MM Tech Help မင်္ဂလာပါ

World App က ရထားတဲ့ Worldcoin (WLD) များ လာရောင်းလို့ ရပါတယ် MMK or THB နဲ့ ရှင်းပေးပါမယ် m.me/mmtechhelpt.me/mmtechhelp
21/07/2025

World App က ရထားတဲ့ Worldcoin (WLD) များ လာရောင်းလို့ ရပါတယ်

MMK or THB နဲ့ ရှင်းပေးပါမယ်

m.me/mmtechhelp
t.me/mmtechhelp

21/07/2025

Messenger မှာ Chatbot setup လုပ်ရင်း error တက် တိုင်ပတ်သွားလို့ စာပြန်တာတွေ နောက်ကျသွားတာ sorry ပါခင်ဗျ 🙏

VPN ကြောင့် စိတ်ညစ်မခံပါနဲ့ ချိတ်ဆက်ရတာ လွယ်ကူမြန်ဆန်ပြီး လိုင်းဆွဲအားကောင်းတဲ့ Premium Outline VPN  ကို ၁ လ  ၃၀၀၀ ကျပ်တ...
18/07/2025

VPN ကြောင့် စိတ်ညစ်မခံပါနဲ့

ချိတ်ဆက်ရတာ လွယ်ကူမြန်ဆန်ပြီး လိုင်းဆွဲအားကောင်းတဲ့
Premium Outline VPN ကို
၁ လ ၃၀၀၀ ကျပ်တည်းနဲ့ သုံးကြည့်လိုက်ပါ။

📲1 device 🛜 unlimited data

1 month - 3000 Ks

3 moths - 8000 Ks

6 months - 15000 Ks............

ကျနော်တို့ရဲ့ Outline Server ဟာ

Thai VPS Server ဖြစ်တဲ့အတွက်

🛜 ချိတ်ဆက်ရလွယ်ကူ မြန်ဆန်ခြင်း

🛜 လိုင်းဆွဲအားကောင်းမွန်ခြင်း

🛜 Unlimited data စိတ်ကြိုက်သုံးနိုင်ခြင်း

🛜 Static IP, location တစ်ခုတည်း ဖြစ်တဲ့အတွက်

IP address (Location) များ ပြောင်းလဲခြင်း ကြောင့် ဖြစ်လေ့ရှိတဲ့ Facebook Account များ locked/disabled ကျခြင်း၊
FB Page နဲ့ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်များအတွက် ads account များ disabled ကျခြင်း စတဲ့ပြဿနာများ ကင်းဝေးခြင်း

🛜 Thai Server ဖြစ်တဲ့အတွက် FB Monetization ဖြင့် ငွေရှာမယ့် ပြည်တွင်းက Digital creator များအတွက်လည်း Thai Primary Location အတွက် သုံးဖို့ သင့်တော်ပါတယ်။

အစမ်း key အရင်ယူပြီး စမ်းသုံးကြည့် နိုင်ပါတယ်

ဝယ်ယူရန် ...

m.me/mmtechhelp

Viber 09 768660298 သို့ ဆက်သွယ် ဝယ်ယူ နိုင်ပါတယ်။

Customer တယောက်အပ်ထားတဲ့ YouTube channel အတွက် Adsense PIN စာအိတ်လေး နှစ်ပတ်ကျော် အကြာမှာ ရောက်လာခဲ့ပါပြီ  📩
11/07/2025

Customer တယောက်အပ်ထားတဲ့
YouTube channel အတွက် Adsense PIN စာအိတ်လေး နှစ်ပတ်ကျော် အကြာမှာ ရောက်လာခဲ့ပါပြီ 📩

သမ္မတ ဒေါ်နယ်ထရမ့်ပ်က TikTok ကို ဝယ်ယူဖို့အတွက် "အရမ်းချမ်းသာတဲ့ လူတစ်စု" ရှိနေပြီဖြစ်ပြီး နှစ်ပတ်အတွင်း အသေးစိတ်ကို ထုတ...
30/06/2025

သမ္မတ ဒေါ်နယ်ထရမ့်ပ်က TikTok ကို ဝယ်ယူဖို့အတွက် "အရမ်းချမ်းသာတဲ့ လူတစ်စု" ရှိနေပြီဖြစ်ပြီး နှစ်ပတ်အတွင်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ကွန်ဂရက်လွှတ်တော်က ပြီးခဲ့တဲ့နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ TikTok ရဲ့ ပိုင်ရှင်ဖြစ်တဲ့ တရုတ်ကုမ္ပဏီ ByteDance ဟာ အမေရိကန်မှာ ဆက်လက်လည်ပတ်လိုရင် TikTok ရဲ့ အမေရိကန်လုပ်ငန်းတွေကို ရောင်းချရမှာဖြစ်ပါတယ်။

ဒီဥပဒေကို ပြဋ္ဌာန်းရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အမေရိကန်အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဟာ တရုတ်အစိုးရရဲ့ လက်ထဲကို ရောက်ရှိသွားနိုင်တယ်ဆိုတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ဖြစ်ပါတယ်။ ByteDance ကတော့ ဒီစွပ်စွဲချက်တွေကို အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။

ဥပဒေအရ TikTok ရောင်းချဖို့အတွက် ပထမသတ်မှတ်ရက်ဟာ ဇန်နဝါရီ ၁၉၊ ၂၀၂၅ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ သမ္မတ ထရမ့်ပ်က ဇွန်လ ၁၉ ရက်နေ့မှာ အမိန့်ကြေညာချက်ထုတ်ပြန်ပြီး ဒီသတ်မှတ်ရက်ကို စက်တင်ဘာ ၁၇၊ ၂၀၂၅ အထိ တတိယအကြိမ်မြောက် ထပ်မံရွှေ့ဆိုင်းပေးခဲ့ပါတယ်။

သမ္မတ ထရမ့်ပ်ရဲ့ ပြောကြားချက်အရ ဝယ်ယူမယ့်သူတွေက "အရမ်းချမ်းသာတဲ့ လူတစ်စု" ဖြစ်ပြီး အမေရိကန်လုပ်ငန်းတွေကို ဝယ်ယူဖို့ သဘောတူထားပြီးဖြစ်ပါတယ်။ဒီအရောင်းအဝယ်အတွက် တရုတ်အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်နိုင်ဖွယ်ရှိကြောင်းကိုလည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတ ထရမ့်ပ်က Fox News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ ဝယ်ယူမယ့်သူတွေရဲ့ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး

Credit: DVB

Outline VPN - Free keySG Server June 18 Expired comment တွင် ယူပါ
16/06/2025

Outline VPN - Free key

SG Server
June 18 Expired

comment တွင် ယူပါ

10 Mbps (Unlimited)၁၅ ရက် - ၅၀ ဘတ်Message ဝင်တဲ့သူ ဝယ်လို့ ရပါမယ်။
13/06/2025

10 Mbps (Unlimited)

၁၅ ရက် - ၅၀ ဘတ်

Message ဝင်တဲ့သူ ဝယ်လို့ ရပါမယ်။



Facebook နဲ့ Messenger ပေါ်တွင် Zawgyi - Unicode  အလိုအလျောက် ပြောင်းလဲပေးမှုကို ရပ်တန့်တော့မည် ဖြစ်ကြောင်း  Meta ကြေညာ+...
13/06/2025

Facebook နဲ့ Messenger ပေါ်တွင် Zawgyi - Unicode အလိုအလျောက် ပြောင်းလဲပေးမှုကို ရပ်တန့်တော့မည် ဖြစ်ကြောင်း Meta ကြေညာ

++++++++++++++++++++++++++++++++

Facebook နဲ့ Messenger ပေါ်တွင် မြန်မာဘာသာအသုံးပြုသူများအတွက် အသိပေးကြေညာချက်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ စတင်ပြီး မြန်မာဘာသာ (ယူနီကုတ်) နှင့် မြန်မာဘာသာ (ဇော်ဂျီ) တို့အကြား အလိုအလျောက် စာသား ပြောင်းလဲခြင်းကို Facebook တွင် မြင်တွေ့ရတော့မည် မဟုတ်ပါကြောင်း အသိပေးလိုပါတယ်။

ဆိုလိုသည်မှာ သင့်ဖုန်းတွင်ထည့်သွင်းထားသော ဘာသာစကားဆက်တင်ကို မြန်မာဘာသာ (‌‌ဇော်ဂျီ) ဟု သတ်မှတ်ထားဆဲဖြစ်ပြီး မြန်မာဘာသာ (ယူနီကုတ်) ကို မပြောင်းလဲထားပါက၊ သင်သည်

- သင့် Facebook စာမျက်နှာမှာရှိတဲ့ အကြောင်းအရာအပြည့်အစုံကို ဖတ်ရှုလို့ မရနိုင်တာ ဖြစ်နိုင်ပါတယ်။

- သင်တင်ထားတဲ့ပိုစ်တွေကလည်း အခြားသူတွေမှာ မှန်မှန်ကန်ကန် မပေါ်နိုင်တာ ဖြစ်နိုင်ပါတယ်။

- မြန်မာဘာသာ (ဇော်ဂျီ) နဲ့ ထည့်သွင်းထားတဲ့ အကောင့်အမည်ကလည်း မှန်ကန်စွာ မပေါ်နိုင်တာ ရှိနိုင်ပါတယ်။

သင့်ရဲ့ Facebook အသုံးပြုမှုအတွေ့အကြုံကို အဆင်ပြေလွယ်ကူ ချောမွေ့စေရန်အတွက်၊ သင့်ဖုန်းရဲ့ ဘာသာစကားဆက်တင်ကို မြန်မာဘာသာ (ယူနီကုတ်) သို့ ယခုပဲ ပြောင်းလဲအသုံးပြုဖို့ အကြံပြုပေးချင်ပါတယ်။

သင့်သူငယ်ချင်းများနှင့် မိသားစုဝင်များရဲ့ ဖုန်းများမှာလည်း ဘာသာစကားဆက်တင်ကို ပြင်ဆင်ဖို့ သတိပေးလိုက်ပါတယ်နော်။

သင့်ရဲ့ဖုန်းတွင် မြန်မာဘာသာ (ယူနီကုတ်) သို့ မည်သို့ပြောင်းလဲရမလဲဆိုတာနဲ့ ပတ်သက်ပြီး သိရှိရန်နှင့် သင့်ရဲ့ Facebook အကောင့်အမည်ကို ပြောင်းလဲရန် ယခုဖော်ပြထားတဲ့ Help Center ဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ -

https://www.facebook.com/help/1824022561788685

အဖြစ်က အဲဒီလို
10/06/2025

အဖြစ်က အဲဒီလို

Elon Musk ရဲ့ ဂြိုဟ်တု အင်တာနက် ဝန်ဆောင်မှုဖြစ်တဲ့ Starlink ဟာ အိန္ဒိယဈေးကွက်ကို စတင်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး အလွန်သက်...
10/06/2025

Elon Musk ရဲ့ ဂြိုဟ်တု အင်တာနက် ဝန်ဆောင်မှုဖြစ်တဲ့ Starlink ဟာ အိန္ဒိယဈေးကွက်ကို စတင်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး အလွန်သက်သာတဲ့ စျေးနဲ့ ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်

Starlink ဟာကမ္ဘာ့ပတ်လမ်းနိမ့် (LEO) ဂြိုဟ်တုတွေကို အသုံးပြုပြီး မြန်နှုန်းမြင့် အင်တာနက်ကို ပေးနေတာဖြစ်တာကြောင့် အိန္ဒိယလို ကျယ်ပြန့်တဲ့ ပထဝီဝင် အနေအထားနဲ့ အင်တာနက် ဝန်ဆောင်မှု လုံလောက်စွာမရသေးတဲ့ ဒေသတွေ များတဲ့ နိုင်ငံအနေနဲ့ Starlink ရဲ့ နည်းပညာဟာ ကျေးလက်နဲ့
ဝေးလံခေါင်သီတဲ့ ဒေသတွေ အတွက် အင်တာနက်သုံးစွဲမှုဆိုင်ရာ ပြောင်းလဲမှုတခုကို ယူဆောင်ပေးနိုင်စွမ်း ရှိပါတယ်။

Starlink အနေနဲ့ အိန္ဒိယရဲ့ တယ်လီကွန်မြူနီကေးရှင်းဌာန (DoT) ကနေ နိုင်ငံအတွင်းမှာ လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ကနဦးခွင့်ပြုချက်ကို ရရှိထားပြီဖြစ်ပြီး လုပ်ငန်းစတင် လည်ပတ်ဖို့ နီးစပ်လာပြီဖြစ်ပါတယ်။

သတင်းတွေအရ Starlinl ဟာ 600 Gbps ကနေ 700 Gbps အထိ Bandwidth နဲ့ ကနဦး လုပ်ငန်းစတင်မှာဖြစ်ပြီး အသုံးပြုသု ၃ သောင်းကနေ ၅ သောင်းဝန်းကျင်ထိ ဝန်ဆောင်မှုပေးသွားမယ်လို့သိရပါတယ်။

၂၀၂၇ လောက်မှာတော့ 3 Tbps Bandwidth အထိ တိုးချဲ့သွားမယ်လို့ သိရပါတယ်။

ဈေးနှုန်းတွေအနေနဲ့ တလကို $10 ဝန်းကျင် ကနေ စတင်မှာဖြစ်ပြီး လက်ရှိ တခြားဒေသတွေက စျေးနှုန်းတွေနဲ့ ယှဉ်ရင် အများကြီး သက်သာနေပါတယ်။

ကမ္ဘာတစ်ဝန်းမှာ Starlink ရဲ့ စျေးနှုန်းဟာ $250 ကနေ $380 အထိ ရှိပါတယ်။ အိန္ဒိယက သုံးစွဲသူတွေအနေနဲ့ Starlink ကို တစ်လကို $10 နဲ့ ရရှိနိုင်တာဟာ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှု မရှိတဲ့ ဒေသ တွေက သုံးစွဲသူတွေအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ အိမ်နီးချင်း ကျနော်တို့မြန်မာနိုင်ငံအနေနဲ့လည်း ဂြိုလ်တုအင်တာနက်ကို အခုလို ဈေးသက်သက်သာသာနဲ့ သုံးနိုင်မယ်ဆိုရင် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသ‌တွေအတွက် အတော်လေး အဆင်ပြေမှာ ဖြစ်ပါတယ်။

ที่อยู่

Bangkok

เวลาทำการ

จันทร์ 08:00 - 23:00
อังคาร 08:00 - 23:00
พุธ 08:00 - 23:00
พฤหัสบดี 08:00 - 23:00
ศุกร์ 08:00 - 23:00
เสาร์ 08:00 - 23:00
อาทิตย์ 08:00 - 23:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MM Tech Helpผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง MM Tech Help:

แชร์