ထိန်ဝင်း Air-Con Sales & Service

ထိန်ဝင်း Air-Con Sales & Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ထိန်ဝင်း Air-Con Sales & Service, Heating, ventilating & air conditioning service, Mandalay.

Knowledge
30/04/2022

Knowledge

#အိမ်သုံးအဲကွန်းတလုံးဘယ်လိုအလုပ်သလဲ
💥💦💥💦💥💦💥💦💥💦💥💦💥

ိုတာ
အခန်းတစ်ခန်းနေရာတစ်နေရာကအပူတွေကိုစုပ်ယူပြီး
ဘယ်သူမှမကန့်ကွက်တဲ့လေထု(unobjectionable space)ထဲကိုစွန့်ပစ်တဲ့စနစ်လို့ဆိုပါတယ်။

ဘယ်သူမှမကန့်ကွက်တဲ့လေထုထဲလို့ဆိုတာက
ကိုယ်ထုတ်ပစ်လိုက်တဲ့အပူကသူများကို အနှောက်အယှက်ပေးမိသလိုဖြစ်သွားနိုင်တဲ့နေရာဖြစ်နေလို့မရဘူးလို့ဆိုတာပါ။

အဲဒါကြောင့်Airconဆိုတာ လေအေးပေးစက်မဟုတ်ပါ အပူစုပ်ထုတ်စက် Heat absorbing and rejecting machine လို့ခေါ်ဆိုနိုင်ပါတယ်။

အဲဒီလိုအပူစုပ်ပြီးစွန့်ထုတ်ရင်းနဲ့
#အခန်းရဲ့အပူချိန်ကိုမျှတအောင်ထိန်းသိမ်းခြင်း
(Temperature control)

#အခန်းရဲ့စိုထိုင်းဆနဲ့ရေငွေ့ပါ၀င်မှုကိုထိန်းသ်ိမ်းခြင်း
(Humidity & moisture content control)

#အခန်းတွင်းရှိလေရဲ့စီးဆင်းမှု့ကို သက်သောင့်သက်သာဖြစ်အောင်
လိုသလိုထိန်းချုပ်ပေးခြင်း(Control of Air flow)

#လေရဲ့သန့်ရှင်းမှု့ (Cleanliness of air)ကို ထိန်းညှိခြင်းတွေ ကိုပါတပြိုင်တည်း လုပ်ဆောင်ပေးတဲ့စနစ်ကို
Airconditioning Systemလို့ပြောပါတယ်။

အတိုကောက်အနေနဲ့
DCACလို့မှတ်သားနိုင်ပါတယ်။
Dry-စိုထိုင်းဆနဲ့ရေငွေပမာဏကိုထိန်းချုပ်ပေးခြင်း
Cool-အပူချိန်ကိုထိန်းချုပ်ပေးခြင်း
Air Circulation-လေဟောင်းထုတ်ပေးခြင်း-လေသစ်သွင်းပေးခြင်း-အခန်းတွင်းလေကို
လှည့်ပတ်လှုပ်ရှားပေးခြင်း
Cleanliness - အခန်းတွင်းရှိလေကိုလှည့်ပတ်လှုပ်ရှား
ပြီးလေစစ်စကာတွေကတဆင့်သန့်စင်ပေးခြင်း
တို့ကိုလုပ်ဆောင်ပေးတာပါ။
နော်

အဲဒီအတွက် အဲကွန်းရီမုတ်ကွန်ထရိုး တွေမှာ
Cool-Dry-Fan ဆိုတဲ့ Mode တွေကို ဒါတွေအတွက်ထည့်သွင်းထားတာပါ။

Airconditioning System တွေရဲ့အပူထုတ် နိုင်မှုပမာဏ (Cooling capacity)
ကို တိုင်းတာရာမှာ နိုင်ငံတကာမှာတော့အပူထုတ်တန်ချိန်
Ton of refrigeration (RT) နဲ့တိုင်းတာလေ့ရှိပါတယ်။

Aircon တစ်တန်စက် (မြန်မာအခေါ် တစ်ကောင်ခွဲ)
ဆိုတာ
သုညဒီဂရီ စင်တီဂရိတ်(0'C)အပူချိန်ရှိနေတဲ့ရေခဲ
တစ်တန်ကို24နာရီအတွင်း
ရေအဖြစ်လုံးဝပြောင်းသွားဖို့လိုအပ်တဲ့
အပူပမာဏနဲ့ညီတဲ့ အပူကို အခန်းတခုနေရာတနေရာကနေ ၂၄နာရီအတွင်းစုပ်ထုတ်နိုင်စွမ်းရှိတာကိုဆိုတာပါ။

ရေခဲတစ်ပေါင်အတွက်ဆိုရင်
အပူချိန်ပမာဏ
144 Btu (British thermal unit)ဗြိတိသျှသုံးအပူချိန်တိုင်းယူနစ် လိုပါတယ်။

ရေခဲတစ်တန် ပေါင် 2000 အတွက် အပူပမာဏ 144x2000=288000 Btu /24 hour ဖြစ်ပါတယ်။တစ်နာရီအတွက်ဆိုရင်တော့ 288000/24 ဖြစ်တဲ့အတွက် 12000 Btu/hour ရပါလိမ့်မယ်။
အဲဒါကိုတစ်တန်စက်လို့ခေါ်ပါတယ်။

ဆိူလိုတာက တစ်တန်စက်အဲကွန်းတပ်ထားတဲ့အခန်းထဲမှာရှိနေတဲ့ အပူတွေထဲကနေ Airconတစ်နာရီမောင်းရင် အပူပမာဏ 12000Btu လျောသွားမယ်လို့ဆိုလိုတာပါ။
အခန်းထဲကနေဆွဲထုတ်ပေးနိုင်တယ်လို့ဆိုလိုတာပါ။
အသေးစိတ်တွက်ချက်မှု့ကိုပုံမှာကြည့်နိုင်ပါတယ်။

အဲဒါကြောင့်အဲကွန်းပညာကိုအခြေခံသိသူတွေက
အဲကွန်းနဲ့အအေးခန်းစက်တွေကို တန်(RT)နဲ့ပဲပြောလေ့ရှိပါတယ်။
လျှပ်စစ်အခေါ်အဝေါ်
မြင်းကောင်ရေစွမ်းအား Horse Power(HP)
နဲ့မပြောကြပါဘူး။

အဲကွန်းတစ်တန်စက်ကို ဖော်ပြရာမှာ
နိုင်ငံနဲ့ထုတ်လုပ်သူတွေအလိုက် စျေးကွက်မှာ
အခြားယူနစ်တွေနဲ့လည်း
အောက်မှာလို သတ်မှတ်ခေါ်ဝေါ်ကြပါသေးတယ်။

စက်ရဲ့စွမ်းအားတန်ကိုသိချင်တော့ သူရဲ့ Name plate
မှာ အောက်ဖော်ပြပါ ယူနစ်တခုခုနဲ့ရေးထားတာကိုကြည့်ပြီး
တစ်တန်နှုန်းနဲ့ပြန်စားလိုက်ရင် စက်ရဲ့တန်ပမာဏကိုသိနိုင်ပါတယ်။

1 Ton of refrigeration =1.5 H.P in Electric Power(1119 Watts)
1 Ton of refrigeration = 12000 Btu /hr
1 Ton of refrigeration =3.5 kW (Heat Kilo Watts)
1 Ton of refrigeration =3024 KCal(Kilo-calories)

အင်ဒိုးယူနစ်က
လေစီးနှုန်းလေထုတ်နှုန်းအနေဖြင့် အောက်ပါအတိုင်း မှန်းကြည့်ပြီးအကြမ်းဖျင်းတန်ချိန်ကို သိနိုင်ပါတယ်
1 Ton of refrigeration =400 CFM (cubic feet per minute)လေစီးနှုန်းအဖြစ်အကြမ်းဖျင်းသိနိုင်ပါတယ်။

ဒါတွေသိပြီဆိုရင်တော့
ဆက်လက်ပြီး
အဲကွန်းနဲ့အအေးခန်းစနစ်တွေရဲ့ အဓိကပစ္စည်းတွေအကြောင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်
အဲကွန်းနဲ့အအေးခန်းစနစ်တွေမှာ
(၁)အဓိကအစိတ်အပိုင်းများ (Main components)
(၂) စနစ်အကူပစ္စည်းများ(Auxiliary devices)
(၃)ကာကွယ်ရေးပစ္စည်းများ(Protective Devices)

များဆိုပြီး (၃)မျိုးပါဝင်ပါတယ်။

အဓိကအစိတ်အပိုင်းအနေဖြင့် (၄)ခုပါဝင်ပါတယ်
-ကွန်ပရက်ဆာ (Compressor)
-အအေးပြုအပူထုတ်အပိုင်း (Condensing Unit/Condensor သို့မဟုတ် Outdoor Unit)
-ဖိအားလျှော့အပိုင်း (Expansion Unit)
-အငွေ့ပျံအပူစုပ်အပိုင်း( Evaporatin Unit/EVaporator သိူ့မဟုတ် Indoor Unit )
တို့ဖြစ်ပါတယ်။

လို့အလွယ်မှတ်သားနိုင်ပါတယ်။
2C2E ကို Indoor နဲ့ out door unit နှစ်ပိုင်းခွဲပြီးဒီဇိုင်းလုပ်ထည့်ထားတဲ့အဲကွန်းကို
type အဲကွန်းလို့ခေါ်ပါတယ်။
Split (စပလစ်) ဆိုတာခွဲထားတာကိုပြောတာပါ။
2C2E ကို တစုတဝေးတည်းမရှိအောင်ခွဲထားလို့
တင်စားခေါ်တာပါ။

စက်တခု ပုံးတခုထဲမှာပဲ အဓိကအစိတ်အပိုင်း 2C2E၄ခုလုံး
ပေါင်းထားရင် Package Type အဲကွန်းလို့ခေါ်ပါတယ်။
Package type ကို အိမ်ပြူတင်းပေါက်တွေမှာတပ်တဲ့အရွယ်ဆိုရင်
Window type လို့ခေါ်ပါတယ်။

အောက်မှာတော့ အဓိကအစိတ်အပိုင်းတွေရဲ့ စုပေါင်းအလုပ်လုပ်ပုံ Refrigeration Cycle ကိုစပြီးပြောချင်ပါတယ်။

# (1)အအေးကွိုင်ခေါ်-Indoor Unit ခေါ် Evaporator ရဲ့ အဓိကလုပ်ဆောင်ချက်(Main function)ကတော့ အခန်းထဲကအပူကိုစုပ်ယူဖိူ့ပါ။
စအဲကွန်းစမောင်းတဲ့အချိန်
Evaporator ထဲမှာရောက်နေတဲ့ Refrigerant လိူ့ခေါ်တဲ့
အဲကွန်းဂက်စ်ဟာ
အခန်းထဲကပုံမှန်အားဖြင့်ရှိနေတတ်တဲ့ အပူချိန်
85'F ကနေ 95'Fလောက် ကြားကအပူချိန်ထက်ပို
အေးတဲ့ 40'F ဝန်းကျင်ရှိတဲ့အရည်အခြေအနေပါ ။
(ရေခဲသေတ္တာက တော့.5'F(-15C)ဝန်းကျင်ရှိပါတယ်)

အအေးကွိုင် ၊ သို့မဟုတ်
Indoor Unit မှာတပ်ထားတဲ့ ပန်ကာ(Indoor Fan)ကအခန်းထဲကလေကိုစုပ်ယူပြီး ကွိုင်ကိုဖြတ်သွားစေတဲ့အခါ လေထဲမှာပါတဲ့ အပူကို #အပူဖလှယ်နိယာမ(Law of heat exchange)အရ ကြေးပိုက်နဲ့ဆူးတောင်ပြား(Fins)နဲ့
အအေးကွိုင်ပိုက်တွေကတဆင့် ဂက်စ်ကစုပ်ယူလိုက်ပါတယ်။

အဲဒီအခါ အဲကွန်းဂက်စ်ဟာ
အရည်ကနေအငွေ့ဖြစ်သွားပါတယ်။
ဒါပေမယ့်အပူချိန်ကတော့ 40'F ဝန်းကျင်ကနေအများကြီး
မပြောင်းလဲပါဘူး။ဘဝပြောင်းသွားလို့ပါ။(Super heat အနည်းငယ်တော့ ရှိပါတယ်)
အရည်ကနေအငွေ့ဘဝကိုမပြောင်းရင်တော့
အပူချိန်တက်လာပါမယ်။ အခုကဘဝပြောင်းလို့
အပူချိန်မဆိုစလောက်သာပြောင်းပါတယ်။
စုပ်လိုက်တဲ့အပူတွေက အရည်ကနေအငွေ့ဘဝပြောင်းတဲ့အခါမှာ
သုံးလိုက်ပါတယ်။ရေနွေးဆူဆူကနေ ရေနွေးငွေ့ဖြစ်ဖို့
ထင်းတွေကပေးတဲ့အပူတွေကိုစုပ်ယူလိုက်သလိုပါ။

အဲဒီဂက်စ်အငွေ့ဟာ
အပူကို စုပ်ယူပြီး ထွက်သွားတဲ့အခြေအနေမှာတော့
40'Fသါသါဝန်းကျင်အနေနဲ့ပဲ ကွန်ပရက်ဆာ (Compressor)ဆီကိုသွားပါတယ်။

အအေးကွိုင်Evaporator ဟာလေနဲ့အတူပါလာတဲ့
အခန်းထဲကရေငွေ့တွေကို
Finဆူးတောင်တွေကတဆင့်ရေအဖြစ်ပြောင်းလဲပြီး
အခန်းရဲ့စိုထိုင်းဆကိုလည်း ထိန်းပေးပါတယ်။အဲဒါကြောင့်
အဲကွန်းတွေမှာ indoor ကနေ ရေကျတာပါ။

(2)ကွန်ပရက်ဆာ ( )
ရဲ့အဓိက တာဝန်ကတော့ Evaporator သိူ့ Indoor Unit ကနေအပူသယ်လာတဲ့ 40' F ကျော်ကျော်လေးအပူချိန်ရှိတဲ့ ဂက်စ်ကို
ဖိအားထပ်မြှင့်ပြီး အပူချိန်တိုးစေဖို့ပါ။
(ရေခဲသေတ္တာက တော့.5'F(-15C)ကျော်ကျော်ဝန်းကျင်ရှိပါတယ်)
ဘာဖြစ်လို့ အပူချိန်တိူုးစေရသလဲဆိုတော့ ပတ်ဝန်းကျင် အခန်းပြင်ပပုံမှန်အားဖြင့် ရန်ကုန်ဆိုပါတော့
အပူချိန်က 80'F အထက်ရှိနေချိန်မှာ
အအေးကွိုင်ကနေ အပူစုပ်လာပြီးအငွေ့ဘဝပြောင်းလာပေမဲ့
40'F အပူချိန်သာသာရှိနေသေးတဲ့ ဂက်စ်ကနေ ပတ်ဝန်းကျင်ကို အပူစွန့်ထုတ်ဖို့ မဖြစ်နိုင်လို့ပါ။

အပူဆိုတာ စွမ်းအင်သဘောအရ မြင့်ရာကနေ နိမ့်ရာကိုပဲပြောင်းလဲ
စီးဆင်းလို့ရလို့ပါ။

အဲဒီအတွက်အအေးကွိုင် Evaporator ကနေတဆင့်
အခန်းထဲကအပူစုပ်လာတဲ့ဂက်စ်ဟာ အပူစုပ်လာပေမယ့်
အရည်ကနေအငွေ့ကိုပြောင်းလိုက်တဲ့အချိန်မှာ သူ့ရဲ့အပူကိုသုံးလိုက်ရတဲ့အတွက် အပူချိန်တိုးမလာပဲ
ကွန်ပရက်ဆာအဝင်မှာ 40'F ဝန်းကျင်ပဲသာရှိနေပါတယ်။
အဲဒီအပူချိန်နဲ့ပတ်ဝန်းကျင်ကမြင့်နေတဲ့အပူချိန် 80'Fထက်မြင့်တဲ့ပတ်ဝန်းကျင်
ထဲကိုစွန့်ပစ်လို့မဖြစ်နိုင်တဲ့အတွက် ကွန်ပရက်ဆာကနေ
အဲဒီဂက်စ်ငွေ့ကို ဖိအားမြှင့်ပြီးအပူထပ်ထည့်ပြီးအပူချိန်ထပ်မြင့်အောင်လုပ်ပေးတာပဲဖြစ်ပါတယ်။

ကွန်ပရက်ဆာကထွက်သွားရင် ဂက်စ်ရဲ့ အပူချိန်ဟာ 105'F..120'Fကြားဝန်းကျင်ရှိလို့ ပတ်ဝန်းကျင်အပူချိန်ထက် မြင့်သွားပါပြီ။
အဲဒီဂက်စ်အငွေ့ဟာ Condensor သို့မဟုတ် Outdoor လို့ခေါ်တဲ့အပူထုတ်တဲ့ စနစ်ထဲရောက်သွားပါပြီ။

(3)Condensor သိုမဟုတ် Outdoor Unit သိူ့မဟုတ်
အပူကွိုင်ရဲ့အလုပ်က Evaporator သိူ့မဟုတ် အအေးကွိုင်ကနေ ပါလာတဲ့အပူနဲ့ကွန်ပရက်ဆာ ကထပ်ထည့်ပြီးအပူချိန်ထပ်မြှင့်ပြီးရောက်လာတဲ့ အခန်းထဲကအပူတွေကို
လေထုထဲကိုစွန့်ထုတ်ပေးဖို့ပါ။

ကွန်ပရက်ဆာကရောက်လာတဲ့ ဂက်စ်အငွေ့ဟာ
105'Fအထက် အပူချိန်ရှိပါတယ်။အဲဒီဂက်စ်က Outdoor သို့မဟုတ် အပူကွိုင်ထဲရောက်လာချိန်မှာ Outdoor
Fan ကတဆင့် အပြင်ကနေအပူချိန် 80'Fဝန်းကျင်အပူချိန်ရှိတဲ့လေကို စုပ်ယူပြီး
အပူ ကွိုင်ကိုဖြတ်စေပြီးအပူကိုစုပ်ယူသွါးစေပါတယ်။အဲဒီအခါ ကွိုင်ထဲကဂက်စ်ရဲ့အပူဟာ ကြေးပိုက် ဆူးတောင်ကနေတဆင့်စီးကူးပြီး အပြင်လေထဲကိုပါသွားပါတယ်။

အဲဒါကြောင့် Outdoor Unitကထွက်တဲ့လေဟာပူနေတာတွေ့ရပါလိမ့်မယ်။
ပုံမှန်အားဖြင့် လေရဲ့အပူချိန်ဟာ
100'Fဝန်းကျင်အထက်ရှိပါတယ်။
ပတ်ဝန်းကျင်အပူချိန်လိုက်လို့ အနည်းအကျဉ်းပြောင်းလဲနေပါလိမ့်မယ်။
အဲဒါဟာ ခန်းထဲကပါလာတဲ့အပူကိုစွ့န့်ထုတ်နေတာပါ။
အဲဒီအခါ 105'Fအထက်ရ်ှနေတဲ့ဂက်စ်အငွေ့ဟာ
ပတ်ဝန်းကျင်လေထုရဲ့လေအေးကြောင့်
အရည့်အဖြစ်ပြောင်းလဲသွားပါတယ်။အပူအငွေ့ကိုအအေးခံရင် အရည်ဖြစ်ပါတယ်။
အဲဒီအရည်ဟာ မူလအပူချိန်အောက်
20 'F လောက်ထိလျော့ကျသွားပြီး
85'F ကနေ 95'F ဝန်းကျင်ကြားအပူချိန်နဲ့
ဖိအားလျော့ အပိုင်း Expansion Unit ဆီကို ဦးတည်သွားပါတယ်။

(4)Expansion Unit သို့မဟုတ်
Split Type အဲကွန်းတွေမှာ
Capiliary tube လို့ခေါ်တဲ့ ဖိအားနှိမ့်အပိုင်းရဲ့ အဓိက
ဆောင်ရွက်ချက်ကတော့ Condensor သိူ့မဟုတ်
Outdoor Unit ကလာတဲ့ 100'F အောက်အပူချိန်နဲ့ ဖိအားမြင့်အရည်ကို ဖိအားနိမ့်အောင်လုပ်ပြီး အပူချိန်
နိမ့်သွားအောင်ပြောင်းပေးလုပ်ပေးတာပါ။
စနစ်ထဲမှာရှိတဲ့ဂက်စ်ဟာ ဖိအားနှိမ့်ခံရရင် သို့မဟုတ် ဖိအားအလျှောခံရရင် အပူချိန်လျော့သွားတာပါပဲ။
Outdoor Unit သို့မဟုတ် အပူကွိုင်ကလာတဲ့
ဖိအားမြင့်အရည်ကို ပိုက်ကျဉ်းလေးထဲကိုအရှည်ကြီးဖြတ်ခံလိုက်ရရင် သို့မဟုတ် ကြားထံမှာ အပ်ထိပ်လောက်ရှိတဲ့ ပိုက်ကလေးဖြတ်ဆက်ခံလိုက်ရရင် ဟိုဖက်လဲရောက်ရော
ဖိအားနိမ့်ပြီး အပူချိန်ကလည်း 100'F ဝန်းကျင်ကနေ
40'F ဝန်းကျင်အောက်ရောက်သွားပြီး အရည်အဖြစ်နဲ့ပဲ
အအေးကွိုင်Evaporator သို့မဟုတ် Indoor ကွိုင်ဆီကို ပြန်ရောက်သွားပြီး အစကနေ ပြန်စခြင်းအားဖြင့်
အလုပ်ပြန်လုပ်ပါတယ်။

အဲဒီလိုနဲ့
Evaporator ကပခန်းထဲကအပူကိုစုပ်
Compressor ကအပူချိန်တိုးအောင်ဖိအားမြှင့်ရင်း
Refrigerant လို့ဂေါ်တဲ့အအေးဓာတ်ငွေ့ကို
စနစ်ထဲမှာလည်ပတ်နိုင်အောင်တွန်းပေး
Condensor ကအပူထုတ်
Expansion valve သို့မဟုတ် capiliary tube က
Condensor ကဖိအားမြင့်ဓာတ်ငွေ့ကို ဖိအားလျှော့ပေးပြီး အပူချိန်ကျဆင်းအောင်လုပ်
Evaporator ခေါ် အအေးကွိုင်ကို ပြန်ပို့နဲ့ အဆက်မပြတ်
လည်ပတ်ရင်း အခန်းထဲကအပူကိုစုပ်ထုတ်တဲ့အလုပ်ကိုလုပ်ပေးပါတယ်။
ဒါကို အဲကွန်းဂက်စ် ရဲ့အစအဆုံးမရှိသံသရာလည်နေခြင်း
လို့ခေါ်ပါတယ်။

Credit☛ #ကိုနန္ဒမိုး

GD 1.5hp Installationပုလိပ်ကအချိုရည် စက်ရုံမှာတပ်ဆင်ပေးခဲ့တဲ့ အလုံးလေး😍
24/04/2022

GD 1.5hp Installation

ပုလိပ်ကအချိုရည် စက်ရုံမှာ
တပ်ဆင်ပေးခဲ့တဲ့ အလုံးလေး😍

TCL 1hp (inverter type) 2set lnstallation 👨‍🔧အမျိုးအစားတူ နေရာအနေထားလည်းတူတော့ လှနေရော😉
20/04/2022

TCL 1hp (inverter type) 2set lnstallation 👨‍🔧
အမျိုးအစားတူ နေရာအနေထားလည်းတူတော့ လှနေရော😉

Tcl 1hp( inverter Type ) Installation အမျိုးအစားတူ စျေးနှုန်းတူ နေရာအနေထားတူအကုန်တူတဲ့ today အသစ်တပ်ဆင်ခြင်း🙆‍♂️
10/04/2022

Tcl 1hp( inverter Type ) Installation

အမျိုးအစားတူ စျေးနှုန်းတူ နေရာအနေထားတူ
အကုန်တူတဲ့ today အသစ်တပ်ဆင်ခြင်း🙆‍♂️

midea 1hp & Chigo 1hp 2set Installationဖြုတ်သိမ်းထားတဲ့ aircon ၃စုံ ပြန်ဆင်ပေးဖြစ်တိုက်ဆေးမသုတ်ရသေးပေမယ့် ပူတယ်လေ😁
09/04/2022

midea 1hp & Chigo 1hp 2set Installation

ဖြုတ်သိမ်းထားတဲ့ aircon ၃စုံ ပြန်ဆင်ပေးဖြစ်
တိုက်ဆေးမသုတ်ရသေးပေမယ့် ပူတယ်လေ😁

Chigo 1.5 hp servicing ပြုလုပ်ခြင်းအဲကွန်း ရေရှည်သက်တမ်း ကြာရှည်ခံနိုင်ရန်အတွက်၆လ တစ်ကြိမ် (သို့) ၁နှစ် တစ်ကြိမ်ပုံမှန် ...
05/04/2022

Chigo 1.5 hp servicing ပြုလုပ်ခြင်း

အဲကွန်း ရေရှည်သက်တမ်း ကြာရှည်ခံနိုင်ရန်အတွက်
၆လ တစ်ကြိမ် (သို့) ၁နှစ် တစ်ကြိမ်
ပုံမှန် စစ်ဆေးခြင်း၊ဆေးကြောခြင်း
ပြုလုပ်သင့်ပါသည်ခင်ဗျ

Air conditioning knowledge ဖတ်ရန်👇

https://www.facebook.com/103445478751120/posts/163434892752178/

LG 1.5 hp Inverter Type Installation & servicing ဂျီးဆေးနေရာပြောင်း တပ်ဆင်ခြင်း 🙆‍♂️
04/04/2022

LG 1.5 hp Inverter Type
Installation & servicing
ဂျီးဆေးနေရာပြောင်း တပ်ဆင်ခြင်း 🙆‍♂️

ပျက်မှပြင် မအေးမှဆေးစနစ်ကို ပြောင်းလဲကြပါစို့။   ကို ၀ယ်ယူတပ်ဆင်ချိန်ကတည်းက စျေးကြီးပေး ဝယ်ခဲ့ရပေမယ့် အသုံးပြုတဲ့အချိန်မ...
04/04/2022

ပျက်မှပြင် မအေးမှဆေးစနစ်ကို ပြောင်းလဲကြပါစို့။

ကို ၀ယ်ယူတပ်ဆင်ချိန်ကတည်းက စျေးကြီးပေး ဝယ်ခဲ့ရပေမယ့် အသုံးပြုတဲ့အချိန်မှာလဲ လျှပ်စစ်မီတာခ ကုန်ကျစရိတ်များရှိတဲ့အတွက် မိတ်ဆွေတို့ ခေါင်းခဲရတဲ့ အပြင် မီတာခတွေထပ်တက်မယ်ဆိုလို့ ခေါင်းကိုက်နေပြီ ဆိုတာ မေးစရာမလိုအောင် သေချာနေပါတယ်ဗျ.....😊

ဒီလိုအချိန်မျိုးမှာ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူးဆိုပေမယ့် များရင်တော့ ဆီဖြစ်နိုင်လို့ မိတ်ဆွေတို့အတွက် ရေကြည်တစ်ပေါက် အုတ်တစ်ချပ်သဲတစ်ပွင့် ဖြစ်စေရန် ရည်ရွယ်ပြီး ဒီပို့စ်ကိုရေးရခြင်းဖြစ်ပါတယ်..... 🖒🖒🖒

ကျွန်တော်တို့နိုင်ငံမှာ အဲကွန်းတစ်လုံးကို မအေးတဲ့အချိန်၊ ရေကျလာတဲ့အချိန်၊ လေမထွက်တော့တဲ့အချိန် တွေကျမှ service team တွေကိုခေါ်ဖို့ သတိရကြတယ်ဗျ😉😉 မဟုတ်ရင် ရနိုင်သမျှခြစ်ချုပ် သုံးကြတယ်...ဒီတော့ ဘယ်ကိစ္စမှာမဆို ကောင်းမွေ ဆိုးမွေ ဆိုတာရှိတတ်တယ်ပါတယ်။

📚 နောက်တစ်ချက်က ပုံမှန် service မလုပ်ဘဲ ရသလို ဖြစ်ညှစ်သုံးတဲ့ကိစ္စ၊ အကြောင်းက အသုံးပြုချိန် ကြာလာတာနဲ့အမျှ indoor နဲ့ outdoor မှာ ဖုန်တွေ၊ အမှိုက်တွေ၊ ရေညှိတွေ များလာစမြဲပါဗျ၊ indoor က outdoor ထက် ဂျီးပိတ်တာ ပိုမြန်ပါတယ်.... indoor ပဲဖြစ်ဖြစ် outdoor ပဲဖြစ်ဖြစ် တခုခုမှာ ပိတ်နေပြီဆိုပါတော့၊ ပိတ်တဲ့ ဘက်မှာ အပူဖလှယ်မှု့ မကောင်းတာနဲ့ အပြင် outdoor ထဲမှာရှိတဲ့ compressor ကပိုရုန်းရပါတယ်... ဆိုလိုတာက အပူဖလှယ်မှု့မကောင်းရင် အခန်းတွင်း သတ်မှတ် အအေးရောက်ဖို့ ပိုကြာပါတယ်... ပိုကြာရင် မိတာခ ပိုကုန်ပါမယ်.... တစ်ချို့သူတွေ နှစ်ချို့အောင်မဆေး ဘဲသုံးထားတာ indoor က လေကိုမထွက်တော့ဘဲ coil မှာ ရေတွေခဲတက်လာတာတွေထိရှိပါတယ်...
ဒီတော့ ဂျီးပိတ်ဆို့ နေတဲ့ အဲကွန်းတွေဟာ Setting ပေးပြီးချိန်ညှိထားတဲ့ အအေးကိုရောက်ဖို့ ကွန်ပရက်ဆာကို ပိုမိုကြာမြင့်စွာမရပ်မနားလည်ပတ် နေရတော့ လျှပ်စစ်မီတာခတွေပိုတက်လာစေတာပါ၊ ဂျီးပိတ်သက်သာအောင် indoor ထဲက ဇကာနှစ်ခုကို တစ်လတစ်ကြိမ်လောက် ကိုယ်တိုင်ဖြုတ်ဆေးပေး မယ်ဆိုရင် ပိုကောင်းပါတယ်ဗျ🖒🖒🖒

📚 နောက်တစ်ခုက အဲကွန်းခန်းတွေကို လုံနေအောင် မလုပ်ထားဘဲ သုံးကြတာပါ၊ အခန်းမလုံပါက အပြင်လေအခန်းတွင်းတိုက်ရိုက် ရောက်နေပြီး အခန်းထဲမှအအေးဓာတ်ကလဲ အပြင်စိမ့်ထွက် နေတဲ့အတွက် အခန်းတွင်း သတ်မှတ် အအေးက ပြည့်မလာတော့ compressor က အချိန်ပိုကြာ run နေရတာပါ၊ တစ်ချို့တွေဆိုရင် အခန်းတံခါးဖွင့်ထားပြီး အဲကွန်းမောင်းထားတာတွေ တွေဖူးပါတယ်ဗျ.... ဒီတော့ အခန်းအအေးပြည့်ဖို့ အချိန်ပိုကြာသလို အပြင်ကဖုန်တွေ၊အမှိုက်တွေက indoor ထဲကို တိုက်ရိုက်ဝင်နေမှာ အသေအချာပါ၊ မိအေး နှစ်ခါနာဆိုသလို လက်ရှိမီတာပိုတက်နေပြီး indoor coil ကလည်း သတ်မှတ်ကာလထက် စောပြီးဂျီးပိတ်မြန်နေလို့ မီတာထပ်စားစေပါတယ်၊ 😱😱😱

📚 နောက်ဆုံးတစ်ခုက မိတ်ဆွေတို့ ကိုယ်တိုင် room temp; setting ကိုလိုသလို ချိန်ညှိသုံးတာ မှန်နေခဲ့ပေမယ့် မိတ်ဆွေတို့ အဲကွန်းရဲ့ sensor က ပုံမှန်အလုပ်မလုပ်ဘဲ သတ်မှတ်ထားတဲ့ အခန်းအပူချိန် ရောက်ခဲ့ရင်တောင် outdoor ကို power ဖြတ်တောက်မပေးတဲ့အတွက် မီးအားပိုစား နေတာမျိုးပါ... ဒါမျိုးဖြစ်နေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ Technician တွေကိုခေါ်ယူ စစ်ဆေးသင့်ပါတယ်... 🖒🖒🖒

📚📚📚📚 အထက်ပါအချက်တွေထဲက တစ်ခုခုမဖြစ်စေရန် အတွက် အဲကွန်းတစ်လုံးရဲ့ ပုံမှန် service လုပ်သင့်တဲ့ ကာလတစ်ခုဖြစ်တဲ့ ၆ လ တစ်ကြိမ် servicing လုပ်ခြင်းဟာ ကာကွယ်မှု့ တစ်ခုဖြစ်တယ်ဆိုတာ မိတ်ဆွေသဘောပေါက်ပြီလို့ ယုံကြည်လိုက်ပါပြီဗျ.... ဒီလိုမှမလုပ်ဘဲ ဒီ့ထက်ပိုပြီး ဆိုးရွားလာပါက Compressor မနိုင်၀န်ထမ်း နေရမှုကြောင့် အပူချိန်မြင့်တက်လာပြီး compressor လောင်ကျွမ်းခြင်း၊ gasပိုက် လိုင်းပေါက်ခြင်း၊ indoor or outdoor fan လောင်ကျွမ်းခြင်း၊ indoor PCB ( power control board ) များလောင်သွားခြင်းများပါ ဖြစ်စေနိုင်တဲ့အတွက် အသုံးပြုမှုအပေါ် မူတည်ပြီး အနဲဆုံး ၆လ တစ်ကြိမ်တော့ပုံမှန်ဆေးကြော သင့်ပါတယ်၊ ၆ လ တစ်ကြိမ် service လုပ်လို့ ကုန်မယ့်ကုန်ကျစရိတ်ကို မိတ်ဆွေ နှမြောမိ၍ ဖြစ်စေ၊ မေ့လျော့မှုကြောင့်ဖြစ်စေ၊ သတိမမူ ဂူမမြင်ပေမယ့် သတိမူကြည့်ရင် မြူတွေကို မြင်ပါလိမ့်မယ်ဗျ၊ အဲ့မြူတွေက တမှုန်ခြင်းမသိသာ ပေမယ့် များလာရင် ရှေ့မြင်ကွင်းပျောက်သွား တတ်ပါတယ်၊ အဲ့ဒါတွေက လက်ရှိ ကြုံတွေ့ရမယ့် မီတာခနဲ့ နောင်တစ်ချိန် ကြုံတွေ့ရမယ့် compressor လဲလျှင် ကုန်မယ့်စရိတ်တွေပါဘဲဗျ (service ခက ၁၅,၀၀၀ ဆိုရင်😊 compressor လဲခက ၁၅၀,၀၀၀ ပါဗျ 😢 ) ခုလို ဖတ်ရှုပေးတာကျေးဇူးပါ🖒🖒🖒

_JPACSS
- MATA

မအေးလို့စိတ်ညစ်နေပြီလား
ဂျီး​ဆေးဖို့လိုနေပြီလား
နေရာပြောင်းဖို့လို‌နေပြီလား
brand new တပ်ဆင်ဖို့စဉ်းစား‌နေပြီလား
အဟောင်းကိုရောင်းပြီး အသစ်နဲ့ချိန်းချင်ပါသလား
secondဝယ်ယူတပ်ဆင်လိုပါသလား

◾သင့်တင့်မှန်ကန်သောစျေးနှုန်း၊ခိုင်မာသော အာမခံ
တို့ဖြင့်ကူညီပေးဖို့ ကျွန်တော်တို့ Service ရှိနေပါပြီ

◾မိတ်ဆွေတို့ လိုအပ်သည့်အချိန်ဆက်သွယ်နိုင်ရန်အတွက်
pageကိုLike&Shareလုပ်ထားခြင်းဖြင့်
အလွယ်တကူသိရှိနိုင်ပါတယ်ဗျ 🤞

🔲 အသေးစိတ်သိရှိလိုပါက
ဆက်သွယ်ရန်👇
09452006022,09445600004

 #အဲယားကွန်းservicingမလုပ်ရင်ဘာဖြစ်မလဲ?--------------------------------------ကျနော်တို့်မြန်မာလူမျိုးအများစုက အဲယားကွန်း...
26/03/2022

#အဲယားကွန်းservicingမလုပ်ရင်ဘာဖြစ်မလဲ?
--------------------------------------

ကျနော်တို့်မြန်မာလူမျိုးအများစုက အဲယားကွန်းတင်မဟုတ် အဆောက်အဦး -
ကား-လျှပ်စစ်ပစ္စည်း စတဲ့အသုံးအဆောင်တွေကို
ပုံမှန် service လုပ် ထိန်းသိမ်းလေ့မရှိကြပါဘူး။

အဲဒီထဲကမှတချို့ အိမ်မှာတပ်ထားတဲ့ အဲယားကွန်း
တွေဆိုရင် တနှစ်တခါတောင် service မလုပ်ကြပါဘူး။အဲကွန်းတပ်ထားတဲ့အခန်းမှာနေပြီး..အဲကွန်းသုံးတာစနစ်ကျရင် ကျန်းမာတယ်၊လူကလန်းဆန်းမယ်၊
အလုပ်လုပ်ရတာစိတ်ပေါ့ပါးမယ်စတဲ့ ကောင်းကျိုးတွေရှိပါတယ်။ဒါပေမယ့်

#အဲကွန်းကိုပုံမှန်serviceမလုပ်ရင်တော့

🌟အဲကွန်းအအေးကွိုင် ပိတ်ပြီးရေကျနိုင်ပါတယ်

🌟လေစစ်ဇကာ(filter) မှာရောဂါပိုးတွေ
ဖုန်တွေခိုအောင်းနိုင်လို့ အဲဒါတွေကအခန်းထဲမှာရှိတဲ့လူတွေကို
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
(လေစစ်ဇကာတွေ အအေးကွိုင်တွေပုံမှန်ဆေးရင် သန့်ရှင်းအေးမြတဲ့လေကို ရရှိနိုင်ပါတယ်)

🌟ဖုန်တွေကြောင့် အအေးကွိုင်ပန်ကာမော်တာပျက်စီးနိုင်ပါတယ်။အခန်းတွင်း လေအေးပေးနိုင်မှုလျော့ကျပါလိမ့်မယ်။

🌟အခန်းထဲကို အေးမြသန့်ရှင်းတဲ့လေရောက်ဖို့ ပိတ်ဆို့ခံရပြီး အခန်းအပူချိန် လည်းမြင့်နေပါလိမ့်မယ်။
အဲဒီလိုဖြစ်ခဲ့ရင် နေရထိုင်ရတာ စိတ်လက်မအီမသာ
ဖြစ်နိုင်ပါတယ်။လုပ်အားတွေကျဆင်းပါလိမ့်မယ်။

🌟ပန်ကာ(Fan)မော်တာပျက်စီးနေလျက်နဲ့
အဲကွန်းဆက်အသုံးပြုနေရင်လျှပ်စစ်အန္တရယ်ကြောင့် အဲကွန်းပျက်စီးနိုင်ပြီး လူရောအိမ်ပါအန္တရာယ်ရှိပါတယ်။

🌟Gas ယိုစိမ့်နေပြီး စက်ပုံမှန်အလုပ်မလုပ်နိုင်တဲ့အတွက် အခန်းလည်းအအေးဓာတ်မရ အပူချိန်လည်းမကျ နေရတာလည်းသက်တောင့်သက်သာမဖြစ်နိုင်ပါဘူး။ရေရှည်ဆိုရင် မီတာခကုန်ယုံသာမက အဲကွန်းပါပျက်စီးပါလိမ့်မယ်။အိတ်ထဲက ခြင်္သေ့တွေထွက်ပါလိမ့်မယ်။

တွေတပ်ဆင်ထားတယ်ဆိုရင် service မှန်မှန်မှန်လုပ် လေစစ်ဇာကာမှန်မှန်ဆေးပေးပါလို့
တိုက်တွန်းချင်ပါတယ်။

#ကိုနန္ဒမိုး

#သင့် Aircon အတွက် စိတ်ချရပြီလား🤔

ကျွန်တော်တို့ Htein Win Service မှလူကြီးမင်းရဲ့ Aircon တွေ အတွက် ဒါတွေ လုပ်ပေးပါတယ်ခင်ဗျာ

#ဆေးကြောခြင်း(servicing)
#အသစ်တပ်ဆင်ခြင်း
#နေရာပြောင်းရွှေ့တပ်ဆင်ခြင်း
ေးတော့ခြင်း
ေကျခြင်း

များကို စစ်မှန်သောစေတနာ
မှန်ကန်သောစျေးနှုန်းများဖြင့်
လူကြီးမင်းတို့ စိတ်တိုင်းကြသည်ထိ
ဆောင်ရွက်ပေးနေပါပြီခင်ဗျာ

#ထိန်ဝင်း aircon sales & service
09445600004,09452006022

စိန်ပန်းမှ မြရိပ်နန္ဒာအိမ်ယာသို့ပြောင်းရွှေ့တပ်ဆင်ပေးဖြစ် 😊
26/03/2022

စိန်ပန်းမှ မြရိပ်နန္ဒာအိမ်ယာသို့
ပြောင်းရွှေ့တပ်ဆင်ပေးဖြစ် 😊

ဒီရက်ပိုင်းတော့ ကိုယ့်ကောင်တွေservicing တွေနဲ့ အလုပ်ရှုပ်😄
25/03/2022

ဒီရက်ပိုင်းတော့ ကိုယ့်ကောင်တွေ
servicing တွေနဲ့ အလုပ်ရှုပ်😄

တစ်အိမ်ထဲ တစ်မျိုးစီ😄ယုံကြည်စွာ အလုပ်အပ်တဲ့customer မိသားစု ကျေးဇူးအထူးပါဗျ🙏
20/03/2022

တစ်အိမ်ထဲ တစ်မျိုးစီ😄

ယုံကြည်စွာ အလုပ်အပ်တဲ့
customer မိသားစု ကျေးဇူးအထူးပါဗျ🙏

Address

Mandalay

Telephone

+959452006022

Website

Alerts

Be the first to know and let us send you an email when ထိန်ဝင်း Air-Con Sales & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share