Aung Kaung Thant Construction & Decoration

Aung Kaung Thant Construction & Decoration You dream it we fulfill it. We build smart building for you! Pyigyitagon Township
Mandalay
Myanmar

22/09/2025

ဖတ်လို့ မအားသေးရင် ဆေ့ထား၊သိမ်းထားပါ

နေစရာအိမ်ဆောက်မယ်ဆိုရင်(သိထားသင့်တယ်)
*****************************************
(တန်ဖိုးရှိလွန်းလို့ သိမ်းထားခဲ့တာပါ။
အခုခေတ်မှာ လုပ်ဖို့မပြောနဲ့ သိသူတောင်
နည်းသွားပြီ)

ဆရာကြီးဒဂုန်ရဲ့စာတွေဖတ်ရင်း တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက
အိမ်ဆောက်ရင် လိုအပ်ချက်တွေကို
သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
မြင်လဲမြင်ဆရာပါ။
သူရေးခဲ့တဲ့ စာစုကို
ပြန်ဖော်ပြလိုက်ပါတယ်။

အသက်တွက်ပြီးမှအိမ်ဆောက်ပါ။
အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ
အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။
ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက
အိမ်သစ်ဆောက်လိုများလူဗိုလ်၊
သက်ကိုရှစ်နဲ့စား
တစ်ခုကြွင်းမူသူဌေးယူ၊
နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြားရွှေလှေခါး၊
ငါးကားရွှေပြဿဒ်။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊
အိမ်သစ်မဆောက်အပ်တဲ့။
လင်္ကာရဲ့သဘောကဒီလိုပါ။

ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။
၁=ကြွင်းရင် ဒီနှစ်မှာ
အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊
၂=ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။
၄-ကြွင်းရင် ဘ၀ရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
၅=ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။

၃၊ ၆၊၇နဲ့ ၀ ကြွင်းရင်တော့ ဒီအသက်၊
ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင် ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားပျက်တာ၊ ရောဂါဘယများပြားတာတွေ ဖြစ်နိုင်တယ်နဲ့တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုက အိမ်သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။
အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိမြေပကတိ၊သုခိအဝေရာ။
အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။
မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ ဆောက်ထားဇရပ်သာ။
မြေဒါသမှာဥယျာဉ်သာ၊
လယ်မှာလုပ်လေပါ၊
မြေပကတိကိုရဟန်းဆို၊
နေလို့ကောင်းလေစွ။

လင်္ကာရဲ့သဘောက မြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့ တည်ထားသင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။
ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။
ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ
လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့
အေရးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။
မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေနိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ္လမွာ ဆောက်မလဲ။ လင်္ကာလေးကို ဖတ်ကြည့်ပါဦး။

လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်၀။
လကဆုန္ကားဆန္စပါး၊ ပေါများကြွယ်တက်လှ။
ဝါခေါငျလမှာအိမျဆောကျခါ၊ ဥစ္စာတိုးပွားရ။
နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလ၀ယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်
ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေးပါနော်၊
အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက်တာ၊ စပါးထွက်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော်ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ်များတဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲ စတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။
လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။
နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံခါ ချမ်းသာရ။
ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။
နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။
စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ အသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေ မှာတော့ လုံး၀မကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင် ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့ မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း)က ကိုယ့်ကိုဗေဒင်ဟောတတ်ပါသတဲ့။
ဟောပုံက-
အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ်ပြီးမှ။
ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော်ကြည့်အပ်လှ။
တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ်ဒုက္ခရ။
သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ်မေတ္တာမျှ။
ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။
ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမွာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊ တိုးတက်သက်ဇီ၀။
ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း၊ ရွှင်ပြုံးချမ်းသုခ။
ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊ တစ်ဆယ့်ခွန်၊ အလွန်မျက်ထွက်စွ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါနေထိုင်ကြ။
ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊ လူ့ဘောင်ကျော်ဇောလှ။ တဲ့

ဒီလင်္ကာကို (Burmese to Burmese)
ဘာသာပြန်ရရင်- အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့ မြေနေရာတိတိကျကျရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီး တိကျမှန်ကန်တဲ့ အတိတ်နမိတ်ပေါ်အောင် ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အားဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ်ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-
တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။
သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင် လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိရင် လာဘ်ရမယ်။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။
ရှစ်ကျပ်သားရှိရင် ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင် သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။
ဆယ့်တစ်ကျပ်သားရှိရင် အသက်ရှင်မယ်။
ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။
ဆယ့်ငါးကျပ်သားရှိရင် တော်မှန်တဲ့သူဖြစ်မယ်။
ဆယ့်ခြောက်ကျပ်သားရှိရင် ကောင်းတယ်။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။

ရိုးရာဓလေ့ပန္နက်ရိုက်ပုံ
*****************
ဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။

ပန္နက်ရိုက်ရာမှာ ထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့်ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်းကတော့ ဒီလိုပါ။ (ရိုးရာအစဉ်အလာ ထိန်းသိမ်းမှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဥုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြုဟောင်း၊ မကောင်းတစ်ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ်တော် မွေတော်ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊ အင်းကားလက်ယျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ၊ ပသမလွတ်၊ ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။

တိုင်ထူရင် ရှောင်ရမယ့်အသား
**********************
အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲ ညွန်ပြထားတာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊ သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကေလာသား၊ လက်ပံသား၊ လဲဝါတို့ဖြစ်ပါတယ်။

မိဘတိုင်ခြောက်လုံးရဲ့ အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲ။

အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ်ဘီ )

အဲဒီတိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်းထဲကို ဟောဒီအတိုင်း ဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန်မြုပ်ရမယ်။
ကုမ်ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှုပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာချပြီးမှ ထူရမယ်။ ထူပြီးတော့မှ မကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ -
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။
ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။ ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေမရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ၀ငျးထရံကို ကြိုပြီး ခတ်မထားရဘူး။ အိမ်ဆောက်ပြီးမှ ၀ငျးခတျရမယျ။ အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။

အိမ်အကာအကွယ်
**************
အိမ်သစ်မှာနေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ်အန္တရာယ်တွေကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ --
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ -
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ်ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ။

အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။
ခေတ်နဲ့ လျော်ညီစွာရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူတို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။ 🤍🌿

14/08/2025

Mandalay City Development Committe
~~~~~~~~~~~~~~~~~~~~~~~~
အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာ
စည်းမျဥ်းစည်းကမ်းများနှင့် အခြားဆောက်လုပ်ခွင့် စည်းမျဥ်းစည်းကမ်းများ

RC (၁)ထပ်/SS (၁)ထပ်မှ RC (၄)ထပ်/SS (၄)ထပ်ဆောက်လုပ်ခွင့်ပြုမိန့်လျှောက်ထားခြင်း

၁။ လျှောက်ထားခွင့်ရှိသူ

- မြေပိုင်ဆိုင်မှု အထောက်အထားခိုင်လုံမှုရှိသူ

- ဉပဒေနှင့်အညီ မြေအသုံးချခွင့်ခိုင်မာစွာ
ရရှိထားသူ

၂။ လျှောက်ထားရမည့်ဌာန - အဆောက်အအုံနှင့်ကုန်ရုံဌာန

၃။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

(ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

(င) အိမ်ရှင်နှင့်တာဝန်ခံအင်/ယာတို့၏ထွက်ဆိုချက် (၁ စုံ)

(စ) ဘေးပတ်ဝန်းကျင်၏သဘောတူညီချက်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ထောက်ခံချက်

(ဆ) အဆောက်အဦပုံစံ A1ဆိုဒ်(၃)စုံနှင့်(Autocad Drawing(၁)စုံ၊ PDF Soft Copy (၁)စုံ)

- Location Plan

- Building Layout Plan

- Floor Plan

- Cross-section
(လှေကားအား ဖြတ်ဆွဲထားသောပုံ)

- Beam, Column and Foundation Plan

- Elevation (Front, Back, side)

- Structure Design Detail

(ဇ) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ

(ဈ) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ည) Septic Tank Design (၃)စုံ (A-3)size

- Plan

- Section

- Design Calculation

- လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ဋ) သတင်းစာကြော်ငြာ - (အဆောက်အအုံအမျိုးအစားနှင့်အသုံးပြုရန် ရည်ရွယ်ချက် ပြည့်စုံစွာပါဝင်သော သတင်းစာကြော်ငြာ)

(ဌ) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ

(ဍ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

(ဎ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်း

၄။ စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်

အိမ်ဆောက်မိန့်လျှောက်လွှာတွင်ပါရှိသည့် အချက်အလက်များပြည့်စုံပါက အမှုတွဲအားလက်ခံ၍ လိုအပ်သည့်စာရွက်စာတမ်းများပူးတွဲခြင်း
မြို့နယ်အင်ဂျင်နီယာမှ သက်ဆိုင်ရာအကွက်ခံအင်ဂျင်နီယာများသို့ ကွင်းဆင်း စစ်ဆေးရန် အမှုတွဲများအား ချထားပေးပြီး ပြည့်စုံပါကစစ်ဆေးတွက်ချက်ပြီး အဆင့်ဆင့်တင်ပြခြင်း (သို့မဟုတ်) အကွက်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းစစ်ဆေး၍ ကြိုတင်ဆောက်လုပ် ထားပါက ဒဏ်ကြေးငွေအားတွက်ချက်၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုပါက အိမ်ရှင်ထံသို့ ဒဏ်ကြေးငွေပေးဆောင်ရန် အကြောင်းကြားစာပေးပို့ပြီး အိမ်ရှင်မှ ဒဏ်ကြေးငွေ ပေးဆောင်ပြီးပါက အဆင့်ဆင့်တင်ပြခြင်း
ဌာနမှူးမှ ကော်မတီသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူခြင်း
ကော်မတီမှခွင့်ပြုသည့်အမှုတွဲများအား ငွေသွင်းရန် လျှောက်ထားသူထံသို့ အကြောင်းကြားခြင်း၊ ငွေသွင်းလက်ခံဆောင်ရွက်ခြင်း၊ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း
၅။ အတည်ပြုချက်၊ ခွင့်ပြုချက်ရယူခြင်း

RC(၁)ထပ်/SS(၁)ထပ်မှ RC(၃)ထပ်/SS(၃)ထပ်ထိ အဆောက်အဦခွင့်ပြုမိန့်များ အား ကော်မတီဝင်ထိ အတည်ပြုခွင့်ပြုချက်ရယူခြင်း
၆။ ခွင့်ပြုချက်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ်ချက်

သတ်မှတ်စာရွက်စာတမ်းများပြည့်စုံပြီးအချိန်နှင့် တစ်ပြေးညီကွင်းဆင်းစစ်ဆေးခ ပေးသွင်းပြီးသည်အထိ(၃၀ ရက်)၊ အများဆုံးကြာမြင့်နိုင်သည့်ရက်(၆၀ရက်)
၇။ သတ်မှတ်ကာလထက်ကျော်လွန်နိုင်သည့် အကြောင်းအရာများ

အိမ်ရှင်မှ ကွင်းဆင်းစစ်ဆေးခနှင့် စုပုံခွန်ပေးသွင်းရန် နောက်ကျခြင်း
ဘေးပတ်ဝန်းကျင်အိမ်များမှ ကန့်ကွက်ခြင်း
မြေပြင်နှင့်မြေပုံကိုက်ညီမှုမရှိခြင်းအား ပြန်လည်စိစစ်ရခြင်း
မြေပိုင်ဆိုင်မှု အငြင်းပွား၍ ကန့်ကွက်ခြင်း
မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးတွင် အမှုမပြီးပြတ်ခြင်း
သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ စစ်ဆေးပြန်ကြားချက် အချိန်မီမရရှိခြင်း ကြိုဆောက်ထားပါက ကြိုဆောက်ဒဏ်ကြေးမပေးဆောင်ခြင်း

(၅)ထပ်နှင့်အထက်ခွင့်ပြုမိန့်ဆောင်ရွက်ခြင်းအတွက် လုပ်ထုံးလုပ်နည်းများ

၁။ လျှောက်ထားခွင့်ရှိသူ

- မြေပိုင်ဆိုင်မှု အထောက်အထားခိုင်လုံမှုရှိသူ

- ဉပဒေနှင့်အညီ မြေအသုံးချခွင့်ခိုင်မာစွာရရှိထားသူ

၂။ လျှောက်ထားရမည့် ဌာန - အဆောက်အအုံနှင့်ကုန်ရုံဌာန

၃။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ(၁၀၅)မူရင်း(အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက်ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံစာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ)မိတ္တူများ

(ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

(င) အိမ်ရှင်နှင့်တာဝန်ခံအင်/ယာတို့၏ထွက်ဆိုချက်(၁ စုံ)

(စ) ဘေးပတ်ဝန်းကျင်၏သဘောတူညီချက်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထောက်ခံချက်

(ဆ) အဆောက်အဦပုံစံA1ဆိုဒ်(၃)စုံနှင့် (Autocad Drawing (၁) စုံ၊ PDF Soft Copy (၁)စုံ)

- Location Plan

- Building Layout Plan

- Floor Plan

- Cross-section (လှေကားအားဖြတ်ဆွဲထားသောပုံ)

- Beam, Column and Foundation Plan

- Elevation (Front, Back, side)

- Structure Design Detail

(ဇ) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ

(ဈ) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ည) Bio Spetic Tank Design (၃)စုံ (A-3)size

- Plan

- Section

- Design Calculation

- လိုင်စင်ရအင်ဂျင်နီယာ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ဋ) Soil Report (၁)စုံ

(ဌ) အဆောက်အဦး၏ Structure Design (ETAB & SAFE (or) Other Software) Soft Copy နှင့် Hard Copy (၁)စုံ

- Structure Designer ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ (MEC၏သတ်မှတ်ချက်အရည်အချင်းနှင့် ကိုက်ညီသူဖြစ်ရမည်။)

(ဍ) အဆောက်အဦး၏ Estimate Hardcopy (၁)စုံ

(ဎ) ကားရပ်နားရန်ဝန်ခံကတိ/ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်

(ဏ) သတင်းစာကြော်ငြာ (အဆောက်အအုံအမျိုးအစားနှင့် အသုံးပြုရန် ရည်ရွယ်ချက်ပြည့်စုံစွာပါဝင် သောသတင်းစာကြော်ငြာ)

(တ) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ

(ထ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

(ဒ) မီးသတ်ဉီးစီးဌာန၏ထောက်ခံချက်မူရင်း

(ဓ) လျှပ်စစ်ဉီးစီးဌာန၏ထောက်ခံချက်မူရင်း

(န) သန့်ရှင်းရေးဌာန(MCDC)၏ထောက်ခံချက်မူရင်း

၄။ စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်

(က) အိမ်ဆောက်မိန့်လျှောက်လွှာတွင်ပါရှိသည့် အချက်အလက်များ ပြည့်စုံပါက အမှုတွဲအားလက်ခံ၍ လိုအပ်သည့်စာရွက်စာတမ်းများ ပူးတွဲခြင်း

(ခ) မြို့နယ်အင်ဂျင်နီယာမှ သက်ဆိုင်ရာအကွက်ခံအင်ဂျင်နီယာများသို့ ကွင်းဆင်း စစ်ဆေးရန် အမှုတွဲများအား ချထားပေးပြီး ပြည့်စုံပါကစစ်ဆေးတွက်ချက်ပြီး အဆင့်ဆင့်တင်ပြခြင်း (သို့မဟုတ်) အကွက်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းစစ်ဆေး၍ ကြိုတင်ဆောက်လုပ် ထားပါက ဒဏ်ကြေးငွေအားတွက်ချက်၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုပါက အိမ်ရှင်ထံသို့ ဒဏ်ကြေးငွေပေးဆောင်ရန် အကြောင်းကြားစာပေးပို့ပြီး အိမ်ရှင်မှ ဒဏ်ကြေးငွေ ပေးဆောင်ပြီးပါက အဆင့်ဆင့်တင်ပြခြင်း

(ဂ) သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့မှ Structure Design တွက်ချက်မှုများအား ပဏာမစစ်ဆေး၍ MESသို့Structure Design များပေးပို့စစ်ဆေးခြင်းနှင့် လိုအပ်ချက်ရှိပါက Designerသို့ အကြောင်းပြန်ကြားခြင်း

(ဃ) Designer မှ လိုအပ်ချက်များအားပြင်ဆင်ပြီး ပြည့်စုံသော အမှုတွဲများအား အထပ်မြင့်အစည်းအဝေးတင်ပြခြင်း

(င) အထပ်မြင့်အစည်းအဝေးမှ ခွင့်ပြုသောအမှုတွဲများအား ကော်မတီသို့ အဆင့်ဆင့် တင်ပြခွင့်ပြုချက်ရယူခြင်း

(စ) ကော်မတီမှခွင့်ပြုသည့်အမှုတွဲများအား ငွေသွင်းရန် လျှောက်ထားသူထံသို့ အကြောင်းကြားခြင်း၊ ငွေသွင်းလက်ခံဆောင်ရွက်ခြင်း၊ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း

၅။ အတည်ပြုချက်၊ ခွင့်ပြုချက်ရယူခြင်း

(၅)ထပ်နှင့်အထက် အမှုတွဲများအား ကော်မတီထိ အဆင့်ဆင့်တင်ပြ ဆောင်ရွက်ခြင်းနှင့် အတည်ပြုခွင့်ပြုချက်ရယူခြင်း
၆။ ခွင့်ပြုချက်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ်ချက်

သတ်မှတ်စာရွက်စာတမ်းများပြည့်စုံပြီးအချိန်နှင့် တစ်ပြေးညီကွင်းဆင်းစစ်ဆေးခ ပေးသွင်းပြီးသည်အထိ (၇၅ ရက်)၊ အများဆုံးကြာမြင့်နိုင်သည့်ရက် (၁၂၀ ရက်)
၇။ သတ်မှတ်ကာလထက်ကျော်လွန်နိုင်သည့် အကြောင်းအရာများ

အထပ်မြင့်အစည်းအဝေး တစ်လတစ်ကြိမ်
ကျင်းပရန် နှောင့်နှေးခြင်း
MES မှ structure စစ်ဆေးမှုအကြောင်းပြန်ကြားချိန် နောက်ကျခြင်း
structure Designer မှ လိုအပ်ချက်များပူးတွဲရန်နောက်ကျခြင်း
အိမ်ရှင်မှ ကွင်းဆင်းစစ်ဆေးခနှင့် စုပုံခွန်ပေးသွင်းရန် နောက်ကျခြင်း
ဘေးပတ်ဝန်းကျင်အိမ်များမှ ကန့်ကွက်ခြင်း
မြေပြင်နှင့်မြေပုံကိုက်ညီမှုမရှိခြင်းအား ပြန်လည်စိစစ်ရခြင်း
မြေပိုင်ဆိုင်မှု အငြင်းပွား၍ ကန့်ကွက်ခြင်း
မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးတွင် အမှုမပြီးပြတ်ခြင်း
သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ စစ်ဆေးပြန်ကြားချက် အချိန်မီမရရှိခြင်း
ကြိုဆောက်လုပ်ထားခြင်းရှိပါက ဒဏ်ကြေးငွေတောင်းခံခြင်းနှင့် အိမ်ရှင်မှ ဒဏ်ကြေးငွေပေးဆောင်ရန်ပျက်ကွက်ခြင်း/ပေးဆောင်ရန်နောက်ကျခြင်း

#အဆောက်အအုံဖျက်သိမ်း ခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံချက်များ

‌ (က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဖျက်သိမ်းမိန့် / အိမ်ဆောက်မိန့် လျှောက်ထားရန်အတွက် ထုတ်ပေးသည့်တစ်နှစ်အတွင်း ရေးကူးထားသောမြေပုံ)

( ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံစာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

( ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

( င) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အိမ်ရှင်အိမ်ငှား အရှုပ်အရှင်းကင်းရှင်းကြောင်းထောက်ခံချက်

( စ) ဖျက်သိမ်းမည့်အဆောက်အအုံ၏ဓာတ်ပုံ

(ဆ) သတင်းစာကြော်ငြာ(ဖျက်သိမ်းမည့်အဆောက်အအုံအမျိုးအစားပြည့်စုံစွာ ပါဝင်သောသတင်းစာကြော်ငြာ)

အဆောက်အအုံပြင်ဆင်ခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

‌(က) မြေယာပုံစံ (၁၀၅) မူရင်း (အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့်တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

( ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P)ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

( ဂ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

( င) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပိုင်ဆိုင်မှုအရှုပ်အရှင်းကင်းရှင်းကြောင်း ထောက်ခံချက်

(စ) ပြင်ဆင်မည့်အဆောက်အအုံ၏ဓါတ်ပုံ

(ဆ) ပြင်ဆင်မည့်အဆောက်အအုံ၏အထပ်အလိုက် Floor တစ်ခုခြင်းစီ၏ Plan ပုံ (A4 Size ၁ စုံ)

( ဇ) မျက်နှာစာပြင်ဆင်မည်ဆိုပါက ပြင်ဆင်မည့် Design ပုံ (A4 Size ၁ စုံ)

အဆောက်အအုံသက်တမ်းတိုး/အသုံးပြုခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

‌(က) ယခင်အိမ်ဆောက်မိန့်ခွင့်ပြုခဲ့သည့်ခွင့်ပြုမိန့်နှင့်အဆောက်အဦပုံစံပါမိတ္တူ(၁)စုံ

( ခ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

( ဂ) လျှောက်ထားသူ၏အိမ်ထောင်စုဇယားမိတ္တူ

(ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏အိမ်ဆောက်မိန့်သက်တမ်းတိုး/ အသုံးပြုရန် ထောက်ခံချက်

( င) လက်ရှိမြေကွက်နှင့် အဆောက်အအုံမှတ်တမ်းဓါတ်ပုံ(၂)ပုံ

#ဝင်းခြံကာရံခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ (၁၀၅)မူရင်း (ဝင်းခြံကာရံခွင့်/အိမ်ဆောက်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

( ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

( ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

( င) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်

( စ) ဝင်းခြံပုံစံ A3 ဆိုဒ် ၃စုံ

(ဆ) တင်ပြသည့်ဝင်းခြံပုံစံ(၃)စုံတွင်အိမ်ရှင်၊လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

( ဇ) သတင်းစာကြော်ငြာ(ကန့်ကွက်ရန်ရှိ/မရှိ)

(ဈ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

မြေစိုက်တာဝါတိုင်/ Roof Top ပေါ်တာဝါတိုင်ထောင်ရန် ခွင့်ပြုမိန့် ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဆောက်လုပ်မိန့် လျှောက်ထားရန် အတွက် ထုတ်ပေးသည့်တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ(G.P/S.P ကျမ်းကျိန်ချက် အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ)မိတ္တူများ

(ဂ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏အိမ်ထောင်စုဇယားမိတ္တူ

(င) အသုံးပြုမည့်အောက်ခံအဆောက်အဦသည် structure ခိုင်ခံကြောင်း အင်ဂျင်နီယာနှင့်အိမ်ရှင်ထောက်ခံချက်

(စ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

(ဆ) ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်မိတ္တူ

(ဇ) အဆောက်အဦပုံစံ A3 ဆိုဒ်(၃)စုံ

- Location Plan

- Building Layout Plan

- Floor Plan

- Cross-section

- Foundation Plan

- Elevation (Front, Back, side)

- Structure Design Detail

(ဈ) Drawing(၃)စုံတွင်လိုင်စင်ရအင်ဂျင်နီယာ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

#ယာယီဇာတ်စင်၊ မဏ္ဍပ်များဆောက်လုပ်ခွင့်ဆောင်ရွက်ခြင်း

တင်ပြလျှောက်ထားရမည့်စာရွက်စာတမ်းများ

(က) ဌာနမှူးသို့ လိပ်မူ၍ တင်ပြလျှောက်ထားလိုသည့်အကြောင်းအရာပါဝင်သည့် စာရွက်စာတမ်း

(ခ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

(ဂ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်

(ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ထောက်ခံချက်

( င) ကျင်းပမည့်ပွဲ၏ဖိတ်စာ

( စ) ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာအပြည့်အစုံ

(ဆ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်

(ဇ) ရဲစခန်းထောက်ခံချက်

#တိုင်ထောင်/နံရံကပ်ကြော်ငြာစိုက်ထူခွင့်လျှောက်ထားဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ထောက်ခံချက်များ

(က) လျှောက်ထားတင်ပြစာ (အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) ကြော်ငြာတိုင်၏ Foundation Section ပုံ

(ဂ) လျှောက်ထားလိုသည့်တည်နေရာ၊ ကြော်ငြာအမျိုးအစား၊ ကြော်ငြာဘုတ် အရွယ်အစား၊ ကြော်ငြာလိုသည့်ကုန်ပစ္စည်း/ဒီဇိုင်းဓါတ်ပုံ

(ဃ) အိမ်ရှေ့ဉပစာရှင်၏ထောက်ခံချက်

ယာယီကြော်ငြာဘုတ်စိုက်ထူခွင့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ထောက်ခံချက်များ

(က) လျှောက်ထားတင်ပြစာ (အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) လျှောက်ထားလိုသည့်တည်နေရာ၊ ကြော်ငြာအမျိုးအစား၊ ကြော်ငြာဘုတ် အရွယ်အစား၊ ကြော်ငြာလိုသည့်ကုန်ပစ္စည်းဒီဇိုင်း/ဓာတ်ပုံ

(ဂ) ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း

#အဆောက်အအုံဆောက်လုပ်ခွင့် (ကန်ထရိုက်လိုင်စင်)၊ Pile လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်း/ထောက်ခံစာ

(က) လျှောက်ထားတင်ပြစာ(အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) ဓါတ်ပုံ(၃)ပုံ၊ မှတ်ပုံတင်မိတ္တူ

(ဂ) ကုမ္ပဏီလိုင်စင်မိတ္တူ/ကုမ္ပဏီ၏ဖွဲ့စည်းပုံ

(ဃ) အထပ်မြင့်ကြီးကြပ်ရေးပညာရှင်အဖွဲ့၏ထောက်ခံချက်(Pile လုပ်ငန်း)

(င) ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာကြော်ငြာ

#အဆောက်အအုံဆောက်လုပ်ခွင့် (ကန်ထရိုက်လိုင်စင်)၊ Pile လုပ်ငန်းလိုင်စင် သက်တမ်းတိုးလျှောက်ထားဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ

(က) သက်တမ်းတိုးလျှောက်ထားတင်ပြစာ(အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) ဓါတ်ပုံ(၃)ပုံ

(ဂ) ယခင်နှစ်က ထုတ်ပေးထားသော လိုင်စင်ကဒ်မိတ္တူ၊ စာအုပ်မိတ္တူ

#အင်ဂျင်နီယာလိုင်စင် အသစ်/သက်တမ်းတိုးဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ

(က) လျှောက်ထားတင်ပြစာ(အမည်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်)PE/RSE/LA/SLA တံဆိပ်တုံးရိုက်နှိပ်ရမည်)

(ခ) PE/RSE/LA/SLA ကဒ်မိတ္တူ

(ဂ) ဓါတ်ပုံ(၁)ပုံ

#တိုက်ခန်းများ၏ လူနေထိုင်ပိုင်ဆိုင်ခွင့်အမည်ပြောင်း ဆောင်ရွက်ခြင်း

၁။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ထောက်ခံချက်များ

(က) တိုက်ခန်းလျှောက်ထားသူ၏ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်

(ခ) တိုက်ခန်းလျှောက်ထားရန် ကန့်ကွက်နိုင်ကြောင်းသတင်းစာကြော်ငြာ

(ဂ) တိုက်ခန်းပိုင်ဆိုင်မှုအထောက်အထား

(ဃ) တိုက်ခန်းအမည်ပြောင်းပါက (မှတ်ပုံတင်စာချုပ်ရုံး၏ G.P/S.P)

(င) တိုက်ခန်းပိုင်ဆိုင်ကြောင်း ရ.ယ.က၏ ထောက်ခံချက်မူရင်း

၂။ တိုက်ခန်းပိုင်ဆိုင်ခွင့် စာချုပ်စာအုပ်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့် အချိန်ကာလသတ်မှတ်ချက်

တိုက်ခန်းပိုင်ဆိုင်ခွင့်အမည်ပြောင်း လျှောက်ထားလာသည့်အချိန်မှစ၍ တိုက်ခန်း ပိုင်ဆိုင်ခွင့်စာချုပ်စာအုပ်ထုတ်ယူနိုင်သည်အထိ (၃၀ရက်)

Related Link
[email protected]

ငလျင်ကြောင့်နံရံအက်ကွဲခြင်း၊RC တိုင်အဆက်နေရာများကြေခြင်း၊မျက်နာကျက်များပြုတ်ကျခြင်းတို့ကို ပြန်လည်ပြုပြင်ပေးထားဖြစ်တဲ့ ဆ...
13/07/2025

ငလျင်ကြောင့်နံရံအက်ကွဲခြင်း၊RC တိုင်အဆက်နေရာများကြေခြင်း၊မျက်နာကျက်များပြုတ်ကျခြင်းတို့ကို ပြန်လည်ပြုပြင်ပေးထားဖြစ်တဲ့ ဆိုဒ်လေးများ

Renovation & Decoration Work
မန္တလေးမြို့တွင်း အဆောက်ဦးများဆောက်လုပ်ခြင်း၊ပြုပြင်ခြင်း၊အလှဆင်ခြင်းလုပ်ငန်းများ ပြုလုပ်ခြင်ပါက ယုံကြည်စွာလုပ်ငန်းများအပ်နှံနိုင်ပါသည်။

# construction
# renovation
# decoration
# Mdy

ကြိုက်မိသော stair design များcredit to owner
28/02/2024

ကြိုက်မိသော stair design များ

credit to owner

အမရပူရမြို့ ၊ နဂါးအိမ်ယာဝန်းအတွင်း အိမ်ရှင်စိတ်ကြိုက်ဒီဇိုင်းအား တပ်ဆင်ပြီးစီးခဲ့သည့် stainless steel လှေကားလက်ရန်း လုပ်...
24/03/2023

အမရပူရမြို့ ၊ နဂါးအိမ်ယာဝန်းအတွင်း အိမ်ရှင်စိတ်ကြိုက်ဒီဇိုင်းအား တပ်ဆင်ပြီးစီးခဲ့သည့် stainless steel လှေကားလက်ရန်း လုပ်ငန်းလေး

ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံပေးခဲ့သည့် client အားလည်းကျေးဇူးတင်ရှိပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် လှေကားလက်ရန်းများတပ်ဆင်လိုပါကလည်း လိုက်လံတပ်ဆင်ဆောင်ရွက်ပေးပါသည်။

23/02/2022

ကူးယူပြီးပြန်လည်မျှဝေတာပါ။

အိမ်နှင့်ပက်သက်သောလောကီပညာ .......................................................

အိမ်တစ်အိမ် ဆောက်ရင်
အဓိက ( ၃ ) ချက်ရှိတယ်

အိမ် ပနပ်
အိမ် ဦးရင်တိုင်
လှေကား
အဲ့ဒါ အဓိက ဘဲ။

( မဆောက်ကောင်းသောအိမ်များ )

အိမ်ပျံ
အိမ်ရင်ကွဲ
အိမ်ပလ္လင်
အိမ်ဖိုခနောက်
အိမ်နွား
အိမျပတ်တလား
ကျောင်းနှင့်တူသောအိမ်
မဆောက်ကောင်းပါ ။

ရင်ကွဲ အိမ် (ကွဲ...သေ)
ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်)
သစ်ဆက်ဝါးဆက် ဆက်သောအိမ် (ရန်ဖြစ်)

အဲ့အိမ်တွေမှာ
ထုပ်ယောက် မိုက်ဖွဲ့ပြီး
၃နဲ့စားလို့ပျက်ရင်
၃လအတွင်း လူသေဖို့
၁၀၀%ပါ

အိမ် ပတ္တလား နဲ့ အိမ်နွားက
ဆင်းရဲရုံဘဲရှိတယ် လူမခိုက်ပါ

အိမ်မှာ သစ်စုံပါရင်
သစ်မင်း စိုက်ထားပါ။

အိမ်ထက် အိမ်သာ မကောင်းစေသင့်
အိမ်အရင် အိမ်သာ မဆောက်ကောင်း
ခြံစည်းရိုး မရှိဘဲ အိမ်မတည်သင့်ပါ။

အိမ်တိုင်တွေကို
ကြေးပြားမှာ
စည်းချဂါထာ ရေးပြီး
အောက်ကခံရင် ကြီးပွားတိုးတက်စေပါတယ်
မီးမခနိုင်
ဧည့်သည် ကောင်းများလာစေတက်
လောင်မီးစက် မခံ နိုင်
မိစ္ဆာ များမနေနိုင်ပါ။

အိမ်တစ်အိမ်မှာ
ချမ်းသာချင်လည်း လှေကားဘဲ
မွဲချင်လည်း လှေကားဘဲ

လှေကားက အဓိကပါ ဘဲ။
အိမ်နဲ့ပတ်သတ်ပြီး
သိပ္ပံခေတ်မှာ ယုံစရာမလိုဘူး ဆိုလို့
မယုံကြည်ရင်
အိမ်ရဲ့ဘယ်ဘက်ညာဘက် ၂ဘက်လုံး
အဖီ ဆွဲ နေ လေ ။

မွဲ အေးရော ။ အကြားအမြင် ပြည့်ဝကြပါစေ။

လူမှန်သမျှ .အိမ်နှင့်မကင်းနိုင်.
ထိုအိမ်ဆောက်ရာတွင်
အကျိုးအပြစ်ကို..စလေဦးပုည၏
ဟောစတမ်းမှ..အကိူးများ၍..အများအကိူး
တွက်..တင်ပေးပါအံ့။................................................

တနင်္ဂနွေ နေ့ အိမ်ဆောက်လျှင်..ဥရုတိုင်
အရပ်ခေါ် ဦးရင်တိုင်၏ စရွေးအောက်မှာ
တစ်ထွာခန့်အမျက်ရှိတတ်၏။
ထိုအမျ က်ကား..အိမ်လူတွေကိုဒုက္ခပေးတတ်၏..
ပယ်နိုင်ကပယ်လိုက်...မပယ်နိုင်လျှ င်ထိုဥရု
တိုင်နှင့် အရှေ့မြောက်ကတိုင်နှင့်လဲ၍စိုက်
စည်းစိမ်ဥစ္စာ တိုးပွား၏။

တနင်္လာ နေ့အိမ်ဆောက်မူ..အနောက်မြောက်
ယက်မအောက်တွင် အမျက်အဆွေးရှိတတ်၏
သားသမီး မြေးမြစ်သေတတ်၏ ။
ပယ်လိုကပယ်..မပယ်လိုက..အရှေ့တောင်က
သစ်မင်းတိုင်နှင့်လဲ၍စိုက်..
ခြေလေးခြောင်းရကိန်းရှိ၏။

အင်္ဂါ နေ့အိမ်ဆောက်မူ.. မြောက်အလယ်တည့်တည့်.ယက်မအောက်တွင်.. သေချာ
ကြည့်မှမြင်ရသော အမြံအခေါင်းရှိတတ်၏.
အိမ်ရှိ တိရစ္ဆာန် သေတတ်၏။
ပယ်လိုကပယ်.. မပယ်လိုက.. တောင်ဘက်စဉ်
စိုက်တဲ့တိုင်တွေထဲမှ အလည်တိုင်နှင့်လဲစိုက်
သမီးရတနာရတတ်၏။

ဗုဒ္ဓဟူး နေ့တွင်အိမ်ဆောက်မူ..အရှေ့မြောက်
ထောင့်ကတိုင်တွင်မြေပေါ်တစ်ထောင်လောက်
အကွာအမျက်ရှိတတ်၏..
ကိုယ်ချစ်ရသူသေတတ်၏
ပယ်လိုကပယ်.. မပယ်လိုက ...ဘူမိအရပ်က
တိုင်နှင့်လဲစိုက်...စုဒ်ကောင်း၀င်လတ္တံ့။

ကြာသာပတေးနေ့တွင် အိမ်ဆောက်လျှ င်
အရှေ့စွန်းက..တိုင်ခွတွင် အခေါင်းပါတတ်၏
ရောဂါရတတ်၏..သောကရောက်တတ်၏
ပယ်လိုကပယ်.. မပယ်လိုက ..အလည်တိုင်နှင့်
လဲစိုက်.. ဘုန်းကြီးအံ့။

သောကြာနေ့ တွင်အိမ်ဆောက်မူ..
အလယ်တိုင်၏ဂွအောက်တစ်ထွာလောက်တွင်
အခေါင်းပါတတ်၏..
ရောဂါထူပြောအံ့
ပယ်လိုကပယ်.. မပယ်လိုက.. အလည်ဂွတိုင်
နှင့်လဲစိုက်..လာဒ်ရအံ့။

စနေနေ့တွင် အိမ်ဆောက်မူ..
အနောက်တောင်ရှိတိုင်ထိပ်၌..
စရွေးအောက်မှာ အမျ က်သေးပါတတ်၏..
မိန်းမမသေ ယောက်ျ ားသေတတ်၏..
ပယ်လိုကပယ်.. မပယ်လိုက. အနောက်မြောက်အရပ်ကတိုင်နှင့်လဲစိုက်
လာဒ်ကြီးရလတ္တံ့။

အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သော အပင်များ၊

အိမ်ဆောက်ရက် ရွေးနည်း ၊

အိမ်ဆောက်လ ရွေးနည်း၊

မသုံးအပ်သော သစ် (၈) မျိုး၊

အိမ်၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ ။

သစ်ပင် ပန်းမန်ဆိုတာ လူတွေအတွက် ကောင်းမွန်တဲ့ အရာပါ။ သဘာ၀ရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ် ပတ်၀န်းကျင် ခြံ ထဲ၊ အိမ် ၀န်းထဲမှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။

ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိ အိမ်၊ ခြံ ထဲမှာ မစိုက်အပ် ၊ မရှိသင့်တဲ့ အပင်တစ်ချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူအဆတွေ ခေတ်မမီတော့ဘူးလို့ဘဲ ဆိုဆို ၊ ရှေးထုံးကိုလည်း မပယ်နဲ့ဆိုတဲ့ စကားပဲ ပြောပြော အိမ်နဲ့ ပတ်သတ်ပြီး ရှေးမြန်မာ အယူတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

- အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သောအပင်များ ။

အိမ်၏ အရှေ့ဘက် မျက်နှာဘက်တွင် ညောင် ၊ သပြေပင်များ မစိုက်ရ။ စီးပွားပျက်တတ်သည်။
အနောက်ဘက်တွင် လက်ပံပင် ၊ ထိန်ပင် များ မစိုက်ရ။
တောင်ဘက်တွင် သျှီသျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သင်္ဘောပင်များ မစိုက်ရ။
မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊သဖန်းပင် နှင့် သျှီသျှားပင် မစိုက်ရ။

အဆိုပါ အပင်များသည် ဖော်ပြပါ
အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်လျော့မည်။ရောဂါဘယ ထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်။ အလိုအလျောက်ရှိနေပါကလည်း နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါသည်။

- အိမ်ဆောက်ရက် ရွေးနည်း ။

တနင်္ဂနွေ - ဒုက္ခဆင်းရဲ ရောက်တတ်သည်။
တနင်္လာ - နှစ်လမြောက်တွင် သား သမီး ဖွားမြင်သော် ချမ်းသာ ကြွယ်၀မည်။
အင်္ဂါ -ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
ဗုဒ္ဒဟူး၊စနေ- သုခ ချမ်းသာရမည်။
ကြာသပတေး - ချမ်းသာ ကြွယ်၀မည်။
သောကြာ - သုံးလ ကြာလျှင် သုခ ပွားမည်။

- အိမ်ဆောက်လ ရွေးနည်း ။

တန်ခူးလ - ချမ်းသာ ကြွယ်၀မည်။
ကဆုန်လ - ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
၀ါခေါင်လ - ဥစ္စာ စီးပွား တိုးပွားမည်။
နတ်တော်လ - ထင်ပေါ် ကျော်စောမည်။
ပြာသိုလ - လူအများ ချီးမွမ်းမှု ရမည်။
တပေါင်းလ - ချမ်းသာ ကြွယ်၀မည်။

ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ
ကြုံရတတ်သည်။

ယနေ့ခေတ်မှာ အိမ်ကို သစ်သား အခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင် ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာ အိမ်တစ်အိမ်ရဲ့ အဓိက ပါ၀င်ပစ္စည်း ဖြစ်နေပါသေးတယ်။ ရှေးမြန်မာ လူကြီးများကတော့ အိမ်နဲ့ပတ်သတ်ရင် သစ်ကို အလွန်စိစစ်ပါတယ်။

ဗဟုသုတ အလို့ငှာ သိသလောက် ဖော်ပြပေးလိုက်ပါတယ်။

- မသုံးအပ်သော သစ် (၈) မျိုး ။
၁။ ခုတ်ဖြတ်စဉ် တွဲလွဲ ကျနေသောသစ် (သစ်ဆွဲချ)
၂။ သစ်ခွ သစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီးလူး)
၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီးသောသစ် (သစ်နပုန်း)
၅။ လမ်းကူး ချောင်းကူးသစ် (သစ်တံတား(ခ) သစ်လမ်းကူး)
၆။ အပင်ချင်း အကိုင်းချင်း ကြိတ်သောသစ် (သစ်ကြိတ်)
၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)
၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

-အိမ် ၊ ကျောင်း ဆောက်ရာတွင်
မသုံးအပ်သော သစ် (၁၁) မျိုး ။

၁။ မိကျောင်း
၂။ မအူ
၃။ သခွတ်
၄။ ညောင်
၅။ သျှီသျှား
၆။ သီး(သား)
၇။ သပြေ
၈။ သစ်စိမ်ရေသား
၉။ ကလော
၁၀။ လက်ပံ
၁၁။ လဲ

- အိမ် ၊ ကျောင်း ဆောက်ရာတွင်
မပြုအပ်သော အရာများ ။

၁။ တိုင်ဟောင်းကို ပန်းမဆွဲရ ။
၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ ။
၃။ တိုင်တို (ထောက်တို) ကို ကြမ်းပေါ် မပိုစေရ ။
၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ ။
၅။ ခေါင်လျှောက်ခွတွင် မပြီးခင် ကြမ်းမဖောက်ရ ။
၆။ တိုင်ထူရာတွင် တိုင်ချင်း မထိရ ။
၇။ အိမ်ဆောက်မပြီးခင် ၀န်း မခတ်ရ ။
၈။ ထုပ် ၊ လျှောက် ၊ ဒိုင်း ၊ မြား ၊ ခါးပန်း တို့ကို အလယ်တည့်တည့်တွင် မဆက်ရ ။
၉။ အမျိုးမတူသော သစ်ချင်း မဆက်ရ ။
၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏ လျှောက်ကို တင်၍ မဆက်ရ ။
တိုးတက်လာသော ယနေ့ခေတ် အနေအထားအရ အထက်ပါ အကြောင်းအရာတို့အား လုံးဝရှောင်ကြဉ်ရန် မဖြစ်နိုင်တော့ပါဘူး ။
ဒါပေမယ့်
" ရှေးထုံးလည်းမပယ်နဲ့ စျေးသုံးလည်း မကြွယ်နဲ့'' စကားလိုမျိုးပါပဲ။ နှစ်ပေါင်းများစွာ တည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့ သဘောပါ။
#မူရင်း credit

Moe Sandar

Address

57 Street, Pyigyitagon Township
Mandalay

Website

Alerts

Be the first to know and let us send you an email when Aung Kaung Thant Construction & Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share