Kywal Kyi Kyal Engineering Design & Construction

Kywal Kyi Kyal Engineering Design & Construction ကောင်းမွန်သောဝန်ဆောင်မှုများစွာဖြ?

လိပ်စာ - ရပ်ကွက် (၄) ၊ ဗိုလ်ချုပ်လမ်း ၊ ကြာအင်းဆိပ်ကြီးမြို့ ၊ ကရင်ပြည်နယ် ။

Adress.....
Ward(4),Bogyoke Road,Kyarinn Seikkyi Township

26/07/2022



အိမ်က ၂ထပ် or ၃ထပ်ဆောက်ချင်တာပါ
လောလောဆယ် ငွေမနိုင်သေးလို့ ၁ထပ်ဘဲဆောက်ပီး နောက်မှ ဆက်ဆောက်မယ်ဆိုတဲ့ အိမ်ရှင်တွေ ဒီစာကိုဖတ်ကြည့်ကြပါ။(စာရှည်ပေမဲ့ သေချာပေါက် ကျေနပ်ကြပါလိမ့်မယ်။ အများနားလည်အောင် engineering တွေမပါဘဲ အရိုးရှင်းဆုံး ရေးပေးထားပါတယ်)

ဟုတ်ပီ ခင်ဗျားတို့က Foundationကို ၂ထပ်စာ or ၃ထပ်စာ ချထားမယ် လောလောဆယ် ၁ထပ်ကလေးဘဲဆောက်မယ်ဆိုတဲ့သဘောပြောတာနားလည်ပါတယ်။

ဒါပေမဲ့ foundationကိုဘယ်လိုချခဲ့မှာလဲ။
ဘာမြေအမျိုးအစားမို့ ဘယ်နှစ်ပေအနက်ထိချပီး ဘယ်sizeတွေသုံးခဲ့မှာလဲ။ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ရော တွက်ချက်ထားလား စတဲ့အချက်တွေအပေါ်မူတည်ပါတယ်။
ကန်ထရိုက်ကို ၃ထပ်စာfoundation
ချပေးခဲ့ပါ ဘယ်လောက်ဆိုပီး စျေးဖြတ်ဆောက်ခိုင်းလိုက်တယ်။ ဘာတွက်ချက်မှုမှ မပါဘူးဆောက်သွားတယ်။

ပြဿနာစပါပီ။ နောက်ကျန်တဲ့အထပ်တွေထပ်ဆောက်တော့ အရင်ကန်ထရိုက်နဲ့ မလုပ်ဖြစ်ဘဲ နောက်တစ်ဦး ပြောင်းလုပ်တယ်ဆိုပါစို့။ နောက်လူကလည်း သူချခဲဲ့တဲ့ Foundationမဟုတ်တဲ့အတွက် ဘယ်နှစ်ပေမှာ ဘယ်sizeချထားတယ်ဆိုတာလောက်ဘဲ အိမ်ရှင်က ပြောပြသလောက်သာသိရမှာပါ။ သံဘယ်နှစ်ချောင်းပါလဲ၊ အောက်ခံမြေသားကဘယ်လိုလဲ ၊
တူးတုန်းကရေထွက်နေလား ဆိုတာ အသေးစိတ် သူမသိပါဘူး။ အဲတော့ ထပ်တင်လိုက်တယ်ထားပါစို့။ ကံမကောင်းစွာနဲ့ footing ကျွံဝင်သွားတာ ၊အဆောက်အဦးစောင်းသွားတာ ၊အပေါ်weightကို မထမ်းနိုင်လို့ မူလအဆောက်အဦးမှာ အက်ကြောင်းလိုက်တာတွေဖြစ်လာပြီဆို ဘယ်သူ့အပြစ်တင်ကြမလဲ။ ရှေ့လူကိုလား နောက်လူကိုလား။ အိမ်ရှင်တိုင်ပတ်သွားမှာပါ။

ဆိုလိုချင်တာပါ မိမိမြေအမျိုးအစားနဲ့ သုံးမဲ့အဆောက်အဦးက ဘာလဲဆိုတာ တတ်သိပညာရှင်နဲ့တိုင်ပင်ပါ။ သာမန် လူနေအိမ်နဲ့ စျေးဆိုင်ဖွင့်ဖို့ဆောက်တဲ့ အဆောက်အဦးချင်းတောင် တင်တဲ့weightမတူပါဘူး။ ​

အိမ်မှာ လူဘယ်နှစ်ယောက် ဘာတွေတင်မယ်ကအစ တွက်ချက်ရပါတယ်။ အပေါ်အမိုးslabလေးပေါ် ရေကန်ဘဲတင်မှာလား။ အမိုးပေါ်မှာ အပင်လေးစိုက်ဦးမှာလား။ စတဲ့ အသုံးပြုမှုအမျိုးမျိုးပေါ်လိုက်ပီး အလေးချိန်ကွာသွားမှာပါ။

လူနေအိမ်အတွက် ကန်ထရိုက်တွေအများဆုံးသုံးပေးတဲ့ Foundationက တစ်တိုင်တစ်ခွာလို့ အရပ်ခေါ် ခေါ်ကြတဲ့ iso footingတွေပါ။ သူ့မှာ မြေသားအလိုက် ဘယ်နှစ်ပေပတ်လည်ဆို အလေးချိန် ဘယ်နှစ်တန်ခံမလဲဆိုတာ တွက်ချက်လို့ရပါတယ်။

တိုင်တစ်လုံးချင်းစီးကဆင်းလာမဲ့အလေးချိန်ကို သူ့ ရဲ့ တစ်ပေပတ်လည် ခံနိုင်အားနဲ့စားပီး ဘယ်sizeအသုံးပြုရမလဲတွက်ရတာပါ။ ထု အထူအတွက်လည်းသတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။

​ခင်ဗျားတို့မေးချင်လိမ့်မယ် အဲ့လောက်အရေးကြီးသလား။
ဟုတ် ကြီးပါတယ်။ မူလအသက်က foundationပါ။ သူက အဆောက်အဦးတစ်ခုလုံးရဲ့ အလေးချိန်ကို မြေကြီးထဲညီမျှစွာဖြန့်ပေးရမှာပါ။

Foundationမှာ အဓိက စစ်ရမဲ့အချက်တွေရှိတယ်
၁။ လုံလောက်တဲ့ footing size ရှိရဲ့လား
၂။ မြေကြီးခံနိုင်အား (လုံလောက်တဲ့ ​မြေသားမာကျောမှု)
၃။ မြေသားထဲ အိကျမှု ပမာဏ
( ညီမျှစွာ အိကျတာလား။ တစ်ခြမ်းစောင်း ကျွံသလား စစ်ရမယ်)
၄။ footing အောက်ခံကွန်ကရစ်သားရဲ့ မာကျောမှုပြည့်ရမယ်။

footingက ​လုံလောက်တဲ့ size မပြည့်ရင် အောက်ကိုကျွံဝင်သွားမှာပါ။ မြေသားညံ့ရင်ညံ့သလောက် အဆောက်အဦးမှာ စောင်းသွားနိုင်တယ်။စောင်းတဲ့အထိ ဖြစ်ဖို့ က အတော်ရှားပါတယ်။ စောင်းသွားရင် တော်တော် အသုံးမကျလို့ပါ။ အများဆုံးဖြစ်တာက အဆောက်အဦးနံရံတွေ အက်ကြောင်းကွဲကြီးတွေ လိုက်လာတာပါ။ အုတ်စီတာညံံ့လို့ ဘိလပ်မြေခိုလို့ မဟုတ်ပါ။ footing ကျွံနေလို့ နံရံတွေကွဲတာပါ။ နံရံကွဲတိုင်းတောင် footingကျွံတာမဟုတ်ပါ။ တစ်ခြားအကြောင်းပြချက်တွေရှိပါသေးတယ်။


မြေကြီးခံနိုင်အား။
မြေကြီးခံနိုင်အားကိုတော့ အများစုက အတွေ့အကြုံနဲ့ကြည့်ပီး ဒီလိုမြေသားဆို ဒီလောက်ဘဲတူးမယ် ဘာညာနဲ့ဆုံးဖြတ်ကြတယ်။ တကယ်ကမှားပါတယ်။ တိတိကျကျ သိချင်ရင် soil test စစ်ရပါမယ်။ soil test စစ်တာတောင် companyပေါ်မူတည်ပီး တိကျမှုပမာဏကွာပါသေးတယ်။ ဆိုတော့ သာမန်အထပ်နိမ့်ပီး လူနေနည်းတဲ့ အဆောက်အဦးတွက်က ဆိုးဆိုးဝါးဝါး မြေမညံ့ရင် လုပ်နေကျsizeကလေးတွေက လုံလောက်နေတာကြောင့်မို့ ဘာမှမဖြစ်တာပါ။ အတွေ့အကြုံကြောင့် သာမန်အခြေအနေမှာ ok နေတာလို့ ဆိုရမှာပါ။ ပီးတော့ ဆောက်ပီးပီးချင်းဘာမှမဖြစ်ဘူးဆိုတာ အဆောက်အဦးကို ဘာဝန်မှ မထမ်းခိုင်းရသေးပါဘူး။ ဥပမာ လူတစ်ယောက်က ဆန်အိတ်တစ်အိတ် ထမ်းထားနိုင်တယ်ဆိုပါစို့။ ဟုတ်ပီ အချိန်ဘယ်လောက်ကြာကြာထမ်းထားနိုင်မလဲ။ အချိန်ကြာလာတာနဲ့အမျှ ငြောင်း(ညောင်း)လာမှာပါ။ နောက်ဆုံး လွတ်ချလိုက်ရတော့ပါတယ်။ အဲ့တာကိုအဆောက်အဦးမှာ creep effectလို့ခေါ်ပါတယ်။ အဆောက်အဦးကိုအသုံးပြုမှု သက်တမ်းအတွင်းကျမှ ok လား မokဘူးလား ဆုံးဖြတ်ရမှာပါ။ ၅နှစ်ကျမှ ကျွံလာတာလား ၁၀နှစ်လားပေါ့။ RC အဆောက်အဦးတွေရဲ့ သက်တမ်းကို အကြမ်းအားဖြင့် နှစ်၅၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။ ဆောက်ပီးပီးချင်းကြည့်ရုံနဲ့မရပါဘူး။

(မြေသားကျွံဝင်မှု မညီတာ)
အဆောက်အဦးတိုင်းရဲ့ footingတွေက အမြဲကျွံဝင်ပါတယ်။ မကျွံဘူးဆိုတာမရှိပါ။ ၂ထပ်RCတိုက်ကလေးက အနည်းဆုံး တန်၅၀ကနေ ရာချီ ထောင်ချီထိလေးနိုင်ပါတယ်။ ဒါပေမဲ့ မြေထဲကျွံကျမှုကသတ်မှတ်ထားတဲ့ limitအတွင်းဝင်ရပါမယ်။ အကြမ်းမျဥ်းသတ်မှတ်ထားတာကတော့ ၁လက်မခွင့်ပြုပါတယ်။

၁လက်မကျော်ရင်တော့ နည်းနည်းပြသနာရှိလာပါပီ။ footing ဆယ်လုံးရှိလို့ အကုန်လုံးစီညီတူကျွံရင် ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ ကျွံတဲ့ဟာက ကျွံ၊ မကျွံတဲ့ဟာက မကျွံဘဲ တင်းခံတဲ့အခါ နံရံအက်ကြောင်းလိုက်လာတာပါ။


ဘယ်မှာအဖြစ်များလဲဆိုတော့ ခြံစည်းရိုးနား တိုင်ကပ်ချရတဲ့အခါ ၄ပေပတ်လည်footingချမဲ့နေရာက မလွတ်လို့ ရသလိုချတော့ တိုင်နဲ့ ခွာနဲ့ center မကျတာတွေမှာ အဖြစ်များပါတယ် ။ ဥပမာ လူ့​ခြေဖဝါးလိုပေါ့။ ဖနောင့်ဘက်ဖိနင်းလိုက်သလို မြေကျွံတာပါ။ အဲ့footingတစ်ခွာတည်းမှာကို ကျွံကျမှုက မညီတော့ပါဘူး။ အဲ့လိုနေရာတွေအတွက်က ထပ်စောင်းလုပ်ပေးရမဲ့ အချက်တွေရှိပါတယ်။

နောက်ဆုံးအချက်ကတော့ ကွန်ကရစ်သားခံနိုင်ရည်ပါ။
အများဆုံး လောင်းပေးနေတဲ့ ကွန်ကရစ် အချိုး ကြားဖူးနားဝရှိပါလိမ့်မယ် 1:2:4 တို့ 1:3:6တို့ ပါ။ ဒါတွေရှင်းပြနေရင်ကြာသွားပါလိမ့်မည်။
ဆိုတော့ သာမန်အားဖြင့်
မြေကျင်းတူးထားတာ အနက်ညီညာရဲ့လား။

footing formworkပါရဲ့လား။ (တစ်ချို့ မြေကျင်းကျကျနန တူးထားရင် formwork မရိုက်ဘဲလောင်းကျပါတယ် ဒါပေမဲ့ ကွန်ကရစ်ထဲပါတဲ့ရေကို မြေကြီးကတိုက်ရိုက်စုပ်နိုင်တဲ့အတွက် ကွန်ကရစ်မာကျောမှုကျသွားမှာပါ။ ပလတ်စတစ်စ ကာလောင်းရင်လည်းရပါတယ် ဒါပေမဲ့ နောက်ထပ် ဆိုးကျိုးတွေရှိသေးတဲ့အတွက် formworkကာပီးမှ လောင်းတာဘဲကောင်းပါတယ်။

ကာဗာဘလောက်တုံးခံရဲ့လား။ (အုတ်ခဲမသုံးပါနဲ့။အုတ်ခဲ ခံနိုင်ရည်နဲ့ ကွန်ကရစ်ခံနိုင်ရည်မတူပါဘူး ။ ကွန်ကရစ်ဘလောက်တုံးလေးတော့ ကြိုလုပ်ထားပါ။)

သံချီထားတာ တောင့်တောင့်တင်းတင်းရှိလား။ (တစ်ချို့ခွာတွေ ချည်ထားတာ ရွဲပလဲနေတာပါဘဲ😅)

လောင်းမဲ့ကွန်ကရစ်က ရေအချိုးအစားထည့်တာမှန်ရဲ့လား။ ရေအများကြီးနဲ့ ပျော့ပျော့ကြီးလောင်းရင် သေချာပေါက် ခံနိုင်အားကျပါပီ။( ဘိလပ်မြေနဲ့ ရေအချိုးဆိုတာ အင်ဂျင်နီယာအသုံးအနှုန်းတွေမို့ ရှင်းပြရင်စာရှည်သွားမှာပါ။)

ပြောမယ်ဆိုရင် လိုက်နာရမဲ့အချက်တွေအများကြီးပါ။ ဒါတွေက မြေကြီးထဲမြှပ်ထားခဲ့ရတော့ ပြန်စစ်ဖို့ခဲယဥ်းပါတယ်။ ဆိုလိုတာက အပေါ်အဆောက်အဦးပိုင်းက ဖြစ်သမျှဟာ ပြင်ဆင်ဖို့ လွယ်နိုင်ပါတယ်။ မြေကြီးအောက်ထဲက အပိုင်းကို သေချာလေး စနစ်တကျလုပ်ခဲ့စေချင်ပါတယ်။

ကဲ အနှစ်ချုပ်ရရင် အခုလိုနောက်မှ ထပ်ဆောက်မဲ့ အဆောက်အဦးတွေမှာ တစ်ခုခုပြဿနာဖြစ်တာနဲ့ ရှေ့လူ နောက်လူ ဘယ်သူမှ အပြစ်တင်လို့မရတော့ပါဘူး။ ( အဲ့လူတွေမနည်းလိုက်ရှာရလိမ့်မယ်😅)

ခံရမှာက အိမ်ရှင်ပါဘဲ။ ကန်ထရိုက်တွေမှာ စည်းရှိတဲ့လူရှိသလိူ မရှိတဲ့လူက မရှိပါဘူး။ မလုံလောက်တာသိသိနဲ့ ရှေ့ကန်ထရိုက်က သူလက်ထဲအဆင်ပြေပီးရော။ နောက်လူ ဆက်ဆောက်မှ ဖြစ်ရင်သူရှင်းဆိုပီး foundationချပေးသွားရင် နစ်နာမှာက အိမ်ရှင်ပါဘဲ။

သေချာတာကတော့ အင်ဂျင်နီယာဆီ structure design အပ်လိုက်ပါ။ပီးမှ သူတွက်ချက်ပေးတဲ့အတိုင်း ကြိုက်ရာ ကန်ထရိုက်နဲ့ဆောက်ပါ။ အိမ်ရှင်က design စာရွက်အတိုင်းစစ်ရုံဘဲ။ (မိမိနားလည်ရင် စစ် ။ နားမလည်ရင် စစ်ဆေးသူအကူတောင်းပါ။ များသောအားဖြင့် Structure designer က အကူအညီပေးပါတယ်။)

design ခများမှာမပူပါနဲ့။ အိမ်တစ်လုံးလုံးရဲ့ 2%မှ အများဆုံး5%ဘဲကုန်တာပါ။ သိန်းတစ်ရာမှ ၂သိန်းပတ်ချာလည်ပေါ့။ အိမ်ရှင် ခေါင်းပြားအောင်အိပ်လို့ရတယ်( ခေါင်းအေးအေးအိပ်လို့ရတာပြောတာ😆)။ ကိုယ့်တစ်သက်တာ နေမဲ့အဆောက်အဦးအတွက် မနမြောပါနဲ့။ အိမ်ဆောက်ဖို့ရှာထားရတဲ့ငွေက မနည်းပါဘူး။

designမတွက်ဘဲ ရမ်းဆော်ရင် လိုတဲ့နေရာ မထည့်မိဘဲ မလိုတဲ့နေရာထည့်မိမှ မိအေးနှစ်ခါနာမှာပါ။
designအပ်ထားတော့ လိုတိုးပိုလျော့ တစ်ခါတည်း ပေးလိုက်တာမို့ ဆောက်လုပ်ရေးကုန်ကျစရိတ်မှာသက်သာပီးသားပါ။ safeဖြစ်ပီးသားပါ။

နောက်ဆုံး အကြံပြုချင်တာကတော့ အကြမ်းထည်ကို ခိုင်အောင်ဆောက်ပါ။ နောက်မှ ရေမီးဆေးက မကြိူက်ဖြုတ်လဲလို့လွယ်တယ်။ အကြမ်းထည်ကိုခိုင်အောင်မလုပ်ထားရင် ဖြုတ်လဲဖို့မလွယ်ပါဘူး။

အားလုံးသော အိမ်ရှင်များ လက်ရာကောင်းမွန်​ေသာ ကန်ထရိုက်နဲ့ ဆုံတွေ့ပြီး အိမ်ကြီးအိမ်ကောင်းများပိုင်ဆိုင်နိုင်ပါစေ။
(စာရှည်သွားရင်ခွင့်လွှတ်ပါ။ စေတနာပိုသွားလို့ပါ။အများ နားလည်အောင် အကြမ်းရေးပေးထာပါတယ်။တစ်ချက်ချင်း အသေးစိတ်ရေးရင် ကောင်းကျိုး ဆိုးကျိုး ပိုတိကျပါတယ် )

Credit , original uploader

16/07/2022

#ဖတ်ကြည့်ကြပါဗျာ😁
🏠 ပုံဆွဲ ပီး..အိမ်ဆောက်ခြင်း အကျိုး နဲ့.. ပုံ မဆွဲ ပဲ အိမ်ဆောက်ခြင်း... ဆိုးကျိုးးး
============================
အရပ်ထဲ အိမ်ဆောက်တဲ့ခါ အိမ်ရှင်တွေ အနေနဲ့ ပုံဆွဲခ ပျမ်းမျှ လေးငါးသိန်းး ဝန်းကျင်ပေးရမှာ အလွန်နှမျှောကြပါတယ်။

သူတို့အနေနဲ့ စက္ကူပေါ် ပုံလေးဆွဲတာ အဲ့လောက်ငွေ ပေးစရာလားးလို့ အယူရှိတက်ပါတယ်။ အဲ့တော့ fb ပေါ်က အိမ်ပုံလေးတွေ ကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ် ။ ကန်ထရိုက်တာက အလုပ်ရရှိရေးတွက် ဖြစ်တယ်ဆိုပြီးး ဆောက်ပေးတာ တွေ့နေရပါတယ်။

အဲ့တော့ ဆိုးကျိုးတွေ အများကြီး ထွက်ပေါ်လာပါတယ်။
- ပုံစံ မရှိတဲ့တွက် ပစ္စည်းဒေသပေါက်စျေးနဲ့ တိကျတဲ့ ခန့်မှန်းတွက်ချက်မှု့ကို မရနှိုင်ပါဘူးး။ အဲ့တော့ ကိုယ်က သိန်းတစ်ရာ မှန်းထားပေမယ့် နှစ်ရာလဲ ဖြစ်သွားတက်ပါတယ်။ အိမ်က မပြီးတစ်ပြီးနဲ့ တန်းလန်းတွေ ဖြစ်တက်ပါတယ်။

- တိကျတဲ့ ပုံစံ မရှိတဲ့အတွက် ဖြတ် ညှက် ဆက် တွေများနှိုင်ပါတယ်။ ပစ္စည်းအလေအလွင့်တွေများမယ်၊ မကုန်သင့်တာတွေ ပိုကုန်မယ်၊ အဆောက်အဦး အရည်အသွေးတွေ ကျဆင်းမယ်၊ အခတ်မသင့်ရင် မိမိတို့ သိန်းရာချီ အကုန်အကျခံပြီးး ဆောက်ထားတဲ့အိမ် အဟောသိကံ ဖြစ်နှိုင်ပါတယ် ။

- ပြီးတော့ ကိုယ်လိုချင်တဲ့ အခန်းအကျယ်၊ အရည်အတွက် ရချင်မှ ရနှိုင်မယ် ၊ ရအောင် လိုက်လုပ်မယ်ဆိုလဲ ဖြတ်ညှက်ဆက်တွေ များနှိုင်ပြီးး အန္တရာယ် များတဲ့ အခြေအနေ ရောက်သွား နှိုင်ပါတယ်။

- အိမ်ပြီးသွားတော့လဲ fb ပေါ်က ကိုယ်ပြထားတဲ့ အိမ်ပုံစံမျိုး ထွက်မလာပဲ ကိုယ်လိုချင်တာ တစ်ခြား ဖြစ်လာတာ တစ်ခြားး ဖြစ်လာပြီး တစ်သက်လုံးး စိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတက်ပါတယ်။

- ပြီးတော့လဲ ကန်ထရိုက်ရဲ့ ဂျင်းပါ မဟုတ်ဘူးး ကြက်သွန်ဖြူ နဲ့ မိတ်သလင်ပါ ပေါင်းထည့်ခြင်း ခံရတက်ပြီးး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူပြုသမျှ နုရ ၊ သူပြောသမျှ ခေါင်းညိမ့်ရတဲ့ အခြေအနေ ရောက်သွားနှိုင်ပါတယ်။ ပုံစံ မရှိတဲ့ အတွက် သူက အမှားလုပ်နေလဲ ကိုယ်ကမပြောနှိုင်ပဲ ကြည့်နေရမယ့် အခြေအနေ ပါ။

ပုံံစံ မရှိတဲ့ အတွက် အခြားဆိုးကျိုး အများကြီးရှိနှိုင်ပြီးး ပုံစွဲခ လေး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီး သိန်းပေါင်းများစွာ ပိုကုန်သွားတက်ပါတယ်။ ပိုကုန်သွားတက်တယ် မဟုတ်ဘူးး ကြိမ်းသေ ပိုကုန်မှာပါ။ တိကျတဲ့ ပုံစံမရှိတဲ့ အတွက် structure ပိုင်းး အရမ်းအားနည်းသွားမှာ ကြိမ်းသေပါ ။
ဒါက ပုံမဆွဲ ခြင်းရဲ့ ဆိုးကျိုးတွေပါ ။

🏠 ပုံဆွဲပြီးး အိမ်ဆောက်မယ်ဆို တိကျတဲ့ ခန့်မှန်းတွက်ချက်မှု့ကို ရရှိမှာပါ။ မိမိလက်ရှိငွေနဲ့ ချိန်လို့ရပါတယ်။
- မိမိစိတ်ကြိုက် ပုံဖော်လို့ ရတာမို့ အိမ်မပြီးခင်ကတည်းက ကျေနပ်တဲ့ စိတ် ခံစားရပြီးး မကျေနပ်သေးရင် ပုံဆွဲအင်ယာနဲ့ တိုင်ပင်ပြီးး ပြင်လို့ရပါသေးတယ်။

- ဖြတ် ညှက် စပ် တွေ မရှိသလောက် ဖြစ်သွားပြီးး အားကောင်းတဲ့ structure တစ်ခုကို ရရှိမှာပါ။
- ပစ္စည်း အလေအလွင့်တွေနည်းသွားပြီးး မကုန်သင့်တဲ့ ငွေကြေးအချို့ဟာ အိပ်ထဲ ပြန်ဝင်လာမှာပါ။
- တိကျတဲ့ ပုံစံ ရှိတဲ့ အတွက် ကန်ထရိုက်လဲ ဂျင်း ထည့်လို့ မရတော့သလို သူအမှားလုပ်ရင်လဲ ဝင်ပြောလို့ ရပြီးး စာချုပ် ချုပ်ထားလျှင် လျှော်ခိုင်းလို့ရပါတယ်။
- အိမ်ပြီးသွားတဲ့ အခါ မိမိလိုချင်တဲ့ အိမ်ပုံစံလေး ကြိမ်းသေ ရရှိလာမှာ ဖြစ်ပြီး သားစဉ်မြေးဆက် ကျေနပ်တဲ့ စိတ်နဲ့ နေထိုင်သွားရမှာပါ ။
အဲ့တော့ အိမ်ကို ပုံစံဆွဲပြီးး ဆောက်သင့် မဆောက်သင့် ကွကိုယ် စဉ်းစားပေါ့ ။

(အိမ်ရှင်များတွက် ရည်ရွယ်ပါသည်)

စာသား crd....ရတုကဗျာ

27/04/2022

အိမ်ရှင်နှင့် ကန်ထရိုက်တာတို့ အမြဲအငြင်းပွားရသော PAE စနစ်နှင့် ဟိုဟာမပါ၊ဒီဟာမပါသောပြဿနာများ

ကျောင်းမှာတော့ Civil Engineer တွေသင်ခဲ့ရတဲ့ Estimate တွက်နည်းတွေ အမျိုးမျိုးရှိပေမယ့် အခုမြန်မာနိုင်ငံမှာအသုံးများနေတဲ့ PAE လို့ ခေါ်တဲ့ Plinth Area Estimate ယူပုံယူနည်းကိုပဲရှင်းပြပေးသွားမှာဖြစ်ပါတယ်

ပထမဆုံးအနေနဲ့ ကျွန်တော်အင်ယာတွေအနေနဲ့ PAE Rate ဘယ်လိုယူလည်းဆိုတာရှင်းပြရရင်တော့ အိမ်ရှင်စိတ်ကြိုက်ဆွဲပြီးပြီဖြစ်တဲ့ အလှအပအတွက် Archi Drawing၊ကြံ့ခိုင်မှုအတွက် Structure Drawing၊Interior Decoration အတွက်Detail Drawing‌ေတွ ၊ M&E Drawing တွေကိုမူတည်ပြီး ကုန်ကျမယ့် လေဘာနဲ့ ပစ္စည်းတွေကို တိတိကျကျနဲ့ Detail Estimate တွက်ပြီးတော့ ကာလတန်ဖိုးတခုတွက်ထုတ်ပါတယ်

အဲ့ဒီထွက်လာတဲ့ပမာဏကိုမှ အဆောက်အအုံရဲ့ဧရိယာစုစုပေါင်းနဲ့စားလိုက်တဲ့အခါမှ Kyat per Sqft ဆိုတဲ့ နှုန်းတခုရလာပါတယ်

အဲ့ဒီ Rate ကိုမှ PAE Rate လို့ခေါ်ဆိုကြတာပါ

ဥပမာအားဖြင့် ယနေ့ဆောက်တာများနေတဲ့ 20ပေx60ပေ မြေကွက်အတွင်းက 18‌ပေx45ပေ 2 ထပ် Roof Slab အဆောက်အအုံအတွက် ကာလတန်ဖိုး သိန်း 800 ဆိုရင် PAE Rate က 80,000,000÷18÷45÷2=49,382 Kyat per Sqft တပေပတ်လည်ကို 49,382 ကျပ် ဆိုပြီးတော့ Rate ထွက်လာမှာဖြစ်ပါတယ်

အဲ့ဒါကိုမှ ကန်ထရိုက်တွေတော်တော်များများက ဈေးကွက်ထိုးဖောက်တဲ့နည်းဗျူဟာအဖြစ် PAE Rate ကို လျှော့ယူပြီး Roof Slab ကို တစ်၀က်တိုးယူတဲ့စနစ်နဲ့ဈေးကွက်ကိုထိုးဖောက်လေ့ရှိပါတယ်

ဥပမာပြောရရင် အပေါ်က သိန်း800 ကုန်ကျတဲ့ 18ပေ x45ပေ x2 ထပ် Roof Slab ကိုပဲ Roof Slab ဖြစ်လို့ 0.5 တိုးယူပြီးတော့တွက်မယ်ဆိုရင် 80,000,000 ÷18÷45÷2.5= 39,506 Kyat per sqft တပေပတ်လည်ကို 39,506 kyat ဆိုပြီးတော့ Rate တခုထွက်လာမှာဖြစ်ပါတယ်

အဆောက်အဦးချင်းအတူတူ ကုန်ကျစရိတ်အတူတူကိုမှ ဂဏန်းသင်္ချာလှည့်စားမှုတခုပြုလုပ်လိုက်တဲ့အခါ တပေပတ်လည်ကို 10,000 နီးပါး ကွာသွားသ‌ယောင်ယောင် ဖြစ်သွားစေပေမယ့် နောက်ဆုံးကုန်ကျစရိတ်မှာ အတူတူပဲကုန်ကျစေမှာပါ

တကယ်လို့များ မိလ္လာကန်(Septic Tank) တွေ၊
မြေအောက်ရေကန်(Ground Tank)တွေ၊ခြံစည်းရိုးတွေ၊
အိမ်ဘေးပတ်လည် ကွန်ကရိ‌လောင်းခြင်းတွေပါ ပါ၀င်ထည့်သွင်းချင်မယ်ဆိုရင်တော့ သက်ဆိုင်ရာ Drawing နဲ့အတူ Detail Estimate တွက်ချက်ပြီး PAE rate မှာ ထည့်ပေါင်းပြီးပြောနိုင်ပေမယ့် များသောအားဖြင့် PAE Rate မှာ ဈေးများမှာစိုးတဲ့အတွက် PAE rate မှာပါ၀င်လေ့မရှိတတ်ကြပဲ ထပ်တိုးလုပ်ငန်း(Extra Work )အဖြစ် အိမ်ရှင်နဲ့ကန်ထရိုက်တာတို့ နှစ်ဖက်ညှိနှိုင်းပြီးပြုလုပ်လေ့ရှိပါတယ်

အိမ်ရှင်တွေအနေနဲ့လည်း ကိုယ်တတ်နိုင်တဲ့ဘတ်ဂျက်ကိုအရင်ဆုံးလျာထားပြီးမှသာတည်ဆောက်သင့်ပါတယ်
ကိုယ်ကတတ်နိုင်တာက သိန်း400 လောက် ဆောက်ချင်တာက သိန်း800 ဖိုးလောက်ဆိုရင်ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး
အိမ်ရှင်ရဲ့လိုချင်တာကိုသိပြီး သိန်း 800 ကုန်မှာကို သိန်း 400 နဲ့ရအောင်လုပ်ပေးမယ်ဆိုရင်တော့ လေဘာပိုင်းမှာပဲဖြစ်ဖြစ်၊ပစ္စည်းအသုံးပြုမှုပိုင်းမှာဖြစ်ဖြစ် Quality ပြည့်မှီဖို့ မလွယ်ကူနိုင်ပါ
Min Zaw Naing

ဘယ်လိုနေရာတွေမှာ Quality မပြည့်မှီတာဖြစ်နိုင်လည်းဆိုတော့ မြေကြီးဖုံးရင်ပျောက်သွားမှာဆိုတဲ့ ဖောင်ဒေးရှင်းတွေမှာအများဆုံးခိုတတ်ကြပါတယ်
ရန်ကုန်မှာတင်နှစ်ထပ်အိမ်ကို ဖောင်‌ဒေးရှင်းမပါပဲ ဆောက်ထားတဲ့သူတွေအများကြီးပါ
အဲ့ဒါအပြင် Size မပြည့်၊ကြံ့ခိုင်မှုမပြည့်တဲ့သံချောင်းတွေသုံးတာ၊ ကွန်ကရိလောင်းရင်ခိုပြီးလောင်းတာ၊သံချောင်း သုံးချောင်းနေရာမှ နှစ်ချောင်းပဲသုံးတာ၊ ကြံ့ခိုင်မှုမပြည့်တဲ့ အရည်ပျော်အုတ်တွေသုံးစွဲတာ၊အုတ်စီချောလုပ်ရင် ဘိလပ်မြေလျှော့ပြီးသဲပိုထည့်တာစတဲ့လုပ်ရပ်တွေပြုလုပ်လာမှာပါ
ရန်ကုန်မှာဆို ယုဇနနဲ့ကျောက်မြောင်းကတိုက်ခန်းတွေက ဥပမာပါ

အိမ်ရှင်တွေအနေနဲ့ ကိုယ်တသက်လုံးနေမယ့်အိမ်ကို ကျွမ်းကျင်တဲ့သူတွေနဲ့ Detail Drawing သေချာဆွဲသင့်ပြီး PAE နည်းတာ၊များတာထက် ပစ္စည်းအရည်အသွေးနဲ့လက်ရာလက်သား ကောင်းမွန်၊စနစ်ကျတဲ့ကန်ထရိုက်တာကို ရှာဖွေပြီးမှသာတည်ဆောက်သင့်ပါကြောင်းအကြံပြုလိုက်ရပါတယ်

Crd.....Min Zaw Naing (အင်ယာကန်ထရိုက်တာ)

💦 မြန်မာ့နှစ်သစ်ဆုမွန်ကောင်း 💦မြန်မာသက္ကရာဇ် ၁၃၈၄ ပြည့်နှစ် "နှစ်ဆန်းတစ်ရက်နေ့" နှစ်သစ်ကူး အချိန်သမယမှစ၍  .....💦 ရောဂါဘေ...
17/04/2022

💦 မြန်မာ့နှစ်သစ်ဆုမွန်ကောင်း 💦

မြန်မာသက္ကရာဇ် ၁၃၈၄ ပြည့်နှစ် "နှစ်ဆန်းတစ်ရက်နေ့" နှစ်သစ်ကူး အချိန်သမယမှစ၍ .....

💦 ရောဂါဘေးဘယ ကင်းဝေးကြပါစေ ၊
ကပ် (၃)ပါး ဘေးရန်တို့မှ ကင်းဝေးကြပါစေ။

💦 စီးပွား လာဘ်လာဘများလည်း ဒီရေအလား တိုးတက်ပြည့်လျှံ ကြီးပွားကြပါစေ။

💦 စိတ်သစ် လူသစ် ဘဝသစ် အိမ်သစ်များဖြင့် ပျော်ရွှင်ကျန်းမာချမ်းသာစွာဖြင့် နေထိုင်နိူင်ကြပါစေလို့ ... #ကြွယ်ကြီးကျယ်
မှ
နှစ်သစ်ဆုမွန်ကောင်း တောင်းဆုပြုလိုက်ပါတယ်ရှင့် 🙏

💦 နှစ်သစ်မှာ အိုးသစ်အိမ်သစ်များဖြင့် နေထိုင်လိုသူများအနေဖြင့် လှပခိုင်ခန့်သပ်ရပ်ကောင်းမွန်စွာ တည်ဆောက်ပေးနေသည့် #ကြွယ်ကြီးကျယ် ဆီသို့ ယုံကြည်စိတ်ချစွာ အရောက်လှမ်းလာပါလို့ ဖိတ်ခေါ်ပါရစေရှင့် 😍😍😍

🏘️ လိပ်စာ --- ရပ်ကွက် (၄) ၊ ဗိုလ်ချုပ်လမ်း ၊
ကြာအင်းဆိပ်ကြီးမြို့ ၊ ကရင်ပြည်နယ် ။
☎️ ဖုန်း --- 09425324894
09799518344

Photo -crd

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းလှပသပ်ရပ်သော နေအိမ်လေးများတည်ဆောက်လိုပါက... Ph...☎️ 09425324894        ☎️ 09799518344 သို့ ...
05/04/2022

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း
လှပသပ်ရပ်သော နေအိမ်လေးများတည်ဆောက်လိုပါက...
Ph...☎️ 09425324894
☎️ 09799518344 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်...

လုပ်ငန်းမစတင်မီ...
#တည်ဆောက်မည့်နေရာများသို့ကွင်းဆင်းကြည့်ရှုပေးခြင်း
#ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ပေးခြင်း
#လုပ်ငန်းအပ်နှံသူစိတ်တိုင်းကျဒီဇိုင်းများရေးဆွဲပေးခြင်း
#အသုံးပြုလိုသောဘတ်ဂျက်အလိုက်ညှိနှိုင်းတိုင်ပင်ဆွေးနွေးပေးခြင်း

တည်ဆောက်နေစဉ်ကာလအတွင်း...
#လုပ်ငန်းကျွမ်းကျင်သောအင်ဂျင်နီယာများမှအနီးကပ်ကြည့်ရှုပေးခြင်း

တည်ဆောက်ပြီးဆိုရင်တော့...
#လူကြီးမင်းတို့စိတ်တိုင်းကျလှပခိုင်ခံ့သပ်ရပ်သောနေအိမ်လေးရရှိပိုင်ဆိုင်နိုင်ပြီပေါ့

😍 ...ကျေနပ်မှုအပေါင်းသရဖူဆောင်းရအောင်
#ကြွယ်ကြီးကျယ် ကို ဆက်သွယ်လိုက်ပါစို့နော်... 😍

03/04/2022

နေစရာအိမ်ဆောက်မယ်ဆိုရင်
+++++++++++++++++

နေစရာအိမ်ဆောက်မယ်ဆိုရင်
ဝေဒင်္ဂတို့ နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေရတဲ့ အကြောင်းအရင်းကတော့ စား-၀တ်-နေ-ရေး ကြောင့်ပဲမဟုတ်လား။

အဲဒီ စား-၀တ်-နေ-ရေး ဆိုတဲ့ စကားလေး သုံးခွန်းဟာ နှုတ်ကပြောရာမှာ ဘာမှမဟုတ်ပေမယ့် သေသေချာချာ တွေးကြည့်လေ လေးနက် ကျယ်ပြန့်လေပါပဲ။ စဉ်းစားကြည့်လေ၊ နေ့စဉ်နှင့်အမျှမစားလို့ မ၀တ်လို့၊ မနေလို့ ရလို့လား၊ မစားဘဲ၊ မ၀တ်ဘဲ၊ မနေဘဲ ရနိုင်ရိုးလား။
ရှာရ၊ ဖွေရ၊ ရုန်းကန်လှုပ်ရှားနေ၇တာ၊ မပြောချင်၊ မဆိုချင် မဆက်ဆံချင်တဲ့ သူတွေနဲ့ ပြောဆိုဆက်ဆံရတာ တွေဟာ အဲဒီစား၀တ်နေ ဆိုတဲ့ ဟာကြီးကြောင့်ပါ။

ဗုဒ္ဓဝါဒီပီပီပြောရရင် ခန္ဓာအိမ် ရှိသရွေ့ စားနေရ၊ ၀တ်နေရ၊နေနေရဦးမှာပါ။
စားစရာရှိပေမယ့်၊ ၀တ်စရာရှိပေမယ့်။ နေစရာမရှိရင် သိပ်ဒုက္ခရောက်ပါတယ်။
ဝေဒင်္ဂတို့အတွက် နားခိုစ ရာ အမိုး၊ အကာ၊ အခင်းဟာလဲ စားစရာ၊ ၀တ်စရာ တွေလို
အရေးပါသမှ သိပ်ကိုအရေးပါလှပါတယ်။

ဒီနေစရာ အရေးပါလွန်းလို့လား မသိဘူး၊ ဝေဒင်္ဂ တို့ရဲ့ဘိုးဘွားတွေဟာ အိမ်တစ်လုံးဆောက်ရင် ရွေးစရာ၊ ရှောင်စရာ၊ ဆောင်စရာ၊ ပြုလုပ်စရာတွေကို လင်္ကာနဲ့စာသားနဲ့ မှတ်သားပြီး လမ်းညွှန်ခဲ့ပါတယ်။

အသက်တွက်ပြီးမှအိမ်ဆောက်ပါ
အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက……

အိမ်သစ်ဆောက်လိုများလူဗိုလ်၊
သက်ကိုရှစ်ခုစား။
တစ်ခုကြွင်းမူသူဌေးယူ၊ နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြားရွှေလှေခါး၊ ငါးကားရွှေပြဿဒ်။ သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊အိမ်သစ်မဆောက်အပ်တဲ့။

လင်္ကာရဲ့သဘောကဒီလိုပါ။
ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။

၁=ကြွင်းရင် ဒီနှစ်မှာ အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊
၂=ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။
၄-ကြွင်းရင် ဘ၀ရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
၅=ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။
၃၊ ၆၊၇နဲ့ ဝြကွင်းရင်တော့ ဒီအသက်၊ ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင်ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားကျတာ၊ ရောဂါဘယ ပွားများ တာတွေဖြစ်နိုင်တယ်နဲ့တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုကအိမ်
သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် သွယ်က ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။
အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိမြေပကတိ၊သုခိအဝေရာ။
အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။ေ
မြမင်းပုဏ္ဏားကျောင်းအိမ်များ၊ဆောက်ထား
ဇရပျသာ။
မြေဒါသမှာဥယျာဉ်သာ၊လယ်မှာလုပ်လေပါ၊
မြေပကတိကိုရဟန်းဆို၊နေလို့ကောင်းလေစွ။

လင်္ကာရဲ့သဘောကမြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့တည်ထား သင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။
ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။
ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ
လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့
အရေးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။
မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေ နိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ်လမှာ ဆောက်မလဲ။ လင်္ကာလေးကို ဖက်ကြည့်ပါဦး။

လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်၀။
လကဆုန်ကားဆန်စပါး၊ ပေါများကြွယ်တက်လှ။
၀ါခေါင်လမှာအိမ်ဆောက်ခါ၊ ဥစ္စာတိုးပွားရ။
နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလ၀ယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်
ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေး ပါနော်၊ အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက် တာ၊ စပါးထွတ်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော် ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ်များ တဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲစတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။
လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။
နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံခါ ချမ်းသာရ။
ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။
နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။
စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာအသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေမှာတော့ လုံး၀ မကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင်ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း) က ကိုယ့်ကိုဗေဒင်ဟော တတ်ပါသတဲ့ ။
ဟောပုံက
အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ် ပြီးမှ။
ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော် ကြည့်အပ်လှ။
တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ် ဒုက္ခရ။
သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ် မေတ္တာမျှ။
ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။
ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမှာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊တိုးတက်သက်ဇီ၀။
ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း ရွှင်ပြုံးချမ်းသုခ။
ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊တစ်ဆယ့်ခွန်၊အလွန်မျက်ထွက်စွ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါ နေထိုင်ကြ။
ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊လူ့ဘောင်ကျော် စောလှ။ တဲ့

ဒီလင်္ကာကို ( Burmese to Burmese )ဘာသာပြန် ရရင်-
အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့မြေနေရာ တိတိ ကျကျ ရပြီဆိုရင်
မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီးတိကျမှန်ကန်တဲ့အတိတ်နမိတ်ပေါ်အောင်ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက် လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အား ဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ် ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-
တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။
သုံးကျပ်သားရှိရင်လေးကျပ်သားရှိရင်သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင်လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိရင်လာဘ်ရမယ်။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။
ရှစ်ကျပ်သားရှိရင်ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင်သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။
ဆယ့်တစ်ကျပ်သားရှိရင်အသက်ရှင်မယ်။
ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။
ဆယ့်ငါးကျပ်သားရှိရင်တော်မှန်တဲ့သူဖြစ်မယ်။
ဆယ့်ခြောက်ကျပ်သားရှိရင်ကောင်းတယ်။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။

ရိုးရာဓလေ့ပန္နက်ရိုက်ပုံဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက် ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်း ပါပဲ။

ပန္နက်ရိုက်ရာမှာထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့် ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်း ကတော့ ဒီလိုပါ။ (ရိုးရာ အစဉ်အလာ ထိန်းသိမ်း မှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဥုံ …… ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြု ဟောင်း၊ မကောင်းတစ္ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ် တော် မွေတော်၊ ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊အင်းကားလက်ျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ ၊ ပသမလွတ်၊ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံ ဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။
တိုင်ထူရင်ရှောင်ရမယ့်အသားအိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲညွန်ပြထား
တာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊
သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကလောသား၊ လက်ပံသား၊လဲဝါတို့ဖြစ်ပါတယ်။

မိဘတိုင်ခြောက်လုံးရဲ့အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက် လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ဟောဒီပုံစံအတိုင်းပါပဲဗျာ။

အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ္ဘီ )

အဲဒီ တိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်း ထဲကို
ဟောဒီအတိုင်းဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရ ပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန် မြုပ်ရမယ်။
ကုမ္ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာ ချပြီး မှထူရမယ်။ ထူပြီးတော့မှမကြိုက်လို့သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေး တယ်။
အဲဒါတွေကတော့ -
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။
ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။
ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။
ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေ မရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။
ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။
ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။
ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။
ပြီးတော့ အိမ်မဆောက်ခင်က ၀င်းထရံကို ကြိုပြီး ခတ်မထားရဘူး။
အိမ်ဆောက်ပြီးမှ ၀င်းခတ်ရမယ်။
အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။
ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရ မယ်။
ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။
အိမ်အကာအကွယ်
အိမ်သစ်မှာ နေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ် အန္တရာယ်တွေ ကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ --
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ -
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါ တယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ် ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ခင်ဗျာ။
အခုတင်ပြခဲတဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ ရိုးရာထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်း သစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။ ခေတ်နဲ့ လျော်ညီစွာ ရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူ တို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။

crd ဦးဖိုးနီ

အိမ်ပုံစံလှလှလေးတွေကို ဆောက်လုပ်ချင်တယ်ဆိုရင်.....Page messengerPh/09799518344Ph/09425324894 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတ...
02/04/2022

အိမ်ပုံစံလှလှလေးတွေကို ဆောက်လုပ်ချင်တယ်ဆိုရင်.....
Page messenger
Ph/09799518344
Ph/09425324894 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်..ဆန်းသစ်သောဒီဇိုင်း..ကောင်းမွန်သောအရည်အသွေး..သင့်တင့်သောစျေးနှုန်း..သေသပ်လှပသောလက်ရာ
များဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ ဖန်တီးဆောက်လုပ်ပေး​နေပါတယ်နော် 😘

လူကြီးမင်းတို့နေအိမ်အလှလေးများတည်ဆောက်လိုပါက ကြွယ်ကြီးကျယ် ကိုသတိရလိုက်ပါနော်...စိတ်ချမ်းသာမှုအပေါင်းနဲ့ပြည့်စုံတဲ့အိမ်က...
31/03/2022

လူကြီးမင်းတို့နေအိမ်အလှလေးများတည်ဆောက်လိုပါက ကြွယ်ကြီးကျယ် ကိုသတိရလိုက်ပါနော်...
စိတ်ချမ်းသာမှုအပေါင်းနဲ့ပြည့်စုံတဲ့အိမ်ကလေးဖြစ်ဖို့တည်ဆောက်ပေးနေပါပြီနော်...
အသေးစိတ်သိလိုသည်များမေးမြန်းချင်ပါက...ဖုန်းလေးသာဆက်လိုက်ပါ...
☎️ 09-425324894☎️
☎️09 -799518344☎️
အဆင်သင့်ရှိနေပါတယ်

လူကြီးမင်းတို့နေအိမ်များတည်ဆောက်လိုပါက🏠🏠🏠ကြွယ်ကြီးကျယ်ဆောက်လုပ်ရေးမှ...-အိမ်ဒီဇိုင်းများဖန်တီးရေးဆွဲပေးခြင်း-ကုန်ကျစရိတ်...
25/03/2022

လူကြီးမင်းတို့နေအိမ်များတည်ဆောက်လိုပါက🏠🏠🏠

ကြွယ်ကြီးကျယ်ဆောက်လုပ်ရေးမှ...
-အိမ်ဒီဇိုင်းများဖန်တီးရေးဆွဲပေးခြင်း
-ကုန်ကျစရိတ်တွက်ချက်ပေးခြင်း
-တာဝန်ယူဆောက်လုပ်ပေးခြင်း
-တည်ဆောက်နေစဥ်အတွင်းအင်ဂျင်နီယာများမှကြီးကြပ်ပေးခြင်း
များဆောင်ရွက်ပေးလျက်ရှိပါသည်
..လူကြီးမင်းတို့အနေဖြင့်အသုံးပြုလိုသောဘတ်ဂျက်ပမာဏ၊လိုချင်သောဒီဇိုင်းအတိုင်းအတာပေါ်မူတည်၍ အသေးစိတ်ညှိနှိုင်းတိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင်...

ခိုင်ခံ့သပ်ရပ်လှပမှုအတွက်စိတ်ချလို့ရပါတယ်နော်😍😍😍
ဆက်သွယ်ရန်ဖုန်းနံပါတ်...
09 799518344/ 09 425 324894

Address

Kya-in Seikkyi

Telephone

+959425324894

Website

Alerts

Be the first to know and let us send you an email when Kywal Kyi Kyal Engineering Design & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share