Ye Min General Construction Group

Ye Min General Construction Group Construction Service & Contractor

14/05/2023
ဆရာမျိုးကို ‌ရေးသားတဲ့ STEELSTRUCTURE ပိုင်းဆိုင်ရာ တွက်ချက်မူ့များကို တစုတစည်းထဲ ဖော်ပြထားပါတယ်update (6.12.2017)ရေးဖြစ...
14/05/2023

ဆရာမျိုးကို ‌ရေးသားတဲ့ STEELSTRUCTURE ပိုင်းဆိုင်ရာ တွက်ချက်မူ့များကို တစုတစည်းထဲ ဖော်ပြထားပါတယ်

update (6.12.2017)
ရေးဖြစ်သမျ စာတိုပေစ လေးတွေပါ ။အားလုံးကိုတနေရာထဲမှာစုထားပေးတာပါ ။
သိပြီးသား သို့ အသုံးမလိုသူ သို့ အထင်မကြီးသူ ဆရာကြီးများ ကျော်သွားပေးပါ။မပြည့်လို့ဘောင်ဘင် ခတ်တယ်လို့သဘေားထားပေးပါ။
အသုံးလိုသူ ၊အသုံးတဲ့သူများအတွက် တဖက်တလမ်းကအထောက်အပံ့ဖြစ်လျင် ကျေနပ်ပါသည်။
1. H.BEAM VS I BEAM
https://m.facebook.com/story.php?story_fbid=1135238403251339&id=100002955691597

2.Hollow box
https://m.facebook.com/story.php?story_fbid=1137237446384768&id=100002955691597

3. Struct col calculation
https://m.facebook.com/story.php?story_fbid=1128439923931187&id=100002955691597

4.H.beam kg calculation update (Finding Radius)
https://m.facebook.com/story.php?story_fbid=1125918204183359&id=100002955691597

5.H.beam 1ton မှာရှိတဲ့အချောင်းရေ ရှာနည်း
https://m.facebook.com/story.php?story_fbid=1123956311046215&id=100002955691597

6.Rafter Length တွက်နည်း
https://m.facebook.com/story.php?story_fbid=1114759495299230&id=100002955691597

7.H.beam Ton တွက်နည်း (၁)
https://m.facebook.com/story.php?story_fbid=919880088120506&id=100002955691597

8.M.S plate Ton တွက်နည်း
https://m.facebook.com/story.php?story_fbid=1138478656260647&id=100002955691597

9.Col and Rafter joint (1)
https://m.facebook.com/story.php?story_fbid=1324649000976944&id=100002955691597

10. Sample Drawing Frame
https://m.facebook.com/story.php?story_fbid=1288144197960758&id=100002955691597

11.Prop Columns Haunch တွက်နည်း
https://m.facebook.com/story.php?story_fbid=1159870060788173&id=100002955691597

12.Base plate တွက်နည်း
https://m.facebook.com/story.php?story_fbid=1259648934143618&id=100002955691597

Credit. Original Writer




"MOCHA Cyclone က အပြင်းထန်ဆုံး Cat 5 ဆိုက်ကလုန်းအဖြစ် ရောက်ရှိသွားပြီ"ICON တွက်ချက်မှုပုံစံအရ - ဒီနေ့ ၁၄ ရက်နေ့မနက် ၆:၃၀...
14/05/2023

"MOCHA Cyclone က အပြင်းထန်ဆုံး Cat 5 ဆိုက်ကလုန်းအဖြစ် ရောက်ရှိသွားပြီ"

ICON တွက်ချက်မှုပုံစံအရ - ဒီနေ့ ၁၄ ရက်နေ့မနက် ၆:၃၀ တိုင်းထွာချက်အရ တနာရီ မိုင် ၁၆၀ နှုန်းနဲ့ တိုက်ခတ်နေတာ တွေ့ရှိရကြောင်း။

တနာရီ ၁၅၈ မိုင်နှုန်းနဲ့ အထက် တိုက်ခတ်တဲ့ မုန်တိုင်းတွေကို Category 5 ( အဆင့် ၅ ) သတ်မှတ်ပါတယ်။

မုန်တိုက်းတိုက်ခတ်ပုံကို အထက်စီးမှ Live ကြည့်ချင်ကြရင် အောက်ပါ လင့်မှာ ကြည့်နှိုင်ပါတယ်။

https://zoom.earth/storms/mocha-2023/

Crd

 # ဆိုင်ကလုန်းနဲ့ပတ်သက်လို့စိတ်ဝင်စားရင်ဒီစာအုပ်လေးဖတ်ကြည့်ပါ။ # download link     https://unhabitat.org.mm/wp-content/u...
13/05/2023

# ဆိုင်ကလုန်းနဲ့ပတ်သက်လို့စိတ်ဝင်စားရင်ဒီစာအုပ်လေးဖတ်ကြည့်ပါ။
# download link
https://unhabitat.org.mm/wp-content/uploads/2015/03/MANUAL-ON-CYCLONE-Causes-Effects-Preparedness_Myanmar.pdf

စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ❗❗❗❗❗ဂြိုလ်တုကပြတဲ့ ပုံအတိုင်းဆို မုန်တိုင်းအရွယ်အစားက တအားကိုကြ...
13/05/2023

စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ❗❗❗❗❗

ဂြိုလ်တုကပြတဲ့ ပုံအတိုင်းဆို မုန်တိုင်းအရွယ်အစားက တအားကိုကြီးပြီး တော်တော်လေးကိုကျယ်ပါတယ် ❌❌❌❌

ဖွဲ့စည်း နေတဲ့ တိမ်စုကြီးကလဲ အရွယ်အစားအားနဲ့ နိုင်းယှဉ်ရင် မြန်မာနိုင်ငံ အလယ်ပိုင်းတစ်ခုလုံးနီးပါးလောက်ကို ကြီး
နေလို့ပါ ... 🔺🔺🔺🔺🔺

🔺နာဂစ်တုန်းက
လေတိုက်နှုန်း = ၁ နာရီ ၁၃၅ မိုင်
မုန်တိုင်း မျက်စိ အချင်း = ၁၂ မိုင်

🔺အခုလာမယ့် မိုခါ
လေတိုက်နှုန်း = ၁ နာရီ ၁၀၃.၇ မိုင် (167 km per hr)
မုန်တိုင်းမျက်စိ အချင်း = 50 မိုင် (ခန့်မှန်း)
စက်ကွင်း ကျယ်ပြန့် အချင်းမိုင်ပေါင်း = 500 မိုင်

⚠️နာဂစ် မုန်တိုင်းမျက်စိ အချင်း (12) မိုင်ရဲ့ ပျက်စီးမှုကို မှတ်မိကြမှာပါ။ အခု လာမှာ အချင်း မိုင် (50) နဲ့ လာမယ့် မုန်တိုင်းကြီးပါ။

‼️မုန်တိုင်း အားအပြင်းဆုံးဝင်ရောက်မယ့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ။‼️

ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ကမ်းရိုးတန်းတစ်လျောက် အလွန် အန္တရာယ်ရှိပါတယ်။

⚠️လက်ရှိ မေလ (14) ရက် ညမှာ မုန်တိုင်း ဗဟို ဝင်ရောက်ဖို့ ခန့်မှန်းထားပါတယ်။ အချိန်မရှိပါ။ အမြန်ပြောင်းရွေ့ကြပါ။

⚠️ရခိုင်ကမ်းရိုးတန်းနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် အမြန် ဆက်သွယ်ပြီး အသိပေး နှိုးဆော်ပေးပါ။ အသက်ပေါင်းများစွာ အရေးမို့ ကိုယ့်ရဲ့ ဖုန်းတစ် call၊ Share လေးတစ်ချက်ကလည်း အရေးကြီးနေပါတယ်။

⚠️GDACS (ကမ္ဘာ့သဘာဝဘေးအန္တရာယ်ဆိုင်ရာ အဖွဲ့အစည်း) ကနေ အနီရောင် သတိပေးချက်ပါ ထုတ်ပြန်လိုက်ပါပြီ။

မုန်တိုင်းအကြောင်းအသေးစိတ်ကို
အောက်ပါ Link တွေမှာ ဝင်ဖတ်နိုင်ပါတယ်။

🔴မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်ရဲ့ အသေးစိတ် အင်တာဗျူး
https://m.facebook.com/story.php?story_fbid=780965586934929&id=100050644832324&mibextid=Nif5oz

🔴မိုးလေဝသ ခန့်မှန်းသူ မစုစုစံရဲ့ သတိပေးချက်
(မုန်တိုင်းသတင်းများကို su su san page မှာ အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေပါတယ်။)
https://m.facebook.com/story.php?story_fbid=1565803507246950&id=100014519469601&mibextid=Nif5oz

🔴မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်
https://m.facebook.com/story.php?story_fbid=1956026664751736&id=100010332636450&mibextid=Nif5oz

ယခု post ကိုလည်း အချိန်မလွန်ခင် အန္တရာယ်ရှိတဲ့ ဒေသက လူတွေဆီရောက်အောင် မျှဝေပေးဖို့တောင်းဆိုပါရစေ။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ သတိရှိကြပါနော်





🚩Water heaterတွေရဲ့အန္တရာယ်ခုတလောဓာတ်လိုက်ပြီးသေတဲ့အဖြစ်အပျက်တွေခဏခဏကြားနေရလို့ရေးမိပါတယ်။နေအိမ်တိုင်းမှာသုံးနေတဲ့ မီးပူ...
12/05/2023

🚩Water heaterတွေရဲ့အန္တရာယ်

ခုတလောဓာတ်လိုက်ပြီးသေတဲ့အဖြစ်အပျက်တွေခဏခဏကြားနေရလို့ရေးမိပါတယ်။

နေအိမ်တိုင်းမှာသုံးနေတဲ့ မီးပူ၊ပေါင်းအိုး၊ရေနွေးအိုး၊ရေခဲသေတ္တာ အ၀တ် လျှော်စက် စတဲ့ စက်တိုင်းမှာ
လျှပ်စစ်ယိုစိမ့်မှုဖြစ်ရင် ကာကွယ်ဖို့ မြေစိုက် ကြိုးEarth wire ကိုထည့်ပေးထားတတ်ပါတယ်။အစိမ်းအဝါကြားကြိုးလေးပါ။ဒီကြိုးလေးကို တပ်ရင် ပလပ်ခေါင်းက သုံးပင်ခေါင်းဖြစ်ရပါတယ်။ သုံးပင်ခေါင်းမှာ။အပေါ်အချွန်ဘက်က ခေါင်းမှာ ဒီကြိုးကိုတပ်ဆင်ထားတာပါ။
ဒီကြိုးတပ်တဆင်သုံးစွဲမယ်ဆိုရင် အိမ်မှာ မြေစိုက်ကြိုးစနစ်လို့ခေါ်တဲ့ Earthing System လုပ်ထားရပါတယ်။
(ကုန်ကျစရိတ်က ငါးသိန်းကနေ သိန်းနှစ်ဆယ်ကြား‌ေမြအ နေအထားလိုက်လို့ကုန်နိုင်ပါတယ်)
ဒီEarthing စနစ်ရှိတဲ့ အိမ်မှာ လျှပ်စစ်ပစ္စည်းတိုင်းကို သုံးပင်ပလပ်သုံးတဲ့မြေစိုက်ကြိုးစနစ်နဲ့ လျဇပ်စစ်ယိုစိမ့်မှုကို ကာာကွယ်ပေးတဲ့ Breaker တွေကို
#စနစ်တကျတပ်ဆင်သုံးစွဲရင်ရင် လူအတွက် 99%အန္တရာယ်ကင်းပါတယ်။

အခုပြောချင်တာကတော့
ရေပူအိုး Electric water heater စနစ်အကြောင်းပါ။

ရက်ပိုင်းအတွင်းမှာပဲ မိတ်ဆွေအရင်းထဲမှာကို Water heaterကနေဓာတ်လိုက်ပြီး အသက်သေဆုံးမှုတွေကြားရလို့ပါ။

Water heater တွေဟာ ရေကနေအလွယ်တကူ ဓာတ်လိုက်နိုင်ပါတယ်။ရေကိုအပူပေးတဲ့ လျှပ်စစ်ကွိုင်တွေဟာ ကြာလာရင် လျှပ်ကာသတ္တိ လျော့လာပြီး ကွိုင်ကလျှပ်စစ်ဟာ။ရေထဲကိုစီးတော့တာပါပဲ။အဲဒီအခါ လျှပ်စစ်ပစ္စည်းတွေက‌နေလျှပ်စီးယိုစိမ့်ရင် ဖြတ်ချတဲ့
Earth leakeage,RCD ။,RCBOစတဲ့ လျပ်စီးကိုအလိုအလျောက်ဖြတ်ချပေးတဲ့Circuit Breaker တွေကအလုပ်လုပ်ပေးပါတယ်။ဒါတွေက သူ့ လုပ်ဆောင်ချက်အတိုင်းကောင်းကောင်းအလုပ်မလုပ်ရင် လူရဲ့အသက်အန္တရာယ်ရှိပါတယ်။

🔺တချို့လျှပ်စစ်လုပ်သူတွေဟာ နည်းပညာအားနည်းတာကတကြောင်း၊
🔺အန္တရာယ်မရှိလောက်ပါဘူးဆိုပြီး ပေါ့လျော့တာကတကြောင်း
🔺လျှပ်စစ်ယိုစိမ့်ရင် ဖြတ်ချတဲ့ ဒီပစ္စည်းတွေရဲ့ အရေးပါမှုကို လျှော့တွက်ပြီး တပ်ဆင်ပေးမိတာကတကြောင်း စတာကြောင့်လူတွေရဲ့အသက်အန္တရာယ်ထိခိုက်ရပါတယ်။

တချို့ကြတော့ ပညာရှင်ကနားလည်ပေမယ့်
🔺အိမ်ရှင်သုံးစွဲသူရဲ့မလိုအပ်ပဲ နှမြောတွန့်တိုပြီး အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေပဲသုံးစွဲစေတာ ၊🔺ဈေးပေါပြီး ကျွမ်းကျင်မှုနည်းပါးသူတွေကို လုပ်ဆောင်စေတာ
🔺သက်တမ်းလွန်နေတဲ့ လျှပ်စစ်ကာကွယ်ရေးပစ္စည်းတွေကို မပစ်ရက်ပဲ လူကို အထိခိုက်ခံ သုံးစွဲတာတွေက လူကိုအန္တရာယ်ဖြစ်စေတာပါပဲ။

ရေပူအိုးတွေမှာ Instant heater စနစ်နဲ့ ရေပူဘွိုင်လာအိုးစနစ်နှစ်မျိုးမှာinstant heaterရော ၊ဘွိုင်လာအိုး နှစ်မျိုးလုံးမှာ။လျှပ်စစ်ယိုစိမ့်တဲ့အန္တရာယ်ရှိပါတယ်။

လျှပ်စစ်ယိုစိမ့်မှုကာကွယ်ရေး ပစ္စည်း တွေဖြစ်တဲ့ Circuit Breakerတွေရဲ့ အချက်ကျကျ လုပ်နိုင်စွမ်းရှိသလားမရှိဘူးလား အခါအားလျော်စွာ စစ်ဆေးပေးသင့်ပါတယ်။ကျွမ်းကျင်သူကို ခေါ်ယူစစ်ဆေးစေသင့်ပါတယ်။

ဘိုင်လာအိုးတွေမှာဆိုရင် ‌ရေပူလာရင်ဖြတ်တဲ့ အပူထိန်းခလုပ်အလုပ်မလုပ်ရင် ဘွိုင်လာအိုးဟာ ရေငွေ့ဖိအားလွန်ကဲလာနိုင်ပါတယ်။ဖိအားလွန်ကဲရင် အလိုအလျောက်ပွင့်စေတဲ့Safety valveတွေ ပါလေ့ရှိပါတယ်။

⛔⛔⛔ဒီ Valve တွေဟာလည်း သံချေးတက်ရင်
၊တပ်ဆင်ရာမှာစနစ်မကျရင် ပွင့်ရမည့်အချိန်မှာ အလိုအလျောက်မပွင့်ရင် ဘွိုင်လာအိုးထဲက ရေငွေ့ဖိအားဟာအဆမတန်တင်လာပြီး ဗုံးတလုံးလို ပေါက်ကွဲနိုင်ပါတယ်။ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်တွေလည်းအများအပြားရှိပါတယ်။

ဒီလိုဖြစ်ရင် အန္တရာယ်အရမ်းများပါတယ်။

ဒါကြောင့် ရေပူစနစ် ဘွိုင်လာတွေတပ်ရင် တကယ်နားလည်တတ်ကျွမ်းသူတွေနဲ့ ၊မှန်ကန်တဲ့အရည်အသွေးရှိတဲ့ ပစ္စည်း တွေသုံးပြီး စနစ်တကျတပ်ဆင်သုံးစွဲသင့်ပါတယ်။

တော်တော်များများကထီပေါက်ရင်သာကိုယ်လည်းပေါက်နိုင်တယ်တွေးကြပေမယ့် ဒီလိုမျိုးဖြစ်စဉ်တွေဟာကိုယ့်မှာလည်းဖြစ်နိုင်တယ်လို့ တွေးသူကတော့ နည်းပါးပါတယ်။
Credit

ကျွန်တော့်ရဲ့ မိတ်ဆွေလူကြီးမင်းတို့ရဲ့ခြံအကျယ်အဝန်း 40'×60' မှာဆောက်လို့ရတဲ့ Modern Design လေးများကို စုစည်းတင်ပြပေးလိုက...
12/05/2023

ကျွန်တော့်ရဲ့ မိတ်ဆွေလူကြီးမင်းတို့ရဲ့
ခြံအကျယ်အဝန်း 40'×60' မှာဆောက်လို့ရတဲ့
Modern Design လေးများကို စုစည်းတင်ပြပေးလိုက်ပါရစေခင်ဗျာ့ ......

လူကြီးမင်းတို့ အသင့်တတ်နေရုံ အဆောက်အဦးများကို နေရာဒေသမရွေး YE MIN Construction Group မှ
တာဝန်ယူ ဆောက်လုပ်ပေးလျှက်ရှိပါတယ် ခင်ဗျာ့ 👷🧑‍🏭🧑‍🔧
လူကြီးမင်းတို့ ဆောက်လုပ်လိုသော အဆောက်အဦးအကျယ်အဝန်း နှင့်
နေရာဒေသအကွာအဝေးပေါ်
မူတည်၍ စျေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါမည် •••••

လူနေအိမ် စက်ရုံ ဂိုဒေါင် BAR များ တည်ဆောက်လိုတဲ့ လူကြီးမင်းများအနေဖြင့် အသေးစိတ်သိရှိရန် ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါက Page messenger ( or ) Ph no. များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို အောက်ပါဖုန်းနံပါတ်များကိုလည်း ဆက်သွယ်စုံစမ်း မေးမြန်းတိုင်ပင်နိုင်ပါတယ် ခင်ဗျာ့

☎️ 0️⃣9️⃣ 4️⃣0️⃣ 2️⃣6️⃣7️⃣2️⃣ 8️⃣8️⃣0️⃣ { Viber }
☎️ 0️⃣9️⃣ 9️⃣7️⃣ 6️⃣5️⃣0️⃣5️⃣ 9️⃣3️⃣4️⃣

Construction Group

Design
Decorations

စစ်တွေ ကျောက်ဖြူမှာ ရေဆုတ်သွားပါပြီဆိုတဲ့ သတင်းတွေ ဖတ်နေရပါတယ်။ဒါက အင်အားပြင်းမုန်တိုင်းမလာခင်ဖြစ်တဲ့ လက္ခဏာတွေပါ။သတင်းရ...
12/05/2023

စစ်တွေ ကျောက်ဖြူမှာ
ရေဆုတ်သွားပါပြီဆိုတဲ့ သတင်းတွေ
ဖတ်နေရပါတယ်။

ဒါက အင်အားပြင်းမုန်တိုင်း
မလာခင်ဖြစ်တဲ့ လက္ခဏာတွေပါ။

သတင်းရေးသူ အဆိုအရ
ဒါဟာ "ပင်လယ်ထဲမှာ ဧရာမ မိုင်ရာချီတဲ့ မုန်တိုင်းစက်ဝန်း လေပွေကြောင့် အောက်ကရေတွေကပါလိုက်လည်ပီး အမြင့် ပေဆယ်ချီထိ မုန်တိုင်းဗဟိုရှိ ရေရဲ့မျက်နှာပြင် မြင့်တက်လည်လာပါတယ်အဲဒီတွက် ပင်လယ် ကမ်းချေရှိရေတွေဟာ ကျသွားတတ်ပြီး မုန်တိုင်းတိုက်ခတ်သည့်ခါ ပင်လယ်ရေဟာ လေနှင့်အတူ ပြန်လည်ရိုက်ခတ်ပါသည်။" လို့ ဆိုပါတယ်။

အတော် စိုးရိမ်စရာ ကောင်းလှပါတယ်။

မုန်တိုင်းဘေး အန္တရာယ်ဒဏ် ခံနိုင်မယ့် နေရာတွေဆီ အမြန်ဆုံး ရှောင်ကြပါ။

၂၄ နာရီ အချိန် ရသေးတာမို့..

လူတိုင်း လူတိုင်း အနေနဲ့...

သောက်ရေ၊
ရိက္ခာခြောက်အစားစာ၊
ဆေးဝါး ဓာတ်ဆား၊
အဝတ်၂စုံ၊
မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊
Power bank၊
လက်နှိပ်ဓာတ်မီး တို့ပြင်ဆင် ရေမစိုအောင် ထုတ်ပိုးပြီး
(emergency bagအဖြစ်ထားထားကြပါ။)

မိသားစုတွေ ကွဲသွားရင် ဘယ်နေရာကို လာရမယ် ဆိုတာ ကြိုတင် စုရပ်သတ်မှတ် ထားပါ။

ဒီရေမရောက်နိုင်သောအရပ်မှာ ခိုင်ခံ့သော
အဆောက်ဦးများထဲတွင်မုန်တိုင်းခိုပါ
ကွင်းပြင်တွင်မနေရပါ။

မြေပြို အိမ်ပြို
တောင်ပြိုအန္တရာယ်များလဲသတိပြုပါ။

ရေနှင့်အတူ အဆိပ်ရှိသတ္တဝါများ မြွေများ
မျောပါလာနိုင်တယ် •••••

ရခိုင်တိုင်းရင်းသားမိတ်ဆွေများအပါအဝင် နိုင်ငံသားများအားလုံး လူသားများအားလုံး
သက်ရှိသတ္တဝါများအားလုံး မုန်တိုင်းဘေးမှ ကင်းဝေးပါစေလို့ YE MIN Construction မှ ဆုတောင်းမေတ္တာများ ပို့သပေးလိုက်ပါရစေ 🙏🙏🙏

နှလုံးစိတ်ဝမ်း အေးချမ်း ချင်ရင်...ဒီလမ်းက လျှောက်ဆိုပြီး မြတ်စွာဘုရား က ဟောကြား ခဲ့တယ်..ဒီ လမ်းကြောင်း က တစ်ခုတည်း သော လ...
12/05/2023

နှလုံးစိတ်ဝမ်း အေးချမ်း ချင်ရင်...
ဒီလမ်းက လျှောက်ဆိုပြီး မြတ်စွာဘုရား က ဟောကြား ခဲ့တယ်..

ဒီ လမ်းကြောင်း က တစ်ခုတည်း သော
လမ်းကြောင်း ဖြစ်တယ်။

စိတ်နှလုံးရဲ့ ပူလောင်မှု တွေ ဆိုတာ...
သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ
(ဒုက္ခအပေါ်မှာနောက်လိုက်ပါလာတဲ့ စိတ်ဆင်းရဲမှု)
ဒါတွေ ဖြစ်တယ်။

သောကဆိုတာ စိုးရိမ်စိတ်...

စိုးရိမ်စိတ် လွန်ကဲလာတဲ့အခါ သတိလက်လွတ်နဲ့ ရူးသွပ်သွားတဲ့ အနေအထားမှာ ရှိတယ်။

ပဋာစာရီ လည်း ထိုနည်း၄င်းပဲ။ သောကကို မထိန်းချုပ်နိုင်လို့ သတိလက်လွတ်နဲ့ ရူးသွပ်ပြီး
ဆင်းရဲဒုက္ခနဲ့ ကြုံတွေ့ခဲ့ရတယ်။

သောကဆိုတဲ့အရာက တစ်စုံတစ်ရာ
ပျက်စီး သွားပြီ ဆိုရင် စိုးရိမ်တတ်ကြတယ်။

ဘာလုပ်ရမလဲ ဆိုရင်....
မဂ္ဂင် ရှစ်ပါး အကျင့်ကိုကျင့်ပါ။

မဂ္ဂင်ရှစ်ပါးလမ်းကိုလျှောက်ပါ။

ဘုရားကိုနှလုံးသွင်း၊ တရားကိုဆင်ခြင်ပါ။

ငါဆိုတဲ့ အရာ ငါ့ပစ္စည်း ငါ့ဟာဆိုတဲ့ အတွေးကို ဖျောက်ပါ။

အယူမှား အတွေးမှား ဒိဋ္ဌိနဲ့ တဏှာဆိုတဲ့
စွဲလန်းမှု တွေကို လျှော့ချ နိုင်မှသာလျှင်..
...ဒီလမ်းကလျှောက်ရင် အစဉ်ထာဝရ
နှလုံးစိတ်ဝမ်း အေးချမ်းသွားနိုင်တယ်။

သောက မဖြစ်ခင်က ကြိုလျှောက်ထားရင်
ခံနိုင်စေတယ်။

သောကဖြစ်လာတဲ့ အခါမှာလည်း သောကတွေကို ခံနိုင်ရည်ရှိစေတယ်။

မြတ်စွာဘုရားရဲ့ တရားဓမ္မဟာ စိတ်နှလုံးကို
ဦးတည်ပြီး ဟောတဲ့ တရားတွေ ဖြစ်တဲ့အတွက်
ကြောင့် စိတ်နှလုံး စိတ်ဝမ်း အေးချမ်းစေတယ်။

ဘယ်လိုအခက်အခဲ ကိုပဲ ကြုံတွေ့ကြုံတွေ့
စိတ်နှလုံးဟာခြောက်ခြားမှုမရှိ အေးချမ်းမှု ရှိတဲ့အထိ မြတ်စွာဘုရားက သွန်သင်တယ်။

အေးချမ်းမှုတွေရအောင် မြတ်စွာဘုရားရဲ့
တရားတွေက စွမ်းဆောင်ပေးနိုင်ပါတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

YE MIN Construction Group ******************************** 𝟐𝟒' x 𝟑𝟑' (𝐒𝐭𝐞𝐞𝐥 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐑𝐨𝐨𝐟 𝐒𝐥𝐚𝐛 𝐓𝐲𝐩𝐞)𝐎𝐧𝐞 𝐒𝐭𝐨𝐫𝐲𝐞𝐝 𝐁𝐮𝐢𝐥𝐝 -...
09/05/2023

YE MIN Construction Group
********************************

𝟐𝟒' x 𝟑𝟑' (𝐒𝐭𝐞𝐞𝐥 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐑𝐨𝐨𝐟 𝐒𝐥𝐚𝐛 𝐓𝐲𝐩𝐞)

𝐎𝐧𝐞 𝐒𝐭𝐨𝐫𝐲𝐞𝐝 𝐁𝐮𝐢𝐥𝐝 ------

အပြီးအစီး ကျပ်သိန်း ( 470 ) ခန့်

ကုန်ကျနိုင်ပါတယ် ခင်ဗျာ့ ....

အတွင်းခန်းဖွဲ့စည်းပုံ .....

𝐒𝐢𝐧𝐠𝐥𝐞 𝐑𝐨𝐨𝐦 ~ 𝟏 🛏

𝐌𝐚𝐬𝐭𝐞𝐫 𝐑𝐨𝐨𝐦 ~ 𝟏 🛌

ပါဝင်အသုံပြုမည့် Materials များ.....🏗️🏗️🏗️
————————————————————
(𝟏) အိမ်အဝင်တံခါးနှင့်အိပ်ခန်းတံခါးများကို

ပျဉ်းကတိုးကျည်းဘောင်ကျွန်းတံခါးများ 🚪🚪

တပ်ဆင်ပေးခြင်း
----------------------
(𝟐) အိမ်ပြတင်းပေါက်များကို𝐮𝐩𝐯𝐜

တံခါးများတပ်ဆင်ပေးခြင်း🪟🪟
-------------------------

(𝟑) ဧည့်ခန်းနှင့် အိပ်ခန်းများကို

𝟐 ပေပတ်လည် ကြွေပြားများ ခင်းကျင်းပေးခြင်း၊

----------------------

(𝟒) မီးဖိုခန်းအခင်းများကို

𝟏 ပေပတ်လည်ကြွေပြားများ ခင်းကျင်းပေးခြင်း

----------------------

(𝟓) အိမ်သာရေချိုးခန်းအခင်း 𝟏 ပေပတ်လည်၊

နံရံ 𝟖"✖️𝟏' ကြွေပြားများကပ်ပေးပြီး

ဘေစင် • ဘိုထိုင် 🚽•ရှာဝါ 🚿 တပ်ဆင်ပေးခြင်း

--------------------

(𝟔) 𝟏𝟎𝟎𝟎 𝐥𝐢𝐭𝐞𝐫 ရေတိုင်ကီထည့်ပေးခြင်း 🛢️

(𝟕) မီးဖိုခုံပြုလုပ်ပေးခြင်း (𝐾𝑖𝑡𝑐ℎ𝑒𝑛 𝑐𝑜𝑢𝑛𝑡𝑒𝑟 )

(𝟖) မီးဖိုခန်းနှင့်အိမ်သာရေချိုးခန်းတွင်🚿🛁

𝐞𝐱𝐡𝐚𝐮𝐬𝐭 𝐟𝐚𝐧များတပ်ဆင်ပေးခြင်း

(𝟗) ဂျက်ဆင်ဘုတ်ဖြင့်မျက်နှာကျက်ဒီဇိုင်း
အလှဆင်ပေးခြင်း

(𝟏𝟎) ရေလိုင်းများကိုနံရံအမြုပ်🚿

ပြုလုပ်ပေးခြင်း

----------------------

(𝟏𝟏)လျှပ်စစ်မီး ဆော့ကပ်များ တပ်ဆင်ထားပေးခြင်း

(𝟏𝟐) နံရံများကိုပတ်တီး 𝟐 ကုပ်၊ရှီလာ 𝟏 ကုပ်၊🖼️🖼️

ကာလာ 𝟐 ကုပ်ပြုလုပ်ပေးပါသည်

(𝟏𝟑)𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐃𝐞𝐬𝐢𝐠𝐧 ကအစ စိတ်ချရမှာဖြစ်ပြီး

တည်ဆောက်နေစဥ်ကာလမှာလည်း

အိမ်ရှင်ဘက်မှ အချိန်မရွေး စစ်ဆေးခြင်းကိုလည်း

လက်ခံရမည်ဖြစ်ကြောင်း စာချုပ်မှာထည့်သွင်း

ချုပ်ဆိုပေးခြင်း။

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

အထက်ပါဝင်ပစ္စည်းများကို အိမ်ရှင်စိတ်ကြိုက်

ညှို့နှိုင်းပြောင်းလှဲပေးပါသည်

💵 ငွေပေးချေမှုကိုလည်း အိမ်ပြီးတဲ့အချိန်

ထိ( ၇ )ရစ်ခွဲပေးလို့ရတဲ့အပြင်

အိမ်အပ်နှံသူအဆင်ပြေအောင်ညှို့နှိုင်းပေးပါသည်

💯% ဝန်ဆောင်မှု့အနေနဲ့ မြန်မာနိုင်ငံနေရာဒေသမရွေး

တာဝန်ယူဆောက်လုပ်ပေးပါသည်

အိမ်ကြံခိုင်မှု့ပိုင်း လက်ရာပိုင်းသေသပ်လှပမှု့

အရည်သွေးပြည့်မှီတဲ့ပစ္စည်းများအသုံးပြုပြီး လှပ

သောအိမ်လေးတစ်လုံး ဆောက်ဖို့စိတ်ကူးထားရင်..

👇YE MIN 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ကိုခုပဲဆက်သွယ်လိုက်ပါ 👇

https://www.facebook.com/profile.php?id=100075971179268&mibextid=ZbWKwL

YE MIN 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛

▪▪▪▪▪▪▪▪▪

🔻 မန္တလေးမြို့ နှင့် ပြင်ဦးလွင်မြို့မှ လွဲ၍
အခြား မြို့နယ်ပြည်နယ်/တိုင်းအလိုက် ခရီးစားရိတ်အနေနဲ့ ထပ်တိုးပေးရတာတွေတော့ ရှိပါမယ်ခင်ဗျာ့

☎️ 09 402672880

☎️ 09 976505934

အသေးစိတ် ဖုန်းဖြင့်ဆက်သွယ် မေးမြန်းနိုင်သလို

Page messenger မှတစ်ဆင့်လည်း

ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ့


𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧

Address

Mandalay

Telephone

+959402672880

Website

Alerts

Be the first to know and let us send you an email when Ye Min General Construction Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ye Min General Construction Group:

Share