20/10/2026
အသိပေးကြေညာချက်နှင့် အနူးအညွတ်တောင်းပန်လွှာ🙏🙏🙏
အကြောင်းအရာ။ ။ Learning Management System (LMS) Server ချိတ်ဆက်အသုံးပြုမှု ယာယီပြတ်တောက်နေခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာခြင်းနှင့် အနူးအညွတ်တောင်းပန်ခြင်း။
လေးစားအပ်ပါသော LMS အသုံးပြုသူများ၊ မိတ်ဖက် ကျောင်းများနှင့် မိဘများခင်ဗျာ။
ကျွန်ုပ်တို့ Company မှ ဝန်ဆောင်မှုပေးလျက်ရှိသော Learning Management System (LMS) အား မြန်မာနိုင်ငံအတွင်းမှ ဝင်ရောက်အသုံးပြုရာတွင် Server ချိတ်ဆက်မှု ပြတ်တောက်ခြင်း၊ System အတွင်းသို့ ဝင်ရောက်ရန် အခက်အခဲရှိခြင်းနှင့် Data စီးဆင်းမှု နှောင့်နှေးခြင်းများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် အသုံးပြုသူများအားလုံးကို အထူးပင် အနူးအညွတ်တောင်းပန်အပ်ပါသည်။
အဆိုပါအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းအသိပေးလိုသည်မှာ ယခုဖြစ်ပေါ်နေသော LMS ချိတ်ဆက်မှု ပြတ်တောက်ခြင်းသည် ကျွန်ုပ်တို့ Company ၏ Server Infrastructure၊ System Development သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးမှုကြောင့် ဖြစ်ပေါ်ခြင်းမဟုတ်ကြောင်း ကနဦးနည်းပညာစစ်ဆေးမှုများအရ သိရှိရပါသည်။
လက်ရှိတွင် ကျွန်ုပ်တို့၏ LMS Platform သည် စင်ကာပူနိုင်ငံ (Singapore) နှင့် ထိုင်းနိုင်ငံ (Thailand) အပါအဝင် မြန်မာနိုင်ငံပြင်ပရှိ နေရာများမှ ဝင်ရောက်အသုံးပြုရာတွင် ပုံမှန်အတိုင်း ကောင်းမွန်တည်ငြိမ်စွာ လည်ပတ်လျက်ရှိပါသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ချိတ်ဆက်မှုအခက်အခဲများမှာ မြန်မာနိုင်ငံ၏ Cybersecurity Law နှင့် ဆက်စပ်သော စည်းမျဉ်းစည်းကမ်း၊ အင်တာနက်ကွန်ရက်ထိန်းချုပ်မှုနှင့် Data Traffic စီးဆင်းမှုဆိုင်ရာ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်နိုင်ကြောင်း ကနဦးသုံးသပ်ထားပြီး အကြောင်းရင်းအတိအကျကို ဆက်လက်စစ်ဆေးလျက်ရှိပါသည်။
ယာယီဖြေရှင်းအသုံးပြုနိုင်မည့် နည်းလမ်း
LMS ဝန်ဆောင်မှုအား အဆင်ပြေချောမွေ့စွာ ဆက်လက်အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ အသုံးပြုသူများအနေဖြင့် သက်ဆိုင်ရာဥပဒေနှင့် အဖွဲ့အစည်း၏ လုံခြုံရေးမူဝါဒများနှင့် ကိုက်ညီသည့် VPN (Virtual Private Network) ကို ယာယီအသုံးပြု၍ LMS Platform သို့ ဝင်ရောက်ကြည့်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တစ်ဖက်တွင်လည်း ကျွန်ုပ်တို့၏ Technical Team မှ အဆိုပါချိတ်ဆက်မှုအခက်အခဲများကို အမြန်ဆုံးဖြေရှင်းနိုင်ရန် Network Connectivity၊ Server Accessibility နှင့် Data Transmission ဆိုင်ရာ အခြေအနေများအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့ Company အနေဖြင့် အသုံးပြုသူများ၏ ပညာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ၊ သင်ကြားသင်ယူမှုများနှင့် နေ့စဉ် LMS အသုံးပြုမှုများတွင် အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ရခြင်းအတွက် အထူးပင် စိတ်မကောင်းဖြစ်ရပြီး လေးနက်စွာ အနူးအညွတ်တောင်းပန်အပ်ပါသည်။
အသုံးပြုသူများအားလုံးအတွက် ပိုမိုတည်ငြိမ်ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေအနေတိုးတက်မှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်အသိပေးသွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအပေါ် နားလည်ပေးမှု၊ စိတ်ရှည်သည်းခံပေးမှုနှင့် ယုံကြည်စွာ ဆက်လက်အသုံးပြုပေးမှုတို့အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်၊
Management & Technical Support Team
Plumerian
Official Announcement & Apology 🙏🙏🙏
Subject: Notice of Temporary LMS Server Connectivity Disruption and Our Sincere Apologies
Dear Valued LMS Users, Partner Institutions, and Stakeholders,
We sincerely apologize for the recent connectivity issues affecting access to our Learning Management System (LMS) in Myanmar. We understand that these disruptions may have caused inconvenience to students, educators, partner institutions, and other users who rely on our platform for their daily educational activities.
Clarification Regarding the Service Disruption
We would like to clarify that the current LMS connectivity disruption is not caused by any technical failure, server malfunction, or infrastructure issue on our company's side.
Our LMS platform continues to operate normally and efficiently in other countries, including Singapore and Thailand, where users can access the system without significant interruptions.
Based on our preliminary technical assessments, the connectivity issues experienced within Myanmar appear to be associated with recent changes in the country's cybersecurity regulations, internet network restrictions, and data transmission policies.
These external factors may have affected the flow of data between users in Myanmar and our LMS servers, resulting in intermittent connectivity issues and difficulties accessing the platform. Our technical team is continuing to investigate the exact cause.
Temporary Solution for LMS Users
While our technical team continues to monitor and address the situation, we kindly recommend that users in Myanmar temporarily access the LMS platform through a Virtual Private Network (VPN), where permitted by applicable laws and institutional security policies.
This temporary measure may help users establish a more stable connection to our LMS platform and continue their educational activities with minimal disruption.
Meanwhile, our technical team is actively working to identify alternative solutions, improve network accessibility, and restore reliable access for all affected users.
Our Sincere Apologies and Commitment
On behalf of our company, we would like to extend our deepest and most sincere apologies for the inconvenience and disruption caused by this situation.
Although the current connectivity difficulties appear to result from external network and regulatory factors beyond our direct control, we remain fully committed to providing a reliable, secure, and high-quality Learning Management System for all our users.
We assure you that our team will continue monitoring the situation closely and making every reasonable effort to minimize service interruptions. Further updates will be communicated as new information becomes available.
We greatly appreciate your patience, understanding, and continued trust in our services during this challenging period.
Thank you for your cooperation and support.
Sincerely,
Management & Technical Support Team
Plumerian