Aung Yadanar Air-Con Installation & Services

Aung Yadanar Air-Con Installation & Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Yadanar Air-Con Installation & Services, Heating, ventilating & air conditioning service, Dawbon.

🙏🙏🙏မိတ်ဟောင်းမိတ်သစ် ကျေးဇူးရှင် customer ကြီးများခဗျာ အဲကွန်း နှင့် ပတ်သက်လို့ စိတ်ညစ်နေရပါသလား ?  Service အဖွဲ့တွေ ဘယ်...
22/01/2022

🙏🙏🙏မိတ်ဟောင်းမိတ်သစ် ကျေးဇူးရှင် customer ကြီးများခဗျာ အဲကွန်း နှင့် ပတ်သက်လို့ စိတ်ညစ်နေရပါသလား ?
Service အဖွဲ့တွေ ဘယ်လောက်ခေါ်ခေါ် စိတ်တိုင်းမကျ ဖြစ်နေပါသလား?

😀😀😀ဒီပြသနာတွေကို ဖြေရှင်းပေးဖို့ ကျန်တော်တို့ Aung yadanar Air-Con Service မှ တာဝန်ယူပါရစေခဗျာ

👨‍🔧Air-con Installation များကို အာမခံ ဖြင့် တပ်ဆင်ပေးခြင်း

👨‍🔧Air-Con servicing အာမခံဖြင့်ပြုလုပ်ပေးခြင်း၊

👨‍🔧Air-Con များကို (6)လအာမခံဖြင့် ပြုပြင်ပေးခြင်း၊

👨‍🔧Air-Con Brand news များကိုcompany မူရင်းဈေးအတိုင်း ရောင်းချ တပ်ဆင်ပေးခြင်း၊

👨‍🔧Air-Con များကိုနေရာပြောင်းရွှေ့တပ်ဆင်ပေးခြင်း၊

👨‍🔧Air-Con မအေးပါက စစ်ဆေးပေးခြင်း
များကို အိမ်အရောက်စိတ်တိုင်းကျ ဈေးနှုန်းမှန်ကန်စွာအာမခံဖြင့်အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

လူကြီးမင်းတို့ Air-Con ကပုံမှန်လိုမအေးပဲတခုခုဖြစ်နေလျှင် ကျွန်တော်တို့ကို ခေါ်ပါက လာရောက်စစ်ဆေးပေးပြီး မည့်သည့် အစိတ်အပိုင်း ပျက်စီးသည်ဖြစ်သော်လဲ ပြုပြင်ရန် မည်မျှကုန်ကျမည်ကို ဈေးနှုန်း တင်ပြ၍ လူကြီးမင်းတို့ ကျေနပ်သဘောတူ မှသာပြင်ဆင်ခြင်း လုပ်ငန်း စတင်မည်ဖြစ်ပါသည်
************************************************
အမှတ်- ၃၆၇/ အောင်ရတနာ ၁၂ လမ်း/ ဇေယျာသီရီ/ ဒေါပုံမြို့နယ်
ရန်ကုန် မြို့

☎09-960083832
☎09 -798119137

👉အဲကွန်း ဘာကြောင့် တပ်ရတာလဲ.?????-------------------------------------------------------------မိမိတို့ အိမ် ၊ ရုံးခန်း ၊...
06/01/2022

👉အဲကွန်း ဘာကြောင့် တပ်ရတာလဲ.?????
-------------------------------------------------------------
မိမိတို့ အိမ် ၊ ရုံးခန်း ၊ အလုပ်ရုံ ၊ ဆေးရုံ ..အစရှိသည့် နေရာတိုင်းမှာ ဘာကြောင့် အဲကွန်း သုံးသင့်တာလဲ.သုံးရတဲ့ ရည်၇ွယ်ချက်ကိုလည်း မိမိတို့အနေနဲ့. သေချာသိဖို့ လိုအပ်တဲ့အတွက် # တင်ဆက်ပေးလိုက်ပါတယ်နော် ..။
👉 #ဘယ်အရာမဆို အသုံးပြုရသည့် ရည်ရွယ်ချက်တွေ ရှိကြပါတယ် .။
ဥပမာ ကားဆိုတာ ... လိုရာခရိးရောက်ဘို့အတွက်သုံးရတဲ့ရည်ရွယ်ချက်ပါ။ဘယ်အရာမဆိုရည်ရွယ်ချက်ရှိတယ်.။ဘာကြောင့် တပ်ရတာလဲ..သုံးရတာလဲ လို့မေးရင်တော့ အများစုက "အေးချင်လို့.." လို့ ယေဘူယျဖြေကြတယ် ။ #
တကယ်တမ်းက Air Conditioning system ကိုမဖြစ်မနေ သုံးသင့်တဲ့ရည်ရွယ်ချက်.. အချက်လေးချက်ရှိပါတယ် .။
👉1. Comfort temperature ဖြစ်ဘို့..
အရမ်းပူရင်လည်း သက်တောင့်သက်သာမဖြစ်ဘူး ။
အရမ်းအေးရင်လည်း သက်တောင့်သက်သာမဖြစ်ဘူး..
လူတွေ သက်သောင့်သက်သာနေလို့ရမဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့ အခြေအနေဖြစ်အောင် AC system ကို သုံးပါတယ်..ဒါ AC system ကိုသုံးရတဲ့ရည်၇ွယ်ချက်ပါ ။ကမ္ဘာမှာ လူတွေ comfort ဖြစ်တဲ့ အခြေနေက တစ်နိင်ငံနဲ့ တစ်နိင်ငံ မသေချာဘူး ။အချို့က နည်းနည်းလေး နွေးနေတာ ကြိုက်တယ်..အချို့က အအေးပေါ့တာ ကြိုက်တယ် ။ ဘယ်လိုဖြစ်ဖြစ် လူအမျိုးမျိုးကို thesis လုပ်ကြည့်လိုက်တဲ့အခါ comfort zone တစ်ခု သွားတွေ့တယ်.. Room Condition 21-25ံC ၀န်းကျင် အနေအထားမှာ သက်သောင့်သက်သာဖြစ်ကြတာ တွေ့ရတယ် ။Chart မှာတော့ 21-23ံC ပဲရှိတယ် ။ အခန်းတစ်ခန်းကိုRoom condition က 24ံC နဲ့လုပ်တာများ တယ်..။ 24+ (or) -1ဆိုတော့ 23 ရလည်း အိုကေတယ်..24 ရလည်းအိုကေ တယ်.. 25ရလည်းအိုကေတယ်..။ #
အဲဒါကြောင့် လူဟာ comfort ဖြစ်တဲ့ temperature ရအောင် air con တပ်တယ် ။
👉2. Humidity ဆိုတာ.......
လေထဲမှာ ရေတွေပါဝင်တယ်..ရေခိုးရေငွေ့အဖြစ်နဲ့ ရေပါဝင်မှုရာခိုင်နှုန်းတွေကို သတ်မှတ်ကြတယ် ရှိတယ် ။
ကျနော်တို့ သောက်နေတဲ့ေ၇ကတော့ ရေပါဝင်မှုနှုန်း 100 % ပါဝင်တယ် အဲဒါလုံးဝ ရေဖြစ်သွားတဲ့အခြေနေကျနော်တို့ပတ်ဝန်းကျင်က လေထုတွေမှာလဲ ရေတွေပါတယ် ။ရေခိုးရေငွေ့စတွေပါတယ် လေတွေကို ဓါတ်ခွဲခန်းမှာ ဓါတ်ခွဲကြည့်ရင် ရေပါဝင်မှုနှုန်း သတ်မှတ်ထားတာရှိတယ်.။
Relative humidity လို့ခေါ်တဲ့ (RH) က များရင်လည်းမကောင်းဘူး နည်းရင်လည်းမကောင်းဘူး ။၇န်ကုန်မြို့က ပင်လယ်နဲ့နီးတဲ့အတွက် အခြားမြို့တွေထက် RH ပမာဏက ပိုများတယ် ။ #
တခါတလေ မိုးတွေရွာပီး နေပူလိုက်ရင် စိုအိုက်အိုက်ကြီးလိုမျိုးဖြစ်တယ် ..အစိုဓါတ်များပြီးလူလည်း အသက်ရှူတွေဘာတွေကြပ်တတ်တယ် . ဆောင်းတွင်းမှာဆိုရင်လည်း အရမ်းခြောက်ပီး အသားတွေဘာတွေ ပက်ကြားအက်တာလည်းရှိတယ်။အဲ့လိုdry ဖြစ်တာက လေထုထဲမှာ ရေငွေ့ပမာဏ ပါဝင်မှုနှုန်း နည်းသွားပီ ။
အဲဒီတော့ ပြောချင်တာက RH က နည်းရင်လည်း ဆောင်းတွင်းလိုပဲ မကောင်းဘူး များရင်လည်း နွေတွင်းလိုပဲ မကောင်းဘူး ။ အဲတော့ အဲကွန်းတွေတပ်ဆင်အသုံးပြုရခြင်းရဲ့ နောက်ရွည်ရွယ်ချက်တစ်ခုက relative humidity ကို comfort ဖြစ်တဲ့ zone ဆိုရင် 55% က comfort ဖြစ်တဲ့ ဇုန် လို့ပြောတယ် ။
အဲဒါကြောင့်ရေခိုးရေငွေ့စ မများ မနည်းအောင် အဲယားကွန်းတပ်ရမယ်
👉3. Air movement ကိုယ့်ဘေးက လေရဲ့ ရွေ့လျားမှုနှုန်း
သူ့ကို ကျတော့ 0.1 meter per second နဲ့တိုင်းတယ်..မတိကျသေးဘူး ။
အခန်းတစ်ခန်းမှာ တပ်မယ်ဆိုရင် အဲအချက်ကိုပါ ထည့်တွက်စဉ်းစားရတယ် ။ ဥပမာ ဘေးပြတင်းဖွင့်ပြီးသွားနေတဲ့ ဒိုင်နာကားမှာ ကိုယ်က စီးသွားတယ်ဆိုရင်လည်း ကားေ၇ွ့နေတာနဲ့ အတူ ကိုယ့်မျက်နှာကိုလည်း လာရိုက်တဲ့ လေတွေက movement ကများရင် ကိုယ်သက်သောင့်သက်သာ မဖြစ်ဘူး တစ်ခါတစ်လေ လေအရမ်းငြိမ်နေတဲ့ အခြေနေကျတော့လည်း လေကလည်း မတိုက်ဘူး ဆိုပီးတော့လည်း လူက နေလို့အဆင်မပြေဘူး။ဘယ်လိုအခြေနေမျိုးမှာ နေလို့ကောင်းလဲဆိုတော့ .. ညနေခင်းလေးမှာ လေညင်းလေးတွေ တိုက်နေရင် နေရတာ အရမ်းကောင်းတယ်လို့ ခံစား၇တယ်လေ.. ဆိုလိုချင်တာက အဲယားကွန်းတိုက်တယ်ဆိုတာ အဲဒီလေညင်းလေးတွေကို ဖန်တီးဘို့ thesis လုပ်လိုက်တော့ လူတွေအတွက် သက်သောင့်သက်သာဖြစ်ဘို့ movement ကအဲဒီပမာဏကသက်သောင့်သက်သာအဖြစ်ဆုံးလို့ တွေ့ရ တယ်..အခန်းတစ်ခန်းမှာ အဲကွန်းမောင်းထားတယ်ဆိုရင် return က စုပ်တယ်.supplyကမှုတ်တယ်။ လေက အေးတဲ့လေက အောက်ကိုကျတယ်.ပူတယ်လေက အပေါ်က return ကစုတ်တယ် … အဲအတွက် air movement ရှိတယ်။အဲယားကွန်းပိတ်လိုက်တယ်ဆိုဒီအခန်းမှာ လေက
လည်းမတိုက်ဘူး air movement မရှိဘူး..အဲအနေအထားမှာ နေကြည့်
လိုက် ရင် သက်သောင့်သက်သာမရှိတာကို ခံစားရလိမ့်မယ် ။ # အဲဒီအတွက် AC system က comfort ဖြစ်တဲ့လေရွေ့လျားမှုနှုန်း ကိုရရှိပြီး လူကိုသက်သောင့်သက်သာဖြစ်အောင် လုပ်ပေးတယ်..
👉4. Air cleaning လေသန့်စင်အောင်လုပ်ပေးခြင်း....
မျက်စိအားဖြင့် မမြင်နိင်ဘူး.ေ.လထဲမှာပါဝင်တဲ့ ဘက်တီးရီးယား ပွိုင်စင် ကောင်းတဲ့ဓါတ် မကောင်းတဲ့ဓါတ် တွေရှိမယ်..များသောအားဖြင့် လူကိုဒုက္ခပေးမဲ့ ဘက်တီးရီးယားတွေအကုန်လုံးက လေထက်လေးတယ် density ပိုများတယ် ။ များတဲ့အတွက် အောက်ကို ကျတာများတယ် … ဗဟုသုတအနေနဲ့ရှေးလူကြီးတွေက အိပ်ရင် ကြမ်းပြင်မှာ အိပ်တာထက် ကုတင်နဲ့အိပ်တာပိုကောင်းတယ်ဆိုတာက ကြမ်းပြင်ပေါ်မှာ အိပ်နေတဲ့အချိန်မှာ ကိုယ့်အနေအထားက မြေမြင်နဲ့အနီးကပ်ဆုံးကနေ အများဆုံးထိတစ်ပေလောက်ပဲ ကွာတယ် ကိုယ်ရှူရတဲ့လေက အခန်းရဲ့ တစ်ပေလောက်က လေကိုရှူရတာဖြစ်တယ် .။ အခန်းရဲ့ တစ်ပေလောက်အထိ မကောင်းတဲ့ဘက်တီးရီးယားနဲ့ အနံ့အသက်တွေရှိတယ် ။မကောင်းတဲ့ လေကို ရှူတာများလာရင် ရေရှည်မှာ ကျန်းမာရေးအတွက် ထိခိုက်လာနိင်တယ် ။ # ဒါကြောင့်ဖြစ်နိင်ရင် ကုတင်နဲ့အိပ်တာပိုကောင်းတယ်. ..ကုတင်နဲ့အိပ်တဲ့အတွက် ကိုယ့်ရဲ့မြေပြင်နဲ့အနေအထားက ပိုကွာဝေးသွားတဲ့အတွက် ကိုယ်ရှူလိုက်တဲ့လေက ပိုသန့်စင်တဲ့ လေများသွားတယ် ။ အဲဒါကြောင့် အဲယားကွန်း တပ်ထားခြင်းအားဖြင့် အဲယားကွန်းမှာရှိတယ် filter တွေမှာလဲ အမျိုးမျိုးအစားစားရှိတယ် ဆေးရုံတွေ စက်ရုံတွေမှာ တပ်တဲ့ filter တွေက မိုက်ခရို မီလီမီတာ စကွဲလ် ဟိုက်ပါဖောမန့် filter တွေတပ်ရတယ်.. 1 မီတာကို 10 to the power -6 ရှိတယ် ။အရမ်းကို သေးငယ်တဲ့ filter အကွက်လေးကအရမ်းကို သေးပြီးစိပ်တယ်။ဖြစ်တာတွေမှာသတ်မှတ်ထားတဲ့ အရွယ်အစားတွေကတော့ ဘယ်ဘက်တီးရီးယားကို ပါမသွားတဲ့ဟာ..ဆိုပီး သူ့သတ်မှတ်ချက်နဲ့သူရှိတယ် . အဲဒီအတွက် အဲယားကွန်းရဲ့လုပ်ဆောင်ချက်သည် လေကိုလည်းသန့်စင်အောင် လုပ်ပေးတဲ့ရည်ရွယ်ချက်လည်းဖြစ်တယ် မကောင်းတဲ့ဘက်တီးရီးယားတွေ အမှုန်အမွှားတွေကို filter တွေက စစ်ထုတ်ပေးတယ် ။ ဒါပေမဲ့သတိထားသင့်တာက စက်ရုံတွေ ဆေးရုံတွေမှာ တပ်ထားတဲ့ မိုက်ခရွန် filter တွေကို ဆေးတဲ့အခါမှာ သာမန်ာဒီအတိုင်းမဆျေးသင့်ဘူး အနည်းဆုံးmask ကာဗာတပ်ပီး ကိုင်တဲ့လူကလည်း လက်အိတ်ဝတ်ပီး ကိုင်ဘို့လိုပီးသွားဆေးတဲ့နေရာတွေကလည်း လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ဒီ filter တွေကို ဆေးဘို့လိုအပ်တယ် မဟုတ်ရင် အဲ့ဘက်တီးရီးယားတွေက အနီးနားက လူတွေဆီကို ရောက်ရှိ ကူးစက်နိင်တယ် ။ အဲလို ဗဟုသုတမျိုးလဲ သိထားသင့်တယ် ။ # အဲဒီတော့ ကိုယ်အိမ်ကဖြစ်တာ တွေကို ဆေးကြောတဲ့အခါမှာလည်း ဖြစ်နိင်ရင် လေ၀င်လေထွက်ကောင်းတဲ့နေရာတွေမှာ ဆေးပီး ခါဘို့လိုတယ် . ဘာလို့လည်းဆိုတော့ အဲ့ filter မှာ ဘာတွေကပ်နေလဲဆိုတာ ကျနော်တို့ မသိနိင် မမြင်နိင်ဘူး ။
ဒါကြောင့်မလို့.. နေ့စဉ်ရှူရှိုက်သွင်းထုတ်နေရတဲ့ ပတ်ဝန်းကျင်က လေထုတွေကို သန့်စင်နိင်သမျှ သန့်စင်နိင်အောင် Air Conditioning system ကိုသုံးပါတယ်.. ။
အဓိကအားဖြင့် အပေါ်က ပြောတဲ့ အချက်လေးချက်ကြောင့် ..
Air conditioning system ကို သုံးပါတယ် ။ နေထိုင်ရာ ၀န်းကျင်တ၀ိုက်တွင်း သက်သောင့်သက်သာ ရှိပြီး နေ့စဉ် ရှူရှိုက်နေရတဲ့လေထုမှ သန့်စင် လတ်ဆတ်သော လေထုရရှိစေရန်..Air Conditioning system ကို အသုံးပြုသင့်ပါတယ် ။
Credit

👉👉👉👉👉အမှတ် (၃၆၇) အောင်ရတနာ ၁၂လမ်း/ ဇေယျာသီရီ ရပ်ကွက်/ ဒေါပုံ မြို့နယ် /ရန်ကုန်မြို့
📳📳📳📳📳 09960083832

📳📳📳📳📳 09798119137

အဲကွန်းရဲ့ Indoor မှာဘာကြောင့်ရေကျတာလဲ?အဲကွန်းIndoor unit မှာ အခန်းထဲကိုရေကျတဲ့နေရာက အကြမ်းဖြင့်သုံးနေရာဖြစ်နိုင်ပါတယ်။👉...
19/12/2021

အဲကွန်းရဲ့ Indoor မှာဘာကြောင့်ရေကျတာလဲ?

အဲကွန်းIndoor unit မှာ အခန်းထဲကို
ရေကျတဲ့နေရာက
အကြမ်းဖြင့်သုံးနေရာဖြစ်နိုင်ပါတယ်။
👉 #ကွိုင်ရဲ့မျက်နှာပြင်ပေါ်ကနေဂျီးပိတ်လို့ရေလျှံကျတာ
👉 မျပ်နှာပြင်ပေါ်မှာရေသီးပြီးကျတာ
👉 #ရေခံဗန်းက ယိုပြီးကျတာတွေပါ

✳️ #အဲဒီသုံးခုကြောင့်ရေလျှံကျနေတယ်ဆိုရင်တော့ ဖြစ်နိုင်ချေတွေကတော့..*ဂက်စ်ကလိုတာထက်နည်းနည်းလေးနည်းနေတာ..*လေစစ်ဇကာနဲ့ ကွိုင်ချေးပိတ်နေတာ..*အခန်းထဲမှာလေထုစိုထိုင်းဆများတာ.*အခန်းအတွင်းနဲ့အပြင် အပူချိန်ကွာဟချက်များတာ..*အခန်းမလုံတာ..အဖွင့်အပိတ်များတာ..*Indoor unit တပ်ဆင်မှု စောင်းနေတာ..*Blower မော်တာ ချေးပိတ်တာ..*Blower မော်တာ ချေးကပ်ပြီး လေ လျှံတာ...*Blower မော်တာ ဒလက်ကျိုးပြီးလေအထွက်မမှန်တာ..*ရေခံဗန်းပေါက်တာ၊လျှံတာ..*ရေဆင်းပိုက်အဆက်မလုံတာ၊ပေါက်တာ..*ရေဆင်းပိုက် ပိတ်တာ..*ရေဆင်းပိုက် အထွက်က Trap တပ်ပုံမှားတာ...*ဖော့ပိုက်တွေပါးလို့၊မပါလို့၊သုံးတာကြာလို့..*Indoor unit အတွင်းနံရံတွေကInsulation
ပါးတာ၊ကွာတာ၊မရှိတာတွေဖြစ်နိုင်ပါတယ်။

တခြားအချက်တွေလည်းရှိနိုင်ပါသေးတယ်။
အတွေ့အကြုံအရတော့ ဒီအချက်တွေကအများစုဖြစ်ပါတယ်။

#ကိုနန္ဒမိုး

#မိတ်​ဆွေအတွက်​အဲကွန်းအသစ်​တစ်​လုံးလိုအပ်​နေပါသလား?
မိတ်​ဆွေရဲ့ အဲကွန်း
☝️​ရေကျ​နေပါသလား?
☝️အ​အေး​ပေါ့​နေပါသလား?
☝️အနံ့ဆိုး​တွေထွက်​နေပါသလား?
☝️ဂျီး​ဆေးခြင်းပြုလုပ်​လိုပါသလား?
☝️နေရာပြောင်းရွေ့တပ်ဆင်လိုပါသလား?
.......................................................................................................................................................................

👉အဲကွန်းအလုံး​ရေများ​သောလူကြီးမင်းတို့၏နေအိမ်​!​ဆေးရုံး​ဆေးခန်း! စား​သောက်​ဆိုင်​! ဟိုတယ်​! KTV အစရှိသည့်​နေရာများကို Air Con တပ်​ဆင်​ခြင်း ဂျီး​ဆေးခြင်းများကို ပြုပြင်​ပေးခြင်းများကို ညှိနှိုင်ဈေးနူန်းများနှင့်​ဝန်​ဆောင်​မူ့​ပေးပါတယ်

🤙အမှတ်- ၃၆၇/ အောင်ရတနာ ၁၂ လမ်း/ ဇေယျာ သီရီ ရပ်ကွက်/ ဒေါပုံမြို့နယ် ရန်ကုန် မြို့

☎️ 09 960083832
☎️ 09 798119137

👨‍🔧👨‍🔧👨‍🔧အဲကွန်း အသုံးပြုသူများ မဖြစ်မ‌နေလိုက်နာဆောင်ရွက်သင့်တဲ့အချက်များ👉 #လျှပ်စစ်နှင့်ပတ်ပြီးရှောင်ရန်များ👉အဲကွန်းသုံ...
13/12/2021

👨‍🔧👨‍🔧👨‍🔧အဲကွန်း အသုံးပြုသူများ မဖြစ်မ‌နေလိုက်နာဆောင်ရွက်သင့်တဲ့အချက်များ

👉 #လျှပ်စစ်နှင့်ပတ်ပြီးရှောင်ရန်များ
👉အဲကွန်းသုံးရင် ဆေ့ဖ်ဂတ်တပ်ဆင်ပြီးသုံးစွဲသင့်ပါတယ်။(မြန်မာပြည်မှာ မီးအားမငြိမ်တတ်လို့၊ဗို့အားအပြောင်းအလဲကြောင့် အဲကွန်းပျက်စီးတတ်လို့ပါ)

👉ယာယီသုံးစွဲတဲ့မီးကြိုးခွေ(Extension Chord) တွေသုံးပြီးနဲ့အဲကွန်းကို အချိန်အကြာကြီး မသုံးသင့်ပါဘူး
(သတ်မှတ်ထားတဲ့ အမ်ပီယာ မပြည့်မီသည့်ကြိုးနဲ့ပလပ်ပေါက်အမျိုးအစားနဲ့လုံးဝမသုံးစွဲသင့်ပါဘူး။ကြိုးပူပြီး ပျက်စီးရင် လျှပ်စစ်အန္တရာယ်ရှိလို့ပါ။)

👉အဲကွန်းကိုအပိတ်အဖွင့်လုပ်သည့်အခါ ပလပ်ကိုဆွဲဖြုတ်တာ၊ထိုးသွင်းတာ အပိတ်အဖွင့်လုပ်ခြင်း (လုံးဝ) မလုပ်ပါနှင့်။ Shock ဖြစ်ပြီး စက်ပျက်တတ်ပါတယ်။

👉‌‌ဆေ့ဖ်ဂတ်ကို အဲကွန်းအင်ဒိုးရဲ့အောက်မှာထားပြီးမသုံးစွဲပါနဲ့
(အင်ဒိုးကရေကျပြီးဆေ့ဖ်ဂတ်ထဲဝင်ရင် မီ‌ဘေးအန္တရာယ်ရှိလို့ပါ။)

👉 Remote Control ကိုသုံးတဲ့အခါ
သိထားရန်အချက်များ
👉လူတွေအတွက် သင်တော်တဲ့အပူချိန်က
24'C ဝန်းကျင်ပါ။အဲဒါကြောင့် ရီမုတ်ကွန်ထရိုးမှာ အပူချိန်ချိန်ပြီဆိုရင်
သင့်တော်မည့် အပူချိန်မှာသာချိန်ထားသင့်ပါသည်။

(တချို့က အရမ်းအေးဖို့အတွက်ဆိုပြီး
16'C ဂိတ်ဆုံးကို ချိန်ထားတာမျိုးက ကျန်းမာရေးအတွက်မကောင်းသလို၊မီတာခလည်းပိုကုန်နိုင်လို့ပါ။)

👉ညအိပ်တဲ့အခါ ရီမုတ်ကွန်ထရိုးက
Sleep modeပါရင် အဲဒီModeနှိပ်ထားပြီးသုံးစွဲသင့်ပါတယ်။
👉အိပ်ခန်းတွေမှာသုံးတဲ့Fanကို Lowလောက်ပဲထားပြီးသုံးသင့်ပါတယ်။
(မီတာခသက်သာသလို ဆူညံမှုလည်းလျော့စေလို့ပါ)

👉လိုအပ်ရင်ညအိပ်ချိန်မှာအချိန်ထိန်းခလုတ်(Timer) ကို အသုံးပြုနိုင်ပါသည်။

👉Remote Control ကို လွတ်မကျပါစေနှင့် ။ ရေနဲ့ အချိုရည် လို အရည်‌တွေနဲ့မထိပါစေနဲ့။ ။
( လွတ်ကျတာရေစင်တာ ဖြစ်ရင် Remote ပျက်စီးနိုင်လို့ပါ)

👉 Remote Control မှာ ဘက်ထရီအားနည်းရင် အလုပ်ကောင်းကောင်းမလုပ်တတ်လို့ ဘက်ထရီကိုလိုအပ်သလို လဲပေးဖို့ သတိပြုပါ။

👉အဲကွန်းတပ်ဆင်ထားတဲ့နေရာနဲ့ပတ်သက်ပြီးသတိပြုဖို့

အဲကွန်းတပ်ဆင်ထားတဲ့နေရာက လူရဲ့ခေါင်းနဲ့အနီးဆုံးနေရာမဖြစ်ဖို့လိုပါတယ်။
(ဦးခေါင်းကိုလေအေး တိုက်ရိုက်ထိတွေ့တာများရင်အအေးမိပြီးဖျားတတ်လို့ပါ)

👉အင်ဒိုးတပ်ထားတဲ့နေရာက အီလက်ထရောနစ်ပစ္စည်းတွေနဲ့နီးတဲ့နေရာ ထိခိုက်ပျက်စီးလွယ်တဲ့ပစ္စည်းတွေရှိတဲ့နေရာ မဖြစ်ဖို့လိုပါတယ်။
(ရေစိုပြီး အစိုဓာတ်ကြောင့်ပျက်စီးတတ်လို့ပါ)

👉အဲကွန်းနဲ့ပတ်သက်လို့ အထွေထွေသတိပြုရမယ့်အရာတွေကတော့

👉Air con Indoor Filter ( လေစစ်စကာ) ကို ဖြစ်နိင်လျှင် အနည်းဆုံးသုံးလတစ်ကြိမ်ခသန့်ရှင်းရေးလုပ်ပေးပါ ။
(မီတာခသက်သာသလို ၊ စိတ်ညစ်စရာလည်းမကြုံးဖူးပေါ့)

👉ခရီးရက်ရှည်ထွက်စရာရှိ လျှင် လျှပ်စစ်ဘရိတ်ကာပါချပြီးAir con ကို သေသေချာချာ ပိတ်ခဲ့ပါ ။
(မတော်တဆ လျှပ်စစ်နဲ့မီးအန္တရာယ်ရှိလို့ပါ)
👉Air conရဲ့ Indoor unit အတွင်း( သို့မဟုတ်) အပြင်ဘက်ရှိ အစိတ်အပိုင်း‌တွေကို သုံးစွဲသူကိုယ်တိုင်ရေနဲ့ ဆေးပြီး သန့်ရှင်း‌ရေးမလုပ်သင့်ပါ ဘူး။
(လျှပ်စစ်အန္တရာယ်ရှိလို့ပါ။)
ကျွမ်းကျင်သူများကိုသာ ဆောင်ရွက်သင့်ပါတယ်။

👉 Air con တပ်ဆင်ထားတဲ့အခန်းက လေတွေမလုံတာ ၊တံခါးခဏခဏဖွင့်တာ မလုပ်သင့်ပါဘူး။

(အခန်းထဲမှာအေးဖို့ကြာတတ်လို့ပါ။)
(အခန်းထဲမှာ လေးကောင်းလေသန့်လိုရင်တော့
နာရီဝက်တနာရီ ဖွင့်ထားပေးသင့်ပါတယ်)

👉အဲကွန်းလေလမ်းကြောင်းရှေမှာအရာဝတ္ထု ပစ္စည်းများ ပိတ်ဆို့နေရင် လိုအပ်တဲ့ အအေးဓာတ် မရှိနိုင်ပါ။

👉အဲကွန်းခန်းထဲမှာ ထမင်းချက်တာ
၊မှုတ်ဆေး၊သုတ်ဆေးနဲ့
ပိုးသတ်ဆေးလို အဆိပ်အ‌တောက်ဖြစ်စေနိုင်တဲ့ဟာတွေ လုံးဝ အသုံးမပြုသင့်ပါဘူး ။
(လူရော စက်ပါ အန္တရာယ်ရှိစေနိုင်လို့ပါ)

👉 Air con ကညှော်နံ့ရလျှင် ခလုတ်ကို ချက်ခြင်းပိတ်ပြီးပြင်ဆိုင်သို့အကြောင်းကြားသင့်ပါတယ်။

👉အောက်ဒိုးယူနစ် ထဲကို တုတ် (သို့မဟုတ်) လက်ဖြင့် မထည့်ပါနဲ့ ။ အထဲမှာ ပန်ကာ ရှိသောလို့လူကို အန္တာရာယ် ဖြစ်စေတတ်ပါတယ်။

👉အောက်ဒိုးပေါ်မှာ အဝတ်များလှန်းတာ၊
ပစ္စည်း‌တွေတင်တာမလုပ်ပါနဲ့။
(စက်အပူလွန်ပြီး ပျက်စီးတတ်လို့ပါ)

👉အိမ်အပြင်က အောက်ဒိုး‌ကွိုင်မှာ အမှိုက်သရိုက်‌ကပ်နေ မနေ ပုံမှန် စစ်ဆေးပါ။ အမှိုက်ကပ်နေရင်
ရှင်းပေးဖို့ ဆားဗစ်ခေါ်သင့်ပါတယ်။
(မဟုတ်ရင် အဲကွန်းအမြန်ပျက်စီးနိုင်လို့ပါ)

partners+ကိုနန္ဒမိုး

🔊🔊အမှတ်-၃၆၇ ၊အောင်ရတနာ-၁၂လမ်း/ဇေယျာသီရိ ရပ်ကွက် /ဒေါပုံ မြို့နယ်/ရန်ကုန်မြို့

☎ 09 960083832
☎ 09 798119137

Chigo 3 set new Installation
07/12/2021

Chigo 3 set new Installation

📢📢📢📢📢လေအေးပေးစက်ဝယ်ယူတပ်ဆင်မည်ဆိုလျင်နားလည်တတ်ကျွမ်းသူများနှင့်တိုင်ပင်သင့်ပါတယ်၊၊--------------------------------------...
27/11/2021

📢📢📢📢📢လေအေးပေးစက်ဝယ်ယူတပ်ဆင်မည်ဆိုလျင်
နားလည်တတ်ကျွမ်းသူများနှင့်တိုင်ပင်သင့်ပါတယ်၊၊

-------------------------------------------------------------

🏩🏩🏩အိမ်တွေမှာ air con တပ်တော့မယ်ဆိုလျင်
နားလည်ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးပြီးမှဝယ်ယူတပ်ဆင်သင့်ပါတယ်။

အခုခေတ်ကာလမှာက Air Con ရော သူနဲ့ဆက်စပ်ပစ္စည်းတွေရော ဈေးကြီးနေတဲ့အပြင် ငွေကြေးကလည်းရှားပါးနေတဲ့အတွက် ရွေးချယ်မှုမှန်ကန်ဖို့က ပိုလို့တောင်အရေးကြီးပါသေးတယ်၊၊

👉air con တစ်လုံးမှန်ကန်စွာရွေးချယ်အသုံးပြုနိုင်ဖို့ဆိုလျင်

👉Air Con အရည်အသွေး (မီတာခတွေဈေးကြီးလာလျင်ပိုလို့တောင်အရေးကြီးပါတယ်)

👉After Sales Service (ဝန်ဆောင်မှုကောင်းမကောင်း)

👉Spare Parts အလွယ်တကူဝယ်ယူရရှိနိုင်မှု
{တချို့အမျိုးအစားတွေက Spare Parts တွေက air con တစ်လုံးရဲ့ထက်ဝက်ကျော်ကျော်ခန့်ဖြစ်နေတတ်တယ်)

👉Cooling Load (မိမိတို့အသုံးပြုမည့်အခန်းအမျိုးအစားအလိုက် လုံလောက်တဲ့အအေးနှုန်းရရှိနိုင်ဖို့ / တစ်နှစ်ပတ်လုံးဘယ်အချိန်ဖွင့်ဖွင့်အေးနေဖို့ မှန်ကန်တဲ့မြင်းကောင်ရေသိဖို့)

✅အထက်ပါအချက်အလက်တွေနှင့်တိုက်ဆိုင်စစ်ဆေးပြီးမှဝယ်သင့်ပါတယ်။အဲဒါကြောင့်မို့လို့air con နဲ့ပတ်သက်တဲ့engineer (သို့) မိမိနှင့်ရင်းနှီးတဲ့ Service အဖွဲ့တွေနှင့်တိုင်ပင်သင့်ပါတယ်။

(၁)အဲဒါမှ မိမိပေးလိုက်ရတဲ့ငွေနှင့်သင့်တော်တဲ့Air Con အမျိုးအစား( မီတာခတွေဈေးကြီးလာမှာမို့ Energy Saving ဖြစ်မည့် အမျိုးအစားစဉ်းစားသင့်) ရွေးချယ်နိုင်မည်။

(၂)အဲဒါအပြင် air con ဆိုတာ အချိန်မှန် စစ်ဆေးခြင်း၊ဆေးကြောခြင်းလုပ်ရတဲ့ ပစ္စည်းဖြစ်တာမို့မိမိတို့ကိုစိတ်ကျေနပ်စေမည့်ဝန်ဆောင်မှုကောင်းတဲ့ Company (သို့) Service အဖွဲ့တွေ ကိုရွေးချယ်နိုင်ပါလိမ့်မည်၊၊

(၃)နောက်ပြီးတော့မိမိတို့အခန်းတွက်မှန်ကန်တဲ့ မြင်းကောင်ရေ (Cooling Load ) ကိုရွေးချယ်နိုင်ပါလိမ့်မည်၊၊အဲဒါမှတစ်နှစ်ပတ်လုံးအေးနေပါလိမ့်မည်၊၊အဲဒီလို မှတကယ်ပူတဲ့အချိန်မှာ အေးတဲ့အရသာကိုခံစားရမှာပါ၊၊

(၄) နောက်မဟုတ်လို့ကတော့မိုးမှာအေးလို့နွေမှာပူနေပါလိမ့်မယ်၊၊

✅air con လုပ်ကိုင်နေတဲ့သူတော်တော်များများကြုံနေရတာကတော့

အပေါ်က(၁ ) နှင့် (၂) ထက် နံပါတ်(၃) အချက်ကတော်တော်လေးရှင်းရခက်တဲ့အချက်မှာပါပါတယ်။ဘာကြောင့်လည်းဆိုတော့ အိမ်သုံးair con ဝယ်ယူသူတချို့တဝက်ခန့်က မိမိသဘောနဲ့မြင်းကောင်ရေ ရွေးချယ်တတ်ကြပါတယ်။

😃😃😃အကြံပေးပြန်လျင်လည်း ငါတို့ကအ‌အေးသိပ်
ကြိုက်တာမဟုတ်ဘူးလို့ပြောတတ်ပါတယ်။
အဲဒီလိုရွေးချယ်သူတွေသည် မိုးနှင့်ဆောင်းကမသိသာပေမဲ့နွေရာသီရောက်လျင်လုံလောက်တဲ့အအေးနှုန်းမရတာကြောင့်service အဖွဲ့တွေခေါင်းကိုက်ရတဲ့ကိန်းဆိုက်တော့တာပဲ။

☝️☝️☝️ နောက်တမျိုးကတော့ အခန်းအရွယ်အစားချင်းအတူတူနဲ့မအေးဘူးဆိုတာတို့ကြုံရတတ်ပါသေးတယ်။တော်တော်လေးရှင်းရခက်စေတတ်ပါတယ်။တချို့သုံးစွဲသူများက ပညာရပ်နဲ့ဆိုင်တဲ့အသုံးအနှုန်းတွေမို့ရှင်းပြတာနားလည်ပေမဲ့တချို့က လက်မခံတတ်ကြပါဘူး။ မြင်းကောင်ရေ ဘယ်နှစ်ကောင်ပဲတပ်ထားတပ်ထားအေးချင်တာပဲသိတယ်ဆိုတဲ့သုံးစွဲသူနဲ့တွေ့လျင်တော့Service အဖွဲ့တွေပျားတုတ်တော့တာပဲ။

👉အဲဒါက အခန်းနှင့်မြင်းကောင်ရေမကိုက်လို့ Service အဖွဲ့တွေကြုံရတဲ့ပြသနာများစွာထဲကမှတစ်ခုနှစ်ခုကို ပြောပြတာပါ။

အဲဒါကြောင့်မို့လို့ အအေးနှုန်းမြင်းကောင်ရေတွက်တာကို အကြမ်းအားဖြင့်နားလည်လွယ်အောင်ပြောရလျင်

* နေရာဒေသတွေရဲ့အပူချိန်တွေ
* အခန်းတွေရဲ့အရှေ့အနောက်တောင်မြောက်
မျက်နှာမူရာတွေ
*အခန်းနံရံအမျိုးအစား (အုတ် /သစ်/အထူ)
*ပြတင်းပေါက်တွေ/မှန်တွေ (အနည်း/အများ)
*ကြမ်းခင်းတွေ/အမိုးတွေ
*လူအရေအတွက်
*အခန်းထဲရှိ မီးသီး/မီးချောင်း
*လျှပ်စစ်ပစ္စည်းတွေ
*လူဘယ်နှစ်ယောက်တို့
စရှိသဖြင့် အသေးစိတ်စဉ်းစားတွက်ချက်ရပါတယ်။တ‌ခြားအချက်တွေလည်းစဉ်းစားတွက်ချက်ဖို့ကျန်ပါသေးတယ်။ဒါကအကြမ်းဖျင်းပြောပြတာပါ။

👌👌👌အဲဒါကြောင့်မို့လို့ air con ဝယ်ယူသုံးစွဲတော့
မယ်ဆိုလျင် ငွေကုန်ကျသလောက်အရည်အသွေးကောင်းတဲ့ air con ကိုရွေးချယ်နိုင်ဖို့နှင့်တစ်နှစ်ပတ်လုံးအေးနေစေဖို့ ကျွမ်းကျင်
သူများနှင့်တိုင်ပင်ဆွေးနွေးပြီးမှဝယ်ယူတပ်
ဆင်ကြပါလို့အကြံပြုပါရစေ။

Crd- Ko Chan Nyein Zaw
ACMV Engineer

🙏🙏🙏🙏Aung yadanar air con Installation& Services ၏ ၀န်ဆောင်မူများ

🆒အဲကွန်း Brand မျိုးစုံကို ဂျီးဆေးခြင်းနှင့်ပြု ပြင်ပေးခြင်း။
🆒 အဲကွန်း Brand မျိုးစုံကို နေရာရွေ့ပြောင်းတပ်ဆင်ပေးခြင်း

🚗🚗အမှတ်-၃၆၇ အောင်ရတနာ -၁၂လမ်းဇေယျာသီရီရပ်ကွက်- ဒေါပုံမြို့နယ် -ရန်ကုန်မြို့။

📳09960083832
📳09798119137

အဲကွန်းRemote မှာပါတဲ့ လုပ်ဆောင်ချက်တွေမသိသေးသူများအတွက် ရှယ်ထားပါ။On/off ဆိုတဲ့ခလုပ်ကတော့ အဲကွန်းကိုအဖွင့်အပိတ်လုပ်တဲ့ခ...
26/11/2021

အဲကွန်းRemote မှာပါတဲ့ လုပ်ဆောင်ချက်တွေမသိသေးသူများအတွက် ရှယ်ထားပါ။

On/off ဆိုတဲ့ခလုပ်ကတော့ အဲကွန်းကို
အဖွင့်အပိတ်လုပ်တဲ့ခလုပ်ပါ။တချက်နှိပ်ရင် ဖွင့်၊
နောက်တချက်နှိပ်ရင် ပိတ်ပေးပါတယ်။
ဖွင့်လက်စအဲကွန်းကို ချိန်ပြီးနှိပ်လိုက်ရင်
ပိတ်သွားပြီး၊ပိတ်နေတဲ့အဲကွန်းဆို
ပွင့်သွားပါလိမ့်မယ်။

Mode ဆိုတဲ့ခလုပ်ရဲ့ လုပ်ဆောင်ချက်ကို
ပြောပြပါမယ်။တချက်နှိပ်ရင်
အဲကွန်းလုပ်ဆောင်ချက်
အနေနဲ့ …
Auto-Cool – Dry-Heat – Fan ဆိုပြီး
တခုချင်းစီပြောင်းပါလိမ့်မယ်။
*Auto မှာထားရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း-
Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို
အဲကွန်းထဲက Proccessor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်။
*Cool မှာထားရင် အဲကွန်းကအေးနေပါလိမ်မယ်။
ဒီအချိန်မှာ.Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန်
အောင်မရောက်မချင်း အဲကွန်းက လည်နေပါ
လိမ့်မယ်။
*Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။
ဒီအချိန်မှာအေးရုံသာမက အခန်းတွင်းက ရေငွေ့
ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီးလျှော့ချပေးပါလိမ့်မယ်။
*Heat ဆိုတာကိုနှိပ်ထားပြီးချိန်ထားမယ်ဆိုရင်တော့
အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့
ဟာဆိုရင်တော့ အခန်းတွင်းက Infoor က အပူကွိုင်ဖြစ်သွားပြီး Outdoor unitက အအေးကွိုင်အဖြစ်
ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။
*Fanဆိုတဲ့ အနေအထားမှာနှိပ်ထားပြီးချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ
Indoor ပန်ကာပဲအလုပ်လုပ်ပါလိမ့်မယ်။
အခန်းတွင်းမအေးတော့ပါ။
ပန်ကာချည်းသာလည်နေလို့ဖြစ်ပါတယ်။
တချို့ဆို ရီမုတ်ကွန်ထရိုးမှာ
ဒီအခြေအနေကို နှိပ်ထားပြီးအဲကွန်းမအေးလို့ဆိုပြီး
ပြင်တဲ့သူတွေလှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုးရှိတတ်ပါတယ်။

လို့ရေးထားတဲ့ အခန်းရဲ့လေထုအပူချိန်ကိုကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ များနှစ်ခုလေးနဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။
အခန်းရဲ့အပူချိန်ကို ကိုယ့်အတွက်သက်သောင့်သက်သာဖြစ်စေမည့် အပူချိန်ကိုချိန်ရာမှာသုံးပါတယ်။
နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ
ကိုချိန်ပြီးနှိပ်ဖို့လိုပါတယ်။လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့အပူချိန်က
ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့
နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။
အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ
ကိုယ့်အတွက်ချမ်းမှန်းပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။
ရန်ကုန်မှာနေသူသာမန် ပေါင် 120 လောက်
လူတစ်ယောက်အတွက်ကောင်းမွန်တဲ့အပူချိန်ကတော့ နေ့ခင်းဖက်ဆို 23’C ကနေ 26’C
အတွင်းဆိုအတော်ပါပဲ။ညဖက်ဆိုရင်တော့..စောင်ခြုံအိပ်တတ်ရင်
19’C ကနေ 23’C အတွင်း အတော်ပါပဲ။
ရီမုတ်ကိုနှိပ်ပြီး16’C ထိအပူချိန် ကိုချိန်ထားတာမျိုးမလုပ်သင့်ပါဘူး။
16’C ထိ အပူချိန်ကိုနှိပ်ထားခြင်းဟာ
အခန်းရဲ့အပူချိန် အဲဒီလောက်ထိ ကျဆင်းသွားမှ စက်ကို ရပ်ပါလို့ပြောတာပါ။အခန်းအပူချိန် 16’Cဟာ
လူအများစုအတွက် ကျန်းမာရေးအရ မကောင်းပါဘူး။အေးလွန်းပါတယ်။အဲဒီအပူချိန်ထိ ကျဆင်းသွားဖို့ ဆိုတာလည်း တော်တော်များများအခန်းတွေအတွက် စက်ကို ဆက်တိုက် ရက်ရှည်မောင်းထားတောင်
မရောက်ပါဘူး။မီတာခလည်းပိုကုန်ပါတယ်။
အဲဒီအပူချိန်ကို ရောက်ခဲ့ရင်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။တချို့က ဘာမှန်းမသိပဲ
အဲဒီအပူချိန်ထိ ချထားတတ်ပါတယ်။မလုပ်သင့်ပါ။

Credit : ကိုနန္ဒမိုး
Credit - Air Con Company Page

✳️အမှတ်၃၆၇ - အောင်ရတနာ၁၂ လမ်း - ဇေယျာသီရီရပ်ကွက်
- ဒေါပုံမြို့နယ် - ရန်ကုန်မြို့

☎09960083832
☎09798119137

Address

Dawbon
11241

Telephone

+959960083832

Website

Alerts

Be the first to know and let us send you an email when Aung Yadanar Air-Con Installation & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Yadanar Air-Con Installation & Services:

Share