02/10/2026
မင်္ဂလာပါရှင်🙏
ဒီတစ်ခေါက် ပို့ဆောင်ပေးထားတဲ့ ပစ္စည်းများနဲ့ပတ်သက်ပြီး အသိပေးလိုပါတယ်ရှင်။ လက်ရှိအချိန်ထိ ပစ္စည်းများဟာ မူလမျှော်မှန်းထားတဲ့အချိန်အတိုင်း ရောက်ရှိနိုင်ခြင်း မရှိသေးဘဲ လမ်းခရီးမှာ အခက်အခဲတချို့ကြောင့် ကြန့်ကြာနေပါတယ်ရှင်။
ပစ္စည်းများကိုလည်း လမ်းခရီးမှာ ထိန်းသိမ်းထားရှိပြီး ဆက်လက်ပို့ဆောင်နိုင်ဖို့ အဆင်ပြေအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ လမ်းခရီးအခြေအနေများကြောင့် အချိန်အနည်းငယ် ထပ်မံကြာမြင့်နိုင်တဲ့အတွက် ပစ္စည်းပိုင်ရှင်များအနေနဲ့ နားလည်ပေးပြီး ခဏလေး စောင့်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။ 🙏
အခုလို အဆင်မပြေမှုနဲ့ စောင့်ဆိုင်းရမှုအတွက် အထူးတောင်းပန်ပါတယ်ရှင်။ ပစ္စည်းများ အမြန်ဆုံးရောက်ရှိနိုင်အောင် အခြေအနေအရ အကောင်းဆုံး ကြိုးစားပို့ဆောင်ပေးနေပါတယ်။
နောက်ဆုံးအခြေအနေများကိုလည်း သိရှိရသမျှ ဆက်လက်အသိပေးသွားပါမယ်ရှင်။
နားလည်ပေးပြီး စိတ်ရှည်စွာ စောင့်ပေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ရှင်။ ❤️🙏