Pyi Thit Nan Daw Construction Co ltd

Pyi Thit Nan Daw Construction Co ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyi Thit Nan Daw Construction Co ltd, Construction Company, အမှတ်9 ဇွဲကပင်ကုန်း နွယ်သာဂီလမ်း, Hpa-an.

ကရင်ပြည်နယ် ဘားအံမြို့မှ လူကြီးမင်းတို့ရဲ့ စိတ်ကူးအိမ်မက်ထဲက အိမ်ဒီဇိုင်းများကို တိကျသေချာစွာနဲ့ အကောင်းဆုံး တည်‌ေဆာက်ပေးပါတယ်
ph no 09796569825,09696209356
email - [email protected]

 #အိမ်ဆောက်တဲ့အခါ  #ဘယ်နေ့နံသားကပန္နက်ရိုက်ရမလဲ❓မကြာခင်မှာပန္နက်ရိုက်မည့်မိတ်ဆွေများအတွက်..........🎍မြန်မာ့ရိုးရာထုံးတမ်...
15/05/2024

#အိမ်ဆောက်တဲ့အခါ
#ဘယ်နေ့နံသားကပန္နက်ရိုက်ရမလဲ❓

မကြာခင်မှာပန္နက်ရိုက်မည့်
မိတ်ဆွေများအတွက်..........

🎍မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာအရ
ကတော့....ပန္နက်ရိုက်တာကို
ပန္နက်တော်တင်မင်္ဂလာလို့လဲ ခေါ်ကြတယ်။

🎍စေတီ၊ ပုထိုး၊ သိမ်၊ တန်ဆောင်၊ ဇရပ်၊
ဘုန်းတော်ကြီးကျောင်း၊ နန်းတော်၊ မြို့ရိုး၊

🎍ခံတပ်၊ စစ်သူကြီးနေအိမ်၊
မူးမတ်ကြီးနေအိမ်၊
သူကြွယ်သူဌေးနေအိမ်၊
မင်းမှုထမ်းနေအိမ်တွေ
ဆောက်လုပ်ဖို့အတွက်

🎍 "ပန္နက်တော်မင်္ဂလာလို့ခေါ်တဲ့

🎍ပန္နက်ရိုက်တဲ့အခါ နက္ခတ် ပညာရပ်တွေနဲ့ တွက်ချက်ပြီး ....

🎍မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာနည်းပညာတွေရဲ့
အတိမ်အနက်ကို ဆောက်လုပ်ရေးလုပ်ငန်းတွေ
မှာ အသုံးချဖို့ဆိုရင် အရပ်ထုံးလောက်ပဲသိ
ထားရင် ရပါပြီ။

🎍အဓိကမှတ်ထားရမှာက နေ့သား၊
နံသားအလိုက် ပန္နက်ရိုက်ပုံလောက်သိရင်
ရပါပြီ။

👉တနင်္ဂနွေသားသမီးအိမ်ဆောက်ရင်...

ကြာသပတေးသားကကြိုးရင်းကိုင်ပြီး သောကြာသားက ကြိုးဖျားကိုင်ရမယ်။

ပန္နက်တံက အင်သား၊ ပန္နက်ရိုက်မဲ့တုတ်က ကံ့ကော်သားဖြစ်ရမယ်။

(စနေသားက ပန္နက်ရိုက်ရမယ်)

👉တနင်္လာသားသမီးအိမ်ဆောက်ရင်...

သောကြာသားကကြိုးရင်းကို ကိုင်ပြီး
စနေသားကကြိုးဖျားကိုင်ရမယ်။
ပန္နက်တံက ကံ့ကော်သား၊ ရိုက်မဲ့တုတ်က
ဇီးသားဖြစ်ရမယ်။

(တနင်္ဂနွေသားက ပန္နက်ရိုက်ရမယ်)

👉အင်္ဂါသားသမီးအိမ်ဆောက်ရင်...

စနေသားက ကြိုးရင်းကိုကိုင်ပြီး
တနင်္ဂနွေသားက ကြိုးဖျားကိုကိုင်ရမယ်။

ပန္နက်တံက ဇီးသား၊ ပန္နက်ရိုက်မဲ့တုတ်က
ဝါးရင်းသားဖြစ်ရမယ်။

(တနင်္လာသားက ပန္နက်ရိုက်ရမယ်)

👉ဗုဒ္ဓဟူးသားသမီးအိမ်ဆောက်ရင်...

တနင်္ဂနွေသားက ကြိုးရင်းကိုကိုင်ပြီး
တနင်္လာသားက ကြိုးဖျားကိုကိုင်ရမယ်။
ပန္နက်တံက ဝါးရင်းသား၊ ပန္နက်ရိုက်မဲ့တုတ်က
သပြေသားဖြစ်ရမယ်။

(အင်္ဂါသားက ပန္နက်ရိုက်ရမယ်)

👉ကြာသပတေးသားသမီးအိမ်ဆောက်ရင်...


တနင်္လာသားက ကြိုးရင်း ကိုင်ပြီး အင်္ဂါသား
က ကြိုးဖျားကိုင်ရမယ်။
ပန္နက်တံက သပြေသား၊ ပန္နက်ရိုက်မဲ့တုတ်က
သိဟိုဠ်သားဖြစ်ရမယ်။

(ဗုဒ္ဓဟူးသားက ပန္နက်ရိုက်ရမယ်)
———————❣️❣️❣️—————

👉သောကြာသားသမီးအိမ်ဆောက်ရင်..
>

အင်္ဂါသားက ကြိုးရင်းကိုင်ပြီး ဗုဒ္ဓဟူးသားက ကြိုးဖျားကိုင်ရမယ်။

ပန်နကျတံက သိဟိုဠျသား၊ ပန်နကျရိုကျမဲ့
တုတ်က ထန်းသားဖြစ်ရမယ်။

(ကြာသပတေးသားက ပန္နက်ရိုက်ရမယ်)

👉စနေသားသမီးအိမ်ဆောက်ရင်...

ဗုဒ္ဓဟူးသားက ကြိုးရင်းကိုင်ပြီး၊
ကြာသပတေးသားက ကြိုးဖျားကိုင်ရမယ်။

ပန္နက်တံက ထန်းသား၊ ပန္နက်ရိုက်မဲ့တုတ်က
အုန်းသား၊ အင်သားဖြစ်ရမယ်။

(သောကြာသားက ပန္နက်ရိုက်ရမယ်)

နေ့နံတွေကွဲသွားတာက အိမ်ဆောက်မဲ့သူရဲ့
နေ့နံကိုမူတည်ပြီး ပဉ္စပွတ်၊ ဆပွတ်၊ အမြစ်၊
အညွန့်ဖြစ်တဲ့ နေ့နံသားနဲ့ ပန္နက်တံ၊
ပန္နက်ရိုက်တုတ်တွေကိုပါရွေးသွားခြင်းပါ။

မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရကတော့
ပန္နက်ရိုက်ရမဲ့နေ့တွေကို ...
သောမနနေ့ရက်တွေဖြစ်တဲ့ ဗုဒ္ဓဟူး၊
ကြာသပတေး၊ သောကြာနေ့တွေဖြစ်ရမယ်။

ရက်ရာဇာ သို့မဟုတ် အမြိတ္တစုတ်ရက်တွေနဲ့
လည်း တိုက်ရမယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

၇ရက်သားသမီးအပေါင်း စီးပွားဥစ္စာဒီရေ
အလားတိုးပွားကြပါစေ။
crd
မူရင်းစာရေးသူ

Crd

စိတ်ကူးထဲက အိမ်လေးကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ Pyi Thit Nan Daw Construction မှ ကျွမ်းကျင် အင်ဂျင်နီယာများကိုယ်တိုင် ဦးစီးပြီး တိကျသေချာစွာ ဆောင်ရွက်ပေးနေတာမို့ အိမ်ဆောက်ချင်တဲ့ မိတ်ဆွေများ အိမ်မက်‌ေတွကို အမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါနော်

ရုံးလိပ်စာ အမှတ်9၊ဇွဲကပင်ကုန်း၊နွယ်သာဂီလမ်း၊ဘားအံမြို့၊ကရင်ပြည်နယ်

 #အိမ်ဆောက်မည်ဆိုလျှင်သိထားသင့်သော #အိမ်ဆောက်ရက်ရွေးနည်းတနင်္ဂနွေ    --  ဒုက္ခဆင်းရဲရောက်တတ်သည်။တနင်္လာ     -- နှစ်လမြော...
15/05/2024

#အိမ်ဆောက်မည်ဆိုလျှင်သိထားသင့်သော

#အိမ်ဆောက်ရက်ရွေးနည်း

တနင်္ဂနွေ -- ဒုက္ခဆင်းရဲရောက်တတ်သည်။
တနင်္လာ -- နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။
အင်္ဂါ -- ဆန်ရေစပါး ပေါများကြွယ်ဝမည်။
ဗုဒ္ဓဟူး -- သုခချမ်းသာရမည်။
ကြာသာပတေး -- ချမ်းသာကြွယ်ဝမည်။
သောကြာ -- သုံးလကြာလျှင် သုခပွားမည်။
စနေ -- သုခချမ်းသာရမည်။

#အိမ်ဆောက်လရွေးနည်း

#တန်ခူးလ -- ချမ်းသာကြွယ်ဝမည်။
#ကဆုန်လ -- ဆန်ရေစပါး ပေါကြွယ်ဝမည်။
#ဝါခေါင်လ -- ဥစ္စာတိုးပွားမည်။
#နတ်တော်လ -- ထင်ပေါ်ကျော်စောမည်။
#ပြာသိုလ -- လူအများချီးမွမ်းမှုရမည်။
#တပေါင်းလ -- ချမ်းသာကြွယ်ဝမည်။
ကျန်(၆)လတွင် အိမ်ဆောက်ပါကပျက်စီးခြင်းများ ကြုံရတတ်သည်။

Crd

စိတ်ကူးထဲက အိမ်လေးကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ Pyi Thit Nan Daw Construction မှ ကျွမ်းကျင် အင်ဂျင်နီယာများကိုယ်တိုင် ဦးစီးပြီး တိကျသေချာစွာ ဆောင်ရွက်ပေးနေတာမို့ အိမ်ဆောက်ချင်တဲ့ မိတ်ဆွေများ အိမ်မက်‌ေတွကို အမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါနော်

ရုံးလိပ်စာ အမှတ်9၊ဇွဲကပင်ကုန်း၊နွယ်သာဂီလမ်း၊ဘားအံမြို့၊ကရင်ပြည်နယ်။

Address

အမှတ်9 ဇွဲကပင်ကုန်း နွယ်သာဂီလမ်း
Hpa-an

Website

Alerts

Be the first to know and let us send you an email when Pyi Thit Nan Daw Construction Co ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyi Thit Nan Daw Construction Co ltd:

Share