08/09/2025
မိတ်ဆွေများ အားလုံး မဂ်လာပါလို့ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။
ယနေ့ အသိပေး မျှဝေလိုတဲ့ အကြောင်းလေး ကတော့ ပုံမှာမြင်တွေ့ရတဲ့ အတိုင်း စက်အတွင်းပိုင်း မျက်နှာပြင်တစ်ခုလုံး ရေခဲများဖုံးလွှမ်း သွားခြင်း အကြာင်းဖြစ်ပါတယ်။
မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို ပြောရမည်ဆိုပါ က လျှပ်စစ် Circuit Error ကြောင့်ဟု သုံးသပ်၍ရပါသည်။
ကျွန်တော်တို့ နေ့စဥ်အသုံးပြုနေ သော လက်ကိုင်ဖုန်းများနှင့် လက်ပ်တော့ / ကွန်ပြူတာ များ အသုံးပြုနေစဥ်အတွင်း ရုတ်တစ်ရက် ဆက်၍ အသုံးပြု မရတော့ ပဲ လက်ရှိပေါ်နေသော screen တွင်သာ ရပ်နေ ခြင်း မိတ်ဆွေများ ကြုံဖူး ကြမည်ထင်ပါသည်။
ထိုကဲ့သို့ ပင် circuit များ အသုံးပြုနေ သောပစ္စည်းတိုင်း နှစ်ကာလ ကြာလာသည်နှင့်အမျှ ယခုကဲ့သို့ပင် အများအားဖြင့် ကြုံတွေရမည်မှာ မလွဲမသွေပင်ဖြစ်သည်။
စက်အတွင်းပိုင်းရှိ components များတစ်ခုစီတိုင်းတွင် error or hang ခြင်းများဖြစ်ပေါ်နိုင်ပါသည်။
စက်တိုင်းကြုံတွေ့ရမည် ဟုမဆိုလိုပါ။
အကြံပြုခြင်း။ ။ ယခုကဲ့သို့ဖြစ်ပေါ်လာပါက ကျွမ်းကျင် ပညာရှင်တစ်ဦး အချိန်မီ မရောက်လာမီ စပ်ကြား မည်သို့လုပ်ဆောင်နိုင်သည်ကိုတင်ပြပေးပါမည်။
အထက်ပါဖြစ်ရပ်မျိုးတွင် စက်အား remote ဖြင့် စက်အား ပိတ်သော်လည်း အတွင်းပိုင်းရှိစက် ( Indoor unit)သာ ရပ်သွားပြီး အပြင်ပိုင်းရှိစက် ( outdoor unit) မှာ ရပ်မသွားပဲ ဆက်လက်လည်နေ ပါက စက်နှင့် အနီး တွင် Breaker အမဲရောင်များ တပ် ဆင်ထားလေ့ရှိပါသည်။
ထိုကဲ့သို့ Breaker များတပ်ဆင်ထားခြင်းမရှိပါက တစ်အိမ်လုံး အတွက် ထိမ်းခြုပ်ထားသော DB(Distribution Board) အတွင်းရှိ အဆိုပါ Air Con နှင့်သက်ဆိုင်သည့် breaker အား ပိတ်ခြင်း/ ဖြတ်တောက်( Isolate )ခြင်းအားဖြင့်လည်း ယာယီ ဆောင်ရွက်နိုင်ပါသည်။
Air Con ကိစ္စများနှင့်ပက်သက်၍ လိုအပ်ပါ က ကျွန်တော်တို့ Chiang Mai Aircon Service ကို ဆက်သွယ် အလုပ်အပ်နှံနိုင်ပါ ကြောင်း အသိပေးအပ် ပါသည် ခင်ဗျား။
အိမ်သုံး Dish Wash Basin pipe blockage များလည်း ဆောင်ရွက်ပေးပါသည်။