IGT - A Civil Engineer’s Notes

  • Home
  • IGT - A Civil Engineer’s Notes

IGT - A Civil Engineer’s Notes Construction, Decoration and Renovation of all kinds of Structures

18/12/2021

Lean Concrete

Civil Engineers များအတွက် Lean Concrete ဆိုတာ၊ မြေသတ်တာဟု၊ ကျွန်တော် လွယ်လွယ်ကူကူ၊ ပေါ့ပေါ့ပါးပါး၊ ပြောခဲ့ဘူးပါသည်။ ဒီတခါ နက်နက်နဲနဲ၊ လေးလေးပင်ပင်၊ ပြောင်းပြောပါမည်။ Lean Concrete ခင်းရသော အကြောင်းရင်း၊ ၂ချက် ရှိပါသည်။
၄င်းတို့မှာ

1. လိုအပ်သော Level ရသွားအောင်လို့၊ (သဲခင်းလည်းရတာဘဲ)၊ (တနည်းအားဖြင့်) ညီညာတဲ့၊ မျက်နှာပြင် ရအောင်လို့၊ ဖြစ်ပါသည်။ (သဲခင်း+ရေလောင်း+ဒင်ဆောင့် လည်းရတာဘဲ) Level မညီရင်၊ ဘာဖြစ်မတုန်းဆိုတော့၊ Precast Structural တွေဆိုရင်၊ စောင်းသွားတပ်သည်ဟု၊ ဆိုပါသည်။

2. မြေကြီးဆိုတာ၊ ချဉ်တာ ရှိပါသည်၊ ငံတာရှိပါသည်၊ ရှိချင်တာတွေရှိပါသည်။ အဲ့ဒါတွေက Structural Element ဖြစ်တဲ့ Foundation ကို၊ ဖျက်ဆီးမှာ စိုးလို့၊ Lean လောင်းရပါသည်။ (ကိုက်စားချင်စရာ ကောင်းအောင်၊ မြေကြီးက၊ သန့်နေတာလည်း ရှိပါသည်။)

မှတ်ချက်။

၁။ ယခုအခါ၊ ကွန်ကရစ်လမ်းများ၊ ခင်းနေကြပါသည်။ ကွန်ကရစ်ကား အနင်းခံနိုင်အောင် Service Road အဖြစ် Lean Concrete ခင်းပေးသင့်ပါသည်။ ထိုအပေါ်တွင် သဲဖြူးပြီးမှသာ၊ လမ်းသား ကွန်ကရစ်ကို ခင်းသင့်ပါသည်။ (အမြန်လမ်းတွင်၊ အမှား၂ ချက်ရှိပါသည်။ နောင် အလျှင်းသင့်လျှင် ရေးပါမည်။)

၂။ အထက်ပါအကြောင်းရင်း ၂ ချက်နှင့် ကင်းလွတ်ပါက၊ Lean Concrete မခင်းလည်း ရပါသည်။

၃။ Lean Concrete ကို၊ အထူ ဘယ်လောက် ခင်းရမလဲ ဆိုသော်၊ ပုံတွင် ၁-လက်မသာ ခင်းထားသည်ကို၊ တွေ့မြင်နိုင်ပါသည်။

၃-၁။ မြေကောင်းတော့လည်း ၁လက်မပေါ့ဗျာ။ ၃-၂။ သင့်ရင် ၂-လက်မ၊
၃-၃။ ညံ့ရင် ၃လက်မ၊
၃-၄။ အဲ့ထက်ညံ့ရင် ၄-လက်မ ခင်းမလား၊ Hard-core ရိုက်မလား စဉ်းစားရတော့မည်။

၄။ ဒီလိုဆို Hard-Core ဘယ်နှစ်လက်မ၊ ခင်းရမည်နည်း။
၄-၁။ ဗွက်ထသော် Hard-Core ရိုက်ရပါမည်။
၄-၂။ Hardcore 6" ရိုက်လို့လည်း မြေမငြိမ်သော် Wood Pile ရိုက်ရပါမည်။

Special Credit to U Kyawlwin Htun

===========================

Lean concrete ကို ဘာလို့သုံးကြတာလဲ။ Lean concrete မပါပဲ မြေကြီးပေါ် တိုက်ရိုက် Footing ချလို့ မရနိုင်ဘူးလား။ Lean concrete ရဲ့ အချိုးအစား ဒါမှမဟုတ် Compressive Strength။ Lean Concrete ရဲ့ Functions အဲဒါတွေကို သိချင်ပါတယ်။

Structure တခုလုံးရဲ့ wt ကို Footing ကနေ ထမ်းပြီးရင် အောက်ကမြေကြီးက တဆင့် ထပ်ထမ်းပါတယ်။ အဲ့ဒီ နေရာမှာ Footing နဲ့ Concrete ကြားခံတဲ့ အရာမှန်သမျှက Footing ကနေ မြေကြီးကို Load ကူးတဲ့ မူလ ရည်ရွယ်ချက်ကို ကောင်းအောင်ပဲ လုပ်ရပါမယ်။ ဆိုးစေတဲ့ အရာမျိုးဆို မလုပ်သင့်ပါဘူး။ အပေါ်မှာ ပြောသွားကြသလိုပါပဲ Lean concrete က Footing ကို မြေကြီးနဲ့ တိုက်ရိုက်မထိအောင် ကြားခံပေးတယ်။ အဲ့ဒီတော့ Rebar Cover ကို မြေကြီးနဲ့ မထိလို့ ဆိုပြီး 2" ယူမယ်ဆိုရင် ယူလို့ရသွားပါပြီ။ ဒါပေမယ့် 3" ကတော့ ပုံမှန်ယူကြတယ်ပေါ့။ Cover လျော့ယူလို့ရရင် Effective Depth ပိုမယ်။ Shear, moment ခံနိုင်ရည်ပိုကောင်းတယ်။ Lean မခံဘူးဆိုရင်တော့ Cover 3" Minimum မဖြစ်မနေယူရမယ်။ Lean concrete ဟာ Footing ကို မြေကြီးနဲ့ တိုက်ရိုက် မထိအောင် ထားဖို့အပြင် မညီမညာဖြစ်နေတဲ့ အောက်ခံမြေကို Footing အတွက် သံချီရာမှာ ညီညာအောင် လုပ်ဖို့ အတွက် သုံးပါတယ်။ သူ့အတွက် Concrete Strength ကို Grade 20 (20MPa or 2900psi cube strength ~ 2300psi fc') သုံးလေ့ရှိပြီး Site mix ကို 1:3:6 သုံးပါတယ်။ သူ့ကို မဖြစ်မနေသုံးရမယ်လို့တော့ ကန့်သက် ထားတာတော့ မတွေဖူးပါဘူး။ ဒါပေမယ့် Granular Soil လို Stable ဖြစ်တဲ့မြေမျိုး မဟုတ်ဘဲ Cohesive Soil လိုမျိုး ပွလိုက် ကြုံ့လိုက်နဲ့ Footing ကို အန္တရာယ်ဖြစ်စေမယ့် Movement မျိုးရှိတဲ့ အခါမျိုးမှာ သုံးသင့်ပါတယ်။ အဲ့ဒီလို အခါမျိုးမှာတော့ Hardcore ပါ တွဲသုံးရင် ပိုကောင်းမယ် ထင်ပါတယ်။ Lean ထု ပိုလောင်းမိတာကတော့ လောင်းပြီး သွားပြီဆိုတော့ မတတ်နိုင်တော့ဘူးလေ။ ဒါပေမယ့် ဘယ်အကြောင်းနဲ့မှ Footing Thickness ကို မလျော့မိဖို့ အရေးကြီးပါတယ်။

Special Credit to Ko Bo Bo Kyaw ===========================

Lean Concrete ဆိုတာက အလုပ်လုပ်ရ လွယ်ကူအောင် ညီညာတဲ့ မျက်နှာပြင်တစ်ခု ပြုလုပ်ပေးခြင်းပါပဲ။ သံဆင်ရင် မြေကြီးနဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင်၊ (တနည်း) မြေကြီးက အစိုငွေ့တွေက ကွန်ကရစ် ကာဗာမလောက်ရင် အထဲကို စိမ့်ဝင်ပြီး သံချောင်းတွေကို Corrosion မဖြစ်အောင်၊ ရေမကြာခဏ ဝပ်တတ်တဲ့ နေရာတွေမှာ လုပ်ငန်း မနှောင့်နှေးရအောင် Lean လောင်းခြင်းကို လုပ်ပေးရပါတယ်။ အချိုးက 1:3:6 ရှိသင့်ပါတယ်။ အဲဒီထက်လဲ ပိုစရာ မလိုသလို၊ မလျော့ သင့်ပါဘူး။ မှာတဲ့ Concrete က ပိုသွားရင်လဲ Lean အဖြစ်လောင်းလဲ ရပါတယ်။ ကောင်းတာက Lean အထူကို ၂ လက်မ အနဲဆုံးထားပါ။ အောက်ခံ မြေကြီးကို Compaction သေချာရအောင် လုပ်ပါ။ ဒါမှ Lean Concrete ကညီညာတဲ့ မျက်နှာပြင်၊ ခိုင်ခံ့တဲ့ အောက်အခြေခံ ရမှာပါ။ အပေါ်က လာတဲ့ Load ကြောင့် Lean ကွဲတာမျိုးတွေ မဖြစ်မှပါ။ Compaction သိပ်ကောင်းအောင် မလုပ်နိုင်၇င် Hardcore စီပြီး သဲကြပ် အဲဒီအပေါ်မှာ Lean လောင်းတာက Shallow Foundation အတွက် အကောင်းဆုံး Sub-Grade ပါပဲ။ လမ်းခင်းတဲ့ Concept နဲ့ အတူတူပါပဲ။ အထူးသဖြင့် Granular Soil တွေမှာဆို Hardcore ကလုပ်ကို လုပ်ပေးရပါမယ်။ သူတို့က Drained Type ဆိုတော့ Immediate Settlement ဖြစ်ပါတယ်။ ဒီနေရာမှာ Lean ကို Cover သဘောမိျုး ယူဆပြီး သံကို အဲဒီအပေါ်မှာ တန်းဆင်တာကိုတော့ ကျွန်တော် မကြိုက်ပါဘူး။ အဲဒီအတွက် Lean ကိုနှိမ့် ပေးရပါမယ်။ နောက် အစ်ကိုတစ်ယောက် ပြောတဲ့ ၂" က Structure ကို မထိခိုက်ဘူး ဆိုတာ က ကျွန်တော့် အယူအဆပါ။ စီနီယာ တွေအနေနဲ့ မှားရင် ပြင်ပေးစေလိုပါတယ်။ ကျွန်တော့် အမြင်အရ Lean ကိုသေချာ လောင်းရင် အဲဒီ Lean က လွယ်လွယ်ကူကူ ကွဲမထွက်နိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ Lean ကအောက်က မြေကြီးကို ချက်ချင်း Load Transfer လုပ်လိုက်လို့ပါ။ တကယ်လို့ အောက်ခံ မြေကြီးက Compaction မကောင်းရင် သေချာပေါက် မြေကွံျမှာပါပဲ။ ကျွန်တော့် ယူဆချက်မှာ Lean က သေချာ လောင်းထားတယ်။ အောက်ခံမြေကြီးကလဲ ကြံ့ခိုင်မှုရှိတယ်။ ဒါဆိုရင် Load ကို Distribute Uniformly ဖြစ်လို့ Lean က အပေါ်က Load ကြောင့် အကယ်၍ Settlement ဖြစ်ခဲ့သည့် တိုင်အောင် အားလုံး ကြေမွနေမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ အထူးသဖြင့် Dam တွေကို Compaction ပေးရာမှာ အလွှာလိုက် လုပ်ရပါတယ်။ ၁ လက်မ ချင်းစီပါ။အဲဒီလိုမျိုး ၂ လက်မ ၃ လက်မ စသည် တက်သွားရင် အဲဒါက အရမ်းကို သိပ်သည်းပြီး Settlement ဖြစ်ဖို့ အရမ်းခက်ခဲပါတယ်။ Lean မှာ လဲ အဲဒီ Concept ပါပဲ။ ဒါတွေကတော့ ကျွန်တော့် ဖတ်မှတ် သိရှိမြင်ဖူးတာတွေပါ။ အမှားအယွင်းများ ရှိနိုင်ပါတယ်။ သိတ့ဲ သူများက ပြင်ဆင် ဖြည့်စွက်ပေးဖို့ပါပဲ။

Special Credit to Thura ZinSoe. ============================

Lean Concrete လောင်းတာနဲ့ မလောင်းတာနဲ့က အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။ အဓိကက Casting လုပ်တဲ့အချိန်မှာ အရမ်းသိသာသွားပါပြီ။ Ground Water Table ထက်ကိုယ့် လောင်းမယ့် Footing က ပိုနက်နေတယ် ဆိုရင် ကျောက်လောင်းတဲ့အခါ မြေအောက်ရေကပါ ရောပြီးဝင်လာမယ်။ အဲဒီမြေအောက်ရေမှာ Sulphate ဓာတ်ပါလာမယ် ဆိုရင်တော့ အဲဒီ Footing က သွားပြီပေါ့။ ဒါက Chemical Reaction အတွက် မကောင်းတဲ့ အချက်ပါ။ Concrete ရဲ့ Strength က အဓိက ဓာတ်ပြုမယ့် ရေပေါ်မှာ မှုတည်နေတာကို။ နောက်တစ်ချက်က အလုပ် တကယ်လုပ်မယ့် လက်သမား...သူတို့အတွက် Footing Setting လုပ်တာမှာ အဆင်အပြေဆုံးပဲ။ မြေကြီးပေါ်မှာသာ Point ချမယ်ဆိုရင် ဒီမြေကြီးက မရွေ့ပါဘူးလို့ ဘယ်သူအာမခံမှာလဲ။ အဲဒီ Effect က Column Eccentricity ဖြစ်စေတဲ့ အချက်မှာ Main Cause ပေါ့။ ချည်ကွေး သမားအတွက်လည်း သံကိုရှိသင့်တဲ့ နေရာမှာ ရှိအောင် ချည်ရာမှာလည်း တကယ် ထိရောက်ပါတယ်။ အလုပ်ပြီးမြောက်မှုမှာလည်း လုပ်ရကိုင်ရ လွယ်ကူတော့ ပိုမြန်မယ် ထင်ပါတယ်။ ဒါပေမယ့် Lean concrete မလောင်းလို့ Settlement ပေါ်မှာတော့ Effect မရှိဘူးလို့ ယူဆမိပါတယ်။ ကျနော် ဉာဏ်မိသလောက် Footing Design တွေမှာ Settlement တွေကို Soil Bearing Strength ပေါ်မှာမှုတည်ပြီး Footing width ကိုတွက်ယူခဲ့တာပါ။ Hardcore ဆိုတာကတော့ မြေကြီးအမာခံ ရစေရန် ကျောက်ကြီးထည့် သဲကျပ် ရေလောင်း ဒင်စောင့်ပြီး လုပ်ရတဲ့ အလွှာတစ်မျိုးပါ။

Special Crrdit to Pyay Maung Maung ===========================

Lean Concrete မပါရင် w/c ratio အပြင် လုပ်ရတာ ဘယ်လိုမှ အဆင်မပြေဘူး။ 1. မြေကျင်းတူးပီး Lean မလောင်းဘူး ထားပါတော့ မချော်အောင် သဲဖြူးလိုက်တယ်။ ပြီးတော့ cover ခုပီး သံဇကာ တင်တယ် Cover တုံးက အဲ့ဒီ သဲထဲ နစ်နေတာလည်း ရှိတယ်။ သံနဲ့ အောက်က သဲနဲ့ ထိနေရော အဲဒါနဲ့ Cover နှစ်တုံး ဆင့်လိုက်တယ်။ (soil Bearing ကတော့ Lean 3 in လောက်နဲ့ ထူးပြီး မလျော့လောက်ပါဘူး။ Footing Thickness လည်းမလျော့ဘူး။) အဲဒီလို နှစ်တုံးဆင့်တော့ ပန်းရံတွေက Conc; ပစ်လောင်းတဲ့အခါ 4 in ပတ်လည် Cover က မငြိမ်တော့ဘူး။ လောင်းပြီးမှ Col; က နေရာ ရွေ့မှန်းသိတော့တာ။ 2. နောက် Footing နဲ့ col; တိုင်ကို နေရာချတော့ အဲဒီ Lean Conc; ပေါ်မှာ Survey Point ပေးလုပ်ရတာ အဆင်ပြေတယ်။ 3. အဆင်မပြေတာက ပုံမှန် Site သေးသေးလေးတွေမှာ မြေက အားအားရှိ ပြိုနေတာ။ အောက်ခြေ လုပ်ငန်းမှာ လက်သမား လုပ်ငန်း နည်းတော့ on stand by မရှိတာများတယ်။ မြေသက်သက် မကာနိုင်ဘူး။ အဲဒီတော့ Lean သက်သက် လောင်းဖို့ အချိန်မရဘူး။

Special Credit to Min Khant. ============================

မြေ ကြီးရဲ့ Pressure က နက်လာလေ ပိုကောင်းတဲ့ High Pressure ရှိနိုင်လေလို့ တွေးရင်တော့ ရတယ်။ ဘာလို့လည်းဆိုတော့ သိပ်သည်းမှုက ကောင်းနေမှာကိုး။ သဘော တရားအား ဖြင့်တော့… ( Soil ရဲ့ Density ကို ကြည့်လို့၊ ရှိသင့်တာထက် လျော့နေရင်လည်း Pressure က လျော့နေတတ်ပါတယ်။ ဒီ သဘောတရားနဲ့လည်း ဆန်းစစ် ကြည့်နိုင်ပါတယ်။ ) ၁၉၉၇ ခုနှစ် က တောင်ဒဂုံမှာ စက်ရုံတွေ ဆောက်တော့ ၆ ပေ အနက်အောက်မှာ ပိုပို ပျော့သွားတာ တွေ့ဘူးတယ်။ Designer က Dig more , Dig more လို့ပြောလေ တူးလေ ပျော့လေပဲ။ Soil Test Result တော့ မသိခဲ့ဘူး။ နောင် လှိုင်သာယာဘက်က စက်ရုံ တချို့မှာလည်း ဒီသဘော တရားတွေ တွေ့ဘူးတယ်။ Soil Test Result ( N value အရ ) လည်း ဒီအတိုင်းပဲ ရတယ်။ တနေရာနဲ့ တနေရာ တူတော့ မတူနိုင်ဘူး။ ပြောခြင်တာက Soil အသေအခြာ စမ်းမဖြစ်တဲ့ နယ်တွေမှာ အလွယ် မတွေးစေခြင်တာရယ် ကလေးတွေ အတွက် စဉ်းစားစရာလေးတွေ ရစေခြင်တာရယ်ကြောင့်ပါ။ Geo; Tech အပိုင်းမှာတော့ အများကြီး ကျယ်ပြန့်နိုင်ပါတယ်။ အခုဟာကတော့ ကိုယ်တွေ့ အချက်တချက်ကိုပဲ သဘောတရားနဲ့ လက်တွေ့ ချင့်ချိန်စရာ အနေနဲ့ ပြောပြခြင်း ဖြစ်ပါတယ်။ အလားတူ ကိစ္စတွေ အများကြီး ရှိပါမယ်။ ဖြစ်နိုင်သမျှကတော့ Soil Pressure တူတဲ့ အနက် ( Level ) ကို ရွေးသင့်တယ် ။ ( ပိုနက်ရင်တော့ ကုန်ကျငွေလည်း ပိုမယ်။ ) အဲလိုလည်း အဆင်မပြေဘူး။ ကိုယ့် အဆောက်အဦး ကလည်း ကျယ်မယ် ဆိုရင်တော့ ပိုင်းပြီး စဉ်းစားတာ ပိုကောင်းပါတယ်။ မြေကမှ မကောင်းရင် ဘာအဆောက်အဦး ဘာ Design ဖြစ်ပါစေ အဟောသိကံ ဖြစ်ပါလိမ့်မယ်။ မြေကြီးကို သတိထားပါ ။ မြေ ကို Data စုံအောင် စမ်းပါ။

Special Credit to U Aung Htay.

ဒီတစ်ခါတော့ R.C.C Footings များအကြောင်းလေ့လာကြရအောင်ပါR.C.C Footing ၂မျိုးအကြောင်းကိုဖော်ပြပေးခြင်ပါတယ်-၁။ One way reinf...
17/12/2021

ဒီတစ်ခါတော့ R.C.C Footings များအကြောင်းလေ့လာကြရအောင်ပါ

R.C.C Footing ၂မျိုးအကြောင်းကိုဖော်ပြပေးခြင်ပါတယ်-
၁။ One way reinforced Footings
၂။ Two way reinforced footings

1.One way reinforced Footing: ဒီFooting အမျိုးအစားကို Wall တွေမှာအသုံးပြုရပါတယ်။ နံရံများရဲ့Direction နှင့် ဆန့်ကျင်ဘက် ရှိတဲ့ steel ကို main steel အဖြစ်အသုံးပြုရပါမယ်။နံရံနှင့်အပြိုင်ဖြစ်သော Long bar များကို normal steel bar အဖြစ်သာအသုံးပြုပါတယ်။

2.Two way reinforced footing: Column တွေကိုထောက်ပံံံ့ပေးဖို့ အတွက် ဒီfooting အမျိုးအစားကို အသုံးပြုပါတယ်။
အောက်ပါ Footing အမျိုးအစားများကိုလေ့လာကြည့်ပါမယ်-

(i) Isolated Column Footing: Column တစ်တိုင်ကို Footing တစ်ခုစီဖြင့်ထောက်ပံ့ပေးတာကို Isolated Footing လို့ခေါ်ပါတယ်။Footing ရဲ့ size သည် မြေကြီးပေါ်ကို အဆင်ပြေပြေကျလာမယ့် Column ရဲ့အလေး၀န်ကို ခွဲဝေထမ်းဆောင်ပေး ဖို့လုံလောက်မှုရှိရပါမယ်။Footing များကိုတော့ အနည်းဆုံး 100mm to 150mm ရှိတဲ့ကြမ်းခင်းကွန်ကရစ်များ ပေါ်မှာသာ ထားရပါမယ်။လိုအပ်တဲ့သံချောင်းနှင့် Footing thickness ကိုတော့ Design Engineer များမှရှာဖွေပေးပါမယ်။ Footing Thickness များသည် တူချင်လဲတူနိုင်ပြီး တစ်တိုင်နှင့်တစ်တိုင် မတူပဲလဲဖြစ်နိုင်ပါတယ်။

ii) Combined Footing: Column တိုင်နှစ်ခုကို Footing တစ်ခုထဲနှင့်သာ အထောက်အပံ့ပေးထားပါတယ်။ဒီFooting အမျိုးအစားကို Column နှစ်ခုအရမ်းနည်းကပ်လွန်းတဲ့အခြေအနေ များမှာအသုံးပြုပြီး Column မျက်နှက်ပြင် ကိုတော့လားရာ အလှည့်တူညီပြီး တစ်ဖြောင့်ထည်းရှိနေရပါမယ်။ဒီFooting ကို Column များတွင်ရှိသော Load အားလုံးကို မြေကြီးသို့ ပို့ဆောင်ရာတွင် အားများဖြန့်ဝေထမ်းဆောင်ပေးနိုင်ရန် Design ပြုလုပ်ရပါမယ်။Column နှစ်ခုကို strap beam ဖြင့်ချိတ်ဆက် အသုံးပြုကြသလို မချိတ်ထားလဲပဲရပါတယ်။

iii) Continuous Footing: Row တစ်ခုတည်းတွင် Column တိုင်နှစ်တိုင်ထက်များနေခဲ့ရင် Continuous Footing ကိုအသုံးပြု ရမည်။Soil Bearing Capacity အနည်းငယ်သာရှိတဲ့အခြေအနေတွင် Column နှစ်လုံးထက်ပို၍ရှိသော Column များကို တစ်ဆက်တည်းဖြစ်အောင် row တစ်ခုတည်းနှင့်ဆက်ထားသော Footing ကို Continuous Footing ဟုခေါ်ဆိုနိုင်သည်။

iv) Mat Footing/Raft Footing: Soil Bearing Capacity နည်းပြီး အနေတော် hight သာရှိသော Column များကို size အားလုံးတူညီစွာဖြင့် row ကော Column ပါတစ်ဖြောင့်တည်းတည်ရှိနေသောအခြေအနေတွင် Mat Footing/Raft Footing များကိုအသုံးပြုကြသည်။Column များအားလုံး၏ load များကို ထို Common Footing မှထမ်းဆောင်ထားပြီး ၄င်းအခြေအနေကို ပင် Mat Footing/Raft Footing ဟုခေါ်ဆိုကြသည်။အကယ်၍ Column များကို Beam များဖြင့် row ကော Column ကောတွင် အထောက်အပံ့ပေးဆက်သွယ်ထားခဲ့လျှင် ထို Raft Foundation ကိုပင် Grid Foundation ဟုလဲခေါ်ဆိုနိုင်သေးသည်။ထိုကဲ့သို့ သော Footing များကိုအသုံးပြုခြင်းသည် မလိုအပ်သော Stress များကိုမဖြစ်ပေါ်စေနိုင်ပါဘူး။

အသိပညာများ တိုးပွားနိုင်ကြပါစေ။
M&T Engineering
Credit

17/12/2021

အိမ်ဆောက်တဲ့အခါ အရေးကြီးတဲ့ အဆောက်အဦ ပန္နက်ရိုက်ခြင်း အခြေခံနည်း ဒုတိယပိုင်းကို ဆက်လက်ပြောပြပေးထားပါတယ်...

17/12/2021

အခြေခံ အဆောက်အဦများအတွက် နည်းလမ်းကျတဲ့ အလွယ်ဆုံး အသုံးများဆုံး မန္နက်ရိုက်နည်း

Plate Compactor အသုံးပြုပုံ
16/12/2021

Plate Compactor အသုံးပြုပုံ

In How to Use a Plate Compactor, house flipping brothers Dave and Rich show how to start the plate compactor and use it to compact a gravel base for pavers.T...

" Footing တလုံး၏ အင်္ဂါရပ်များ "************************1. compacted grade2.  Levelling course / lean concrete /C10 or C...
16/12/2021

" Footing တလုံး၏ အင်္ဂါရပ်များ "
************************

1. compacted grade
2. Levelling course / lean concrete /C10 or C15
3. Structural concrete C25 or C30
4. Main bar
5. Column dowel bar / starter bar
6. Kicker
7. Tie ring for starter bar
8. Side cover
9. Bottom cover
10. Starter cover

1. Compacted grade
Foundation ချတဲ့အခါ၊ အနည်းဆုံး အနက်ဘယ်လောက်အထိ ချ သင့်ပါသလဲ။

၁။ သာမာန် လူနေအိမ်တွေမှာ တော့၊ ၂ ပေခွဲ ၃ပေ လောက်ချကြပါတယ်။ ၂ပေခွဲ ၃ပေ ဆိုတာ top soil ဖယ်ပြီး သားဖြစ်ရပါ့မယ်။

၂။ ခြံအတွင်းမှာရှိသော၊ တနည်းအားဖြင့် footing အနီးတဝိုက်တွင်ရှိသော၊ မြေသားသည်၊ ရေစီးကြောင်းထဲ ကျမနေရပါဘူး။

၃။ အဆောက်အဦးသည် ရေစီးကြောင်းထဲ၊ ရေဝေဧရိယာထဲ၊ ကျနေပါကလည်း မြေကြီးကို ရေစားမသွားအောင်၊ လိုအပ်သော အကာအကွယ်များ ပြုလုပ်ထားရပါမည်။

၄။ ယခုအခါ drawing အတိုင်း တည်ဆောက်သည် ဆိုသော ပြဿနာ ရှိလာပါသည်။ drawing မှာတော့ footing များသည် အနိမ့်အမြင့် elevation တူညီကြပါသည်။ သို့သော် မြေအနေအထား စောင်းနေသည်များကို ကြုံတွေ့ရသောအခါ တော်ရိလျော်ရိ မြေခုပြီး foundation ချနေသဖြင့် drawing အတိုင်း တည်ဆောက်သည့် ပြဿနာ ပေါ်လာရခြင်း ဖြစ်ပါသည်။

၅။ ထိုသို့ မြေစောင်းသည့်အခါ foundation ကို၊ နက်လိုက်သည်က စိတ်ချရပါသည်။ သို့သော် ကုန်ကျ စရိတ်တော့ တက်လာပါသည်။

၆။ မြေဆွေးကိုလွှာပြီး၊ ၆" တလွှာခြင်း၊ သေသေချာချာ သိပ်သည်းအောင် ဆောင်ရွက်လို့လည်း ရနိုင်ပါသည်။ ကျွန်တော်တော့မကြိုက်ပါ။

၇။ ရွှံ့မြေတွင် အပေါ်ယံမြေလွှာမပါ depth of foundation သည် 1 meter ရှိမှသာလျှင် အဆောက်အဦးကောင်း တခုကို ရရှိနိုင်ပါသည်။ အလယ်အလပ်အားဖြင့် 0.9 meter၊ အဖျင်းဆုံး 0.75 meter ရှိသင့်ပါသည်။

၈။ ယခုအခါ ပုံစံအတိုင်းဆိုပြီး လေပေါ်ဝဲ footing များ ပြုလုပ်ကြပေရာ၊ လွန်စွာ မလျော်ကန် မလျောက်ပတ်သည်ကို တွေ့မြင်နေရပါသည်။

" "
**********************

၁။ footing concrete သွန်းလောင်းရာတွင်၊ ထိစပ်မြေသည်၊ မိုးရေဝင်လို့သော်လည်းကောင်း၊ ရေစိမ့်ထွက်သောကြောင့်သော်လည်းကောင်း၊ မြေကြီး bearing capacity ကောင်းစွာမရှိဘဲ၊ ပြော့ပြဲနေတပ်ပါသည်။ ထို့အပြင် မြေကောင်းသော်လည်း ဆားပေါက်သောမြေ အချဉ်ပေါက်သော မြေများနှင့်လည်း ထိတွေ့တတ်ပါသည်။

၂။ မြေကြီးပျော့နေပါက bearing capacity တက်လာအောင်၊ hardcore ရိုက်ခြင်း၊ လိုအပ်ပါက wood pile ရိုက်ခြင်းတို့ကို ပြုရပါမည်။

၃။ ကွန်ကရစ်လောင်စဉ်အချိန်တွင်၊ ကွန်ကရစ်ထဲမှရေကို၊ မြေကြီးက စုတ်ယူခြင်း။ မြေကြီးထဲကရေကလည်း၊ ကွန်ကရစ်ထဲသို့ ဝင်ရောက် ရောနှောခြင်းတို့၊ ဖြစ်ပေါ်ပါက၊ ကွန်ကရစ်စွမ်းအားကို ထိခိုက်နိုင်သောကြောင့်၊ ကွန်ကရစ်နှင့် မြေကြီးကြားတွင်၊ လိုအပ်သော အကာအရံတခု ပြုလုပ်ပေရမည် ဖြစ်ပါသည်။

၄။ ယခုအခါ DPM (damp proof membrane) ခေါ် ၊ ပလပ်စတိတ်စများကို၊ တွင်ကျယ်စွာ၊ အသုံးပြုလာကြပြီဖြစ်ပါသည်။

1. Hardcore ခင်းပါ။
2. သဲထည့်ပါ။
3. Plate compactor ရိုက်ပါ။
4. ရေလောင်းပါ။
5. သဲညှိပြီး plate compactor အချောရိုက်ပါ။
6. DPM ခင်းပါ။
7. Lean concrete လောင်းပါ။
သို့မှသာ သံဆင်ဘို့ အဆင်ပြေမည် ဖြစ်ပါသည်။

DPM ခင်းသည့်အခါတွင်လည်း footing depth ထက်၊ အနည်းဆုံး ၆-လက်မပိုရမည်ဖြစ်ပြီး၊ ၄င်းကို မြေသားနံရံတွင် သံရိုက်ထားရပါမည်။ မြေပြိုမကျအောင် တူးမြေများကို ခပ်ဝေးဝေး လွတ်ရာသို့ ပုံထားရမည် ဖြစ်ပါသည်။ မြေတူးကတည်းက သပ်သပ်ရပ်ရပ် တူးဘို့လိုပါသည်။

credit to Sayar U Kyawlwin Htun

အိမ်ဆောက်ရင် ဖောင်ဒေးရှင်း ဘယ်လောက်ချရမလဲ! ?အိမ်ဆောက်ရင် ဘယ် Footing ချရမလဲ မေးမေး နေလို့ '?အဆောက်အအုံအတွက် ဘယ်ဖောင်ဒေးရ...
16/12/2021

အိမ်ဆောက်ရင် ဖောင်ဒေးရှင်း ဘယ်လောက်ချရမလဲ! ?

အိမ်ဆောက်ရင် ဘယ် Footing ချရမလဲ မေးမေး နေလို့ '?

အဆောက်အအုံအတွက် ဘယ်ဖောင်ဒေးရှင်းကို အသုံးပြုမလဲ ဆိုတာကို မေးလာပါတယ်။ selection of foundation for building တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်ရာမှာ factor အကြောင်းအရာတွေ ရှိပါတယ်။ အဓိကတွေကတော့ soil condition မြေကြီးအနေအထားနှင့် Loads from building အဆောက်အအုံရဲ့ အလေးချိန်၀န်အား တို့ဖြစ်ပါတယ်။

Foundation ရဲ့ အဓိကတာ၀န်က အဆောက်အအုံရဲ ့ load တွေကို သက်ဆိုင်ရာ မြေကြီးက ကောင်းမွန်စွာ ထမ်းထားနိုင်ဖို့ တစ်နည်းအားဖြင့် column တိုင် သို့မဟုတ် wall နံရံက ကျလာတဲ့ အလေးချိန် force အားတွေကို အောက်မှာရှိတဲ့ မြေကြီးထဲကို အန္တရာယ်မရှိပဲ spread ဖြန့်ဆင်း ၀င်သွားနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒါကြောင့် အခြေခံအကျဆုံး isolated footing သို့မဟုတ် pad footing ကို spread footing လို့ ခေါ်တာ ဖြစ်ပါတယ်။

Soil condition ကို သက်ဆိုင်ရာ soil test result တွေအရ သိနိုင်ပါတယ်။ soil result မှာ သက်ဆိုင်ရာ အနက် depth တွေအလိုက် bearing capacity မြေကြီးရဲ့ ခံနိုင်ရည်အားတွေ တွေ့ရပါမယ်။ အပေါ်ယံ မြေကြီးအလွှာတွေမှာ ကောင်းမွန်တဲ့ soil bearing capacity ရှိမယ်၊ အဲဒီ bearing capacity က အဆောက်အအုံရဲ့ တိုင်က ကျလာတဲ့ load ကို ထမ်းမ ထားနိုင်တဲ့ ခံနိုင်ရည်အားလဲ ရှိမယ်ဆိုရင် foundation ကို သိပ်အနက်ကြီး တူးစရာ မလိုတဲ့အတွက် shallow foundation တိမ်တဲ့ဖောင်ဒေးရှင်း ဖြစ်ပါမယ်။ shallow foundation ရဲ့ အခြေခံအကျဆုံးကတော့ isolated footing ပါ။

Isolated footing ရဲ့ အခြေခံသဘောတရားက ဥပမာအားဖြင့် soil test result အရ မြေကြီးအနက် ၆ပေမှာ bearing capacity 10 tons/sq.m ရှိတယ် ဆိုပါစို့။ column တိုင်က ကျလာတဲ့ Load က 10 tons ရှိတယ် ဆိုပါက footing depth 6 feet နှင့် footing pad ရဲ့ size က 1 sq.m ထက်ကြီးရမယ်လို့ အကြမ်းဖျင်း စဉ်းစားလို့ရပါတယ်။

Isolated footing တွေ နေရာအထားအသိုမှာ spacing နီးတာမျိုး မြေကွက်အနေအထားအရ column တိုင်က footing pad နှင့် alignment မကျတာမျိုးတွေမှာ ဒီဇိုင်းလိုအပ်ချက်အရ footing pad တွေကို တစ်ဆက်ထဲသော pad အဖြစ်နှင့် ပုံစံထုတ်ရာက combined footing တွေ ရလာပါတယ်။

တစ်ခါတစ်လေမှာ footing pad တွေ ထိစပ်မနေပေမယ့် ဒီဇိုင်းလိုအပ်ချက်အရ pad သို့မဟုတ် column ကို strap beam နှင့်ဆက်ပြီး တစ်ပေါင်းတစ်စီးထဲ ဖြစ်စေရာက strap footing တွေ ရပါတယ်။

Soil bearing capacity နှင့် building loads တွေအရ footing pad size များ ကြီးလာပြီး တစ်ခုနှင့်တစ်ခုဆက်သွားတဲ့အခါ footing pad တွေက slab ပြင်တစ်ခုလို ဖြစ်သွားရာက mat foundation သို့မဟုတ် raft foundation ဖြစ်လာပါတယ်။ mat ဆိုတာ ဖျာဖြစ်ပြီး raft ဆိုတာက ဖောင် ဖြစ်ပါတယ်။ တကယ်လဲ ဖျာတစ်ချပ်နှင့်တူပြီး မြစ်ရေပြင်မှာ ဖောင်လို ပေါ်နေလို့
နာမည်နှင့် သဘောတရားနှင့် လိုက်တယ် ပြောရပါမယ်။
တည်ဆောက်မယ့် အဆောက်အအုံအတွက် foundation ချရာမှာ earthwork excavation ကို foundation အနက်အထိ တူးရတဲ့ အတွက် shallow foundation ကို open foundation လို့လဲ ခေါ်ပါတယ်။

တစ်ကယ်လို့ အဆောက်အအုံဆောက်မယ့် မြေကြီးက သင့်တော်တဲ့ အနက်မှာ အဆောက်အအုံရဲ ့ load တွေကို ထမ်းမ ထားနိုင်တဲ့ soil bearing capacity မရှိဘူး။ ဒါမှမဟုတ် အဆောက်အအုံက high-rise လိုမျိုး အထပ်မြင့်အဆောက်အအုံဖြစ်လို့ building loads က တအားများမယ် ဆိုတဲ့အချိန်မှာ shallow foundation နှင့် မရတော့ပါဘူး။ အဲလို အပေါ်ယံအလွှာမှာ bearing capacity မကောင်းတဲ့ မြေကြီးရဲ ့ အောက်အနက်တစ်နေရာမှာ bedrock လို ခေါ်တဲ့ အောက်ခံကျောက်အလွှာကြော ရှိတတ်ပါတယ်။ မာကြောတဲ့ အဲဒီအလွှာထိရောက်အောင် ဖောင်ဒေးရှင်းအတွက် ထောက်မမယ့် ကွန်ကရစ် pile တိုင်ကို ရိုက်သွင်းလို့သော်လည်းကောင်း bore တွင်းတူးပြီး ကွန်ကရစ် pile လောင်းခြင်းဖြင့် ပြုလုပ်ရာက pile foundation ဖြစ်လာပါတယ်။

အဲဒီလို အောက်ခံအမာကြောအထိ ထိအောင်ပြုလုပ်တဲ့ pile ကို end bearing pile လို့ခေါ်ပြီး အောက်ခံအမာကြောအထိ မရောက်သော်လဲ မြေသားနှင့် pile နှင့် ထိစပ်မှု friction ပေါ်မှာ အားပြုတဲ့ pile တွေကို friction pile လို့ခေါ်ပါတယ်။ အဲဒီ pile တွေထိပ်မှာ pile cap လုပ်ရာက isolated footing ရဲ ့ footing pad သဘော ဖြစ်သွားပါတယ်။ pile cap တစ်ခုမှာ pile အရေအတွက် တစ်ခုလဲ ဖြစ်နိုင်သလို အများလဲ ဖြစ်နိုင်ပါတယ်။ အဲလို မြေအောက်အနက်ထဲအထိ ချရတဲ့အတွက် pile foundation ကို deep foundation လို့ခေါ်ပါတယ်။

တစ်ခါတစ်လေမှာ bearing capacity ကလဲ နည်း၊ building load ကလဲ သိပ်ကြီးမားပါက pile တွေလဲအများကြီးရိုက်ရ pile cap တွေက တစ်ခုနှင့် တစ်ခုနှင့် ထိစပ်သွားရာက mat ဖြစ်သွားပြီး pile raft foundation ဖြစ်လာပါတယ်။
အဲဒါကြောင့် တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ foundation ရွေးချယ်ရာမှာ soil condition နှင့် building loads တွေကို ကြည့်ပြီး ရွေးချယ်နိုင်တာတွေကတော့

Shallow foundation အနေနှင့်
(1) Spread footing or isolated footing or pad footing
(2) Combined footing
(3) Strap footing
(4) Raft or mat foundation
Deep foundation အနေနှင့်
(1) Pile foundation
(2) Pile raft foundation တို့ဖြစ်ပါတယ်။
ဒါတွေက အခြေခံအားဖြင့် စဉ်းစားမိသလောက်ပါ။ တခြားနည်းလမ်းတွေလဲ ရှိနိုင်ပါသေးတယ်

FoundationFoundation ကို အဆောက်အအုံရဲ့ အခြေခံ အုတ်မြစ် လို့ အဓိပ္ပာယ် ဖွင့်တယ်။ အရင်က သုံးခဲ့တဲ့ foundation engineering ...
16/12/2021

Foundation

Foundation ကို အဆောက်အအုံရဲ့ အခြေခံ အုတ်မြစ် လို့ အဓိပ္ပာယ် ဖွင့်တယ်။ အရင်က သုံးခဲ့တဲ့ foundation engineering ဆိုတာကို အုတ်မြစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်လို့ ဆိုင်းဘုတ်ရေးထားတာမှာ နောက်ပေါက်အခေါ်အဝေါ် geotechnical engineering ဆိုတာကိုပဲ သိတဲ့လူတွေက ဘာလဲဟ ဆိုတာမျိုး ဖြစ်ဖူးတယ်။ foundation ဆိုတဲ့အပိုင်းဟာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးဆိုတာကို အဆောက်အအုံတစ်ခုအတွက်တင် မဟုတ်ပဲ ဘယ်အရာအတွက်မဆိုပါ။ foundation မကောင်းရင် ဘယ်အရာမှ ကောင်းမွန်စွာ မဖြစ်တည်ပါ။

Foundation ဆိုတာက ဒီလိုပါ။ foundation တစ်ခုရဲ့ ရည်ရွယ်ချက်တွေက …

(1) Distribute the weight of the structure over a large area of soil အဆောက်အအုံရဲ့ အလေးချိန်တစ်ခုလုံးကို တည်ဆောက်ထားတဲ့ မြေသားဧရိယာပေါ် ကောင်းမွန်စွာ သက်ရောက်သွားစေရန်

(2) Avoid unequal settlement မတူညီတဲ့ မြေသားကျုံ့ဝင်နိမ့်ကျမှုတွေကို ရှောင်ရှားရန်

(3) Prevent the lateral movement of the structure အဆောက်အအုံရဲ့ ဘေးတိုက်ရွေ့ရှားမှုကို တားဆီးနိုင်ရန်

(4) Increase the structural stability အဆောက်အအုံရဲ့ တည်ငြိမ်ခိုင်ခန့်မှု တိုးစေရန် စတာတွေ ဖြစ်ပါတယ်။

အဆောက်အအုံတွေမှာ types of foundations ဖောင်ဒေးရှင်းအမျိုးအစားတွေ များစွာ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နေရာဒေသတွေ မတူညီရာမှာ soil condition မြေသားတွေရဲ့ အခြေအနေတွေပေါ် မူတည်ပြီး bearing capacity လို soil properties တွေ မတူတာ၊ အဆောက်အအုံရဲ့ အရွယ်အစားတွေ အနေအထားတွေ မတူတာတွေမှာ အဆောက်အအုံအတွက် သင့်တော်တဲ့ foundation ကို ရွေးချယ်ရပါတယ်။

ယေဘုယျအားဖြင့် foundations တွေကို shallow foundation နဲ့ deep foundation ရယ်လို့ပဲ အဓိက အမျိုးအစား ၂ခုခွဲပါတယ်။ နာမည်တွေအတိုင်းပါပဲ ဖောင်ဒေးရှင်းအနက် depth of foundation အရ တိမ်တဲ့ ဖောင်ဒေးရှင်းကို shallow foundation လို့ နက်တဲ့ ဖောင်ဒေးရှင်းကို deep foundation လို့ပဲ အလွယ်တကူ မှတ်လို့ ရပါမယ်။ အဲဒီထက် ပိုပြီး အနည်းငယ် ယုတ္တိဗေဒကျတာက foundation depth က building width ထက် နည်းရင် shallow foundation လို့ သတ်မှတ်ပြီး foundation depth က building width ထက် များရင် deep foundation လို့ သတ်မှတ်တယ်လို့ ဆိုပါတယ်။

အဲဒီလို အဓိကအားဖြင့် ၂မျိုးခွဲခြားတာကနေ ထပ်ပြီး ခွဲတာမှာ …

Shallow foundations တွေက …
(1) Isolated spread footing
(2) Wall footing
(3) Combined footing
(4) Cantilever or strap footing
(5) Raft or mat footing ဆိုပြီး ရှိပါတယ်။

Deep foundations တွေက …
(1) Pile foundation
(2) Pier foundation
(3) Caisson foundation တို့ ရှိပါတယ်။
အဲဒီထဲက pier နဲ့ caisson တို့ကတော့ အဓိကအားဖြင့် bridge တံတားတွေမှာ သုံးပါတယ်။

အဲလို ဖောင်ဒေးရှင်းတွေ အမျိုးမျိုး ရှိရာမှာ သင့်တော်တဲ့ foundation type ကို ရွေးချယ်ရာမှာ ဘယ်အချက်တွေကို ကြည့်ရလဲ ဆိုတော့ …

(1) Importance of the building အဆောက်အအုံရဲ့ အရေးပါမှု
(2) Life of the structure အဆောက်အအုံရဲ့ သက်တမ်း
(3) Loads from superstructure အဆောက်အအုံရဲ့ ဝန် အလေးချိန်
(4) Type of construction materials to be used တည်ဆောက်ရာမှာ သုံးစွဲတဲ့ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်း အမျိုးအစား
(5) Water table level မြေအောက်ရေမျက်နှာပြင်
(6) Type of adjoining structure ဘေးမှာရှိတဲ့ အဆောက်အအုံအမျိုးအစား
(7) Soil condition မြေသားအခြေအနေ
(8) Location of building အဆောက်အအုံနေရာ … တို့ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံး ကောက်ချက်ချတာကတော့ … to provide the stability of the total structure and safely transfer the total load from the structure to the soil at an optimum cost လို့ ဆိုပါတယ်။ တည်ငြိမ်ခိုင်ခန့်မှုကို ဖြစ်စေဖို့၊ အဆောက်အအုံရဲ့ အလေးချိန်အားလုံးကို ဘေးအန္တရာယ်မရှိ မြေသားထဲ သက်ရောက်သွားစေဖို့၊ အသင့်တော်ဆုံး ကုန်ကျငွေ ဖြစ်ဖို့ ဆိုပါတော့။

Foundations အခြေခံအုတ်မြစ်တွေကို ကောင်းကောင်း လုပ်ကြပါ။

Special Credit

ကျင်တွယ်ဖမ်းနည်းများ
12/12/2021

ကျင်တွယ်ဖမ်းနည်းများ

10/12/2021

Address

Bet 66thx67th, Bet 43rdxTheikpan Street

Telephone

+959780768401

Website

Alerts

Be the first to know and let us send you an email when IGT - A Civil Engineer’s Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to IGT - A Civil Engineer’s Notes:

  • Want your business to be the top-listed Engineering Company?

Share