ဟင်္သာရွှေပြည် - Hin Tha Shwe Pyi Construction

  • Home
  • Myanmar
  • Mandalay
  • ဟင်္သာရွှေပြည် - Hin Tha Shwe Pyi Construction

ဟင်္သာရွှေပြည် - Hin Tha Shwe Pyi Construction ဆောက်လုပ်ရေးနှင့် အိမ်တွင်းအလှဆင်မှုလုပ်ငန်း

အဆောက်အဦးတွေ ပြိုတာ ဘာလို့လဲ?အရင်ရက်ပိုင်းက Steel Structure ၁လုံး RC ၁လုံး ပြိုတာကို သိကြမှာပါ။ ၂ခုလုံးက ဆောက်နေတုန်းပြ...
20/10/2021

အဆောက်အဦးတွေ ပြိုတာ ဘာလို့လဲ?

အရင်ရက်ပိုင်းက Steel Structure ၁လုံး RC ၁လုံး ပြိုတာကို သိကြမှာပါ။ ၂ခုလုံးက ဆောက်နေတုန်းပြိုတာမို့ သေဆုံးသူတောင် ရှိတယ်လို့ သိရပါတယ်။ Steel Structureဆောက်မယ်ဆို Design မဖြစ်မနေတွက်ပါ
Designမှာ တိုင်size ထုတ်size တွေအပြင် connection ပိုင်းပါ ပါရပါမယ်။ အသေးစိတ်သိချင်ရင်တော့ အရင်ကပြောပြထားပြီးသားမို့ link ထဲဝင်ဖတ်ပေးပါ
(https://www.facebook.com/101954411886138/posts/108791057869140/)
ပုံမှာမြင်ရတဲ့ အဆောက်အဦးကတော့ ကိုယ့်အမြင်အရ တိုင်သေးလို့ မခံနိုင်ဘဲ Bending (ကွေး)ဖြစ်သွားတဲ့ ပုံပါပဲ (connection အမှားကြောင့် ပြိုတဲ့ပုံစံတော့ မဟုတ်ပါဘူး)

RC တွေရော ပြိုတတ်သလား?

RC တွေဆောက်ရင်းပြိုတာဟာ တိုင်တွေ ထုတ်တွေ ကျိုးကျပြိုတာမျိုးမဟုတ်ဘဲ formwork (ပုံဆင် ပုံရိုက်) ပျက်လို့ ပြိုကြတာပါ concreteလောင်းဖို့ ပုံရိုက်တဲ့အခါ ခိုင်ခံ့မှုရှိရပါမယ် တိကျမှုလည်းရှိရပါမယ်။ Slab(ပြင်) လောင်းတဲ့အခါ အရေးအကြီးဆုံးပါပဲ။ အပေါ်ကလောင်းမယ့် concrete ရဲ့အလေးချိန် ၊ ဆင်ထားတဲ့ သံချောင်းတွေရဲ့အလေးချိန် ၊ လောင်းမယ့်လူတွေရဲ့အလေးချိန်၊ လောင်းတဲ့အချိန် အသုံးပြုမယ့် vi****or (တုန်စက်) ရဲ့ ဒဏ် အစရှိတာတွေကို ခံနိုင်မယ့် တောင့်တင်းတဲ့ formwork ရိုက်ထားဖို့လိုပါတယ်။ concrete လောင်းနေစဥ်မှာလည်း concrete တွေပုံမိတဲ့နေရာ တုန်စက်အထိုးများသွားတဲ့နေရာတွေကို လက်သမားက အသင့်စောင့်ကြည့်ပြီး ဟလာတာမျိုးဆို ပြန်ရိုက်သွင်းတာမျိုး ဂရုတစိုက် စောင့်ကြည့်ပြီး လုပ်ရပါမယ်။ ဒါမှသာ အန္တရာယ်ကင်းပြီး ရလာဒ်ကောင်းမွန်တဲ့ အဆောက်အဦးမျိုး ရရှိနိုင်မှာဖြစ်ပါတယ်။

မအားလပ်တာကြောင့် Post တင်တာ နည်းနေပေမယ့် အမြဲစောင့်မျှော်ဖတ်ရှုပေးကြလို့ တင်ပေးရတာ အားရှိပါတယ်။
ဆောက်လုပ်ရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေတင်ပေးသွားမှာဖြစ်လို့ page ကို like and follow လုပ်ပြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်
ဟင်္သာရွှေပြည်မှ နည်းစနစ်မှန်ကန်စွာ အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ပေးလျှက်ရှိပြီး အတွင်းခန်းအပြင်အဆင်မှ ပရိဘောဂအပိုင်းထိ ဝန်ဆောင်မှုပေးနေပါတယ်
စုံစမ်းမေးမြန်းလိုလျှင် chat box သို့မဟုတ် 09975757799 သို့ ဆက်သွယ်နိုင်ပါတယ်။

photo crd

အဆောက်အဦးခိုင်ခံ့ဖို့ ဘာတွေအဓိကကျလဲ ?အဆောက်အဦး ခိုင်ဖို့ဆို ဘာတွေကတောင့်ခံထားလဲ ဘယ်လိုတောင့်ခံထားလဲ သိမှရမယ် ဘာတွေကတော...
25/09/2021

အဆောက်အဦးခိုင်ခံ့ဖို့ ဘာတွေအဓိကကျလဲ ?

အဆောက်အဦး ခိုင်ဖို့ဆို ဘာတွေကတောင့်ခံထားလဲ ဘယ်လိုတောင့်ခံထားလဲ သိမှရမယ်
ဘာတွေကတောင့်ခံထားလဲကတော့ လူတိုင်းနဲ့မစိမ်းပါဘူး Column (တိုင်), Beam (ထုတ်), Slab နဲ့ Footing ပေါ့။ မသိကြတာက ဘယ်လိုတောင့်ခံထားလဲ? အိမ်တစ်အိမ်မှာ လူတွေနေမယ် ပရိဘောက ပစ္စည်းတွေထားမယ် စတာတွေကို slab က ထမ်းရတယ် slab ထမ်းသမျှ အားတွေကို သူ့ ပတ်လည်က ထုတ်တွေ ဆီပို့တယ် ထုတ်က ထမ်းသမျှအားတွေကို သူ့အောက်က တိုင် တွေစီ ပို့တယ် (RCတိုင်လောင်းတဲ့အခါ ရှိရမယ့်အမြင့်ထက် ၃လက်မလောက် လျှော့လောင်းကြရတယ် အဲ့ဒါမှ ထုတ် က ထမ်းရတဲ့အားတွေကို တိုင် စီ စုပြီးပို့တဲ့ သဘာဝရမယ်) တိုင် တွေက ထမ်းထားရသမျှအားတွေကို တစ်ထပ်ချင်းစီ အောက်ကိုပို့တယ် နောက်ဆုံး Footing စီရောက်တယ် Footing ကနေမှ မြေကြီးထဲကို အားတွေ လွှဲလိုက်တယ်။ အလွယ်ပြောရရင် အဲ့ဒါကြောင့် အထပ်မြင့်အဆောက်အဦးတွေမှာ မြေညီထပ်တိုင်တွေက အပေါ်ထပ်တိုင်တွေထက် ပိုကြီးကြတာပါပဲ Footing အရွယ်အစားနဲ့ခိုင်ခံ့မှုက အရေးကြီးတာလဲ ဒါကြောင့်ပါပဲ။ အားတွေ ဘယ်လိုထမ်းတယ် ဘယ်လိုသယ်တယ်ကတော့ ဒါပါပဲ ဒီပေါ်မှာအခြေခံပြီး သေချာဆောက်လုပ်ကြဖို့လိုပါတယ် အပေါ်ထပ် အောက်ထပ်တိုင်နေရာ နည်းနည်းလွဲတာတို့ ထုတ် နဲ့ တိုင် က သေချာမတည့်တာမျိုးတို့ဟာ အမြင်အရ မသိသာလှပေမယ့် အားထမ်းတဲ့အခါ ဘယ်လောက်သိသာမလဲ တွေးကြည့်လို့ ရကြမှာပါ။ ဆောက်လုပ်ရေးဆိုတာ အနုပညာတစ်ခုလို အသေးစိတ်လေးကအစ သတိထားလုပ်ဆောင်ကြဖို့ လိုပါတယ်။ အခြားသော ဆောက်လုပ်ရေးနှင့်ပတ်သက်တဲ့ ဗဟုသုတတွေကို ပြောပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်
စည်းစနစ်ကျပြီး အရည်အသွေးကောင်းမွန်တဲ့ အဆောက်အဦးများကို ဟင်္သာရွှေပြည် မှ တာဝန်ယူဆောက်လုပ်ပေးလျှက်ရှိပါတယ်
အသေးစိတ်သိလိုလျှင် page messenger or 09975757799 ကို ဆက်သွယ်စုံစမ်း​မေးမြန်းနိုင်ပါတယ်

Concreteလောင်းရင် ဘာတွေစစ်တာလဲ ??Concrete လောင်းတဲ့အခါမှာ ရိုးရိုး ဘိ/သဲ/ကျောက် ကို မွှေစက်နဲ့မွှေဖျော်ပြီးလောင်းကြတာရယ်...
18/07/2021

Concreteလောင်းရင် ဘာတွေစစ်တာလဲ ??

Concrete လောင်းတဲ့အခါမှာ ရိုးရိုး ဘိ/သဲ/ကျောက် ကို မွှေစက်နဲ့မွှေဖျော်ပြီးလောင်းကြတာရယ် Plantက ကားတွေခေါ်ပြီး လောင်းကြတာရယ် ၂မျိုးတွေ့ရမှာပါ။ ဘာနဲ့လောင်းတာပိုကောင်းလဲဆိုတော့ ကားနဲ့မှာပြီးလောင်းတာပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကားနဲ့မှာတဲ့အခါ plant(ကွန်ကရိဖျော်စက်ကြီး) ကနေ ကျောက်အရွယ်အစားမျိုးစုံနဲ့ဖျော်စပ်ပေးလိုက်တာဖြစ်ပြီး လိုချင်တဲ့ slump (အိကျမှု .. ပုံမှာ ပေတံနဲ့ထောက်တိုင်းပြတဲ့သံလုံးလေးနဲ့ ကွန်ကရိအပုံလေးရဲ့ထိပ်အကွာအဝေး) နဲ့ strength(လေးထောင့်တုံးပုံစံထည့်လောင်းထားတဲ့ ကွန်ကရိ​တုံးကို လောင်းပြီး ၇ရက်ကြာတဲ့အခါ ပုံမှာပြထားတဲ့ စက်နဲ့ ဖိအားပေးပြီး ဘယ်လောက်ခံနိုင်အားရှိလဲစစ်ဆေးရတဲ့ ရလာဒ် @ ၇ရက်နောက်ပိုင်း တခြားရက်တွေမှာလည်း စစ်လို့ရပါတယ်@) ကို လိုချင်တဲ့အချိန်အဆအတိုင်း မှာလို့ရလို့ပါပဲ။ Concrete လောင်းမယ့်ရက်ရဲ့ ရာသီဥတုအခြေအနေ လောင်းရမယ့် နေရာအနေအထားပေါ်မူတည်ပြီး slump ဘယ်လောက်နဲ့မှာရမယ်ဆိုတာမျိုးကိုတော့ Engineer တွေဆုံးဖြတ်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ 110/120 လောက်မှာရပါတယ်။ ကားနဲ့မှာလို့မရတဲ့နေရာတွေအတွက်တော့ slump အတွက် ရေထည့်နှုန်းဟာ အဓိကကျပါတယ်။ ဘိ/သဲ/ကျောက် နဲ့ရေကို မွှေစက်ထဲ ထည့်မွှေချိန်မှာ ရေထည့်ဝင်မှု ပမာဏကို သေချာဂရုစိုက်ရပါမယ်။ မှန်ကန်တဲ့ရေအချိုးအစားမထည့်နိုင်ခဲ့ရင် concrete ရဲ့ခံနိုင်အား (strength) ကျပါတယ်။ အတိအကျကိုတော့ ကုဗတုံးပုံစံလေးကို စက်နဲ့ဖိအားပေးပြီး စစ်ကြည့်ရင် သိရပါတယ်။ ထည့်ဖျော်တဲ့ရေ မသန့်ရင်လည်း ခံနိုင်အားကျပါတယ်_ ဥပမာ-ဆားဓာတ်ပါနေတဲ့ရေမျိုး။ နှစ်တွေမကြာသေးဘဲ concrete တွေ အက်လာတာမျိုးဟာ concrete ရဲ့ ခံနိုင်အားလျော့ကျမှုနဲ့လည်း ဆိုင်ပါတယ်။ concrete ခံနိုင်အားလျော့ကျစေနိုင်တဲ့ အခြားအကြောင်းအရာများကိုတော့ နောက်ထပ်ပို့စ်တစ်ခုမှာ ဖော်ပြပေးသွားပါမယ်။ အိမ်ဆောက်တဲ့အခါ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေနဲ့ သတိပြုစရာတွေကို အမြဲတင်ပေးမှာမလို့ pageကို like and follow လေးလုပ်ပြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။
*** နည်းစနစ်ကျစွာ အရည်အသွေးစံနှုန်းပြည့်မီစွာ စျေးနှုန်းမှန်ကန်စွာနဲ့ အဆောက်အဦးဆောက်ချင်တယ်ဆိုရင် ဟင်္သာရွှေပြည်မှာ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။ ကုန်ကျစရိတ်အတွက်လည်း ဝင်ရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ Ph. 09975757799 ***

Engineer ပညာရပ်မှာ အရေးမကြီးတာတွေကို အရာမလုပ်ပါဘူး ဟာသပုံစံမြင်လို့ရပေမယ့် ရင်ထဲမှာတော့အောင့်တယ် အဲ့လိုသိချင်တာတွေရှိရင်...
01/07/2021

Engineer ပညာရပ်မှာ အရေးမကြီးတာတွေကို အရာမလုပ်ပါဘူး
ဟာသပုံစံမြင်လို့ရပေမယ့် ရင်ထဲမှာတော့အောင့်တယ်
အဲ့လိုသိချင်တာတွေရှိရင် Page ကိုသာ like လုပ်ထားပါ
ဖြည်းဖြည်းချင်း ပြောပြသွားပါမယ်

မြေညီထပ်မှာ​Parquet (ပါကေး) ခင်းမယ်ဆိုရင်.....အခုဆို စျေးကွက်ထဲမှာ ကိုရီးယားပါကေးလို့အလွယ်ခေါ်ကြတဲ့ laminate တွေ အတော်ပေ...
28/06/2021

မြေညီထပ်မှာ​Parquet (ပါကေး) ခင်းမယ်ဆိုရင်.....

အခုဆို စျေးကွက်ထဲမှာ ကိုရီးယားပါကေးလို့အလွယ်ခေါ်ကြတဲ့ laminate တွေ အတော်ပေါလာပါပြီ။ စျေးလည်းတော်တော်သက်သာပြီး ပြန်ပြင်ခင်းဖို့လည်းလွယ်ကြပါတယ်။ ဒါပေမယ့် ကျွန်း၊ ပိတောက် အစရှိတဲ့ သစ်သား ပါကေး ကတော့ စျေးလည်းကောင်းပြီး ပြန်ပြင်ရင်လည်း မလွယ်ပါဘူး။ အသားပါကေးတွေမှာ ယေဘုယျအားဖြင့် ရိုးရိုးပါကေးနဲ့ စင့်ခံပါကေးဆိုပြီး ၂မျိုးရှိပါတယ်။ ရိုးရိုးပါကေးကတော့ အလွယ်ပြောရရင် သစ်သားတုံးအသေးလေးတွေကို ကြမ်းပြင်ပေါ်မှာ toppingလောင်းပြီးတာနဲ့ ကြွေပြားခင်းသလို ကော်နဲ့ကပ်ပြီးခင်းပါတယ်။ စင့်ခံပါကေးဆိုတာကတော့ အမြင်အရဆို အရွယ်အစားအနေနဲ့ ကြီးတယ်။ ဒီတိုင်းတန်းကပ်တာမျိုးမဟုတ်ဘဲ အသားတန်းတွေ အရင်ခံတယ်။ အဲ့အသားတန်းတွေပေါ်မှာမှ သစ်သားတုံးတွေကို ကပ်တာမျိုးပါ (အသားတန်းတွေကြားမှာ တစ်ချို့က ကွန်ကရစ်ဖြည့်လောင်းကြတယ် တစ်ချို့ကတော့မလောင်းဘူး။ ဘာလို့လောင်းတာလဲဆိုတော့ အသားတန်းတွေ ရာသီဥတုကြောင့် ကြုံ့တာပွတာကွေးတာတွေမဖြစ်ဖို့ရယ် နေရာလွတ်မရှိတော့ အပေါ်က weight ကို အသားတန်းတွေကပဲ ထမ်းစရာမလိုတော့တာပေါ့။ မလောင်းကြတာကတော့ ဘုံးဘုံးဆိုပြီး အသံမြည်ချင်ရင်ပေါ့ အသားတန်းတွေက မလောင်းရင်တော့ လောင်းတာထက်ပိုစိတ်ရပါမယ်)။ ပါကေးခင်းတဲ့အခါ အဟမရှိစေဖို့ မျက်နှာပြင်ညီညာနေစေဖို့ အရေးကြီးပါတယ်။ လုပ်ငန်းပြုလုပ်နေစဥ်မှာ သေချာစစ်ဆေးသင့်ပါတယ်။ အထူးအနေနဲ့ ဂရုပြုရမှာကတော့ မြေညီထပ်တွေမှာ ပါကေးခင်းတဲ့အခါ မြေအောက်ကရေတွေစိမ့်လာပြီး ပါကေးတွေထိခိုက်ပျက်စီးတာပဲဖြစ်ပါတယ်။ ပုံမှာပြထားပေးပါတယ်။ ပုံထဲကလိုမဖြစ်ချင်ရင်တော့ Ground floor မလောင်းခင် ( မြေကြီးပေါ် concrete မလောင်းခင်) မှာ plastic အပါးလေးခံပြီးမှ ကွန်ကရိလောင်းရပါတယ်။ plastic အပါးလေးတွေက စျေးလည်းချိုပြီး ဝယ်ရတာလည်းလွယ်တယ်။ သူက မြေအောက်ကရေစိမ့်လာမှုကို တားပေးတဲ့အတွက် ရေကြောင့် ပါကေးမပျက်စီးအောင် ကူညီပေးပါတယ်။ ဒါက တော်တော်များများကြုံကြရတဲ့ အမှားလေးဖြစ်နေတဲ့အတွက် ပြောပြပေးလိုက်ပါတယ်။ အိမ်ဆောက်တဲ့အခါ သိထားသင့်တဲ့ အရာလေးတွေကို ပြောပြသွားမှာဖြစ်လို့ page ကို like and follow လေး လုပ်ထားပြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။
မှန်ကန်သောနည်းစနစ်များဖြင့် ကောင်းမွန်သော အရည်အသွေးပြည့်မီသော အဆောက်အဦးများကို ဆောက်လုပ်ပေးလျှက်ရှိပါတယ်။ အတွင်းပိုင်းအပြင်အဆင်များအတွက်လည်း လူကြီးမင်းများ စိတ်ကျေနပ်မှုအပြည့်အဝရစေရန် ဆောင်ရွက်ပေးပါတယ်။
လုပ်ငန်းအတွက်ဆက်သွယ်မေးမြန်းချင်လျှင် chat box သို့မဟုတ် 09975757799 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အခြေအနေအရပ်ရပ်ကြောင့် Post တွေမတင်ဖြစ်ပေမယ့် Page Like တွေက တက်တက်လာတာမို့ စောင့်ရကြိုးနပ်အောင် ပြန်တင်ပေးသွားပါမယ်

Clinic reception designs to inspire
20/05/2021

Clinic reception designs to inspire

ပုံပါ အဆောက်အဦးကတော့ ပေ၂၀'× ၆၀' မြေကွက်ပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီးတော့ RC အဆောက်အဦး ရေ မီး ဆေး ကြွေပြား အားလုံးအပြီ...
31/01/2021

ပုံပါ အဆောက်အဦးကတော့ ပေ၂၀'× ၆၀' မြေကွက်ပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီးတော့ RC အဆောက်အဦး ရေ မီး ဆေး ကြွေပြား အားလုံးအပြီးအစီး သိန်း တစ်ထောင့်နှစ်ရာခြောက်ဆယ် (126,000,000)ကျပ် ကျသင့်ပါတယ် Plan Details လည်း ဖော်ပြထားတာမို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

*** နည်းစနစ်ကျစွာ အရည်အသွေးစံနှုန်းပြည့်မီစွာ စျေးနှုန်းမှန်ကန်စွာနဲ့ အဆောက်အဦးဆောက်ချင်တယ်ဆိုရင် ဟင်္သာရွှေပြည်မှာ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။ ကုန်ကျစရိတ်အတွက်လည်း ဝင်ရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ Ph. 09973493756 ***

အိမ်ဆောက်ရင် Architect လို လို့လား ?ဆောက်ပြီးပြန်ရောင်းမယ်ဆိုရင် မလိုပေမယ့် ကိုယ်တိုင်နေဖို့ဆ်ိုရင်တော့ သုံးပါ။ အများစုက...
30/01/2021

အိမ်ဆောက်ရင် Architect လို လို့လား ?
ဆောက်ပြီးပြန်ရောင်းမယ်ဆိုရင် မလိုပေမယ့် ကိုယ်တိုင်နေဖို့ဆ်ိုရင်တော့ သုံးပါ။ အများစုက အိမ်ပုံလေးတွေပြပါပဲ ပြောကြတော့ အိမ်ပုံတွေပြပြီး ဆောက်ကြ ဆောက်နေရင်းနဲ့ မကြိုက်တော့ ဟိုနားနည်းနည်းပြင် ဒီနားနည်းနည်းပြင်နဲ့ လိုတာထက် အချိန်ရော ငွေပါ ပိုကုန်ကြပါတယ်။ Architect planning တွေ ဘယ်လိုသွားကြတာလဲ ? (1)Design follow function နဲ့ (2) function follow design ဆိုပြီး အကြမ်းအားဖြင့် နှစ်မျိုးရှိမယ်။
(1) Design follow function ဆိုတာက ဆောက်မယ့်အိမ်မှာ မိသားစုဝင် ဘယ်နှစ်ယောက်နေမှာလဲ အိပ်ခန်း ဘယ်နှစ်ခန်း ပါချင်တာလဲ မြေအကျယ် ဘယ်လောက်ပေါ်မှာ ဆောက်ချင်တာလဲ အိမ်သာ ဘယ်နှစ်လုံးထားချင်တာလဲ စသဖြင့် အိမ်ရှင်လိုချင်တဲ့ အနေအထားကို အရင်မေးတယ် အဲ့ဒီအချက်တွေအားလုံးနီးပါး အဆင်ပြေစေနိုင်မယ့် Design ကို ဆွဲတယ်။
(2) Function follow design ဆိုတာက ပုံစံ ဒီဇိုင်း ကို အရင်စဥ်းစားပြီးမှာ အထဲမှာ ဘယ်နေရာကို toilet ထားမယ် ဘယ်နေရာကို အိပ်ခန်းထားမယ် စသဖြင့် အဆင်ပြေအောင် လိုက်ထည့်တယ်။ ဒီလိုမျိုးကိုတော့ shopping mall တို့ ဆေးရုံတို့လို public အဆောက်အဦးတွေ အတွက်ပဲ သုံးကြတာများတယ်။ ​
Architect တစ်ယောက်က အိမ်အပြင်ပန်းလှပဖို့တင်မဟုတ်ဘဲ အိမ်တွင်းဖွဲ့စည်းမှုဟာ နေထိုင်မယ့် သူတွေအတွက် အဆင်ပြေနေအောင် စဥ်းစားပါတယ်။ လေဝင် လေထွက် နဲ့ အလင်းရောင် ရဖို့အပြင် အခန်းဖွဲ့စည်းမှုဟာ သူ့နေရာနဲ့ စနစ်ကျနေဖို့ လိုပါတယ်။ Architect ဟာ တည်ဆောက်ဖို့ထက် နေထိုင်တဲ့အခါ သက်သာအဆင်ပြေရေးကို အဓိကထားစဥ်းစားတာမို့ Architect planning အဆောက်အဦးနဲ့ အလွယ်ဆွဲထားတဲ့ အဆောက်အဦး တို့ဟာ နေထိုင်ရတဲ့အခါ အဆင်ပြေမှု မတူနိုင်ပါဘူး။ အိမ်ရှင်တွေအနေနဲ့လည်း မြေမှာချမဆောက်ခင် 3D အနေနဲ့ သေချာမြင်တွေ့နိုင်တာကြောင့် မကြိုက်တာ ပြင်ချင်တာတွေကို တစ်ခါတည်း ပြင်လို့ရတာမို့ ငွေအပိုကုန်ကျတာမျိုး လျော့သွားပါလိမ့်မယ်။ ပုံစံအတိအကျ ထွက်ထားတာမို့ အလုပ်ပြီးစီးမှုလည်း ပိုမိုတွင်ကျယ်ပါတယ်။ ဆိုတော့ ကိုယ်ဆောက်ချင်တဲ့ အိမ်မျိုးက ကိုယ့်အတွက် ဘယ်လောက် အဆင်ပြေဖို့လိုသလဲ ပေါ်မူတည်ပြီး Architect plan လို မလို ဆုံးဖြတ်နိုင်ကြမယ်ထင်ပါတယ်။ ဟင်္သာရွှေပြည်မှ Design သီးသန့်လည်းလက်ခံဆွဲသား ပေးပါတယ်။ ဟင်္သာရွှေပြည်မှ ဆောက်လုပ်ရေးနှင့် အတွင်း decoration တိုင်းကတော့ Architect planning ပါဝင်ပြီး Architect စရိတ်အား ဟင်္သာရွှေပြည်မှ ကျခံပေးတာပါနော်။ အိမ်တစ်လုံးတည်ဆောက်ဖို့ လိုအပ်တဲ့အခြေခံဗဟုသုတတွေကို အကြမ်းပိုင်းသာမက အချောပိုင်းအထိ တစ်ခုချင်း သေချာရှင်းပြပေးသွားမှာမို့ Page ကို Like and share လေး လုပ်ပေးကြပါဦးနော်။

*** နည်းစနစ်ကျစွာ အရည်အသွေးစံနှုန်းပြည့်မီစွာ စျေးနှုန်းမှန်ကန်စွာနဲ့ အဆောက်အဦးဆောက်ချင်တယ်ဆိုရင် ဟင်္သာရွှေပြည်မှာ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။ ကုန်ကျစရိတ်အတွက်လည်း ဝင်ရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ Ph. 09973493756 ***

ဘယ်လိုအိမ်မျိုး ဆောက်မှာလဲ ? အိမ်ဆောက်မယ်ဆိုရင် အရင်ဆုံး ဘာအိမ်ဆောက်မှာလဲရွေးရမယ်။ အရင်က ပျဥ်ထောင်အိမ်တွေ နံကပ် (သစ်သား ...
27/01/2021

ဘယ်လိုအိမ်မျိုး ဆောက်မှာလဲ ?

အိမ်ဆောက်မယ်ဆိုရင် အရင်ဆုံး ဘာအိမ်ဆောက်မှာလဲရွေးရမယ်။ အရင်က ပျဥ်ထောင်အိမ်တွေ နံကပ် (သစ်သား နဲ့ အုတ်ညှပ်) အိမ်တွေ ဆောက်ခဲ့ကြပေမယ့် အခုတော့ သစ်သားစျေးကြောင့်ရော ပြောင်းလဲလာကြတာတွေရောကြောင့် Steel structure အဆောက်အဦးတွေကို တွင်တွင်ကျယ်ကျယ် ဆောက်လာကြတယ်။ အဓိက အနေနဲ့ RC နဲ့ Steel Structure ဆိုပြီး ၂မျိုးရွေးကြမယ်။ လူအများစုကတော့ steel structure ဆိုရင် RC ထက် ကုန်ကျစရိတ် သက်သာတယ်ပေါ့။ ဒါကတော့ အမှန်ပါပဲ steel structure တွေကို ဆောက်တဲ့ အခါ ငွေကုန်သက်သာတဲ့အပြင် အချိန်လည်းမြန်ပါတယ်။ ဘယ်ဟာ ပိုကောင်းလဲဆိုရင်တော့ သူ့ကောင်းကွက် ဆိုးကွက်တွေ ရှိကြပါတယ်။ RC ဆိုရင် ငွေပိုကုန်ကျနိုင်တယ်ဆိုပေမယ့် Steel Structure ဆောက်တာဟာ risk များပါတယ်။ Steel Structure အိမ်တစ်လုံး ဂိုဒေါင်တစ်ခု ဆောက်မယ်ဆိုရင် တိုင်တွေ ထုတ်တွေ ဘယ်size သုံးမလဲပဲ မေးပြီး ဆောက်နေကြတယ်။ Size ကြီးပြီး ကောင်းတဲ့ထဲကသုံးရင် ဘာမှမဖြစ်တော့ဘူးလား ??? အဆောက်အဦးတွေ ဆောက်နေရင်း ပြိုတာတွေ နေထိုင်တဲ့အချိန်မှာ ပြိုတာတွေကို ကြည့်လိုက်ရင် အဓိက က Steel structure အဆောက်အဦးတွေပဲ။ ပြိုကျတဲ့ အဆောက်အဦးအများစုက ပစ္စည်းပိုင်းကြောင့်ပြိုကျရတာမဟုတ်ဘဲ ဆောက်လုပ်ရေး လိုအပ်ချက်ကြောင့် ပြိုကျကြတာ များပါတယ်။ Steel structure မှာ member တွေကို ဆက်တဲ့အခါ welding (ဝရိန်ဆက်ခြင်း) နဲ့ Bolts and nuts ဆိုပြီး ယေဘုယျ နှစ်မျိုးရှိတယ်။ Welding မှာလည်း အပူချိန် ဘယ်လောက် Degree ဘယ်လောက်စောင်းပြီး ဘယ်လောက်အချိန်အတိုင်းအတာ ဆော်ရမလဲဆိုတဲ့ နည်းစနစ်တွေရှိပါတယ်။ Bolts and nuts မှာဆိုရင်လည်း အပေါက်က ဘယ်လောက်ဖောက်ရမယ် တစ်ပေါက်နဲ့တစ်ပေါက် ဘယ်လောက်ကွာပြီး ဖောက်မယ် ဆက်တဲ့အခါလည်း Nut ကို ဘယ်အနေအထား ဖိအား ဘယ်လောက်နဲ့ကျပ်မယ် စသဖြင့် နည်းစနစ်တွေလိုပါတယ်။ ဒါတင်ပဲလားဆိုတော့ အုတ်စီတဲ့အခါ မှာ Steel Structure နဲ့ အုတ်နံရံတွဲစေဖို့ သံချောင်းကပ်ထည့်ပြီး အသုံးပြုရတာတွေ အုတ်ကို အပေါ်က ထုတ်နဲ့ ထိတဲ့အထိ မစီရပဲ နေရာလွတ်လေးချန်ပြီးမှ အပေါ်က ထုတ်နဲ့ အုတ်နံရံကို သံပြားတွေနဲ့ ပြန်တွဲ ပုံကာပြီး grouting အနေနဲ့ လောင်းမှ လေဖိအားကို အုတ်နံရံက Steel beam တွေ coloum တွေဆီ ဖြန့်ပို့နိုင်တာမျိုးတွေ အခြားအခြားသော သတိထားရမယ့် အချက်အများကြီးပါပဲ။ Steel Structure ကိုလွယ်လွယ် မဆောက်ကြပါနဲ့။ နားလည်တတ်ကျွမ်းတဲ့ Engineer တွေနဲ့ပဲ ဆောက်စေလိုပါတယ်။ မြန်မာနိုင်ငံက ငလျင်ကြောကြီးနဲ့ တည်ရှိနေတာမို့ အရည်အသွေးမပြည့်မီတဲ့ နည်းစနစ်တွေကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှုတွေ မရှိရလေအောင် ​သေချာသတိပြုကြပါ။ လုပ်ငန်းအပ်တဲ့အခါ တိုင်တွေထုတ်တွေ size တင်မဟုတ်ဘဲ ဘယ်လိုဆက်မှာလဲ အုတ်ဘယ်လိုစီပေးမှာလဲ အောက်ခြေက plint ခုံနဲ့ Steel တိုင်ကို ဆက်ရင် ဘယ်လိုဆက်မှာလဲ စသဖြင့် အရေးကြီးတဲ့အချက်တွေကို ထည့်မေးကြပါ စဥ်းစားကြပါလို့ ပြောချင်ပါတယ်။ အိမ်တစ်လုံးတည်ဆောက်ဖို့ လိုအပ်တဲ့အခြေခံဗဟုသုတတွေကို အကြမ်းပိုင်းသာမက အချောပိုင်းအထိ တစ်ခုချင်း သေချာရှင်းပြပေးသွားမှာမို့ Page ကို Like and share လေး လုပ်ပေးကြပါဦးနော်။

# အပြင် construction တွေအနေနဲ့လည်း မှန်းလုပ်ကြမယ်ဆိုရင် risk နည်းတဲ့ ရင်းနှီးပြီးသားဖြစ်နေတဲ့ RC ကိုပဲ လုပ်ကြပါ။ Steel Structure ဆိုရင်တော့ နားလည်တဲ့သူနဲ့ သေချာတိုင်ပင်ပြီးမှ လုပ်ကိုင်ကြပါလို့ အကြံပြုလိုပါတယ်။

*** နည်းစနစ်ကျစွာ အရည်အသွေးစံနှုန်းပြည့်မီစွာ စျေးနှုန်းမှန်ကန်စွာနဲ့ အဆောက်အဦးဆောက်ချင်တယ်ဆိုရင် ဟင်္သာရွှေပြည်မှာ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။ ကုန်ကျစရိတ်အတွက်လည်း ဝင်ရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ Ph. 09973493756 , 09975757799 ***

Engineering field ကမဟုတ်တဲ့အခြားသူတွေ အားလုံးအိမ်ဆောက်ဖို့ မဖြစ်မနေသိသင့်တဲ့ အချက်လေးတွေ ပြောပြပေးတာပါအခုလို စီးပွားရေးအ...
27/01/2021

Engineering field ကမဟုတ်တဲ့အခြားသူတွေ အားလုံး
အိမ်ဆောက်ဖို့ မဖြစ်မနေသိသင့်တဲ့ အချက်လေးတွေ ပြောပြပေးတာပါ
အခုလို စီးပွားရေးအတွက် ကူးယူတာမျိုး မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

RC RC နဲ့ အလွယ်ခေါ်နေကြတာက အရှည်ဆို Reinforced Concrete (သံကူကွန်ကရစ်) လို့ခေါ်ပါတယ်။ နာမည်အတိုင်းပါပဲ RC ဆိုတာ သံနဲ့ co...
26/01/2021

RC RC နဲ့ အလွယ်ခေါ်နေကြတာက အရှည်ဆို Reinforced Concrete (သံကူကွန်ကရစ်) လို့ခေါ်ပါတယ်။ နာမည်အတိုင်းပါပဲ RC ဆိုတာ သံနဲ့ concrete တို့ ပေါင်းစပ်ထားတဲ့ member တွေကို ခေါ်တာပါ။ အဲ့ဒီမှာ အပေါ်ယံဗဟုသုတအနေနဲ့ သံချောင်း size ကြီးတာဟာ ပိုကောင်းတယ်လို့ မှတ်ယူကြပါတယ်။ ဒီအယူအဆဟာလည်း မှားယွင်းနေပါတယ်နော်။ RC ရဲ့သဘောမှာ အထဲက steel သံချောင်းတွေကို ဆွဲဆန့်အားအတွက်ထည့်တာဖြစ်ပြီး concrete ကတော့ ဖိအားအတွက်ထည့်တာဖြစ်ပါတယ်။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင်
အိမ်တစ်အိမ်ရဲ့ ထုတ်တန်းတစ်ခုဆိုပါစို့... အဲ့ထုတ်တန်းBeam ကို အပေါ်ထပ်က ဖိလာမယ့် အားတွေရှိမယ်။ အဲ့ဒီအခါ ပြားမသွားအောင် ပုံပျက်မသွားအောင် concrete က တောင့်ခံပေးထားတယ်။နောက်ထပ် ရာသီဥတုကြောင့် ကျုံ့တာ ပွတာတွေရှိမယ် လေတိုက်တာ ငလျင်လှုပ်တာတွေ ရှိမယ် အဲ့ဒါတွေက တွန်းအားတွေဖြစ်ပြီး ဘေးကတိုင်တွေကိုကန်တဲ့အားတွေဖြစ်လာတယ်။ အဲ့ဒီအခါ အထဲမှာရှိတဲ့ သံချောင်းတွေက ပြတ်ထွက်သွားတာမျိုး မဖြစ်အောင် ဆွဲဆန့်အားနဲ့ထိန်းပေးတယ်။ အရပ်စကားနဲ့ပြောရရင် မာရမယ့်နေရာမှာ Concrete က အလုပ်လုပ်ပြီး ပျော့ပျောင်းရမယ့်နေရာမှာ steel က အလုပ်လုပ်ပါတယ်။ အဲ့တော့ RC member တစ်ခုဟာ သူ့အပေါ်ကျလာမယ့် weight တွေ ဖိအားတွေ အားလုံးကို ထည့်စဥ်းစားပြီး Tension (တင်းအား) အတွက် သံထည့်ရမယ့် ဧရိယာ ပမာဏနဲ့ compression (ဖိအား) အတွက် concrete ပမာဏကို တွက်ထုတ်ရပါတယ်။ အဲ့တော့ သံချောင်းကြီးတွေ အများကြီးထည့်ရင် concrete အတွက် အားနည်းသွားနိုင်ပါတယ်။ သံချောင်းနည်းရင်လည်း Tension အတွက် အားနည်းသွားမှာပါပဲ။ အဲ့ဒီတော့ သူ့ပမာဏနဲ့ သူ လိုအပ်သလောက် ပါဝင်ဖို့က အဓိကပါ။ အဲ့တာကြောင့် သံချောင်း size ဘယ်လောက်သုံးတယ်ဆိုတာမျိုးက အဓိကမဟုတ်ပါဘူးနော်။ သူ့အချိုးနဲ့သူ ပါဝင်ရမယ့် ပမာဏသာ လိုအပ်တဲ့အကြောင်းကို အားလုံးသိနားလည်အောင် ပြောပြပေးလိုက်ပါတယ်။
အိမ်တစ်လုံးတည်ဆောက်ဖို့ လိုအပ်တဲ့အခြေခံဗဟုသုတတွေကို အကြမ်းပိုင်းသာမက အချောပိုင်းအထိ တစ်ခုချင်း သေချာရှင်းပြပေးသွားမှာမို့ Page ကို Like and share လေး လုပ်ပေးကြပါဦးနော်။

*** နည်းစနစ်ကျစွာ အရည်အသွေးစံနှုန်းပြည့်မီစွာ စျေးနှုန်းမှန်ကန်စွာနဲ့ အဆောက်အဦးဆောက်ချင်တယ်ဆိုရင် ဟင်္သာရွှေပြည်မှာ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။ ကုန်ကျစရိတ်အတွက်လည်း ဝင်ရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ Ph. 09973493756 ***

Address

Mandalay

Telephone

+959975757799

Website

Alerts

Be the first to know and let us send you an email when ဟင်္သာရွှေပြည် - Hin Tha Shwe Pyi Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဟင်္သာရွှေပြည် - Hin Tha Shwe Pyi Construction:

Share