Nawarat Advance Prefab Myanmar Co.,Ltd.

Nawarat Advance Prefab Myanmar Co.,Ltd. Precast concrete products such as PC Planks, Fencing Planks and Post, Electrical Lamp post, Precast U Drain, Precast Bos Culvert, Prestressed Square Pile

🎉 🎊 🌟 Nawarat Advance Prefab Myanmar Team မှ မိတ်ဟောင်း မိတ်သစ်များအား နှစ်သစ်တွင် ကျန်းမာချမ်းသာပြီး အောင်မြင်မှုများစွ...
03/01/2026

🎉 🎊 🌟 Nawarat Advance Prefab Myanmar Team မှ မိတ်ဟောင်း မိတ်သစ်များအား နှစ်သစ်တွင် ကျန်းမာချမ်းသာပြီး အောင်မြင်မှုများစွာရရှိပါစေကြောင်း ဆုတောင်းအပ်ပါသည်! 🌟 🎊 🎉
၂၀၂၆ မှာ လူကြီးမင်းတို့ရဲ့ စီမံကိန်းတွေ အချိန်မှီပြီးစီးအောင်မြင်ဖို့ Nawarat Advance Prefab Myanmar က ထုတ်လုပ်တဲ့ Precast Concrete Products တွေကို အသုံးပြုပြီး လုပ်ငန်းစွမ်းဆောင်မှုကို မြှင့်တင်လိုက်ပါ! 💪
➡️ အရည်အသွေးတိကျမှု၊ သန့်ရှင်းလှပပြီး သက်တမ်းရှည်ကြာ ခိုင်ခံ့မှု၊ လုပ်ငန်းဆောင်ရွက်ချိန် တိုတောင်းမြန်ဆန်မှု၊ ကျွမ်းကျင်လုပ်သားရှားပါးမှုကို အထိရောက်ဆုံးလျော့ချပေးနိုင်တဲ့
🔹Precast Fencing Planks & Poles (သံကူကွန်ကရစ် ခြံစည်းရိုးပြားများနှင့် တိုင်များ)
🔹Precast RC U-Drains (သံကူကွန်ကရစ် ရေမြောင်းများ)
🔹Precast RC Box Culvert အရွယ်အစားအမျိုးမျိုးကို
မှာယူရရှိနိုင်ပါတယ်။
➡️ အထက်ပါ ပစ္စည်းများအပြင် အောက်ပါကွန်ကရစ်ပစ္စည်းများကိုလည်းရရှိနိုင်ပါသေးတယ်။
🔹Prestressed Concrete Electric Poles (ကြိုတင်အားဖြည့် ကွန်ကရစ် မီးတိုင်များ)
🔹Prestressed Square Piles (ကြိုတင်အားဖြည့် ပိုင်တိုင်များ)

➡️ စီမံကိန်းအလိုက် အရွယ်အစား အမျိုးမျိုးကိုလည်း စိတ်တိုင်းကျ အပ်နှံရင်လည်း ထုတ်လုပ်ပေးနိုင်ပါတယ်။
📞 ဖုန်းနံပါတ်: 09 442 630 919, 442 630 939
📩 Viber : 09 442 630 939
🏗️ လိပ်စာ: အမှတ် (၅၀)၊ ပန်းတဉ်းဝန်ဉီးရွှေဘင်လမ်း၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန် အပိုင်း (၁)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။









Solar Farm Project အတွက်  Customized Column များပို့ပေးနေပါပြီ=========================================Solar ပြား Frame ...
24/12/2025

Solar Farm Project အတွက် Customized Column များပို့ပေးနေပါပြီ
=========================================

Solar ပြား Frame တပ်ဖို့အတွက် Anchor bolt တခါတည်းစိုက်ပြီး ထုတ်ထားပေးတဲ့ Customized Precast Column ပါ။

လူကြီးမင်းတို့ လုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သားရှားပါးမှုကို လျော့ချနိုင်ဖို့ နဲ့ Installation ချိန် ချုံ့နိုင်ဖို့ လိုအပ်တယ်ဆို ကျွန်တော်တို့ NAPM ကနေ Precast Concrete Product တွေ ထုတ်လုပ်ပေးခြင်းနဲ့ ကူညီပေးပါရစေ။

Precast Concrete Products သုံးမယ်ဆိုရင်တော့ အရေအတွက်ပေါ်မူတည်ပြီး ထုတ်လုပ်ဖို့ ကြာချိန်နဲ့ ကွန်ကရစ်ရက်သားထားဖို့ လိုအပ်တာကြောင့် ကြိုတင်ပြီးတော့ မှာယူထားမယ်ဆိုရင် လူကြီးမင်းတို့ လုပ်ငန်းထဲက Duration ကို လျော့ချနိုင်မှာပဲဖြစ်ပါတယ်။

အသေးစိတ်သိချင်တာများရှိရင် ☎️ 09442630919 Viber 📱09442630939 ကို ရုံး🕠 အတွင်း ဆက်သွယ်နိုင်ပါတယ်။

🏭လိပ်စာကတော့ အမှတ် (၅၀) ပန်းတဉ်းဝန်ဦးရွှေဘင်လမ်း၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန် အပိုင်း (၁)၊ (ကုလားဝဲ တံတားအနီး) ဖြစ်ပါတယ်။

Precast Box Culvert (1.5 m x 1.5 m x 1.0 m)===========================ကားလမ်းကို တခြမ်းပဲပိတ်ပြီး အလုပ်လုပ်တော့ ကားလမ်းမ...
23/12/2025

Precast Box Culvert (1.5 m x 1.5 m x 1.0 m)
===========================

ကားလမ်းကို တခြမ်းပဲပိတ်ပြီး အလုပ်လုပ်တော့ ကားလမ်းမပိတ်ပဲ အလုပ်ပြီးပါတယ်။

NAPM အနေနဲ့ Box Culvert တွေ အပြင် အောက်မှာဖော်ပြထားတဲ့ Precast U Drain တွေကိုလည်း ထုတ်ပေးနေပါတယ်။

၂ ပေ x ၃ ပေ x ၂ ပေ (ရေမြောင်း နံရံအထူ ၄ လက်မ, ကြမ်းခင်း အထူ ၆ လက်မ, သံ ၁ လွှာ)
၂ ပေ x ၄ ပေ x ၂ ပေ (ရေမြောင်း နံရံအထူ ၄ လက်မ, ကြမ်းခင်း အထူ ၆ လက်မ, သံ ၁ လွှာ)
၃ ပေ x ၃ ပေ x ၂ ပေ (ရေမြောင်း နံရံအထူ ၄ လက်မ, ကြမ်းခင်း အထူ ၆ လက်မ, သံ ၁ လွှာ)
၄ ပေ x ၄ ပေ x ၃ ပေ (ရေမြောင်း နံရံအထူ ၆ လက်မ, ကြမ်းခင်း အထူ ၆ လက်မ, သံ ၁ လွှာ)
၅ ပေ x ၅ ပေ x ၃ ပေ (ရေမြောင်း နံရံအထူ ၆ လက်မ, ကြမ်းခင်း အထူ ၆ လက်မ, သံ ၁ လွှာ)
၁ ပေ ၈ လက်မ x ၂ ပေ x ၂ ပေ (ရေမြောင်း နံရံအထူ ၄ လက်မ, ကြမ်းခင်း အထူ ၄ လက်မ, သံ ၁ လွှာ)
၁ ပေ ၈ လက်မ x ၃ ပေ x ၂ ပေ (ရေမြောင်း နံရံအထူ ၄ လက်မ, ကြမ်းခင်း အထူ ၄ လက်မ, သံ ၁ လွှာ)

Box Culvert နဲ့ U Drain တို့ရဲ့ အဓိကကွာခြားချက်က ကွန်ကရစ် Grade ပဲဖြစ်ပါတယ်။ Box Culvert ကို ကွန်ကရစ် Grade 30, HRB 400 ဆိုဒ်ပြည့် သို့ Original သံ ၂ လွှာ နဲ့ လောင်းပြီး U Drain ကိုတော့ Grade 25, Local သံ ၁ လွှာ နဲ့ လောင်းတာ ဖြစ်ပါတယ်။

Precast Box Culert နဲ့ Precast U Drain အသေးစိတ်အချက်အလက်တွေဖော်ပြထားတဲ့ ဇယားကို Comment ထဲမှာလည်း ကြည့်လို့ရပါတယ်။

ဇယားကို ကြည့်ပြီးလို့ သိချင်တာရှိသေးရင်ဖြစ်ဖြစ် မှာယူလိုချင်တာပဲဖြစ်ဖြစ် ဈေးနှုန်းကိုသိချင်တာဖြစ်ဖြစ် တခါတည်း တပ်ဆင်ရေး ဝန်ဆောင်မှုအပြီးအစီး ဆောင်ရွက်ချင်တာပဲဖြစ်ဖြစ် ရုံးဖုန်း 09 442630939 နဲ့ 09 442630919 တို့ကို ရုံးချိန် အတွင်း ဆက်သွယ်နိုင်ပါတယ်။

စက်ရုံလိပ်စာကတော့ အမှတ် (၅၀)၊ ပန်းတဉ်းဝန်ဦးရွှေဘင်လမ်း၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။






📣📣📣 အထူးလျော့ဈေး  Concrete Spun Pole (8M, 9M, 10M & 12M)NAPM မှ ESE Standard နဲ့ အညီ Concrete Grade > 40 MPa, PC Wire 4....
23/12/2025

📣📣📣 အထူးလျော့ဈေး Concrete Spun Pole (8M, 9M, 10M & 12M)

NAPM မှ ESE Standard နဲ့ အညီ Concrete Grade > 40 MPa, PC Wire 4.8 mm များနဲ့ ထုတ်လုပ်ထားတဲ့ 8M, 9M, 10M နဲ့ 12M Concrete Spun Pole များကို Stock လက်ကျန်ရှိသလောက် (Stock လက်ကျန်ရှိသလောက်သာ) အထူးသက်သာသောဈေးနှုန်းများနဲ့ ရောင်းချပေးနေပါပြီ။

Tender အောင်မြင်ထားသော လုပ်ငန်းရှင်လူကြီးမင်းတို့ လိုအပ်သော တိုင်အမျိုးအစားနဲ့ ကိုက်ညီပါက 📱 09 442630919 နဲ့ 09442630939 ကို ဆက်သွယ်စုံစမ်းပြီး
အကျိုးအမြတ်ကောင်းများ 👍ရယူနိုင်ကြပါပြီ။

တိုင်တွေစစ်ဆေးထားတဲ့ ရလဒ်တွေကိုလည်း ပုံနဲ့တကွ တင်ပေးထားပါတယ်။








မှာယူသူ လုပ်ငန်းရှင်ထံ ပေးပို့ရန် အသင့်ဖြစ်နေသော ၅ ပေပတ်လည် Box Culvert တွေ=============================================...
17/12/2025

မှာယူသူ လုပ်ငန်းရှင်ထံ ပေးပို့ရန် အသင့်ဖြစ်နေသော ၅ ပေပတ်လည် Box Culvert တွေ
=========================================================

NAPM အနေနဲ့ လက်ရှိထုတ်လုပ်ပေးနိုင်တဲ့ Box Culvert တွေကတော့

၃ ပေ x ၃ ပေ x ၂ ပေ (ထု ၄ လက်မ, သံ ၁ လွှာ)

၄ ပေ x ၄ ပေ x ၃ ပေ (ထု ၆ လက်မ, သံ ၁ လွှာ)

၅ ပေ x ၅ ပေ x ၃ ပေ (ထု ၆ လက်မ, သံ ၁ လွှာ)

၄ ပေ x ၄ ပေ x ၃ ပေ (ထု ၈ လက်မ, သံ ၂ လွှာ)

၅ ပေ x ၅ ပေ x ၃ ပေ (ထု ၈ လက်မ, သံ ၂ လွှာ)

တို့ပဲဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေဖော်ပြထားတဲ့ ဇယားကို Comment ထဲမှာကြည့်လို့ရပါတယ်။

ဇယားကို ကြည့်ပြီးလို့ သိချင်တာရှိသေးရင်ဖြစ်ဖြစ် မှာယူလိုချင်တာပဲဖြစ်ဖြစ်

ရုံးဖုန်း 09 442630939 နဲ့ 09 442630919 တို့ကို ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါတယ်။

စက်ရုံလိပ်စာကတော့ အမှတ် (၅၀)၊ ပန်းတဉ်းဝန်ဦးရွှေဘင်လမ်း၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။






13/12/2025

ဝန်ထမ်းခေါ်ယူခြင်း
===========
Nawarat Advance Prefab Myanmar Company သည် ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနတွင် ၂၀၁၇ ခုနှစ်မှ စတင်မှတ်ပုံတင်ခဲ့ပြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန် အပိုင်း (၁) တွင် စက်ရုံတည်ထောင်ကာ ၂၀၁၈ ခုနှစ်မှစတင်၍ ကြိုတင် သွန်းလောင်းထားသော ကွန်ကရစ်ထုတ်ကုန်များ (Precast Concrete Products) ဖြစ်သော ကွန်ကရစ်မီးတိုင်များ၊ ကွန်ကရစ်ရေမြောင်းများ၊ ကွန်ကရစ် Box Culvert များ၊ အသင့်သုံး ကွန်ကရစ်ခြံစည်းရိုးပြားများနှင့် တိုင်များ၊ ကြမ်းခင်းပြားများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပိုင်တိုင် (Pile) များကို Prestressed ကြိုတင်အားဖြည့် နည်းပညာဖြင့် ထုတ်လုပ်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ
၁. ဝန်ထမ်းများ၏နေ့စဉ်ရုံးတက်/ရုံးဆင်းမှတ်တမ်း၊ ခွင့်မှတ်တမ်းများပြုစုခြင်း
၂. ဝင်စာများလက်ခံခြင်း၊ ထွက်စာများပေးပို့ခြင်းနှင့် စနစ်တကျမှတ်တမ်းထားရှိခြင်း၊ ၎င်းစာများကို လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်ခြင်း
၃. အစိုးရရုံးများ၊ ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်ခြင်း၊
၄. နေ့စဉ်ရုံးလုပ်ငန်းအဆင်ပြေချောမွေ့စေရန် အခြားဝန်ထမ်းများနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်း
၅. ဝယ်ယူလိုသူများ၏ စုံစမ်းမေးမြန်းမှုများကို ဖုန်း၊ Viber နှင့် page မှ ဖြေကြားပေးခြင်း
၆. အခြားသင့်လျော်သောရုံးလုပ်ငန်းများ တာဝန်ပေးပါက ပူးပေါင်းဆောင်ရွက်ခြင်း

လိုအပ်သောအချက်အလက်များ
၁။ တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ Microsoft Word နှင့် Excel ကောင်းမွန်ကျင်လည်စွာ အသုံးပြုနိုင်ရမည်။
၂။ လုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ကောင်းမွန်စွာ လုပ်ကိုင်ဖူးသူဖြစ်ရမည်။
၃။ လိုအပ်ပါက အစိုးရရုံးများသို့ ဆက်ဆံလုပ်ကိုင်နိုင်သူဖြစ်ရမည်။
၄။ လုပ်ငန်းကို စနစ်တကျလုပ်ကိုင်တတ်ပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်လိုစိတ် ရှိရမည်။
၅။ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

မှတ်ချက်။ အမှန်တကယ်အလုပ်လုပ်လိုသူများသည် လုပ်ငန်းခွင် အတွေ့အကြုံမရှိသေးသော်လည်း ရိုးသားကြိုးစားစွာ သင်ယူလိုစိတ်ရှိပြီး ရေရှည်လက်တွဲလုပ်ကိုင်နိုင်လျှင် လျှောက်ထားနိုင်ပါသည်။

အလုပ်ချိန်နှင့် ခံစားခွင့်များ
၁. အလုပ်ချိန် - တပတ်လျှင် (၄၄) နာရီ
၂. အလုပ်ပိတ်ရက် - တနင်္ဂနွေနေ့ နှင့် အစိုးရပြန်တမ်းဝင်ရုံးပိတ်ရက်များ
၃. လစာ - အခြေခံလစာ၊ ထောက်ပံ့ကြေး၊ အခြားခံစားခွင့်များ
(မိမိ၏အတွေ့အကြုံနှင့် တာဝန်ယူနိုင်မှုအပေါ်ညှိနှိုင်းနိုင်သည်။)
၄. ကြိုပို့ယာဉ် - ယုဇနအိမ်ရာမုခ်ဉီးကားဂိတ်နေရာသို့ အကြိုအပို့ယာဉ်ရှိပါသည်။

လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိပြီး စိတ်ဝင်စားမှုရှိပါက မိမိ၏ကိုယ်ရေးအချက်အလက်များနှင့် အတွေ့အကြုံများကို မျှော်မှန်းလစာနှင့် အတူ [email protected] သို့မဟုတ် Viber 09 442630884 သို့ပေးပို့နိုင်ပါသည်။ CV နောက်ဆုံးလက်ခံမည့်နေ့ - 28.12.2025 ( တနင်္ဂနွေနေ့) နေ့ခင်း ၃ နာရီအထိ (လူတွေ့အင်တာဗျူးခေါ်ဆိုမည့်သူများကိုသာ ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပါသည်။)


13/12/2025

ဝန်ထမ်းခေါ်ယူခြင်း
===========

B.Tech. (Civil) or B.E. (Civil) အင်ဂျင်နီယာ (၂) ဦး

We, Nawarat Advance Prefab Myanmar Co., Ltd was established in January 2017 as the manufacturer of the precast concrete products in Dagon Seikkan Industrial Zone. Now we are seeking for energetic and self-motivated candidates for the following post:

Position Civil Engineer Male/Female (2) Posts
Working Location Dagon Seikkan Industry Zone
Qualification B.Tech. or B.E. (Civil)
Off Day Sunday and Public Holiday

Responsibility
(1) prepare, plan and supervise the production
(2) survey the site for installation (if necessary)
(3) quality control and quality assurance in production
(4) collaborate in maintaining and improving the quality of the products
(5) monthly report for production, finished goods and raw materials usage
(6) follow the rules and regulations established by the company

Requirements Good personality & communication skill
Good Microsoft Office and SketchUp skill
At least 1 year experience in related field.
(Energetic Fresh graduate also welcome)

Interested applicants are invited to submit a written application including full contact and EXPECTED SALARY to [email protected] before and on 28.12.2025 3:00PM.
ONLY shortlisted candidates would be contacted.


Precast concrete products such as PC Planks, Fencing Planks and Post, Electrical Lamp post, Precast U Drain, Precast Bos Culvert, Prestressed Square Pile

တနေ့က စက်ရုံပိုင်ရှင်ထံ လွှဲပြောင်းပြီးစီးသွားတဲ့ မှော်ဘီဘက်က လုပ်ငန်းလုပ်နေတဲ့ ခြံလေးပါ။၈ လက်မတိုင်ကို မှ ခြံစည်းရိုးအမ...
06/12/2025

တနေ့က စက်ရုံပိုင်ရှင်ထံ လွှဲပြောင်းပြီးစီးသွားတဲ့ မှော်ဘီဘက်က လုပ်ငန်းလုပ်နေတဲ့ ခြံလေးပါ။

၈ လက်မတိုင်ကို မှ ခြံစည်းရိုးအမြင့် ၈ ပေ ကာထားပါတယ်။ Footing က ၁ ပေ ၈ လက်မ ပတ်လည် ၃ ပေ ၆ လက်မ ထုဖြစ်ပါတယ်။

(Ground beam လေးသာပါရင်ပိုပြည့်စုံသွားမှာဖြစ်ပေမဲ့ Budget ကြောင့် မထည့်ဖြစ်လိုက်ပါဘူး)

လုပ်ငန်းပြီးစီးကြောင်း သတင်းပို့တော့ ဖြစ်ချင်သလို အားလုံးလုပ်ပေးလို့ စိတ်ချမ်းသာတယ်၊ ကျေနပ်တယ်၊ သဘောကျတယ်၊ ကျေးဇူးလည်းတင်တယ် လို့ ပြောကြားပေးတဲ့အတွက် NAPM မိသားစုဝင်အားလုံးကလည်း ထပ်တူဝမ်းသာကျေနပ်မိပြီး နောက်ထပ်လည်း ခြံကာဖို့ ရှိသေးတယ်လို့ ကြိုတင်အားပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်နော်။

ကုန်ကျစရိတ်က ပုံစံချင်းတူရင်တောင် မြေအနေအထားနဲ့ ခြံတည်နေရာ အကွာအဝေးကြောင့် ကားခ အပြောင်းအလဲရှိလို့ လူကြီးမင်းတို့ ရဲ့ တန်ဖိုးရှိလှတဲ့ မြေအနေအထားအလိုက် အသေးစိတ်
သိချင်တာစုံစမ်းဖို့ 09 442630939, 442630939 ကို ရုံးချိန်အတွင်းမှာ ဖုန်းခေါ်ဆိုနိုင်ပါတယ်နော်။







Housing Project (Phase 2) Outside Yangon Region===============================Phase-1 တုန်းကလည်း Precast Fencing နဲ့ ပဲ ...
05/12/2025

Housing Project (Phase 2) Outside Yangon Region
===============================

Phase-1 တုန်းကလည်း Precast Fencing နဲ့ ပဲ ခြံကာခဲ့ပြီး အခု Phase-2 မှာလည်း Precast Fencing ပဲ ထပ်သုံးတဲ့ ရန်ကုန်အပြင်ဘက်က ဆိုဒ်အသစ်အတွက် Precast Post နဲ့ Fencing Planks တွေကို တွဲကားနဲ့ စပို့ပါပြီ ။

ရန်ကုန်တိုင်းပြင်ပက အလုပ်တွေအတွက် ပေအရှည်များရင်တော့ ရန်ကုန်တိုင်းအတွင်းက ဈေးနှုန်းထက် သက်သာတဲ့ ဈေးနဲ့ လုပ်ပေးနိုင်တာကို တွေ့ရပါတယ်။ ခရီးအကွာအဝေး သိပ်မကွာပေမဲ့ တချို့လမ်းပိုင်းကတော့ ကားခ ပိုဈေးကြီးရင် ဈေးနှုန်းကွာခြားမှု သိပ်မသိသာတော့သာကိုလည်း သတိထားမိပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ ရန်ကုန်တိုင်း ပြင်ပမှာရှိနေတဲ့ ပိုင်ဆိုင်မှုမြေယာတွေကို လုံခြုံအောင် ခြံကာဖို့ စိတ်ကူးခဲ့ရင် NAPM ကို ဖုန်းလေးဆက်ပြီး ဈေးနှုန်းလေး တင်ခွင့်ပြုပါလို့ တောင်းဆိုပါရစေ။ လုပ်ငန်းများအားလုံး စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြပါစေ . . . ။

ခြံကာပြီးတဲ့ပုံလေးက အရင်ကလုပ်ပေးခဲ့တဲ့ မြေကွက်ကို ပြန်ပြပေးထားတာပါ။

အမှတ် (၅၀)၊ ဦးရွှေဘင်လမ်း၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန် အပိုင်း (၁)၊ ကုလားဝဲတံတားအနီး။ 09 442630939, 09 442630919









ထုတ်လုပ်ပေးဖြစ်တဲ့ ၅ ပေ ပတ်လည် Box culvert လေးတွေပါ။ ရနိုင်တဲ့ Box Culvert အရွယ်အစားတွေကတော့ ၄ ပေ ပတ်လည်နဲ့ ၅ ပေ ပတ်လည် ...
03/12/2025

ထုတ်လုပ်ပေးဖြစ်တဲ့ ၅ ပေ ပတ်လည် Box culvert လေးတွေပါ။

ရနိုင်တဲ့ Box Culvert အရွယ်အစားတွေကတော့ ၄ ပေ ပတ်လည်နဲ့ ၅ ပေ ပတ်လည် အရွယ်အစားတွေပါ။ အလျားကတော့ ၃ ပေရှိပါတယ်။ ကွန်ကရစ်အထူအနေနဲ့ သံ ၁ လွှာထည့်တဲ့ပုံစံဆိုရင် ၆ လက်မရှိပြီး သံ ၂ လွှာထည့်တဲ့ပုံစံဆိုရင် ၈ လက်မ ရှိပါတယ်။

လိုအပ်မယ်ဆိုရင် အမှတ် (၅၀) ပန်းတဉ်းဝန် ဦးရွှေဘင်လမ်း ဒဂုံဆိပ်ကမ်းစက်မှုဇုန် 09 442 630 919, 09 442 630 939 ကို ရုံးချိန်အတွင်းဆက်သွယ်ပေးပါနော်။

အခြားရနိုင်တဲ့ Precast U Drain တွေကိုတော့ Comment မှာကြည့်လို့ရပါတယ်။





Address

No. 50, U Shwe Bin Street, Dagon Seikkan Industrial Zone
Dagon
11441

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959442630919

Website

Alerts

Be the first to know and let us send you an email when Nawarat Advance Prefab Myanmar Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nawarat Advance Prefab Myanmar Co.,Ltd.:

Share