Kaung Htet Paing Linn Construction Co.,Ltd

Kaung Htet Paing Linn Construction Co.,Ltd 💖safety and economy💖
အရည်အသွေးအဓိက~သက်သာဖို့ကပထမ

18/02/2024

Site ထဲကိုလာတယ်။ အုတ်ခဲ၂ခဲကို ကောက်ကိုင်ပြီး ရိုက်ထည့်လိုက်တာမှာ ကျိုးသွားတယ်။ အုတ်တွေက မကောင်းဘူး ပြောသွားတယ်ဗျ တဲ့။

အုတ်ကောင်းမကောင်း ဘယ်လိုစမ်းသပ်ကြမလဲ …

အုတ်တစ်ချပ် ကောင်းမကောင်း အောက်ပါနည်းတွေနှင့် စမ်းသပ်နိုင်ပါတယ်။

(1) Absorption test ရေစုပ်ယူမှု
(2) Crushing strength test ဖိအားခံနိုင်မှု
(3) Hardness test မာကြောမှု
(4) Shape and size ပုံစံနှင့် အရွယ်အစား
(5) Color test အရောင်
(6) Soundness test အသံကောင်းမွန်မှု
(7) Structure of brick ဖွဲ့စည်းပုံ
(8) Presence of soluble salts (efflorescence test) ဆားပေါက်မပေါက် စတဲ့နည်းလမ်းတွေနှင့် စမ်းသပ်လို့ ရပါတယ်။

(1) Absorption test ရေစုပ်ယူမှုက အုတ်တစ်ချပ်အနေနှင့် ဘယ်လောက်ရေစုပ်ယူသလဲ ဆိုတာကို ကြည့်တာပါ။ အုတ်တစ်ချပ်ကိုယူ အလေးချိန်ချိန်ပြီး ရေထဲ ၂၄နာရီ စိမ်ထားရပါမယ်။ အလေးချိန်ပြန်ချိန်ကြည့်တဲ့အခါ ရေစုပ်ယူလို့ တိုးလာတဲ့ အလေးချိန်က မူလအလေးချိန်ရဲ့ ၂၀% မကျော်ရဘူး ဆိုပါတယ်။

(2) Crushing test ဖိအားခံနိုင်မှုက အုတ်တစ်ချပ်ကို ကွန်ကရစ်တုံး ခွဲစမ်းသလို compression test machine မှာ ဖိပြီး စမ်းကြည့်တာပါပဲ။ ကွဲသွား ကျိုးသွားတဲ့ ဖိအားက 3.5N/mm2 ထက်မနည်းရဘူး ဆိုပါတယ်။ 507.632 psi ပေါ့။

(3) Hardness test မာကြောမှုက မာကြောတဲ့ အရာတစ်ခုနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရဘူး ဆိုပါတယ်။ လုပ်ငန်းခွင်မှာ အများအားဖြင့် လက်သည်းနှင့် ခြစ်ကြည့်တာပါပဲ။ လက်သည်းနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရင် မာကြောတယ်လို့ ယူဆကြပါတယ်။

(4) Shape and size ပုံစံနှင့် အရွယ်အစားမှာ ပုံစံအားဖြင့် စောင်းခြင်း ရွဲ့ခြင်းမရှိ လေးထောင့်ကျပြီး အစွန်းအနားတွေဟာ ဖြောင့်တန်းညီညာနေရပါမယ်။ အရွယ်အစားအားဖြင့် အုတ်ချပ်၂ဝလောက်ကို ကောက်ယူပြီး တိုင်းတာကြည့်တဲ့အခါ တစ်ချပ်နှင့် တစ်ချပ် တူညီမှု ရှိရပါမယ်။ အတိုအရှည် အထူအပါး ကွဲပြားမှု မရှိရပါ။

(5) Color test အရောင်က အုတ်ချပ်တွေဟာ တူညီတဲ့ အရောင်ရှိရမှာဖြစ်ပြီး အုတ်ချပ်တစ်ချပ်မှာကို အရောင်အနုအရင့် ကွဲတာမျိုး မဖြစ်ရပါဘူး။

(6) Soundness test အသံကောင်းမွန်မှုက အုတ်၂ချပ်ကို ယူပြီး တစ်ချပ်နှင့်တစ်ချပ် ရိုက်ကြည့်ရာမှာ ပေါ့ပါးတဲ့ ချိုလွင်တဲ့အသံကြားရပါမယ်။ လေးလေးပင်ပင် ထုံတုံတုံအသံမျိုး မရှိရပါဘူး။

(7) Structure of brick ဖွဲ့စည်းမှုက အုတ်ကို ချိုးကြည့်ပြီး ဒါမှမဟုတ် အုတ်ကျိုးကို ယူကြည့်တဲ့အခါ အုတ်ရဲ့ အတွင်းသားမျက်နှာပြင်တွေက အက်ကြောင်း အပေါက် စတာမျိုးတွေ မရှိရပဲ တစ်သားထဲရှိနေရပါမယ်။

(8) Efflorescence test ဆားပေါက်မပေါက်က အုတ်ကို ရေထဲ ၂၄နာရီစိမ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားတဲ့အခါ အုတ်ချပ်ပေါ်မှာ မီးခိုးရောင် အဖြူရောင် အမှုန်လေးတွေ ကပ်နေတာမျိုး တွေ့ရရင် အုတ်မှာ ဆားဓါတ်ပါတယ် ဆိုပါတယ်။

အဲဒါတွေက ယေဘုယျအားဖြင့် စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းတွေပါ။ lab တွေမှာ ဒီထက် အသေးစိပ် စမ်းသပ်ကြည့်လို့ရပါတယ်။

ခုနက ပြောတဲ့ အုတ်က မကျိုးရဘူး ဆိုတာက ဒီလိုပါ။ ရိုက်ကြည့်လို့ မကျိုးရဘူး ဆိုတာမှာ ဖြည်းဖြည်းရိုက်ရင်တော့ ဘယ်ကျိုးပါ့မလဲ။ အင်းဟာ … အင်းဟာ … ဆိုပြီး အားနှင့် ရိုက်လို့ကတော့ ကျိုးမှာပေါ့။ တစ်ချို့ များ ပစ်ချရင် မကျိုးရဘူး ဆိုပြီး အပေါ်ကိုတောင် အားပါးတရ ပစ်တင်လိုက်ကြတယ်။ အမှန်က အောက်မှာရှိတဲ့ အုတ်တစ်ချပ်အပေါ်ကို အမြင့် 1m(3ft) အမြင့်ကနေ အသာကိုင်ပြီး လွတ်ချရတာပါ။ အဲလိုလွတ်ချတဲ့ အုတ်က မကျိုးရဘူးလို့ ဆိုတာပါ။

#မူရင်းရေးသားသူအားcreditပေးပါသည်။
Kaung Htet Paing Linn Construction Co.,Ltd

အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တတ်ရမလဲ တွက်နည်း=======================အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကိ...
12/02/2024

အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တတ်ရမလဲ တွက်နည်း
=======================

အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။

အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့််သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။

နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။

ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။

ဥပမာ အလျား=15ft အနံ=10ft

အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့အခန်းဆိုပါတော့

အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့

အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။

အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။

အခန်းအမျိုးအစား(၁)

လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။

အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။

ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)

ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။

အခန်းအမျိုးအစား(၃)

အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၄)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၅)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၆)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၇)

အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်

နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်

အလျား။ 40 ft

အနံ။20 ft

အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့

အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်

အဲဒါဆိုရင်

115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။

1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)

1.5 Hp ၁၀ လုံးတပ်ရင်တပ်

3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။

စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။

အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့အဆောက်အဦးအဦးတွေအတွက်ကတော့..

အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။

1 Ton အိမ်သုံးအဲကွန်းအသေးဟာ

လျှပ်စစ် Power Input1119 Watts(1.119 Kw)

1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။

Cooling Capacity အနေနဲ့12000 Btu

3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။

အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ

တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့််လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။

Unicode

အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တတ်ရမလဲ တွက်နည်း

အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။

အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့်သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။

နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။

ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။

ဥပမာ အလျား=15ft အနံ=10ft

အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့အခန်းဆိုပါတော့

အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့

အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။

အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။

အခန်းအမျိုးအစား(၁)

လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။

အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။

ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)

ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။

အခန်းအမျိုးအစား(၃)

အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၄)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၅)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၆)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၇)

အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်

နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်

အလျား။ 40 ft

အနံ။20 ft

အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့

အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်

အဲဒါဆိုရင်

115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။

1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)

1.5 Hp ၁၀ လုံးတပ်ရင်တပ်

3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။

စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။

အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့အဆောက်အဦးအဦးတွေအတွက်ကတော့..

အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။

1 Ton အိမ်သုံးအဲကွန်းအသေးဟာ

လျှပ်စစ် Power Input1119 Watts(1.119 Kw)

1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။

Cooling Capacity အနေနဲ့12000 Btu

3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။

အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ

တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့်လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။

Credit:ကိုနန္ဒမိုး

ဘိလပ်မြေတွက်နည်း 🧱🧱🧱ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။မြန်မာပြည် ဆောက်လုပ်ရေးမှာ က...
22/01/2024

ဘိလပ်မြေတွက်နည်း 🧱🧱🧱

ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ပြောကြပါတယ်။ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ ရှိသမျှအလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း 1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း 1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။စကွဲယားကျင်း အလျားနဲ့အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိုးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း

အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်းသံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။

တစ်တန်မှာရှိရမယ့် အချောင်းရေက -

10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။

ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ဆက်သွယ်ချက်က၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။

1 M မီတာ= 3.281 ပေ 1 လက်မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယားကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuftရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။

အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။ ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ 6 X 4 X 3 X 6.24=449.28 ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။

၂၂၄၀ ပေါင် ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ်ကို သုံးရပါမယ်။တွက်တတ်လားမေးရင်တော့မသိပါဘူး။1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေကလီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။

အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်း

လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ

➢ အုတ် ၄၀၀ လုံး

➢ ဘိလပ်မြေ ၃ အိတ်

➢ မြစ်သဲ ၁၀ ကုဗပေ

၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ နှုန်း

➢ အုတ် ၇၅၀ လုံး

➢ ဘိလပ်မြေ ၅.၅ အိတ်

➢ မြစ်သဲ ၁၀ ကုဗပေ

၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း

➢ ဘိလပ်မြေ ၁၉ အိတ်

➢ မြစ်သဲ ၄၉ ကုဗပေ

➢ မြစ်ကျောက်စရစ် ၉၂ ကုဗပေ

၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း

➢ ဘိလပ်မြေ ၁၃ အိတ်

➢ မြစ်သဲ ၄၆ ကုဗပေ

➢ မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ

မှတ်ချက်။ ။ ၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ ။ သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ = ၁၀၀ စတုရန်းပေ သဲတစ်ကျင်း = ၁၀၀ ကုဗပေ။

 #အိမ်သုတ်ဆေး ဝယ်ယူရမည့် ပမာဏကို တွက်ဆကြည့်ခြင်းယခုပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ဆေးသုတ်တော့မယ်ဆိုရင် ဆေးပမာဏဘယ်လောက...
18/01/2024

#အိမ်သုတ်ဆေး ဝယ်ယူရမည့် ပမာဏကို တွက်ဆကြည့်ခြင်း

ယခုပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ဆေးသုတ်တော့မယ်ဆိုရင် ဆေးပမာဏဘယ်လောက်ဝယ်ရမလဲဆိုတာကို မှန်းဆနိုင်ဖို့အတွက်ဖြစ်ပါတယ်။

- အခန်းတစ်ခန်း၏ နံရံများကို ဖုံးအုပ်စေရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားအရှည်ပေများအားလုံးကို ပေါင်းပါ။ ထို့နောက်ရလာသော အဖြေကို အခန်း၏ အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကြက်ထိ)ဖြင့် မြှောက်ပါ။ ရလာသောအဖြေသည် ယင်းအခန်း၏ Square Footage ဖြစ်ပါသည်။

- ထို့နောက် ဆေးသုတ်၍ရမည့် Square Footage မည်မျှရှိသည်ကို တွက်ဆကြည့်ကြပါစို့။ တံခါးရွက်နှင့် ပြတင်းပေါက်များကို မတူညီသော ဆေးအမျိုးအစားသုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်။ ယေဘုယျအားဖြင့် တံခါးတစ်ချပ်ချင်းစီအတွက် 20 Square Feet ပြတင်းပေါက်တစ်ခုချင်းစီအတွက် 15 Square Feet နုတ်လိုက်ရုံပါဘဲ။ ရလာသောအဖြေသည် ဆေးဖုံးအုပ်ရန် သုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါလိမ့်မည်။

- ယင်းဧရိယာကို 350 ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရပါမည်။ အဖြေတွင် စားကြွင်းက .5 ထက်နည်းပါက ကွာတား2ဘူးဖြင့် လုံလောက်နိုင်သော်လည်း .5 ထက်များပါက 1ဂါလံ ဝယ်သင့်ပါသည်။

Example
-14x20 ပေအခန်း အမြင့် 8ပေ တံခါး2ပေါက်၊ ပြတင်းပေါက်2ခုရှိသောအခန်းကို တွက်ကြည့်ကြပါစို့။

Ceilingဆေးတွက်ဆမှု
1. Ceiling ၏ အလျားပေxအနံပေ= Ceiling Area
14x20=280 Square Feet
2. 350ဖြင့်စားပြီး ဘယ်နှဂါလံလိုမလဲ တွက်ကြည့်ကြပါစို့။
280350=0.8
ထို့ကြောင့် Ceiling ဆေးတစ်ထပ်သုတ်ရန် 1ဂါလံ လိုအပ်ပါမည်။ 2ထပ်သုတ်လျင် 2ဂါလံ လိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
1. နံရံတစ်ချပ်ချင်းစီ၏ အလျားပေကို ပေါင်းပါ။
14+20+14+20=68 ပေ
2. နံရံဧရိယာတွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။
68x8=544 Square Feet
3. ဆေးတကယ်သုတ်ရန်လိုသော နံရံဧရိယာကို ရှာရန် တံခါး1ချပ်စီတိုင်းအတွက် 20 Square Feetနုတ်ပါ(20x2=40)၊ ပြတင်းပေါက်တစ်ခုချင်းစီတိုင်းအတွက် 15 Square Feet နုတ်ပါ (15x2=30)
544-70=474 square feet
4. ယင်းအဖြေကို 350ဖြင့်စားပြီး ဝယ်ယူရမည့်ဆေးဂါလံကို တွက်ကြပါစို့။
474350=1.4
ထို့ကြောင့် ဆေး1ထပ်သုတ်ရန် 1ဂါလံ 2ကွာတားလိုအပ်ပါမည်။ 2ထပ်သုတ်မည်ဆိုပါက ဆေး2ဆဝယ်ရန် လိုအပ်ပါမည်။

တံခါး၊ ပြတင်းပေါက် ဆေးတွက်ဆမှု
1. 20 Square Feet= တံခါး1ချပ်
တံခါးအရေအတွက်ကို 20 ဖြင့် မြှောက်ပါ။
2x20=40 Square Feet
2. ပြတင်းပေါက် အရေအတွက်ကို 7.5 ဖြင့် မြှောက်ပါ။
2x7.5=15 Square Feet
3. ယင်းအဖြေများကို ပေါင်းပါ။
40+15=55
4. 350 ဖြင့်စားပါ။
54350=0.16
ထို့ကြောင့် ဆေး 1ကွာတားဝယ်ဖို့ လိုအပ်ပါမည်။ တံခါး၊ ပြတင်းပေါက်တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုလျင် အဖြေကို 2ဖြင့် မြှောက်ပါ။

 #ကွန်ကရစ်_သွန်းလောင်းခြင်း၏ အချေခံသဘောတရား ၁၂-ချက် ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ...
18/01/2024

#ကွန်ကရစ်_သွန်းလောင်းခြင်း၏ အချေခံသဘောတရား ၁၂-ချက်

ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်‌ပါတယ်‌!
ကွန်ကရစ် သွန်းလောင်းခြင်း၏ အချေခံသဘောတရား ၁၂-ချက်ကို၊ လေ့လာထားပါက concrete projects ကြီးကိုလည်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ အချေခံသဘောတရား ၁၂ - ချက်မှာ

1. Site clearing
2. Subbase and subgrade preparation
3. Formwork preparation
4. Rebar installation
5. Concrete mixing
6. Concrete puring
7. Screeding the top of the concrete
8. Trowelling
9. Control joint
10. Creating the traction
11. Curing and sealing the concrete, and
12. Maintaining တို့၊ ဖြစ်ကြပါသည်။
1. သန့်ရှင်းရေးဆိုသည်မှာ_
မြေကြီးပေါ်မှာ လမ်းခင်းသကဲ့သို့ ကွန်ကရစ်လောင်းသည်ဆိုစေအုန်းတော့၊ Grass -မြက်၊ rocks - ကျောက်၊ trees - သစ်ပင်၊ shrub - ခြုံနွယ်၊ old concrete - ကွန်ကရစ်ဂျိုး အစရှိသည်တို့ကို၊ မြေကောင်းပေါ်လာ သည်အထိ တူးဖော်ဖယ်ရှားပြစ်ရပါမည်။ လမ်းခင်းတဲ့သူငယ်ချင်းများ သတိပြုပါ။ အောက်မှာ soft pit တေရှိ နေရင် ပြု ပြင်ပြီးမှ ကွန်ကရစ်လောင်းပါ။ အထပ်သားနဲ့ formwork ရိုက်ထားတဲ့ ကြမ်းခင်း slab လောင်း တယ် ဆိုရင်လည်း ဆေးလိပ်တိုတေ၊ ကွမ်းတတွေးတေ၊ သစ်တိုသစ်စတေ၊ binding wire စတေ၊ ချေ စာမှုန့် တေ၊ ရှိနေတပ်ပါတယ်။ formwork ပေါ်မှာ ဘယ်သောအခါမှ ထမင်းမစားရပါဘူး။

2. Prepare your subbase - အောက်ခံကို၊ ပြု ပြင်ပါ။
2.1 what is subbase?
လမ်းခင်းသောအခါ၊ အောက်ခံအခင်းကို၊ subbase ဟု၊ ခေါ်ပါသည်။ subbase ခင်းရခြင်း၏၊ အကြောင်းရင်းမှာ၊ concrete rest လုပ်ဖို့ဖြစ်ပါသည်။ များသောအားဖြင့် granular - ကျောက်စေ့၊ ဂဝံစေ့ များကို၊ subbase အဖြစ်ခင်းကြိတ် အသုံးပြု ပါသည်။(တခါတရံတွင်၊ မိမိကွန်ကရစ်ခင်းမည့်မြေသည် compacted and stable - သိပ်သည်းကျစ်လစ် တည်ငြိမ်သည့် မြေ အမျိုးအစားဖြစ်နေပါက အဆိုပါမြေသည် subbase ပင် ဖြစ်ပါသည်။
2.2 what is subgrade?
Subbase အောက်က မြေကြီးကို၊ subgrade ဟု၊ ခေါ်ပါသည်။ မြေကြီးပေါ်က၊ ကွန်ကရစ်သည်၊ သို့မဟုတ် ကွန်ကရစ်လမ်းသည်၊ အဆိုပါမြေကြီးဆိုသော subgrade ကောင်းရင်ကောင်းသလောက်၊ ပျက်စီးချို့ယွင်း ခြင်းမရှိပေ။ (ကဲ ဒါဆိုရင် သူငယ်ငယ်ချင်းတို့ရေ - အထပ်မြင့်ကြမ်းခင်း ကွန်ကရစ်လောင်တာဆိုရင် slab formwork က၊ subbase ပေါ့ဗျာ။ formwork supported prop က subgrade ပေါ့။)

အကယ်၍ subgrade သည်၊ shifts - ရွေ့နေမည်၊ craters - ကျင်းဖြစ်နေမည်၊ moves - လှုပ်ရှား နေမည်ဆို ပါလျင်၊ သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်သည်လည်း၊ subgrade ဖြစ်နေသကဲ့သို့၊ လိုက်ဖြစ်နေပါမည်။ ရွေ့ မည်၊ ကျင်းဖြစ်မည်၊ လှုပ်ရှားနေပါမည်။ (သူငယ်ချင်ချင်းတို့ ကွန်ကရစ်လမ်းတေ ခုံးနေတာ ခွက်နေတာ ကျင်း တေ ဂျိုင့်တေ ဖြစ်နေတာ မြင်ဘူးကြပါတယ်နော။ လူတေက ကွန်ကရစ်လမ်းပျက်တာကိုဘဲ မြင်ကြတာပါ။ အောက်ကမြေ သားကောင်းအောင်လုပ်ဖို့ကြတော့၊ ခြလည်းစား ငါလည်းဝါးကိုးဗျ။)
ထို့ကြောင့် subbase မခင်းမှီ subgrade ကို၊ ငြိမ်နေအောင်၊ သိပ်သည်းကျစ်လစ်နေအောင် သေသေချာချာ ပြု လုပ်ဘို့ လိုပါတယ်။ ဘယ်လို လုပ်ရမတုန်းဆိုတော့၊ မြေကြီးကို၊ CBR 5 ရအောင်၊ ကြိတ်ရပါ့မယ်၊ မြေကြီးကို CBR 5 ရအောင် ကြိတ်ဘို့ အခက်အခဲရှိတယ်ဆိုရင်တော့၊ open-grade stone (သို့မဟုတ်) closed-grade / fine-grade stone ကို၊အသုံးပြု ပြီးတော့ subgrade တည်ဆောက်ရပါမည်။ 6" × 9" အစွယ် ကျောက်ကြီး များဖြင့် Open-grade stone ခင်းမည်ဆိုလျင်၊ ကျောက်တုန်းတေအကြားကနေ ရေအလွယ်တကူ စီးထွက် သွား စေနိုင်ပါသည်။ သို့သော်လည်း 2"×4" အရွယ် Finer-grade stone သုံးတာလောက်တော့ compaction မကောင်းပါဘူး။ fine grade stone က၊ ဈေးတော့ပိုကြီးပါတယ်။

2.3 how to lay subbase
Subgrade ပြီးတဲ့အခါsubbase ခင်းရပါ့မယ်။အဆောက်အဦးမှာ အသုံးပြုတည်ဆောက်သော subbase ဆိုသည်မှာ အားလုံးသိထားသည့် hard-core ရိုက်တာဖြစ်ပါသည်။ hardcore ကို အနည်းဆုံး 4" ကနေ၊ အများဆုံး 8" အထိ၊ ခင်းကြပါသည်။ ခင်းပြီးတဲ့အခါ hand tamper ဖြင့်ဖြစ်စေ၊ plate compactor ဖြင့် ဖြစ်စေ၊ သိပ်သည်းအောင် ဆောင်ရွက်ရပါသည်။ Plate compactors အပေါ်ယံမြေသားကိုသာ သိပ်သည်း ကျစ်လစ်မာကြောစေတပ်သောကြောင့်၊ လိုအပ်ပါက ပိုမိုကြီးမားသော စက်ကရိယာများကို အသုံးပြုဘို့ လိုပါ သည်။

3. Prepare a form - ပုံစံခွက်၊ ပြုလုပ်တပ်ဆင်ခြင်း။
A well-built form - ကောင်းစွာတည်ဆောက်ထားသော၊ ပုံစံခွက်သည်၊ (ပုံစံခွက်ကောင်း တခုသည်) concrete သားကောင်းကောင်းကို၊ ရရှိစေပါသည်။ ပုံစံခွက်ကောင်းတခုသည်၊ အတိုင်းအထွာ-ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန်ရမည် ဖြစ်သကဲ့သို့၊ အနိမ့်အမြင့် လယ်ပယ်လည်း၊ မှန်ကန်ဘို့ လိုအပ်ပါသည်။ အတိုင်းအတာမှန်ကန်အောင် မှန်ကန်သောပေကြိုးကိုလည်းကောင်၊ ထောင့်ကျဉ်းထောင့် ကျယ်မဖြစ်ရလေအောင် diagonal method ကိုလည်းကောင်း၊ အနိမ့်အမြင့်မှန်ကန်အောင် ပေကြိုးကိုလည်း ကောင်း အတိန်းအစောင်းမဖြစ်အောင် ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန် တို့ကိုလည်းကောင်း၊ အသုံးပြုရမည် ဖြစ်ပါသည်။ လူတေဟာ အသက်ရှူနေကြသည့်အတွက်၊ တမတ် တမူး 14/" - 1/8" မှားယွင်းမှုကိုတော့ ခွင့်ပြုရ မည်သာ ဖြစ်ပါသည်။

4. Rebar
Consider adding wire mesh or rebar to your form (optional).
မိမိသွန်းလောင်သော၊ ကွန်ကရစ်သည်၊ ကားလမ်းကဲ့သို့၊ heavy load-bearing structure ဖြစ်ပါက၊ သွန်လောင်းမည့် ကွန်ကရစ်ထဲတွင်၊ rebar ထည့်မည်၊ သို့မဟုတ်၊ wire mesh ထည့်မည်ဆိုသည်ကို၊ စဉ်းစား ဆုံးဖြတ်ရပါမည်။ အလေးဝန်ချိန် များပြားစွာ ထမ်းဆောင်ရန်မလိုအပ်သော ကွန်ကရစ် သွန်းလောင်းမည် ဆိပါက mesh ဖြစ်စေ rebar ဖြစ်စေ၊ ထည့်ရန်မလိုပါ။ သို့ပါသော်လည်း mesh ကိုဖြစ်စေ rebar ကိုဖြစ်စေ၊ အသုံးပြုမည်ဆိုပါက၊ မည်သည့်အတွက်ကြောင့် အသုံးပြု ရသည်။ ဘယ်လိုကောင်းကျိုးများရှိသည်၊ ဘယ်လို ဆိုးကျိုးများရှိသည်၊ တို့ကို နားလည်သဘောပေါက်ထားဘို့ လိုအပ်ပါသည်။
Wire mesh သည်၊ ဝရိန်တို့ထားသောကြောင့် ပိုပြီးတည်ငြိမ်ပါသည်၊ အက်ကြောင်းငယ်များ၊ မဖြစ်ပေါ်အောင် ကာကွယ်ပေးသည်။ ဖြစ်ပေါ်လာသော အက်ကြောင်းများကိုလည်း တိုးပွားမလာအောင် ထိန်းသိမ်းစောင့် ရှောက်ပေးပါသည်။ သို့ပါသော်လည်း ကြံ့ခိုင်သည့် structural တခု၊ တည်ဆောက်ဘို့တော့၊ လုံလောက်သော စွမ်းအား၊ မရှိပါ။
Rebar ကတော့၊ load များများကို ထမ်းနိုင်သော structure ရအောင် တည်ဆောက်နိုင်ပါသည်။ သို့သော် ဖြစ်ပေါ်လာသောအက်ကြောင်းများကို သေးငယ်သွားအောင်တော့ rebar က၊ မစွမ်းဆောင်နိုင်ပါ။

5. Mix your concrete - ကွန်ကရစ်ဖျော်စပ်ခြင်း။
ကွန်ကရစ်ဆိုသည်မှာ၊ အားလုံးသိကြသည့်အတိုင်း၊ Portland cement - ဘိလပ်မြေ၊ sand - သဲနှင့်၊ coarse aggregate ကျောက်စရစ် သို့မဟုတ် ချီပင်ကျောက်တို့ကို၊ 1:2:4, 1:3:6 စသဖြင့်၊ အချိုးကြပေါင်းစပ်ရောနှော ပြီး၊ ထိုသို့ ရောစပ်မွှေသမထားသော အခြောက်စပ်ကို တခုနှင့်တခု တွဲကပ်သွားစေရန် ရေရောထားသော အရောအနှော ဖြစ်ပါသည်။ ရေကို သတ်မှတ်ထားသော အတိုင်အတာအထိသာ ထည့်သွင်းရောစပ် ရပါ သည်။ ရေများလျင် လုပ်ရကိုင်ရလွယ်ကူသွားသော်လည်း ကွန်ကရစ်စွမ်းအားကို ကျ ဆင်းစေပါသည်။ ရေနဲနဲ ဖြင့်ရောစပ်ထားသော ကွန်ကရစ်သည် ကွဲအက်မှုကို ပိုမိုခံနိုင်ပါသည်။ စက်ဖြင့်ဖျော်စပ်သည့်ဖြစ်စေ၊ လက်ဖြင့် ရောစပ်သည်ဖြစ်စေ၊ ပါဝင်ပစ္စည်း များ တသမတ်တည်း ဖြစ်လာသည်အထိ မွှေဘို့ လိုပါသည်။
လက်ဖြင့်ရောစပ်သည့်အခါ သဲနှင့်ဘိလပ်မြေကို ဦးစွာ သမအောင် ရောစပ်ရပါမည်။ ထို့နောက် ကျောက်ထည့် ပြီး ဒုတိယအကြိမ် သမအောင် ရောစပ်ရပါမည်။ ထို့နောက် ရောစပ်ထားသည့် အပုံကို ပြားပြီး၊ ရေပန်းခရား ဖြင့် ရေကို ထည့်ရပါ့မည်။ ထို့နောက် သမအောင် ပြုလုပ်ရပါမည်။
စက်ဖြင့်ရောစပ်သည့်အခါ စက်ကိုလည်ထားပြီး ရေကို အနည်းငယ်လျော့ပြီး ဦးစွာထည့်ရပါသည်။ ထို့နောက် ကျောက်ထည့်ရပါ သည်၊ ထို့နောက်သဲထည့်ရပါသည်။ ၎င်းတို့ သမသွားသောအခါ ဘိလပ်မြေထည့်ရပါသည်။ ထို့နောက် ကွန်ကရစ် တသားထဲဖြစ်သွားသည်အထိ ရေကို ချိန်ညှိထည့်ပေးရပါသည်။

6. ကွန်ကရစ်သွန်းလောင်းခြင်း။
ကွန်ကရစ်လောင်းတဲ့အခါ_
ရွက်လုံးနဲ့လည်း ငဲ့ချလိုက်တပ်ပါတယ်။
Bucket နဲ့လည်းမယူလာပြီး ဖွင့်ချလိုက်တပ်ပါတယ်။
Truck မှာပါတဲ့ လျောဇလားနဲ့လည်း လျောကျလာတပ်ပါတယ်။
Stationary pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။
Boom pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။ ဘာနဲ့ဘဲလာလာ၊ ကွန်ကရစ်ပုံဖြစ်လာရင်တော့၊ ပေါက်တူးနဲ့ဆွဲရင် လဘာချာပါဘဲ။ ဒီတော့ မြန်-ကောင်း-သက်သာ ဖြစ်ရလေအောင်၊ shovels - ဂေါ်ချွန်၊ rakes - အသွားပါသောဆွဲဂျုတ်၊ "come alongs," တံချူ တို့နဲ့ ဆွဲဖြန့်ရပါမယ်။ တံချူ ဆိုတာ spreader ပါဘဲ။ အကြမ်းအားဖြင့် ညီသွားပြီဆုပါလျင် စီးကမ်းနည်းလမ်းအတိုင်း vi****or မရပါ့မယ်၊

7. Screed the top of the concrete.
Screed လုပ်သည်ဆိုသည်မှာ၊ ပါရာတုန်းကလေးတေပေးပြီးမှ နံရံမှာ ပလာစတာကပ်ပြီး ချောခြင်း၊ topping လောင်းခြင်းတို့ကို၊ အင်ဂျင်နီယာအားလုံး သိကြပါသည်။ ထို့အပြင် သစ်သားချောင်း ဘေး၂ဖက်ခံပြီး အလယ် ကွန်ကရစ်ကို ပတ်တန်းဖြင့်ရိုက်တာလည်း အားလုံးသိကြပါသည်။ သစ်သားချောင်းအစား aluminium square pipe တေ၊ hollow pipe တေကိုလည်း၊ အသုံးပြုနိုင်ပါသည်။ အင်ဂျင်နီယာများသည် ဤ ပါရာတုန်း များ၊ ပတ်တန်းများကို စိတ်ဝင်စားရင် စိတ်ဝင်စားသလို၊ အလုပ်သမားများကလည်း ကျွမ်းကျင်လျင် ကျွမ်းကျင် သလို ကွန်ကရစ်ကြမ်းသည် စံချိန်စံညွန်းပြည့်မှီပြီး လက်ရာကောင်းကို ရရှိနိုင်သည့်အပြင် ကုန်ကျစရိတ်ကို လည်း များစွာလျော့ချနိုင်ပါသည်။

8. လက်ပွတ်နဲ့ ဖိသိပ်ချောပါ။
အဲဒီနောက် cover guide rail ကို၊ အမှီပြု ပြီးတော့၊ မျ ဉ်းတန်နဲ့ ရိုက်တုန်းနဲ့ ရိုက်ညှိ ဆွဲရပါတယ်။ ဒီအခါ level တကျ ၊ compacted ကြမ်းချောရပါတယ်။ အဲဒီလယ်ပယ်တကျ ကြမ်းချောကို ချောညက်သွားအောင်ရယ် compaction ထပ်ရအောင်ရယ်တို့အတွက် လက်ပွတ်နဲ့ ဖိသိပ်ဆွဲဖွတ် လုပ်ရပါ့မယ်။ ဒီအချေအနေဟာ လက်ဝင် တပ်တဲ့အတွက် ကွန်ကရစ်မအိပ်ခင် ပြီးအောင်လုပ်ဖို့ သွက်သွက်လုပ်ဖို့ လိုပါတယ်။
Floating process - လက်ပွတ်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ လုပ်ငန်းစဉ် ၂ - မျိုးရှိပါတယ်။ ပထမ တခုက တော့ bull float လို့ခေါ်တဲ့ လက်ပွတ်ကြီးနဲ့ပွတ်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ course aggregate များကို အောက်သို့ရောက်သွားအောင် ရိုက်ချလိုက်ပြီး အပေါ်ကို အနှစ်တက်လာအောင် ဖြစ်ပါတယ်။ bull float ကို ဆွဲတဲ့အခါ မိမိဘက်ကို ကြွစေပြီး၊ တွန်းတဲ့အခါ ရှေ့ဘက်ကို ကြွစေရပါတယ်။ magnesium hand float သည်၊ လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ အဲဒီလို bull float ကြီးနဲ့ ချောညှိပြီးတဲ့နောက်၊ water bleeding ဖြစ်လာတဲ့အခါ၊ hand float - နဲ့ တံမျက်စီးလှဲသလို လှဲပြီးတော့ ထွက်လာတဲ့ ရေတေကို လိုချင်တဲ့နေရာရောက် အောင် ပွတ်ရမည် ဖြစ်ပါတယ်။

9. Make control joints
Rebar မပါသော၊ ကွန်ကရစ်ကြမ်းခင်းများခင်းတဲ့အခါ၊ ကွဲတပ်သောကြောင့် groover ဖြင့် ၅ပေ လောက် ၆ပေ လောက် ကွန်ကရစ်အထူအပါးပေါ်မူတည်ပြီး ခြားခြားပြီး ဖြတ်ပေးရပါမယ်။ ကွန်ကရစ်လမ်းတေကတော့ အထူ ၈-လက်မလောက် ရှိသည့်အတွက် ၂၅ - ပေလျင် contraction joint တခုစီနဲ့၊ ပေ ၁၀၀ - လျင် expension joint တခုစီ ထည့်ကြပါတယ်။ groover နဲ့ခွဲတဲ့အခါ ညီညီညာညာ ကြည့်ကောင်းအောင်၊ သစ်ဖြင့်ဖြစ်စေ၊ အလျူ မီနီယံနဲ့ဖြစ်စေ ပြုလုပ်ထားသော straight edge နဲ့ ဖိပြီးမှ ခွဲရပါ့မယ်။ ကွန်ကရစ်ထုရဲ့ ၄ပုံ ၁ပုံ နက်အောင် ခွဲပေးရမှာဖြစ်ပြီး အပူအအေးပြောင်းလဲလို့ ကွန်ကရစ်ကွဲတဲ့အခါ အဲဒီနေရာက ကွဲအောင် စီမံထားတဲ့အတွက် control joint လို့ခေါ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ contraction joint ဆိုတာ၊ အေးရင်ကွဲဘို့ဖြစ်ပြီး၊ expension joint ဆိုတာ ပူရင်စန့်ဘို့ ဖြစ်ပါတယ်။

10. Create traction -
တံမျက်စီးတချောင်းဖြင့်၊ ကွန်ကရစ်မျက်နှာပြင်တွင်၊ မိမိနှစ်သက်ရာ ဒီဇိုင်းအမျိုးမျိုးပေါ်လာအောင်၊ ပုံဖော် လှည်းကျင်းနိုင်ပါသည်။ ထိုသို့ လှည်းကျငိးပုံဖော်ထားခြင်းဖြင့် မိုးရာသီတွင် ကွန်ကရစ်ကြမ်းခင်းများ ရေ စိုသောအခါ ချေ ချော်ခြင်း မဖြစ်နိုင်တော့ပါ။ နဲနဲသာ ကြမ်တမ်းသော မျက်နှာပြင်ကို အလိုရှိပါက soft brush - ဘရပ်ပြော့ပြော့လေးကို အသုံးပြုနိုင်ပါသည်။ မျက်နှာပြင်ချောချောကို အလိုရှိပါက သံလက်ပွတ်ဖြင့် ဝိုက်ပြီး တော့၊ ပွတ်ပေးနိုင်ပါသည်။ မျက်နှာပြင်မှာ ရေတင်နေလို့ groove - ဂျိုင့်မြောင်းကလေးများ ဆွဲမည်ဆိုပါက၊ သိပ်အနက်ကြီးမဆွဲရပါဘူး။ တံမျက်လှဲတဲ့အခါ ကျောက်စရစ်ခဲတေပါမလာအောင် အချိန်မစောင့်ဘဲ လောပြီး တော့ တမျက်မလှဲသင့်ပါဘူး။ အဲဒီလို ကျောက်စရစ်ခဲတေပါလာမယ်ဆိုရင် magnesium floater - လက်ပွတ်နဲ့ ပြန်ချောပြီးမှ အချိန်နဲနဲ ထပ်စောင့်ပြီး တံမျက်လှဲ ပုံဖော်ရပါမယ်။

11. Cure and seal the concrete.
curing အမျိုးမျိုးရှိသည့်အနက်၊ ရေလောင်းပြီး curing ပြုလုပ်မည်ဆိုပါက၊ကွန်ကရစ်သွန်းလောင်းပြီးနောက် ၂၈ - ရက် အထိ၊ ပြုလုပ်သင့်ပါသည်။ သို့ပါသော်လည်း ၇ - ရက်တောင် အနိုင်နိုင် ရေလောင်းပြီး curing ပြု လုပ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ ကွန်ကရစ်လောင်းပြီးပြီးခြင်း မည့်သည့်အချိန်တွင်၊ ဦးစွာ curing ပြု လုပ်မည်ဟု ဆုံးဖြတ်ခြင်းသည် အရေးကြီးပါသည်။ ပညာရှင်ပီပီ ဆောင်ရွက်ခွင့်ရသော လုပ်ငန်းများတွင်၊ အထဲကရေကလည်း အပြင်ထွက်မသွားစေသော အပြင်ကရေက လည်း အထဲ ဝင်မလာစေနိုင်သော၊ sealing - ခေါ်၊ ရေလုံစေတပ်သော၊ အတားအဆီးကို၊ ကွန်ကရစ် သွန်းလောင်းပြီးလျင်ပြီးခြင်း၊ ဆောလျက်စွာ ဆောင ရွက်သင့်ပါသည်။

12. Maintain your concrete.
ေ လာင်းထားသောကွန်ကရစ်သည်၊ ကောင်မွန်နေပါသည်ဆိုသော်ငြားလည်း၊ ပြု ပြင်ထိန်းသိမ်းဘို့ လိုအပ်ပါ သည်။ အနည်းဆုံးတော့ ဆပ်ပြာရည်ဖြင့် ပွတ်တိုက်ဆေးကြောပေးခြင်းဖြင့် သန့်ရှင်းသပ်ရပ်သည့် ကွန်ကရစ်ကြမ်းခင်းကို မြင်ရတွေ့ရမည် ဖြစ်ပါသည်၊ ၅ - နှစ်တကြိမ်လောက် seal coat တင်ပေးမည်ဆိုပါက ကွန်ကရစ်အသားထည်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါသည်။

Credit (construction engineer course)

 #သင်ဟာ_အိမ်ဆောက်ဖို့_စီစဉ်ထားရင်၁။ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။၂။အလင်းအမှောင်အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။...
18/12/2023

#သင်ဟာ_အိမ်ဆောက်ဖို့_စီစဉ်ထားရင်
၁။ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။
၂။အလင်းအမှောင်အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။
၃။အပူအအေးအတွက် လေဝင်လေထွက်ကို ချိန်တွက်ပါ။
၄။အိမ်တန်ဖိုးနှင့်ညီမျှသောဒီဇိုင်းကိုစနစ်တကျ ဆွဲပြီး ပုံဖော်ပါ။

၅။(အိမ်ဆောက်နည်းအခြေခံသဘောတရားများ)

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်း
ဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင်
ရွက်ပေးရမည်။

* အဆောက်အဦအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်
မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏
ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာ
ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း
ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

* တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တ
ရာဖြင့် သုတ်ထားရပါမည်။

* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်
ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထား
ရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက်
အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ
ရေဖြည့်ထားရပါမည်။
မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ
ပြင်ညီအောင် ညှိပေးရမည်။ Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vi****or အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး
ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့
(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

*အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

Address

သပြေ(၅)လမ်းထိပ်၊လှာကမြင်ကွက်သစ်၊
Hpa-an

Telephone

+959670330300

Website

Alerts

Be the first to know and let us send you an email when Kaung Htet Paing Linn Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Htet Paing Linn Construction Co.,Ltd:

Share