13/08/2020
မိမိအချိန်ကို မရောင်းပါနဲ့
================
တစ်ခါက သော့ ဖွင့်/ပြင် တဲ့သူတစ်ယောက်ရှိတယ်
လူတွေ အပြင်သွားလို့
အိမ်ထဲသော့ကျန်ခဲ့ပြီး
ဖွင့်မရတဲ့အခါကျရင်
ဖွင့်ပေးတာ။
သော့ပျက် ရင်လဲ ပြင်တယ်ပေါ့
သူစလုပ်တုန်းက
သော့ တစ်ခါဖွင့် ရင်
၅ သောင်း ယူတယ်
သော့တစ်ခု ဖွင့် ဖို့အချိန် က မိနစ် ၉၀၊ ၁၀၀ လောက်ကြာတာပေါ့
တစ်ခါ ဖွင့် ပေးနိုင်ရင် ၅ သောင်းရတယ်။
လုပ်ရင်းလုပ်ရင်းနဲ့
အချိန်ကြာလာလို့သူ ကျွမ်းကျင်သွားတဲ့အခါ ကျတော့
သော့တစ်ခါဖွင့်ဖို့ကို မိနစ် ၉၀ လောက် အချိန် မယူတော့ဘူး
၁၀ မိနစ်ဆိုရပြီ။
တစ်ခါဖွင့်ရင် လဲ ၅ သောင်းပဲ။
ဒါပေမဲ့ ပြဿနာက ဘယ်လိုလဲဆိုတော့
Customer တွေက မိနစ် ၉၀ လောက် အချိန်ယူ
ဖွင့်တုန်းက ကျတော့ ၅သောင်းပေးရမှာ
မနှမျောဘူး
အခု ၁၀ မိနစ် နဲ့လဲ ဖွင့်ရော
ဟိုလှည့်ဒီ လှည့်နဲ့ခနလေး
လုပ်ပြီး ၅ သောင်းတောင်းတာ မများဘူးလား
ဆိုတာမျိုးတွေ ဖြစ်လာတယ်။
အဲ့အခါ သူက ပြောတယ်
ကျနော်က အချိန် နဲ့Charge လုပ်တာမဟုတ်ဘူး
ကျွမ်းကျင်မှု ကို Charge လုပ်တာပါ လို့ ဆိုပြီး
အဲ့တော့ဆိုလိုတာက
ကျွန်တော်တို အချိန်ကိုရောင်းပြီး
လုပ်ငန်းခွင်ထဲ စဝင်ကြတာတော့မှန်ပါတယ်
ဒါပေမဲ့ အမြဲတမ်းကြီးတော့မဖြစ်စေချင်ပါဘူး
အနာဂတ် မှာ ကိုယ့်ရဲ့
အချိန်ထက်
ကိုယ့်ကျွမ်းကျင်မှု
ကိုယ့် အတွေ့အကြုံ တွေ နဲ့သာ
ကိုယ့် တန်ဖိုးကို တည်ဆောက်ပါလို့ အကြံပြုပါတယ်။ ။
---
2018 ကရေးတဲ့ဆောင်းပါးလေးကို ပြန်ဝေမျှခြင်းဖြစ်ပါတယ်