L.Myanmar Construction - Linn Myanmar

L.Myanmar Construction - Linn Myanmar L.Myanmar (Linn Myanmar) established since 2016 with expert workers and some young talented engineers.

We provide construction services based on customers' satisfaction.

သူချည်းပဲလော် ဆားနဲ့ပါဘုရားဆိုသလိုမြေကွက်လေးဆိုရင် အိမ်လေးနဲ့မှ လိုက်ဖက်တာ...တချို့တွေဆို နှစ်သစ်ရောက်တည်းကသူတို့မြေကွက်...
30/01/2021

သူချည်းပဲလော် ဆားနဲ့ပါဘုရားဆိုသလို
မြေကွက်လေးဆိုရင် အိမ်လေးနဲ့မှ လိုက်ဖက်တာ...
တချို့တွေဆို နှစ်သစ်ရောက်တည်းက
သူတို့မြေကွက်လေးတွေမှာ အသိုက်မြုံအိမ်လေးတွေ
ဆောက်နေကြပြီနော်..
မြေကွက်လေးရှိနေတုန်း တိုက်တစ်လုံးအမြန်လေး
ဆောက်သင့်ပြီ။

ဆောက်မယ်လို့စဉ်းစားထားရင်တော့
ဒါလေးတွေသေချာဖတ်ကြည့်ပြီး လေ့လာနိုင်ပါတယ်။

𝐋𝐢𝐧𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
တည်ဆောက်ရေးလုပ်ငန်းစုသည်
လက်မှတ်ရ တည်ဆောက်ရေး အင်ဂျင်နီယာမှ
ဦးဆောင်၍ လုပ်သက် (၁၅) နှစ်အထက်ရှိသော
ကျွမ်းကျင် လက်မှုပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ
နှင့် ဖွဲ့စည်းထားသည့် အခြေစိုက်လုပ်ငန်းရုံး
အတိအကျရှိသော လုပ်ငန်းအစုအဖွဲ့ ဖြစ်ပါသည်။
လုပ်ငန်းပြုလုပ်မှုအမျိုးအစားများ
၁) 2D/3D ရေးဆွဲပေးခြင်း
(Architecture၊ Civil engineer )
၂) အာမခံချက်ပေးနိုင်သော မြေခံနိုင်ရည်
အမျိုးအစားပေါ်မူတည်၍ လက်မှတ်ရ Structure Design Engineer
မှ Design တွက်ချက်ပေးခြင်း၊
၃) အဆောက်အဦ ဆောက်လုပ်ခွင့်ရရှိစေရန်
ဝန်ဆောင်မှုပေးခြင်း
(လုပ်ငန်းအပ်နှံသူမှ စာရွက်စာတမ်းပြည့်စုံရန်လိုအပ်သည်။)
၄) လုပ်ငန်းပြုလုပ်မှုအား ကျွမ်းကျင်လုပ်ငန်းအစုအဖွဲ့များဖြင့်
Structure Designers များမှ တွက်ချက်ထားသော
ပုံစံအတိုင်း ပြုလုပ်ပေးခြင်း၊
၅)လုပ်ငန်းအပ်နှံသူ ပြုလုပ်မည့် Structure ပေါ်
မူတည်၍ အခြေခံဈေးနှုန်းတွက်ချက်ပေးခြင်း တို့ဖြစ်သည်။
စီးပွားရေးလုပ်ငန်းသုံး (ဂိုဒေါင်/ အဆောင်)
လုပ်ငန်းများကိုလည်း Structure Design
များထုတ်၍ ဈေးနှုန်းတွက်ချက်
တည်ဆောက်ပေးပါသည်။
ဆောက်လုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုများအား
ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာလက်မှတ်၊
ကန်ထရိုက်တာ လက်မှတ်ရ တည်ဆောက်သူမှ
ကိုယ်တိုင်ဆွေးနွေးတိုင်ပင်၍ တစ်နေရာထဲတွင်
ကျွမ်းကျင် လက်မှုပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ
မှ ဝန်ဆောင်မှုပေးပါသည်။
ဈေးနှုန်းတွက်ချက်မှုပုံစံသည် တည်ဆောက်မည့်နေရာနှင့်
မြေပြင်အခြေအနေ၊ Structure Design၊
ပါဝင်သောလုပ်ငန်း အမျိုးအစားပေါ်တွင်မူတည်၍
တွက်ချက်ပါသည်။
အသေးစိတ်သိရှိလိုပါက ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊
ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
(၆/၆၈၉) သစ္စာလမ်းမကြီး၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
𝟎𝟗𝟓𝟏𝟑𝟔𝟕𝟑𝟏, 𝟎𝟗𝟕𝟖𝟕𝟕𝟖𝟔𝟕𝟖𝟕

ဒီနေ့မှာတော့ ဖုန်းရွှေနည်းလမ်းများထဲမှ မှတ်သားစရာ နည်းလမ်းတချို့ အပိုင်း (၂) ကို မျှဝေပေးလိုက်ပါတယ်။Seasons (ရာသီဥတုများ...
28/01/2021

ဒီနေ့မှာတော့ ဖုန်းရွှေနည်းလမ်းများထဲမှ မှတ်သားစရာ နည်းလမ်းတချို့ အပိုင်း (၂) ကို မျှဝေပေးလိုက်ပါတယ်။

Seasons (ရာသီဥတုများ)
ရာသီဥတုတစ်ခုစီတွင် ၎င်းနှင့်ဆက်စပ်သောဓာတ်များရှိသည်။
ဆောင်းရာသီတွင် ရေဓာတ်၊ နွေဦး ပေါက်ရာသီတွင် သစ်သား၊
နွေရာသီတွင် မီးဓာတ်၊ ဆောင်းဦးပေါက်တွင် သတ္ထုဓာတ်တို့ကြီးစိုးသည်။
ရာသီဥတုတစ်ခုနှင့်တစ်ခုကြားတွင်မူ မြေကြီးဓာတ်စိုးမိုး၏။

Sailing Ships(ရွက်သင်္ဘောများ)
ရွက်သင်္ဘောပုံစံပေါ်တွင် ရွှေဒင်္ဂါးအတုများထည့်ထားသောအဆောင်သည်
အလွန်အစွမ်းထက်သော ဖုန်းရွှေအစီအရင်ဖြစ်သည်။
စီးပွားရေးတိုးတက်ပြီး ငွေကြေးကံကောင်းမည့်နိမိတ်ကိုဆောင်သည်။

Shade (အရိပ်)
နေရောင်ခြည်ကဲ့သို့ပင် အရိပ်သည်လည်း ယင်းနှင့်ယန်းဓာတ်ကို
ဟန်ချက်ညီအောင်ပြုပေးသဖြင့် အရေးကြီးသည်။
၎င်းသည်မည်သည့်ပတ်ဝန်းကျင်တွင် မဆိုလိုအပ်သည်။
မည်သို့ဆိုစေကာမူ နေရောင်ခြည် ရမည့်နေရာတွင်
အရိပ်တွေများများရှိနေပါက “ယင်း” စွမ်းအင်လိုတာထက်
ပိုထွက်သဖြင့်မကောင်းပါ။

Shar Chi(ရှားချီ သို့မဟုတ် အပျက်ဓာတ်)
၎င်းသည် အဆိပ်မြှားမှထွက်လာသော မကောင်းသည့်ဓာတ်ဖြစ်ပြီး
ယင်းနှင့်ယန်း ဟန်ချက်မျှတမူကို ပျက်ယွင်းစေ၏။
“ရှားချီသည် “ရှင်းချီခေါ် အပြုဓာတ်နှင့်ဆန့်ကျင်ဖက်ဖြစ်၏။
“ရှားချီ”ကိုဖုန်းရွှေနည်းမျိုးစုံဖြင့် ချေဖျက်ရ၏။

Sharp Edges(ချွန်ထက်သောအစွန်းများ)
ထောင့်များ (သို့မဟုတ်) အဆောက်အဦးများမှထိုးထွက်နေသော
ချွန်ထက်သောအစွန်းများသည် “ရှားချီ”ခေါ် အပျက်ဓာတ်ကိုဖြစ်ထွန်းစေ၏။
အကယ်၍ သင့်အိမ်ကို မျက်နှာချင်းဆိုင်အိမ်မှ ချွန်ထက်သော အစွန်းကထိုးဝင်နေလျှင် ၎င်းကိုမိမိအိမ်မှမမြင်ရအောင် ကာကွယ်ပိတ်ဆို့ထားရမည်။
အကောင်းဆုံးနည်းများ “ယင်းပါ့ကွအင်း”မှန်ချပ်ကိုတပ်ကာ
တန်ပြန်ဓာတ်ဆင်ရမည်။

Sheng Chi (ရှင်းချီ (သို့မဟုတ်) အပြုဓာတ်)
၎င်းသည်နဂါး၏စကြဝဠာဓာတ်ဖြစ်ကာ စွမ်းအင်နှင့်ကြီးထွားမှုကို ဖြစ်စေ၏။
“ရှင်းချီ”ကိုသင်ရအောင် ချူပြီးယူတတ်လျှင် သင့်အဖို့ကျန်မာရေးကောင်းကာ၊
ဥစ္စာဓနကြွယ်ဝချမ်းသာပြီး၊ ငြိမ်းအေးချမ်းသာယာသော ဘဝကိုရလိမ့်မည်။

Silver(ငွေ)
ခရမ်းရောင်နှင့်ပေါင်းစပ်လျှင် အလွန်မင်္ဂလာရှိသောအရောင်ဖြစ်သည်။
တရုတ်ဘာသာဖြင့်”ငွေ”ကို “ငန်”ဟုခေါ်၏။ “ခရမ်းရောင်”ကို “ချီး”ဟုခေါ်၏။
နှစ်ခုပေါင်းတော့ “ငန်ချီး”ဖြစ်၏။ “ငန်ချီး”၏ အဓိပ္ပါယ်က ပိုက် ဆံဖြစ်သည်။
“ဖုန်းရွှေ” ပညာအရ “ငွေ”သည်သတ္ထုဓာတ်ဖြစ်ကာ အနောက်အရပ်နှင့်
အနောက်မြောက်အရပ် ကိုကြီးစိုး၏။

Sleeping Positions (အိပ်ရမည့်တည်နေရာ)
“ဖုန်းရွှေသံလိုက်အိမ်မြှောင်” အရ လူတစ်ဦးစီတွင် “ကွနံပတ်” များရှိ၏။
၎င်းသည်လူတစ်ဦးစီ၏ အကောင်းဆုံး အိပ်ရန်နေရာ လေးမျိုးနှင့်
အဆိုးဆုံးအိပ်ရန်နေရာ လေးမျိုးကိုပြဆို၏။ မိမိ၏ အကောင်းဆုံး
အရပ်မျက်နှာလေးမျိုးအနက် တစ်မျိုးမျိုးကိုရွေးချယ်ကာ ခေါင်းပြုအိပ်ရ၏။

Slopes (ဆင်ခြေလျောများ)
ဆင်ခြေလျော၏အောက်ခြေတွင် မနေအပ်။ ဆင်ခြေလျော၏ထိပ်ဆုံးတွင်လည်း မနေသင့်။ ဆင်ခြေ လျော၏အလည်တွင်သာနေရမည်။ ထိပ်ဆုံးတွင်နေလျှင် တတ်များရောထွေးမှုကိုခံရတတ်၊ ဓာတ်ရှုပ်တတ်၏။ ဆင်ခြေလျော၏ အောက်ဆုံးတွင်နေလျှင် “ချီ”ဓာတ်သော ကောင်းသောဓာတ် “နစ်မြုပ်” သွားတတ်၏။

Small Water (ရေပန်းငယ်များ)
သဘာဝအလျောက်စမ်းချောင်းလေးက မိမိ၏အိမ်ပတ်ပတ်လည်တွင်စီးဆင်းနေလျှင် အကောင်းဆုံး ဖြစ်၏။ ထိုသို့မဟုတ်လျှင် မိမိဘာသာ မိမိရေတံခွန်၊ ရေပန်းငယ်များပြုလုပ်ထားရ၏။ လူလုပ်မြောင်းကလေး များ၊ ကန်ငယ်လေးများသည် ဖုန်းရွှေကိုပိုကောင်းစေသည်။

Social Life (လူမှုဘဝ)
မိမိ၏ လူမှုဘဝပိုမိုတိုးတက်မြင့်မားစေရန် မိမိခြံဝင်းအတွင်း
အနောက်တောင်ထောင့်တွင် တောက်ပ သော မီးတိုင်တစ်ခုထွန်းညှိထားရမည်။
၎င်းသည်မြေကြီး(အကြီး)ဓာတ်နေရာဖြစ်၍ စွမ်းအင်ကြီးမားစွာရှိသော နေရာဖြစ်၏။
ခြံနှင့်ဝင်းနှင့် မနေနိုင်ပဲ တိုက်ခန်းနှင့်နေသူဖြစ်ပါကလည်း မိမိတိုက်ခန်း၏
အနောက်တောင်ထောင့်နေရာတွင် မီးထွန်းပေးရမည်။ မီးလုံးတစ်လုံးထွန်းတာထက်နှစ်လုံးထွန်းတာက ပိုကောင်းသည်။ အနောက်တောင်ထောင့်၏စိုးမိုး၈ဏန်းက“နှစ်” ဖြစ်သောကြောင့်ဖြစ်၏။ အထူးသဖြင့် အနီရောင်မီးလုံးက ပိုအ စွမ်းထက်၏။ အနီရောင်သည်“ယန်းစွမ်းအင်”ကိုပိုမို၍ အားပေး၏။ မီးတိုင်ကမနိမ့်လွန်း၊ မမြင်လွန်းစေရ။ အနည်းဆုံးကြမ်းပြင်မှနေ၍ ငါးပေမြင့်ရမည်။ မျက်နှာကျက်ပေါ်မှထွန်းလျှင် ဓာတ်ကြိုးကအနည်းဆုံး ငါးပေကျနေ ရမည်။ အိပ်ခန်းထဲတွင်မထွန်းရန်ကား သတိပြုပါ။

South (တောင်အရပ်)
ဖီးနစ်ခေါ် “မသေငှက်” ၏နေရာ၊ နွေရာသီကိုယ်စားပြုအရပ်ဖြစ်၏။
တောင်အရပ်သည် ထင်ရှားကျော် ကြားမှုကိုကိုယ်စားပြု၏။ မိမိအိမ်၏
အိမ်ရှေ့သည်တောင်အရပ်ဖြစ်လျှင် ဖုန်းရွှေအလွန်ကောင်း၏။
အိ်မ်ထဲမှဧည့် ခန်း၏တောင်ဖက်ခြမ်းတွင် မီးထိန်ထိန်ထွန်းပေးပါ။
ထိုထောင့်တွင် အနီရောင်ပစ္စည်းတစ်ခုခုထားပေးခြင်းက ပို ကောင်း၏။

Southeast (အရှေ့တောင်)
ဝင်ငွေပိုကောင်းလိုလျှင် ဤထောင့်တွင် ပိုမိုအားကောင်းရန်လုပ်ပေးရမည်။
ဤထောင့်တွင်အပင်ထား ပါ။ ရေတံခွန်ထားပါ။ ငါးကန်ထားပါ။
၎င်းသည်ငွေကံကိုပိုကောင်းစေနိုင်သည်။

Southwest (အနောက်တောင်)
ဤထောင့်သည် “ယင်း” ကြီးစိုးသောထောင့်ဖြစ်သဖြင့် “ယင်း”စွမ်းအင်
ပိုမိုမြင်မားအောင် လုပ်ပေးရ၏။ မိသားစုတွင်းမှမိခင်ဓာတ်ကို ပို၍အားပေး၏။
အိမ်၏ဤထောင့်နေရာတွင် မီးဖို သို့မဟုတ် အိမ်သာမထားရ။
ဤ ထောင့်ကောင်းလျှင်ကောင်းသလို ကလေးများ၏အိမ်ထောင်ရေးပါကောင်းတတ်၏။

Spring (နွေဦးပေါက်)
ဤရာသီဥတုသည် သစ်သားဓာတ်၏ ရာသီဥတုဖြစ်ကာ၊ ဤရာသီတွင်စီးပွားရေးလုပ်ငန်းသစ် စတင်ပြု လုပ်သင့်သည်။ ထုတ်ကုတ်ပစ္စည်းသစ်ကို ထုတ်လုပ်သင့်သည်။

Statues (ရုပ်ထုများ)
ဖခင်၏ရုပ်ထုကို အိမ်၏အနောက်မြောက်ဖက်တွင် ထားရမည်။ အခြားသောမိသားစုဝင်များ၏ ရုပ်ထု များကိုမူ ၎င်းတို့နှင့်သင့်လျော်သောနေရာများတွင်ထားနိုင်၏။ အထူးသဖြင့်ရုပ်ထုများကို အနောက်ဘက်(သို့) အရှေ့မြောက်ဖက်တွင်ထားခြင်းသည် အကောင်ဆုံးဖုန်းရွှေကိုဖြစ်စေ၏။

မြောက်ဒဂုံ (၂ထပ်)Foundation လုပ်ငန်းစဉ်။အိမ်ဆောက်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ လင်းမြန်မာကို ဆက်သွယ်လိုက်...
26/01/2021

မြောက်ဒဂုံ (၂ထပ်)
Foundation လုပ်ငန်းစဉ်။
အိမ်ဆောက်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့
လင်းမြန်မာကို ဆက်သွယ်လိုက်ပါ။
ယုံကြည်အားထားရာ လင်းမြန်မာ
𝟎𝟗𝟓𝟏𝟑𝟔𝟕𝟑𝟏, 𝟎𝟗𝟕𝟖𝟕𝟕𝟖𝟔𝟕𝟖𝟕


ကွန်ကရစ် အကြောင်းမပြောခင် ကွန်ကရစ်နဲ့ ဘိလပ်မြေမတူကြောင်းကို အရင်ပြောပြပါမယ်။ဘိလပ်မြေက ကွန်ကရစ်ထဲမှာ ပါဝင်တဲ့ပစ္စည်းတစ်မျ...
24/01/2021

ကွန်ကရစ် အကြောင်းမပြောခင် ကွန်ကရစ်နဲ့
ဘိလပ်မြေမတူကြောင်းကို အရင်ပြောပြပါမယ်။
ဘိလပ်မြေက ကွန်ကရစ်ထဲမှာ
ပါဝင်တဲ့ပစ္စည်းတစ်မျိုးသာဖြစ်ပါတယ်။
ဘိလပ်မြေကို ထုံးကျောက်၊ အသွင်ပြောင်းကျောက်၊
ဆီလီကာနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို
ရောစပ်ပြီး ကလင်ကာထဲမှာမြင့်မားတဲ့
အပူချိန်နဲ့ ခြေဖျက်လိုက်တဲ့အခါမှာ
ဘိလပ်မြေမှုန့်ကို ရရှိပါတယ်။
ခုနက ဘိလပ်မြေမှုန့်ကို သဲ၊ ကျောက် နဲ့ ရေကို
ရောစပ်လိုက်တဲ့အခါမှာ ကွန်ကရစ်ကို
ရရှိမှာဖြစ်ပါတယ်။ ကွန်ကရစ်က မာကြောပြီး
နှစ်ပေါင်းများစွာ တာရှည်ခံတဲ့အပြင်
ရေဒဏ်၊ မီးဒဏ်နဲ့ မုန်တိုင်းဒဏ်တွေကိုပါ
ခံနိုင်ရည်ရှိပါတယ်။
နှစ်သန်းပေါင်းများစွာကြာတဲ့အခါမှာ
စတီးတွေသာ သံချေးတက်ဆွေးမြေ့သွားမယ်၊
ကွန်ကရစ်တွေကတော့ ကျန်ရှိနေမှာဖြစ်ပါတယ်။

ကွန်ကရစ်ရဲ့ ကနဉီးအစကို လေ့လာကြည့်ရအောင်...

လွန်ခဲ့တဲ့ နှစ် ၁၂ သန်းခန့် - သဘာဝ cement
(ဘိလပ်မြေလို့ပဲခေါ်ကြပါစို့)ပေါ်ပေါက်လာခြင်း

BC 10,000 ခန့် - အစောဆုံးထုံးကျောက်
structure ပုံစံဖြစ်လာခြင်း

BC 3000 ခန့် - အီဂျစ် ပိရစ်မစ်

BC 1400-1700 ခန့် - ခရိကျွန်းပေါ်က (Crete)
မီနိုရမ် (Minoan) အဆောက်အုံ

BC 770-476 ခန့် - တရုတ်ပြည်က မဟာတံတိုင်းကြီး
AD 300-500 ခန့် - ဂရိ အာခီတက်တွေမှာ
အသုံးပြုလာခြင်း

AD 82 ခန့် - အီတလီနိုင်ငံရဲ့ Colosseum မှာ
ဆောက်လုပ်ခြင်း

AD 117-125 ခန့် - ပန်သီနွန် ကျောင်းတော်ကြီးမှာ
ဆောက်လုပ်ခြင်း

၁၆ ရာစု - ဂျာမဏီတွေက မီးတောင်ချော်ရည်မှ
ရတဲ့သဲနဲ့ ထုံးကျောက်ကို ရောစပ်ခဲ့ပါတယ်။
ရလဒ်အနေနဲ့ ရေဒဏ်ကို ခံပြီး ပိုပြီး ကြံ့ခိုင်လာပါတယ်။

‌၁၈ ရာစု နောက်ပိုင်းတွေမှာတော့

၁၈၈၉ - ဆန်ဖရန်စစ်ကိုက Alvord တံတား

၁၈၉၁ ခုနှစ် - အမေရိကန် အိုဟိုင်းရိုးက
ပထမဆုံး ကွန်ကရစ်လမ်း

၁၉၀၈ ခုနှစ် - နယူးဂျာစီမှာ ဆောက်လုပ်တဲ့
သောမတ်စ်အက်ဒီဆင် ဒီဇိုင်းရေးဆွဲတဲ့
ကွန်ကရစ်အိမ်များ

၁၉၉၂ ခုနှစ် မှာတော့ ချီကာဂိုမှာ အမြင့်ဆုံး ၆၅ ထပ်မြင့်တဲ့
ကွန်ကရစ် အဆောက်အုံကို ဆောက်လုပ်ခဲ့ပါတယ်။

ဒါကတော့ လွန်ခဲ့တဲ့ နှစ် ၁၂ သန်းကနေ ၁၉၉၂ ခုနှစ် အရောက်မှာတော့
၆၅ ထပ်မြင့်မားတဲ့ အဆောက်အုံကို
ကွန်ကရစ်နဲ့ ဆောက်လုပ်နိုင်ခဲ့သည်အထိ
တိုးတက်ခဲ့ပါတယ်။

ဒီစာကနေ ဗဟုသုတ တစ်ခုခုရလိမ့်မယ်လို့
မျှော်လင့်ပါတယ်။

ဂိုထောင်အကြောင်းဆိုကြရာဝယ်ကုန်သွယ်ဖို့ပဲဖြစ်ဖြစ်၊ သိုလှောင်ဖို့ပဲဖြစ်ဖြစ်၊စီးပွားရေးလုပ်ငန်းလုပ်ဖို့ပဲဖြစ်ဖြစ် ဂိုထောင်က...
21/01/2021

ဂိုထောင်အကြောင်းဆိုကြရာဝယ်
ကုန်သွယ်ဖို့ပဲဖြစ်ဖြစ်၊ သိုလှောင်ဖို့ပဲဖြစ်ဖြစ်၊
စီးပွားရေးလုပ်ငန်းလုပ်ဖို့ပဲဖြစ်ဖြစ် ဂိုထောင်ကို ဆောက်လုပ်ကြပါတယ်။
ဆောက်တဲ့နေရာမှာ တော်တော်များများက
ရှိတဲ့နေရာမှာ အဆင်ပြေသလိုဆောက်လိုက်ကြပါတယ်။
ပြီးတော့ အဆင်ပြေသလို ကုန်ပစ္စည်းတွေ သိုလှောင်ကြတယ်။
ဒါကြောင့် ဂိုထောင်ဆောက်လုပ်တဲ့အခါ စနစ်တကျဆောက်လုပ်နည်း
တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ပုံတစ်ပုံခြင်းစီ ထောက်ပြီး နှိပ်ကြည့်နိုင်ပါတယ်။

သင့်ဆိုင်ကို ရောင်းအားကောင်းဖို့ ဘယ်လိုပြင်ဆင်ရမလဲ? အပိုင်း(၁)နံပါတ် ၁ အချက် မှန်ကန်တဲ့ floor plan ကို ရွေးချယ်ရပါမယ်။ကိ...
18/01/2021

သင့်ဆိုင်ကို ရောင်းအားကောင်းဖို့ ဘယ်လိုပြင်ဆင်ရမလဲ?
အပိုင်း(၁)

နံပါတ် ၁ အချက်
မှန်ကန်တဲ့ floor plan ကို ရွေးချယ်ရပါမယ်။
ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေကို သေချာ စုစည်းနေရာချပြီး
ဝယ်သူကို စနစ်တကျလမ်းကြောင်းချပေးမှာလား...
နမူနာပစ္စည်းတွေထုတ်ပေးထားပြီး စိတ်ချစမ်းသပ်ရွေးဝယ်စေမှာလား...
ဝယ်သူတွေကို ရှင်းရှင်းလင်းလင်းလေ့လာစေချင်တာလား...
ဆိုင်မှာရှိတဲ့ အထူးပစ္စည်းတွေကို သီးသန့်ပြချင်တာလား...
တကယ်ထိရောက်တဲ့ ကိုယ့်ဆိုင်နဲ့ floor plan ကို
ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ရင် ပိုကောင်းပါတယ်။

နံပါတ် ၂ အချက်
ဝယ်သူရဲ့ လုပ်ဆောင်ချက်ကို သတ်မှတ်ပါ။

(၁) တန်ဖိုးမြင့်ပစ္စည်းတွေကို ရှေ့မှာထားပါ။
ဈေးဝယ်သူတွေက ဆိုင်ရဲ့ ပထမ ၅ ပေမှ ၁၅ ပေကိုကြည့်ပြီး
ဆိုင်ရဲ့ တန်ဖိုးကို စိတ်ထဲမှာသတ်မှတ်ကြပါတယ်။

(၂) ၉၀ရာခိုင်နှုန်းသော ဈေးဝယ်သူတွေရဲ့ မသိစိတ်က
ဆိုင်ထဲကို ရောက်တာနဲ့ ညာဘက်ကို ကွေ့သွားတတ်ကြပါတယ်။

(၃) ဈေးဝယ်သူတွေက သင်ရောင်းတဲ့ပစ္စည်းကို ၃ မိနစ်အတွင်းမှာ
ဆုံးဖြတ်ကြပါတယ်။

(၄) အရေးကြီးတဲ့ပစ္စည်းတွေကို ဆိုင်ရဲ့ နောက်ဆုံးအတွင်းပိုင်းထဲမှာထားပါ။
အဲ့တာမှဆိုင်ကိုလာတဲ့သူတွေ အရေးကြီးတဲ့ပစ္စည်းကိုရှာရင်း တစ်ဆိုင်လုံးပတ်ဖြစ်သွားမှာပါ။

(၅) ပစ္စည်း အသေးစားလေးတွေကို ငွေရှင်းတဲ့နေရာမှာထားပါ။
ဉပမာ - ဓာတ်ခဲ၊ ပီကေ၊ ငွေဖြည့်ကဒ် စတာတွေကို
ငွေရှင်းတဲ့နေရာမှာထားမယ်ဆိုရင်
အလွယ်တကူထပ်ပြီး ဝယ်ယူသွားမှာဖြစ်ပါတယ်။

အပိုင်း (၂) ကို နောက်အပတ်တွေထဲမှာ ဖော်ပြပေးသွားမှာဖြစ်လို့
page ကို လိုက်ခ်နဲ့ follow လုပ်ပေးထားပါ။

တခြား ဆိုင်ဖွင့်ထားတဲ့ မိတ်ဆွေရဲ့ သူငယ်ချင်းတွေကို သိအောင်
ရှယ်ပေးလိုက်ပါဉီး။

ယုံကြည်အားထားရာ လင်းမြန်မာ
𝟎𝟗𝟓𝟏𝟑𝟔𝟕𝟑𝟏, 𝟎𝟗𝟕𝟖𝟕𝟕𝟖𝟔𝟕𝟖𝟕


သင်သာအိမ်တစ်လုံးဆောက်မယ်ဆိုရင် ဘယ်အချက်တွေကို စဉ်းစားလဲ?ဘယ်အကြောင်းအရာတွေကို ဉီးစားပေးစဉ်းစားလဲ?စာချုပ်စာတမ်းနဲ့ လက်မှတ်...
16/01/2021

သင်သာအိမ်တစ်လုံးဆောက်မယ်ဆိုရင် ဘယ်အချက်တွေကို စဉ်းစားလဲ?
ဘယ်အကြောင်းအရာတွေကို ဉီးစားပေးစဉ်းစားလဲ?

စာချုပ်စာတမ်းနဲ့ လက်မှတ်လား...
အလုပ်အပ်မယ့် ဆောက်လုပ်ရေးလုပ်ငန်းလား...
ဘယ်နှစ်ထပ်ဆောက်မယ်ဆိုပြီးစဉ်းစားလား...
ဘယ်လို ဒီဇိုင်းမျိုးလေးဆောက်မယ်၊
ဘယ်လို အရောင်မျိုးလေးဆောက်မယ်လို့စဉ်းစားလား...
ဘယ်သူတွေနဲ့ နေမယ်လို့စဉ်းစားလား...
ဒါမှမဟုတ် ဘယ်သူတွေနေဖို့အတွက်ဆိုပြီး စဉ်းစားလား...
ဘယ်အရာကရော ကိုယ့်အတွက် ပိုအရေးကြီးမယ်လို့ထင်လဲ?
Comment မှာ ပြောပေးသွားကြဉီးနော်။...

ယုံကြည်အားထားရာ လင်းမြန်မာ
𝟎𝟗𝟓𝟏𝟑𝟔𝟕𝟑𝟏, 𝟎𝟗𝟕𝟖𝟕𝟕𝟖𝟔𝟕𝟖𝟕


မြေရှင်လက်မှတ်အရေးကြီးတယ်ဆိုတာအမည်ပေါက်ဖောက်ရင် အလုပ်ရှုပ်ပြီး ပိုက်ဆံပိုကုန်လို့ပါ။အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်အရဆိုရင်...
13/01/2021

မြေရှင်လက်မှတ်အရေးကြီးတယ်ဆိုတာ
အမည်ပေါက်ဖောက်ရင် အလုပ်ရှုပ်ပြီး ပိုက်ဆံပိုကုန်လို့ပါ။
အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်အရဆိုရင် တိုက်ခန်းတွေကိုလည်း ရာဖြတ်ဖြတ်..၊ အခွန်ဆောင်ပြီး အစိုးရဆီမှာ တရားဝင်နာမည်ပေါက် ဖောက်ခိုင်းပါတယ်..။

အဲ့တာဆိုရင် ကိုယ်ဝယ်တဲ့တိုက်ခန်းရဲ့ တန်ဖိုးရဲ့ ၁၉ ရာခိုင်နှုန်းကို အခွန်ဆောင်ရပါတယ်။ သိန်း ၃၀၀ ဆိုရင် သိန်း ၅၀ ကျော် အခွန်ဆောင်ရမှာဖြစ်ပါတယ်။ တိုက်ခန်းအရေအတွက်က များတာရယ်..၊ အမည်ပေါက်ဖောက်မယ့် လုပ်ငန်းအဆင့်တွေ များတာရယ်..၊ ရုံးမသွားချင်ကြတာရယ်..၊ ငွေမကုန်ချင်တာရယ်ကြောင့် ပိုက်ဆံနည်းနည်းပါးပါးပေးလိုက်ရင် ရတဲ့ မြေရှင်လက်မှတ်က အရေးပါလာပါတယ်။

ကန်ထရိုက်တိုက်ခန်းနဲ့ အိုးအိမ်တိုက်ခန်းလို့ (၂)မျိူးရှိရာမှာ ကန်ထရိုက်တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်လက်မှတ်ဆိုတာ လိုပါတယ်။ အကြောင်းအမျိူးမျိူးကြောင့် မြေရှင်လက်မှတ်မထိုးချင်ရင်ဖြစ်ဖြစ်..၊ မြေရှင်က လက်မှတ်ထိုးမပေးရင် ဖြစ်ဖြစ်..ရာဖြတ်နူန်းအတိုင်း အခွန်ဆောင်ပြီး အမည်ပေါက်ဖောက်လို့ရပါတယ်။ အစိုးရဆီမှာ တရားဝင်အမည်ပေါက်ပြီးသားတိုက်ခန်းဆိုရင် မြေရှင်လက်မှတ်မလိုပါဘူး။
ငွေကုန်တာ၊ အလုပ်ပိုတာရှိနိုင်လို့ မြေရှင်လက်မှတ်ပဲတောင်းမလား၊ အမည်ပေါက်ပဲဖောက်မလားဆိုတာ
စဉ်းစားရမယ့်အချက်တစ်ချက်ပါ။

အကောင်းဆုံးကတော့ ကိုယ်ပိုင်မြေပေါ်မှာ ကိုယ့်အိမ်လေးတစ်လုံးကို လွတ်လွတ်လပ်လပ် အေးအေးဆောက်ပြီးနေတာပါပဲ။

ဖုန်းရွှေနည်းလမ်းများထဲမှ မှတ်သားစရာ နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။အားလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ရုပ...
10/01/2021

ဖုန်းရွှေနည်းလမ်းများထဲမှ မှတ်သားစရာ နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။
အားလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

ရုပ်ထုများ

ဖခင်၏ရုပ်ထုကို အိမ်၏အနောက်မြောက်ဖက်တွင် ထားရမည်။ အခြားသောမိသားစုဝင်များ၏ ရုပ်ထု များကိုမူ ၎င်းတို့နှင့်သင့်လျော်သောနေရာများတွင်ထားနိုင်၏။ အထူးသဖြင့်ရုပ်ထုများကို အနောက်ဘက်(သို့) အရှေ့မြောက်ဖက်တွင်ထားခြင်းသည် အကောင်ဆုံးဖုန်းရွှေကိုဖြစ်စေ၏။

လှေကားထစ်များ

အိမ်နောက်ဖေးလှေကားက အိမ်ရှေ့လှေကားထက် မြင့်ရမည်။ လက်ဝဲဖက်ခြမ်းလှေကားက လက်ယာဖက်ခြမ်း လှေကားထက်ပိုမြင့်မည်။ အကယ်၍ သင့်အိမ်သည် လမ်းထက်ပိုမြင့်သည့်နေရာတွင် ရှိနေပြီး၊ လမ်းပေါ်မှနေ၍ အိမ်သို့မဟုတ် လှေကားထစ်များဖြင့် တက်သွားလျှင် အလွန်မင်္ဂလာရှိသည်ဟု ဖုန်းရွှေပညာကဆို၏။

စမ်းချောင်းများ

ရေစီးနှေးသော သန့်စင်သည့်ရေစီးဆင်းသည့်စမ်းချောင်းသည် အကောင်းဆုံးဖုန်းရွှေကိုဖြစ်စေ၏။ ထို သို့သောစမ်းချောင်းများ သင့်အိမ်ရှေ့တွင်ရှိလျှင်၊ အိမ်ရှေ့သို့သွယ်တန်းယူပါ။ အိမ်ရှေ့တံခါးမကြီး၏ရှေ့တွင် စမ်းချောင်းလေးစီးဆင်းနေခြင်းက မင်္ဂလာအရှိဆုံးအနေအထားဖြစ်၏။

အရည်ရွှမ်းသောအသီးပင်များ

ခြံထဲတွင်အရည်ရွှမ်းသောအပင်များရှိခြင်းသည် အလွန်မင်္ဂလာရှိသဖြင့် ကောင်းစွာရေလောင်းကာရှင် သန်အောင်ပြုစုပျိုးထောင်ပါ။ ဆူးမရှိသောအရည်ရွှမ်းသည့် ရှားဆောင်းပင်သည်၊ ကျောက်စိမ်းကိုအစားထိုးနိုင် လောက်သည့် အကောင်းဆုံးအဆောင်ဖြစ်သည်။

ဆွန်းတြိရေခါ

ယန်းမျဉ်းကြောင်းနှစ်ခုအပေါ်မှရှိကာ၊ အောက်မှမျဉ်းပြတ် ယင်းမျဉ်းကြောင်းရှိသောတြိရေခါကို “ဆွန် တြိရေခါ” ဟုခေါ်၏။ ၎င်းကို”ပါ့ကွအင်း”၏ အရှေ့တောင်နေရာတွင်ထားရသည်။ ၎င်း၏ကိုယ်စားပြုဓာတ်က “သစ်သားဓာတ်” ဖြစ်ကာ၊ သမီးအကြီးဆုံး၏ဓာတ်ဖြစ်၏။

နေရောင်ခြည်

နေရောင်ခြည်ကို အိမ်ထဲဝင်စေရမည်။ ၎င်းသည် “ယန်းစွမ်းအင်” ဖြစ်၏။ ပြတင်းပေါက်များ၊ တံခါးများ ကို နေရောင်ခြည်ဝင်နိုင်သောနေရာတွင်ဖောက်ထားရမည်။

ရေကူးကန်များ

ရေကူးကန်တည်နေရာ အမှားခံ၍မရ။ မှားလျှင်ပြဿနာတက်တတ်၏။ ရေကူးကန်ကို အိမ်ရှေ့တံခါးမ ကြီး၏ (အိမ်ထဲမှနေ၍အပြင်သို့ကြည့်လျှင်ရှိသော) လက်ဝဲဖက်ခြမ်းတွင်သာထားရမည်။ ထိုသို့မဟုတ်လျှင် အိမ် ထောင်ပြိုကွဲတတ်သည်။ ရေကူးကန်ကို လေးထောင်စပ်စပ် သို့မဟုတ် စတုဂံပုံမထားရ။ ရေကူးကန်၏ ထောင့် စွန်များက ကွေ့ဝိုက်နေရမည်။ ရေကူးကန်ကို အိမ်၏အချိုးအစားထက်ပို၍မကြီးစေရ။ (ရေများလွန်းလျှင်ရေ လွှမ်းမိုးတတ်၊ ရေနစ်တတ်သည်။) ရေသိပ်များခြင်းကအန္တရာယ်ဖြစ်စေသည်။ ရေကန်ဘောင်အထိရေလျှံခြင်း သည် ကံဆိုးမှုကိုဖြစ်ထွန်းစေ၏။ ရေကန်မှရေလျှံခြင်းမဖြစ်စေရန်၊ မြောင်းငယ်လေးများသွယ်ပြီး အပြင်ထုတ် ပစ်ရမည်။ ထိုသို့ဖြစ်မှသာ သင့်အိမ်ကို ဦးတည်လာနေသော “ချီ” ဓာတ်ကိုဟန်ချက်ညီ၊ ညှိပေးနိုင်ပြီး မင်္ဂလာ ရှိသော နိမိတ်ကိုဆောင်ကြဉ်းပေးနိုင်မည်။

သင်္ကေတများ

ဖုန်းရွှေပညာတွင် ကွဲပြားခြားနားသောသင်္ကေတများစွာရှိ၏။ ကောင်းသောသင်္ကေတများကို နေရာမှန်အောင်ထားရှိတတ်ခြင်းအားဖြင့် ဖုန်းရွှေပိုကောင်းအောင်လုပ်ဆောင်ပေးနိုင်သည်။

လင်းမြန်မာဆောက်လုပ်‌ရေးမိသားစုမှမှော်ဘီတွင် တည်ထားကိုးကွယ်ပူဇော်မည့် ဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်အတွက် အသုံးပြုမည့...
09/01/2021

လင်းမြန်မာဆောက်လုပ်‌ရေးမိသားစုမှ
မှော်ဘီတွင် တည်ထားကိုးကွယ်ပူဇော်မည့်
ဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်အတွက်
အသုံးပြုမည့် အုတ်စုစုပေါင်း ကိုလှူဒါန်းခဲ့ပါတယ်။
ဌာပနာအတွက်လည်း လက်စွပ်နှစ်ကွင်းတို့ကို
လှူဒါန်းခဲ့ပါတယ်။

သာဓုခေါ်နိုင်ရန်အလို့ငှာ မျှဝေပေးလိုက်ရပါတယ်။

ဤကုသိုလ်ကောင်းမှုစေတနာကြောင့်
လောကီလောကုတ္တရာအကျိုး ဆတိုးဖြစ်ပါစေ။
ရန်သူမျိုးငါးပါး၊ ၉၆ ပါး‌ရောဂါလည်း အစဉ်ကင်းဝေးပါစေ။
အလှူရေစက်လက်နဲ့မကွာလည်း လှူနိုင်ပါစေ။
ကိုဗစ်ကပ်ရောဂါလည်း အမြန်ပပျောက်ပါစေ။

ဝူး...ကနဲ ဝေါ...ကနဲရင်ထဲကို အေးကနဲ ဟေးးးး....ဆိုပြီး ရိုလာကိုစတာပေါ်မှာ အော်ဖူးကြလား?တချို့ကတော့ ကြောက်လို့ စီးတောင်မစီး...
07/01/2021

ဝူး...ကနဲ ဝေါ...ကနဲ
ရင်ထဲကို အေးကနဲ ဟေးးးး....
ဆိုပြီး ရိုလာကိုစတာပေါ်မှာ အော်ဖူးကြလား?
တချို့ကတော့ ကြောက်လို့ စီးတောင်မစီးရဲတဲ့သူလည်း ရှိမှာပေါ့။
အဲဒီ ရိုလာကိုစတာတွေကို ဘယ်လိုဆောက်လဲဆိုတာ သိချင်ရင်
တစ်ပုံချင်းစီ ထောက်ပြီး ဖတ်ကြည့်လိုက်နော်။

Address

No-(689), Thitsar Road, (6) Quater, South Okkalapa Township, Yangon
Dagon
11091

Telephone

095136731

Website

Alerts

Be the first to know and let us send you an email when L.Myanmar Construction - Linn Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share