M Company

M Company Construction company

“အာဇာနည်နေ့ တို့မမေ့”၂၀၂၂ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့ သည် (၇၅)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပါသည်။ကျဆုံးသွားသော ဗိုလ်ချုပ်အောင...
19/07/2022

“အာဇာနည်နေ့ တို့မမေ့”

၂၀၂၂ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့ သည် (၇၅)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပါသည်။

ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဦးညွှတ် ဂါရဝပြုအပ်ပါသည်။

🙏ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)🙏12.07.2022 ရက်နေ့တွင်ကျရောက်သော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ခုနှစ်ရက်သားသမီး...
11/07/2022

🙏ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)🙏

12.07.2022 ရက်နေ့တွင်ကျရောက်သော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ခုနှစ်ရက်သားသမီးများအားလုံး ကောင်းမှုကုသိုလ်ပွါးများပြီး ကိုယ်စိတ်နှလုံး အေးချမ်းသာယာ၍ ကျန်းမာပျော်ရွှင်ကြပါစေကြောင်း မင်းဓမ္မကုမ္ပဏီမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျ။

15/03/2022
31/12/2021

✨နှစ်သစ်ဆုတောင်း ✨

(၂၀၂၁) ခုနှစ် နှစ်ဟောင်းကိုလွန်မြောက်လို့ ...
(၂၀၂၂) ခုနှစ် နှစ်သစ်ကို‌ရောက်လာတဲ့အချိန်မှာ ...
မြန်မာပြည်သူ/သားများအားလုံးနှင့် ကျွန်တော်တို့မင်းဓမ္မကုမ္ပဏီ၏ မိတ်ဟောင်းမိတ်သစ်များအားလုံး ...
အခက်အခဲများလွန်မြောက်၍ ကောင်းမွန်တဲ့နှစ်သစ်တစ်နှစ်ကိုဖြတ်သန်းနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Mottama Trading Co., Ltd. မှ အရည်အသွေးကောင်းမွန်သော 𝗚𝗜 𝗖𝗼𝗶𝗹 (သို့) 𝗚𝗮𝗹𝘃𝗮𝗻𝗶𝘇𝗲𝗱 𝗜𝗿𝗼𝗻 𝗖𝗼𝗶𝗹 များကို စျေးနှုန်းမှန်ကန်စွာဖြင်...
03/02/2021

Mottama Trading Co., Ltd. မှ အရည်အသွေးကောင်းမွန်သော 𝗚𝗜 𝗖𝗼𝗶𝗹 (သို့) 𝗚𝗮𝗹𝘃𝗮𝗻𝗶𝘇𝗲𝗱 𝗜𝗿𝗼𝗻 𝗖𝗼𝗶𝗹 များကို စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးလျက်ရှိပါသည်။

Size
------------------
Thickness
▪️ 0.5 mm
▪️ 0.6 mm
▪️ 0.7 mm
▪️ 0.8 mm
▪️ 0.9 mm
▪️ 1.0 mm
▪️ 1.1 mm
▪️ 1.2 mm
▪️ 1.8 mm
▪️ 2.0 mm
▪️ 2.3 mm
▪️ 2.5 mm
▪️ 3 mm
▪️ 3.2 mm

Width
▪️ 1219 mm
-----------------------------------

ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက...
Project Developer များနှင့် ကန်ထရိုက်တာများ
===============================
• Ph: 01 - 618739, 01 - 618135
• Mottama Trading Facebook Messenger (m.me/mottama.trading)
တစ်ဆင့်ပြန်လည်ရောင်းချလိုသည့် စီးပွားရေးလုပ်ငန်းရှင်များ
=======================================
• Ph: 01 - 618432
• Mottama Trading Facebook Messenger (m.me/mottama.trading)
ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးဝယ်ယူလိုသည့် customer များအနေဖြင့်လည်း ...
အမှတ်(၁၀၆)၊ ဘုရင့်နောင်လမ်း၊ စက်မှုဇုန် (၄)၊ ရွှေပြည်သာမြို့နယ် သို့ ရုံးချိန်အတွင်း လာရောက်ကြည့်ရှုဝယ်ယူနိုင်ပါသည်။
Google Map >> https://g.page/mottama-trading?share
-----------------------------------
Mottama Trading Co., Ltd. ကို ရွေးချယ်သင့်သည့်အကြောင်းရင်းများ
==============================================
✅ ပစ္စည်းအရည်အသွေးမှန်ကန်ကောင်းမွန်ခြင်း
✅ ထုတ်လုပ်သောစက်ရုံမှပေးအပ်သော Original Mill Test Certificate များနှင့်တကွ ရောင်းချခြင်း
✅ တိကျသေချာမြန်ဆန်သော အရောင်းဝန်ထမ်းများရှိခြင်း
✅ ဝယ်ယူသူစိတ်တိုင်းကျ ဝန်ဆောင်မှုပေးခြင်း
✅ မြန်မာနိုင်ငံရှိ နာမည်အကြီးဆုံး ထိပ်တန်း ပြည်တွင်းပြည်ပ ပရောဂျက်ကြီးများကို ဝန်ဆောင်မှုပေးနေခြင်း
✅ ဆောက်လုပ်ရေးလောကတွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ခိုင်မာစွာရပ်တည်နေနိုင်ခြင်း
-----------------------------------
Mottama Trading Co., Ltd.
Ph: 01 - 618739, 01 - 618135 (Project Sales)
Ph: 01 - 618432 (Wholesale Sales)
Email: [email protected]
Address: No. 106, Bayintnaung Road, Industrial Zone (4), Shwe Pyi Thar Tsp, Yangon

𝗚𝗜 ရဲ့ အရှည်ကောက်ကတော့ 𝗚𝗮𝗹𝘃𝗮𝗻𝗶𝘇𝗲𝗱 𝗜𝗿𝗼𝗻 ဖြစ်ပြီး သံ (သို့မဟုတ်) Steel ကို သံချေးမတက်အောင် သွပ်ရည် (Zinc Coating) တစ်လွှာထ...
27/01/2021

𝗚𝗜 ရဲ့ အရှည်ကောက်ကတော့ 𝗚𝗮𝗹𝘃𝗮𝗻𝗶𝘇𝗲𝗱 𝗜𝗿𝗼𝗻 ဖြစ်ပြီး သံ (သို့မဟုတ်) Steel ကို သံချေးမတက်အောင် သွပ်ရည် (Zinc Coating) တစ်လွှာထပ်အုပ်ထားတဲ့ မည်သည့် Steel (သို့မဟုတ်) Iron ကိုမဆို Galvanized Iron, Galvanized Steel လို့ ခေါ်ကြပါတယ်။ ဒီနေရာမှာ Galvanizing Process ဆိုတာ Hot-dipped Galvanizing Process နဲ့ Coating Layer အထူဖန်တီးတာကိုဆိုလိုတာဖြစ်ပြီးတော့ မော်တော်ကားဘော်ဒီလို Zinc Coating Layer အပါးအုပ်ပြီး အပေါ်ကဆေးထပ်သုတ်ဖို့လိုတဲ့အခါမျိုးမှာတော့ Electrogalvanizing နည်းသုံးပါတယ်။ လျှပ်စစ်စီးကူးစေပြီး Silver coating တို့ Platinum coating တို့ ဖန်တီးတာကိုတော့ Electroplating လို့ခေါ်ပါတယ်။

❗️Galvanized လုပ်ထားမှန်းဘယ်လိုသိနိုင်လဲ❓
********************************************
Galvanized လုပ်ထားတဲ့မျက်နှာပြင်ဟာ ....
၁။ သွပ်အရောင် (ငွေမျှင်ရောင်) ဖြစ်နေပါမယ်။
၂။ အမျိုးအစားအရ (၂) မျိုးရှိပြီး (စျေးကွက်အခေါ် အမှိန်) အကွက်မပါတဲ့ဗြောင်မျက်နှာပြင် နဲ့ (စျေးကွက်အခေါ်အဗြောင်) အကွက်အကွက်မျက်နှာပြင်ဆိုပြီးနှစ်မျိုးနှစ်စားရှိပါတယ်။

❗️ဘာလို့ Glavanized လုပ်ရတာလဲ❓
***********************************
အဓိက Galvanizing လုပ်ရခြင်းရည်ရွယ်ချက်ကတော့ -
(၁) Iron သို့မဟုတ် Steel ကို သံချေးမတက်အောင် နှင့်
(၂) အကြောင်းအမျိုးမျိုးကြောင့် Zinc Coating လွှာပျက်စီးသွားရင်တောင် Sacrificial Anode အဖြစ် ဆောင်ရွက်ပေးပြီး အောက်ခံသံသားကို ဆက်လက်ကာကွယ်ပေးပါတယ်။ (Electrochemical Series အရ သွပ်က သံထပ် Oxidizability (အီလက်ထရွန်ထုတ်ပြီးဓာတ်ပြုနိုင်စွမ်း) ပိုများပါတယ်။ ဒါကြောင့် သံက Oxidized ဖြစ်ပြီးသံချေးတက်မယ့်အစား Zinc Oxide ဖြစ်ပြီး သံချေးတက်ခြင်းမှ ကာကွယ်ပေးပါတယ်။)*

-----------------------------------
Mottama Trading Co., Ltd. မှ လူကြီးမင်းတို့လိုအပ်သော ဆောက်လုပ်ရေးဆိုင်ရာ Steel Material များကို တင်သွင်းရောင်းချပေးလျှက်ရှိပါသည်။
-----------------------------------
ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက...
Mottama Trading Co., Ltd.
Ph: 01 - 618739, 01 - 618135 (Project Sales)
Ph: 01 - 618432 (Wholesale Sales)
Email: [email protected]
Address: No. 106, Bayintnaung Road, Industrial Zone (4), Shwe Pyi Thar Tsp, Yangon

❗️𝗚𝗜 (သို့) 𝗚𝗮𝗹𝘃𝗮𝗻𝗶𝘇𝗲𝗱 𝗜𝗿𝗼𝗻 ပြုလုပ်ပုံအဆင့်အဆင့်❗️*************************************************Galvanizing Process ထ...
26/01/2021

❗️𝗚𝗜 (သို့) 𝗚𝗮𝗹𝘃𝗮𝗻𝗶𝘇𝗲𝗱 𝗜𝗿𝗼𝗻 ပြုလုပ်ပုံအဆင့်အဆင့်❗️
*************************************************

Galvanizing Process ထဲမှာ လက်ရှိအသုံးအများဆုံးကတော့ Hot-dipped Galvanizing ပဲ ဖြစ်ပါတယ်။ Hot-dipped Galvanizing ဆိုတာက သံ သို့မဟုတ် Steel ကို သွပ်ရည်ထဲ စိမ်လိုက်ခြင်းအားဖြင့် ပွန်းစားမှုဒဏ်၊ တိုက်စားမှုဒဏ်၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ Zinc Coating layer တစ်ခုဖန်တီးခြင်းပဲ ဖြစ်ပါတယ်။

✳️ ပထမဦးဆုံးအနေနဲ့ Steel ကို Caustic Solution ထဲနှစ်ပြီးတော့ ဖုန်၊ ဆီနဲ့ အညစ်အကြေးတွေ ဖယ်ရပါတယ်။ ပြီးတော့ Sulphuric Acid ဒါမှမဟုတ် Hydrochloric Acid အပျော့ထဲစိမ်ပြီး သံချေးချွတ်ရပါတယ်။ ဒီအဆင့်ပြီးတဲ့နောက်မှာ သွပ်ရည် (Molten Zinc) ထဲမစိမ်ခင် Oxidation မဖြစ်အောင် Zinc Chloride နဲ့ Ammonium Chloride ပါတဲ့ Flux Solution ထဲ အရင်စိမ်ရပါတယ်။ Hot-dipped Galvanizing မှာ ဒီအဆင့်က အဓိကကျပါတယ်။ ဘာလို့လဲဆိုတော့ Steel မျက်နှာပြင်ပေါ်က သံချေးမှုန်တွေ ဖယ်ရှားဖို့ရယ်၊ မျက်နှာပြင်ပေါ်မှာ ဖုန်တွေ၊ သံချေးတွေရှိနေရင် သွပ်နဲ့သံနဲ့ ကောင်းကောင်းဓာတ်မပြုဘဲ Coating မစွဲတာရယ်ကြောင့် ဖြစ်ပါတယ်။

✳️ ဒုတိယအဆင့်ကတော့ အနည်းဆုံး ၉၈ % သန့်စင်တဲ့ အရည်ပျော်နေတဲ့ သွပ်ရည်ထဲ ထောင့်တစ်ခုစောင်းပြီး Steel ရဲ့အပူချိန်ဟာ သွပ်ရည်ရဲ့အပူချိန် ၈၂၀-၈၆၀ ဒီဂရီဖာရင်ဟိုက် (၄၃၈-၄၆၀ ဒီဂရီဆဲလ်စီးရပ်စ်) နဲ့တူတဲ့ အထိ စိမ်ထားရပါတယ်။ Steel နဲ့ သွပ်ရည် အပူချိန်တူသွားရင်တော့ သွပ်ရည်ထဲကပြန်ထုတ်လို့ရပါပြီ။ ဒီဖြစ်စဉ်ဟာ Steel ရဲ့ အထူအပါးပေါ်မူတည်ပြီးတော့ ဆယ်မိနစ်ဝန်းကျင်ထိ ကြာလေ့ရှိပါတယ်။

✳️ နောက်ဆုံးအဆင့်အနေနဲ့ Galvanized Steel လတ်လတ်ဆက်ဆက်လေးကို quenching လုပ်ရပါတယ်။ ဒါကို Post Treatment ပေးတယ်လို့ခေါ်ပါတယ်။ Quenching ဆိုတာ Heat Treatment တစ်မျိုးဖြစ်ပြီး ရဲရဲတောက်ပူနေတဲ့ Steel ကို ရေ သို့မဟုတ် ဆီထဲထည့်ပြီး အအေးခံတာကိုပြောတာပါ။ (Heat Treatment တွေအကြောင်း နောက်ပိုင်းအလျဉ်းသင့်ရန် ထပ်တင်ပေးပါ့မယ်။ Metal တွေ အထူးသဖြင့် Steel ရဲ့ Physical Properties (တစ်ခါတစ်ရဲ့ Chemical Properties အထိ) လိုသလိုပုံသွင်းယူလို့ရတဲ့အတွက် Heat Treatment ဟာ Steel Engineer တွေအတွက် အလွန်အရေးကြီးပါတယ်။)
အားလုံးပြီးသွားရင်တော့ ရေသီးသလိုဖြစ်နေတဲ့ Zinc drips တွေ spikes တွေကို ကျောက်စက်နဲ့စားပေးလိုက်ရင် Galvanizing Process ကြီး ပြီးဆုံးသွားပါပြီ။

-----------------------------------
Mottama Trading Co., Ltd. မှ လူကြီးမင်းတို့လိုအပ်သော ဆောက်လုပ်ရေးဆိုင်ရာ Steel Material များကို တင်သွင်းရောင်းချပေးလျှက်ရှိပါသည်။
-----------------------------------
ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက...
Mottama Trading Co., Ltd.
Ph: 01 - 618739, 01 - 618135 (Project Sales)
Ph: 01 - 618432 (Wholesale Sales)
Email: [email protected]
Address: No. 106, Bayintnaung Road, Industrial Zone (4), Shwe Pyi Thar Tsp, Yangon

26/01/2021
Conveyor (ရွေ့လျားစက်) ဆိုတာ ပစ္စည်းတွေကိုတစ်နေရာမှတခြားတစ်နေရာသို့ အလွယ်တကူသယ်ယူပို့ဆောင်တင်ချရာမှာ အချိန်ကုန်သက်သာပြီး...
18/01/2021

Conveyor (ရွေ့လျားစက်) ဆိုတာ ပစ္စည်းတွေကိုတစ်နေရာမှတခြားတစ်နေရာသို့ အလွယ်တကူသယ်ယူပို့ဆောင်တင်ချရာမှာ အချိန်ကုန်သက်သာပြီး လူအားသက်သာစေရန် အသုံးပြုတဲ့စက်ဖြစ်ပြီး အဓိကအားဖြင့် လေးလံတဲ့ပစ္စည်းတွေကို တင်ချရာမှာအသုံးပြုကြပါတယ်။

ပစ္စည်းတွေကို အရွယ်အစားမရွေး၊ အလေးချိန်မရွေး သယ်ယူပို့ဆောင်နိုင်တာကြောင့် ..
✅ Factories
✅ Warehouses
✅ Jetty/ Port တို့တွင်ကုန်တင်ကုန်ချပြုလုပ်ရန် နှင့်
✅ အခြားမည့်သည့်လုပ်ငန်းတွင်မဆို အသုံးပြုရန်အသင့်တော်ဆုံးဖြစ်ပါတယ်။

Conveyor အသုံးပြုခြင်းအားဖြင့် ...
✅ အချိန်ကုန်သက်သာခြင်း
✅ လူအားသက်သာခြင်း
✅ ပစ္စည်းထိခိုက်ပျက်စီးမှုနည်းပါးခြင်း စသည်တို့ကြောင့်
လူ၊ Forklift တို့နှင့်အတင်အချပြုလုပ်ခြင်းထက် အထူးကောင်းမွန်ပြီး လုပ်ငန်းတိုင်းအတွက်မရှိမဖြစ် အသုံးပြုသင့်ပါတယ်။

Mottama Trading Co., Ltd. မှ အရည်အသွေးကောင်းမွန်‌သော Conveyor များကိုစျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးလျက်ရှိပါသည်။

-----------------------------------
ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက...
Mottama Trading Co., Ltd.
Ph: 01 - 618739, 01 - 618135 (Project Sales)
Ph: 01 - 618432 (Wholesale Sales)
Email: [email protected]
Address: No. 106, Bayintnaung Road, Industrial Zone (4), Shwe Pyi Thar Tsp, Yangon

Conveyor ခေါ်  ရွေ့လျားစက် ဆိုတာ ပစ္စည်းတွေကို နေရာတစ်နေရာမှတခြားတစ်နေရာသို့ အလွယ်တကူသယ်ယူပို့ဆောင်တင်ချရာမှာ အချိန်ကုန်...
18/01/2021

Conveyor ခေါ် ရွေ့လျားစက် ဆိုတာ ပစ္စည်းတွေကို နေရာတစ်နေရာမှတခြားတစ်နေရာသို့ အလွယ်တကူသယ်ယူပို့ဆောင်တင်ချရာမှာ အချိန်ကုန်သက်သာပြီး လူအားသက်သာစေရန် အသုံးပြုတဲ့စက်ဖြစ်ပြီး အဓိကအားဖြင့် လေးလံတဲ့ပစ္စည်းတွေမှာတင်ချရာမှာအသုံးပြုကြပါတယ်။

ပစ္စည်းတွေကို အရွယ်အစားမရွေး၊ အလေးချိန်မရွေး သယ်ယူပို့ဆောင်နိုင်တာကြောင့် ..
☑ Factories
☑ Warehouses
☑ Jetty/ Port တို့တွင်ကုန်တင်ကုန်ချပြုလုပ်ရန် နှင့်
☑ အခြားမည့်သည့်လုပ်ငန်းတွင်မဆို အသုံးပြုရန်အသင့်တော်ဆုံးဖြစ်ပါတယ်။

Conveyor အသုံးပြုခြင်းအားဖြင့် ...
☑ အချိန်ကုန်သက်သာခြင်း
☑ လူအားသက်သာခြင်း
☑ ပစ္စည်းအဆုံးအရူံံးနည်းပါးခြင်း စသည်တို့ကြောင့်
လူ၊ Forklift တို့နှင့်အတင်အချပြုလုပ်ခြင်းထက် အထူးကောင်းမွန်ပြီး လုပ်ငန်းတိုင်းအတွက်မရှိမဖြစ် အသုံးပြုသင့်ပါတယ်။

Mottama Trading Co., Ltd. မှ အရည်အသွေးကောင်းမွန်‌သော Conveyor များကိုစျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးလျက်ရှိပါသည်။
-----------------------------------
ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက...
Mottama Trading Co., Ltd.
Ph: 01 - 618739, 01 - 618135 (Project Sales)
Ph: 01 - 618432 (Wholesale Sales)
Email: [email protected]
Address: No. 106, Bayintnaung Road, Industrial Zone (4), Shwe Pyi Thar Tsp, Yangon

Expanded Metal ဆိုတာ သံဇကာပုံစံသံပြားချပ်ဖြစ်ပြီး သာမာန်တစ်ခုချင်းစီဆက်ရက်ထားတဲ့သံဇကာလိုမဟုတ်ဘဲ ပိုမိုမာ‌ကြောခိုင်ခံတဲ့အ...
18/01/2021

Expanded Metal ဆိုတာ သံဇကာပုံစံသံပြားချပ်ဖြစ်ပြီး သာမာန်တစ်ခုချင်းစီဆက်ရက်ထားတဲ့သံဇကာလိုမဟုတ်ဘဲ ပိုမိုမာ‌ကြောခိုင်ခံတဲ့အတွက် .....
☑ ခြံစည်းရိုး
☑ တံခါး
☑ Warehouse နဲ့
☑ Plaster Reinforcement လုပ်တဲ့နေရာတွေမှာသုံးကြသလို

အိမ်အဆောက်အဦးတွေရဲ့
☑ လှေကားထစ်
☑ လှေကားလက်ရန်း
☑ ဝရန်တာလက်ရန်း၊ လျှောက်လမ်းတွေအပြင်
☑ မြောင်းဖုံးတွေနှင့် ရေထွက်ပေါက်၊ ပြတင်းပေါက်တွေကနေ အန္တရယ်ရှိသောအကောင်(ကြွက်၊ မြွေ)များ ဝင်မလာနိုင်အောင် ကာကွယ်ဖို့အတွက်လည်း သုံးပါတယ်။

ထို့အပြင် အမြင်အရလည်း ခေတ်မှီသလို လေဝင်၊ လေထွက်ကောင်းပြီး ventilation လည်း ကောင်းမွန်တာကြောင့်
☑ ဆိုင်ခန်းတွေ အလှဆင်ခြင်း၊ အခန်းဖွဲ့ခြင်းနှင့်
☑ အဆောက်အဦမျက်နှာစာတွင် အလှဆင်ခြင်းတို့အတွက်လည်း သုံးကြပါတယ်။

Expanded Metal တွေမှာ ဒီဇိုင်းပိုင်းအရ အမျိုးအစား အများအပြားရှိပြီး
Material Type‌ အနေနှင့်
☑ Steel
☑ Stainless Steel
☑ Aluminum
☑ Power-coated ဆိုပြီးရှိတဲ့အတွက်
အသုံးပြုမယ့်နေရာပေါ်မူတည်ပြီး စိတ်တိုင်းကျတဲ့ Expanded Metal ကိုရွေးချယ်ဝယ်ယူနိုင်အောင် M&Q Metal and Hardware Center ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက...
-----------------------------------
M&Q Metal and Hardware Center
Ph: 09 40 42 77778, 09 40 42 77779
Address: အမှတ် (၅၂၃)၊ ပင်လုံလမ်းနှင့် စက်မှုဇုန်လမ်းထောင့်၊ (၂၃)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ တောင်ဒဂုံ က.ည.န အနီး၊ ရန်ကုန်မြို့။
-----------------------------------

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when M Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Engineering Company?

Share