Glory Eleven Construction

Glory Eleven Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Glory Eleven Construction, Construction Company, Dagon.

25/02/2025

Structure Engineer များသတိထားသင့်သော ခေတ်ကြီး ၄ ခေတ်

ဒီ စာလေးက စာအကြောင်းမဟုတ်ပဲ လူသားတွေမှာ ဆင့်ကဲပြောင်းလဲလာတဲ့ နည်းပညာတွေကို structure engineering ရှုထောင့်ကနေ သုံးသပ်ထားခြင်းပဲဖြစ်ပါတယ်။

ခေတ်နောက်ကျတယ် ဆိုတဲ့ စကားလေးက ကိုယ့်အတွက် မဖြစ်ရလေအောင် ဒါလေးကို အချိန်လေး ခနပေးပြီး ဖတ်ကြည့်စေချင်ပါတယ်။

ခေတ် ၄ ခေတ်ကို

Computer မပေါ်သေးတဲ့အချိန်
Computer တွေပေါ်လာတဲ့နောက်
AI နဲ့ Quantum ဆိုပြီး ကျနော် ခွဲခြားရေးသားပြထားပါတယ်။
--------------------------------------------------------------
1. Before Computers (Manual Calculations & Paper-Based Methods)

ဒီခေတ်မှာ computer တွေမရှိသေးတော့ Structural Engineers အများစုက စာအုပ်တွေ၊ Hand Calculation, Logarithm Table, Manual Charts တွေပဲ အသုံးပြုတယ်။

အားနည်းချက်အများစုကတော့

✔ Hand Calculation ကိုပဲ အားထားရတဲ့အတွက် မှားလွယ်ပါတယ်။

✔ Structural Tables တွေဖတ်ပြီး Graph-Based Solution တွေထုတ်ရသုံးရပါတယ်။

✔ လူကြိုက်များတဲ့ BS, UBC, ACI စာအုပ်တွေ ထဲက code တကြောင်းရှာဖို့တောင် အချိန်အများကြီးပေးရပါတယ်။

✔ Small Calculation Error လေးတစ်ခုကတင် စာမျက်နှာ ၅၀ ပြန်စစ်ရနိုင်တဲ့ အခြေအနေပါ (human error ကprocess time ကို အများဆုံး ကြာစေနိုင်ပါတယ်)။

--------------------------------------------------------------
2. After Computers (Internet-Aided, Excel, Software Integration)

ဒီလိုနဲ့ computer တွေ software တွေပေါ်ထွက်လာတဲ့အခါမှာတော့

✔ Structure Engineers တွေဟာ Google မှာ PDF, Code References, Example Calculations တွေ အလွယ်တကူ ရှာနိုင်လာပါတယ်။

✔ Excel Spreadsheet တွေ အများကြီးအသုံးပြုလာပြီး Iterative Calculations တွေ လွယ်လွယ်လေး လုပ်လာနိုင်ပါတယ်။

✔ Software တွေက Analysis ကို automate လုပ်ပေးနိုင်လာပြီး input မှန်အောင်ထည့်ဖို့လောက်ပဲ အားစိုက်လာရတော့ပါတယ်။

✔ Computer -aided analysis ဖြစ်လာတဲ့အခါ Accuracy မြင့်လာပါတယ်။

✔ သို့သော် Input တွေကို manual လုပ်ရသေးတယ် Software-Based ကပေးတဲ့ အဖြေတွေကို verification တွေလုပ်ရပါသေးတယ်။

ဒါကနေတဆင့် ယနေ့ AI ခေတ်ကို ရောက်ရှိလာပါတော့တယ်

--------------------------------------------------------------
3. AI (AI-Powered Auto-Design & Optimization)

AI ကိုအသုံးပြုပြီး ကျနော်တို့ ဘာတွေလုပ်နိုင်မလဲ တချက် ကြည့်ရအောင်...

✔ Auto Load Combination, Auto Wind Load, Seismic Load တွေကို real time data ကို အသုံးပြုပြီး simulate လုပ်လို့ရလာတယ်။

✔ AI-based software တွေနဲ့ Structural Checklist တွေ Generate လုပ်လာနိုင်တယ်။

✔ AI-Based Optimization – Material Usage, Cost Efficiency, Sustainable Design တွေ AI က suggest ပေးလာနိုင်တယ်။

✔ Repetitive task လို Reinforcement Detailing တွေမှာ automated workflow တွေ သုံးလာကြတယ်။

✔ AI-Assisted Structural Modeling – structural input 3D model ကို real-time 3D scanning တွေနဲ့ ယူနိုင်လာပါလိမ့်မယ် (e.g. LiDAR)။

✔ AI Detection တွေသုံးပြီး crack တွေ damage pattern တွေ အချိန်တိုတိုနဲ့ ရှာနိုင်လာတယ်။

(ဒီအဆင့်ကို ရောက်အောင် တက်လှမ်းနိုင်တဲ့သူတွေနဲ့ ခေတ် 2 မှာပဲ ကျန်နေခဲ့သူတွေဟာ computer သုံးတတ်သူနဲ့ မသုံးတတ်သူလို ကွဲထွက်သွားစေမယ့် ကာလကို ရောက်ရှိလာဦးမှာပါ။)

--------------------------------------------------------------
4. Quantum Computing & Structural Engineering

AI နောက်ဆက်တွဲက Quantum Computing နဲ့ ချိတ်ဆက်ဖို့ ပဲကျန်ပါတော့တယ်။

✔ နိုင်ငံ မြို့တွေ တခုလုံးကို Finite/Discrete/Applied Element Model တည်ဆောက်ပြီး Quantum Computer မှာ အချိန်တိုတိုနဲ့ run နိုင်မလား။

✔ Material Optimization → Nanotechnology ကို တွဲပြီး Zero-Waste Structures တွေ ရွေးချယ် design လုပ်နိုင်တော့မလား။

✔ ထောင်ပေါင်းများစွာ Structure Design တွေကို မိနစ်ပိုင်းအတွင်း optimize လုပ်လာနိုင်မလား။

✔ Quantum Simulation – Earthquake တွေဖြစ်စေတဲ့ Earth's crust တွေရဲ့ stress accumulation တွေကို တိတိကျကျ တွက်ချက်ပြီး accurate prediction တွေလုပ်လာနိုင်မလား။
--------------------------------------------------------------

ဘာပဲဖြစ်ဖြစ် ဒီ စာလေးက စာအကြောင်းမဟုတ်ပဲ လူသားတွေမှာ ဆင့်ကဲပြောင်းလဲလာတဲ့ နည်းပညာတွေကို structure engineering ရှုထောင့်ကနေ သုံးသပ်ထားခြင်းပဲဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းကို တွေးမိ စေလိုတဲ့ စေတနာသန့်သန့်နဲ့ပါ။

ခေတ် 2 မှာ စာကြေချင်လို့ အသေးစိပ်လေ့လာချင်ရင် RC ရော Steel ရော Wind & Earthquake ကိုပါ Theory Hand Calculation Software ဘက်စုံ သင်ပေးမယ့် အတန်းလေးရှိပါတယ်

Class Link : https://www.facebook.com/amyanmarcivilengineer/videos/1298088491486211

လက်ရှိ အမြန်အပ်ထားမယ်ဆိုရင် early bird အယောက် ၂၀ ထဲမှီပါသေးတယ်ဗျ

Bangkok မှာ ရေပိုက်လုပ်ငန်း လုပ်ကိုင်နိုင်တဲ့ အဖွဲ့လိုက်ဖြစ်စေ၊ တယောက်တည်းဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
17/10/2024

Bangkok မှာ ရေပိုက်လုပ်ငန်း လုပ်ကိုင်နိုင်တဲ့ အဖွဲ့လိုက်ဖြစ်စေ၊ တယောက်တည်းဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ၄၀X ၆၀ ပေ ဝန်းထဲတွင် လုပ်အားခ သီးသန့်ဖြင့် Glory Eleven Construction မှ ...
18/08/2023

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ၄၀X ၆၀ ပေ ဝန်းထဲတွင် လုပ်အားခ သီးသန့်ဖြင့် Glory Eleven Construction မှ တာဝန်ယူတည်ဆောက်ပေးခဲ့သော ၁၈x၄၃ ပေ နှစ်ထပ်ခွဲ Steel Structure အဆောက်အဦးလေးပါ။

ပါဝင်သောအခန်းဖွဲ့များမှာ 👇🏿👇🏿👇🏿

- 🛌 Master Bedrooms - 2 nos
- 🛏️ Double Bedrooms - 2 nos
- Living Room - 1
- Shrine - 1
- Kitchen & Dinning Room - 1
- Common Bath & Wc - 2 nos
- Common Toilet - 1

လုပ်ငန်းကို ယုံကြည်စွာ အပ်နှံပေးပါသော အိမ်ရှင်မိသားစုကိုလည်း အထူးပင်ကျေးဇူးတင်ပါသည်။

ဤအဆောက်အဦဖြစ်မြောက်အောင် အဘက်ဘက်မှ ဝိုင်းဝန်းပါဝင်ပေးကြသော အယောက်စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

ကမ္ဘာသူ ကမ္ဘသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေဗျာ...။ ။
🙏🙏🙏

တစ်ပေပတ်လည် တစ်ပေအမြင့် ဖြစ်တဲ့ ထုထည် တစ်ကုဗပေသည် 6.25 ဂါလံ ဆန့်ပါတယ်၊သည့်အတွက် ရေကန် water tank, septic tank အစရှိတဲ့ က...
18/03/2023

တစ်ပေပတ်လည် တစ်ပေအမြင့် ဖြစ်တဲ့ ထုထည် တစ်ကုဗပေသည် 6.25 ဂါလံ ဆန့်ပါတယ်၊

သည့်အတွက် ရေကန် water tank, septic tank အစရှိတဲ့ ကန်တွေရဲ့ အလျား အနံ အမြင့် ထုထည်ကို ရှာပြီး 6.25 နဲ့ မြှောက်ရင် ယင်း ကန်ရဲ့ ဂါလံသိုလှောင်နိုင်စွမ်း ကို ရပါတယ်၊
မှတ်ချက် အနေနဲ့ကတော့ ရေကန်ရဲ့ အမြင့်ကို ယူတဲ့ အခါမှာ အပြည့်ယူခွင့် မရှိဘဲ free board 6”~9” ဖယ်ထား ပေးရတာ တစ်ခုတော့ ရှိပါမယ်

ကန်ရဲ့ သိုလှောင်နိုင်စွမ်း ဂါလံကို သိရရင် လူဦးရေအဖြစ် ဆက်လက် ပြောင်းပါမယ်၊ လူတစ်ဦးရဲ့ တစ်နေ့တာ ရေသုံးစွဲမှုကို ဂါလံ 20 ကနေ 40 ကြား သတ်မှတ်ပါတယ်၊ ဒီနေရာမှာ ဂါလံ ၂၀ ဆိုတာ ဘယ်လောက် ပမာဏလဲ မျက်စေ့ထဲ မြင်နေဖို့ လိုပါတယ်၊
ရေပုံးတစ်ပုံး ဆေးပုံး တစ်ပုံးစာသည် ၅ ဂါလံပါ၊ လူတစ်ယောက် ရေချိုးရင် ၅ဂါလံရေပုံး ၂ ပုံးအထက် ကုန်ပါတယ်၊ ၁၀ ဂါလံ ဝန်းကျင် သုံးပါတယ်၊ အဝတ်လျှော် အိမ်သာတက် နောက်ထပ် ၁၀ ဂါလံ တွေးကြည့်ရင်.. လူတစ်ယောက် တစ်နေ့ကို ဂါလံ ၂၀ ဝန်းကျင် သုံးပါတယ်၊ (စံပြ နိုင်ငံကြီးတွေမှာတော့ 40pgd သတ်မှတ်ပါတယ်)

သည့်အတွက် ကန်ရဲ့ သိုလှောင်နိုင်စွမ်း ဂါလံကို ၂၀ နဲ့ စားရင် လူဦးရေ ရပါပြီ
( detention period တွေ slug removal time တွေ နဲ့ အမြင့်ထက် ဧရိယာ အပေါ် ပထမအခြေတည်နေမှုတွေ အပါအဝင် တွက်ချက်စရာ ရှုပ််ထွေးစွာ ပါဝင်နေတဲ့ septic tank ကိုလည်း လူဦးရေ သိချင်ရင်တော့၂၀ ဂါလံနဲ့ စားယူလို့ ရပါတယ်၊ အနီးစပ်ဆုံး တူညီပါတယ်)

လူငါးယောက် ရှိတဲ့ မိသားစုသည် တစ်နေ့ ဂါလံ ၁၀၀ သုံးပါတယ် ( ၄၀ ဂါလံ ပါ ဒေး နဲ့ တွက်ရင်တော့ အမြင့်ဆုံး ဂါလံ ၂၀၀ သုံးပါတယ်)
တစ်ပေပါမှာ ဂါလံ ၅၀ ရှိတာမို့ စုစုပေါင်း ၂ ပေပါ အနည်းဆုံး လိုအပ်ပါတယ်။

မိသားတစ်စု ဂါလံ ၁၀၀ နဲ့ တွက်ရင် မိသားစု ၄ စုကို ဂါလံ ၄၀၀ အနည်းဆုံး လိုအပ်ပါတယ်၊ ဂါလံ ၄၀၀ ဆိုတာသည် လေးပေပါတ်လည် လေးပေအမြင့် ရှိတဲ့ ရေကန်ရဲ့ ထုထည်ပါပဲ၊ (လေးပေပါတ်လည် နှစ်ပေအမြင့် ကန်ကတော့ ဂါလံ ၂၀၀ ပါ)
သည့်အတွက် လေးပေပါတ်လည် လေးပေ အမြင့် ရှိတဲ့ ရေကန်သည် ဂါလံ ၄၀၀ ဆန့်တာမို့ မိသားစု ၂ စုကနေ ၄ စု ( လူဦးရေ ၁၀ ယောက်ကနေ ၂၀ ယောက် အထိ) သုံးစွဲ နိုင်ပါကြောင်း၊ Ground tank သို့မဟုတ် ရေလှောင်ကန်သည် တစ်နေ့တာ သုံးစွဲနှုန်းရဲ့ တစ်ဆခွဲကနေ သုံးဆကြား ရှိသင့်ပါကြောင်း
(အလေးချိန် Wt. အနေနဲ့ကတော့ တစ်ဂါလံကို ၁၀ Lbs လေးပါကြောင်း)
Construction အင်ယာများ အလွယ်တကူ အမြန်ခန့်မှန်းနိုင်ရေးအတွက် တင်ပြပေးလိုက်ပါတယ်။
မူရင်းရေးသားသူ- Seithu Min

Photo ; Google

   👷‍♀️ 👷ဆောက်လုပ်ရေးလုပ်ငန်း အတွက်အရမ်းအသုံးဝင်ပြီး ဘက်စုံအသုံးပြုနိုင် တာ‌‌ကြောင့် လူကြီးမင်းတို့အတွက် အထောက်အကူဖြစ်စေ...
16/03/2023




👷‍♀️ 👷ဆောက်လုပ်ရေးလုပ်ငန်း အတွက်အရမ်းအသုံးဝင်ပြီး ဘက်စုံအသုံးပြုနိုင် တာ‌‌ကြောင့် လူကြီးမင်းတို့အတွက် အထောက်အကူဖြစ်စေတဲ့ Sikalatex bonding agent လေးပါ။

✅ကွန်ကရစ်အဟောင်းနှင့်အသစ် တွဲလောင်းရာတွင် Bonding Agent အဖြစ်၊

✅SikaLatex အား ရေလုံစေနိုင်သော ပလာစတာ (Waterproofing Plaster) အဖြစ်၎င်း၊

✅အသေးစားပြုပြင်ရန်အတွက် Thin Layer Patching Mortar အဖြစ်အသုံးပြုနိုင်ပြီး၊

✅ဗြုတ်ရိုတ်ရန်နှင့် မဆလာချောတဲ့အခါမှာလည်း အသုံးပြုလို့ရပါတယ်ရှင့်၊

👉Bonding agent အဖြစ်သုံးပါက

🕵Sikalatex ၁ဆ + ရေ ၁ဆ+ ဘိလပ်မြေ ၂.၅ ဆ မှ ၃ ဆ အထိရောစပ်ပါ။

👉ရေလုံစေနိုင်သော ပလာစတာ (Waterproofing Plaster) အဖြစ်သုံးပါက

🕵️‍♀️Sikalatex ၁ဆ + ရေ ၂ဆ မှ ၃ဆအထိ + ဘိလပ်မြေ ၁ဆကို သဲ ၂ဆမှ ၃ဆ အထိရောစပ်ပါ။

✅SikaLatex အား ကွန်ကရစ်/ အုတ်ရေကန်များ၏ မျက်နှာပြင်များအား Plaster ကိုင်ရာတွင်,

✅ရေချိုးခန်းကြမ်းပြင်နှင့် နံရံများ Plaster ကိုင်ရာတွင်၎င်း၊ ကြွေပြားများကပ်ရာတွင်၎င်း၊

✅ကွန်ကရစ်တံတားများ၌ Vibration ကြောင့်
Plaster များပြုတ်မကျစေရန် အတွက် Plaster
ကိုင်ရာတွင်၎င်း၊

✅Flat Roof Concrete Slab များ Topping ကိုင်ရာတွင်၎င်း အသုံးပြုနိုင်ပါသည်။

✅ Sikalatex Bonding Agent ဟာဆိုရင် ရေရောပြီး အသုံးပြုနိုင်တာကြောင့်
✅(၁) ပုံးဝယ်ယူခြင်းဖြင့်
✅(၂) ပုံးစာ ပမာဏ ကိုရရှိစေတဲ့အတွက်
ဝယ်ယူစရိတ်ကို လျော့ကျနိုင်ပါတယ်ရှင့်။

ဆက်သွယ်မှာယူလိုပါက
☎ 09 - 797174440
☎ 09 - 765467931 သို့ဖုန်းဆက်၍ဖြစ်စေ
📧 Sika Myanmar Limited Facebook
Messenger မှဖြစ်စေ စုံစမ်းဝယ်ယူနိုင်ပါတယ်ရှင့်။




Copy from Sika Myanmar Limited

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၇၄x၇၈ လမ်းကြား မင်္ဂလာလမ်းမကြီးပေါ်တွင် Glory Eleven မှ တာဝန်ယူတည်ဆောက်ပေးခဲ...
29/11/2022

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၇၄x၇၈ လမ်းကြား မင်္ဂလာလမ်းမကြီးပေါ်တွင် Glory Eleven မှ တာဝန်ယူတည်ဆောက်ပေးခဲ့သော Smart ကွန်ပျူတာ စက်ထိုးပန်းထိုး စက်ရုံ၊ ပိုးထည်၊ ချည်ထည် အရောင်းခန်းမ Steel Structure Building

ယုံကြည်စွာ အပ်နှံပေးပါသော Smart ပဲ့ကိုင်ရှင် အကို၊အမ နှင့် ဘေဘီသည်းတို့ မိသားစုအားလုံး ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာကြပြီး စီးပွါးလာဘ် လာဘတွေလည်း ဒီ့ထက်မက တိုးတက် ကြီးပွါးကြပါစေဗျ။

🙏🙏🙏

ပါဝင်သော အခန်းအဖွဲ့များမှာ-
- 1 Show Room
- 1 Work Place
- 1 Staff Room (around 10 pax)
- 1 Common Room
- 1 Master Bedroom
- 1 Kitchen & Dinning
- 1 Common Toilet
- 1 Common Shower Area
- Earthing & Lightening Protection system

Smart page link👇🏿👇🏿👇🏿

https://www.facebook.com/profile.php?id=100057363642984&mibextid=LQQJ4d

မန္တလေးတိုင်းဒေသကြီး ငွေတောင်ကျေးရွာတွင် Glory Eleven မှ အကြမ်းထည်လုပ်ငန်းများ တာဝန်ယူတည်ဆောင်ပေးခဲ့သော 30’x40’ RC နှစ်ထ...
21/10/2022

မန္တလေးတိုင်းဒေသကြီး ငွေတောင်ကျေးရွာတွင် Glory Eleven မှ အကြမ်းထည်လုပ်ငန်းများ တာဝန်ယူတည်ဆောင်ပေးခဲ့သော 30’x40’ RC နှစ်ထပ်အဆောက်အဦ။

လုပ်ငန်းအပ်နှံပေးပါသော သဘောကောင်းပြီး ရုပ်ချောကြသော ထမင်းရှင် မိသားစု ဒီ့ထက်မက ကျန်းမာ ချမ်းသာကြပါစေဗျ။

လုပ်ငန်းကိုင်ငန်းတွေလည်း တိုးတက်မြဲ တိုးတက်နိုင်ကြပါစေ။

နောက်ထပ်အဆောက်အဦတွေလည်း ထပ်မံဆောက်လုပ်နိုင်ပါစေဗျ။

🙏🙏🙏

30’x40’ Two Storey RC Building
- 2 Master Bedroom
- 2 Common Room
- 1 Common Bath Room
- 1 Common Toilet
- 1 Kitchen & Dinning Room
- 1 Living Room
- 1 Shrine Room

(အခန်းဖွဲ့စည်းပုံ အလွန်သဘောကျ စရာကောင်းတဲ့ အဆောက်အဦးလေးပါဗျ)

မန္တလေးမြို့၊ ငွေတောင်ကျေးရွာ ရွာဦးကျောင်းတွင် ဆောက်လုပ်ပေးခဲ့သော နှစ်ထပ် ဓမ္မာရုံ။ယုံကြည်စွာ အပ်နှံပေးပါသော အလှူရှင်နှ...
10/10/2022

မန္တလေးမြို့၊ ငွေတောင်ကျေးရွာ ရွာဦးကျောင်းတွင် ဆောက်လုပ်ပေးခဲ့သော နှစ်ထပ် ဓမ္မာရုံ။

ယုံကြည်စွာ အပ်နှံပေးပါသော အလှူရှင်နှင့်မိသားစုကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

ဒီ့ထက်မကသော အလှူပေါင်းများစွာကိုလည်း စိတ်သွားတိုင်းကိုယ်ပါ လှူဒါန်းနိုင်ပါစေ။

🙏🙏🙏

39’ x 72’ Two Storey RC Building
- 1 Master Bed Room
- 2 Common Toilet
- 1 Meditation Hall
- 1 Common Space

မန္တလေးမြို့ ကန်ကောက်ရွာတွင် Glory Eleven မှတာဝန်ယူတည်ဆောက်ပေးခဲ့သော MK Orthodontist Clinic ၏ 22’x45’ One Storey RC buil...
24/08/2022

မန္တလေးမြို့ ကန်ကောက်ရွာတွင် Glory Eleven မှတာဝန်ယူတည်ဆောက်ပေးခဲ့သော MK Orthodontist Clinic ၏ 22’x45’ One Storey RC building ၏ ဓါတ်ပုံများ။

လုပ်ငန်းအပ်နှံပေးပါသော အကို၊ အမ နှင့် သမီးလေးတို့အပြင် MK မိသားစုဝင်များအားလုံး ကိုယ်ကျန်းမာ၍စိတ်ချမ်းသာကြပါစေ။

စီးပွါးလာဘ်လာဘတွေလည်း တနေ့တခြား တိုးသထက်တိုးများလာပါစေခင်ဗျာ။

🙏🙏🙏

ပါဝင်သောအခန်းအဖွဲ့များမှာ -
- 1 Waiting & living Room
- 1 Clinic room
- 1 Bed room
- 1 Bed room with toilet
- 1 Dinning & Kitchen room
- 1 Toilet
- 1 Bath & WC

15/07/2022

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...

Address

Dagon

Telephone

+9592021749

Website

Alerts

Be the first to know and let us send you an email when Glory Eleven Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Glory Eleven Construction:

Share