03/12/2020
#အဲကွန်းဆိုင်ရာအမေးအဖြေများ...................................................
၁။ အဲကွန်းက အလုပ်တော့လုပ်တယ် အေးတော့မအေးဘူး
(လေအေးမထွက်ဘူး)?
အဲကွန်းစနစ်တခုမှာ အခြေခံအားဖြင့် အစိတ်အပိုင်း ၂ခု ပါဝင်ပါတယ်။ အခန်းအတွင်းရှိ Fancoil နဲ့ အခန်းအပြင်ဘက်ရှိ Condenser တို့ဖြစ်ပါတယ်။
Fancoil ဟာ Condenser ကြောင့်ဖြစ်ပေါ်လာတဲ့ အေးမြမှုကို အခန်းတွင်းသို့ထုတ်လွှတ်ပေးတဲ့အလုပ်လုပ်ပါတယ်။
Fancoil မှလေအေးတွေမထွက်လာဘူးဆိုရင် Condenser အလုပ်မလုပ်တာကြောင့်ဖြစ်ပါတယ်။
ကျွမ်းကျင်တဲ့ Aircon Technician ကိုခေါ်ယူစစ်ဆေးကြည့်ဖို့အကြံပြုပါတယ်။
၂။ အဲကွန်းက ရေတွေဘာကြောင့်ကျလာသလဲ?
ပုံမှန်အားဖြင့်တော့ fancoil မွာ အခန်းတွင်းရှိရေငွေ့များ ငွေ့ရည်ဖွဲ့ပြီး ရေခံဗန်းကတဆင့် ရေစွန့်ပိုက်ထဲသို့ရေတွေသွားပါတယ်။
အဲ့လိုမဟုတ်ဘဲ ရေတွေ fancoil မှထွက်လာတယ်ဆိုတာ ရေစီးဆင်းမှုမှာ အတားအဆီးတခုခုဖြစ်နေလို့ပါ။
Servicing လုပ်ခြင်းမှာ ထိုရေစီးဆင်းမှုကောင်းမွန်အောင် လုပ်ဆောင်ခြင်းတာဝန်လည်းပါပါတယ်။
၃။ အဲကွန်းကို မောင်းထားတာ အချိန်အတိုင်းအတာတခုရှိပြီ အခန်းက အေးမလာဘူး?
ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေတချို့ပြောပြပေးပါမယ်။
ဖြစ်နိုင်ချေ ၁။ Fancoil မှာ (ဂျီး) များပိတ်နေပြီး လေအေးထုတ်လွှတ်နိုင်မှု နည်းနေခြင်း။
ဖြစ်နိုင်ချေ ၂။ Condenser မှာ (ဂျီး) များပိတ်နေပြီး အေးမြမှုပေးမယ့် Gas ကို ထုတ်လုပ်ပေးနိုင်မှု အားနည်းနေခြင်း။
ဖြစ်နိုင်ချေ ၃။ အဲကွန်းစနစ်အတွင်းရှိ Gas လုံလောက်မှုမရှိခြင်း။
ဖြစ်နိုင်ချေ ၄။ အဲကွန်းစနစ်ပုံမှန်အလုပ်မလုပ်ဘဲ လည်လိုက်ရပ်လိုက်ဖြစ်နေခြင်း။
ဖြစ်နိုင်ချေ ၅။ Setting Temperature ချိန်ညှိထားမှု များနေခြင်း။
ဖြစ်နိုင်ချေ ၆။ တပ်ဆင်ထားသော မြင်းကောင်ရေ လုံလောက်မှုမရှိခြင်း။
၄။ အဲကွန်း ဘာကြောင့် အလုပ်မလုပ်သလဲ?
အရင်ဆုံးဖြစ်နိုင်ချေတခုကတော့ Electrical power supply မရောက်လို့ပါ။
Safeguard ကိုမီးရောက်မရောက်စစ်ပါ။
Safeguard ရဲ့ Output ကိုမီးတကယ်ထွက်မထွက်စစ်ပါ။
Safeguard မလိုလို့မသုံးထားတဲ့အိမ်ဆိုရင် Power Socket အဝင်အထွက် မီးရှိမရှိစစ်ပါ။
မီးရောက်တယ်လို့ သေချာရင်တော့ အဲကွန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူကို ဆက်သွယ်ပါလို့ အကြံပြုလိုပါတယ်။
၅။ အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးကဘာပါလဲ?
အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
အကျိုးကျေးဇူး ၁။ အဲကွန်း ပိုမိုကောင်းမွန်စွာ အေးမြစေပါလိမ့်မယ်။
အကျိုးကျေးဇူး ၂။ မီတာစားကို သက်သာစေပါလိမ့်မယ်။
အကျိုးကျေးဇူး ၃။ အဲကွန်းရေကျခြင်းပြဿနာကို လျော့ချပေးပါလိမ့်မယ်။
အကျိုးကျေးဇူး ၄။ အဲကွန်းအကြီးစားပြုပြင်မှုလိုအပ်ခြင်းကို လျော့ချပေးပါလိမ့်မယ်။
အကျိုးကျေးဇူး ၅။ အဲကွန်း စက်ပစ္စည်းသက်တမ်းကို ပိုကြာရှည်စွာအသုံးပြုနိုင်ပါမယ်။
၆။ အဲကွန်း servicing ဘယ်လောက်တခါလုပ်သင့်သလဲ?
ယေဘုယျအားဖြင့်တော့ အိမ်သုံးတွေအတွက်ဆိုရင် ၃လ တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။
ရုံးသုံးတွေအတွက်ဆိုရင် ၁လ တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။
လုပ်ကိုလုပ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ဘဲ အသုံးပြုမှုနှုန်း ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မူပါတယ်။
ကျွမ်းကျင်တဲ့ aircon technician နဲ့တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။
၇။ အဲကွန်းကို အသုံးပြုသူ ကိုယ်တိုင်ရော maintenance လုပ္လို့ရသလား?
အခြေခံ maintenance အနေနဲ့ Air filter နှင့် body အဖုံးကို ၂ပတ်တကြိမ် ဆေးကြောပေးလို့ရပါတယ်။
အဲ့လိုလုပ်ခြင်းအားဖြင့် အခန်းတွင်းအေးမြမှုကို ပိုမိုကောင်းမွန်စေပါတယ်။
၈။ အဲကွန်း ဘာကြောင့် အနံ့ထွက်နေရတာလဲ?
အနံ့တွေဟာ fancoil အတွင်းမှာ မှိုနဲ့ ဘက်တီးရီးယားတွေ ဖြစ်ပေါ်လာမှုကြောင့် ထွက်လာတာဖြစ်ပါတယ်။
အနံ့တွေ တအားဆိုးနေရင်တော့ Chemical Cleaning လုပ်ဖို့လိုအပ်နေပါပြီ။
၉။ အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက ဘာလုပ်သင့်သလဲ?
အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက Gas ဖြည့်ခြင်းဟာ အဖြေတခုမဟုတ်ပါဘူး။
Gas တွေဘယ်ကထွက်နေသလဲဆိုတာ High Pressure Testing လုပ်ပြီး အပေါက်ရှာရပါမယ်။
ထိုအပေါက်ကို ပြုပြင်ပြီးမှ သင့်တော်သော Gas ပမာဏပြန်လည်ဖြည့်သွင်းရပါမယ်။
၁၀။ Condenser ကိုရော Servicing လုပ်ဖို့လိုအပ်သလား?
Condenser မွာ (ဂျီး) များပိတ်နေခြင်းကလည်း အအေးနှုန်းကိုထိခိုက်စေသလို Compressor သက်တမ်းကိုလည်းတိုစေပါတယ်။
မီးအားလည်းပိုစားစေပါတယ်။
၁၁။ Condenser ရဲ့ အဝင်အထွက်ကြေးပိုက်တွေ ဘာလို့ ရေခဲနေရတာလဲ?
ဖြစ်နိုင်ချေ ၂ခုရှိပါတယ်။
ပိုက်အသေးမှာ ရေခဲနေခြင်းဟာ System အတွင်း Gas လုံလောက်မှုမရှိဘူးဆိုတာပြပါတယ်။
ပိုက်အကြီးမှာ ရေခဲနေခြင်းဟာ Fancoil or Filter မှာ (ဂျီး) ပိတ်နေခြင်း သို့မဟုတ် Blower မလည်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
၁၂။ အဲကွန်းက သူ့အလိုလိုပိတ်ပြီး မီးလုံးလေးတွေမှာ မှိတ်တုတ်မှိတ်တုတ် ဘာလို့ဖြစ်နေတာလဲ?
Fancoil ရဲ့ မီးလုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာဟာ System ထဲမှာ တခုခုပြသနာရှိနေတာကိုပြပါတယ်။
ဒါကြောင့်အဲကွန်းက ဆက်အလုပ်မလုပ်ဘဲ သူ့အလိုလိုပိတ်သွားပါတယ်။
ကျွမ်းကျင်တဲ့ Aircon Technician ကိုခေါ်ယူစစ်ဆေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုပိတ်သွားတာဟာ ကာကွယ်ခြင်းသဘောတရားဖြစ်ပြီး electrical power supply ကို reset လုပ်ပြီးထပ်မသုံးသင့်ပါဘူး။
နောက်ဆက်တွဲ ပြုပြင်ရမယ့်စရိတ်တွေရှိလာနိုင်လို့ပါ။
၁၃။ အဲကွန်းက သူ့အလိုလို ပိတ်လိုက်ဖွင့်လိုက် ဘာလိုဖြစ်နေတာလဲ?
Remote Controller မွာ Timer Setting ချိန်ထားမိလို့ဖြစ်နိုင်သလို။
Fancoil ရဲ့ Printed Circuit Board ပြဿနာလည်းဖြစ်နိုင်ပါတယ်။
ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။
၁၄။ အဲကွန်း Remote Controller ကနေ ဖွင့်လိုမရတော့ဘူး?
ပြဿနာက Remote controller or Fancoil Printed Curcuit Board မှာရှိနေနိုင်ပါတယ်။
Remote Controller ကို တခြား Fancoil မှာစမ်းသပ်ကြည့်ပါ။
အလုပ်လုပ်တယ်ဆိုရင် ပြသနာက PCB မှာရှိနေပါတယ်။
ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။
၁၅။ အဲကွန်း Pressure စစ်ဆေးတယ်ဆိုတာဘာလုပ်တာလဲ။ ဘာကြောင့်လိုအပ်တာလဲ?
အဲကွန်းတလုံးဟာ Gas တွေယိုစိမ့်မှုဖြစ်ပေါ်ပြီး ခဏခဏပြန်ပြန်ဖြည့်နေရပြီဆိုရင်
တနေရာရာမွာ ထွက်ပေါက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။
အဲ့ဒီ ထွက်ပေါက်ကို ရှာဖို့ရင်အတွက် High Pressure Testing လုပ်ရပါတယ်။
Condener, Fancoil and Pipe Line တွေကို High Pressure ထိုးပြီး လိုက်ရှာရပါတယ်။
အပေါက်ပေါ်မူတည်ပြီး လိုအပ်သလိုပြုပြင်ရပါမယ်။ ပြီးမှ သင့်တော်တဲ့ Gas ပမဏပြန်ထည့်ရပါမယ်။
Credit