17/06/2026
🌧️မိုးရာသီမှာ အိမ်ဆောက်သင့်လား?
🏘 ပုံမှန်အားဖြင့် မိုးရာသီမှာ အိမ်ပြင် အိမ်ဆောက် မယ်ဆိုရင် ကရိကထများပြီး ကုန်ကျစရိတ်ပိုများစေမယ်လို့ ထင်မြင်စရာကောင်းပေမယ့် မိုးရာသီမှာ အိမ်ဆောက်သင့်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ် ။
✅ဆောက်လုပ်ရေးစရိတ် သက်သာပါတယ်...
🌧 မိုးရာသီဖြစ်တာကြောင့် အိမ်ဆောက်ပစ္စည်းတွေဖြစ်တဲ့ အိမ်သုပ်ဆေး၊ ဘိလပ်မြေ၊ သံ နဲ့ Decorations ပစ္စည်းတွေမှအစ Contractor တွေရဲ့ ဈေးနှုန်းတွေဟာလဲ ပွင့်လင်းရာသီထက် ပိုပြီး သက်သက်သာသာနဲ့ ရနိုင်ပါတယ်....
✅Construction Timeline ကို ပိုပြီး မြန်ဆန်စေတယ်
🌧 ဆောက်လုပ်ရေး အလုပ်သမားတွေအနေနဲ့လည်း project နည်းတဲ့ ကာလ ဖြစ်တာကြောင့် ကျွမ်းကျင်လုပ်သားတွေကို ရရှိနိုင်ပြီး လုပ်ငန်းပြီးမြောက်နိုင်ဖို့ ရာခိုင်နှုန်းများပါတယ် ။ ဒါ့အပြင် ရာသီဥတု မပူပြင်းတာကြောင့် လုပ်ငန်းခွင်သက်တောင့်သက်သာရှိမှု အစရှိတာတွေဟာ အလုပ်ကို ပိုပြီး ပြီးမြောက်စေနိုင်ပါတယ်။ ဒါပေမဲ့လည်း သည်းကြီးမဲကြီး မိုးရွာတာတွေကြောင့် တချို့သော လုပ်ကွက်တွေလည်း နှောင့်နှေးတက်ပြန်ပါတယ်။
✅Quality Check up တခါတည်း လုပ်ပြီး၊ ပြင်ဆင်ပြီးသား ဖြစ်စေတယ်.....
🌧 ဆောက်လုပ်ရေးကာလဟာ မိုးရာသီ ဖြစ်တာကြောင့် ဆောက်လုပ်ရေးမှာ ထည့်သွင်း အသုံးပြုမယ့် ပစ္စည်းတွေရဲ့ quality ကိုလဲ တခါတည်းစစ်ဆေးပြီးသား ဖြစ်စေမှာပါ ။
🌧 အိမ်နံရံ ရေစိမ့်ခြင်း ၊ ခေါင်မိုး ရေမလုံခြင်း ၊ အိမ်ပတ်ဝန်းကျင် ရေစီးဆင်းမှုအခြေအနေ ၊ လေဒဏ်ခံနိုင်နှုန်း ၊ လေတိုက်အားနှင့် မိုးလေ လမ်းကြောင်း စသဖြင့် နေအိမ်တလုံးရဲ့ကြံခိုင် လှပမှုအတွက် အရေးကြီးတဲ့အရာတွေကိုပါ တခါတည်း စစ်ဆေး အဖြေရှာပြီး ဖြစ်စေမှာပါ ။
👷♂️ကဲဒီလောက်ဆိုရင်တော့ “မိုးရာသီမှာအိမ်ဆောက်သင့်လား?” ဆိုတဲ့ အဖြေကို သိသွားကြမယ်ထင်ပါတယ် . . .
🔈အသေးစိတ်ဆွေးနွေးလိုတယ်. . လုပ်ငန်းများအပ်နှံလိုတယ်ဆိုရင် 💬
☎️ (ဖုန်း) : 09-757779913, 09-757779914,
09-797779813, 09-797779814
📞(Viber) :09-263019511,09-400048524,
09-400020602
🏠 ရုံးခန်းလိပ်စာ - အမှတ်(၇၅၁)၊ ရွှေလမ်းမကြီး၊ တပ်ကုန်း(ထွယ်ဆန်)၊ December Hotel အကျော်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။
#ဆောက်လုပ်ရေး
#ကချင်ပြည်နယ်အနှံ့ဆောက်လုပ်ရေးဝန်ဆောင်မှု