MD Engineering & Construction Co.,Ltd

MD Engineering & Construction Co.,Ltd Your Reliable Trusted Business Partner စိတ်ကူးထဲကအတိုင်း အိမ်လေးကို အလှဆင်ဖန်တီးကြမယ် �

Default Site Class သတ်မှတ်ခြင်း၏ အဓိက အားနည်းချက်များနှင့် အန္တရာယ်များ"မြေမစမ်းပါက Site Class D အဖြစ် ယူဆပါ" ဟူသော ခွင့...
21/07/2025

Default Site Class သတ်မှတ်ခြင်း၏ အဓိက အားနည်းချက်များနှင့် အန္တရာယ်များ
"မြေမစမ်းပါက Site Class D အဖြစ် ယူဆပါ" ဟူသော ခွင့်ပြုချက်သည် အကောင်းဆုံးသော လုပ်ဆောင်ချက် (Best Practice) မဟုတ်ဘဲ၊ အခြေအနေအရ မဖြစ်မနေ ရွေးချယ်ရသော "ခြွင်းချက်" တစ်ခုသာ ဖြစ်ပါတယ်။ ဤသို့ အသင့်သတ်မှတ်တန်ဖိုးဖြင့် တွက်ချက်ခြင်း၏ အဓိကအားနည်းချက်များမှာ-
၁။ Over-design ဖြစ်ခြင်း
အကယ်၍ သင့်မြေသည် အမှန်တကယ်တွင် Site Class B သို့မဟုတ် C ကဲ့သို့ ကောင်းမွန်သော မြေအမျိုးအစား ဖြစ်နေပါက၊ Site Class D အဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် အဆောက်အဦဒီဇိုင်းကို မလိုအပ်ဘဲ ပိုမိုခိုင်ခံ့အောင် တွက်ချက်ရမည် ဖြစ်ပါတယ်။ ၎င်းကြောင့် သံကူသံချောင်း၊ ကွန်ကရစ် ပမာဏများ ပိုမိုလိုအပ်လာပြီး ဆောက်လုပ်ရေးကုန်ကျစရိတ်ကို သိသိသာသာ မြင့်တက်စေနိုင်ပါတယ်။ ဤကုန်ကျစရိတ်မှာ မြေစမ်းသပ်ခထက် များစွာ ပိုများနေနိုင်ပါတယ်။
၂။ Under-design ဖြစ်ခြင်း
ဤအချက်မှာ အရေးကြီးဆုံးနှင့် အန္တရာယ်အကြီးမားဆုံး ဖြစ်ပါတယ်။ သင့်မြေသည် မျက်မြင်တွင် ကောင်းမွန်နေသော်လည်း၊ မြေအောက်ပိုင်းတွင် ရွှံ့ပျော့အလွှာ (Soft Clay Layer) သို့မဟုတ် မြေပွအလွှာ (Loose Sand Layer) များ ရှိနေပြီး အမှန်တကယ်တွင် Site Class E သို့မဟုတ် F ဖြစ်နေခဲ့ပါလျှင်၊ Site Class D အဖြစ်သာ တွက်ချက်ထားသော အဆောက်အဦသည် ငလျင်ဒဏ်ကို လုံးဝခံနိုင်ရည် ရှိတော့မည် မဟုတ်ပါ။ ဤအခြေအနေသည် အဆောက်အဦပြိုကျခြင်းနှင့် လူအသက်ပေါင်းများစွာ ဆုံးရှုံးခြင်းကို ဖြစ်စေနိုင်သော အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။
၃။ Liquefaction အန္တရာယ်ကို လျစ်လျူရှုမိခြင်း
Standard Pe*******on Test (SPT) ကဲ့သို့သော စမ်းသပ်မှုများသည် မြေအမျိုးအစား၊ သိပ်သည်းဆ၊ မြေအောက်ရေ အနက် စသည့် ငလျင်ဒဏ်ခံ ဒီဇိုင်းအတွက် အလွန်အရေးပါသော အချက်အလက်များကို ပေးစွမ်းနိုင်ပါတယ်။အထူးသဖြင့် သဲဆန်သော မြေများတွင် ငလျင်ကြောင့် မြေကြီးသည် အရည်သဖွယ်ဖြစ်သွားသည့် (Liquefaction) အန္တရာယ် ရှိ၊ မရှိကို ဆန်းစစ်နိုင်ရန် SPT data များသည် မရှိမဖြစ် လိုအပ်ပါတယ်။ Default Site Class D ဟု သတ်မှတ်လိုက်ရုံဖြင့် ဤအန္တရာယ်ကို သိရှိနိုင်မည် မဟုတ်ပါ။

အဖြစ်များသော အယူအဆလွဲမှားမှုများ
၁။ ပေ ၃၀ အနက် SPT သည် ငလျင်အတွက် အသုံးမဝင်ဘူးလား?
ပေ ၃၀ အနက် SPT သည် အဆောက်အဦငယ်များ၏ ခံနိုင်ဝန် (Bearing Capacity) အတွက် အဓိကရည်ရွယ်သည်မှာ မှန်သော်လည်း လုံးဝအသုံးမဝင်ဟု မဆိုသာပါ။ ရရှိလာသော SPT တန်ဖိုးများကို အသုံးပြု၍ Shear Wave Velocity (V_s) ကို ခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ၎င်းသည် တိုက်ရိုက်တိုင်းတာခြင်းလောက် မတိကျသော်လည်း၊ မစမ်းသပ်ဘဲ အမှန်းဖြင့် သတ်မှတ်ခြင်းထက် များစွာစိတ်ချရသော အခြေခံအချက်အလက်များကို အင်ဂျင်နီယာများအား ပေးစွမ်းနိုင်ပါတယ်။
၂။ ပေ ၅၀ စမ်းပြီးရင် ပေ ၁၀၀ အထိ ဆွဲဆန့်တွက်လို့ မရဘူးလား?
ဤသည်မှာ အလွန်အန္တရာယ်ကြီးသော ကောက်ချက်တစ်ခုဖြစ်ပါတယ်။
ဆေးစစ်ရာမှာ သွေးပေါင်ချိန်ကောင်းရုံနဲ့ ကိုလက်စထရောပါ ကောင်းတယ်လို့ မှန်းဆသလိုပါပဲ။ ပေ ၅၀ အနက်မှာ မြေသားကောင်းနေရုံဖြင့် ပေ ၈၀၊ ပေ ၁၀၀ တွင် မမြင်နိုင်သော အန္တရာယ်အလွှာ (ဥပမာ- Liquefiable Sand Layer) မရှိဟု အာမမခံနိုင်ပါ။ အပေါ်ယံမြေသားကောင်းပြီး အောက်ခြေမခိုင်သော အဆောက်အဦသည် ငလျင်ဒဏ်ကို ခံနိုင်မည်မဟုတ်ပါ။
၃။ ၅ ထပ်အောက် အိမ်တွေက Liquefaction စစ်စရာမလိုဘူးဆို?
"Site Response Analysis" ဆိုသည့် ရှုပ်ထွေးသော တွက်ချက်မှု လုပ်ရန်မလိုဟု ဆိုလိုခြင်းသာဖြစ်ပြီး၊ Liquefaction အန္တရာယ်ကို ထည့်စဉ်းစားရန် မလို ဟု ဆိုလိုခြင်း လုံးဝမဟုတ်ပါ။ အဆောက်အဦက ငလျင်ဒဏ်ခံနိုင်သည့်တိုင် အောက်ခံမြေကြီးက အရည်ဖြစ်ပြီး နစ်မြုပ်သွားပါက အလွယ်တကူ ပျက်စီးနိုင်ပါတယ်။Liquefaction ဖြစ်နိုင်ခြေ ရှိ/မရှိ ကို အကဲဖြတ်သည့် အခြေခံဆန်းစစ်မှု (Potential Analysis) ကိုတော့ မဖြစ်မနေ လုပ်ဆောင်ရပါမယ်။
၄။ ၁-၂ ထပ် အိမ်လေးတွေက Seismic Code လိုက်နာစရာမလိုဘူးဆို?
ဤခြွင်းချက်သည် Seismic Design Category (SDC) A, B, C ကဲ့သို့ ငလျင်အန္တရာယ် အလွန်နည်းသော ဒေသများအတွက်သာ ရည်ရွယ်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ စစ်ကိုင်း၊ မန္တလေးဒေသသည် မြန်မာနိုင်ငံ၏ အန္တရာယ်အကြီးဆုံး ငလျင်ဇုန် ဖြစ်ပြီး SDC D သို့မဟုတ် ထို့ထက် ပိုမိုမြင့်မားသော အဆင့်တွင် ရှိနေပါတယ်။ထို့ကြောင့် ဤခြွင်းချက်နှင့် လုံးဝမသက်ဆိုင်ဘဲ၊ ၁-၂ ထပ် အိမ်များပင်လျှင် ငလျင်ဒီဇိုင်းကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါတယ်။

ဒီဇိုင်းစည်းမျဉ်း (Code) များတွင်ပါသော ခြွင်းချက်များသည် အန္တရာယ်နည်းသော နေရာများအတွက်သာဖြစ်ပြီး၊ အင်ဂျင်နီယာတစ်ယောက်၏ တာဝန်မှာ Code ၏ အနိမ့်ဆုံးသတ်မှတ်ချက်ကို လိုက်နာရန်သာမဟုတ်ဘဲ၊ တကယ့်မြေနေရာ၏ အန္တရာယ်ကို သုံးသပ်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရန်ဖြစ်ပါတယ်။
Code က ခွင့်ပြုတယ် ဆိုတာ ဒီလိုလုပ်တာ ဘေးကင်းတယ် လို့ အဓိပ္ပာယ်မရပါဘူး။ ကားလမ်းမှာ တစ်နာရီ ကီလိုမီတာ ၁၀၀ မောင်းခွင့်ပြုထားပေမယ့်၊ မိုးသည်းပြီး လမ်းချော်နေရင် ၆၀ နဲ့ မောင်းခြင်းကသာ အန္တရာယ်ကင်းမှာပါ။

ထို့ကြောင့်၊ ငလျင်ဘေးမှ လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့ခိုင်မြဲသော အဆောက်အဦတစ်လုံးကို ပိုင်ဆိုင်လိုပါက အောက်ပါအတိုင်း စတင်သင့်ပါတယ်-
မြေစမ်းသပ်ခြင်းကို မဖြစ်မနေ ပြုလုပ်ပါ- အဆောက်အဦ၏ အရေးပါမှုအပေါ်မူတည်၍ သင့်တော်သည့် စမ်းသပ်မှုနည်းလမ်းကို ရွေးချယ်ပါ။
ကျွမ်းကျင်သော Geotechnical Engineer နှင့် တိုင်ပင်ပါ- ရရှိလာသော ရလဒ်များအပေါ်မူတည်၍ တိကျသော ဒီဇိုင်းဆိုင်ရာ သတ်မှတ်ချက်များကို ရယူပါ။
ကုန်ကျစရိတ်ကို မှန်ကန်စွာ ချမှတ်ပါ- မြေစမ်းသပ်ခသည် Over-design ကြောင့်ဖြစ်မည့် မလိုအပ်သော ကုန်ကျစရိတ် သို့မဟုတ် Under-design ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အသက်အန္တရာယ်နှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသော ရင်းနှီးမြှုပ်နှံမှုသာ ဖြစ်ပါတယ်။
နောက်ဆုံးအနေဖြင့် မြေစမ်းသပ်ခြင်းကို "ရှောင်လွှဲနိုင်သော ကုန်ကျစရိတ်" အဖြစ် မမြင်ဘဲ၊ မိမိနှင့် မိမိမိသားစု၏ အသက်အာမခံအတွက် "မရှိမဖြစ် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု" အဖြစ် သဘောထားကာ မဖြစ်မနေဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းအပ်ပါတယ်။

Credit to…….
Geotechnical Engineering Knowledge Center








ကျောင်းဖွင့်ချိန်အမှီ အပြီးအပ်နှံပေးခဲ့ပြီးကျောင်းသား.ကျောင်းသူတွေ အပြည့်နဲ့ လှပ အောင်မြင်နေတဲ့ 4 ထပ်ကျောင်းလေးပါ...❤️❤️...
16/07/2025

ကျောင်းဖွင့်ချိန်အမှီ အပြီးအပ်နှံပေးခဲ့ပြီးကျောင်းသား.ကျောင်းသူတွေ အပြည့်နဲ့ လှပ အောင်မြင်နေတဲ့ 4 ထပ်ကျောင်းလေးပါ...❤️❤️❤️

ကျောင်း founder ညီမရဲ့recommend တွေကြောင့် Clients အသစ်တွေလဲရလို့ MD Engineering & Construction အဖွဲ့သားတွေရဲ့ ကိုယ်စား ကျေးဇူးအထူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုပါတယ်နော်..
🙏🙏🙏

မြောက်ဒဂုံ ၃၇ ရပ်ကွက်ရဲ့ ၄၀.၆၀ မြေကွက်မှာ ၃ ထပ်ခွဲ RC Design လေးစတင်လုပ်ဆောင်နေပီ ဖြစ်ပါတယ်...မဆောက်ခင်ကတည်းက ဒီလိုစလုပ်...
12/07/2025

မြောက်ဒဂုံ ၃၇ ရပ်ကွက်ရဲ့ ၄၀.၆၀ မြေကွက်မှာ ၃ ထပ်ခွဲ RC Design လေးစတင်လုပ်ဆောင်နေပီ ဖြစ်ပါတယ်...

မဆောက်ခင်ကတည်းက ဒီလိုစလုပ်တော့ အစစ အရာရာ ကြိုတင်စဉ်းစားပီး အသေးအဖွဲကအစ ကုန်ကျစရိတ်ကအဆုံး အသေးစိတ် planning လုပ်လို့ရပါတယ်…
ဥပမာ.. Elder တွေအတွက် လှေကားတောက်လျောက်ကနေ စက်နဲ့တက်တဲ့ mini personal lift မျိုးလေးပါ ထည့်လို့ရအောင် စီစဉ်တာမျိုး။

Archi Design ( On going )
Structure
MEP

&

& (turnkey) Work
&







🙏🙏🙏"ဝါဆိုလပြည့်နေ့"🙏🙏🙏Full Moon of Waso, a day that marks the beginning of Buddhist Lent in Myanmar.မြန်မာသက္ကရာဇ် ၁၃၈၇ခ...
08/07/2025

🙏🙏🙏"ဝါဆိုလပြည့်နေ့"🙏🙏🙏
Full Moon of Waso, a day that marks the beginning of Buddhist Lent in Myanmar.

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သာသနာတော်နှစ် ၂၅၆၈၊ ခရစ်နှစ်၂၀၂၅ခုနှစ်။

ယနေ့ ဇူလိုင်လ (၉)ရက်နေ့သည်ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါသည်။

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို”

ဝါဆိုလပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသည့် ထူးခြားသော ဘာသာရေး မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်ပါသည်။

ဝါဆိုလပြည့် "ဓမ္မစကြာနေ့"တွင် ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ သီလဆောက်တည် ခြင်း၊ တရားဘာဝနာ ကျင့်ကြံအားထုတ်ခြင်း စသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပါစေကြောင်း MD Engineering & Construction မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏🙏🙏

MD Engineering က Plumbing System မှာ ဒီလိုမျိုး Tap တွေအတွက် ကြေးအရစ်ပါတဲ့ Connection တွေကိုပဲသုံးပါတယ်နော်...ဘာလို့လဲဆိ...
07/07/2025

MD Engineering က Plumbing System မှာ ဒီလိုမျိုး Tap တွေအတွက် ကြေးအရစ်ပါတဲ့
Connection တွေကိုပဲသုံးပါတယ်နော်...
ဘာလို့လဲဆိုတော့ အိမ်ရှင်တွေ ရေရှည်မှာ အဆင်ပြေစေဖို့အတွက်ပါ...
PVC အရစ်တွေကို သုံးရင်ဈေးချိုပါတယ်.. လတ်တလောနှစ်တွေမှာတော့ အဆင်ပြေပါတယ်... ဒါပေမဲ့ နောက်ပိုင်း ဖြုတ်တာ တပ်တာများလာရင် အရစ်တွေချော်ကုန်ပါလိမ့်မယ်...

ဒီလထဲမှာ အကြမ်းထည် တလုံးပီးမယ်..အချောထည် ဆက်ဝင်မယ်..ဒီလထဲမှာပဲ နောက်ထပ် အကြမ်းထည် တလုံး လုပ်ငန်းစပါမယ်.အချောထည် ဝင်လက်စ ...
05/07/2025

ဒီလထဲမှာ အကြမ်းထည် တလုံးပီးမယ်..
အချောထည် ဆက်ဝင်မယ်..

ဒီလထဲမှာပဲ နောက်ထပ် အကြမ်းထည် တလုံး လုပ်ငန်းစပါမယ်.

အချောထည် ဝင်လက်စ အလုံး ၃ လုံး မိုးကုန်ရင် အကုန်ပီးပါမယ်..

အိမ်ဆောက်ဖို့ အစီအစဉ်ရှိနေတဲ့ မိတ်ဆွေများ အနေဖြင့် မဖြစ်မနေ ကြိုတင်စဉ်းစားရမဲ့ အချက်အလက်များအိမ်ပုံစံ (သို့) Architectur...
14/06/2025

အိမ်ဆောက်ဖို့ အစီအစဉ်ရှိနေတဲ့ မိတ်ဆွေများ အနေဖြင့် မဖြစ်မနေ ကြိုတင်စဉ်းစားရမဲ့ အချက်အလက်များ

အိမ်ပုံစံ (သို့) Architecture Design

ဒီအပိုင်းမှာ အိမ်ရှင်တွေ အနေနဲ့ ကိုယ်ဘယ်လိုပုံစံလေး ကြိုက်တယ်ဆိုတာကို Facebook ပေါ်ကပုံလေးတွေ save ထားတာဖြစ်စေ.. Architect နဲ့အပ်ပီး ဆွဲထားတာပဲ ဖြစ်စေ .. ကိုယ့်ဖာသာ အကြမ်းလေးခြစ်ပီး လျာထားတာပဲ ဖြစ်စေ စသည်ဖြင့် ပြင်ဆင်ထားသင့်ပါတယ်..

လက်တွေ့အနေနဲ့လဲ နီးစပ်ရာ သူငယ်ချင်း မိတ်ဆွေတွေဆီမှာ မေးမြန်းကြတာ ရှိမှာဖြစ်သလို Facebook ပေါ်က ကြေငြာထားတဲ့ဆောက်ပီးသား အိမ်တွေရဲ့ ကုန်ကျစရိတ်ကို မေးမြန်းစုံစမ်းကြလေ့ရှိပါတယ်..

နောက်တခုက မဆောက်ခင် ကုန်ကျမဲ့ခန့်မှန်းခြေ ကုန်ကျစရိတ် တွက်ချက်ရာတွင် ယခုခေတ် ဆောက်လုပ်ရေးလောကမှာ တွင်တွယ်ကျယ်ကျယ် အသုံးပြုနေတဲ့ PAE ( Plinth Area Estimates) ဆိုတာနဲ့ဘယ်လိုတွက်ယူတယ်ဆိုတာကိုသေသေချာချာ နားလည်ထားဖို့ လိုပါမယ်..

20'x60' ရှိတဲ့ မြေကွက်တခုမှာ ဆောက်မဲ့ အဆောက်အဦးတခုနဲ့ နမူနာထားပီး စဉ်းစားထားရမဲ့ အကြောင်းအရာတွေနဲ့ ရှင်းပြရမယ်ဆိုရင်...

၁.ရှေ့လမ်းက အကျယ်လား? ပုံမှန်လား! ကျဉ်းနေလား!
၂.ခြံထဲမှာ ကား parking ထည့်ချင်လား? မထည့်ချင်ဘူးလား?
၃.ဘေးနှစ်ဘက်မြေအကျန်က ပုံမှန်တော့ ၁' ထားကြတယ်ဆိုတော့ ၁.၅' ပေထားချင်လား?
၄.နောက်ဖေးလမ်းကြားရှိလား?
၅.မိသားစုအလိုက် ကိုယ်တကယ်လိုအပ်မဲ့ အခန်းက ဘယ်လိုတွေလဲ?
၆.အဆောက်အဦးရဲ့ ကြမ်းခင်းlevel ကို ရှေ့လမ်းထက် ဘယ်နှစ်ပေလောက် မြှင့်ပီးဆောက်ချင်တာလဲ?
၇.တရားဝင် ဆောက်လုပ်ခွင့်ပါမစ်လျှောက်ပီးဆောက်ချင်တာလား? နားလည်မှုနဲ့ပဲ ဆောက်ချင်တာလား?
၈.မြေပိုင်ဆိုင်မှု စာရွက်စာတမ်းက မိတ္တူလား! မူရင်းလား?
၉.လက်ရှိမြေက ခြံစည်းရိုး အုတ်တံတိုင်းကာပီးသားလား ! မကာရသေးဘူးလား?
၁၀.ကိုယ့်ခြံရဲ့ အတိုင်းအတာပြည့်ရဲ့လား?

အပေါ်မှာရေးပြခဲ့တဲ့အကြောင်းအရာတွေက ဆောက်လုပ်ရေး ကန်ထရိုက်တာ တယောက်အနေနဲ့ ရေးထားတာမဟုတ်ပဲ ကိုယ်နေမဲ့အိမ်အတွက် က်ုယ်စဉ်းစားသလိုမျိုးတွေးပီး ရေးထားတာပါ...

အားလုံးအဆင်ပြေကြပါစေ 🙏🙏🙏

🌷🌷🌷 Client Review 🌷🌷🌷မြောက်ဒဂုံ ၃၆ ရပ်ကွက်. တောင်ထိပ်ပန်းလမ်းက ၃ ထပ် Residential အဆောက်အဦးလေးရဲ့ အိမ်ပိုင်ရှင်အမရဲ့ Revi...
13/06/2025

🌷🌷🌷 Client Review 🌷🌷🌷

မြောက်ဒဂုံ ၃၆ ရပ်ကွက်. တောင်ထိပ်ပန်းလမ်းက ၃ ထပ် Residential အဆောက်အဦးလေးရဲ့ အိမ်ပိုင်ရှင်အမရဲ့ Review လေးပါ..❤️❤️❤️

ကြိုးစားအားထုတ်ခဲ့ရသမျှ ပင်ပန်းခဲ့သမျှအမောတွေ အမရဲ့ review လေးကြောင့် အမောလဲပြေ. ဂုဏ်လဲယူရပါတယ်
နော်...
နောက်လဲ ဒီထက်မက ကောင်းသည် ထက် ကောင်းအောင် ဆက်လက်ကြိုးစားသွားပါဦးမယ်လို့ MD Engineering & Construction Co.,Ltd အဖွဲ့သားတွေက ကတိပြုပါတယ်...💪💪💪

ဒီအိမ်လေးကို တာဝန်ယူကြီးကြပ်ဆောက်လုပ်ခဲ့တဲ့ အင်ယာတွေနဲ့ အဖွဲ့သားတွေကိုလဲ ကျေးဇူးတင် ချီးကျူး ပါရစေနော်...😍😍😍

လေးစား တန်ဖိုးထား ချစ်ခင်ရပါသော MD Engineering & Construction ရဲ့ Customers များခင်ဗျာ.....ယ‌ နေ့ကျရောက်သော မြန်မာနှစ်ဆန...
17/04/2025

လေးစား တန်ဖိုးထား ချစ်ခင်ရပါသော MD Engineering & Construction ရဲ့ Customers များခင်ဗျာ.....

ယ‌ နေ့ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက် နှစ်သစ်ကူး အချိန်အခါသမယမှစတင်၍..... စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျမ်းမာခြင်းများ နှင့်ပြီးပြည့်စုံပြီး.....စီးပွါးလာဘ်လာဘများ ဒီရေအလားတိုးပွါးပါစေကြောင်း ကျွန်တော်တို့ MD Engineering & Construction မှ နှစ်သစ်ကူးဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ် 🙏🙏🙏...

တပေါင်းလပြည့်နေ့(ပြည်တော်ဝင် အခါတော်နေ့) အခါသမယမှာ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်အေးနဲ့ လိုလေသေးမရှိ ပြည့်စုံကြပါစေကြောင်း ...
13/03/2025

တပေါင်းလပြည့်နေ့(ပြည်တော်ဝင် အခါတော်နေ့) အခါသမယမှာ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်အေးနဲ့ လိုလေသေးမရှိ ပြည့်စုံကြပါစေကြောင်း MD Engineering & Construction မိသားစုမှ ဆုမွန်ကောင်းတောင်း မေတ္တာများ ပို့သလိုက်ပါတယ်ရှင်။

သင့်ခိုလှုံရာ၊ သင့်ယုံကြည်ရာ...
အစဉ်အမြဲ MD ပါ 🏡

Contact us:

☎️09 790 7900 90 (Customer များဆက်သွယ်ရန်)

☎️099 740 14 386 ( HR Viber only )

☎️09 50 688 48 (Supplier များ ဆက်သွယ်ရန်)

Address: No. 41B, Corner of Thakhin Ba Hein Street & Tun Thiri Street, Ward 30, North Dagon Township, Yangon.

&

& (turnkey) Work
&







🐍 Gong Xi Fa Cai 🧧ဒီနေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး (မြွေနှစ်) မှစပြီး လာဘ်လာဘများ ပေါကြွယ်ဝကြပါစေကြောင်း MD Engineeri...
29/01/2025

🐍 Gong Xi Fa Cai 🧧

ဒီနေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး (မြွေနှစ်) မှစပြီး လာဘ်လာဘများ ပေါကြွယ်ဝကြပါစေကြောင်း MD Engineering & Construction မိသားစုမှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ရပါတယ်ရှင်။

သင့်ခိုလှုံရာ၊ သင့်ယုံကြည်ရာ...
အစဉ်အမြဲ MD ပါ 🏡

Contact us:

☎️09 790 7900 90 (Customer များဆက်သွယ်ရန်)

☎️099 740 14 386 ( HR Viber only )

☎️09 50 688 48 (Supplier များ ဆက်သွယ်ရန်)

Address: No. 41B, Corner of Thakhin Ba Hein Street & Tun Thiri Street, Ward 30, North Dagon Township, Yangon.

&

& (turnkey) Work
&







ခိုင်ခံ့ရမယ်၊ လုံခြုံရမယ်၊ စိတ်ကျေနပ်မှုရှိစေရမယ်သူသူငှါငှါ တတ်သလောက် မှတ်သလောက်လေးတွေနဲ့ ဝမ်းရေးအခက်အခဲကို ဖြေရှင်းလာကြ...
20/01/2025

ခိုင်ခံ့ရမယ်၊ လုံခြုံရမယ်၊ စိတ်ကျေနပ်မှုရှိစေရမယ်

သူသူငှါငှါ တတ်သလောက် မှတ်သလောက်လေးတွေနဲ့ ဝမ်းရေးအခက်အခဲကို ဖြေရှင်းလာကြရတဲ့ ဒီခေတ်ကာလကြီးမှာ... ကိုယ်တာဝန်ယူပေးထားတဲ့ အလုပ်တခုကို သေချာလေး လုပ်ပေးလိုက်နိုင်တယ်ဆိုရင်ပဲ တစ်ဖက်လူ (Client/ Customer) များက စိတ်ကျေနပ်ကြမှာ အမှန်ပါပဲ။

𝐌𝐃 ကလည်း စေတနာကောင်းရင် ကံကောင်းမယ်ဆိုတဲ့ စကားကို လက်ကိုင်ထားတာမို့၊ ဘာလေးပဲ လုပ်ပေးရ လုပ်ပေးရ စေတနာကို ရှေ့ထားပြီး ဆောင်ရွက်ပေးဖြစ်ပါတယ်။ ကျွန်မတို့ တာဝန်ယူ တည်ဆောက်ပေးခဲ့တဲ့ Project တွေမှာနေထိုင်ကြမယ့် Client များကလည်း အဲ့ဒီ့စေတနာတွေနဲ့အတူ လုံခြုံလှပတဲ့ ခံစားချက်တွေကိုလည်း ရရှိခံစားကြရမှာပါ။

အဲ့ဒါကြောင့် 𝐌𝐃 နဲ့ အိမ်ဆောက်ပြီးသွားရင် ဘာတွေလိုနေလဲ၊ ဘာ ဟာကွက်ရှိ‌နေလဲဆိုတာ မရှာပါနဲ့။ မတွေ့တဲ့အပြင် မောရုံသာ ရှိပါလိမ့်မယ်။ ဘယ်အကွက်တွေကို ပိုလုပ်ပေးထားလဲဆိုတာက်ို ရှာကြည့်ကြရင်တော့ တွေ့ကြမှာပါလို့ပဲ ပြောလိုက်ပါရစေ။

နောက်ထပ် စကားလက်ဆောင်လေးတစ်ခွန်း ပါးလိုက်ချင်တာကတော့ ... သင်တို့ရဲ့ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေဟာ 𝐌𝐃 ရဲ့ ဦးစားပေးပါပဲရှင်။

သင့်ခိုလှုံရာ၊ သင့်ယုံကြည်ရာ...
အစဉ်အမြဲ MD ပါ 🏡

Contact us:

☎️09 790 7900 90 (Customer များဆက်သွယ်ရန်)

☎️099 740 14 386 ( HR Viber only )

☎️09 50 688 48 (Supplier များ ဆက်သွယ်ရန်)

Address: No. 41B, Corner of Thakhin Ba Hein Street & Tun Thiri Street, Ward 30, North Dagon Township, Yangon.

&

& (turnkey) Work
&







Address

Singapore

Opening Hours

Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00

Telephone

+959790790090

Alerts

Be the first to know and let us send you an email when MD Engineering & Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MD Engineering & Construction Co.,Ltd:

Share