Silent Reader

Silent Reader နည်းပညာများနှင့် ဘဝအောင်မြင်ရေးစာပေများကို သင်ယူလေ့လာနိုင်ပါသည်။

အမျိုးသမီးတစ်ယောက်ရဲ့စိတ်ဓာတ်ကို အားနည်းအောင် လုပ်တာဟာတိုင်းပြည်ကို အားနည်းအောင် လုပ်တာနဲ့အတူတူပါပဲ။.ဒဂုန်ခင်ခင်လေး     ...
04/07/2025

အမျိုးသမီးတစ်ယောက်ရဲ့စိတ်ဓာတ်ကို
အားနည်းအောင် လုပ်တာဟာ
တိုင်းပြည်ကို
အားနည်းအောင် လုပ်တာနဲ့
အတူတူပါပဲ။.

ဒဂုန်ခင်ခင်လေး

စိန်နားကပ် ပန်ရတာထက် ခရီးထွက်ရတာကို ပိုမြတ်နိုးတယ်။စာရေးဆရာမ ခင်နှင်းယု
29/06/2025

စိန်နားကပ် ပန်ရတာထက်
ခရီးထွက်ရတာကို ပိုမြတ်နိုးတယ်။

စာရေးဆရာမ ခင်နှင်းယု

မင်း လဲကျတာကို ငါ စိတ်မပူဘူး၊မင်း ပြန်မထမှာကို ငါ စိတ်ပူတယ်။အယ်ဗရာဟယ် လင်ကွန်း (အမေရိကန် သမ္မတဟောင်း)
28/06/2025

မင်း လဲကျတာကို ငါ စိတ်မပူဘူး၊
မင်း ပြန်မထမှာကို ငါ စိတ်ပူတယ်။
အယ်ဗရာဟယ် လင်ကွန်း (အမေရိကန် သမ္မတဟောင်း)

ပြန်မချစ်တာက ပြန်ဿနာမဟုတ်ပါဘူးဗျာ 💔ချစ်ကြောင်းဝန်ခံမိတာကတော့နောင်တမရဖို့ကိုယ့်ကိုယ် သက်သေပြရုံလေးပါပဲ။
27/06/2025

ပြန်မချစ်တာက ပြန်ဿနာမဟုတ်ပါဘူးဗျာ 💔
ချစ်ကြောင်းဝန်ခံမိတာကတော့
နောင်တမရဖို့
ကိုယ့်ကိုယ် သက်သေပြရုံလေးပါပဲ။

ဘယ်သူ့အတွက် ရှင်သန်မလဲ 🌞ကိုယ့်စိတ်နဲ့ သဟဇာတမဖြစ်တဲ့ သူတွေကိုကိုယ့်စိတ်ထဲ ထည့်ပြီး သယ်နေတဲ့အခါစိတ်ဟာ မငြိမ်းချမ်းခြင်းနဲ့...
26/06/2025

ဘယ်သူ့အတွက် ရှင်သန်မလဲ 🌞

ကိုယ့်စိတ်နဲ့ သဟဇာတမဖြစ်တဲ့ သူတွေကို
ကိုယ့်စိတ်ထဲ ထည့်ပြီး သယ်နေတဲ့အခါ
စိတ်ဟာ မငြိမ်းချမ်းခြင်းနဲ့အတူ လေးလံတယ်။

ကိုယ့်အလုပ်ကို မလုပ်ဘဲ
တခြားသူ ဘာလုပ်နေလဲ လိုက်ကြည့်မြင်နေတဲ့အခါ
အလုပ်ဟာ မတွင်ကျယ်ခြင်းနဲ့အတူ ကျရှုံးတယ်။

ဘယ်သူ့အကြောင်းမှ မတွေးဘဲ
ကိုယ့်အကြောင်း ကိုယ် တွေးတဲ့အခါ
ရှေ့ဆက်လုပ်ရမှာတွေကို သိမြင်လွယ်တယ်။

ကိုယ့်ကို ဒုက္ခပေးမယ့် အတွေးတွေကို
အကြောင်းမဲ့ လျှောက်မတွေးတော့တဲ့အခါ
ကိုယ့်စိတ်ဟာ အန္တရာယ်ကင်းတယ်။

ကိုယ့်အကြောင်း ကိုယ်တွေး
ကိုယ့်အလုပ် ကိုယ်လုပ်
ကိုယ့်အသိ ကိုယ်ထိန်းပြီး
ကိုယ့်အတွက် ကိုယ် ရှင်သန်တဲ့အခါ
ငြိမ်းချမ်းခြင်းနဲ့အတူ အောင်မြင်တယ်။

အပြန်အလှန် လက်ကလေးများ 🌊အပြန်အလှန် ထားရှိတဲ့ဖြူစင်တဲ့ မေတ္တာဟာဘယ်လောက်ထိ နက်ရှိုင်းကြောင်းကျွန်တော်တို့ သိရှိလာတဲ့အခါကမ္...
26/06/2025

အပြန်အလှန် လက်ကလေးများ 🌊

အပြန်အလှန် ထားရှိတဲ့
ဖြူစင်တဲ့ မေတ္တာဟာ
ဘယ်လောက်ထိ နက်ရှိုင်းကြောင်း
ကျွန်တော်တို့ သိရှိလာတဲ့အခါ
ကမ္ဘာကြီး ဘယ်လောက်လှကြောင်း
ကျွန်တော်တို့ သိလာပါလိမ့်မယ်။

သူငယ်ချင်းကောင်း လိုချင်တဲ့အခါ
သူငယ်ချင်းကောင်းဖြစ်အောင် နေကြရမယ်။

အပြန်အလှန်မေတ္တာဟာ
အကြံအဖန်ချစ်တာ မဟုတ်ကြောင်း
နားလည်သွားတဲ့အခါ
သူငယ်ချင်းကောင်းကို တွေ့ရလိမ့်မယ်။

ဆီပေးပြီး ဆန်လိုချင်တာမျိုးထက်
မျှော်လင့်ချက်မပါ
ဖြူစင်တဲ့ မေတ္တာ တွေ့တဲ့အခါ
တန်ဖိုးထား တုန့်ပြန်တတ်ရမယ်။

သူငယ်ချင်းကောင်းဆိုတာ
ဘုရင်မင်းလောင်း ရှာသလို
ကမ္ဘာပတ်စရာ မလိုပါဘူး
ဖြူစင်တဲ့မေတ္တာကို ပေးလာသူကို
စာနာနားလည်မှုတွေနဲ့
အပြန်အလှန် ချစ်ခင်ကြင်နာတတ်ဖို့ပဲ လိုတာပါ။

စိန်ထက်ရှားတဲ့
သူငယ်ချင်းကောင်းတွေကို
တန်ဖိုးထား အပြန်အလှန်နားလည်မှု ထားကြရအောင်။

အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးမမိုက်မဲပါနဲ့ အချစ်ရယ်...။စစ်ကြောင့် ကျခဲ့ရတဲ့ မျက်ရည်မင်း မသိပါဘူး...။ဘဝဆက်ဆက် စစ်ဆိုတာကိ...
25/06/2025

အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး
မမိုက်မဲပါနဲ့ အချစ်ရယ်...။

စစ်ကြောင့် ကျခဲ့ရတဲ့ မျက်ရည်
မင်း မသိပါဘူး...။

ဘဝဆက်ဆက် စစ်ဆိုတာကို
မကြားရမမြင်ရပါစေနဲ့...။

ယုံကြည်ခြင်း လမ်းကလေးများ 🌅ယုံကြည်ချက်နဲ့ မက်ခဲ့တဲ့ အိမ်မက်ပါပဲမျက်ရည်တွေကျပြီး ဝမ်းနည်းရတာတောင်ဆက်ချီတက်ဖို့ ခွန်အားရှိ...
24/06/2025

ယုံကြည်ခြင်း လမ်းကလေးများ 🌅

ယုံကြည်ချက်နဲ့ မက်ခဲ့တဲ့ အိမ်မက်ပါပဲ
မျက်ရည်တွေကျပြီး ဝမ်းနည်းရတာတောင်
ဆက်ချီတက်ဖို့ ခွန်အားရှိခဲ့တယ်။

ယုံကြည်ချက်နဲ့ လျှောက်ခဲ့တဲ့ လမ်းတွေပါပဲ
တစ်နေ့တော့ ရောက်ရမယ်ဆိုတဲ့ စိတ်နဲ့
ဒဏ်ရာတွေတောင် ချိုမြိန်ပါတယ်။

ယုံကြည်ချက်နဲ့ ဖက်တွယ်တက်ခဲ့တဲ့
တောင်တန်းတွေပါပဲ
မရောက်ခင် ပြုတ်ကျတာတွေ ကြုံရမှာသိသိနဲ့
ပျော်ရွှင်တက်ကြွခဲ့ရတယ်။

ယုံကြည်ချက်နဲ့ စိုက်ပျိုးခဲ့တဲ့
သစ်ပင်တစ်ပင်ပါပဲ
ပြိုလဲသေဆုံးသွားရင်တောင်
ရည်ရွယ်ချက်ရှိရှိနဲ့ ရှင်သန်ခဲ့ရမှာပါပဲ။

ယုံကြည်ချက်အတွက် မက်တဲ့ အိမ်မက်ရယ်
ယုံကြည်ချက်နဲ့ ဆက်ရတဲ့ အသက်ရယ်
ယုံကြည်ချက်နဲ့ လျှောက်ရတဲ့ လမ်းရယ်
ဒဏ်ရာတွေ လာပါစေ
နာကျင်တာတွေ လာပါစေ
ပြိုလဲခြင်း၊ ကြေကွဲခြင်း
တစ်နေ့တော့ ပန်းတိုင်ဟာ ရောက်မှာပါပဲ
ဒါဟာ ယုံကြည်ခြင်းရဲ့ ခွန်အားပါပဲ။

တစ်ခုခုကို ယုံကြည်သက်ဝင်တဲ့ စိတ်နဲ့ပဲ
ရှင်သန်ကြရအောင်....။

ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါ 💪မုန်တိုင်းတွေကျရင်တော့ ကမ်းစပ်မှာပဲ နေနေမြင်လယ်မှာပဲ နေနေလှိုင်းပုတ်တဲ့ ဒဏ်ကိုတော့ ခံရမ...
23/06/2025

ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါ 💪

မုန်တိုင်းတွေကျရင်တော့
ကမ်းစပ်မှာပဲ နေနေ
မြင်လယ်မှာပဲ နေနေ
လှိုင်းပုတ်တဲ့ ဒဏ်ကိုတော့ ခံရမှာပဲ။

လူ့လောကကို ရောက်လာရင်တော့
ကောင်းတာပဲ လုပ်လုပ်
မကောင်းတာပဲ လုပ်လုပ်
ပတ်ဝန်းကျင်ရဲ့
ဝေဖန်ကဲ့ရဲ့ခြင်းတွေကို ခံရမှာပဲ။

ဘယ်လိုအခက်အခဲတွေ
ဘယ်လိုဝေဖန်မှုမျိုးတွေနဲ့ပဲ ကြုံတွေ့နေရပါစေ
ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ စိတ်ဓာတ်တွေနဲ့
လောကကြီးကို
အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ။

လူ့လောကမှာတော့
ကိုယ့်ထက်သာရင် မုဒိတာမပွားကြဘဲ
ဘယ်လိုတိုက်ခိုက်ရမလဲ
ဘယ်လိုဝေဖန်ကဲ့ရဲ့လိုက်ရမလဲဆိုသူတွေက
တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ များပြားလာကြတယ်။

ပတ်ဝန်းကျင်ရဲ့
ဝေဖန်တိုက်ခိုက်မှုတွေကို ကြောက်ရွံ့ပြီးတော့
ဘာမှမလုပ်ပဲ နေလိုက်မယ်ဆိုရင်
ကိုယ့်ဘဝဆုတ်ယုတ်မှုတွေ ကြုံတွေ့ရမယ်။

လာကဓံ
ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ
ပတ်ဝန်းကျင်က
ဘယ်လိုပဲ တိုက်ခိုက်နေပါစေ
အပြုံးမပျက်ဘဲ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါ။

Not me 😉
22/06/2025

Not me 😉

Address

Union Metro
Yangon

Telephone

+959893569226

Website

Alerts

Be the first to know and let us send you an email when Silent Reader posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Silent Reader:

Shortcuts

Share