Htet Vlog I will explain a beautiful car culture of Japan🇯🇵🇯🇵

လွန်ခဲ့တဲ့ ၂ ရက်က Tokyo က လမ်းမပေါ်မှာ drift ဆွဲလို့ အဖမ်းခံရတယ်ဆိုပြီး သတင်းတက်လာတယ်။ တစ်ယောက်က နိုင်ငံခြားသား၊ အားလုံး...
06/03/2026

လွန်ခဲ့တဲ့ ၂ ရက်က Tokyo က လမ်းမပေါ်မှာ drift ဆွဲလို့ အဖမ်းခံရတယ်ဆိုပြီး သတင်းတက်လာတယ်။ တစ်ယောက်က နိုင်ငံခြားသား၊ အားလုံးပေါင်း ၅ ယောက်ပေါ့။ အမှုက ဘလိုဖြစ်မလိုမသိရသေးပေမဲ့ သေချာတာကတော့ ကားတွေအသိမ်းခံရမယ်ဆိုတာပါပဲ။ ကျတော်တို့နိုင်ငံမှာလို Power Exhaust တပ်တိုင်းမဖမ်းပါဘူး။သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် လမ်းမှာမောင်းခွင့်ရှိပါတယ်။ ဒါပေမဲ့ Street Drifting လိုတွေလုပ်လို့ ဖမ်းမိရင်တော့..........🧏‍♂️🙅‍♂️🙅‍♂️

ဂျပန်နှင့် ပြိုင်ကားယဥ်ကျေးမှု( 2 )    အဲ့လိုနဲ့ပဲ ခေတ်တွေ ပြောင်းလဲ လာလိုက်တာ အခုခေတ် japan နိုင်ငံရဲ့ Car Culture လည်း...
17/02/2026

ဂျပန်နှင့် ပြိုင်ကားယဥ်ကျေးမှု( 2 )

အဲ့လိုနဲ့ပဲ ခေတ်တွေ ပြောင်းလဲ လာလိုက်တာ အခုခေတ် japan နိုင်ငံရဲ့ Car Culture လည်း အရင်တုန်းကနဲ့ မတူဘဲ လုံးဝကွဲပြားလာခဲ့တယ်ဗျ။ အထူးသဖြင့် ကျတော်ပြောချင်တဲ့ ပြိုင်ကားယဥ်ကျေးမှူတွေပေါ့ဗျာ။ တော်တော်လေး အားနည်းသွားတယ်ပဲ ပြောရမလား။ ။ ။။ ။

Japan နိုင်ငံရဲ့ ပြိုင်ကားယဥ်ကျေးမှုအကြောင်းပြောရင် သူနဲ့ ဆက်စပ်နေတဲ့ japan နိုင်ငံရဲ့ ဝန်ထမ်းဘဝ၊ အခွန်တွေ ဆောင်ရတာ၊ ပြီးတော့ ကားပြင်တဲ့ စားရိတ်စခ တွေက စျေးကြီးတာ၊ အစိုးရရဲ့ စည်းကမ်းတွေ ပိုပြီးတင်းကြပ်လာတာ စသည်ဖြင့် အများကြီးပေါ့ဗျာ။

japan နိုင်ငံမှာက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဆိုတော့ လူတန်းစား ဆန်းရဲ၊ချမ်းသာကွာဟမှုက သိပ်မကြီးမားဘူး။ လူတိုင်း ပုံမှန်ဝန်ထမ်းဘဝနဲ့ဆို ပြိုင်ကားတွေ ဝယ်စီးနိုင်သလို၊ i phone ဆိုလည်း အသစ်ထွက်တိုင်း ကိုင်နိုင်တယ်။ အလုပ်အကိုင် အတည်တကျနဲ့ ပုံမှန်ဝင်ငွေ ရှိရင်ကို အကြွေးနဲ့ ဝယ်လို့လဲ ရတယ်ဗျ။

Japan ပြိုင်ကား‌လောကရဲ့ ရွှေခေတ်တုန်းကဆို အသက်ပြည့်ပြီးတဲ့ ယောက်ျားလေး ၁၀ ယောက်မှာ ၇ ယောက်လောက်က ပြိုင်ကားတစ်စီးတော့ ဝယ်စီးခဲ့ဖူးတယ်ဗျ။ မယုံမရှိနဲ့။ အခုအချိန်မှသာ ပုံမှန်အိမ်စီးကား စီးနေပေမဲ့ အတိတ်မှာတော့ စီးခဲ့ဖူးတယ်ပေါ့ဗျာ။

ဒါပေမဲ့ ခင်ဗျားက မိသားစု တစ်ခုထူထောင်တော့မယ်၊ မိန်းမယူမယ်၊ ကလေးမွေးမယ်ဘာညာဆိုရင်တော့ ကိုယ့်အတွက်ပုံမှန်အသုံးပြုလို့ရမယ့် ကားတစ်စီးရှိရင်အဆင်ပြေပီလေဗျာ။ ဟုတ်တယ်မဟုတ်လား။ ဦးစားပေးရမယ့် အရာတွေက များလာပြီကိုးးး။

အိမ်ကို အကြွေးနဲ့ ဝယ်မယ်ဆိုရင်ကို အကြွေးက နှစ်နဲ့ ချီပြီးဆပ်ရတော့မယ်။ Japan မှာ အိမ်တစ်လုံး ဝယ်ဖို့ဆိုတာ တော်တော်ကို စျေးကြီးတာ။ ပြီးတော့ ကလေးအတွက်ကျောင်းစားရိတ်ဘာညာနဲ့ရတဲ့လစာထဲကနေ ဖြတ်လိုက်တဲ့အခွန်ဆိုတာ။
ကားတစ်စီးဝယ်ရင်ကို ပိုက်ဆံက လတိုင်းမဖြစ်မနေကုန်ရတာ‌တွေရှိတယ်ဗျ။ ကားတစ်စီးရဲ့ Engine Power ပေါ်လိုက်ပြီးလည်း အခွန်ပေးရတာ ကွာသေးတာ။ ။ ။

ဂျပန်နှင့် ပြိုင်ကားယဥ်ကျေးမှု episode ( 1 )    ဂျပန်နိုင်ငံ ပြိုင်ကားလောကရဲ့ ရွှေခေတ်ကို များသောအားဖြင့် 1980 ခုနှစ်ကနေ...
01/12/2025

ဂျပန်နှင့် ပြိုင်ကားယဥ်ကျေးမှု episode ( 1 )

ဂျပန်နိုင်ငံ ပြိုင်ကားလောကရဲ့ ရွှေခေတ်ကို များသောအားဖြင့် 1980 ခုနှစ်ကနေ 2000 ခုနှစ်ဝန်းကျင်လို့သတ်မှတ်ထားကြတယ်ဗျ။ အထူးသဖြင့် ဂျပန်နိုင်ငံရဲ့ Auto maker တွေက သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းတွေကို ထုတ်ပြကြတဲ့ ခုနှစ်တွေပေါ့။ ပြိုင်ကားချစ်သူတွေသိတဲ့အတိုင်း Skyline,Supra,Civic,Rx-7,Lan Evo,Imprezza.....စသဖြင့် အများကြီးပဲပေါ့ဗျာ။

အဲ့ရှေ့ပိုင်းခေတ်တွေက ဂျပန်ရဲ့ စီးပွားရေးက တစ်ဟုန်ထိုး တိုးတက်နေတဲ့ ကာလတွေဖြစ်တော့ နိိုင်ငံသားတွေကလည်း ပိုက်ဆံကို အတော်သုံးနိုင်ကြတယ်ဗျ။ အဲ့ခေတ်တွေကဆို ပြိုင်ကားတွေပဲလားဆို မဟုတ်ဘူး။ သာမန်အိမ်စီးကားတွေကိုမှ Engine ပါဝါကြီးကြီးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းစီးလို့ရတဲ့ ကားတွေ‌ကိုပါအများကြီး ထုတ်ခဲ့ကြတာ။

ပြီးတော့ JGTC(အခုခေတ် Super GT) လိုကားပြိုင်ပွဲတွေကလည်း ရှိနေပြီဆိုတော့ အဖက်ဖက်ကကို ပြည့်စုံနေတော့တာပေါ့ဗျာ။ ပြိုင်ကားအတွက်လိုအပ်တဲ့ ပစ္စည်းတွေ၊ Tuning Shop တွေလည်းများစွာ စတင်ပေါ်ပေါက်ခဲ့တဲ့ ခုနှစ်အပိုင်းအခြား‌တွေဖြစ်ပါတယ်ခင်ဗျ။

ကျတော်တို့ ပြိုင်ကားချစ်သူတိုင်း သိကြတဲ့ initial D တို့ Wangan midnight တို့လို ဇာတ်ကားတွေကလည်း တကယ့်အပြင်က အကြောင်းအရာတွေကို အခြေခံပြီးပြောပြထားတာဖြစ်ပါတယ်။မော်တော်ကားစိတ်ဝင်စားသူတိုင်းက ပြိုင်ကားတွေဝယ်စီးကြ။ ပြီးတော့ တစ်ခြားဒေသက ပြိုင်ကားအဖွဲ့တွေနဲ့ ပြိုင်မောင်းကြ၊လမ်းမတွေပေါ်မှာ တော်တော်လေးကို သောင်းကျန်းခဲ့ကြတဲ့ ကာလတွေပေါ့။

အဲ့ခေတ်ကာလက ဂျပန်နိုင်ငံတစ်ဝမ်းမှာ ပြိိုင်ကားအဖွဲ့ တွေများစွာလည်းပေါ်ပေါက်နေတဲ့အချိန်ဆိုတော့ ဂျပန်နိုင်ငံရဲ့ ပြိုင်ကားယဥ်ကျေးမှုက အဲ့ခေတ် အဲ့ကာလတွေမှာ တော်တော်လေးကို မိုက်ခဲ့တာပါ။Bosozoku,Kanjozoku,Kaido Racer,Midnight.....တို့လို ကမ္ဘာကျော် ပြိုင်ကားအဖွဲ့တွေအပြင်၊ သာမန်် အဖွဲ့လေးတွေလည်း အများကြီးပေါ့။

လမ်းမတွေပေါ်မှာ အဖွဲ့လိုက်ပြိုင်မောင်းတာတွေ၊ ပြီးတော့ Drift hill လိုနေရာမျိုးတွေမှာ ပြိုင်ကားအစီးရေ များစွာနဲ့ Drift ဆွဲတာတွေ၊Kanjozoku လို FWD Civic တွေကြီးပဲ သောင်းကျန်းမလား၊Bosozoku လို Power Exhaust သံအကျယ်ကြီးတွေတပ်ပြီးပဲသောင်းကျန်မလား။ ပြောမကုန်လောက်အောင် အများကြီးပေါ့ဗျာ။

သောင်းကျန်းလို့ ဖမ်းတဲ့သူတွေကလည်းဖမ်း စီးတဲ့သူတွေကလည်း စီးပေါ့ဗျာ။ ပြိုင်ကားနဲ့ ရဲတွေဆိုတာ ဘယ်နေရာ၊ဘယ်ဒေသပဲ ကြည့်ကြည့် အမြဲရန်ဖြစ်ဘက်ကြီးပဲဗျ။ အေးပေါ့လေ ကျတော်တို့လို ပြိုင်ကားရူးတွေကလည်း သိတဲ့အတိုင်း လစ်ရင် လစ်သလို သောင်းကျန်းချင်ကြတဲ့သူက များတာကိုးးးးး။ 🤪🤪🤪

17/09/2025

AC Compressor Replacement
Nissan Tiida


#自動車整備士

SUBARU Imprezza sti 2018 လေး၊ Owner က Time attack မောင်းဖို့သေချာလေးပြန်ဆင်ထားတဲ့ကားလေး။ Owner ကတော့ ဘလိုနေလဲမသိပေမဲ့ Sp...
01/07/2025

SUBARU Imprezza sti 2018 လေး၊ Owner က Time attack မောင်းဖို့သေချာလေးပြန်ဆင်ထားတဲ့ကားလေး။ Owner ကတော့ ဘလိုနေလဲမသိပေမဲ့ Sparco racing seat နဲ့ ခဏလေးဝင်ထိုင်တာ ခါးတွေပါ နာချင်လာတယ်။💙💙💙

ပြိုင်ကားလိုလဲ စီးချင်တယ် ဆီဖိုးတွေ၊ ပြင်ဆင်စားရိတ်သက်သာတဲ့အထဲကဆို Suzuki Swift Sports လေးတွေကလည်း စဥ်းစားရွေးချယ်ရမယ့်အ...
24/06/2025

ပြိုင်ကားလိုလဲ စီးချင်တယ် ဆီဖိုးတွေ၊ ပြင်ဆင်စားရိတ်သက်သာတဲ့အထဲကဆို Suzuki Swift Sports လေးတွေကလည်း စဥ်းစားရွေးချယ်ရမယ့်အထဲ ပါတယ်ဗျ။ရုက်ထွက်ပိုင်းက တော်တော်ကိုလှတယ်၊Manual Gear နဲ့ကိုမှ NA လေး။ခုနောက်ဆုံးထွက်တဲ့ ZC33S ဆိုရင်တော့ Turbo လေးပါ ပါတယ်။

Japan မှာ Car License ဝင်တဲ့အခါ radiator upper hose၊ lower hose တွေ tube တွေမှာ coolant တွေစိမ့်နေတဲ့အခြေအနေဆိုတာနဲ့ တစ်...
19/06/2025

Japan မှာ Car License ဝင်တဲ့အခါ radiator upper hose၊ lower hose တွေ tube တွေမှာ coolant တွေစိမ့်နေတဲ့အခြေအနေဆိုတာနဲ့ တစ်ခါတည်းလဲခိုင်းပီးမှ license ပေးဝင်ပါတယ်။အဲ့တာကြောင့်လည်း engine heat တက်လို့ လမ်းဘေးရပ်ထားရတာတွေ၊ gasket ကွဲသွားတယ်ဆိုတာတွေ မရှိသလောက်ကို ရှားပါတယ်။ ပိုက်ဆံရှိလို့ ကားတောင်ဝယ်စီးနိုင်ပီပဲဗျာ မပျက်ခင် စစ်ဆေးပြီး ပြင်တော့ အာရုံမနောက်၊ စိတ်မရှူပ်ရတော့ဘူးပေါ့✌️✌️

Osaka မှာရှိတဲ့ Universal Studio Japan မှာ ပြသထားတဲ့ ရှေးဟောင်း Old School ကားတွေ။ကျတော့အထင် လွန်ခဲ့သော နှစ် ၇၀၊၈၀ ဝန်းက...
17/06/2025

Osaka မှာရှိတဲ့ Universal Studio Japan မှာ ပြသထားတဲ့ ရှေးဟောင်း Old School ကားတွေ။ကျတော့အထင် လွန်ခဲ့သော နှစ် ၇၀၊၈၀ ဝန်းကျင်ကကားတွေပေါ့ဗျာ။ ရှေးဟောင်း American ကားတွေဖြစ်တဲ့အလျောက် ပုံစံနဲ့ အရွယ်အစားက တော်တော်လေး ခမ်းနားထည်ဝါမှုရှိတယ်။နေပူထဲမှာပြထားပေမဲ့ သေချာလေးထိမ်းသိမ်းထားတဲ့ ကားတွေဖြစ်ပါတယ်ခင်ဗျ။❤️❤️

住所

Hamamatsu-shi, Shizuoka

営業時間

月曜日 09:00 - 17:00
水曜日 09:00 - 17:00
金曜日 09:00 - 17:00
日曜日 09:00 - 17:00

ウェブサイト

アラート

Htet Vlogがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー