Myo Gyi

Myo Gyi Air con Refrigerator Washing maching

 #မီတာခသက်သာအောင်AIR_CONကိုဘယ်လိုသုံးကြမလဲ?အဲကွန်း Remote Control ကနေ အပူချိန်ကို အနိမ့်ဆုံးဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရ...
17/12/2021

#မီတာခသက်သာအောင်AIR_CONကိုဘယ်လိုသုံးကြမလဲ?

အဲကွန်း Remote Control ကနေ အပူချိန်ကို အနိမ့်ဆုံးဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရီလောက် ထားလိုက်ရင် ၂၅ ဒီဂရီမှာ ထားတာထက် ပိုအေးတဲ့လေတွေ ထွက်လာမယ်၊ အခန်းလည်းမြန်မြန် ပိုအေးမယ်လို့ လူအများစုက ထင်ကြပါတယ်။အမှန်က လုံးဝ မဟုတ်ပါဘူး။

အဲကွန်းကထွက်လာတဲ့ လေဟာ ကိုယ်ထားထားတဲ့ အပူချိန်နဲ့ မဆိုင်ဘဲ တစ်သမတ်တည်းပါ။ ဒါဟာအဲကွန်းတစ်ခု ဘယ်လိုအလုပ်လုပ်လဲ မသိလို့ ဖြစ်ပါတယ်။လူအများနားလည်အောင် Technical Terms တွေကို ရှောင်ပြီး အလွယ်ပဲပြောလိုက်ပါတော့မယ်။

ဒီခေတ်မှာ အသုံးအများဆုံး ဖြစ်တဲ့ Split Type Air Conditioner တွေမှာ Indoor Unit နဲ့ Outdoor Unit ရယ်နှစ်ပိုင်းပါ၀င်ပါတယ်။

အဓိက အနေနဲ့ Indoor Unit မှာ Evaporator နဲ့ Outdoor Unit မှာ Compressor နဲ့ Condenser တွေ ပါဝင်ပါတယ်။Evaporator ဟာ လေထုထဲက ရေငွေ့တွေကို ဖယ်ရှားဖို့ ဖြစ်ပြီး Compressor နဲ့ Condenser တွေက လေထဲက အပူတွေကို ဖယ်ရှားပြီး လေကို ေအးမြသွားအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။အဲကွန်းရဲ့ Indoor Unit ဟာ အခန်းတွင်းက လေကို စုပ်ယူလိုက်ပါတယ်။

အဲဒီလေထဲမှာ ပါလာတဲ့ ရေငွေ့တွေကို Evaporator လို့ခေါ်တဲ့ကိရိယာနဲ့ ဖယ်ရှားပြီး အဲကွန်းက ရေတွေ တတောက်တောက် ကျတာဟာ အဲဒီလို ဖယ်ရှားခံရတဲ့ အခန်းတွင်း လေထုထဲက ရေငွေ့တွေပါပဲ) ခြောက်သွေ့သွားတဲ့ လေကို Compressor နဲ့ Condenser တွေကို ဖြတ်သန်စေပြီးအေးမြခြောက်သွေ့တဲ့ လေကို ပြန်မှုတ်သွင်းလိုက်ပါတယ်။

ဥပမာ အပြင်မှာ ၃၅ ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ အဲကွန်းကို ၂၅ ဒီဂရီ ဆက်တင်လုပ်ထားမယ် ဆိုရင် ၂၅ ဒီဂရီကို မရောက်မချင်း အဲကွန်းဟာ အခန်းတွင်းမှာရှိတဲ့ လေထုကို စုပ်ယူလိုက်၊ လေထဲက ရေငွေ့နဲ့ အပူကို ဖယ်ရှားပြီး အေးမြတဲ့ လေကို အခန်းတွင်းကို ပြန်မှုတ်သွင်းလိုက်နဲ့ အခန်းတွင်းက အပူချိန်ကို တဖြည်းဖြည်း ကျဆင်းလာစေပြီး အေးမြလာစေပါတယ်။

ဒီနည်းနဲ့ အခန်းတွင်း အပူချိန် ကျဆင်းလာတာဟာ သုံးစွဲသူ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်ပြီ ဆိုတာကို အဲကွန်းရဲ့ အာရုံခံစနစ်က သိလိုက်တာနဲ့ အဲကွန်းကို ခဏလောက် ရပ်ထားလိုက်ပါတယ်။

စက်ရပ်တာ ကြာလာလို့ အခန်းတွင်းအပူချိန်က ၂၅ ဒီဂရီ ထက် ပြန်မြင့်တက်လာမှ အဲကွန်းက အလုပ် ပြန်လုပ်ပါတယ်။ဒီတော့ အပြင်က ၃၅ ဒီဂရီ အပူချိန်မျိုးကို ကိုယ့်အိမ်တွင်းမှာ မခံစားနိုင်လို့ အေးမြလာအောင် ၂၅ ဒီဂရီပဲ ထားသူနဲ့ ၁၆ ဒီဂရီ ထားသူ ဓာတ်အားသုံးစွဲမှုချင်း လုံးဝ မတူတော့ပါဘူး။

အခန်းတွင်း အပူချိန်ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိ ချဖို့ဟာ အဲကွန်းတစ်လုံးအတွက် ခက်ခဲပါတယ်။အဆင်ပြေသည့်တိုင်အောင် ၁၆ ဒီဂရီ မရောက်မချင်း အဲကွန်းဟာ မနားတမ်း အလုပ်လုပ်ရတဲ့အတွက် မီတာအရမ်းစားသလို စက်အပေါ်မှာလည်း ဝန်ပိစေပြီး သုံးစွဲနိုင်တဲ့ သက်တမ်း တိုတောင်းစေ (ပျက်လွယ်ခြင်းကို ဆိုလို) ပါတယ်။ပြီးတော့ ကိုယ့်အခန်းတွင်းမှာ ၁၆ တို့ ၁၈ ဒီဂရီတို့ ဖြစ်နေဖို့ တကယ်ရော လိုအပ်ရဲ့လားလို့ပြန်သုံးသပ်သင့်ပါတယ်။

လူ့အရေပြားဟာ အပူချိန် ၂၅ ဒီဂရီလောက်အထိ သက်သောင့်သက်သာ ရှိရှိ နေနိုင်တာမို့ အဲကွန်းကို ၂၅ ဒီဂရီမှာ ဆက်တင်လုပ်ထားခြင်းဟာ ကိုယ့်အိမ်ခန်းထဲ ရေခဲတိုက် ဖန်တီးထားခြင်းထက်မီတာခကို များစွာ သက်သာစေသလို…င်ပအပူချိန်နဲ့ များစွာ ကွာတဲ့ အခန်းတွင်း အပူချိန်မှာ အသားကျသွားပြီ ဖြစ်တဲ့ ရေခဲတိုက်သမားများထက် ပြင်ပ အပူချိန်ကို ပိုပြီး ခံနိုင်ရည် ရှိတဲ့အပြင် အတွင်း အပြင် အပူ အအေးကွာခြားလွန်းလို့ အခန်းပြင်ထွက်တာနဲ့ လေပူမိပြီး ရှော့ခ် ဖြစ်နိုင်တဲ့ အန္တရာယ်ကနေလည်း အတိုင်းအတာ တစ်ခုအထိ ကင်းဝေးစေနိုင်ပါတယ်။

လေတိုက်နှုန်းဟာလည်း Feels-like Temperature ကို သက်ရောက်တာကြောင့်ပန်ကာလည်ပတ်နှုန်း များရင် ပိုအေးတယ် ထင်ပြီး တစ်ဆုံးတင်ထားကြတာ များကြပါတယ်။ ပန်ကာလည်နှုန်း မြင့်လေ မီတာစားနှုန်း မြင့်လေမို့ စဖွင့်ဖွင့်ချင်း Fan Speed ကို တင်ချင် တင်ပြီး အေးလာတာနဲ့ အနိမ့်ဆုံးမှာ ပြန်ချထားခြင်းဟာလည်း ကျန်းမာရေးအတွက်ရော မီတာခ သက်သာရေးအတွက်ရော အထောက်အကူ ဖြစ်စေပါတယ်။

ချမ်းသာတဲ့ ဥရောပနိုင်ငံတွေ၊ မြောက်အမေရိက နိုင်ငံတွေ၊ အာရှက ဂျပန်တို့ ကိုရီးယားတို့ဟာ အလွန်အေးတဲ့နိုင်ငံတွေ ဖြစ်လို့ သူတို့ နိုင်ငံသားတွေဟာ အပူကို အရမ်းကြောက်ပါတယ်။

ဒါပေမဲ့ သူတို့ဆီက ဘတ်စ်ကားတွေ၊ လေယာဉ်ပျံတွေ၊ ရုံးတွေ ကျောင်းတွေမှာ နွေရာသီမှာတောင် အဲကွန်းကို အပူချိန် ၂၅ ဒီဂရီလောက်မှာပဲ ချိန်ထားလုပ်ထားပါတယ်။ရုံးခန်းတွေ အိမ်တွေမှာလည်း အဲကွန်းကို ၁၆ ဒီဂရီအထိ အနိမ့်ဆုံးထားပြီး တောင်ကြီး ကလော ရာသီဥတုမျိုးကို ဖန်တီးထားကြပါတယ်။

အမေရိကားရောက် သူငယ်ချင်းတစ်ယောက်က လှမ်းပြောပါတယ်။ သူတို့ဆီမှာက ပူလို့ အေးလို့ ဆိုပြီး တော်တန်ရုံ အဲကွန်းကို မသုံးကြဘဲ မီတာခကို ချွေတာကြတယ်တဲ့။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို အရာရာ နတ်ဘုံနတ်နန်းလို့ ထင်နေပေမဲ့ တကယ်က မဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ရတဲ့ လခနဲ့လူနေမှု စရိတ်ကြီးမြင့်ခြင်း ဒဏ်ကို ခံနိုင်အောင် စစ်စစ်စီစီ ချွေချွေတာတာ သုံးကြရတာပါ။

အမှန်က လူ့အရေပြားဟာ ၂၀ နဲ့ ၂၅ ဒီဂရီ စင်တီဂရိတ် ကြားက အပူချိန်မှာ နေလို့ ထိုင်လို့ အကောင်းဆုံးပါ။ဒီတော့ အဲကွန်းကို ဖွင့်တဲ့အခါမှာ ၂၅ ဒီဂရီမှာ အပူချိန်ကို ထိန်းညှိထားလိုက်ခြင်းဟာ မီတာခ အရမ်းသက်သာသွားသလို ကျန်းမာရေးကိုလည်း မထိခိုက်စေတော့ပါဘူး။

အဲကွန်းကို တောက်လျှောက်သုံးပြီး မီတာခကို ဒီထက် လျှော့ချချင်သေးတယ် ဆိုရင်လည်း ရပါသေးတယ်။

ဒီနေရာမှာ အဲကွန်းရဲ့ လုပ်ဆောင်ချက် နှစ်ခုထဲမှာ…Compressor နဲ့ Condenser တွေဟာ လေရဲ့ ပကတိ အပူချိန်ကို ဖယ်ရှားပြီး အေးမြအောင် လုပ်ပေးသလို Evaporator က လေထုထဲက ရေငွေ့ကို ဖယ်ရှားပြီး အခန်းထဲကဘအပူတွေကို ဖယ်ပေးတာပါ.အခုခေတ် အဲကွန်းတွေမှာ Cool Mode သာမက Dry Mode ဆိုတာပါ ပါပါတယ်။

Cool Mode မှာ Evaporator Compressor နဲ့ Condenser တွေ အားလုံး အလုပ်လုပ်ပြီး အခန်းတွင်းက လေကို အေးမြစေပါတယ်။

Dry Mode မှာတော့ လေထုထဲက ရေငွေ့ကို ဖယ်ရှားပေးဖို့ Evaporator သာ အလုပ်လုပ်တဲ့အတွက် ဓာတ်အားသုံးစွဲမှု ပိုနည်းပါတယ်။ဒီတော့ အခုလို အပူချိန် သိပ်မမြင့်လှသော်လည်း ပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့ မိုးရာသီမှာ အဲကွန်းကို Cool Mode နဲ့ မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီလောက်မှာ ထားပြီး Fan Speed ကိုလည်း လျှော့ပြီး သုံးမယ် ဆိုရင်…အခန်းတွင်း ရေငွေ့ပါဝင်နှုန်းကို လျှော့ချပေးတဲ့အတွက်အခန်းတွင်းမှာ မှိုမတက်ခြင်း၊ ရောဂါပိုးမွှားတွေ မပေါက်ပွါးနိုင်ခြင်းရေငွေ့နည်းပြီး ခြောက်သွေ့သွားတဲ့လေဟာ လူ့အရေပြားက ချွေးတွေကို အလွယ်တကူ အငွေ့ပြန်စေလို့ အေးမြမှုကို Cool Mode နဲ့ အအေးခံထားသည့်အလား ခံစားရစေခြင်း၂၅ ဒီဂရီလည်း ဖြစ်ပြန် Dry Mode လည်း ဖြစ်ပြန်လို့ မီတာခ သက်သာခြင်း စတဲ့ အကျိုးတွေကို ခံစားရမှာ ဖြစ်ကြောင်း လက်တွေ့ နှိုင်းယှဉ် စမ်းသပ်နိုင်စေဖို့ စိုးလျှပ်စစ်မှ မျှဝေလိုက်ရပါတယ်.အဲယားကွန်းကို 16 မှာထားတာရင်လဲ ဒီလေပဲ30 မှာထားလဲ ဒီလေပဲထွက်ပါတယ်နော်.အလုပ်လုပ်ချိန်ပိုကြာသွားလို့ ပိုအေးတာပါ.အခြားသော လျှပ်စစ်ပစ္စည်းတွေကိုလည်း အထာသိပြီး သတိထား အသုံးပြုရင် လျှပ်စစ်ကို ချွေတာနိုင်ပါလိမ့်မယ်

credit to>>>original writer

24/11/2021

Address

မြို့မ‌မြောက် သပြေတန်း
Yenangyaung

Telephone

+959973719288

Website

Alerts

Be the first to know and let us send you an email when Myo Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share