Myanmar SBM Construction Co.,Ltd

Myanmar SBM Construction Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar SBM Construction Co.,Ltd, Construction Company, No. (37/43) Ground Floor, Koon Chan (1) Street, Kamaryut Township, Ygn, Kamayut.

✅ အဆောက်အဦးတစ်ခု ဆောက်လုပ်လျှင် မဖြစ်မနေ အသုံးပြုရမည့်  ☑️☑️ အုတ်အမျိုးအစားများ☑️☑️ဆောက်လုပ်ရေးလုပ်ငန်းများ သာမက မိမိအိမ...
17/04/2023

✅ အဆောက်အဦးတစ်ခု ဆောက်လုပ်လျှင် မဖြစ်မနေ အသုံးပြုရမည့်
☑️☑️ အုတ်အမျိုးအစားများ☑️☑️

ဆောက်လုပ်ရေးလုပ်ငန်းများ သာမက မိမိအိမ်ဆောက်လုပ်သောအခါတွင်လည်း ရွေးချယ်နိုင်ရန်အတွက် အုတ်အမျိုးအစား (၉) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၁။ သာမာန်ရိုးရိုးအုတ်
*********************
သာမန်အဆောက်အအုံများတွင် သုံးသောရိုးရိုးအုတ်များကို မြန်မာနိုင်ငံအနှံ့အပြားမှာတွေ့ရှိနိုင်ပါတယ်။ လယ်ကွက်အတွင်းမှတူးဖော်ရရှိကာ မြေစေးတို့ဖြင့် ပြုလုပ်ထားပြီး အရပ်ဒေသလိုက်၍ အုတ်ပုံစံနှင့်အရွယ်အစားအနည်းငယ်ပြောင်းလဲမှု ရှိနိုင်ပါတယ်။

အုတ်ချပ်မျက်နှာပြင်တစ်ဖက်တွင် ချိုင့်ခွက်များပါရှိတတ်သောကြောင့် အုတ်ချပ်ကိုကိုင်တွယ်ရာမှာ လွယ်ကူပေ့ါပါးစေသည့်အပြင် အုတ်တစ်ချပ်နှင့်တစ်ချပ်အကြားရှိ အင်္ဂတေဆက်ကြောင်းများကို ပိုမိုဆက်စပ်ခိုင်မြဲစေနိုင်ပါတယ်။ အုတ်နံရံများစီသောအခါ ချိုင့်ခွက်ကလေးများပါသော အုတ်မျက်နှာပြင်ကိုအပေါ်မှထား၍စီရပါမည်။


၂။ မီးခံအုတ်
************
မီးခံအုတ်ကို မီးအပူဒဏ်ခံနိုင်သောရွှံ့စေးမြေတစ်မျိုးမှထုတ်ယူရရှိကာ မြေစေးတွင် သဲကျောက် ၅၅ ရာခိုင်နှုန်းမှ ၇၇ ရာခိုင်နှုန်းနှင့် အလျူမီနာ ၂၂ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ ပါဝင်ပြီးအပူရှိန် 1400 ံC တိုင်အောင်မီးဖုတ်ပေးခြင်းဖြင့် မီးခံအုတ်များကို ရရှိနိုင်ပါတယ်။

မီးအပူရှိန် 2000 ံC အထိခံနိုင်သော အုတ်ကိုရရှိလျှင် သဲကျောက်မှုန့် ၉၅ ရာခိုင်နှုှန်းမှ ၉၇ ရာခိုင်နှုှန်းနှင့် ထုံးတို့ကို ရောစပ်ကာ ဖိနှိပ်သွင်းခြင်းဖြင့် မီးခံအုတ်များကို ရရှိနိုင်ပါတယ်။

မီးခံအုတ်များကိုဘွိုင်လာအိုး၏ အောက်ခံခုံများ၊ မီးဖိုများနှင့် အခြားအပူဒဏ်ခံရန်လိုအပ်သောနေရာများတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။


၃။ ကြွေရည်သုတ်အုတ်
**********************
မီးခံသည့် မြေစေးတစ်မျိုးအား ပုံသွင်းကာ သင့်တော်သော ကြွေရည်သုတ် သို့မဟုတ် ချော်ရည်များ သုတ်လိမ်း၍ မီးဖုတ်ခြင်းဖြင့် ရရှိပါတယ်။ ယင်းအုတ်များက ရေတိုက်စားခြင်း၊ အက်ဆစ်များ ထိတွေ့ခြင်းတို့မှ ကာကွယ်ရန်နှင့် မျက်နှာပြင်ချောမွေ့ လှပစေရန် glazing ပြုလုပ်ပေးရပါတယ်။

Glazing ပြုလုပ်နည်း (၃) မျိုးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

(က) Natural Glazing : အုတ်များကို အပူချိန်များစွာ ပေးလိုက်သောအခါ ရွှံ့စေးမှုန့်များ တစ်ခုနှင့်တစ်ခု အရည်ပျော် ပေါင်းစပ်သွားခြင်းဖြင့် ရရှိပါတယ်။

(ခ) Common Salt Glazing : အုတ်များဖုတ်သောအခါ ရိုးရိုးဆားကို အုတ်များပေါ်သို့ ပက်ဖျန်းပေးခြင်းဖြင့် အုတ်မျက်နှာပြင်ပေါ်တွင် ဓာတ်ပြုကာ ဖြစ်ပေါ်လာ၍ ချောမွတ်သော အုတ်များကို ရရှိပါတယ်။

(ဂ) Glazing with Special Solution : မိမိအလိုရှိရာအရောင်နှင့် ကြွေရည်များကို မီးမဖုတ်မီ သုတ်လိမ်း၍ မီးဖုတ်ခြင်းဖြင့်လည်း လှပပြီး အရောင်အမျိုးမျိုးရှိသော အုတ်များကို ရရှိပါတယ်။


၄။ အင်ဂျင်နီယာသုံးအုတ်
***********************
မီးအပူဒဏ်ပြင်းစွာ ခံနိုင်သည့် မြေစေးမျိုးကို ကျစ်လစ်သိပ်သည်းအောင် ပုံစံသွင်းယူကာ မီးဖုတ်ခြင်းဖြင့် ရရှိပြီး အုတ်အရောင်မှာ အနည်းငယ် ပြာ၍ ရေမစုပ်နိုင်သည့်အပြင် အလွန်မာကျောသော အုတ်တစ်မျိုးဖြစ်ပါတယ်။

ထိုအုတ်များကို တံတားအောက်ခံတိုင်များ၊ သင်္ဘောဆိပ်ခံတိုင်ကြီးများနှင့် အခြားအလေးဝန်ခံနေရသော နေရာများတွင် အသုံးပြုကြတာများပါတယ်။


၅။အပေါက်ကလေးများပါသောအုတ်
**********************************
ပုံစံသွန်းလောင်းပြီး ရွှံ့စေးကို 3/8″ မှ 5/8″ အချင်းရှိသည့် အပေါက်ကလေးများ (အနည်းဆုံး ၁၀ပေါက်မှ အများဆုံးအထိ) ဖောက်၍ မီးဖုတ်ခြင်းဖြင့် ရရှိသော အုတ်တစ်မျိုး ဖြစ်ပါတယ်။

ထိုအုတ်များဟာ ရွှံ့စေးအကုန်သက်သာခြင်း၊ အခြောက်လှန်းရာ၌ လည်းကောင်း၊ မီးဖုတ်ရာ၌ လည်းကောင်း လွယ်ကူလျင်မြန်ခြင်း၊ အလေးချိန်ပေါ့ပါး၍ အကုန်အကျသက်သာခြင်း၊ အုတ်တစ်ချပ်နှင့်တစ်ချပ်အကြား အင်္ဂတေ ကောင်းမွန်စွာ စွဲမြဲခိုင်မာစေခြင်း စသော အကျိုးကျေးဇူးများကြောင့်များစွာ ထုတ်လုပ် အသုံးပြုလျက်ရှိပါတယ်။


၆။ခေါင်းပွအုတ်
**************
အုတ်များကို သာမန်အုတ်များ ပြုလုပ်သည့် မြေစေးမျိုးနှင့်ပင် ပြုလုပ်နိုင်ပါတယ်။ ရွှံ့စေးထဲ၌ ခဲလုံးကလေးများ မပါစေရန် အထူးဂရုပြုကာ ပုံသွင်းရာ၌ ရွှံ့စေးတွင် လေများ မခိုအောင်းစေရန် လေစုပ်ယူနိုင်သည့် လွန်စက်များဖြင့် ပုံသွင်းကာ သင့်လျော်သည့် အပေါက်များပါသောအုတ်ကို ဖိနှိပ်ပုံသွင်းယူပြီး မီးဖုတ်ခြင်းဖြင့် ခေါင်းပွအုတ်များ ရရှိနိုင်ပါတယ်။

အုတ်များကို အသုံးပြုခြင်းဖြင့်နံရံ အလေးချိန် ပေါ့ပါးခြင်း၊ အပူအအေးမျှတခြင်း၊ စွတ်စိုထိုင်းမှိုင်းခြင်းမှ ကာကွယ်ခြင်း၊ အသံလုံခြင်း စသောအကျိုးကျေးဇူးများကို ရနိုင်ပါတယ်။


၇။ ပေါ့ပါး၍ ပွသောအုတ်
************************
အုတ်များမှာ မြေစေးတစ်မျိုးသော်လည်းကောင်း၊ မီးလောင်ကျွမ်းသွားသည့် လွှစာ၊ စပါးခွံ၊ မီသွေးမှုန့် စသည့် ပစ္စည်းများကို မြေစေးနှင့် ရောစပ်၍လည်းကောင်း မီးဖုတ်ခြင်းဖြင့် ရရှိပါတယ်။ ထိုအုတ်များကို ယာယီအုတ်စီခြင်း လုပ်ငန်းနေရာမျိုးတွင် အသုံးပြုလျက်ရှိပါတယ်။


၈။ဘိလပ်မြေနှင့် ရောစပ်သောအုတ်
*********************************
သဲများသော မြေမျိုးတွင် ဘိလပ်မြေ ၅ ရာခိုင်နူန်းထက် မနည်းရော၍ ဖိနှိပ်စက်ဖြင့် ပုံသွင်းယူကာ ထိုအုတ်မျိုးကို မီးမဖုတ်ရပဲ အချိန် ၂ပတ်ကြာမျှ အဝတ်စိုများ အုပ်ထားခြင်းဖြင့် ဘိလပ်မြေအိပ်ပြီး မာကျောလာကာ ရရှိလာခြင်း ဖြစ်ပါတယ်။ အတွင်းနံရံများကို အုတ်စီရာတွင် အသုံးပြုပါတယ်။


၉။ သဲနှင့် ထုံးရောစပ်သောအုတ်
******************************
သန့်ရှင်းသောသဲတွင် လတ်ဆတ်သည့်ထုံး ၁၀ ရာခိုင်နှုန်းကို သမအောင် ရောစပ်ပြီး အားကောင်းသော ဖိနှိပ်စက်ဖြင့် ပုံသွင်းယူကာ ခိုင်မာလာစေရန် ပေါင်းအိုးတွင် 100 to 200 Ibs/sq-in အင်အားရှိသည့် ရေငွေ့ဖြင့် ၃ နာရီခန့်ထားရပါမည်။ အဆောက်အုံအတွင်း နံရံများကို အုတ်စီရာတွင် အသုံးပြုပါတယ်။

to original writer

 #အုတ်စီနည်း   #တွက်နည်း"အုတ်စီရာတွင် ဘိလပ် မြေနှင့် အုတ်ကုန်ကျတာလေးတွေကို ဝါသနာပါတဲ့ စိတ်ဝင်စားသူ များအတွက် ပြန်တင်ပေးတ...
17/04/2023

#အုတ်စီနည်း #တွက်နည်း"

အုတ်စီရာတွင် ဘိလပ် မြေနှင့် အုတ်ကုန်ကျတာလေးတွေကို ဝါသနာပါတဲ့ စိတ်ဝင်စားသူ များအတွက် ပြန်တင်ပေးတာပါ။

၉'' လက်မ အုတ်ရှိးစီရာတွင် (၁၀၁၀) ပတ်လည် တစ်ကျင်း စီရာတွင် အုတ်အလုံးရေ = ၁၀၄၀ ခဲ

အလျား = ၂၆ ခဲ
အနံ = ၄၉ ခဲ

၂၆၄၀ = ၁၀၄၀ ခဲ ကုန်ပါတယ်။ (၄''လက်မခွဲ ) အုတ်စီရာတွင် ကုန်ကျ နည်းပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်။
(၁၀၁၀) ပတ်လည် ၄''လက်မခွဲ အုတ်စီရာတွင် အလျား....=၁၃ခဲ ၅မူး ၅မူးဆိုတာကတော့ အုတ်တစ်လုံးကို တစ်ကျပ်လို့ သဘောထားပြီး တစ်ကျပ် ရဲ နှစ်ပိုင်း တစ်ပိုင်းကို ၅မူးလို့ သက်မှတ်ပါတယ်။

အနံ (မြင့်) ၄၀ ခဲ
၁၃/၅၄၀ = ၅၄၀ ကုန်ပါတယ်။

၉'' လက်မအုတ် ရိုးနစ်ကျင်းစီရာတွင် ဘိလပ်မြေ ၁၄ အချိုး ၆ အိပ် ကုန်ပါတယ်။
၄''လက်မခွဲ တစ်ကျင်း အုတ်စီရာတွင် ၁၄ အချိုး ဘိလပ်မြေ ၂အိပ်နှစ်အိပ်တစ်ပိုင်း ကုန်ပါတယ်။

၉'' လက်မအုတ် ရိုးစိရာတွင် အလွှားမထက်ရာအောင် 'စုံ,မ ခွဲခြားစီတတ်ဖို့လိုပါတယ်။ ဒါမှ ဒမ် နှစ်လွှား = စုံနစ်လွှား ထပ်မှာမဟုတ်ပါ။
၃-၅-၇-၉ မ, ဂဏန်း များတွင် ဒမ်စီပြီးသွားရရပါမည်။
၂-၄-၆-၈,စုံ ဂဏန်း များတွင် အကွက်ဖော်ပြီးစီးသွားရပါမည်။
အုတ်တွေကြားမှာ မာဆလာ ၅ မူး ပုံမှန်ရှိရပါမည်။ ဒါမှခိုင်ခန့်ပြီးကြည့်လိုက်ရုံနှင့် အမြင်ကောင်းကောင်းရှိပါသည် နောက်ပြီး ဂျပန်ကွက် တရုပ်ကွက်လို့ အကွက်ရိုက်ကြတာ နှစ်မျိုးခွဲခြားထားပါတယ်။ ဂျပန် ကွက်တွင် အလျား ၂ခဲ အနံ၂ခဲ ပုံမှန် သွားရပါသည်။

တရုပ်ကွက်တွင် အဲလိုမဟုတ်တော့ပါ အလျား ၂ ခဲ အနံ ၁ခဲဖြစ်ပါတယ် ခိုင်ခံနိုင်ခြင်းကတော့ ဂျပန်ကွက် နှင့် စီသွားပြီး

အလျား ၂ ခဲ
အနံ ၂ခဲ စီရင်ပိုခိုင်ပာတယ်။

ပညာဆက်လက်မျှဝေပေးနိုင်သည်။

to original writer

Address

No. (37/43) Ground Floor, Koon Chan (1) Street, Kamaryut Township, Ygn
Kamayut

Telephone

+959424466386

Website

Alerts

Be the first to know and let us send you an email when Myanmar SBM Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share