21/03/2025
လူငယ်တွေမှာ ဒီပြဿနာ ခဏခဏကြုံရတယ်။
ကိုယ်ခြေအနေက ဘာမှမဟုတ်ပဲနဲ့ မိသားစုကိုပဲ အရမ်းထောက်ပံ့သင့်ရဲ့လားဆိုပြီး ခဏခဏတွေဝေရတယ်။
ကိုယ်က ညောင်စေ့လောက်ပဲ ဖြစ်နေချိန်မှာ ညောင်ပင်ကြီးလောက် အထောက်အကူမဖြစ်စေတာကြောင့်
မထောက်ပံ့ပါနဲ့လို့ ပြောရင်လည်း အစွန်းရောက်တယ် ဖြစ်အုံးမယ်။
ထောက်ပံ့ပါလို့ ပြောရင်လည်း တိုးတက်မှုတွေ နောက်ကျကာ လုံးပါးပါးသွားနိုင်တယ်။
ပြောရတာ နည်းနည်းခက်ပေမဲ့ ကျနော်ကတော့ ဒီလိုလုပ်စေချင်တယ်။
အကယ်၍ အိမ်ကို ထောက်ပံမယ်ဆိုရင် ဖြစ်သွားမဲ့ အိမ်အတွက် အကျိုးအမြတ် နှင့် မိမိမှာဖြစ်သွားနိုင်မဲ့ ဆုံးရှုံးမှုကို ယှဥ်ကြည့်စေချင်တယ်။
မိမိအတွက် ၁လ လောက် တိုးတက်မှုနှောင့်နှေးခံပြီး ထောက်ပံ့လိုက်တဲ့ ငွေက အိမ်အတွက် ၆လလောက် အထောက်အပံ့ ဖြစ်သွားစေတယ်။
သူတို့အတွက် ၆လ လောက် ရှေ့ကိုကြိုရောက်သွားတယ်။
ဒီလို အခြေအနေမှာဆို ထောက်ပံ့ဖို့ ကျနော်အားပေးပါတယ်။
မိမိရဲ့ တိုးတက်မှုလမ်းကြောင်းအတွက် ၁ နှစ်လောက် နောက်ကျခံပြီး ထောက်ပံ့လိုက်ပေမဲ့ အိမ်အတွက်က
၂လ လောက်တောင် အထောက်အပံ့မဖြစ်စေဘူး။
သားလိမ္မာလို့ ကိုယ်မှာ သတ်မှတ်ခံလိုက်ရတာကလွဲရင်
တကယ် အကူအညီ မဖြစ်သွားဘူးစေရင် ကျနော်ကတော့ မထောက်ပံ့စေချင်ပါဘူး။
ငွေပမာဏချင်း တူရင်တောင် တန်ဖိုးချင်းမတူပါဘူး။
အချို့သူတွေအတွက် ၄ သိန်း / ၅ သိန်းက မုန့်ဖိုးလောက်ရှိနေချိန်မှာ
အချို့သူတွေအတွက် ဒါဟာ ၃ လစာ မိသားစုအသုံးစရိတ်ဖြစ်တယ်။
ဒါကြောင့် အိမ်ကိုထောက်ပံ့သင့်ရဲ့လား တွေဝေနေတယ်ဆိုရင် သင့်မိသားစု အကြောင်းကို ကျနော်ထက် သင်က ပိုသိမှာပါ။
သင်က တစ်လ ၁၀ သိန်း ဝင်ငွေရှိလို့ အိမ်ကို ၅ သိန်းထောက်ပံ့မယ်လို့ တွေးထားတယ်ဆိုရင်
သင့်ရဲ့အိမ်က အဲ့ဒီငွေ ၅သိန်းဖြင့် ဘယ်လောက်အထိ အထောက်အကူ ဖြစ်သွားနိုင်လဲ။
အဲ့ဒီငွေကို အိမ်က ဘယ်လိုနေရာတွေမှာ သုံးမှာလဲ ။
သူတို့တကယ် လိုအပ်ရဲ့လား။
သင့်အခြေအနေကကော အခုဘယ်နေမှာ ရှိနေလဲ။
ထောက်ပံ့လိုက်မယ်ဆိုရင် အိမ်အတွက်ဖြစ်လာနိုင်သော အကျိုးအမြတ်နှင့် သင့်တွင်ဖြစ်သွားနိုင်သော ဆုံးရှုံးမှုကို
နှိင်းယှဥ်ချိန်ဆပြီး
မိသားစုကို ထောက်ပံ့သင့်ရဲ့လား ဆိုတာကို ဆုံးဖြတ်လို့ ရပါတယ်။