Myanmar Shwe Pinlon Construction

Myanmar Shwe Pinlon Construction One of the leading construction companies especially for luxurious private residences in Myanmar.

Specialized in construction works for luxurious residential buildings, office renovations, apartment and condominium Interior Decorations, and customized furniture installations

ဝန်ထမ်းခေါ်ယူခြင်းကြေညာချက် (Code No. MSPL/ QS 2623)​၁။ ခန့်ထားလိုသည့်ရာထူးSenior/​Junior QS Engineer (2) ဦး (Female)​၂။...
13/05/2026

ဝန်ထမ်းခေါ်ယူခြင်းကြေညာချက်
(Code No. MSPL/ QS 2623)

​၁။ ခန့်ထားလိုသည့်ရာထူး

Senior/​Junior QS Engineer (2) ဦး (Female)

​၂။ ပညာအရည်အချင်း

​AGTI (Civil) / B.Tech (Civil) / B.E (Civil)

​၃။ တာဝန်ထမ်းဆောင်ရမည့်ဒေသ

​ရန်ကုန်မြို့ (နယ်ဝေးသွားရန်မလိုအပ်ပါ။)

​၄။ လုပ်ငန်းအတွေ့အကြုံလိုအပ်ချက်

​QS Engineer အဖြစ် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။

​Interior Decoration လုပ်ငန်းအတွေ့အကြုံရှိသူများအား ဦးစားပေးပါမည်။

​AutoCAD, Excel, Word, Email ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။

​Site အတွင်းအသုံးပြုသော Materials တို့ကိုစစ်ဆေး၍ BQ နှင့်စစ်ဆေးရမည်။

​လုပ်ငန်းလိုအပ်ချက်အရ ရန်ကုန်မြို့တွင်း Site Survey နှင့် Site Inspection သွားလာနိုင်သူဖြစ်ရမည်။

​၅။ လစာနှင့်အခြားခံစားခွင့်များ

​ညှိနှိုင်း (Expected Salary ဖော်ပြလျှောက်ထားရန်)

​အထွေထွေဖော်ပြချက်

​အစမ်းခန့်ကာလ: အနည်းဆုံး (၁) လ ရှိပါမည်။

​ရုံးဖွင့်ရက်: Monday To Saturday (9:00 AM to 5:30 PM)

​ရုံးပိတ်ရက်: Sunday & Public Holidays

​CV Form ပို့ရန်: Email – [email protected]

​Myanmar Shwe Pinlon Co.,Ltd
(MSPL CONSTRUCTION)
​Address: Building(A), Room No. 411, Hnin Si Street, Highway Complex, Kamaryut Township, Yangon.
Tel: 09 259302966, 09 5140061, 09 5056066
Email: [email protected]

09/05/2026

1st floor slab concrete casting work finished 👷👷👷

09/05/2026

1st floor slab concrete casting work finished.

#မြန်မာရွှေပင်လုံဆောက်လုပ်ရေး



မင်္ဂလာပါရှင့်🙏🙏🙏မင်္ဂလာဆိုသည်မှာ လိုအင်ဆန္ဒအားလုံးကို ပြည့်စုံစေတတ်သော အကြောင်းတရား၊ ကြီးပွားတိုးတက်စေသောအရာအားလုံးကို ...
09/05/2026

မင်္ဂလာပါရှင့်🙏🙏🙏

မင်္ဂလာဆိုသည်မှာ လိုအင်ဆန္ဒအားလုံးကို
ပြည့်စုံစေတတ်သော အကြောင်းတရား၊
ကြီးပွားတိုးတက်စေသောအရာအားလုံးကို
ပြည့်စုံစေတတ်သော အကြောင်းတရား၊
လူချမ်းသာ၊နတ်ချမ်းသာ စည်းစိမ်ချမ်းသာ
အားလုံးကိုပြည့်စုံစေတတ်သော အကြောင်းတရားတွေကို မင်္ဂလာဟု ခေါ်သည့်အတွက်
မိတ်ဆွေအပေါင်းတို့အား မင်္ဂလာပါ လို့ ဂါရဝပြုနှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင့်🤗🤗🤗

ယနေ့ မေလ ၉ ရက်နေ့ ၊၂၀၂၆ ခုနှစ်
မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမကြီး၊
ကင်းမလင်းရွာမှာ တည်ဆောက်လျက်ရှိတဲ့
Two Storyed RC Luxury Residence Project မှာပထမထပ် ကြမ်းခင်းကွန်ကရစ်လောင်းခြင်းလုပ်ငန်း 1st floor slab concrete casting work ဆောင်ရွက်မှာဘဲဖြစ်ပါတယ်ရှင့်။

ပုံမှန်အားဖြင့်
Batching Plant ကနေ
Ready Mixed Concrete ကို AG ကားကြီးများဖြင့်သယ်ယူ Boom Pump/Station Pump များဖြင့်သွန်းလောင်းလေ့ရှိပါတယ်။

Location အရ
ကားအဝင်အထွက်လမ်း ကျဉ်းမြောင်းခြင်း၊
လမ်းမြေသားကျွံကျနိုင်ခြင်း၊
လမ်းမကြီးမှ site တည်နေရာသို့ Boom pump တွန်းနိုင်သည့်အကွာအဝေးထက်ကျော်လွန်နေသဖြင့် အဆင်မပြေခြင်းစသည့်အချက်တွေကြောင့်
Site Mixed Concrete casting work နည်းလမ်း
ကိုဘဲရွေးချယ်ကာ Sikamat9 chemical ထည့်သွင်းအသုံးပြုဆောင်ရွက်မှာဖြစ်ပါတယ်ရှင့်။

ပေးရတဲ့ငွေကြေးနဲ့
ထိုက်တန်တဲ့အရည်အသွေးကိုလိုချင်ရင်တော့
မြန်မာရွှေပင်လုံဆောက်လုပ်ရေးကုမ္ပဏီကို
ဆက်သွယ်ဖို့ မမေ့ပါရှင့်👷👷👷

ကမာရွတ်မြို့နယ်
Highway Complex အိမ်ရာဝန်း
Room No.411
Building A
နှင်းဆီလမ်း မှာရှိတဲ့
မြန်မာရွှေပင်လုံဆောက်လုပ်ရေးကုမ္ပဏီ
MSPL CONSTRUCTION ရုံးခန်း။
ဖုန်းနံပါတ်
09443556666
095056066
09259302966
[email protected]
ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။

#မြန်မာရွှေပင်လုံဆောက်လုပ်ရေး




မင်္ဂလာပါရှင့်🙏🙏🙏မင်္ဂလာဆိုသည်မှာ လိုအင်ဆန္ဒအားလုံးကို ပြည့်စုံစေတတ်သော အကြောင်းတရား၊ ကြီးပွားတိုးတက်စေသောအရာအားလုံးကို ...
02/05/2026

မင်္ဂလာပါရှင့်🙏🙏🙏

မင်္ဂလာဆိုသည်မှာ လိုအင်ဆန္ဒအားလုံးကို
ပြည့်စုံစေတတ်သော အကြောင်းတရား၊
ကြီးပွားတိုးတက်စေသောအရာအားလုံးကို
ပြည့်စုံစေတတ်သော အကြောင်းတရား၊
လူချမ်းသာ၊နတ်ချမ်းသာ စည်းစိမ်ချမ်းသာ
အားလုံးကိုပြည့်စုံစေတတ်သော အကြောင်းတရားတွေကို မင်္ဂလာဟု ခေါ်သည့်အတွက်
မိတ်ဆွေအပေါင်းတို့အား မင်္ဂလာပါ လို့ ဂါရဝပြုနှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင့်။

ဒီပုံလေးတွေကတော့
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ
ဝင့်ကြွားစွာပေါ်ထွက်လာမဲ့ Gold and Jewelry Emporium အဆောက်အဦသစ်ကြီးအတွက် Architecture design အပြီးသတ်ဆောင်ရွက်နိုင်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်ရှင့်။

မြန်မာရွှေပင်လုံဆောက်လုပ်ရေး
MSPL CONSTRUCTION အနေနဲ့
ယခင်ကလည်း ရန်ကုန်မြို့နှင့် တောင်တွင်းကြီးမြို့တို့မှာလည်း ရွှေဆိုင်အဆောက်အဦသစ်များတည်ဆောက်ခြင်းနှင့် Gold& Jewelry shops Renovation Project ပေါင်းများစွာလုပ်ဆောင်ခဲ့ခြင်း စတဲ့အတွေ့အကြုံများရှိပြီးဖြစ်တာကြောင့်
အခု Minhla Gold and Jewelry Emporium project ကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိထားပါတယ်ရှင့်👷👷👷

မြန်မာရွှေပင်လုံအနေနဲ့
အဆင့်မြင့်လုံးချင်းနေအိမ်များတည်ဆောက်ခြင်း၊ Renovationsပြုလုပ်ခြင်း၊ Interior Decorations လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကွန်ဒိုတိုက်ခန်းများ အဆင့်မြင့်ပြုပြင်မွမ်းမံအလှဆင်ခြင်း၊ Showroom များ၊ ဆိုင်ခန်းများ တည်ဆောက်ပြုပြင်မွမ်းမံအလှဆင်ခြင်း၊ Steel Structure Warehouse Project များအား တာဝန်ယူဆောင်ရွက်ခြင်း၊ ကလော၊ တောင်ကြီး စတဲ့ ဒေသတွေမှာ လုံးချင်းအိမ်၊ vocational home များတည်ဆောက်ခြင်း၊ မန္တလေး၊ ပြင်ဦးလွင်စတဲ့မြို့များမှာ လုံးချင်းအိမ်များတည်ဆောက်ခြင်း စတဲ့လုပ်ငန်းတွေကို အရှိန်အဟုန်မပျက် တာဝန်ယူတည်ဆောက်လျက်ရှိပါတယ်ရှင့်။

ဆက်သွယ်နိုင်မဲ့လိပ်စာကတော့

ကမာရွတ်မြို့နယ်
Highway Complex အိမ်ရာဝန်း
Room No.411၊
Building A၊
နှင်းဆီလမ်း မှာရှိတဲ့
မြန်မာရွှေပင်လုံဆောက်လုပ်ရေးကုမ္ပဏီ
MSPL CONSTRUCTION ရုံးခန်း။

ဖုန်းနံပါတ်
09443556666
095056066
09259302966
[email protected]
ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။

#မြန်မာရွှေပင်လုံဆောက်လုပ်ရေး




ဒီလို vinyl signboard အသစ်တွေ အမြဲမပြတ်စိုက်ထူနိုင်ဖို့ဆိုတာ အခုချိန်အခါမျိုး ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေ အင်နဲ့အားနဲ့ ငွ...
03/03/2026

ဒီလို vinyl signboard အသစ်တွေ
အမြဲမပြတ်စိုက်ထူနိုင်ဖို့ဆိုတာ
အခုချိန်အခါမျိုး ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေ
အင်နဲ့အားနဲ့ ငွေအားလူအား ကြေငြာအားကောင်းကောင်းနဲ့ လှုပ်ရှားတိုးဝင်နေကြတဲ့ခေတ်ကြီးမှာ မြန်မာရွှေပင်လုံအတွက် လွယ်ကူလှတဲ့အလုပ်တော့မဟုတ်ပါဘူး။

အဓိကက
တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝရှိတဲ့
စိတ်မွေးရပါတယ်။
စေတနာထားဆောင်ရွက်ရပါတယ်။
လုပ်ငန်းကျွမ်းကျင်မှု ရှိရပါတယ်။
ရေရှည်ရပ်တည်ချင်တဲ့ခံယူချက် ရှိရပါတယ်။
ကိုယ်ချင်းစာနာစိတ်ရှိရပါတယ်။

နောက်ဆုံးအချက်ကတော့
" အကောင်းဆုံးဖြစ်အောင်လုပ်မယ်" ဆိုတဲ့
စိတ်ဓာတ်ခွန်အားပြည့်နေဖို့ပါဘဲ။

မိတ်ဆွေအားလုံး
ယနေ့ တနေ့တာအမောများ ပြေပျောက်၍
တညတာ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်
ကြပါစေရှင့်🤗🤗🤗

မင်္ဂလာဆိုသည်မှာ လိုလားတောင့်တချက်အားလုံးကို ပြည့်စုံစေတတ်သော အကြောင်းတရား၊ ကြီးပွားတိုးတက်မှုအားလုံးကို ပြည့်စုံစေတတ်သေ...
02/03/2026

မင်္ဂလာဆိုသည်မှာ
လိုလားတောင့်တချက်အားလုံးကို
ပြည့်စုံစေတတ်သော အကြောင်းတရား၊
ကြီးပွားတိုးတက်မှုအားလုံးကို ပြည့်စုံစေတတ်သော အကြောင်းတရား၊
လူချမ်းသာ၊ နတ်ချမ်းသာ၊ စည်းစိမ်ချမ်းသာ အားလုံးကို ပြီးစီးစေတတ်သော အကြောင်းတရားတွေအားလုံးကို မင်္ဂလာဟု သတ်မှတ်သည့်အတွက်
မင်္ဂလာပါ လို့ အရင်နှုတ်ခွန်းဆက်ပါရစေရှင့်
🙏🙏🙏

အလုပ်နည်းနည်းများနေလို့
Post လေးတွေမတင်ဖြစ်တာ
နည်းနည်းကြာသွားပြီရှင့်။

တောင်းပန်ပါတယ်🤗🤗🤗

ဒီရက်ပိုင်း
လှုပ်ခတ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာမငြိမ်မသက်မှုတွေကြောင့် တချို့ကုန်ကြမ်းပစ္စည်းတွေ
ဈေးတက်လာဖွယ်ရှိပါတယ်။

မြန်မာရွှေပင်လုံအနေနဲ့
Project အသစ်တွေအတွက်ရယ်
လက်ရှိဆောင်ရွက်နေတဲ့ Projects တွေအတွက်ရယ်
ကုန်ကြမ်းပစ္စည်းတွေတက်ဈေးမမိဖို့နဲ့ ပြတ်လပ်မှု
မရှိဖို့အတွက် အများကြီးကြိုတင်ပြင်ဆင်ထားပါတယ်။

Ready Mixed Concrete AG ဈေးတွေကတော့
Chemical ရရှိမှုအခက်အခဲနဲ့ မြစ်‌ကျောက်‌ဈေးအပြောင်းအလဲတွေကြောင့်တရိပ်ရိပ်တက်နေသလို
မြစ်ကျောက်ဈေးတွေလည်း ကြီးမြင့်လာနေပါတယ်။ မြစ်ကျောက်ဆိုရင် ပစ္စည်းကောင်းရဖို့အတွက်‌ ကြိုးစားရတဲ့အခြေအနေပါ။

လက်ရှိအထိတော့
ဘိလပ်မြေနဲ့ သံချောင်းဈေးကတော့
သိသိသာသာပြောင်းလဲခြင်းမရှိသေးပါဘူး။

ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ်
မြန်မာရွှေပင်လုံအဖွဲ့သားတွေအနေနဲ့ကတော့
တာဝန်ယူမှု
တာဝန်ခံမှုအပြည့်နဲ့
မိမိတို့ရဲ့သမိုင်းကြောင်းကောင်းတွေ
ပုံရိပ်ကောင်းတွေကို ဆက်လက်ထိန်းသိမ်း
မြှင့်တင်နိုင်ဖို့ မဆုတ်မနစ်ကြိုးစားသွားမှာဘဲ
ဖြစ်ပါတယ်။

Project အသစ်တွေအတွက်ရော
Office ပိုင်းအတွက်လည်း
လက်တွဲဆောင်ရွက်မဲ့ partner ကောင်းတွေ
လိုအပ်နေတာဖြစ်လို့ စိတ်ဝင်စားရင်
ဆက်သွယ်ပေးကြပါအုံးရှင့်။

အောက်ကပုံလေးတွေကတော့
မှော်ဘီမြို့နယ်မှာ အသစ်တည်ဆောက်မဲ့ Luxury Residence Project အသစ်ဘဲဖြစ်ပါတယ်ရှင့်။

‌အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

မြန်မာရွှေပင်လုံဆောက်လုပ်ရေးကုမ္ပဏီလီမိတက်
(MSPL CONSTRUCTION)
Building No.A, Room No 411,
Hninsi Street, Highway Complex အိမ်ရာဝန်း၊
Kamayut Township.

Email: [email protected]
Ph: 09259302966, 09443556666, 095056066

#မြန်မာရွှေပင်လုံဆောက်လုပ်ရေး


#လုံးချင်းအိမ်

မင်္ဂလာပါရှင့်မြန်မာရွှေပင်လုံ project များအတွက်သစ်အစားထိုး hollow frame formwork များပါရှင့်။MSPL CONSTRUCTION အလုပ်ရုံ...
05/02/2026

မင်္ဂလာပါရှင့်

မြန်မာရွှေပင်လုံ project များအတွက်
သစ်အစားထိုး hollow frame formwork များပါရှင့်။

MSPL CONSTRUCTION အလုပ်ရုံမှာဘဲ
ကိုယ်တိုင်ထုတ်လုပ်တပ်ဆင်ထားခြင်းဖြစ်ပါတယ်ရှင့်။

#မြန်မာရွှေပင်လုံဆောက်လုပ်ရေး


မင်္ဂလာပါရှင့်။အပျင်းပြေ ဉာဏ်စမ်း‌ မေးခွန်းလေးတစ်ခု မေးကြ၊ ဖြေကြရအောင်🤗🤗🤗အခု ပုံထဲမှာမြင်နေရတာကထောက်ကြံ့ villaSwimming p...
27/01/2026

မင်္ဂလာပါရှင့်။

အပျင်းပြေ ဉာဏ်စမ်း‌ မေးခွန်းလေးတစ်ခု
မေးကြ၊ ဖြေကြရအောင်🤗🤗🤗

အခု ပုံထဲမှာမြင်နေရတာက
ထောက်ကြံ့ villa
Swimming pool တည်ဆောက်ရေးလုပ်ငန်းခွင် မှတ်တမ်းပုံလေးတွေပါ။

ဒီ Swimming Pool က
အလျား ပေ ၃၀၊ အနံ ၁၂ ပေ၊ အနက် ၅ ပေ ရှိပါတယ်။

9" အထူရှိတဲ့ ပတ်လည် RC Wall & RC Footing အား Original Rebar နဲ့ Ready Mixed Concrete RMC များ အသုံးပြုတည်ဆောက်နေတာပါ။

Waterproofing chemical နှင့် Water Stopper များ
စသဖြင့် ရေကူးကန်တခုအတွက် လိုအပ်တဲ့ပစ္စည်းများအသုံးပြု၍ စံချိန်စံညွှန်းအပြည့်အဝဖြင့် တည်ဆောက်နေခြင်းဖြစ်ပါတယ်။

Piping အပိုင်းဆိုရင်လည်း
Swimming Pool specialist
M&E teamတခုရဲ့ installation service ရယူကာ
Piping materials များအား Thailand made quality ပိုက်ပစ္စည်းများသာ အသုံးပြုတပ်ဆင်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

ကဲ
မေးခွန်းလေး ဖြေကြည့်ကြရအောင်။

" အခု မြန်မာရွှေပင်လုံက လက်ခံတည်ဆောက်ပေးနေတဲ့ swimming pool ရဲ့ အကြမ်းထည်ကုန်ကျစရိတ်က ဘယ်လောက်ပါလဲ? "

အဖြေကို မူရင်းပို့စ်အောက်တွင် comment ရေးသားရပါမယ်။
ဥပမာ။
ကျပ်သိန်း ရှစ်ရာ‌၊
ကျပ်သိန်း ကိုးရာ့ငါးဆယ်၊
ကျပ်သိန်း တထောင့်နှစ်ရာ စသဖြင့်။

ခန့်မှန်းပေးရမဲ့ကုန်ကျစရိတ်ထဲမှာ
ရေကူးကန်ရဲ့ အကြမ်းထည်
structure ကုန်ကျစရိတ်၊
M&E piping installation ကုန်ကျစရိတ်၊ waterproofing ကုန်ကျစရိတ်များ အားလုံးပါဝင်ရမှာဖြစ်ပါတယ်။
(မှတ်ချက်။ Water supply pump & ရေသန့်ဆက်စပ်စက်ပစ္စည်းဖိုးများမပါဝင်ပါ။ ကြွေပြားကပ်ခြင်းမပါဝင်ပါ။ Decking work မပါဝင်ပါ။)

အနီးစပ်ဆုံး အဖြေခန့်မှန်းနိုင်သူ
ပထမဦးဆုံး ၅ ဦးအား တဦးလျှင်
ထီးရှည်တချောင်း၊ တီရှပ်တထည်နှင့်
ငွေကျပ်တသောင်းတိတိအား လက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်ရှင့်။

စည်းကမ်းချက်လေးရှိပါတယ်ရှင့်။
ရိုးရိုးလေးပါနော်။

ယခု မူရင်း post တွင် ကုန်ကျစရိတ်အား
comment ရေးသားရပါမည်။ ( only one comment for one person)
Postအား public share ထားရပါမည်။

လက်ဆောင်ပေးချင်လို့
ဒီအစီအစဉ်လေးလုပ်တာဖြစ်လို့
အဖြေအနီးစပ်ဆုံးမှန်ဖို့သာလိုတာပါနော်🥰🥰🥰

#မြန်မာရွှေပင်လုံဆောက်လုပ်ရေး




#လက်ဆောင်
#ပေးချင်လို့ပါ

မင်္ဂလာပါရှင့်Modernized & Stylist Design နဲ့ဝင့်ဝင့်ကြွားကြွား ပေါ်ထွက်လာတော့မဲ့Showroom အဆောက်အဦကြီးတစ်ခု။မြန်မာရွှေပင...
13/01/2026

မင်္ဂလာပါရှင့်

Modernized & Stylist Design နဲ့
ဝင့်ဝင့်ကြွားကြွား ပေါ်ထွက်လာတော့မဲ့
Showroom အဆောက်အဦကြီးတစ်ခု။

မြန်မာရွှေပင်လုံမှ ဝမ်းမြောက်ဂုဏ်ယူစွာ
စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မှာ
ဖြစ်ပါတယ်ရှင့်🤗🤗🤗

ဘယ်မှာလဲ???
ဘယ်လမ်းမကြီးပေါ်လဲ....🤔🤔🤔

အဖြေမှန်သူ ပထမဦးဆုံး ၁၀ ဦးကို
မေတ္တာလက်ဆောင် ဖုန်းဘေလ် ၅၀၀၀/- စီ ဖြည့်ပေးပါမယ်ရှင့်😀

#မြန်မာရွှေပင်လုံဆောက်လုပ်ရေး



သတိပြု🚨🚨🚨လယ်မြေအကွက်ရိုက်ရောင်းချခြင်း အပါအဝင် ဥပဒေနှင့်မညီဘဲ မြေယာအသုံးပြုမှုများကို ထိရောက် စွာ အရေးယူမည်ဖြစ်ကြောင်း ပ...
09/01/2026

သတိပြု🚨🚨🚨

လယ်မြေအကွက်ရိုက်ရောင်းချခြင်း အပါအဝင် ဥပဒေနှင့်မညီဘဲ မြေယာအသုံးပြုမှုများကို ထိရောက် စွာ အရေးယူမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီက ထပ်မံ၍ အသိပေးထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ကို (Green City) (Clean City) (Smart City) ဂေဟစနစ်များ ပျက်စီးမှုမရှိစေရန် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး မြေယာအသုံးချမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပေး ကြေညာခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြို့မြေ၊ ရွာမြေအဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းထား သည့် ရပ်ကွက် မြေများ (သို့မဟုတ်) ရွာမြေများနှင့် တစ်ဆက်တစ်စပ်တည်းရှိသော လယ်မြေ၊ ယာမြေ၊ သစ်တောမြေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို စည်ပင် သာယာရေးနယ်နိမိတ်အတွင်းပါဝင်သည် (သို့မဟုတ်) ရွာမြေအတွင်း ပါဝင်သည် ဟုဆိုကာ ဥပဒေနှင့်အညီ အသုံးပြုခွင့်မရရှိဘဲ ကွက်စိတ်ရိုက်ခြင်း၊ အုတ်တံတိုင်း ကာရံခြင်း၊ အခိုင်အမာအဆောက်အဦ ဆောက်လုပ် ခြင်းစသည့် ကျူးလွန် ဆောင်ရွက်အသုံးပြုမှုများ၊ အရောင်းအဝယ်ပြု လုပ်နေမှုမျာကိုလည်း စိစစ်၍အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေ ကြောင်းလည်း သိရသည်။

လက်ရှိတွင်လည်း မြေပြင်တွင် ဝိသမလောဘစီးပွားရေးသမားများမှ ပွဲစားများဖြင့်လည်းကောင်း၊ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook, TikTok စသည်တို့တွင်လည်း ကောင်း လိမ်ညာရောင်းချမှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ သိလျက်နှင့် ဖြစ်စေ ဝယ်ယူ/ရောင်းချခြင်းများကြောင့် ကာယကံရှင်များအနေဖြင့် နှစ်နာ ဆုံးရှုံးမှုများ၊ အရေးယူခံ ရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်းတွေ့နေရကြောင်းလည်း ထုတ်ပြန်ချက်တွင် သိရသည်။

ထိုသို့ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိသော မြေယာအသုံးပြုမှု များနှင့်ပတ်သက်၍ ကျူးလွန်ဆောင်ရွက်မှုများကို သက်ဆိုင်ရာက မြေပြင်ကွင်းဆင်း စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိရာ နည်းလမ်းတကျ အသုံး ပြုခွင့်မရှိသောမြေများကို ပြည်သူတို့အနေဖြင့် ဝယ်ယူမိပါက နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သတိပေးထားသည်။

ထို့ကြောင့် မြေယာအသုံးပြုမှုများနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ နည်းလမ်းတကျ အသုံးပြုမှုရှိစေရေးအတွက် အများပြည်သူတို့ သိရှိအောင် အသိပေးကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ်သောကြောင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိသော မြေယာအသုံးပြုမှုများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံ၍ အသိပေး ထုတ်ပြန်ထားသည်။

Credit

Address

Room 411, Bldg-A, Hnin Si Street, Highway Complex Housing
Kamayut
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959259302966

Website

Alerts

Be the first to know and let us send you an email when Myanmar Shwe Pinlon Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Shwe Pinlon Construction:

Share