CECC Ltd- Soil Test Service

CECC Ltd- Soil Test Service Soil Test & Survey Services Ltd

ဂါရဝပြုချိန်အခါသမယ မှာ CECC Ltd မိသားစုများမှ ပူဇော်ကန်တော့ခဲ့သော ပုံရိပ်အချို့
05/10/2025

ဂါရဝပြုချိန်အခါသမယ မှာ CECC Ltd မိသားစုများမှ ပူဇော်ကန်တော့ခဲ့သော ပုံရိပ်အချို့

အိမ်ယာအဆောက်အအုံ တွေဆောက်ဖို့တွေးနေပြီလား?သဘာဝဘေးအန္တရာယ်တွေပေါများနေတဲ့ခေတ်မှာ အရင်လိုပဲ အိမ်တွေ စက်ရုံတွေကို တန်းဆောက်...
24/09/2025

အိမ်ယာအဆောက်အအုံ တွေဆောက်ဖို့တွေးနေပြီလား?
သဘာဝဘေးအန္တရာယ်တွေပေါများနေတဲ့ခေတ်မှာ အရင်လိုပဲ အိမ်တွေ စက်ရုံတွေကို တန်းဆောက်တော့မှာလား?
တစ်သက်တာခိုနားဖို့ အိမ်ယာအဆောက်အုံနဲ့ လူကြီးမင်းတို့ရဲ့ အလုပ်ရုံ၊စက်ရုံတွေ ရေရှည်တည်တံ့ခိုင်မြဖဲစေဖို့ ပထမဦးစွာ soil test လုပ်ဖို့တော့လိုအပ်ပါတယ်။
Soil test လုပ်ခြင်းကြောင့် လူကြီးမင်းတို့ တည်ဆောက်မည့် မြေနေရာရဲ့ မြေအမျိုးအစားနဲ့ ခိုင်ခံ့မှုအား မည်မျှရှိကြောင်းကို သိရှိပြီး အဆောက်အုံရေရှည်တည်တံ့စေရန်တွက်ချက်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
တာဝန်ယူမှု တာဝန်ခံမှုနဲ့အတူ ဝန်ဆောင်မှုအပြည့်အဝပေးနေတဲ့ CECC Ltd ကိုရွေးချယ်အပ်နှံနိုင်ကြောင်း သတင်းကောင်းပေးချင်ပါတယ်။
Soil test လုပ်ဖို့ ရွေးချယ်စရာ CECC Ltdပါ။

အိမ်သုံးဖို့ ပစ္စည်းလေးတွေဝယ်ရင်တောင် quality ကောင်းရဲ့လား?ရေရှည်အသုံးခံရဲ့လား?သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကဘာတွေလဲ?အ...
18/08/2025

အိမ်သုံးဖို့ ပစ္စည်းလေးတွေဝယ်ရင်တောင်
quality ကောင်းရဲ့လား?
ရေရှည်အသုံးခံရဲ့လား?
သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကဘာတွေလဲ?
အဲ့လိုသေချာတွေးပြီး ဝယ်နေတဲ့အချိန်မှာ
ကိုယ့်မိသားစု နဲ့ ကိုယ်ကိုယ်တိုင် အိပ်စက်အနားယူရမယ့် အိမ်ယာအဆောက်အအုံဟာ ရေရှည်ခိုင်ခံ့ပြီး စိတ်ချယုံကြည်စွာနဲ့ နားခိုလို့ရတဲ့နေရာလေးတစ်ခုဖြစ်ဖို့လိုပါတယ်။
အိမ်ထဲမှာ ထည့်ထားတဲ့ အိမ်အလှဆင်ပစ္စည်းတွေ ပရိဘောဂပစ္စည်းတွေ ဘယ်လောက်ကောင်းကောင်း အိမ်လေးကခိုင်ခံ့နေမှ ရေရှည်တည်တံ့နိုင်မှာပါ။
လူကြီးမင်းတို့ရဲ့ အိမ်ယာတိုက်တာအဆောက်အအုံတွေခိုင်ခံ့စေဖို့ အဓိကအကျဆုံးဖြစ်တဲ့ မြေအားစမ်းသပ်မှု( Soil test) လုပ်ဆောင်ပေးဖို့ကိုလည်း သတိရပေးပါ။
သဘာဝဘေးတွေနဲ့ တွေ့ရတဲ့အခါ တုန်လှုပ်မှုနည်းနိုင်သမျှနည်းဖို့ လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ အိမ်ယာအဆောက်အအုံ တွေမဆောက်မီ မြေအားစမ်းသပ်ခြင်း(Soil test) လုပ်ဆောင်လိုပါက CECC Ltd ကို ဆက်သွယ်နိုင်ပါသည်။ လူကြီးမင်းတို့ရဲ့ အိမ်ယာအဆောက်အအုံ တွေရေရှည်တည်တံ့ ခိုင်မြဲဖို့ CECC Ltd (Soil Test Service) မှ တဘက်တလမ်းမှ
ကူညီပါရစေ ။

ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အသင်းသား/သူ ၊ ဝန်ထမ်းဟောင်းများနှင့်မိတ်ဆွေများအား ကျွေးမွေးဧည့်ခံခြင်းအခမ်းအနားကို ညောင်က...
18/08/2025

ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အသင်းသား/သူ ၊ ဝန်ထမ်းဟောင်းများနှင့်မိတ်ဆွေများအား ကျွေးမွေးဧည့်ခံခြင်းအခမ်းအနားကို ညောင်ကန်အေးသာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ါဆိုသင်္ကန်းကပ် #

၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ၁၅.၈.၂၀၂၅ရက်နေ့တွင် CECC Ltd ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်တ...
15/08/2025

၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ၁၅.၈.၂၀၂၅ရက်နေ့တွင် CECC Ltd
ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မှတ်တမ်းပုံရိပ်များ

CECC Ltd ရဲ့လုပ်ငန်းလုပ်ဆောင်နေမှုများဖြစ်ပါတယ်။လူကြီးမင်းတို့ရဲ့ နေအိမ်တိုက်တာ အဆောက်အဦတွေခိုင်ခံ့စေဖို့အတွက်ဆို မြေသာ...
10/08/2025

CECC Ltd ရဲ့လုပ်ငန်းလုပ်ဆောင်နေမှုများဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ နေအိမ်တိုက်တာ အဆောက်အဦတွေခိုင်ခံ့စေဖို့အတွက်ဆို မြေသားစမ်းသပ်မှု (Soil test) လေးတော့ လုပ်ဖို့လိုမယ်နော်။
Soil test လုပ်တာက စျေးများမှာလား?
အဲ့လိုတွေး ရင်မှားသွားမယ်နော် CECC Ltd မှာဆိုရင် မှန်ကန်တဲ့ Quality သင့်တင့်တဲ့စျေးနှုန်းနဲ့ ဆောင်ရွက်ပေးနေပါတယ်။
Soil test လုပ်ဆောင်မယ်ဆိုရင် CECCLtd ကိုဆက်သွယ်နိုင်ပါတယ်နော် ။

Update လေးတွေသိပ်မတင်ဖြစ်လည်း အလုပ်လေးတွေတော့ လက်ခံပြီးဆောင်ရွက်ပေးနေပါတယ်။
06/08/2025

Update လေးတွေသိပ်မတင်ဖြစ်လည်း အလုပ်လေးတွေတော့ လက်ခံပြီးဆောင်ရွက်ပေးနေပါတယ်။

လူနေအိမ်လား စက်ရုံလား ဘာပဲဆောက်ဆောက် မြေသားလေးတော့ စမ်းပြီးဆောက်တော့ ပိုစိတ်ချရတာပေါ့။အပေါ်ယံမြေသားကိုကြည့်ပြီး ဆုံးဖြတ်...
29/07/2025

လူနေအိမ်လား စက်ရုံလား ဘာပဲဆောက်ဆောက် မြေသားလေးတော့ စမ်းပြီးဆောက်တော့ ပိုစိတ်ချရတာပေါ့။
အပေါ်ယံမြေသားကိုကြည့်ပြီး ဆုံးဖြတ်လို့တော့ဘယ်ရပါ့မလဲ အဆောက်အဦလေးတွေလှလှဆောက်ပါ အဆောက်အဦကိုထမ်းပိုးပေးမယ့် မြေသားအခြေအနေကိုလည်း လေ့လာပါ။
တိကျသေချာသိရဖို့တော့ Soil Test လုပ်မယ်ဆိုရင်
CECC Ltd (Soil Test Service)ကိုပဲသတိရလိုက်နော်။
သင့်တင့်တဲ့စျေးနှုန်း မှန်ကန်တဲ့ Quality နဲ့လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာအဆောက်ဦတွေကို ရေရှည်တည်တံ့စေရန်အတွက် CECC Ltd (Soil test team)ကအမြဲရှိနေပါတယ်။

အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားခြင်းနှင့် သိမှတ်ဖွယ်ရာများ  # RC (၁) ထပ်/SS (၁)ထပ်မှ RC (၄)ထပ်/SS (၄)ထပ်ဆောက်လုပ်ခွင့...
23/07/2025

အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားခြင်းနှင့် သိမှတ်ဖွယ်ရာများ

# RC (၁) ထပ်/SS (၁)ထပ်မှ RC (၄)ထပ်/SS (၄)ထပ်ဆောက်လုပ်ခွင့်ပြုမိန့်လျှောက်ထားခြင်း

၁။ လျှောက်ထားခွင့်ရှိသူ

- မြေပိုင်ဆိုင်မှု အထောက်အထားခိုင်လုံမှုရှိသူ

- ဉပဒေနှင့်အညီ မြေအသုံးချခွင့်ခိုင်မာစွာရရှိထားသူ

၂။ လျှောက်ထားရမည့်ဌာန - အဆောက်အအုံနှင့်ကုန်ရုံဌာန

၃။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံချက်များ

# (က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ(G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

(ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

(င) အိမ်ရှင်နှင့်တာဝန်ခံအင်/ယာတို့၏ထွက်ဆိုချက်(၁ စုံ)

(စ) ဘေးပတ်ဝန်းကျင်၏သဘောတူညီချက်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ထောက်ခံချက်

(ဆ) အဆောက်အဦပုံစံA1ဆိုဒ်(၃) စုံနှင့် (Autocad Drawing(၁)စုံ၊ PDF Soft Copy (၁)စုံ)

- Location Plan

- Building Layout Plan

- Floor Plan

- Cross-section (လှေကားအားဖြတ်ဆွဲထားသောပုံ)

- Beam, Column and Foundation Plan

- Elevation (Front, Back, side)

- Structure Design Detail

(ဇ) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ

(ဈ) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့် တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ည) Septic Tank Design (၃)စုံ (A-3)size

- Plan

- Section

- Design Calculation

- လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ဋ) သတင်းစာကြော်ငြာ - (အဆောက်အအုံအမျိုးအစားနှင့်အသုံးပြုရန် ရည်ရွယ်ချက် ပြည့်စုံစွာ ပါဝင်သော သတင်းစာကြော်ငြာ)

(ဌ) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ

(ဍ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

(ဎ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်း

# အဆောက်အအုံဆောက်လုပ်ခွင့်ကို အောက်ပါ အတိုင်းစိစစ်ပါတယ်

၄။ စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်

- အိမ်ဆောက်မိန့်လျှောက်လွှာတွင်ပါရှိသည့် အချက်အလက်များပြည့်စုံပါက အမှုတွဲအားလက်ခံ၍ လိုအပ်သည့်စာရွက်စာတမ်းများပူးတွဲခြင်း

- မြို့နယ်အင်ဂျင်နီယာမှ သက်ဆိုင်ရာအကွက်တာဝန်ခံအင်ဂျင်နီယာများသို့ ကွင်းဆင်း စစ်ဆေးရန် အမှုတွဲများအား ချထားပေးပြီး ပြည့်စုံပါကစစ်ဆေးတွက်ချက်ပြီး အဆင့်ဆင့်တင်ပြခြင်း (သို့မဟုတ်) အကွက်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းစစ်ဆေး၍ ကြိုတင်ဆောက်လုပ်ထားပါက ဒဏ်ကြေးငွေအားတွက်ချက်၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုပါက အိမ်ရှင်ထံသို့ ဒဏ်ကြေး ငွေပေး ဆောင်ရန် အကြောင်းကြားစာပေးပို့ပြီး အိမ်ရှင်မှ ဒဏ်ကြေးငွေ ပေးဆောင်ပြီးပါက အဆင့်ဆင့် တင်ပြခြင်း

- ဌာနမှူးမှ ကော်မတီသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူခြင်း

- ကော်မတီမှခွင့်ပြုသည့်အမှုတွဲများအား ငွေသွင်းရန် လျှောက်ထားသူထံသို့ အကြောင်းကြားခြင်း၊ ငွေသွင်းလက်ခံဆောင်ရွက်ခြင်း၊ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း

# ၅။ အတည်ပြုချက်၊ ခွင့်ပြုချက်ရယူခြင်း

• RC(၁)ထပ်/ SS(၁) ထပ်မှ RC(၃)ထပ်/SS (၃)ထပ်ထိ အဆောက်အဦခွင့်ပြုမိန့်များအား ကော်မတီ ဝင်ထိ အတည်ပြုခွင့်ပြုချက်ရယူခြင်း

# ၆။ ခွင့်ပြုချက်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ်ချက်

• သတ်မှတ်စာရွက်စာတမ်းများပြည့်စုံပြီးအချိန်နှင့် တစ်ပြေးညီကွင်းဆင်းစစ်ဆေးခ ပေးသွင်းပြီးသည် အထိ(၃၀ ရက်)၊ အများဆုံးကြာမြင့်နိုင်သည့်ရက်(၆၀ရက်)

# ၇။ သတ်မှတ်ကာလထက်ကျော်လွန်နိုင်သည့် အကြောင်းအရာများ

• အိမ်ရှင်မှ ကွင်းဆင်းစစ်ဆေးခနှင့် စုပုံခွန်ပေးသွင်းရန် နောက်ကျခြင်း

• ဘေးပတ်ဝန်းကျင်အိမ်များမှ ကန့်ကွက်ခြင်း

• မြေပြင်နှင့်မြေပုံကိုက်ညီမှုမရှိခြင်းအား ပြန်လည်စိစစ်ရခြင်း

• မြေပိုင်ဆိုင်မှု အငြင်းပွား၍ ကန့်ကွက်ခြင်း

• မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးတွင် အမှုမပြီးပြတ်ခြင်း

• သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ စစ်ဆေးပြန်ကြားချက် အချိန်မီမရရှိခြင်း ကြိုဆောက်ထားပါက ကြိုဆောက်ဒဏ်ကြေးမပေးဆောင်ခြင်း

ကိုးကား -

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နည်းဥပဒေများ

မှတ်ချက်၊ နေပြည်တော် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့သည်လည်း အဓိက အချက်များမှာ တူညီပါသည်။

Credit:
ဆရာကြီးမိုးထက်(29.12.2020)

Soil Test Service တွေလက်ခံဆောင်ရွက်ပေးမှုများ
23/07/2025

Soil Test Service တွေလက်ခံဆောင်ရွက်ပေးမှုများ

လူကြီးမင်းတို့အိမ်ယာအဆောက်အဦများ ခိုင်ခန့်စေဖို့ CECC Ltd (Soil test team)က မိုးရွာရွာ နေပူပူ ဘယ်အချိန်မဆို လာရောက်လုပ်...
22/07/2025

လူကြီးမင်းတို့အိမ်ယာအဆောက်အဦများ ခိုင်ခန့်စေဖို့ CECC Ltd (Soil test team)က မိုးရွာရွာ နေပူပူ ဘယ်အချိန်မဆို လာရောက်လုပ်ဆောင်ပေးဖို့အဆင်သင့်ရှိနေပါတယ်။
စျေးနှုန်းလည်းအဆင်ပြေရမယ် quality လည်းမှန်ကန်ရမယ် CECC Ltd နဲ့အားလုံးအဆင်ပြေစေရမယ်နော် 🥰
Soil Test လုပ်မယ်ဆို CECC Ltd ကိုသတိရလိုက်ပါ

အဆောက်အဦးများတွင်မဆောက်မှီကြိုတင်ပြုလုပ်လေ့ရှိသောSoil test ၏အကျိုးကျေးဇူးများ👷‍♂️Soil Test 🏗️.အိမ်တစ်လုံးတည်ဆောက်ရာတွင်...
18/07/2025

အဆောက်အဦးများတွင်မဆောက်မှီကြိုတင်ပြုလုပ်လေ့ရှိသောSoil test ၏အကျိုးကျေးဇူးများ👷‍♂️

Soil Test 🏗️.
အိမ်တစ်လုံးတည်ဆောက်ရာတွင် Soil Test ပြုလုပ်ခြင်းရဲ့ အရေးပါပုံကို Client နားလည်လွယ်အောင် အောက်ပါအတိုင်း ရှင်းပြပေးလိုက်ပါတယ်။
Soil Test ဆိုတာဘာလဲ !?
Soil Test ဆိုတာကတော့ အိမ်ဆောက်မယ့် မြေကြီးရဲ့ အောက်ခံအခြေအနေကို စမ်းသပ်တဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အဲဒီမြေကြီးမှာ ဘယ်လိုအလွှာတွေရှိလဲ၊ ဘယ်လောက်ခိုင်ခံ့လဲ၊ ရေစိမ့်ဝင်မှုနှုန်းက ဘယ်လောက်လဲ စတာတွေကို တိုင်းတာတာပါ။
Soil Test ဘာကြောင့် အရေးကြီးတာလဲ
* အခြေခံအုတ်မြစ် ခိုင်ခံ့စေဖို့:
* အိမ်တစ်လုံးရဲ့ အလေးချိန်ကို ထိန်းထားပေးရတာက အခြေခံအုတ်မြစ်ပါ။ မြေကြီးရဲ့ အခြေအနေကို မသိဘဲ အုတ်မြစ်ချရင် အိမ်ရဲ့ အလေးချိန်ကို မခံနိုင်ဘဲ အက်ကွဲတာတွေ၊ နိမ့်ဆင်းတာတွေ ဖြစ်လာနိုင်ပါတယ်။
* Soil Test ကနေ မြေကြီးရဲ့ ခံနိုင်အားကို သိရတော့ ဘယ်လိုအုတ်မြစ်မျိုး ချသင့်လဲဆိုတာကို အင်ဂျင်နီယာတွေက မှန်ကန်စွာ ဆုံးဖြတ်နိုင်ပါတယ်။
* အန္တရာယ်ကင်းရှင်းစေဖို့:
* မြေသားပျော့တဲ့နေရာတွေ၊ ရေစိမ့်ဝင်မှုများတဲ့ နေရာတွေမှာ အိမ်ဆောက်ရင် မြေပြိုတာ၊ အိမ်နစ်မြုပ်တာ စတဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။
* Soil Test ကနေ အန္တရာယ်ရှိတဲ့ မြေနေရာတွေကို သိရှိနိုင်ပြီး အဲဒီနေရာတွေမှာ ဘယ်လိုကာကွယ်မှုတွေ လုပ်သင့်လဲဆိုတာကို ကြိုတင်စီစဉ်နိုင်ပါတယ်။
* ငွေကုန်ကြေးကျ သက်သာစေဖို့:
* Soil Test မလုပ်ဘဲ အိမ်ဆောက်ရင် နောက်ပိုင်းမှာ ပြုပြင်စရိတ်တွေ အများကြီး ကုန်ကျနိုင်ပါတယ်။
* ကြိုတင် Soil Test လုပ်ထားရင် မလိုအပ်တဲ့ အပိုကုန်ကျစရိတ်တွေကို လျှော့ချနိုင်ပါတယ်။
* အဆောက်အဦးရဲ့ သက်တမ်းကို ရှည်ကြာစေဖို့:
* မှန်ကန်တဲ့ အခြေခံအုတ်မြစ်နဲ့ တည်ဆောက်ထားတဲ့ အိမ်ဟာ ရေရှည်မှာ ခိုင်ခံ့ပြီး အန္တရာယ်ကင်းကင်းနဲ့ နေထိုင်လို့ရမှာဖြစ်ပါတယ်။
Soil Test ကို ဘယ်လိုလုပ်ဆောင်လဲ
* ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေက မြေကြီးထဲကို အပေါက်ဖောက်ပြီး မြေနမူနာတွေကို ယူပါတယ်။
* အဲဒီမြေနမူနာတွေကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ပြီး မြေကြီးရဲ့ ဂုဏ်သတ္တိတွေကို တိုင်းတာပါတယ်။
* ရလာတဲ့ အချက်အလက်တွေကို အခြေခံပြီး အင်ဂျင်နီယာတွေက အစီရင်ခံစာ ရေးသားပြီး အိမ်ဆောက်ဖို့ သင့်တော်တဲ့ အုတ်မြစ်အမျိုးအစားနဲ့ တည်ဆောက်ပုံတွေကို အကြံပြုပါတယ်။
ဒါကြောင့် အိမ်ဆောက်ဖို့ မြေနေရာတစ်ခုကို ရွေးချယ်ပြီးပြီဆိုရင် Soil Test ကို မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင်တို့ရဲ့ အိမ်ဟာ ရေရှည်တည်တံ့ခိုင်မြဲပြီး ဘေးကင်းလုံခြုံတဲ့ အိမ်တစ်လုံး ဖြစ်လာမှာပါ🤗။

Crd to owner

Address

V3QV+J39, Unnamed Road, Yangon
Insein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595404572

Website

Alerts

Be the first to know and let us send you an email when CECC Ltd- Soil Test Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CECC Ltd- Soil Test Service:

Share