13/05/2025
MCB တွေ မဖြုတ်လို့ မီးလောင်ဖူးလား ....
MCB တွေကို ဘယ်လောက် Current ဘယ်အချိန်မှာ Trip ဖြစ်မလဲဆိုတာ တွက်ချက်လို့ရလား ကြိုသိနိုင်မလား ၊
သိနိုင်တာပေါ့ ...Trip Curve ကိုသာ ဖတ်တတ်ရင် ၊ တွက်ချက်တက်ရင် ကြိုပြီးသိ ကြိုပြီးတွက်လို့ ရတာပေါ့
ကျတော်တို့ အစောက ပြောခဲ့ကြတယ် ။
■MCB size / Rating နဲ့ အသုံးချရွေးချယ်ရမည့် Type ကို ဘယ်လို တွက်ချက်ရွေးချယ်ပါသလဲ
■MCB Breaker Size နဲ့ Design Current ကို ဘယ်လို ဆက်စပ်မလဲဆိုတာကို
Design Current ဆိုတာ ဘာလဲ ?
■Design current ဆိုတာ အလွယ်ပြောရရင် လျှပ်စစ်ပစ္စည်းတစ်ခု အတွက် ပြင်ပသက်ရောက်မှု ဘာမှမပါရှိသော ပကတိအနေနဲ့ သက်ဆိုင်ရာ လျှပ်စစ်ပစ္စည်းမှ သတ်မှတ် voltage ပမာဏ တွင် ဆွဲယူသုံးဆွဲမည်ဖြစ်သော လျှပ်စီးကြောင်း ( Current ) ကို ခေါ်ဆိုပါသည်။
ဥပမာ။ ။ 2300 W Water Heater အတွက် Design Current ဆိုပါက
■ P=VI ( Resistive Load ) ဖြစ်၍
■2300 W = 230 V x I
■ I=10 A ( 10 Ampere ) ဖြစ်သည် ။
ထို Heater အတွက် အကာအကွယ်ပြုလုပ်ရန် MCB Size တနည်း In ကို ဘယ်လောက် Current ရွေးရမလဲ။
■ BS 7671 အရဆို Breaker ၏ Rated Current သည် Design Current နှင့် တူညီသော သို့မဟုတ် Design Current ထက် အနီးစပ်ဆုံးပိုကြီးသော (Next Higher Rating ) က်ု ရွေးချယ်ရမည်ဖြစ်ပါသည် ။
■ မိမိ တွက်ချက်ရရှိသော Design Current ပေါ်မူတည်၍ တပ်ဆင်သင့်သော C Type MCB ကို နမူနာ ယူပါက
●10 A အတွက်ဆို MCB C10
●11 A အတွက်ဆို MCB C 16
●15 A အတွက်ဆို MCB C16
●17 A အတွက်ဆို MCB C20 ဟု တွေ့နိုင်ပါသည်။
Breaker Rating should be same or next higher rating of Design Current
MCB size Vs Over current and Earth Fault Current
နမူနာတစ်ခုကို တွေးကြည့်လို့ရအောင်ပါ။
● အကယ်၍ မိမိ အိမ်မှာ Total load တွေကို တွက်ချက်ကြည့်တာ Total Rated Current က 7 A Maximum Load Current ဖြစ်နေတယ်ပေါ့ ။
●ဒီ 7 A Full load current ရှိနေတဲ့ အိမ်အတွက် အကာအကွယ်ပြုဖို့ရာ Protection MCB Rating /size ကို ရွေးချယ်မယ်ဆိုရင် အစောက တွက်လို့ရတဲ့ 7A နှင့် ညီသော ( သို့မဟုတ် ) 7 Ampere ထက် တဆင့်ကြီးသော Breaker Rating ကို ရွေးချယ်ရမှာ ဖြစ်လို့ ( Same or Next Higher Rating For Protection Device အရ ) 7 A ထက်ကြီးသော Breaker size ကို ရွေးချယ်ရာ 10 A ဖြစ်သည်။
■Breaker Type ကို ရွေးချယ်ရာမှာ အသုံးပြုမည့် Load အမျိုးအစားတွင် ( lighting များ ၊ အိမ်သုံးမော်တာများ စသည့် small inductive load တွေပါ၀င်လို့ ) load အမျိုးအစားပေါ်မူတည်၍ Breaker ကို Type C အမျိုးအစား သုံးပါမည်။
■ Type C MCB - C10 ကို သုံးမယ်။
အခု ဒီ Type C MCB C10 က ဘယ်အချိန်ကျ ရင် Overload Current ပမာဏ ဘယ်လောက်နဲ့ ပြုတ်သွားမလဲ ကို သက်ဆိုင်ရာ Standard BSEN 60898 အရ အကိုးကားယူ ကြည့်ကြည့် ရင်
■MCB တွေက မိမိ တပ်ဆင်ထားတဲ့ MCBက 63 A အောက်ဆိုရင် အနိမ့်ဆုံး Overload Tripping အနေနဲ့ သက်ဆိုင်ရာ Breaker Rating ရဲ့ 1.13 Times ကနေ စပြီးမြင်ပါတယ် တနည်း စပြီး ဖြုတ်နိုင်ပါတယ်။ အချိန် ၁ နာရီကျော်တော့ စောင့်ရလိမ့်မယ် အတိကျပြောပြရရင်
■Thermal Trip Release ( BSEN 60898 ) အလုပ်လုပ်ပုံက
The release is initiated by a bimetal strip in the event of overload. The standard defines the range of releases for specific overload values. Reference ambient temperature is 30 °C.
Test current Tripping Time
1.13 x In t ≥ 1 h (In ≤ 63 A)
1.13 x In t ≥ 2 h (In > 63 A)
1.45 x In t < 1 h (In ≤ 63 A)
1.45 x In t < 2 h (In > 63 A)
2.55 x In 1s < t < 60 s (In ≤ 32 A)
2.55 x In 1s < t < 120 s (In >32 A)
Thermal Release က Overload Current ပမာဏ ဖြတ်သန်းစီးဆင်းသွားသော ကြာချိန်နှင့်သာ တိုက်ရိုက် သက်ဆိုင်ပါသည်။
■အထက်ဖော်ပြပါ ဇယားအရ BSEN 60898)
မိမိတပ်ဆင်ထားသော MCB သည် 63 A နှင့် အောက်ဖြစ်ပါက 1.13 In overload ဖြစ်ခြင်းကို
မိမိ MCB Rating ၏ 1.13 ဆ စီးဆင်းနေခြင်းမှ စတင်သိရှိနေပြီး တနည်း Bimetal Bar မှစတင် အပူချိန်စထွက်နေပြီး အချိန် ၁ နာရီနှင့် အထက်တွင် ပြုတ်သွားပါလိမ့်မည်။
■ပြန်ရှင်းရလျှင် Thermal overload ဖြစ်ခြင်းတွင် overload မိမိ Breaker Current rating ၏ 1.13 Current ပိုဆွဲချိန်ကတည်းက Thermal Trip က စတင်သိရှိနေပြီး ( pick up ) လုပ်နေပြီး ထို Overload ဖြစ်ပေါ်ခြင်း 1 နာရီနှင့်အထက်တွင် Thermal Trip က အပူချိန်ကြောင့် ထို Breaker ကို ဖြုတ်ချလိမ့်မယ်။
6 A MCB သည် မူလ 6 A ထက် ပိုမိုသော Current စီးဆင်းလာသည့်
■1.13 Times ဖြစ်သော Overload 6.78 A ကို 1 နာရီနှင့်အထက် ကြာသော် ဖြုတ်ချနိုင်ပြီး
■1.45 Times ဖြစ်သော Overload 8.7 A ကို 1 နာရီအတွင်း ဖြုတ်ချနိုင်ပြီး
■2.55 Times ဖြစ်သော Overload 15.3 A ကို 1 Second မှ 60 seconds အတွင်း ဖြုတ်ချနိုင်ပါလိမ့်မည်။
10 A MCB သည် မူလ 10 A ထက် ပိုမိုသော Current စီးဆင်းလာသည့်
■1.13 Times ဖြစ်သော Overload 11.3 A ကို 1 နာရီနှင့်အထက် ကြာသော် ဖြုတ်ချနိုင်ပြီး
■1.45 Times ဖြစ်သော Overload 14.5A ကို 1 နာရီအတွင်း ဖြုတ်ချနိုင်ပြီး
■2.55 Times ဖြစ်သော Overload 25.5 A ကို 1 Second မှ 60 seconds အတွင်း ဖြုတ်ချနိုင်ပါလိမ့်မည်။
ဆိုတော့ သဘောက Overload Current များလာလေလေ Trip ဖြစ်မည့်အချိန် မြန်လာလေလေ Inverse Definite Minimum Time (IDMT) characteristic ဖြစ်နေသည်ကို တွေ့ရပါမည်။
ဆိုတော့ 7 Ampere Full load Current ( Design Current ရှိနေသော အိမ်အတွကိ C10 ကိုရွေးလိုက်ရင်
C10 က Trip Curve အရ
10 A MCB သည် မူလ 10 A ထက် ပိုမိုသော Current စီးဆင်းလာသည့်
■1.13 Times ဖြစ်သော Overload 11.3 A ကို 1 နာရီနှင့်အထက် ကြာသော် ဖြုတ်ချနိုင်ပြီး ( More than 1 Hour )
■1.45 Times ဖြစ်သော Overload 14.5A ကို 1 နာရီအတွင်း ဖြုတ်ချနိုင်ပြီး ( Within 1 Hour )
■2.55 Times ဖြစ်သော Overload 25.5 A ကို 1 Second မှ 60 seconds အတွင်း ဖြုတ်ချနိုင်ပါလိမ့်မည်။
■Design Current 7 A _ Breaker Current 10 A _ Trip Current 11.3 A More than 1 Hour
■Design Current 7 A _ Breaker Current 10 A _ Trip Current 14.5 A Within 1 Hour
■Design Current 7 A _ Breaker Current 10 A _ Trip Current 25.5 A Less than 1 Sec ~ 60 Sec
အထက်ပါ တွက်ချက်မှုအရ Design Current 7 A ဖြစ်နေသော်လည်း C10 Breaker ကြောင့် မိမိ Rated Current 7 A ၏ ၃ ဆခွဲခန့် များသော Overload Current 25.5 A စီးဆင်းမှသာ Breaker ကို 1 မိနစ် မှ အမြန်ဆုံး 1 စက္ကန့်အတွင်းဖြုတ်ချနိုင်မည်ဖြစ်သည်။
မိမိရွေးချယ်မှုသည် 10 A ထက်ပိုကြီးသော 16 A Breaker ကို ရွေးထားမိပါက အထက်ပါ အခြေအနေတွင်
■Design Current 7 A _ Breaker Current 16 A _ Trip Current 18.08 A More than 1 Hour
■Design Current 7 A _ Breaker Current 16 A _ Trip Current 23.2 A Within 1 Hour
■Design Current 7 A _ Breaker Current 16 A _ Trip Current 40.8 A Less than 1 Sec ~ 60 Sec
အထက်ပါ တွက်ချက်မှုအရ Design Current 7 A ဖြစ်နေသော်လည်း 16 A Breaker ကြောင့် မိမိ Rated Current 7 A ၏ 5.8 ဆခွဲခန့် များသော Overload Current 40.8 A စီးဆင်းမှသာ Breaker ကို 1 မိနစ် မှ အမြန်ဆုံး 1 စကန့်အတွင်းဖြုတ်ချနိုင်မည်ဖြစ်သည်။
ဆိုတော့ 7 A full load Ampere နဲ့ မိမိရွေးချယ်မိတဲ့ Breaker အလိုက် Overload / Overcurrent Trip ဖြစ်မယ့် Ampere ပမာဏ ၊ Trip ဖြစ်ရန် ကြာချိန် ပမာဏကို Trip Curve ကို ကြည့်၍သော်လည်းကောင်း ၊Trip Time ကို တွက်ကြည့်ပြီးတော့ သိနိုင်ပါတယ်။
သေချာတာတစ်ခုက မိမိ Design Current နဲ့ ဝေးကွာလွန်းသော သို့မဟုတ်မိမိ Design Current ထက်အလွန် ကြီးမားလွန်းနေသော Breaker Size ကို ရွေးချယ်မိပါက ထို Breaker ၏ Trip ဖြစ်မည့် Trip Current ပမာဏ ၊ Trip Time သည် မိမိ လိုအပ်သော မိမိတပ်ဆင်ထားသော လျှပ်စစ်ပစည်းများ၏ ခံနိုင်ရည်ရှိမှု ထက်များစွာကျော်လွန်နေပါက မလိုလားအပ်သော မီးလောင်ပျက်စီးမှုများဖြစ်နိုင်ပါသည်။
Magnetic Trip
■Magnetic Trip ကတော့ ဘာနဲ့ တိုက်ရိုက်သက်ဆိုင်လဲဆိုရင် (Long Time / Short Time Overload / Short Circuit )
MCB Trip Type /Trip Curve တွေနဲ့ သက်ဆိုင်ပါတယ် ပြောရရင် ရုတ်ချည်း ရုတ်တရက် ဆွဲလိုက်သော Current ပမာဏတစ်ခု၊ရုတ်တရက် မြင့်တက်လာသော Current ပမာဏတစ်ခုက ဘယ်လောက်ထိ မြင့်တက်လာလဲ ကြာလာလဲဆိုတဲ့ ကြာသွားလည်းဆိုသော အချိန် ( pick up time ) ကို မူတည်ပြီး Tripping Operation က တိုက်ရိုက်အလုပ်လုပ်တာပါ။
■Design Engineer / Installer တွေဘက်က တွေးလာနိုင် မေးလာနိုင်တာက MCB တွေအလုပ် လုပ်နေစဥ်သူ့ကို ဖြတ်သန်းစီးဆင်းနေတဲ့ Current ပမာဏ တစ်ခုက သူ့ရဲ့ Breaker Rated Current ထက်များနေတယ် ။ ဒါပေမယ့် များနေတဲ့ Current က Overload Current ဖြစ်နေတာလား Short Circuit ဖြစ်နေတာလားကို ဘယ်လို သိမလဲ ဘယ်လိုခွဲခြားမလဲ။
ဒါကို ခွဲခြားတာက ဖြစ်ပေါ်လာတဲ့ Current Magnitude နဲ့ ဖြစ်နေသော အချိန်ပါ ( pickup time ) ပါ။
Fault Current Magnitude ပမာဏ တစ်ခုက pick up အချိန်နဲ့အမျှ တဖြည်းဖြည်းတိုးလာတာလား tripဖြစ်ဖို့ အချိန်ယူလား
Fault Current Magnitude ပမာဏ တစ်ခုက pick up က ရုတ်ချည်းအချိန်တို့အတွင်းရုတ်တရက် ချက်ချငိး Trip တန်းဖြစ်တာလား ခွဲလို့ရပါတယ်။
မတူညီသော အခြေအနေက
■Current ပမာဏတစ်ခုက ရုတ်တရက် မဟုတ်ဘဲ အချိန်အတိုင်းအတာအတွင်း ပမာဏ တဖြည်းဖြည်းတက်လာတယ် ကြာတယ်။
Current တစ်ခုက ရုတ်တရက် အချိန်တိုအတွင်း ၂ ဆ ၃ ဆဖြစ်လာတယ် အချိန်ကြာကြာဖြစ်နေတယ်။
ဥပမာ ။ ။ Motor တစ်လုံးမောင်းတယ် ရုတ်တရက် Current ပမာဏ တစ်ခုက ၃ ဆ တက်သွားတယ် အချိန်တစ်ခုအကြာ လျော့သွားတယ် ဆင်းသွားတယ် ၊ သို့မဟုတ် အချိန်တစ်ခုကြာသည့်တိုင်အောင် ဆက်ပြီး စီးဆငိးနေတယ်
Current Magnitude အရ short time လား ၊ Long time Overload ဖြစ်နေတာလားပေါ်မူတည်ပြီး Protection စနစ်က Overload လား ၊ short circuit လား ခွဲခြားသလိုပါဘဲ။
■Magnetic Trip မှာတော့ တိကျတဲ့ Trip Current Range နဲ့ တိကျတဲ့ Tripping Time Range တွေ ရှိနေပါတယ်။ Trip Curve B , C , D
■Breaker Type B ဆိုရင်
o Test Current Tripping Time
o 3 x In 0.1