APNL Engineering Group Co.Ltd

APNL Engineering Group Co.Ltd ယုံကြည်စိတ်ချ ရတာ APNL ပါ
တာဝန်ယူမှု တာဝန်ခံမှု အပြည့်ပေးတာ APNL ပါ

APNl ရဲ့ မှတ်တမ်းများ
28/09/2024

APNl ရဲ့ မှတ်တမ်းများ

အကိုကြီးဒီနေ့ သံ မှာတာ၃ သိန်းလောက် ဟ သွားပြီ တဲ့သူ တွက်ခိုင်းတာကလွန်ခဲ့သည့် ၂ ရက်တည်းကပါစာရင်းကို ဒီနေ့မှ ပေးဖြစ်တယ်site...
08/02/2024

အကိုကြီး
ဒီနေ့ သံ မှာတာ
၃ သိန်းလောက် ဟ သွားပြီ တဲ့

သူ တွက်ခိုင်းတာက
လွန်ခဲ့သည့် ၂ ရက်တည်းကပါ
စာရင်းကို ဒီနေ့မှ ပေးဖြစ်တယ်

site ထဲမှာလည်း ရေမြုပ်နေတော့
ကလေးတွေက footing ချနိုင်ရေးရုန်းကန်နေရ
လက်ကျန်စာရင်း မပေးနိုင်
မနက်ကမှ ပေး၍ ချက်ချင်းတွက်ကာ
စာရင်းပို့လိုက်တော့ သူကလည်း ချက်ချင်းမှာ
တနေ့ တနေ့ တက်နေသည့်စျေးနဲ့ဆိုတော့
ကွာဟသွားသည်ပေါ့လေ

တကယ်တော့
နောက် တစ်လ နှစ်လ မှ သုံးရမည့် သံ
စျေးတက်မှာစိုး၍ ကြိုဝယ်ထားသည့် အခြေအနေ

အင်း
ငွေ ကြေး ပြည့်စုံကြသည်ကိုး

ဘာတွေးမိလဲဆို
အိမ်ရှင်နဲ့ ကန်ထရိုက်
အရစ်ကျစနစ်တွေနဲ့ ဆောင်ရွက်နေသူတွေ
ဘယ်လိုများ လက်ခံဆောင်ရွက်နေကြသလဲပေါ့

လက်ရှိပေါက်စျေးနဲ့ စာချုပ် ချုပ်
ဖောင်ဒေးရှင်းအရစ်တင် တစ်လလောက် ကြာ
ဒုတိယအရစ်ထုတ်မယ် ရှေ့ဆက်မယ်ဆိုတော့ စျေးတွေက တက်
အဲ့ဒီမှာ စ ထိ ပြီ
ငွေထုတ်လို့ရနေချိန် ထုတ်စရာကျန်နေသေးချိန်မှာ မသိသာပေမယ့် အဆုံးသတ်ခါနီး လက်ကျန်ငွေနည်းလာသည့်အချိန် လုပ်ကွက်ကျန်နေသေးချိန်တွေမှာ တိုင်ပတ်ပြီ
မရှူနိုင် မကယ်နိုင်ပြီ
လုပ်ငန်းဆိုင်းငံ့ပြီ ပြေးကြပြီ နဲ့
လက်ရှိမှာလည်း မကြာခဏ ကြားနေရသည်
အချို့ ရှေ့မဆက်နိုင်တော့ဘဲ
လောကထဲက ထွက်သွားကြရပြီ

တစ်လုံးထိ စိုက်ကြ
နှစ်လုံးထိ စိုက်နိုင်သေးကြ
သုံးလုံး လေးလုံးလည်း ဆက်ထိလာရော
တိုင်အတော် ပတ်ကြသည်မှာ မြင်နေရသည်
အလုပ်တွေ အများကြီးရနေတော့ ပျော်ကြပြီး စျေးနှုန်းမတည်ငြိမ်တော့ ငိုကြရသည်

တကယ်တော့
Management ပါပဲ
ကိုယ်လျှောက်မယ့်လမ်း ကိုယ်သိရမည်
ကောင်းမွန်စွာ စီမံ ခန့်ခွဲနိုင်ရမည်
သို့မှသာ အရှုံးမပေါ်မည်
အောင်မြင်မှု ဆိုတာက
တည်ဆောက်ရတာ ကြာမြင့်သည်
အချိန်ပေးရသည်

အဆိုပါ အခြေအနေတွေကြောင့်
ကုန်ပစ္စည်း စျေးတက်သည့်အခါ တက်စျေးပေးမလားဆို မည်သည့်အိမ်ရှင်မှ မပေးချင်
စာချုပ် ချုပ်
လုပ်ငန်းစသည်နှင့် % များများပေးမလားဆို မယုံကြည်ချင်
မယုံကြည်ချင်စရာတွေလည်း တွေ့ကြုံဖူးလို့ဖြစ်မည်

ကျွန်တော်ကတော့ ပြတ်သည်
ပစ္စည်း+လက်ခ အပ်နှံပါက
စျေးနှုန်း အတည်ပြုပြီး
စာချုပ် ချုပ်သည်နှင့် 5% or 10 %
၃ ရက် တစ်ပတ်အတွင်း
လုပ်ငန်းစဖို့ သေချာသည်နှင့် 50 % ယူသည်
တကယ်တော့
အဆိုပါ 60% သည် ပစ္စည်းဝယ်ယူဖို့တောင် မလောက်ငှပေ

လုပ်ငန်းစသည်နှင့်
သစ် အထပ်သား သံ ကို အဓိကထားကာ
အပြည့်အစုံ ဝယ်ချထားသည်
အတက်ကြမ်းသည့်ပစ္စည်းများ ဖြစ်သည်
ဘိလပ်မြေ သဲ ကျောက် အုတ် နေရာရှိသလောက် ချထားသည်
သူတို့သည် ပါးပါးလျားလျားသာ တက်သည်
ကြိုချုပ်ထားသည်မျိုး လုပ်သည်
လေဘာအတွက်က ကိုယ့်ငွေကို စိုက်ကာ ထိန်းထားလို့ရသည်
အရစ်ကျ ရမည့်ငွေကလည်း ရှိသေးသည် မဟုတ်လား

ထို့ကြောင့်
#လေဘာသီးသန့် ငှားရမ်းပါက အရစ်ကျငွေဖြင့် လုပ်နိုင်သည်

ဒီလိုမှ မဟုတ်
ကျွန်တော် အလုပ် လက်မခံပေ
မယုံကြည်လျှင် အလုပ် မလုပ်ကြရုံ
တစ်နေ့လုပ်မှ တစ်နေ့စားရရုံသာ ရကြသည်မို့ စိုက်ထုတ်ပြီး လုပ်ပေးနိုင်အောင် မချမ်းသာ
တာဝန်ယူမှု တာဝန်ခံမှုတွေနှင့် ဂုဏ်သိက္ခာကိုသာ အရင်းတည်၍ လုပ်စားရသူမို့ နှစ်ဦးနှစ်ဘက် မျှတအောင် အကျိုးအကြောင်း အချက်အလက်တို့နှင့် ညှိနှိုင်းဆွေးနွေးကာ အလုပ် လုပ်သည်

အလုပ်ဆိုသည်က မသေမချင်း လုပ်ကြရမည်မို့ မိမိကို ယုံကြည်သော မျှတစိတ်ရှိသောသူများနှင့်သာ အလုပ် လုပ်လိုသည်

ယုံကြည်မှုနှင့် ထိုက်တန်သော ပေးဆပ်မှုကို အလေးထားမည် ။....

Ye Htet

photo credit

လုပ်ငန်းအစပြုအိမ်ရှင်က ဒီသံချောင်းလေးသုံးချင်တယ်ဟုတ်ကဲ့ဖြစ်စေရပါမယ်APNL ရဲ့ စေတနာတေ စေတနာတေ
17/10/2023

လုပ်ငန်းအစပြု
အိမ်ရှင်က ဒီသံချောင်းလေးသုံးချင်တယ်
ဟုတ်ကဲ့ဖြစ်စေရပါမယ်
APNL ရဲ့ စေတနာတေ စေတနာတေ

ယနေ့ဖြစ်သည်ဆိုဒ်သစ်တခုစတင်ရန် ပြင်ဆင်(24'x55'x23'RC၁ထပ်ခွဲ)APNL Engineering Group Co.Ltd အားဆောင်ရွက်ခွင့်ရရှိရန် ယုံယုံ...
02/10/2023

ယနေ့ဖြစ်သည်
ဆိုဒ်သစ်တခုစတင်ရန် ပြင်ဆင်(24'x55'x23'RC၁ထပ်ခွဲ)
APNL Engineering Group Co.Ltd
အားဆောင်ရွက်ခွင့်ရရှိရန် ယုံယုံကြည်ကြည်ဖြင့်
အပ်နှံပေးပါသော သူငယ်ချင်းနှင့်မိသားစု
အားအထူးကျေးဇူးတင်အပ်ပါသည်။
APNL မှ လူကြီးမင်းတို့၏ ယုံကြည်ပေးမှုကို
အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်းသတင်းကောင်းလေးပါးအပ်ပါသည်။
📞📞📞 09 450159895 /09 980710921

save မော်လမြိုင်ကျွန်းမြို့ ဥပဒေရုံးနှင့်ဝန်ထမ်းအိမ်ယာတည်ဆောက်နေမှု့လေး မှတ်တမ်းတင်ပါသည်။
04/09/2023

save
မော်လမြိုင်ကျွန်းမြို့ ဥပဒေရုံးနှင့်ဝန်ထမ်းအိမ်ယာ
တည်ဆောက်နေမှု့လေး မှတ်တမ်းတင်ပါသည်။

plinth level ရောက်တော့မှာမို့ကြိုတင်ပြင်ဆင်ခြင်းမှတ်တမ်းလေးတခုပါဗျ28'x60' RC 2 story ရဲ့ ဆောင်ရွက်ပြီးစိမှု့လေးတေပါဗျယုံ...
22/03/2023

plinth level ရောက်တော့မှာမို့
ကြိုတင်ပြင်ဆင်ခြင်းမှတ်တမ်းလေးတခုပါဗျ
28'x60' RC 2 story ရဲ့ ဆောင်ရွက်ပြီးစိမှု့လေးတေပါဗျ
ယုံကြည်စွာဖြင့် တည်ဆောက်ခွင့်ပေးကြပါသော
လူကြီးမင်းတို့ တစ်ယောက်စီတိုင်းကိုကျေးဇူး
ဦးတင်လျက်ပါ

APNL ရဲ့ မှတ်တမ်းလေးပါplinth beam ကွန်ကရစ် မလောင်းမှီသန့်ရှင်းရေးလုပ်1:1 နဲ့ 14 day ကြိုလုပ်ထားတဲ့ cover block များတပ်ဆင...
22/03/2023

APNL ရဲ့ မှတ်တမ်းလေးပါ
plinth beam ကွန်ကရစ် မလောင်းမှီသန့်ရှင်းရေးလုပ်
1:1 နဲ့ 14 day ကြိုလုပ်ထားတဲ့ cover block များတပ်ဆင်
ပြီး 23.3.2023 ရက်နေ့မှာ စတင် concrete သွန်းလောင်းပါတော့မယ်ဗျ
APNL ဝိုင်းတော်သားများရဲ့ ကြိုးစားမှု မှတ်တမ်းလေးပါ
ကျေးလတ် ဒေသမှာ လုပ်ရတယ်ဆိုပေမယ့်လည်း
အရည်အသွေးပိုင်း ကိုအဓိက ထားဆောင်ရွက်ပါတယ်ခင်ဗျ
ယုံကြည်လို့ လုပ်ငန်းအပ်နှံလိုလျင်
APNL Engineering Group Co.Ltd ရဲ့
page messanger မှဖြစ်စေ
၀၉ ၄၅၀၁၅၉၈၉၅
၀၉ ၉၈၀၇၁၀၉၂၁
သို့တိုက်ရိုက်ဆက်သွယ် လို့ ယုံကြည်စွာအပ်နှံနိုင်ပါပြီ
#တာဝန်ယူမှုတာဝန်ခံမှု များဖြင့် ဆောင်ရွက်ပေးနေတာ
ကျွန်တော်တို့ ရဲ့ APNL ပါ #

လုပ်ငန်းဆောင်ရွက်နိုင်ခွင့်အားချိတ်ဆက်ပေးပါသောဆရာ ဦးသန်းထွဋ်(မြို့နယ် အင်/ယာ မှူး)အားအထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျ      ...
01/03/2023

လုပ်ငန်းဆောင်ရွက်နိုင်ခွင့်အားချိတ်ဆက်ပေးပါသော
ဆရာ ဦးသန်းထွဋ်(မြို့နယ် အင်/ယာ မှူး)အားအထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျ
တာဝန်ယူမှု တာဝန်ခံမှု့အပြည့်ဖြင့်
ကျွန်တော်များAPNL Engineering Group Co.Ltd
မှ အထူးအထူး ဆောင်ရွက်ပေးလျက်ရှိကြောင်းပါခင်ဗျ
# 28 ' x 60 ' RC ၂ ထပ်ခွဲ ဆိုဒ်လေးပါ
# APNL Engineering Group Co.Ltd
# 09-450159895
# 09-980710921
# page messanger

Address

Kyaiklat

Telephone

+959450159895

Website

Alerts

Be the first to know and let us send you an email when APNL Engineering Group Co.Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to APNL Engineering Group Co.Ltd:

Share