BIM Mandalay Engineering Design and Construction

BIM Mandalay Engineering Design and Construction BIM Mandalay မှ building services စုံလင်စွာကို လူကြီးမင?

M&E အပိုင်းကို ပေါ့သေးသေးထင်ကြသူများ _______________________________ကျွန်တော်နေတဲ့ တိုက်ခန်းမှာ block တခုမှာ တလွှာ ၂ခန်း...
03/12/2022

M&E အပိုင်းကို ပေါ့သေးသေးထင်ကြသူများ
_______________________________

ကျွန်တော်နေတဲ့ တိုက်ခန်းမှာ block တခုမှာ တလွှာ ၂ခန်း / ၄ လွှာ ၈ခန်း ရှိပါတယ် ။
ပြသာနာက မီးမမှန်တော့ ရေပြသာနာက စလာပါပြီး
ခုဆိုတိုက်ခန်းပြောင်းလာတဲ့ ၂လအတွင်း တချို့ရက်တွေဆို ၂ ရက်ဆက်တိုက်ထိ ရေပြတ်လွန်းလို့ ကျောင်းသားတွေများ အပေါ့/အလေး သွားချင်ရင် ငါတော့ အားနာစရာကောင်းလိုက်တာဆိုပြီး စိတ်တောင် ဖိစီးရပါတယ် ။

ကိုယ်လဲ mechanical engineer ဆိုတော့ အကုန် ရေပန့်တွေ ရေလှောင်ကန်တွေ အကုန် မွှေလှန်စစ်လိုက်တော့ ပြသာနာက တွက်ချက်ပြရရင် ....
Block တလုံးကို ၄ လွှာ/ တလွှာ -၂ ခန်း / တခန်း- အိမ်ထောင် တစု / အိမ်ထောင်တစု - လူ ၅ယောက် / လူတယောက် - အထွေအထွေသုံးရေ တနေ့ ဂါလံ ၄၀ / မှန်းခြေတွက်ရင်တောင် အိမ်ထောင်တစု သုံးရေဟာ ဂါလံ တနေ့ ၂၀၀ ပါ …။
တခန်း ရေဂါလံ ၂၀၀ သုံးရင် ၄လွှာ - ၈ခန်း တွက်ဟာ ဂါလံ 1,600 ကုန်မှာပါ ....။
ခု ထည့်ထားတဲ့ ရေကန် (ground tank)က ဂါလံ 1,000 ဆန့်ကန်သာသာဘဲ ထည့်ပေးထားတယ်ဗျာ ။
ပုံမှန် မီး အမြဲ လာနေချိန်ကတော့ ကုန်ရင် ရေပြန်တင်တော့ ပြသာနာ မဖြစ်ဘူး။
ခုဟာ မီးမလာတော့ အောက်ရေကန်ကိုပင် ရေမှန်အောင် မဖြည့်နိုင်တော့ အပေါ် အိမ်သုံး tank တွေလဲ မီးစက်ရှိလို့ စက်နိုးရေတင်ချင်တောင် အောက်ကန်ထဲ ရေမရှိ ။
အောက်ရေကန် storage ကို လူဦးရေနဲ့ ပျမ်းမျှ သေချာ design မတွက်ဘဲ back up မထားဘဲ ဆောက်ခဲ့ပုံရပါတယ်။
အတော်တော့ ဆိုးပါတယ် ဗျာ ...။

ဒါဘာလဲဆ်ိုရင် M&E ပိုင်းကို မကျွမ်းကျင်တာလား / အရေးမပါဘူး ဆိုပြီး facilities ကို လျော့တွက်တာလား ဆိုတာတော့ ဒီ အဆောက်အဦးကို ဆောက်တဲ့ ကုမ္ပဏီဘဲ သိမှာပါ။

နောက်နောင် အဆောက်အဦး ဆောက်ချင်ရင် အသေးအဖွဲ့ Design တွက်တာနဲ့ လက်တန်းတွက်လို့တောင်ရတဲ့ အဆောက်အဦးဆို ကျွန်တော်ဆီသာ လာမေးပါ free consultant လုပ်ပေးပါ့မယ်ဗျာ ။
ဒါမျိုးတွေ မြင်ရ ကြုံရတာ တကယ် အသဲယားပြီး နေထိုင်ရတာ အသင့်အတင့်တောာင် smart မဖြစ်ဘူးဗျာ ။ 😂
ပိုင်ရှင်ပြောတဲ့ ရေ၊ မီး အစုံပါတယ် ဆိုတဲ့ စကားလဲ အပြုသဘောပါဘဲ။ တကယ် အဆင်ပြေနေခြင်းမရှိ။

ရေဆိုတာ တနေ့တာ လူ့ဘဝ နေထိုင်မှုရဲ့ ၆၀% အရေးပါမှုကို မတွက်ချက်တဲ့ construction ကုမ္ပဏီကိုလဲ တကယ် ဩချရပါတယ် ။

ခုတော့ တိုက်ခန်းငှားနေမိလို့ အနီးနားကရှိတဲ့ စည်ပင် ၂၀၀ ပေးရတဲ့ toilet ပြေးရတဲ့ အလုပ်တခုပိုလာပါတယ် 🤣🤣🤣

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်...
29/11/2022

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်

(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်

(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်

(ဃ) ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။
ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။
မြေရှင်လက်မှတ်ယူပါ သို့သော် တိုက်ခန်းအရောင်းအဝယ်စာချုပ်တွင် မြေရှင်လက်မှတ်ရေးထိုးရမည်ဟု ဥပဒေပြဌာန်းချက်မရှိပါ
ဓလေ့ထုံးစံတစ်ရပ်အနေဖြင့် လက်မှတ်ထိုးခပေးခြင်း ဖြစ်ပါသည်

(င) အဝယ်စာချုပ်၌ ဝယ်ယူသည့်တိုက်ခန်းကို မည်သည့်နေ့ရက်၌ နောက်ဆုံး​ထားပေးအပ်ရမည်ဟု ပါရှိရမည် သတ်မှတ်ရက်၌ တိုက်ခန်းလွဲပြောင်းမပေးပါက တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ပါသည်

(စ) ပစ္စည်းလွဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၄၈အရ ပထမ ရောင်းချ၍ ဝယ်ယူခြင်းကို ဦးစားပေးရမည်ဟု ဆိုထားသော်လည်း ကြိုပွိုင့်စနစ်ဖြင့် အရစ်ကျ ငွေပေးချေ၍ ထုံးစံနှင့်အညီ တိုက်ခန်းဝယ်ယူသူက လက်ဝယ်ထားပိုင်ခွင့်ရှိကြောင်း မြွက်ဟကြေညာ၍ လက်ရောက်ရခွင့်ရှိသည်။

Credit : ဥပဒေရေးရာ

28/11/2022

#ဆောက်လုပ်ေရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀)

1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ္စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဉ်(သစ္မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဉ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဉ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ္စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ္စတစ္ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက်
136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ
143.Slow setting cement -အအိပ်နှေးဘိလပ်မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်မြေ
145. Reinforcement rod -အားကူသံချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - အောက်ခံကျောက်များ
151. base line -အခြေခံမျဉ်း
152. base plate -တိုင်အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်ခြေ
155. bedding plate- ခံဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်ကျောက်
158.cement motar -ဘိလပ်မြေသရွတ်
159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -ရေစစ်ကန်
172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -ရောစာနု
174. flag stone -ကျောက်ပြား
175. fl**ge -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -လှေကားပြေး
178. Gypsum -ဂျစ်ပဆန်ကျောက်
179. Precast -ကြိုတင်သွန်းလောင်းခြင်း
180. rain water pipe -မိုးရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -ရေဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -ရေစုကန်
185. spill way -ရေပိုလွှဲ
186. surplus works -ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်ရေလွှဲပိုက်
188. waste weir -ရေလွှဲဆည်
189. water seal -ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -လေထွက်ပိုက်
192. filter bed -ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ကျောက်ပြား
195. sun shade -နေကာမိုး
196. super -structure အထက်ပိုင်းအဆောက်အအုံ
197. support beam -ထောက်ရက်မ
198. surveying -မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်

Credit.Original author

မြေဧက ဘယ်လိုတွက်ရသလဲ ၁ ဧက လျှင်၄၃၅၆၀ စတုရန်းပေရှိပါသည်။ စတုရန်းပေပေါ်မူတည်ပြီးမိမိမြေကွက်ရဲ့ ပုံသဏ္ဍန်ကိုကြည့်ပြီး ဧက တွ...
27/11/2022

မြေဧက ဘယ်လိုတွက်ရသလဲ

၁ ဧက လျှင်၄၃၅၆၀ စတုရန်းပေရှိပါသည်။ စတုရန်းပေပေါ်မူတည်ပြီးမိမိမြေကွက်ရဲ့ ပုံသဏ္ဍန်ကိုကြည့်ပြီး ဧက တွက်နိုင်ပါတယ်။မြေကွက်ရဲ့ပုံသဏ္ဍန်အလိုက် တွက်နည်းမတူညီပါဘူး။

၁။ မြေကွက်ရဲ့ပုံသဏ္ဍန်သည် လေးနားညီ စတုရန်းပုံစံ ဖြစ်လျှင် ၂၀၈.၇၁' × ၂၀၈.၇၁' = ၄၃၅၆၀= ၁ ဧက ဥပမာ - ၁၀၀ ပေ ပတ်လည်အကွက် ဖြစ်လျင် ၁၀၀' × ၁၀၀' ÷ ၄၃၅၆၀=၀. ၂၂၉ ဧက

၂။ မြေကွက်ရဲ့ပုံသဏ္ဍန်သည် နှစ်နားညီ စတုဂံပုံစံ ဖြစ်လျှင် (လ x န)' ÷ ၄၃၅၆၀ = ----- ဧက ဥပမာ - (၄၀'×၆၀')÷၄၃၅၆၀ = ၀.၀၅၅ ဧက (၆၀'×၈၀')÷၄၃၅၆၀ = ၀.၁၁ ဧက (၆၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၃၇ ဧက (၈၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၈၃၆ ဧက (၁၀၀'×၁၀၀')÷၄၃၅၆၀ = ၀. ၂၂၉ ဧက

၃။ မြေကွက်ရဲ့ပုံသဏ္ဍန်သည် နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ဧက ဥပမာ- [{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

၄။ မြေကွက်ရဲ့ပုံသဏ္ဍန်သည်တြိဂံပုံစံဖြစ်လျင် ၀.၅ xအခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက ½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက ဥပမာ -၀.၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၅။ မြေကွက်ရဲ့ပုံသဏ္ဍန်သည်ထောင့်မှန် တြိဂံပုံစံဖြစ်လျှင် အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀ ဥပမာ - ၁၀၀' × ၅၀' = ၅၀၀၀' ၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၆။ မြေကွက်ရဲ့ပုံသဏ္ဍန်သည်စက်ဝိုင်းပုံစံဖြစ်လျှင် အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = ဧက ဖြစ်သည်။ ထို့ကြောင့် အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ဧက (ပုံသေမြှောက်ကိန်း .၇၈၅၄) (.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်) ဥပမာ - ၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

၇။ မြေကွက်ရဲ့ပုံသဏ္ဍန်သည်အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

ကူးယူဖော်ပြပါသည်။

Mdy လမ်း 80 က Capital Mall မှာ Level 6 to 14 အတွက် Exit Sign Installation လုပ်ကွက်ပုံများMEP design and construction အတွ...
15/06/2022

Mdy လမ်း 80 က Capital Mall မှာ
Level 6 to 14 အတွက် Exit Sign Installation လုပ်ကွက်ပုံများ

MEP design and construction အတွက် လူကြီးမင်းများ စိတ်တိုင်းကျ ယုံကြည်မှုဖြင့် ဆောင်ရွက်ပေးပါသည်။

Mandalay Engineering Design and construction

Revit Archi&Structure အတန်းက renderခေါက်ထားတဲ့နေရာမှာ artificial lighting ကို မသုံးဘဲ အခန်းကို နေ့ဖက်ချိန်မှာ အတက်နိုင်ဆ...
20/01/2022

Revit Archi&Structure အတန်းက renderခေါက်ထားတဲ့နေရာမှာ artificial lighting ကို မသုံးဘဲ အခန်းကို နေ့ဖက်ချိန်မှာ အတက်နိုင်ဆုံး လျှပ်စစ်သုံးစွဲမှု လျော့ဖြစ်အောင် နေရဲ့ သဘာဝ အလင်းကိုဘဲ အပြည့်ယူချင်လို့ နေလမ်းကြောင်းနဲ့ တွက်ချက်ပြီး ဒီဇိုင်းဆွဲထားတဲ့ ပုံလေးပါ



18/01/2022

ဒီ video ဖိုင်က BIM ရဲ့ အမြင့်ပိုင်းတခုဖြစ်တဲ့ presentation,Simulation and schedule ပိုင်းကို ဖော်ပြထားတာပါ ✅

ကျွန်တော်တို့အနေနဲ့ ကိုယ်ရဲ့ clients ကို အရင်ခောတ်ကလို 2D drawing စာရွက်အထပ်လိုက်ကြီးနဲ့ တရွက်ချင်းလှမ်းပြပြီး အဆောက်အဦးကို ထောက်ပြရှင်းပြတဲ့ခောတ်ကနေ BIM ပေါ်လာတဲ့အခါမှာတော့ 3D ရုပ်လုံးကြွနဲ့ clients ကို သူဆောက်မယ့်အဆောက်အဦးက ဒီလို ပုံစံပါ ဆိုတာရယ်/ သူ့စိတ်ကြိုက် computer softwareထဲမှာ ပြင်ဆင်လို့ ရအောင်ရယ်/ ဒီလို တဆင့်ချင်း တချက်ချင်း တက်ပြီး ဆောက်လုပ်ရပါတယ်ဆိုတာကို ထုတ်ဖော်ပြသရာမှာ စကားအခွန်း ၁၀၀ ပြောတာထက် ပိုထိရောက်ပါတယ် clients ရဲ့ ကုမ္ပဏီပေါ်ယုံကြည်မှုရော သူရင်းနှီးမြုပ်နှံ့မယ့် အဆောက်အဦးပေါ် ယုံကြည်မှု စတာတွေကို မဆောက်ခင်မှာ မျက်ဝါးထင်ထင် ချပြခြင်းဟာ ,,,,,အထွေထွေ cost ထိန်းချုပ်ဖို့ရော work done ရဲ့ time schedule ရော တွက်ချက်လို့ရတဲ့ အတွက် ခုနောက်ပိုင်း BIM ကို နိုင်ငံတကာက clients တွေ ကြိုက်နှစ်သက်ကြ တာ မဆန်းပါဘူး
ဒါကြောင့် BIM Modellers, BIM Managers တွေကို လခ ရှယ်ပေးပြီး နေရာပေးတာကလဲ ကုမ္ပဏီတွက် အကျိုးကျေးဇူးရလာဒ်က ဘယ်လောက် ကောင်းတယ်ဆိိုတာ မှန်းကြည့်ရင်တောင် သိနိုင်ကြမယ် ထင်ပါတယ် 💯
အောက်က Video ကို နမူနာ တင်ထားပါတယ်
လေ့လာချင်သူများအတွက် အသုံးဝင်ပါစေ။
Mandalay
University

Room Name - Living RoomRendering - Enscape
03/12/2021

Room Name - Living Room
Rendering - Enscape

Simple Home Design For ResidentPhoto Credit
27/11/2021

Simple Home Design For Resident
Photo Credit

22/11/2021

BIM For Virtualization
Software
( Revit + Lumion + Camtasia )




Address

Mandalay Road, Myanmar, Burma (Myanmar)
Mandalay

Telephone

+959440406295

Website

Alerts

Be the first to know and let us send you an email when BIM Mandalay Engineering Design and Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BIM Mandalay Engineering Design and Construction:

Share