31/08/2026
ARCHITECTURE INTERNS WANTED
Learn Architecture in a Real Studio
Davy Architecture Studio (DAS) က Thanlyin မှာရှိတာမို့ ဒီ Internship ကို Thanlyin Technological University မှ Architecture Major ကျောင်းသား/ကျောင်းသူတွေကို အထူးဖိတ်ခေါ်ချင်ပါတယ်။
ဒါပေမယ့် Thanlyin Technological University က မဟုတ်လည်း ရပါတယ်။
Architecture Major ဖြစ်ပြီး Architecture ကို တကယ်စိတ်ဝင်စားတဲ့ ကျောင်းသား/ကျောင်းသူတိုင်း လျှောက်ထားနိုင်ပါတယ်။
ဒီ Internship အတွက် Experience အများကြီးရှိဖို့ မလိုပါဘူး။
Software အကုန်တတ်ဖို့လည်း မလိုပါဘူး။
ကျွန်တော်တို့ ပိုလိုချင်တာက—
* Architecture ကို တကယ်စိတ်ဝင်စားတဲ့သူ
* လေ့လာသင်ယူချင်စိတ်ရှိတဲ့သူ
* မေးခွန်းမေးရဲတဲ့သူ
* Feedback ယူပြီး တိုးတက်ချင်တဲ့သူ
* သွက်လက်ပြီး တာဝန်ယူတတ်တဲ့သူ
* Studio environment ထဲမှာ Architect တွေနဲ့အတူ Real Projects တွေကို လက်တွေ့ဝင်လေ့လာချင်တဲ့သူ
Internship အတွင်းမှာ—
Design Research / Concept Development / Drawing / 3D / Presentation / Site Visit / Documentation
စတဲ့ Architecture Studio တစ်ခုရဲ့ real workflow ကို ကြည့်ရုံမဟုတ်ဘဲ တတ်နိုင်သလောက် ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပြီး သင်ယူရမှာပါ။
ဒီ Internship ကို “Intern လာလုပ်ပေးမယ့်သူ” ရှာတာထက်
Architecture Student တစ်ယောက်အနေနဲ့ ကျောင်းမှာသင်နေရတာနဲ့ လက်တွေ့ Architecture Practice ကြားက ကွာခြားချက်ကို ကိုယ်တိုင်လာကြည့်၊ လာလုပ်၊ လာသင်နိုင်မယ့်အခွင့်အရေး တစ်ခုအဖြစ် ပိုမြင်ပါတယ်။
Internship ကာလအတွင်း Allowance and Meal ကို DAS မှ စီစဉ်ပေးပါမယ်။
ကျွန်တော်တို့ ပိုကြားချင်တဲ့ မေးခွန်းက—
“ဘာရမလဲ?” ထက်
“ဒီမှာ ငါဘာတွေသင်ယူနိုင်မလဲ?”
ဆိုတဲ့ မေးခွန်းပါ။
Architecture ကို တကယ်စိတ်ဝင်စားပြီး Studio Life ကို လက်တွေ့လာကြည့်ချင်တယ်ဆိုရင် လာစကားပြောပါ။
Come curious.
Learn by doing.
See how architecture really happens.