01/12/2023
📊 Financial Trading လေ့လာနည်းလမ်းညွှန်
🔹ကျွန်တော်တို့ဟာ လူရယ်လို့ဖြစ်လာပြီဆိုကတည်းက "လောဘ" အနည်းနဲ့အများ ရှိကြပါတယ်။ ဒါ့ကြောင့် လူတွေဟာ ငွေကြေး ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝချင်ကြတယ်။ ချမ်းသာကြွယ်ဝဖို့ဆိုရင် ဝင်ငွေလမ်းကြောင်း တစ်ခုတည်းပေါ်မှာရပ်တည်လို့မရတော့ပါဘူး။ ဝင်ငွေလမ်းကြောင်း တစ်ခုတည်းပေါ်မှာ စားသောက်ရပ်တည်မှီခိုနေရင် တချိန်ချိန်မှာ အခက်တွေစေပါလိမ့်မယ်။ ဒါကြောင့် အခြား ငွေဝင်စေသော အစွယ်အပွားနည်းလမ်းတွေကိုလည်း ရှာဖွေကြရပါတယ်။ ဒါကြောင့် အခွင့်အလမ်းတွေရှိတဲ့ Financial Trading အကြောင်းကို လေ့လာထားတာ မမှားပါဘူး...
Financial Trading ကို လေ့လာတော့မယ်ဆိုရင် လေ့လာနည်း( ၂ )မျိုးရှိပါတယ်။
(၁)စာတွေ့လေ့လာနည်း
(၂)လက်တွေ့လေ့လာနည်းတို့ဘဲဖြစ်ပါတယ်။
(၁) စာတွေ့ဆိုတာက စာအုပ်တွေ Social media တွေမှာ စာတွေရှာဖတ်ပြီး လေ့လာတာမျိုးဘဲဖြစ်ပါတယ်။
(၂) လက်တွေ့လေ့လာနည်းကတော့ သင်တန်းတစ်ခုခုမှာ သင်တန်းတက်ပြီး လေ့လာတာမျိုးဘဲဖြစ်ပါတယ်။
🔹လေ့လာနည်းမှာ ပထမပြောပြခဲ့သော စာတွေ့ကိုဘဲလေ့လာပြီး လက်တွေ့ကိုမလေ့လာဘူးဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။
🔹လက်တွေ့မပါသော လုပ်ရပ်ဟာ အလွဲလွဲအမှားမှားနဲ့ ရှုပ်ထွေးနေစေပြီး အမှားများစွာနဲ့ ကြုံတွေ့ရကာ ရလဒ်ကောင်း လည်း ဖြစ်လာမှာမဟုတ်ပါဘူး။ လက်တွေ့မကျတဲ့အတွက် ဘာကိုဆိုလိုတယ် ဘာကိုလုပ်ဆောင်ရမယ်ဆိုတာကို နားလည်မှာမဟုတ်ပါဘူး။
🔹လက်တွေ့လုပ်ဆောင်သူတွေကလည်း သင်တန်းတက်ပြီးရုံနဲ့ Perfect မဖြစ်ပါဘူး ။ Financial Market ဟာ Global Market ဖြစ်လို့ အလွန်ကျယ်ပြန့်ပါတယ်။ လေ့လာစရာတွေ ကုန်သွားတယ်ဆိုတာမျိုးမရှိပါဘူး။ အမြဲတမ်းလေ့လာပြီး Updated လုပ်နေရပါမယ်။
🔹ဒါကြောင်း Financial Trading စတင်လေ့လာမဲ့သူတွေကို စာတွေ့ရော လက်တွေ့ပါ လေ့လာသင်ယူပါလို့ အကြံပေးချင်ပါတယ်။ သင်တန်းမှာဆိုရင်ဖြင့် စာတွေ့ရော လက်တွေ့ပါ သင်ပေးတာဖြစ်လို့ အဆင်ပြေစေပါတယ်။
🔹ခုမှ စတင်လေ့လာမယ်သူတွေဆိုရင် Youtube မှာလေ့လာလို့ရသလို Facebook နဲ့ Google တို့မှာလည်း လေ့လာလို့ရပါတယ်။
🔹Financial Trading နဲ့ပါတ်သက်သောစာတွေများများဖတ်ပါ လက်တွေ့ကျသော သင်တန်းတက်ပါ။ လေ့လာနေစဥ် သင်ယူနေစဥ်မှာလည်း Demo လို့ခေါ်သော (အစမ်းအကောင့်)နဲ့ လေ့ကျင့်လို့ရပါသေးတယ်။
🔹Financial Trading ကို နည်းမှန် လမ်းမှန်နဲ့ လေ့လာသင်ယူကာ တတ်မြောက်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်...
___________________________________________
📍ရုံးချုပ်ကုမ္ပဏီရုံးခန်းလိပ်စာ
🏠 အခန်းအမှတ်၂၇ | ၂လွှာ | Orchid ကွန်ဒို |
အလုံမြို့နယ် | ရန်ကုန်မြို့။
📱ဆက်သွယ်ရမည့်ဖုန်း : 09899931886
🦅ပုသိမ်ရုံးခွဲ
တိုက်အမှတ်L-42|အခန်းအမှတ် (002)|အောင်စည်လမ်း | မြကျွန်းသာအိမ်ရာ|ပုသိမ်မြို့။
📱09786620819
___________________________________________