KKM KKM Construction Company

သိန်း၈၅၀ ကျပ်ဖြင့် ဆောက်လုပ်ပီးစီးသွားသော ၂ထပ်ခွဲ RC ပေ ၂၁နဲ့ ၅၁ပေအကျယ် ဆောက်လုပ်ချိန် ၈လ ကြာမြင့်  Construction  number...
30/11/2020

သိန်း၈၅၀ ကျပ်ဖြင့် ဆောက်လုပ်ပီးစီးသွားသော ၂ထပ်ခွဲ RC ပေ ၂၁နဲ့ ၅၁ပေအကျယ် ဆောက်လုပ်ချိန် ၈လ ကြာမြင့်
Construction
number 09969134186

ဆောက်လုပ်ပီး စီးတော့မည် ၂ထပ်ခွဲ RC လေး 65 လမ်း siteKKM construction Contact 09969134186
10/07/2020

ဆောက်လုပ်ပီး စီးတော့မည် ၂ထပ်ခွဲ RC လေး 65 လမ်း site
KKM construction
Contact 09969134186

10/07/2020

#အိမ်နှင့်ပတ်သက်သောလောကီပညာ

အိမ် တစ်အိမ် ဆောက်ရင်အဓိက ( ၃ ) ချက်ရှိတယ်

အိမ် ပနပ် ၊အိမ် ဦးရင်တိုင် ၊လှေကား ..အဲ့ဒါ အဓိက ဘဲ။

( မဆောက်ကောင်းသောအိမ်များ )

အိမ်ပျံ

အိမ်ရင်ကွဲ

အိမ်ပလ္လင်

အိမ်ဖိုခနောက်

အိမ်နှား

အိမျပတ်တလား

ကျောင်းနှင့်တူသောအိမ်

မဆောက်ကောင်းပါ ။

ရင်ကွဲ အိမ် (ကွဲ…သေ)

ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်)

သစ်ဆက်ဝါးဆက် ဆက်သောအိမ် (ရန်ဖြစ်)

အဲ့အိမ်တွေမှာထုပ်ယောက် မိုက်ဖွဲ့ပြီး၃နဲ့စားလို့ပျက်ရင်၃လအတွင်း လူသေဖို့၁၀၀%ပါ

အိမ် ပတ္တလား နဲ့ အိမ်နွားကဆင်းရဲရုံဘဲရှိတယ် လူမခိုက်ပါ

အိမ်မှာ သစ်စုံပါရင်သစ်မင်း စိုက်ထားပါ။

အိမ်ထက် အိမ်သာ မကောင်းစေသင့်အိမ်အရင် အိမ်သာ မဆောက်ကောင်းခြံစည်းရိုး မရှိဘဲ အိမ်မတည်သင့်ပါ။

အိမ်တိုင်တွေကိုကြေးပြားမှာစည်းချဂါထာ ရေးပြီးအောက်ကခံရင် ကြီးပွားတိုးတက်စေပါတယ်။မီးမခနိုင်ဧည့်သည် ကောင်းများလာစေတက်လောင်မီးစက် မခံ နိုင်မိစ္ဆာ များမနေနိုင်ပါ။

အိမ်တစ်အိမ်မှာချမ်းသာချင်လည်း လှေကားဘဲမွဲချင်လည်း လှေကားဘဲလှေကားက အဓိကပါ ဘဲ။

အိမ်နဲ့ပတ်သတ်ပြီးသိပ္ပံခေတ်မှာ ယုံစရာမလိုဘူး ဆိုလို့မယုံကြည်ရင်အိမ်ရဲ့ဘယ်ဘက်ညာဘက် ၂ဘက်လုံးအဖီ ဆွဲ နေ လေ ။မွဲ အေးရော ။ အကြားအမြင် ပြည့်ဝကြပါစေ။

လူမှန်သမျှ .အိမ်နှင့်မကင်းနိုင်.ထိုအိမ်ဆောက်ရာတွင်အကျိုးအပြစ်ကို..စလေဦးပုည၏ဟောစတမ်းမှ..အကိူးများ၍..အများအကိူးတွက်..တင်ပေးပါအံ့။

တနင်္ဂနွေ နေ့ အိမ်ဆောက်လျှင်.. ဥရုတိုင်အရပ်ခေါ် ဦးရင်တိုင်၏ စရွေးအောက်မှာ တစ်ထွာခန့် အမျက်ရှိတတ်၏.. ထိုအမျ က်ကား.. အိမ်လူတွေကို ဒုက္ခပေးတတ်၏.. ပယ်နိုင်ကပယ်လိုက်… မပယ်နိုင်လျှင် ထိုဥရုတိုင်နှင့် အရှေ့မြောက်ကတိုင်နှင့် လဲ၍စိုက်စည်းစိမ်ဥစ္စာ တိုးပွား၏။

တနင်္လာ နေ့အိမ်ဆောက်မူ..အနောက်မြောက်ယက်မအောက်တွင် အမျက်အဆွေးရှိတတ်၏သားသမီး မြေးမြစ်သေတတ်၏..ပယ်လိုကပယ်..မပယ်လိုက..အရှေ့တောင်ကသစ်မင်းတိုင်နှင့်လဲ၍စိုက်..ခြေလေးခြောင်းရကိန်းရှိ၏။

အင်္ဂါ နေ့အိမ်ဆောက်မူ.. မြောက်အလယ်တည့်တည့်.. ယက်မအောက်တွင်.. သေချာကြည့်မှမြင်ရသော အမြံအခေါင်းရှိတတ်၏.အိမ်ရှိ တိရစ္ဆာန် သေတတ်၏

ပယ်လိုကပယ်.. မပယ်လိုက.. တောင်ဘက်စဉ် စိုက်တဲ့တိုင်တွေထဲမှ အလည်တိုင်နှင့် လဲစိုက် သမီးရတနာရတတ်၏။

ဗုဒ္ဓဟူး နေ့တွင်အိမ်ဆောက်မူ.. အရှေ့မြောက်ထောင့်ကတိုင်တွင် မြေပေါ်တစ်ထောင်လောက်အကွာ အမျက်ရှိတတ်၏..

ကိုယ်ချစ်ရသူသေတတ်၏ ပယ်လိုကပယ်.. မပယ်လိုက …ဘူမိအရပ်ကတိုင်နှင့် လဲစိုက်… စုဒ်ကောင်း၀င်လတ္တံ့။

ကြာသာပတေးနေ့တွင် အိမ်ဆောက်လျှင်အရှေ့စွန်းက.. တိုင်ခွတွင် အခေါင်းပါတတ်၏ ရောဂါရတတ်၏. .သောကရောက်တတ်၏ ပယ်လိုကပယ်.. မပယ်လိုက ..အလည်တိုင်နှင့်လဲစိုက်.. ဘုန်းကြီးအံ့။

သောကြာနေ့ တွင် အိမ်ဆောက်မူ.. အလယ်တိုင်၏ ဂွအောက်တစ်ထွာလောက်တွင် အခေါင်းပါတတ်၏.. ရောဂါထူပြောအံ့ ပယ်လိုကပယ်.. မပယ်လိုက.. အလည်ဂွတိုင်နှင့် လဲစိုက်.. လာဒ်ရအံ့။

စနေနေ့တွင် အိမ်ဆောက်မူ..

အနောက်တောင်ရှိတိုင်ထိပ်၌.. စရွေးအောက်မှာ အမျ က်သေးပါတတ်၏.. မိန်းမမသေ ယောက်ျ ားသေတတ်၏.. ပယ်လိုကပယ်.. မပယ်လိုက.. အနောက်မြောက်အရပ်ကတိုင်နှင့် လဲစိုက် လာဒ်ကြီးရလတ္တံ့။

အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သော အပင်များ၊

အိမ်ဆောက်ရက် ရွေးနည်း ၊

အိမ်ဆောက်လ ရွေးနည်း၊

မသုံးအပ်သော သစ် (၈) မျိုး၊

အိမ်၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ ။

သစ်ပင် ပန်းမန်ဆိုတာ လူတွေအတွက် ကောင်းမွန်တဲ့ အရာပါ။ သဘာ၀ရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။

မိမိအိမ် ပတ်၀န်းကျင် ခြံ ထဲ၊ အိမ် ၀န်းထဲမှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။

ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိ အိမ်၊ ခြံ ထဲမှာ မစိုက်အပ် ၊ မရှိသင့်တဲ့ အပင်တစ်ချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူအဆတွေ ခေတ်မမီတော့ဘူးလို့ဘဲ ဆိုဆို ၊ ရှေးထုံးကိုလည်း မပယ်နဲ့ဆိုတဲ့ စကားပဲ ပြောပြော အိမ်နဲ့ ပတ်သတ်ပြီး ရှေးမြန်မာ အယူတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

– အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သောအပင်များ ။

အိမ်၏ အရှေ့ဘက် မျက်နှာဘက်တွင် ညောင် ၊ သပြေပင်များ မစိုက်ရ။ စီးပွားပျက်တတ်သည်။အနောက်ဘက်တွင် လက်ပံပင် ၊ ထိန်ပင် များ မစိုက်ရ။တောင်ဘက်တွင် သျှီသျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သင်္ဘောပင်များ မစိုက်ရ။မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊သဖန်းပင် နှင့် သျှီသျှားပင် မစိုက်ရ။

အဆိုပါ အပင်များသည် ဖော်ပြပါ အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်လျော့မည်။ရောဂါဘယ ထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်။ အလိုအလျောက်ရှိနေပါကလည်း နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါသည်။

– အိမ်ဆောက်ရက် ရွေးနည်း ။

တနင်္ဂနွေ – ဒုက္ခဆင်းရဲ ရောက်တတ်သည်။

တနင်္လာ – နှစ်လမြောက်တွင် သား သမီး ဖွားမြင်သော် ချမ်းသာ ကြွယ်၀မည်။

အင်္ဂါ -ဆန်ရေစပါး ပေါများ ကြွယ်၀မည်။

ဗုဒ္ဒဟူး၊စနေ- သုခ ချမ်းသာရမည်။

ကြာသပတေး – ချမ်းသာ ကြွယ်၀မည်။

သောကြာ – သုံးလ ကြာလျှင် သုခ ပွားမည်။

– အိမ်ဆောက်လ ရွေးနည်း ။

တန်ခူးလ – ချမ်းသာ ကြွယ်၀မည်။

ကဆုန်လ – ဆန်ရေစပါး ပေါများ ကြွယ်၀မည်။

ဝါခေါင်လ – ဥစ္စာ စီးပွား တိုးပွားမည်။

နတ်တော်လ – ထင်ပေါ် ကျော်စောမည်။

ပြာသိုလ – လူအများ ချီးမွမ်းမှု ရမည်။

တပေါင်းလ – ချမ်းသာ ကြွယ်၀မည်။

ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများကြုံရတတ်သည်။

ယနေ့ခေတ်မှာ အိမ်ကို သစ်သား အခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင် ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာ အိမ်တစ်အိမ်ရဲ့ အဓိက ပါ၀င်ပစ္စည်း ဖြစ်နေပါသေးတယ်။

ရှေးမြန်မာ လူကြီးများကတော့ အိမ်နဲ့ပတ်သတ်ရင် သစ်ကို အလွန်စိစစ်ပါတယ်။

ဗဟုသုတ အလို့ငှာ သိသလောက် ဖော်ပြပေးလိုက်ပါတယ်။

– မသုံးအပ်သော သစ် (၈) မျိုး ။

၁။ ခုတ်ဖြတ်စဉ် တွဲလွဲ ကျနေသောသစ် (သစ်ဆွဲချ)

၂။ သစ်ခွ သစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)

၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီးလူး)

၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီးသောသစ် (သစ်နပုန်း)

၅။ လမ်းကူး ချောင်းကူးသစ် (သစ်တံတား(ခ) သစ်လမ်းကူး)

၆။ အပင်ချင်း အကိုင်းချင်း ကြိတ်သောသစ် (သစ်ကြိတ်)

၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)

၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

-အိမ် ၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး ။

၁။ မိကျောင်း

၂။ မအူ

၃။ သခွတ်

၄။ ညောင်

၅။ သၽွီသၽွား

၆။ သီး(သား)

၇။ သပြေ

၈။ သစ်စိမ်ရေသား

၉။ ကေလာ

၁၀။ လက်ပံ

၁၁။ လဲ

– အိမ် ၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ ။

၁။ တိုင်ဟောင်းကို ပန်းမဆွဲရ ။

၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ ။

၃။ တိုင်တို (ထောက်တို) ကို ကြမ်းပေါ် မပိုစေရ ။

၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ ။

၅။ ခေါင်လျှောက်ခွတွင် မပြီးခင် ကြမ်းမဖောက်ရ ။

၆။ တိုင်ထူရာတွင် တိုင်ချင်း မထိရ ။

၇။ အိမ်ဆောက်မပြီးခင် ၀န်း မခတ်ရ ။

၈။ ထုပ် ၊ လျှောက် ၊ ဒိုင်း ၊ မြား ၊ ခါးပန်း တို့ကို အလယ်တည့်တည့်တွင် မဆက်ရ ။

၉။ အမျိုးမတူသော သစ်ချင်း မဆက်ရ ။

၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏ လျှောက်ကို တင်၍ မဆက်ရ ။

တိုးတက်လာသော ယနေ့ခေတ် အနေအထားအရ အထက်ပါ အကြောင်းအရာတို့အား လုံးဝရှောင်ကြဉ်ရန် မဖြစ်နိုင်တော့ပါဘူး ။ ဒါပေမယ့်လို့ ” ရှေးထုံးလည်းမပယ်နဲ့ စျေးသုံးလည်း မကြွယ်နဲ့” စကားလိုမျိုးပါပဲ။

နှစ်ပေါင်းများစွာ တည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့ သဘောပါ။

ဖတ်ကြည်ရှူ့သူအားလုံး သာယာချမ်းမြေ့တဲ့ အိမ်ဂေဟာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ

From u zargara

#မေတ္တာဖြင်မျဝေသူ
Tun Tun Win

Mingalar Bar လူကြီးမင်းတို ့၏ နေအိမ်၊ ဆိုင်ခန်း၊ ရုံးခန်း၊ စက်ရုံနင့် ဂိုထောင်များ ကို*RC*Steel Structure*အလှဆင် Decorat...
28/05/2020

Mingalar Bar
လူကြီးမင်းတို ့၏ နေအိမ်၊ ဆိုင်ခန်း၊ ရုံးခန်း၊ စက်ရုံနင့် ဂိုထောင်များ ကို
*RC
*Steel Structure
*အလှဆင် Decoration လုပ်ငန်းများကို
လူကြီးမင်းတို့ စိတ်တိုင်းကျသည်အထိ တာ၀န်ယူ ဆောက်လုပ်ရေး ၀န်ဆောင်မူကို ကျွင်းကျင်သော Enginner များ နင့် Architect များ ဖြင့် တစ်နေရာထဲ တွင် ဆွေးနွေးတိုင်ပင် အကြုံပြု ၀န်ဆောင်မူပေးနေပါသည်။
PAE များကိုလည်း One square feet ကို အနည်းဆုံး ၂၉၀၀၀ မွ ၄၅၀၀၀ ထိ တာ၀န်ယူဆောက်လုပ်ပေးပါသည်။
Contect number : 09969134186
09969838896

သင်၏ တိုက်တာ အဆောက်အဦး နေအိမ် ဂိုထောင်များကို အသင့်အတင့်ဆုံးသော စျေးနူန်းဖြင့် တာဝန်ယူတည်ဆောက်ပေးနေပါသည်။ PAE စျေးနူန်း...
25/05/2020

သင်၏ တိုက်တာ အဆောက်အဦး နေအိမ် ဂိုထောင်များကို အသင့်အတင့်ဆုံးသော စျေးနူန်းဖြင့် တာဝန်ယူတည်ဆောက်ပေးနေပါသည်။ PAE စျေးနူန်းများမှာလည်း ၂၈၀၀၀မှ စ၍ ၅၀၀၀၀ ထိ Great မျိုးစုံကို ဆွေးနွေးအကြံပေး ၍ ဆောက်လုပ်ရေးလုပ်ငန်းများကို သင့်တင့်လျောက်ပတ်သော အနေအထားရအောင် ညိနိူင်းဆောက်ရွက်ပေးလျက်ရှိပါသည်။
ရုံးလိပ်စာ ၆၅လမ်း နဲ့မနော်ဟရီလမ်းထောင့်
ဖုန်းနံပတိ 09969134186
09974743005

Address

Mandalay
959

Telephone

+959974743005

Website

Alerts

Be the first to know and let us send you an email when KKM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share