Setsubi BIM Engineering

Setsubi BIM Engineering Setsubi BIM Engineering, Shinjuku-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

ဂျပန်မှာ 設備 (MEP) BIM オペレーター & BIM Engineer အဖြစ် career တည်ဆောက်ချင်သူများအတွက် Training & Supporting ပေးမဲ့ page ဖြစ်ပါတယ်

Revit,AutoCAD,Navisworks,ACC,BIM360
BIM資格,施工管理資格စသည့် BIM Career အတွက် လိုအပ်သော Skill & Knowledge များကို Training ပေးသွားပါမည်

29/03/2026

ဘဝမှာ ကျွန်တော်တို့တွေဟာ ကံကိုယုံ၍ ဆူးပုံနင်းလို့မရပါ။ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို ကိုယ်တိုင်ဖန်တီးယူရမှာပဲဖြစ်ပါတယ်။
💪

29/03/2026

“Create Chance”

သိပ်အဓိပ္ပါယ်ရှိတဲ့ စကားလုံးလေး…
၂လုံးထဲပဲ ဒါပေမဲ့ လုပ်နိုင်ဖို့ခဲရင်းတယ်။
သို့သော် ဝီရိယရှိရင် လူတိုင်းဖြစ်နိုင်ပါတယ်။

ဘောလုံးစကားနဲ့ ပြောရရင်
“Create Chance” တဲ့

ဘဝမှာ ကျွန်တော်တို့တွေဟာ ကံကိုယုံ၍ ဆူးပုံနင်းလို့မရပါ။ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို ကိုယ်တိုင်ဖန်တီးယူရမှာပဲဖြစ်ပါတယ်။

みなさんတို့ရော မိမိတို့သွားချင်တဲ့ ပန်းတိုင်ကို မိမိတို့ကိုယ်တိုင် ဖန်တီးနေကြရဲ့လား?

ဒီနေ့ကတော့ Revit Basic Modeling ကို အားလုံးနဲ့အတူတူ လက်တွေ့ Practice လုပ်ဖြစ်တဲ့ နေ့လေးပါ။

ယုံကြည်စွာ တက်ရောက်ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
အားလုံးရဲ့ဆန္ဒတွေ ပြည့်ဝနိုင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အစွမ်းကုန်ကြိုးစားပေးသွားပါမယ်။

みなさん一緒にチャンスを作りましょう!

26/02/2026

👉🏻 ဒီတစ်ပတ် Sunday သင်တန်းစပါပြီခင်ဗျာ။

Training Class မှာ သင်မဲ့ အခြေခံ Topic တွေထဲက တစ်ခုကို sharing လေး လုပ်ပေးလိုက်ပါတယ်ခင်ဗျာ။

sharing sharing

🚨2026 ခုနှစ် 2級電気工事施工管理技士(第一次) စာမေးပွဲ ဖြေဆိုမည့်သူများအတွက်📢 လျှောက်လွှာတင်ခြင်း လက်ခံနေပါပြီ။📌 နောက်ဆုံးလျှောက်လွှာတင...
11/02/2026

🚨2026 ခုနှစ် 2級電気工事施工管理技士(第一次)
စာမေးပွဲ ဖြေဆိုမည့်သူများအတွက်

📢 လျှောက်လွှာတင်ခြင်း လက်ခံနေပါပြီ။

📌 နောက်ဆုံးလျှောက်လွှာတင်ရန်ရက် – 2月27日(金)

🗓 စာမေးပွဲကျင်းပမည့်ရက် – 6月14日(日)

⏳ နောက်ဆုံးရက်နီးမှ တင်မယ်ဆိုရင် စာရွက်စာတမ်းမပြည့်စုံခြင်းကြောင့် ဒီတစ်ကြိမ်အခွင့်အရေးကို လွတ်သွားနိုင်ပါတယ်။

လိုအပ်သော စာရွက်စာတမ်းများကို
အခုပဲ စုစည်းပြီး အမြန်လျှောက်ထားလိုက်ပါ။

👉 ဖောင်တင်ရန် official website link
https://www.fcip-shiken.jp/den2/

#電気工事施工管理技士

⏰ 設備(MEP)BIMオペレーター Training Class👉 ၇ ယောက်အနက် ၄ ယောက် စာရင်းသွင်းထားပြီး ဖြစ်ပါတယ်🗓 မတ်လ ၁ ရက်နေ့မှ စတင်မှာ ဖြစ်ပါတယ်👉 ...
01/02/2026

⏰ 設備(MEP)BIMオペレーター Training Class
👉 ၇ ယောက်အနက် ၄ ယောက် စာရင်းသွင်းထားပြီး ဖြစ်ပါတယ်
🗓 မတ်လ ၁ ရက်နေ့မှ စတင်မှာ ဖြစ်ပါတယ်
👉 နေရာလွတ် များများမကျန်တော့ပါဘူး

2026 မှာ career change တစ်ခု စတင်ချင်သူများအတွက်
အခွင့်အရေးကို လက်မလွတ်ရအောင်
👉 အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ ✨

မင်္ဂလာပါခင်ဗျာ

🇯🇵ဂျပန်မှာ Revit ကိုအသုံးပြုပြီး
設備 (MEP) BIMオペレーターဖြစ်ချင်သူများအတွက် အရမ်းကို effective ဖြစ်စေမဲ့
Japanese Standard နဲ့ အညီ Training ပေးမဲ့ Class လေးဖြစ်ပါတယ်ခင်ဗျာ။

BIM အတွေ့အကြုံမရှိသူတွေ၊
CAD ၊ 現場 ၊ 設計 ကနေ
BIM ကို ပြောင်းချင်သူတွေအတွက်လည်း အဆင်ပြေအောင် Training ပေးသွားမှာ
ဖြစ်ပါတယ်။

👥 လူဦးရေနည်းနည်းနဲ့
ကျစ်ကျစ်လစ်လစ် Training ပုံစံသွားမှာ
ဖြစ်တဲ့အတွက်
👉 ပထမဆုံးအပ်နှံသူ ၇ ဦးသာ
လက်ခံပါမယ်ခင်ဗျာ။

👉 Course Content အသေးစိတ် သိချင်ပါက Comment မှာ link ချပေးထားပါတယ်။

📩 အသေးစိတ်ကို
Page Messenger မှာလည်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

မင်္ဂလာပါခင်ဗျာ🇯🇵ဂျပန်မှာ Revit ကို အသုံးပြုပြီး設備 (MEP) BIMオペレーターဖြစ်ချင်သူများအတွက် အရမ်းကို effective ဖြစ်စေမဲ့ Japan...
25/01/2026

မင်္ဂလာပါခင်ဗျာ

🇯🇵ဂျပန်မှာ Revit ကို အသုံးပြုပြီး
設備 (MEP) BIMオペレーターဖြစ်ချင်သူများအတွက် အရမ်းကို effective ဖြစ်စေမဲ့
Japanese Standard နဲ့အညီ Training ပေးမဲ့ Practical Project Training Class လေးနဲ့
မိတ်ဆက်ပေးပါရစေ။

🎯設備 BIM Operator Training Class
(設備BIM-TC01)
Online Zoom Class - Recording Available

📌 ဒီ Training Class မှာဘာတွေသင်မလဲ?

Revit Japanese Version Software ကို
အသုံးပြုပြီး M&E Systems များကို
Japanese Standard နဲ့အညီ အခြေခံမှစ၍ BIM Modeling,Drawing Creation &
Revit Schedule Management တွေထိ
စနစ်တကျ ပြုလုပ်နိုင်ဖို့ 7階建てオフィスビル Project တစ်ခုကို အခြေခံပြီး Practical Project Training ပေးသွားမှာဖြစ်ပါတယ်။

📌 ဒီသင်တန်းကို ဘယ်သူတွေ တက်သင့်လဲ?
အောက်ပါသူများ တက်ရောက်သင့်ပါသည်။

(1) လက်ရှိ CAD オペレーター လုပ်နေပြီး
BIM အပိုင်းသို့ ပြောင်းချင်သူများ

(2) လက်ရှိ 設計計算補助 ပိုင်း လုပ်နေပြီး
BIM အပိုင်းသို့ ပြောင်းချင်သူများ

(3) လက်ရှိ 施工管理補助 လုပ်နေပြီး
BIM အပိုင်းသို့ ပြောင်းချင်သူများ

(4) Myanmar TU or ဂျပန် 建築専門学校 မှဘွဲ့ရရှိထားပြီး၊ လက်ရှိဂျပန်တွင် work visa ဖြင့်အလုပ်လုပ်နေကာ BIM အပိုင်းသို့ career change လုပ်ချင်သူများ

📌 ဒီသင်တန်းကနေ ဘာတွေရရှိနိုင်မလဲ?

(1) ဂျပန်နိုင်ငံ 設計事事務所တွေမှာ
အသုံးပြုနေတဲ့ Japanese Standard
設備 BIM モデリング・図面作成・数量拾い ကို လက်တွေ့ကျကျ ပြုလုပ်နိုင်သွားမှာ
ဖြစ်ပါတယ်။

(2) M&E Systems များရဲ့ Basic Design Concept ကို နားလည်နိုင်သွားမည်။

(3) 設備BIMオペレーターအဖြစ် career တစ်ခုကို ယုံကြည်မှု ရှိရှိ စတင်နိုင်သွားမှာ ဖြစ်ပါတယ်။

📅 Course Information :

Starting Date : 2026/03/01 (Sunday)
Schedule : Every Saturday & Sunday
Time : 10:00〜12:00 (Morning Class)
Duration : 4 months

📌 Practical Training ပုံစံ ကျစ်ကျစ်လစ်လစ်သွားမှာ ဖြစ်တဲ့အတွက် လူဦးရေ ကန့်သတ်ထားပါတယ်ခင်ဗျာ။
>> လက်ခံမည့်ဦးရေ - ပထမဆုံးအပ်နှံသူ ၇ဦးသာ

💻 Training Class တက်ရောက်ရန်
လိုအပ်ချက်

(1) Revit 2021 နဲ့အထက်ကို Run နိုင်သော PC ရှိရပါမယ် (အနည်းဆုံး RAM 8GB အထက်)
(2) သင်တန်း join ရန် zoom account
(3) Computer အခြေခံရှိသူ

🏢 Project Type :
7階建てオフィスビル
(7 Storey - Office Building)

📘 Course Contents :
Part 1 : BIM 基礎

(1) BIM General Knowledge

・BIM とは?
(What is BIM?)

・設備BIMとは?
(What is MEP BIM?)

・CADとBIMの違い
(Difference Between CAD & BIM)

・BIM技術者の役割
(Roles & Responsibilities of BIM Professionals)

・Revit MEPの基本構造
(Fundamentals of Revit MEP)

(2) Revit Template Creation

・プロジェクトテンプレートの考え方
(Concept of Project Template)

・ビュー/シート/プロジェクトブラザーの構成
(Structure of View/Sheet/Project Browser)

・レベル/通芯の設定
(Levels/Grids Settings)

・日本向け表現(単位・線分・表記)の設定
(Setting of Japanese Standard
- Units/Line Types/Notation)

・日本標準の配管・ダクトシステムタイプの設定
(Setting of Japanese Standard Pipe & Duct Systems)

・ビューテンプレートの作成
(Create View Templates)

・ビューフィルターの作成
(Create View Filters)

(3) M&E Systems Design Concept

・空調/ 衛生/消防/電気 の基本設計思想
(HVAC/P&S/Fire/Electrical Systems Basic Design Concept)

・オフィスビルの設備構成
(Office Building M&E Systems)

・系統分けの考え方
(Concept of System Classification)

(4) Understanding Japanese Standard Detailed Design Drawing

・設備実施設計図の読み方
(Understanding MEP Detailed Design Drawings)

・図面記号/凡例/注記
(Drawing Symbols / Legends / Notes)

・日本の設計図面の特徴
(Characteristics of Japanese Design Drawings)

(5) Revit Family Creation Concept (basic)

・ファミリの種類
(Types of Families)

・パラメータの考え方
(Concept of Parameters)

・簡単な設備ファミリ作成
(M&E Basic Families Creation)

Part 2 : プロジェクト実践

(6) Project Modeling of M&E Systems

6.1 空調システムのモデリング
(HVAC Systems Modeling)

6.2 衛生システムのモデリング
(P&S Systems Modeling)

6.3 消防システムのモデリング
(Fire Protection Systems Modeling)

6.4 電気システムのモデリング
(Electrical Systems Modeling)

(7) Drawing Creation & Printing

・平面図/断面詳細図の作成
(Create Plan Views/Detailed Section Views)

・シートの作成
(Sheets Creation)

・日本仕様の印刷設定
(Printing Setting of Japanese Standard)

(8) Revit Schedule Management

・機器表の作成
(Create Equipments List)

・フィルター/集計
(Filtering/Data Aggregation)

(9) Project Assignment

・モデルと図面の提出
(Submission of Models & Drawings)

・フィードバック
(Feedback)

📌 သေချာလိုက်ပါလေ့လာသူများအနေဖြင့်
ဂျပန်မှာ 設備BIM オペレーター အဖြစ် Ready to work ဖြစ်စေမဲ့အတန်းလေး ဖြစ်ပါတယ်ခင်ဗျာ။

📩 အသေးစိတ် အချက်အလက်များကို
page messenger မှတစ်ဆင့်
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

မင်္ဂလာပါခင်ဗျာ🇯🇵ဂျပန်မှာ Revit ကိုအသုံးပြုပြီး 設備 (MEP) BIMオペレーターဖြစ်ချင်သူများအတွက် အရမ်းကို effective ဖြစ်စေမဲ့ Japan...
25/01/2026

မင်္ဂလာပါခင်ဗျာ

🇯🇵ဂျပန်မှာ Revit ကိုအသုံးပြုပြီး
設備 (MEP) BIMオペレーターဖြစ်ချင်သူများအတွက် အရမ်းကို effective ဖြစ်စေမဲ့
Japanese Standard နဲ့ အညီ Training ပေးမဲ့ Class လေးဖြစ်ပါတယ်ခင်ဗျာ။

BIM အတွေ့အကြုံမရှိသူတွေ၊
CAD ၊ 現場 ၊ 設計 ကနေ
BIM ကို ပြောင်းချင်သူတွေအတွက်လည်း အဆင်ပြေအောင် Training ပေးသွားမှာ
ဖြစ်ပါတယ်။

👥 လူဦးရေနည်းနည်းနဲ့
ကျစ်ကျစ်လစ်လစ် Training ပုံစံသွားမှာ
ဖြစ်တဲ့အတွက်
👉 ပထမဆုံးအပ်နှံသူ ၇ ဦးသာ
လက်ခံပါမယ်ခင်ဗျာ။

👉 Course Content အသေးစိတ် သိချင်ပါက Comment မှာ link ချပေးထားပါတယ်။

📩 အသေးစိတ်ကို
Page Messenger မှာလည်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

24/01/2026

🇯🇵 ဂျပန်မှာ BIM オペレーター အလုပ်ကို စတင်ဖို့ ဘယ် BIM Tools တွေကို လေ့လာသင့်လဲ?

BIM Career အစ BIM Tools တွေကို စတင်လေ့လာဖို့ စဉ်းစားတဲ့အချိန်မှာ ရေရှည်အနာဂတ်ခိုင်မာမှုကို ထည့်သွင်းစဉ်းစားပြီး ရွေးချယ်သင့်ပါတယ်။

ဒီလိုရွေးချယ်တဲ့နေရာမှာ အချက်အလက်တွေကို အခြေခံပြီး လေ့လာသုံးသပ်ကာ ရွေးချယ်သင့်ပါတယ်။



1️⃣ Main Tool

BIM Tool ကို လေ့လာမယ်ဆိုရင်
အရင်ဆုံး Modeling Tool ကို အဓိကထားပြီး လေ့လာရပါမယ်။

Modeling Tool အနေနဲ့ Globally ရော၊ ဂျပန်နိုင်ငံအတွင်းမှာပါ Market Share အများဆုံး၊ အသုံးအများဆုံး Tool ဖြစ်တဲ့ Revit ကို ရွေးချယ်ဖို့အကြံပြုချင်ပါတယ်။

🔹 ဘာကြောင့် Revit ကို ရွေးချယ်သင့်လဲ?
• Architecture / Structure / MEP
သုံးမျိုးလုံးကို Tool တစ်ခုတည်းနဲ့ လုပ်ဆောင်နိုင်ခြင်း
• BIM Workflow နဲ့ အလွန်ကိုက်ညီမှုရှိခြင်း
• Revit ကို develop လုပ်နေတဲ့ company ဟာ Autodesk ဖြစ်နေခြင်း
စသည့် အချက်တွေကြောင့် ဖြစ်ပါတယ်။

Autodesk ဟာ ၁၉၈၂ ခုနှစ်ကတည်းက AutoCAD ကို စတင်ရောင်းချခဲ့ပြီး Drawing ကို Hand Sketch ကနေ CAD System သို့ ပြောင်းလဲပေးခဲ့တဲ့ သမိုင်းအတွေ့အကြုံရှိတဲ့ company ဖြစ်ပါတယ်။
ယနေ့အချိန်မှာ AutoCAD ဟာ Company အများစုက လက်ခံအသုံးပြုနေတဲ့ CAD Standard Tool ဖြစ်နေပါပြီ။
အခုနောက်ပိုင်း Revit ကလည်း BIM Workflow ရဲ့ Modeling Standard Tool အဖြစ် တဖြည်းဖြည်း အစပြုနေပါပြီ။

ဒါ့အပြင် Revit + BIM Experience ရှိမယ်ဆိုရင်
• ဂျပန်ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများခြင်း
• 年収 (လစာ)မြင့်မားခြင်း
• Global Project တွေကိုပါ ထိတွေ့နိုင်ခြင်း
• တတိယနိုင်ငံကို ပြောင်းရွှေ့လုပ်ကိုင်ချင်ရင်လည်း Portfolio ကောင်းတစ်ခုနဲ့ ချိတ်ဆက်နိုင်ခြင်း ဆိုတဲ့ အားသာချက်တွေ ရရှိနိုင်ပါတယ်။

👉 Entry-Level BIM Operator အတွက်
Revit ဟာ “Main Weapon” ဖြစ်ပါတယ်။

⚠️ သတိထားရမယ့်အချက်တစ်ခုကတော့
Revit ကို Tool တွေရဲ့ Function တွေ သိရုံနဲ့ မလုံလောက်ပါဘူး။

Practice Project တစ်ခုကို အခြေခံပြီး
Design Concept ကိုပါ နားလည်အောင်
လေ့လာထားမှသာ တကယ့် BIM Skill ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။



2️⃣ Supporting Tool(ထောက်ပံ့ Tool)

ဒုတိယအနေနဲ့ လေ့လာထားသင့်တဲ့ Tool ကတော့ ယခုအချိန်ထိ လိုအပ်နေဆဲဖြစ်တဲ့ AutoCAD ပါ။

BIM Workflow အတွင်းမှာ
AutoCAD ဟာ Supporting Tool အနေနဲ့
အသုံးပြုဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

BIM Operator အတွက် AutoCAD ကို
CAD Operator လို ကျွမ်းကျင်အဆင့် မဟုတ်လည်း ရနိုင်ပါတယ်။
Basic Level လောက် နားလည်ထားရင် လုံလောက်ပါတယ်။



✅ အနှစ်ချုပ် အနေနဲ့ BIM Career ကို စတင်မယ့်သူများအတွက် Entry-Level မှာ မဖြစ်မနေ လေ့လာထားသင့်တဲ့ BIM Tools တွေကတော့
👉 Revit & AutoCAD ဖြစ်ကြောင်း sharing လုပ်ပေးလိုက်ရပါတယ်ခင်ဗျာ။

ဂျပန်ရောက် အင်ဂျင်နီယာညီအစ်ကိုမောင်နှမများအားလုံးပဲ
ဂျပန်မှာ အင်ဂျင်နီယာ Career တစ်ခုကို
ခိုင်မာစွာ တည်ဆောက်နိုင်ပြီး
အောင်မြင်တဲ့ အလုပ်၊ ပျော်ရွှင်တဲ့ ဘဝတွေ
ရရှိပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ 🙏

17/01/2026

🇯🇵 ဂျပန်မှာ BIM နဲ့ အလုပ်လုပ်ချင်တယ်…
  ဘယ်ကစရမလဲ?

ဂျပန်မှာ BIM နဲ့ အလုပ်လုပ်ချင်တယ်ဆိုရင်
BIM Role ထဲက Creator ဖြစ်တဲ့「BIM オペレーター」ကနေ စတင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် BIM オペレーター တစ်ယောက်အနေနဲ့ လိုအပ်တဲ့ Skill & Knowledge တွေကို ဖြည့်နိုင်ရင် BIM နဲ့ အလုပ်စလုပ်လို့ရပါပြီ။



🔰 Entry-level BIM オペレーター တစ်ယောက်မှာ လိုအပ်တဲ့ Skill တွေကတော့

1️⃣ Japanese Skill
👉 JLPT N3以上
(N2 အဆင့်ရှိရင် ပိုသင့်တော်ပါတယ်)

2️⃣ BIM Software Skill & BIM Workflow ကို နားလည်မှု

3️⃣ Technical Knowledge
👉 Basic Design Concept ကို နားလည်ထားခြင်း

4️⃣ Construction Drawing ကို နားလည်နိုင်မှု

5️⃣ BIM 資格(ရှိထားရင် ပိုကောင်းပါတယ်)



🗣️ (1) Japanese Skill

ဂျပန်မှာ အလုပ်လုပ်နေပြီးသား Engineer တွေအတွက် N3 Level & Above Japanese Skill က အခြေခံအားဖြင့် ရှိနေပြီးသားလို့ ယူဆနိုင်ပါတယ်။ မရှိသေးရင် ဖြည့်ထားဖို့ လိုအပ်ပါတယ်။ Technical ပိုင်းနဲ့ အလုပ်လုပ်ရတဲ့ BIM オペレーター တစ်ယောက်အတွက် ဘာသာစကားနားလည်နိုင်စွမ်းက အလွန်ကို အရေးပါတာဖြစ်ပါတယ်။



🏗️ (3) & (4) Technical Knowledge / Drawing Understanding

အောက်ပါအလုပ်တွေကို လုပ်ကိုင်နေသူတွေဆိုရင်—
• CAD オペレーター
• 設計計算補助者
• 施工管理補助者
👉 (3) နဲ့ (4) Skill တွေကို ထိုက်သင့်သလောက် ရထားပြီးသားလို့ ယူဆနိုင်ပါတယ်။
⚠️ လုံးဝ Construction Experience မရှိသေးတဲ့သူတွေဆိုရင်တော့ (3) နဲ့ (4) ကိုပါ သေချာဖြည့်ထားဖို့ လိုအပ်ပါတယ်။



📜 (5) BIM 資格

မဖြစ်မနေ လိုအပ်တာမဟုတ်ပေမယ့်
• သေချာလေ့လာ ဖြေဆိုထားရင် BIM Knowledge ကို စနစ်တကျ ရရှိနိုင်ပါတယ်
• Job Apply လုပ်တဲ့အခါ Proof အဖြစ် ပြနိုင်ပါတယ်
ဒါကြောင့် ရှိထားရင် အရမ်းကောင်းပါတယ်။



⭐ အရေးအကြီးဆုံး Skill (No.2)

BIM Software Skill & Understanding BIM Workflow

BIM オペレーター ဆိုတာ
👉 Creator ဖြစ်တဲ့အတွက်
👉 Create လုပ်နိုင်ရပါမယ်။

ကိုယ်တိုင် Create လုပ်တဲ့အခါ အဓိက ကိုင်တွယ်ရမဲ့ BIM Modeling Tools တွေကိုမှ မလေ့လာထားဘူးဆိုရင်
❌ BIM オペレーター အဖြစ် အလုပ်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့်
👉 BIM လမ်းကြောင်းကို စဝင်ချင်တယ်ဆိုရင်
👉 BIM Modeling Tools (Software) တွေကို အရင်ဆုံး လေ့လာထားဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။



🔜 Next Topic

နောက် Topic မှာ
BIM လမ်းကြောင်းအစမှာ မဖြစ်မနေလေ့လာထားရမယ့် BIM Modeling Tools (Software) တွေကို အသေးစိတ်ဆက်လက် Sharing လုပ်ပေးသွားပါမယ်ခင်ဗျာ။

ဂျပန်မှာ BIM နဲ့အလုပ်လုပ်ချင်တယ် BIM ကို စိတ်ဝင်စားတယ်ဆိုရင် SBE Page ကို like & follow လုပ်ထားဖို့ အကြံပြုပါတယ်ခင်ဗျာ။

16/01/2026

BIM Engineer များ၏ အခန်းကဏ္ဍ နှင့် လုပ်ငန်းတာဝန်များ
#အပိုင်း(၂)



1️⃣ BIM Manager (Strategic Decision Maker)

BIM Manager ဆိုတာ
BIM နဲ့ ပတ်သက်သမျှကို Strategy ချမှတ်သူ (Decision Maker) ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် BIM Workflow တစ်ခုလုံးအတွက် လမ်းပြသူ (Leader) ဖြစ်ပါတယ်။

BIM Manager ရဲ့ အဓိက လုပ်ငန်းတာဝန်များကတော့ –
1.1 BIM Process & Workflow ကို ရေးဆွဲခြင်း
1.2 BIM Standard ကို သတ်မှတ်ခြင်း
1.3 BIM Ex*****on Plan (BEP) ကို ရေးဆွဲခြင်း
1.4 BIM Training ပေးခြင်း



2️⃣ BIM Coordinator (Management)

BIM Coordinator ကတော့
သတ်မှတ်ထားတဲ့ Standard & Workflow ကို Project အတွင်းမှာ မှန်ကန်စွာ အသုံးပြုရန် Control လုပ်သူ ဖြစ်ပါတယ်။

အလွယ်ပြောရရင် Project Checking & Coordination ကို တာဝန်ယူသူပါ။

BIM Coordinator ရဲ့ လုပ်ငန်းတာဝန်တွေကတော့ –
2.1 Template Creation
2.2 BIM Training Support
2.3 Model Audit (Quality Check)
2.4 Model Coordination



3️⃣ BIM オペレーター(BIM Modeler)
(Creator)

BIM オペレーター ကတော့
BIM Model ကို လက်တွေ့ဖန်တီးသူ (Creator) ဖြစ်ပါတယ်။

BIM オペレーター ရဲ့ လုပ်ငန်းတာဝန်တွေကတော့ –
3.1 Content / Family Creation
3.2 BIM Modeling
3.3 Drawing Production
စသည်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။

ဂျပန်မှာ BIM နဲ့အလုပ်လုပ်ချင်တယ် BIM ကို စိတ်ဝင်စားတယ်ဆိုရင် SBE Page ကို like & follow လုပ်ထားဖို့ အကြံပြုပါတယ်ခင်ဗျာ။

What is BIM?BIM ဆိုတာဘာလဲ?BIM (Building Information Modeling) ဆိုတာ အဆောက်အဦးတစ်ခုကို 3D Digital Model + Information (အခ...
02/01/2026

What is BIM?
BIM ဆိုတာဘာလဲ?

BIM (Building Information Modeling) ဆိုတာ အဆောက်အဦးတစ်ခုကို 3D Digital Model + Information (အချက်အလက်များ) ကိုအသုံးပြုပြီး အစီအစဉ်ရေးဆွဲခြင်း၊ ဒီဇိုင်းပြုလုပ်ခြင်း၊ ဆောက်လုပ်ခြင်း၊ အသုံးပြုခြင်းနှင့် စီမံထိန်းသိမ်းခြင်း စသည့် အဆောက်အဦး၏ Lifecycle အဆင့်အားလုံးကို ထိရောက်စွာစီမံခန့်ခွဲလုပ်ဆောင်နိုင်ရန် အသုံးပြုတဲ့ နည်းလမ်း (Process) တစ်ခု ဖြစ်ပါတယ်။

👉 BIM ဆိုတာ သာမန် 3D ပုံထက်သာတဲ့
(Information) အချက်အလက်တွေပါဝင်တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။



BIM မော်ဒယ်ထဲမှာ ဘာတွေပါလဲ?

BIM မော်ဒယ်တစ်ခုမှာ—
• အဆောက်အဦးရဲ့ 3D ပုံသဏ္ဍာန်
• အရွယ်အစား၊ ပစ္စည်းအမျိုးအစား
• စက်ပစ္စည်းအချက်အလက် (Equipment Specifications )
• စွမ်းဆောင်ရည် အချက်အလက် (Performance Data)
• ပြုပြင်ထိန်းသိမ်းမှု အချက်အလက်
စတဲ့ အရေးကြီးတဲ့ information တွေပါဝင်ပါတယ်။



အဆောက်အဦးရဲ့ Building Lifecycle ဆိုတာဘာလဲ?

Building Lifecycle ဆိုတာ
အဆောက်အဦးတစ်ခုကို စနစ်တကျ ဆောက်လုပ်ပြီး အသုံးပြုနိုင်အောင် အစကနေ အဆုံးအထိ အဆင့်ဆင့် စီမံဆောင်ရွက်သွားတဲ့ လုပ်ငန်းစဉ်အားလုံးကို ဆိုလိုတာပါ။

တစ်နည်းအားဖြင့် အဆောက်အဦးတစ်ခု ဆောက်လုပ်ရန် လိုအပ်သော အစီအစဉ်ရေးဆွဲခြင်းမှ စတင်ကာ ဒီဇိုင်းပြုလုပ်ခြင်း၊ ဆောက်လုပ်ခြင်း၊ အသုံးပြုခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းအထိ လုပ်ဆောင်ရတဲ့ အဆင့်အားလုံးကို စုပေါင်းပြီး Building Lifecycle လို့ ခေါ်ဆိုပါတယ်။
BIM ကို Building Lifecycle ရဲ့ အဆင့်အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

အကြမ်းအားဖြင့် Building Lifecycle ရဲ့ အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. ဒီဇိုင်းအစီအစဉ်ရေးဆွဲခြင်း (Planning/Concept Design)
2. ဒီဇိုင်းပြုလုပ်ခြင်း (Detailed Design)
3. ဆောက်လုပ်ခြင်း (Construction)
4. အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်း (Operation & Maintenance)



BIM သုံးရင် ဘာအကျိုးရှိလဲ?

• Project Presentation ပိုမိုကောင်းမွန်လာခြင်း
• Architecture, Structure, MEP အဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်မှု ပိုမိုလွယ်ကူလာခြင်း
• Clash (တိုက်မိမှု) များ လျော့နည်းခြင်း
• အလုပ်ချိန်သက်သာလာခြင်း
• အမှားများ လျော့နည်းလာခြင်း
• ကုန်ကျစရိတ်ကို ထိန်းချုပ်လာနိုင်ခြင်း

စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံအလိုက် အစိုးရအဖွဲ့အစည်းများက ကိုယ်တိုင်ဦးဆောင်ပြီး BIM အသုံးပြုမှုကို တိုးမြှင့်လာကြခြင်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာတော့ MLIT (国土交通省) ကဦးဆောင်ပြီး ပထမဆုံးအဆင့်အဖြစ် ၂၀၂၆ ခုနှစ် ဧပြီလမှစတင်၍ BIM図面審査(BIMずめんしんさ) ကို စနစ်တကျ စတင် အကောင်အထည်ဖော် အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။

BIM လမ်းကြောင်းကို စတင်လျှောက်လှမ်းမည့် 未経験 အင်ယာညီအစ်ကိုမောင်နှမများအတွက်
BIM နှင့်ပတ်သက်သော အခြေခံဗဟုသုတများကို ရရှိစေရန် ရည်ရွယ်ပြီး
sharing လုပ်ပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။

အသုံးဝင်တယ်လို့ ထင်မြင်ပါက
Like & Share လုပ်၍
မျှဝေပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ 🙏

Photo credit: Google

住所

Shinjuku-ku, Tokyo

ウェブサイト

アラート

Setsubi BIM Engineeringがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Setsubi BIM Engineeringにメッセージを送信:

共有する