MSLH Construction Group

MSLH Construction Group Construction,Decoration,Renovation

20/11/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ပေါ်လစ်အကြောင်း တစေ့တစောင်း~•~•~•~•~•~•~•~•~•~•~•~•~• ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။...
03/09/2023

ပေါ်လစ်အကြောင်း တစေ့တစောင်း
~•~•~•~•~•~•~•~•~•~•~•~•~•

ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။

နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။

1️⃣ ဖီလာ (Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်‌အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။

2️⃣ ဆီလာ (Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။

(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================

ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။

NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။

ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။

(၂) AC ဆီလာ
==========

AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။

AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်‌စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။

(၃)PU ဆီလာ
==========
PU ဆီလာက‌ သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။

PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။

3️⃣ Lacquer နဲ့ Topcoat

တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။

Lacquer ‌လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။

သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။

ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။

Topcoat ကို‌တော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။

NC /PC topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။




Group

Merry Christmas to you all 🤶🎁🎇♥
24/12/2022

Merry Christmas to you all 🤶🎁🎇♥





20/12/2022

ယနေ့ First Floor Slab Concrete လောင်းပြီးသွားတဲ့

Project's Name-22003TG ပါခင်ဗျာ😊

အသေးစိတ်သိလိုပါက ကျွန်တော်တို့"မြို့စလင်းထွန်း"ရဲ့Page Messenger နဲ့ ဖော်ပြပါဖုန်းနံပါတ်များမှတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ📝








အမိုးလုပ်ငန်းဆောင်ရွက်နေပြီဖြစ်တဲ့ "စလင်း"မြို့က လက်ရာလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာProject's Name-22002YTGArea -2700SftLo...
03/12/2022

အမိုးလုပ်ငန်းဆောင်ရွက်နေပြီဖြစ်တဲ့ "စလင်း"မြို့က လက်ရာလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ

Project's Name-22002YTG

Area -2700Sft

Location-Salin

Type - One Storey R.C.C Building

*အကြမ်းထည်

*ရေ

*မီး

*ဆေး နှင့်

*မျက်နှာကြက် တို့ကို တာဝန်ယူတည်ဆောက်ပေးရမှာ ဖြစ်ပါတယ်ခင်ဗျာ

လူကြီးမင်းတို့၏ ​နေအိမ် ၊အဆောက်အဦများကို တည်ဆောက်ချင်တယ်ဆိုပါလျှင်👇

အရည်အသွေး ပြည့်ဝမှုကို အဓိက ဦးစားပေးထားပြီး ဝါသနာနဲ့ ကျွမ်းကျင်မှုကို အခြေခံထားတဲ့အပြင် စေတနာရှေ့ထား ဆောင်ရွက်တဲ့ ကျွန်တော်တို့ "မြို့စလင်းထွန်း"ကို သတိရလိုက်ပါခင်ဗျာ💙






အဆောက်အဦ ဒီဇိုင်းပုံစံထုတ်ခြင်း မှစ၍ လုပ်ငန်းများအားလုံး ပြီးစီးသည်အထိ ကျွန်တော်များ "မြို့စလင်းထွန်း" ကုမ္ပဏီလီမိတက်မှ...
24/11/2022

အဆောက်အဦ ဒီဇိုင်းပုံစံထုတ်ခြင်း မှစ၍ လုပ်ငန်းများအားလုံး ပြီးစီးသည်အထိ ကျွန်တော်များ "မြို့စလင်းထွန်း" ကုမ္ပဏီလီမိတက်မှ ဂုဏ်ယူစွာဖြင့် တာဝန်ယူတည်ဆောက်ခဲ့ပါသည်။

လုပ်ငန်းအမည်-(၄၀ပေ x ၃၅ပေ) သံကူကွန်ကရစ် (၁)ထပ် ။

တည်နေရာ - မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့ ။

ကြာချိန် - ၃လ

အခန်းဖွဲ့စည်းပုံ
-ဘုရားခန်း = ၁ ခန်း
-ဧည့်ခန်း =၁ ခန်း
-နှစ်ယောက်အိပ်ခန်း=၁ ခန်း(ရေချိုးခန်း+အိမ်သာပါပြီး)
-နှစ်ယောက်အိပ်ခန်း=၁ ခန်း(ရိုးရိုး)
-တစ်ယောက်အိပ်ခန်း=၁ ခန်း
-ထမင်းစားခန်း =၁ ခန်း
-သန့်စင်ခန်း=၁ ခန်း
-ရေချိုးခန်း=၁ ခန်း
ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာ
၁။ အဆောက်အဦ၏ အကြမ်းထည်လုပ်ငန်းများ
၂။ ရေ ၊ မီး ၊ ဆေး နှင့် မျက်နှာကြက် လုပ်ငန်းများ
၃။ တံခါး ၊ ပြူတင်း နှင့် ကြွေပြားကပ်ခြင်း လုပ်ငန်းများ
၄။ လုံခြုံရေး သံပန်းများ တပ်ဆင်ခြင်း
၅။ အဆောက်အဦ ပတ်လည် ခြံစည်းရိုး အုတ်တံတိုင်း လုပ်ငန်းများ နှင့်
၆။ မိလ္လာကန် တစ်လုံး ၊ Over Head Tank (၁)လုံး တို့ ဖြစ်ပါတယ်ခင်ဗျာ

Salin Htun Construction Group



Storey R.C.C Residential Building
Rate

  ၁ တန်မှာ ရှိတဲ့ Hollow Sectoins အချောင်းရေတွက်ထုတ်နည်း နှင့် Hollow Sections ၏ Unit Weight တွက်ထုတ်နည်း 📕 Hollow Secti...
07/06/2022



၁ တန်မှာ ရှိတဲ့ Hollow Sectoins အချောင်းရေ
တွက်ထုတ်နည်း နှင့်
Hollow Sections ၏ Unit Weight တွက်ထုတ်နည်း

📕 Hollow Sections တွက်နည်းကို အပိုင်း (၂) ပိုင်းနဲ့ ရေးသားတွက်ပြသွားပါမယ်။

1. ၁ တန်မှာ ရှိသော အချောင်းရေ တွက်ထုတ်နည်း
2. Unit weight တွက်ထုတ်နည်း

Rectangular Hollow ကို FBS Unit နဲ့လည်းကောင်း
Square Hollow ကို SI Unit နဲ့လည်းကောင်း တွက်ပြသွားပါမယ်။

အပိုင်း (၁)

📕 100mm x 50mm x 4mm Rectangular Hollow ကို တွက်ပြပါမယ်။

In SI Unit

Unit Weight of Steel = 7850 Kg/mÂł

1mÂł = 7850 Kg

Volume = LxBxH

= 6 x (2x50/1000+2x100/1000) x 4/1000

= 0.0072 mÂł

( Rectangular Hollow သည် 6 m ရှည်တာမို့ L မှာ 6 ထည့်ပါတယ်။

50mm နဲ့ 100mm က m ပြောင်းချင်လို့ 1000 နဲ့ စားရတယ်။

H ဆိုတာ Rectangular ရဲ့ Thickness ဖြစ်တာမို့ 4 mm ကို m ပြောင်းချင်လို့ 1000 နဲ့ စားပြီး ထည့်ပါတယ်။ )

1 mÂł = 7850 Kg

0.0072 mÂł = ?

= 0.0072 x 7850 /1 = 56.52 Kg *

= 56.52/1000 = 0.05652 Ton

0.05652Ton = 1 No

1 Ton = ?

1 Ton = 1x 1/ 0.05652 = 17.8 No

ထို့ကြောင့် 1 Ton မှာ 100mmx50mmx4mm Rectangular Hollow 17.8 ချောင်း ရှိပါတယ်။

Unit Weight ရှာကြည့်မယ်။

56.52 Kg* = 1 No

1 No = 6 m

6 m = 56.52 kg

1 m = ?

1 m = 56.52/6

= 9.42 Kg/m

ထို့ကြောင့် 100mmx50mmx4mm Rectangular Hollow ၏ Unit Weight သည် 9.42 Kg/m ရှိပါတယ်။

အထက်ပါ နည်းအတိုင်း အခြား Size များကို တွက်ကြည့်ပါ။

အပိုင်း (၂)

📕 2" x 2" x 1/4" Square Hollow ကို တွက်ပြပါမယ်။

In FBS Unit

Unit Weight of Steel = 490 lb/ftÂł

1 ftÂł = 490 lb

Volume = LxBxH

= (19' 8.25") x (4x2/12) x( 1/4x1/12)

= 0.2734 ftÂł

( Square Hollow သည် 20 ft နီးပါး 19' 8.25" ရှည်တာမို့ L မှာ 19' 8.25" ထည့်ပါတယ်။

2" က ft ပြောင်းချင်လို့ 12 နဲ့ စားရတယ်။

H ဆိုတာ Square ရဲ့ Thickness ဖြစ်တာမို့ 1/4" ကို ft ပြောင်းချင်လို့ 12 နဲ့ စားပြီး ထည့်ပါတယ်။ )

1 ftÂł = 490 lb

0.2734 ftÂł = ?

= 0.2734 x 490 /1 = 133.984 lb *

= 133.984/2240 = 0.0598 Ton

0.0598 Ton = 1 No

1 Ton = ?

1 Ton = 1x 1/ 0.0598 = 16.72 No

ထို့ကြောင့် 1 Ton မှာ 2"x2"x1/4" Square Hollow 16.72 ချောင်း ရှိပါတယ်။

Unit Weight ရှာကြည့်မယ်။

133.984 lb * = 1 No

1 No = 19' 8.25"

19' 8.25" = 133.984 lb

1 ft = ?

1 ft = 133.984x1/19' 8.25"

= 6.8 lb/ft

ထို့ကြောင့် 2"x 2"x1/4" Square Hollow ၏ Unit Weight သည် 6.8 lb/ft ရှိပါတယ်။

အထက်ပါ နည်းအတိုင်း အခြား Size များကို တွက်ကြည့်ပါ။

📕 Hollow Section တွက်တဲ့အခါ သိထားရမယ့် Unit ဆက်သွယ်ချက်များ

1m = 3.281 ft

1 ft = 0.3048 m

1 m² = 10.7649 ft²

1 ft² = 0.0929 m²

1 mÂł = 35.32 ftÂł

1 ftÂł = 0.0283 mÂł

1 Ton = 2240 lb

1 Ton = 1000 kg

1 Ton = 2.24 kip

1 kg = 2.24 lb

1 lb = 0.446 kg

1 Kip = 1000 lb

1 kip = 0.446 Ton

* အလွတ်ကျက်ရန်မလိုပါ။ တွက်ထုတ်တတ်ရန်သာ လိုအပ်ပါသည်။

📘 Junior Civil Engineer များအားလုံး အဆင်ပြေကြပါစေ။

ခြံစည်းရိုးဒီဇိုင်း လှလှလေးများ
07/06/2022

ခြံစည်းရိုးဒီဇိုင်း လှလှလေးများ

Sir U Tun Tun Oo ရေးသားသည်             ( Types  Of  Roofs )အဆောက်အဦးတို့၏ခေါင်မိုးများကိုအောက်ပါအတိုင်းအမျိုးအစား(၃)မျိ...
07/06/2022

Sir U Tun Tun Oo ရေးသားသည်

( Types Of Roofs )

အဆောက်အဦးတို့၏ခေါင်မိုးများကိုအောက်ပါအတိုင်းအမျိုးအစား(၃)မျိုးခွဲခြားသတ်မှတ်ထားရှိပါသည်၊

♦(A)ခေါင်စောက်အမိုးများ၊
( Pitched or Sloping Roofs )

♦(B)ခေါင်ပြန့်အမိုးများ၊
( Flat or Terraced Roofs )

♦(C)လိပ်ခုံးပုံအမိုးများ၊
( Curved Roofs )

အထက်ပါအမိုးပုံစံ (၃) မျိုးတွင်
ခေါင်စောက်အမိုးနှင့်ခေါင်ပြန့် အမိုး များမှာ တည်ဆောက်ရေးလုပ်ငန်းများတွင်အသုံးများ
ပြီးလိပ်ခုံးပုံ အမိုး များမှာအသုံးနည်းပါးပါ
သည်၊

------------------------------
{♦ (A) (B) (C) ၏ အ‌‌သေးစိပ် }

♦(A) ခေါင်စောက်အမိုးများ၊
*****************
( Pitched or Sloping Roofs )

ခေါင်စောက်အမိုးများကိုအသုံးပြုသော
ဒိုင်းများအားမူတည်၍ အမျိုးအစား (၃)မျိုးခွဲ
ခြားထားရှိပါသည်၊

(a) ဒိုင်းတစ်ခုတည်းကိုသာအသုံးပြုသော
အမိုးများ ၊ ( Single Roofs )

(b) ဒိုင်းခွေခံထားသောအမိုးများ၊
( Trussed Roofs )

(c) ဒိုင်းနှင့်မျှားတန်းကိုအသုံးပြုထားသော
အမိုးများ ၊
( Double or Purlin Roofs )

စသည်အတိုင်းခွဲခြားထားပါသည်၊

-----

A(a) ဒိုင်းတစ်ခုတည်းကိုသာအသုံးပြုသော
အမိုးများ ၊ ( Single Roofs )များကို
အောက်ပါအတိုင်းအမိုးများကိုထပ်မံခွဲ
ခြားထားရှိပါသည်၊

(1) တဘက်ရအမိုး
( Lean to Roof or Shed Roof )
ဤအမိုးများကိုခန်းဖွင့် ၈ ပေအထိသာ
အသုံးပြုနိုင်ပါသည်၊

(2) နှစ်ဘက်စောင်းအမိုး
( Couple Roof )
ဤအမိုးများကိုခန်းဖွင့် ၁၀ ပေအထိ
သာအသုံးပြုကြလေ့ရှိသည်၊

(3) အခြေထိမ်းထုပ်တန်းပါသောနှစ်ဘက်
စောင်းအမိုး
( Couple Closed Roof )
ဤအမိုးများကိုခန်းဖွင့် ၁၂ ပေမှ ၁၈
ပေအထိအသုံးပြုနိုင်ပါသည်၊

(4) ဒိုင်းချုပ်ပါသောအမိုး
( Collar beam Roof )
ဤအမိုးများကိုခန်းဖွင့် ၁၆ ပေအထိ
သာအသုံးပြုနိုင်ပါသည်၊

(5) ကပ်ကြေးပုံကန့်လန့်ဒိုင်းပါသောအမိုး
( Collar &Scissors Roof )

ဟူ၍ဖြစ်ပါသည်၊

-----

A(b) ဒိုင်းခွေခံထားသောအမိုးများ ၊
( Trussed Roofs )များကိုအောက်ပါ
အတိုင်းအမိုး၏ဒိုင်းခွေများကိုထပ်မံ
ခွဲခြာထားရှိပါသည်၊

(1) ညာတိုင်တစ်လုံးပါဒိုင်း‌ခွေ
( King Post Truss )
ဤအမိုးများကိုခန်းဖွင့် ၂၄ ပေမှ ၃၀
ပေအထိအသုံးပြုလေ့ရှိပါသည်၊

(2) ညာတိုင်နှစ်လုံးပါသောဒိုင်းခွေ
( Queen Post Truss )
ဤအမိုးများကိုခန်းဖွင့် ၄၀ ပေအထိ
အသုံးပြုကြပါသည်၊

(3) ညာတိုင်တစ်လုံးနှင့်ညာတိုင်နှစ်လုံး
ပေါင်းစပ်ထားသောဒိုင်းခွေ
( Mansard Truss )
ဤအမိုးများကိုခန်းဖွင့် ၂၅ ပေမှ ၄၀
ပေအထိအသုံးပြုလေ့ရှိပါသည်၊

(4) အစွန်းတစ်ဘက်ကိုတို၍ထားသော
ဒိုင်းခွေ
( Truncated Truss )

(5) လိပ်ခုံးပုံသဏ္ဍာန်တကူခံဒိုင်းခွေ
( Bel fast Truss )
ခန်းဖွင့်ကျယ်ဝန်းသောအမိုးများတွင်
အသုံးပြုကြပါသည်၊

(6) သံဒိုင်းခွေ
( Steel Truss )
ခန်းဖွင့်ကျယ်ဝန်းသောအမိုးများတွင်
အသုံးပြုကြပါသည်၊
သံထည်များကိုအသုံးပြုခြင်းကြောင့်
- မီးလွယ်ကူစွာမလောင်ခြင်း၊
- ပိုးမစားနိုင်ခြင်း၊
- ရုတ်တရက်ဆွေးမြေ့မသွားနိုင်ခြင်း၊
- သယ်ယူပို့ဆောင်ရာတွင်လွယ်ကူ
ခြင်း၊
စသည့်အကျိုးများရရှိနိုင်သည်၊

(7) သစ်သားနှင့်သံပေါင်းစပ်ပြုလုပ်
ထားသောဒိုင်းခွေ
( Composite Truss )
ခန်းဖွင့်ကျယ်သောအမိုးများတွင်
အသုံးပြုကြပါသည်၊ခန်းဖွင့်ကျယ်
များကိုခွင့်ပြုဒီဇိုင်းအရဆောက်လုပ်
ကြရပါသည်၊

(8) နှစ်ထပ်ဒိုင်းခွေ
( Laminated Truss )
ဤအမိုးများကိုခန်းဖွင့် ၂၅ ပေမှ ၃၀
ပေအထိအသုံးပြုကြပါသည်၊

ဟူ၍ခွဲခြားထားရှိပါသည်၊

---------

A(c) ဒိုင်းနှင့်မျှားတန်းများကိုအသုံးပြုထား
သောအမိုးများ ၊
( Double or Purlin Roofs )
ဤအမိုးကိုခန်းဖွင့် ၈ ပေ အထက်နေရာ
များတွင်မိုး၍အသုံးပြုကြပါသည်၊

-------------------------------

♦( B ) ခေါင်ပြန့်အမိုးများ
*************
( Flat or Terraced Roofs )

ခေါင်အစောင်း ၉° ထက်နည်းသောအမိုးများကိုခေါင်ပြန့်အမိုး ( Flat Roof )ဟုခေါ်သည်၊
ခေါင်ပြန့်အမိုးများ၌အောက်နံရံဘက်တွင်၁ပေ
ခန့်ကျယ်သောရေမြောင်းများပြုလုပ်ပေးပြီး ၊
ထိုမြောင်းအတွင်းရှိရေများကို Cess Pool ခေါ်ရေကန်ငယ်များအတွင်းသို့ကျရောက်စေပြီး၊ထိုရေကန်ငယ်မှတဆင့်နံရံအတွင်းမြုတ်
သွင်းထားသောရေပိုက်နှင့်သွယ်၍နံရံအပြင်သို့ရေထုတ်ယူသည် ၊ ရေများကိုမိုးရေလွှတ်ပြွန်
Drain Water Down Take Pipe များနှင့်စီးဆင်းစေရသည်၊ဤအမိုးမျိုးတွင်ရေဆင်း
ကို 1 in 25 မှ 1 in 50 ထိပြုလုပ်လေ့ရှိသည်၊

------------------------------

♦( C ) လိပ်ခုံးပုံအမိုးများ
*************
( Curved Roofs )
ကျယ်ဝန်းသောခန်းဖွင့်များနှင့်အမိုးကိုအလှဆင်သောနေရာရာများတွင်မိုး၍အသုံးပြုကြပါသည်၊အသုံးပြုမှု့နည်းပါးပါသည်၊

------------

★ ( အမိုးနှင့်ဒိုင်းခွေပုံစံ) တစ်ခုချင်းစီကို
ပုံများဖြင့်အသေးစိတ်ဖေါ်ပြပေးအပ်
ပါသည် ၊
( For General Knowledge)


( လေ့လာမိရာအဖြာဖြာ )
U Tun Tun Oo

#မူရင်းလင့်
https://www.facebook.com/100009722949810/posts/1702998280034254/

Address

Magway

Telephone

+959402664684

Website

Alerts

Be the first to know and let us send you an email when MSLH Construction Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share