14/02/2026
လူတစ်ယောက်ဟာ သူမကြာခဏ တွေ့နေကျ သူတောင်းစားတစ်ယောက်ကို လတိုင်း ဒေါ်လာ ၁၀၀၀ ပေးလေ့ရှိပါတယ်။
ဒီလိုနဲ့ သူဟာ ကြာလာတော့ တစ်နေ့မှာ သူတောင်းစားကို ဒေါ်လာ ၇၅၀ ပဲ ပေးလိုက်ပါတယ်။
သူတောင်းစားက အံ့သြသွားပေမယ့် သူ့စိတ်ထဲမှာ... "၇၅၀ က ဘာမှမရတာထက်တော့ တော်သေး တာပေါ့" လို့ တွေးပြီး ထွက်သွားပါတယ်။
တစ်လကြာပြီးနောက် ထိုလူဟာ သူတောင်းစားကို ဒေါ်လာ ၅၀၀ ပဲ ပေးလိုက်ပါတယ်။
သူတောင်းစားက အံ့သြသွားပြီး ထိုလူကို မေးလိုက်ပါတယ်၊
"မောင်ရင်က အရင်တုန်းကတော့ ကျုပ်ကို ဒေါ်လာ ၁၀၀၀ ပေးတယ်၊ ပြီးတော့ ၇၅၀ ဖြစ်သွားတယ်။ အခု ၅၀၀ ပဲပေးတယ်၊ ဘာကြောင့်လဲ?" လို့ မေးပါတယ်။
ထိုလူ ပြန်ဖြေလိုက်တာက ...
"အရင်တုန်းကတော့ ငါ့ကလေးတွေ ငယ်သေးတယ်၊ ငါလည်း စီးပွားရေးကောင်းတယ်၊ ဒါကြောင့် မင်းကို ဒေါ်လာ ၁၀၀၀ ပေးနိုင်တယ်။''
" အခုတော့ ငါ့သမီးက ကြီးလာပြီး တက္ကသိုလ်တက်ရတော့ ကုန်ကျစရိတ်တွေ များလာတယ်၊ ဒါကြောင့် မင်းကို ၇၅၀ ပဲ ပေးနိုင်တယ်။''
" အခု ငါ့သား နောက်တစ်ယောက် တက္ကသိုလ်တက်ရတော့ ကုန်ကျစရိတ်တွေ ပိုများလာတယ်၊ ဒါကြောင့် ၅၀၀ ပဲ ပေးနိုင်တော့တယ်" လို့ ဖြေလိုက်ပါတယ်။
သူတောင်းစားက ထိုလူကို မေးလေသည်။
"မင်းမှာ ကလေးဘယ်နှစ်ယောက်ရှိလဲ?"
ထိုလူက "လေးယောက်" လို့ ဖြေလိုက်ပါတယ်။
ထိုအခါသူတောင်းစားက...
"ဒါဆို မင်းက မင်းမွေးထားတဲ့ကလေးတွေကို ငါ့ပိုက်ဆံနဲ့ ပညာသင်ပေးနေတာပေါ့..." လို့ ဟု ဒေါသတကြီးပြောလေသည်။
♥ကိုယ့်ရဲ့ ကြင်နာမှုနဲ့ အထောက်အပံ့ တွေကို သူရဲ့ ရပိုင်ခွင့်လို့ မြင်လာသောအခါ.. ကိုယ့်ရဲ့ ရက်ရောမှုကို မမြင်နိူင်ကြတော့ပါဘူး။
Saya U Khin Zaw ( ဘာသာပြန်)
Crd