝐜.., ဒါတွေအားလုံးသည် 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 ပေါ်မှာ မှီခိုရတဲ့ လုပ်ဆောင်ချက်တွေဖြစ်လို့ တကယ့် အခရာကျဆုံး အစိတ်အပိုင်း က 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 𝐬𝐮𝐛𝐬𝐲𝐬𝐭𝐞𝐦 ပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့ လက်ရှိအသုံးပြုနေတဲ့ mobile phone ရဲ့ Wi-Fi Generation နဲ့ ပထမဦးဆုံး သုံးဖူးတဲ့ ကင်မရာပါတဲ့ ဖုန်းအမျိုးအစားကို comment မှာ မျှဝေနိုင်ပါတယ်။

Address

Dagon Seikken Tsp
Yangon
4444

Website

Alerts

Be the first to know and let us send you an email when Endlab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share