Bogyikarhla aung

  • Home
  • Bogyikarhla aung

Bogyikarhla aung kyauk taw

မြန်မာစစ်တပ် လက်နက်ကြီး ကျောင်းထဲ ကျ=============================ကော့ကရိတ်မြို့သို့ လက်နက်ကြီးကျည်ကျဧရာဝတီတပ်မတော်နှင့် ...
07/07/2015

မြန်မာစစ်တပ် လက်နက်ကြီး ကျောင်းထဲ ကျ
=============================
ကော့ကရိတ်မြို့သို့ လက်နက်ကြီးကျည်ကျ

ဧရာဝတီ
တပ်မတော်နှင့် DKBA တပ်များအကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ ယနေ့နံနက် ၇နာရီခန့်က ကော့ကရိတ်မြို့ ချောင်းတောင် အ-ထ- က ကျောင်း ၏ သူငယ်တန်း အဆောင်အပေါ်သို့ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ ရာ အဆောင်ရှေ့ဝရန်တာ ပျက်စီးသွားကြောင်း၊ နောက်တလုံးမှာ ကျောင်း အနောက်ရပ်ကွက်ရှိ အိမ်ဘေးသို့ ကျရောက်ပေါက်ကွဲကြောင်း ထိခိုက်သေကြေမှု မရှိ ကြောင်း ကော့ကရိတ်မြို့ခံများက ဆိုသည်။

ဓာတ်ပုံ- ဦးအောင်တိုး(ကော့ကရိတ်)
ကရင်ပြည်နယ်ကတိုက်ပွဲ ထိုင်းသတင်းစာရှင်းလင်း

ဇူလိုင် - ၇ - ၂၀၁၅

ရက်သတ္တတပတ်ရှိပြီးဖြစ်တဲ့ မြန်မာစစ်တပ်နဲ့(ဒီကေဘီအေ) တိုက်ပွဲကြောင့် လိုအပ်ပါက လူသားချင်းစာနာတဲ့ အကူအညီတွေပေးဘို့ ထိုင်းဘက်က ပြင်ဆင်ထားတဲ့အကြောင်း ဒီနေ့မနက် မဲဆောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာ့ခ်ခရိုင် လက်ထောက်ခရိုင်ဝန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လက်ထောက်တာ့ခ်ခရိုင်ဝန် နိုင်စူထားစိုင်ဝါနစ်က မြန်မာဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ တပတ်ရှိပြီး နှစ်ဖက်နယ်စပ်မှာတော့ စိုးရိမ်ရတဲ့ အနေအထားတွေ မရှိသေးဘူး အကယ်၍ တိုက်ပွဲတွေကြောင့်

ထိုင်းဘက်ကိုရောက်ရှိလာမဲ့လူတွေကို လူသားခြင်းစာနာတဲ့ အကူအညီတွေပေးသွားဘို့အတွက် ထိုင်းဘက်ကပြင်ဆင်ထားတယ်လို့ သတင်းထောက်တွေကို ပြောတာပါ။

တိုက်ပွဲတွေကြောင့် ထိုင်းဘက်က သူ့နယ်စပ်ကို ကာကွယ်ဘို့ နယ်စပ်လုံခြုံ ရေးကိုလည်းတိုးမြှင့်ထားပါတယ်။

ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်သွားပြီး မြန်မာဘက်ကိုပို့မဲ့ ထိုင်းကုန်ပစ္စည်းတွေ နယ်ခြားမျဉ်းအနီး ထိုင်းဘက်ခြမ်းက ဂိုဒေါင်တွေထဲမှာ သောင်တင်နေသလို မြန်မာဘက်ခြမ်းက ဂိုဒေါင်တွေထဲမှာလည်း ထိုင်းကုန်တွေ သောင်တင်နေတယ်လို့ နှစ်ဖက်ကုန်သည်ကြီးများကပြောဆိုပါတယ်။

တိုက်ပွဲတွေက ဒီကနေ့အထိ ဆက်လက်ပြင်းထန်နေပြီး ကော့ကရိတ်မြို့ ချောင်းတောင်အရပ်က အထက်တန်းကျောင်းကို မြန်မာစစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိမှန်ခဲ့တဲ့အတွက် ကျောင်းပိတ်လိုက်ရပါတယ်။

မြန်မာစစ်တပ်ကပစ်တဲ့ လက်နက်ကြီးက မနက် ၇ လောက်မှာကျရောက်တာဖြစ်တဲ့အတွက် ဘယ်သူမှ ထိခိုက်တာမရှိပေမဲ့ ကျောင်းကတော့ အတော်လေး ပျက်စီးသွားပါတယ်။

အရင်ကလည်း မြ၀တီမှာ မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် သောင်းနဲ့ချိတဲ့ မြန်မာတွေ မဲဆောက်ဘက်ကို ရှောင်တိမ်းလာရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းတွေအရ မြ၀တီ -ကော့ကရိတ်လမ်းဟောင်းအနီးက အောက်ဘိုတဲနဲ့ကောင်းမှုရွာ ဘုန်းကြီးကျောင်းမုဒ်ဝ အကြားမှာ ဒီနေ့မနက် ၇ နာရီး ၄၅ မီနစ်ကနေ စတင်ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတာ မနက် ၁၁ နာရီ ထိုးခါနီး အချိန်ထိ မပြီးသေးဘူးလို့ ဒီကေဘီအေဘက်က ပြောပါတယ်။
(ပုံ- ။ပျက်စီးသွားသည့် စာသင်ကျောင်း)

ရွှေတိဂုံ စေတီ အနီး ဒဂုံ စီးတီးဝမ်း အိမ်ယာ စီမံကိန်းကို ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၇ ရက်နေ့မှာ တရားဝ...
07/07/2015

ရွှေတိဂုံ စေတီ အနီး ဒဂုံ စီးတီးဝမ်း အိမ်ယာ စီမံကိန်းကို ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၇ ရက်နေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ရွှေတိဂုံ စေတီတော် ထိခိုက်မှာကို ရဟန်းရှင်လူ ပြည်သူ တွေက စိုးရိမ်တာရယ်၊ ဗိသုကာ ပညာရှင်တွေ ကနေ ဒီစီမံကိန်း လုပ်ရင် ရွှေတိဂုံကို ထိခိုက်နိုင်တဲ့ ဆိုတဲ့ အကြံပြုချက်တွေ၊ နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ၀န်ကြီးဌာန တို့ကလည်း ဒီစီမံကိန်း ရပ်ဆိုင်းပေးဖို့ တောင်းဆို လာတာကြောင့် အခုလို ဖျက်သိမ်းပေး လိုက်တာ လို့ သမ္မတရုံး ညွှန်ကြားရေး မှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

စီမံကိန်း မဖျက်သိမ်းရင် နိုင်ငံ တ၀န်း ဆန္ဒပြမယ် စတဲ့ ဖိအားပေး မှုတွေကြောင့် မဟုတ်ဘဲ နဂို ကတည်းက ဒီကိစ္စကို ပြန်လည် သုံးသပ်နေတာ ဖြစ်ပြီး၊ တင်ဒါအောင်ထားတဲ့ ကုမ္ပဏီ တွေနဲ့ ပြန်လည် ညှိနှိုင်းနေတာ ကြောင့် အခုလို အချိန် ကြံ့ကြာ သွားခဲ့တာလို့ ပြောပါတယ်။

တင်ဒါခေါ်ယူတုန်း ကတော့ အခုလို ဗိသုကာ ပိုင်း အရ စစ်ဆေး သုံးသပ် မှုတွေ မလုပ်နိုင်ခဲ့ ဘူးလို့ ဦးဇော်ဌေးက ၀န်ခံ ပြောဆိုပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ရဲ့ ဥပဒေ တိုင်းသား လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ ဟိုးအရင် ရှိပြီးသား ရွှေတိဂုံ စေတီ ဂေါပက ဥပဒေ အရ အခု အခြေအနေတွေနဲ့ အကျုံးမ၀င်တဲ့ အတွက်လည်း ဆောင်ရွက်ဖို့ ခွင့်ပြုခဲ့တာ လို့လည်း သူကပြောပါတယ်။

အခုလို အပြီးသတ် ရပ်စဲ လိုက်တာ ဖြစ်တဲ့ အတွက် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေ နစ်နာမှု အတွက် ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အခု ရွှေတိဂုံ စေတီကို ထိခိုက်နိုင်တယ် ဆိုတဲ့ မြေကြော သက်ရောက်မှုဟာ သင်ခန်းစာ ဖြစ်တဲ့ အတွက် နောက်နောင် အခုလို စီမံကိန်းတွေ ချမှတ်ရင် ဒါတွေကို ထည့်သွင်း စဉ်းစား သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

===========
BBC

26.6.2015 နိမှာ ကျနော်ရို့ AGYO ကသတင်းချေရလာစော်က ရခိုင်သူမချေတစ်ယောက် လင်သေ နောက်မယားယူပနာ ထွက်ဗြီးလားခလို့ ဒုက္ခရေက်နီေ...
03/07/2015

26.6.2015 နိမှာ ကျနော်ရို့ AGYO ကသတင်းချေရလာစော်က ရခိုင်သူမချေတစ်ယောက် လင်သေ နောက်မယားယူပနာ ထွက်ဗြီးလားခလို့ ဒုက္ခရေက်နီယေလို့ သိရပါရေ ကျနော်ရို့ သူ့ဘားကိုလားလို့မီးကေ့ရေအခါ အေလ ၃၀ ရက်နီမှာ မွီးပါဖို့ လက်ထဲမှာလည်း တစ်ပြားချေလည်းမဟိ အိမ်လခတောင် ၂လစာ မပီးရပါသီး ဆေးရုံလားဖို့ ဖေသာ မဟိရေ အတွက်နန့် ၂၉ ရက်နီလောက်မှ လားဖြိုက်ပါဖို့.... အောက်မှာ အသံဖိုင်ကို နားထောင်ကေ့ဂတ်ပါ...ကျေးဇူးပြုလို့ ဝိုင်းပနာ ကူညီပီးဇီချင်ပါရေ အရေးကြီးနီပါရာ တိုင်းတပါးမှာ မျက်နှာငယ်ချေနဲ့ လင်ကိုအားကိုး လို့ တိုင်းတပါးလိုက်လာ အချေတစ်ယောက် ဝမ်းတစ်လုံးနဲ့အချိန်မှာ ရက်ရက်စက်စက် ထားပခစော်ကို ရင်နာဖို့ကောင်းပါရေ .. သနားဖို့ အင်တန် ကောင်းပါရေ ယေဇူးနန့် ဝိုင်းလို့ ကူညီပီးဂတ်ဖို့ မိတ္တာရပ်ခံအပ်ပါရေ... - See more at: http://arakangenerationyouthorganization.blogspot.com/2015/06/blog-post_26.html .odn5ZkZV.dpuf

02/07/2015
ထိုင်ဝမ်ဘုန်းတော်ကြီး သရုပ်ခွဲပြတဲ့လူ့အလွှာ ၃ မျိုး(ကိုယ်ဘယ်အလွှာမှာပါနေလည်း ဆန်းစစ်ရအောင်)===========================ထိုင...
02/07/2015

ထိုင်ဝမ်ဘုန်းတော်ကြီး သရုပ်ခွဲပြတဲ့
လူ့အလွှာ ၃ မျိုး
(ကိုယ်ဘယ်အလွှာမှာပါနေလည်း ဆန်းစစ်ရအောင်)
===========================
ထိုင်ဝမ်မှာ သတင်းသုံးတော်မူတဲ့ ရှင်းရင်ဘုန်းတော်ကြီး ဟောတဲ့တရားထဲကပါ။
နှစ်သက်လို့ ဘာသာပြန်လိုက်ပါတယ်။

အထက်တန်းလွှာမှာ အရည်အချင်းရှိတယ်။ မာနမရှိပါ။
အလယ်တန်းလွှာမှာ အရည်အချင်းရှိတယ်။ မာနကြီးတယ်။
အောက်တန်းလွှာမှာ အရည်အချင်းမရှိပါ။ မာနကျတော့ လုံးဝမလျှော့ပါ။

အထက်တန်းလွှာဟာ ဥာဏ်ပညာအကြောင်း ဆွေးနွေးကြတယ်။
အလယ်တန်းလွှာဟာ အလုပ်အကိုင်အကြောင်း ဆွေးနွေးကြတယ်။
အောက်တန်းလွှာဟာ အတင်းအဖျင်း တွေဆွေးနွေးကြတယ်။

အထက်တန်းလွှာဟာ ပေးဆပ်ကြပါတယ်။
အလယ်တန်းလွှာဟာ လဲလှယ်ကြပါတယ်။
အောက်တန်းလွှာဟာ အမြဲလိုလို အလကားပဲ ရချင်ကြပါတယ်။

အထက်တန်းလွှာဟာ သူများကို အမြဲချီးမွန်းကြတယ်။
အလယ်တန်းလွှာဟာ သူများကိုသိပ် မခေါ်မပြောဘူး။
အောက်တန်းလွှာဟာ အထက်ဖားသလောက် အောက်အရမ်းဖိနိပ်တယ်။

အထက်တန်းလွှာဟာ ယုံကြည်ချက် ခိုင်မာတယ်။
အလယ်တန်းလွှာဟာ ကိုယ့်ကိုကို ယုံကြည်တယ်
အောက်တန်းလွှာဟာ စိုးရိမ်စိတ် သံသယစိတ်တွေပြည့်နက်နေတတ်တယ်။

အထက်တန်းလွှာဟာ လက်တွေ့အကောင်အထည်ဖေါ်တယ်။
အလယ်တန်းလွှာဟာ စဉ်းစားချင့်ချိန်နေတတ်တယ်။
အောက်တန်းလွှာဟာ စိတ်ခံစားချက် နောက်လိုက်နေတတ်တယ်။

ဒါဆို သင်ကော…ဘယ်အလွှာထဲမှာ ပါဝင်နေလည်း?
ပျက်အစဉ် ပြင်ခဏ စကားကို သတိမူပါ။
ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင် မကောင်းနိုင်ရင်
အသာလေးနေလိုက်ပါ။
မပျက်စီးသွားပါစေနဲ့ ။

Credit to: Sayar Aung Ko Latt

စာရေးသူ Oppositeye myanmar

မရိုးသားကြဘူး>>==============မင်းတို့ အမေရိကန် ပထမဆုံး သမ္မတ သိလား၊ ဘယ်သူတဲ့တုန်း? (လင်ကွန်းပါဘုရား)၊ တောက်တီး တောက်တဲ့နဲ...
02/07/2015

မရိုးသားကြဘူး>>
==============

မင်းတို့ အမေရိကန် ပထမဆုံး သမ္မတ သိလား၊ ဘယ်သူတဲ့တုန်း? (လင်ကွန်းပါဘုရား)၊ တောက်တီး တောက်တဲ့နဲ့ (၁၆)ယောက်မြောက်မှ လင်ကွန်းပဲ၊
ဒါ ကျောင်းဆရာ တဲ့ ခွေးမသား၊ ၀ါရှင်တန်ပေါ့ကွ၊
အမေရိကန်မှာ ပထမဆုံး သမ္မတဖြစ်တာ ၀ါရှင်တန်ကွ၊ ဟုတ်လား။

အဲဒီ ၀ါရှင်တန် ငယ်စဉ်က သူတို့ အိမ်နောက်ဖေးမှာ ခြံရှိတယ်ပေါ့ကွာ၊ အဲဒီခြံထဲက သစ်ပင်တွေကို ၀ါရှင်တန်က ကလေးအရွယ်ဖြစ်မှာပေါ့ကွာ၊ ဓားတချောင်းနဲ့ လျှောက်ခုတ်တယ်၊ ပြတ်အောင်လဲ မခုတ်ဘူး၊ ပြတ်ခါနီး ထားခဲ့၊ နောက် တပင်ခုတ် ပြတ်ခါနီး ထားခဲ့၊ အဲဒီလို ကလေးဘာဝ လက်ဆော့တယ်၊ အဲဒါ သူခုတ်ပြီး မကြာခင်ပဲ သူ့အဖေက ခြံထဲ ရောက်လာတယ်၊ ကလေးကလဲ ၀ါရှင်တန်တယောက်ထဲ ရှိတယ် ခြံထဲမှာ။

ဒီတော့ ခေါ်တယ်၊ “ ဟေ့ ၀ါရှင်တန် လာစမ်း၊ ဒီမှာကွ ကိုင်းတွေ ဓားနဲ့ ခုတ်ထားတယ်၊ ဆော့တာ ကလေးတွေ ငါ့သားကတော့ မဟုတ်ပါဘူး၊ ဒိပြင်အိမ်က ကလေးတွေ နေမှာပါ”၊ လိမ်ပြောအောင်လို့ စကားလွှဲပေးတာ၊

အဲဒီတော့ ၀ါရှင်တန်ကလဲ ထစ်အထစ်အနဲ့ အဖေအဖေနဲ့ သူကလဲ လိမ်မပြောချင်ဘူးပေါ့လကွာ၊ နောက်ဆုံးကျတော့ ၀န်ရှင်တန်က “ အဖေ ဒိပြင်အိမ်က ကလေးတွေ မဟုတ်ဘူး၊ ကျနော်လုပ်တာ၊ အပြစ်ပေးချင်ရင် ကျနော့်ကို အပြစ်ပေးပါ” ၀ါရှင်တန်က ၀န်ခံလိုက်တယ်၊ အဲဒါ သူ့အဖေက သိပ်သဘောကျတယ်။

အေး “ ငါ့သား မှတ်ထား၊ လူဆိုတာ ရိုးသားရတယ်၊ ကိုယ်လုပ်ရင် လုပ်တယ်လို့ ၀န်ခံရတယ်၊ မလိမ်ရဘူး၊ မညာရဘူး”၊ အဲသလို ဆုံးမတဲ့အတွက် ၀ါရှင်တန်က သမ္မတဖြစ်သည်အထိ အင်မတန်ကို ရိုးသားတယ်။

သူ ပထမဆုံး သမ္မတဖြစ်တော့ ထုံးစံပေါ့ကွာ သမ္မတ မိန့်ခွန်းပေးတယ်၊ သူ့မိန့်ခွန်းက တမိနစ်ခွဲလောက်ပဲ ကြာတယ်ပေါ့ကွာ၊ ဘယ်လောက်မှ မကြာဘူး၊ မိန့်ခွန်းတိုတိုလေး၊ ဒီတော့ မိန့်ခွန်းပေးပြီးတော့ သူ့သူငယ်ချင်းတွေက “ ဟ သမ္မတကြီး မင်း မိန့်ခွန်းက တိုလှချည်လားကွ ”လို့ ပြောကြတယ်။

ဒီတော့ ၀ါရှင်တန်က ဘာပြောလဲ ဆိုတော့ “ မုသားမပြောတတ်တဲ့ နိုင်ငံရေးသမားအဖို့ မိန့်ခွန်းကို အရှည်ကြီး ပြောဖို့ မလိုပါဘူးကွာ ” တဲ့၊ ဟုတ်လား။

ဟေ့ ကောင် ဘယ်လောက်ကောင်းတုန်း ?

အေး ““ မုသားမပြောတတ်တဲ့ နိုင်ငံရေးသမားအဖို့ မိန့်ခွန်းကို အရှည်ကြီး ပြောဖို့ မလိုပါဘူးကွာ ” တဲ့၊

ဝါရှင်တန်က အဲသလိုပြောသတဲ့ကွ၊ ၀ါရှင်တန်ဟာ သူ့ရဲ့ မိဘရဲ့ အဆုံးအမကို ငယ်စဉ်ကတည်းက ရရှိတဲ့အတွက် သမ္မတဖြစ်သည်အထိ ရိုးသားတယ်၊

အေး ဒို့ ဆီက အဲသလို မရိုးသားကြဘူး၊
တိုင်းပြည်ကို အုပ်ချုပ်တဲ့ပိုဂ္ဂိုလ်တွေ မရိုးသားတဲ့အတွက် ဗမာပြည် မတိုးတက်ဘူးကွ၊ ဟုတ်လား၊
ရိုးသားရင် တိုးတက်မယ်၊ မင်းတို့ ဗမာပြည် အလားအလာ သိပ်ကောင်းတယ်၊ အဲဒါ မှတ်ထား။

=========
ကျေးဇူးတော်ရှင်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မစိုးရိမ်တိုက်သစ်မဟာအောင်မြေ

Address


Website

Alerts

Be the first to know and let us send you an email when Bogyikarhla aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Engineering Company?

Share