17/05/2026
Aircon လေးက အရင်လို မအေးတော့ဘူးဆိုရင် စိတ်မပူပါနဲ့ဦး။ အဲကွန်းက လေပဲထွက်ပြီး အေးမလာတော့တဲ့အခါ လူတော်တော်များများ မှားယွင်းစွာ လုပ်မိတတ်တာက Remote ကနေ အပူချိန် (Temperature) ကိုပဲ တောက်လျှောက် လျှော့ချပစ်တာပါပဲ။
တကယ်တော့ အအေးမထွက်တာက စက်ချို့ယွင်းတာ၊ ဖုန်ပိတ်တာမျိုး ဖြစ်နိုင်တာကြောင့် အပူချိန် ဘယ်လောက်ပဲ လျှော့လျှော့ အေးမလာတဲ့အပြင် စက်ကို ပိုပူစေပြီး မီးခိုးငွေကိုပဲ ကုန်စေနိုင်ပါတယ်။ ဒါကြောင့် အရင်ဆုံး ဒါလေးတွေကို အိမ်မှာတင် စစ်ဆေးကြည့်ရအောင် -
✅ Filter တွေကို စစ်ဆေးပါ
ဖုန်တွေပိတ်နေရင် လေအေးမထွက်နိုင်တော့လို့ Filter ကို အရင်ဖြုတ်ဆေးကြည့်သင့်ပါတယ်။
✅ Mode မှားနေသလား စစ်ပါ
တစ်ခါတလေ Remote မှာ Cool Mode မဟုတ်ဘဲ Fan Mode တွေ ရောက်နေတတ်လို့ ဒါကို အရင်ပြန်ညှိပေးပါ။
✅ Outdoor Unit ကို ကြည့်ပါ
အပြင်က စက်အိုးမှာ တစ်ခုခု ပိတ်ဆို့နေတာမျိုး ဒါမှမဟုတ် ပန်ကာမလည်တာမျိုး ရှိ၊ မရှိ အဝေးကနေ အကြမ်းဖျင်း ကြည့်ရှုနိုင်ပါတယ်။
ဒီအချက်လေးတွေ စစ်ဆေးကြည့်လို့မှ အဆင်မပြေသေးဘူးဆိုရင်တော့ စိတ်မပူပါနဲ့။ 𝐓𝐞𝐜𝐡𝐧𝐢𝐜 ကနေ ဝယ်ယူထားတဲ့ Aircon တွေဆိုရင် Brand အစုံတိုင်းအတွက် ကျွန်တော်တို့ရဲ့ No.1 After-Sales Service အဖွဲ့က အပြည့်အဝ တာဝန်ယူပေးဖို့ အမြဲအသင့်ရှိနေပါတယ်။
တပ်ဆင်ပြီးမှ မအေးတာမျိုး၊ တာဝန်မယူတာမျိုး လုံးဝမရှိစေရဘဲ ဝန်ဆောင်မှုအပိုင်းမှာ အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြစ်အောင် အမြဲဂရုစိုက်ပေးနေတာမို့ လိုအပ်တာမှန်သမျှကို 𝐓𝐞𝐜𝐡𝐧𝐢𝐜 ဆီသာ အခုပဲ တိုက်ရိုက်ဆက်သွယ်လိုက်ပါဗျာ။
=============================
📍ဆိုင် (၁) - အမှတ် (၆၈) ၊ (၅၆) လမ်း၊ ၁၂၁-၁၂၂ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
📍ဆိုင်(၂) - (၆၂) လမ်းနှင့် (၁၂၂) လမ်းဒေါင့်၊ 360 (Petro) မျက်နှာချင်းဆိုင် ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
📞 ဖုန်း: 09-5074676, 09-402020923, 09-402020932