New Look Construction

New Look Construction အသွင်သစ်ဆောက်လုပ်ရေး

16/11/2025
01/11/2025
02/10/2025
19/04/2025
07/04/2025
02/06/2024

🔺သံဘာဂျာတံခါးအခြေခံပြုလုပ်ပုံအဆင့်ဆင့်🔺
~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~
ဆရာဆရာများကျော်သွားပါ

( အပိုင်း၁,၂,၃ မှာ ၇ပေ ဘာဂျာ စ လုပ်မယ်ဆိုပါစို့ )

#သံဘာဂျာတံခါးအခြေခံအပိုင်း၁

1️⃣ ဘာဂျာချန်နယ် ကို အပေါ်ဆုံးမှာ ထိပ်ကနေ ၅လက်မစည်းဆွဲပါ။

အောက်ခြေကနေ ၃လက်မစည်းဆွဲပါ။

အဲ့ဒိစည်း ၂ချောင်းက ပုံသေမရှိပါဘူး။
အပေါက်မြင့်တဲ့အခါမှာ ၅လက်မခွဲထားလည်းရပါတယ်။
အောက်ခြေစည်း ၃လက်မကိုလည်း ပိုသွားလည်းရပါတယ်။

အခု ၅လက်မ နဲ့သုံးလက်မ စည်းကြားမှာ ၇၆လက်မ ကျန်ပါတယ်။

အဲ့ဒါကို ၃ကွက် ထပ်ခွဲပါ။

စည်း ၂ချောင်းထပ်ပေါ်လာပါလိမ့်မယ်။

အခု ဆွဲထားတဲ့စည်း လေးချောင်းဟာ ဒေါက်နေရာပါ။
ဒေါက်ပုံကို ပုံမှာပြထားပါတယ်။

၇၆လက်မကို ၃ကွက်ခွဲရင် တစ်ကွက်မှာ ၂၅လက်မငါးပဲရပါတယ်။

အခု ထွက်လာတဲ့၂၅လက်မငါးပဲ ကို တဝက်စီထပ်ခွဲပါ။
၁၂လက်မ၆မူး၂ပြား စီလောက်ရပါတယ်။

၃ကွက်ကိုခွဲတဲ့အခါ စည်းသုံးကြောင်းထပ်ထွက်ပါလိမ့်မယ်။

အဲ့ဒိစည်း၃ကြောင်းက လေပစ်စည်းတွေပါ။
အဲ့ဒိလေပစ်စည်းတွေက အဓိကကျပါတယ်။
စူးသွားမှားဖေါက်လို့မရပါဘူး။

ခုန ၅လက်မစည်း အပေါ်မှာ ဘောပေါက်အတွက် စည်းထပ်ဆွဲရပါတယ်။

သုံးမဲ့လျှောက်လမ်းနဲ့ သုံးမဲ့ဘောအကျယ်ပေါင်းပြီး ၅လက်မဒေါက်စည်းနဲ့ငါးမူး သုံးမတ်လောက်ခွာထားပါ။

ဘောကို ထိပ်ကနေ ၁မတ် ချပြီးပဲဝေပါတယ်။
တပ်ဆင်တဲ့အခါ လွယ်လို့ပါ။

ဘောကတော့ တစ်ခွဲဘောပါ။
နပ်ကတော့ ငါးပဲ ၂လက်မအရှည်။
ဘောပေါက်တွေကတော့ 8.5ဆူးသွားသုံးပါ။

ခုနလေပစ်စည်းနဲ့ဒေါက်စည်းတွေကို 6.5စူးသွားသုံးပါ။
ဒေါက်တွေကြီးနေရင် 7နဲ့ဖောက်ပါ။
လေပစ်နေရာကတော့ 6.5နဲ့ပဲဖောက်လို့ရပါတယ်။

၇ပေအမြင့်ဘာဂျာ ၉ပေအကျယ်ပဲဆိုပါစို့။
ဘာဂျာချန်နယ်တွက်တာက ၁ပေကို ၃ချောင်းနှုန်းနဲ့တွက်ပါတယ်။

၉ပေဆိုတော့ ၂၇ချောင်းထွက်ပါတယ်။
၂၈ချောင်းထားလိုက်ပါ။
ပိုပီးတော့ထားလည်းရပါတယ်။
အပေါက်ကျယ်ပြီးစျေးမရလို့တချောင်းလေါက် လျော့လည်းရပါတယ်။

အခု ဆိုရင် ကတ်ကြေးအတွက် သုံးမတ်ဖလက်ဖြတ်လို့ရပါပြီး။

ခုန ၂၅ လက်မ ၆မူးကို ဒေါက်စည်းတဘက်စီကနေ ၃မတ်စီခွာဖြတ်ပါ။
ပိုသွားလည်းရပါတယ်။

၂ပေပဲထားလိုက်မယ်။
တစ်ကန့်ကို ၂ပေ ၁၂ချောင်းထွက်လာပါတယ်။
ကြက်ခြေခတ်၂ပြန်ဆိုတော့ ၂၄ချောင်း။
တခြမ်းစား ၇၂ချောင်း
၂ဖက်စာ ၁၄၄ ချောင်း။

ပီးရင်အတိုချောင်းထပ်ဖြတ်မယ်။
၂ပေကိုတဝက်ခွဲ ရင် ၁ပေရမယ်။
၁ပေကိုငါးမူးထပ်ပေါင်း။
၁ပေငါးမူးထပ်ဖြတ်
၂ခြမ်းစာ ၂၄ချောင်းဖြတ်ပါ။

စည်းဝေမယ်။
ခုန ၂ပေချောင်းကို ထိပ်ကနေ သုံးမူးတပဲစည်းဆွဲပါ။
ထိပ် ၂ဖက်လုံးဆွဲပါ။

ဆွဲပြီးရင် စည်း၂ခုရဲ့ အလယ်ကျအောင်စည်းထပ်ဆွဲပါ။
အခု စည်းသုံးစည်း ရပြီပေါ့နော်။
၂ကွက်ရပါပြီ။
တကွက်ထဲမှာ အလယ်ကျအောင်စည်းထပ်ခွဲပါ။
အဲ့ဒါဆို စည်း ၄ချောင်းရပြီ။

ထပ်ရှင်းပြပါမယ်။
၂ပေချောင်းကို ထိပ်၂ဖက်ကနေ ၃မူးတပဲစည်းဆွဲရင်ကြားထဲမှာ ၂၃လက်မ ၁မူးကျန်ပါတယ်။
၂ပိုင်းခွဲရင် ၁၁လက်မငါးမူးတပဲလောက်ရပါတယ်။
တပိုင်းကို ထပ်ခွဲရင် ၅လက်မသုံးမတ်လောက်ရပါတယ်။

အတိုင်းချောင်း ၂ချောင်းထားပါ။
စည်းကူးထားတဲ့ပထမ၂ချောင်းကို A နဲ့ Bဆိုပီးမှတ်ထားပါ။
အခုအတိုင်းချောင်း ၂ချောင်းကို ဖင်နဲ့ခေါင်းပြန်လှဲ့ကြည့်ပါ။
စည်းညီနေတာတွေ့ရပါလိမ့်မယ်။

စည်းကူးလို့ရပါပြီး။
Aနဲ့B အတိုင်းချောင်း၂ခုကြားမှာ စည်းဆွဲမဲ့ဖလက်တွေထည့်ပါ။

ဒီနေရာမှာအဓိက ကျပါတယ်။
ဂျပန်ကွက်က ထိပ်ကနေကျင်တွယ်အညီယူတာပါ။
ဒီနေရာမှာတော့ ထိပ်အညီအဓိကမဟုတ်ပါဘူး။

အလယ်ဗဟိုက စည်း ၂ချောင်းကိုသာ စည်းကျယ်တွယ်အညီယူပါတယ်။

Aကို တဖက်မှာထားရင် Bကို ကိုယ့်ဖက်မှာထားပါ။
ကျင်တွယ်ကိုင်ရာမှာလည်း ညာလှည့်ထားရင် ပီးဆုံးတဲ့အချိန်အထိ ညာဘက်လှည့်ထားပါ။

ရစ်တယ်ဆိုတဲ့ နေရာတွေလည်းလုပ်ပါတယ်။
ဘာဂျာလက်ရာမကြိုက်လို့၂ဖွဲ့၃ဖွဲ့ပြုတ်သွားတဲ့နေရာတွေလည်းလုပ်ပါတယ်။

#သံဘာဂျာတံခါးအခြေခံအပိုင်း၂

2️⃣ စည်းဆွဲမှတ်စို့ရိုက်ပီးရင် 6.5စူးသွာနဲ့ဖောက်ပါ။
ဖောက်ပီးရင် ထိပ်ပိုင်းအပေါက်နဲ့အလယ်ဗဟို
ကြားက တစ်ပေါက်ထဲကို 12 သို့13mm စူးသွားနဲ့ကော်ရက်ရှင်နှိုက်ပါ။

ပြီးလျင်ထိပ်ဖျားတွေကို ဒေါင့်လေးတွေဖြတ်ချပီး ဝိုင်းပေးပါ။
ထိပ်ဖျားအပေါက်အပြင်ဘေးသား ရှည်နေရင်ဖြတ်ချပါ။
တမတ်လောက်ပဲထားပါ။

ပီးလျင်-
ခုန ၁ပေ၁မတ် ၂၄ချောင်းကို ၁၂ချောင်းယူပြီး အတိုင်းချောင်းနဲ့စည်းကူးပါ။

သုံးပေါက်တွဲဘက်က ကူးပါ။
ပီးရင်ဖောက်ပါ။
အလယ်ပေါက်ကို ကော်ရက်ရှင်နှိုက်ပါ။

ကျန်နဲ့၁၂ချောင်းကို ထိပ်ပေါက်နဲ့အလယ်ဗဟိုစည်း ၂စည်းပဲကူးပီးဖောက်ပါ။
ဒီ၁၂ချောင်းကိုတော့ ကော်ရက်ရှင်နှိုက်စရာမလိုပါ။

သုံးမတ်ဖလက်ကို အပြားညီတာရွေးသုံးပါ။
အခုနောက်ပိုင်းဘာဂျာအတွက်သီးသန့်လာပါတယ်။ သုံးမတ်အလျော့ပါ။

ပီးလျင်-
ကတ်ကြေးတွဲလို့ရပါပြီး။
ခုန ၁ပေ၅မူး ၃ပေါက်တွဲ၁၂ချောင်းနဲ့ ၂ပေချောင်း၁၂ချောင်းနဲ့အရင်တွဲပါ။
ကြားထဲမှာတမတ်ဝါရှာတကွင်းခံပါ။
တွဲမဲ့လေပစ်ဆန်ကိုတော့ သုံးပဲကွိုင်ထဲကဖြတ်သုံးပါ။
ခြောက်မူးဝန်းကျင်လောက်အတိုလေးတွေဖြတ်သုံးရပါတယ်။

ကတ်ကြေးတွဲတဲ့အခါ ခေါင်းလုံးတူသုံးပါ။
အင်ဂျင်ဝိုင်အနည်းငယ်သုံးပါ။
တူထုအားကြောင့်ကောက်သွားရင်တခါထဲညှိပါ။
အရမ်းတင်းကျပ်နေတဲ့အထိမထုပါနဲ့။

သုံးမဲ့ဒေါက်ကို ချိန်ပါ့မယ်။
သုံးမဲ့ဒေါက်က-
၁လက်မ ၁မူး-
၁လက္မ ၃ပဲ-
၁လက်မ၁မတ်-
လာပါတယ်။

၁လက်မ၁မူးကိုမသုံးပါနဲ့
လျှောက်လှမ်းထူရင် ကားထည့်ရလို့ပါ။

ငါးမတ်ဒေါက်နဲ့ချိန်မယ်။
ငါးမတ်ဒေါက် ၂ချောင်းယူပြီး
ဖောက်ထားတဲ့ဘာဂျာချန်နယ်၂ချောင်းယူ ပီး ဘယ်ညာစွတ်ပြီး အပေါ်ကပြန်ဖုံးပါ။

ဘာဂျာဖုံးထားတဲ့အတိုင်းပါ။
ဒေါက်၂ခု ထောက်ထားတဲ့ဘာဂျာမြောင်း၂ခုကြားကို သုံးမတ်ဖလက်အတို၂ ချောင်းထပ်ပီး ထည့်ပါ။
ပီးရင်ဝါရှာ ကွင်းလေးတွေပါ ထိုးထည့်ပါ။
သုံးမတ်ဖလက် ၂ဒုစာနဲ့ဝါရှာ၈ပြားဝင်တယ်ဆိုပါစို့။

ဘာဂျာစီတဲ့အခါမှာ-
ဒေါက့်အနီးက ပင်ဆုံမှတ်တိုင်းမှာ ဝါရှာ ၆ကွင်းလောက်ပဲသုံးပါ။
ချိန်တဲ့အချိန်မှာ ဝါရှာ၈ကွင်းဝင်ပေမဲ့ ဒေါက်တွေကို တူနဲ့ထုပီး လေပစ်တေတဲ့အခါမှာ တပဲလောက် နိမ့်သွားပါတယ်။

ငါးမတ်ဒေါက်က တူနဲ့ထုပြီးတဲ့အခါမှာ ၁သုံးပဲ ပဲကျန်ပါတယ်။

ပင်ဖြတ်လို့ရပါပြီး။
သုံးပဲကွိုင်ကိုဖြောင့်ပြီး
ဒေါက်ထက် ၁ပဲလျော့ဖြတ်ပါ။
ထိပ်လေးတွေလုံးပါ။

သုံးရမဲ့လေပစ်ချိန်မယ်။
ဒေါက်အရှည်ငါးမတ်မှာ
ဘာဂျာချန်နယ်အထူ ၁မူး ၂ခါထည့်ပေါင်း။
အပြင်ကိုတမတ်လောက်ထွက်မယ် ဆိုတော့ တစ်မတ်ထည့်ပေါင်းပါ။
တစ်လက်မသုံးမတ်လေပစ်သုံးပါ။

အတိအကျသုံးချင်ရင်တော့ ၁လက်မ၆မူးလေပစ်သုံးပါ။

ဘာဂျာစည်တဲ့အခါ ဒေါက်ချိန်တုန်းကဝါရှာ ၈ကွင်းဝင်ပေမဲ့ လေပစ်နေရာမှာ ၉ကွင်းသုံးပါ။
၁ကွင်းပိုထည့်ထားဒါပါ။

ဘာဂျာစည်တဲ့အခါမှာ-
လေပစ်တွေစွပ်ပီးရင် ဝါရှာလေးကွင်းစီလိုက်ထည့်ပါ။

ပီးရင်ဘယ်ဘက်က စစီပါ။
ပထမအကန့်တွေမှာ ကတ်ကြေးတွဲလေပစ်တွေကို အောက်ဆုံးမှာထားပါ။

အပေါ်ဆုံးမှာ ထိပ်ဘက်မှာထားပါ။
အလယ်အကန့်ကိုအချို့ကကတ်ကြေးမတွဲပဲစည်ပါတယ်။

ပထမ နှစ်ပေါက်အတိုချောင်းစွပ်ပါ။
ဝါရှာတကွင်းထည့်ပါ။
ပီးရင် ကတ်ကြေးတွဲအတိုနဲ့အရှည်တတွဲကိုချိတ်ပါ။
ကတ်ကြေးတွဲအရှည်တွေ ဆက်ထည့်ပါ။
ဖလက်နှစ်ပြားမထပ်ခင် ဝါရှာတပြားစီထည့်ပါ။
အားလုံးပီးရင်အပေါ်မှာလေးပြားထည့်ပါ။

ဒေါက်နေရာကဆုံချက်တွေမှာ ပင်ထိုးပါ။
အလယ်မှာဝါရှာတစ်ကွင်း
အောက်မှာသုံးကွင်းအပေါ်မှာ၂ကွင်းထည့်ပါ။

ဘေးအစွန် ဖလက်၁ပြားထဲကျတဲ့နေရာမှာ ဖလက်တပြားစာဝါရှာပေါင်းထည့်ပါ။
ပီးရင် အုပ်လို့ရပါပြီး။

ဂိုက်နဲ့ညှစ်ရင်လည်းညှပ်ထားပါ။
ဒါမှမဟုတ်-
သွပ်ကြိုးနဲ့လိုက်တုပ်ပါ။

တူနဲ့မလုံးခင် ရှည်နေရင်ကျောက်စက်နဲ့တိုက်ပစ်ပါ။
လေပစ်နေရာတူထုဒါအဓိကပါ။
အသာအယာထုပါ။
အရမ်းတင်းကြပ်နေအောင်မထုရပါ။
ထုအားများရင် လေပစ်ကောက်သွားတတ်ပါတယ်။

စီတဲ့အခါ ဘယ်ကစရင် နောက်အချပ်ညာက စခင်းပါ။
လေပစ်ခေါင်းကအပြင်ကနေရပါတယါ။

ဘောပေါက်ချိန်တာက အလယ်ရင်စေ့က ၂ချောင်းမြောက်မှာ တပေါက်ပါ။
၂ချောင်းကျော်တပေါက်စီပါ။

#သံဘာဂျာရိုက်နည်းအခြေခံအပိုင်း၃

3️⃣ ဒီအပိုင်းမှာတော့ မလေးဘာဂျာရိုက်နည်းပါ ထည့်ရေးပေးပါမယ်။
--
အပိုင်း၁နဲ့၂က အတိုင်းရိုက်ပီးပီဆိုရင် တပ်ဆင်လို့ရပါပြီ။

ရိုက်ပီးပီးခြင်းတော့ ကျပ်နေမှာပါ။
အားလုံးအတိအကျလုပ်ခဲ့တယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။

ဘာဂျာမတပ်ခင်မှာ အောက်လျှောက်လမ်းအတိုလေးနဲ့အောက်ခြေဘာဂျာမြောင်း၂ခုကြားထဲကိုထည့်
ကြည့်ပါ။
ကျဉ်းနေရင်ချဲ့ပေးပါ။
ကျယ်နေရင် ကျဉ်းပေးပါ။
လျှောက်လမ်းထက်တစ်ပဲလောက်ပဲကျယ်ပါစေ။
မြောင်း၂ခုကျယ်နေရင်တပ်ဆင်ပြီးတဲ့အခါ ယမ်းကြည့်ရင်အရမ်းခါနေတတ်ပါတယ်။လုံးဝမခါခြင်ရင်တော့ တစ်လက်မငါးမူးလျှောက်လမ်းနေရာမှာ ခေါက်တံခါးလျှောက်လမ်းပုံစံ uမြောင်းပဲသုံးပါ။
ဘာဂျာအောက်ခြေတွေကို ခေါက်တံခါးမှာသုံးတဲ့ ၆မူးဘွတ်ဆုံလည်လေးတွေတပ်ပေးလိုက်ပါ။
၃မတ်ဖလက်ပြားကိုအပေါက်ဖောက်ပြီး ဘာဂျာအောက်ခြေတွေမှာ ဝရိန်နဲ့လိုက်တပ်ပေးလိုက်ပါ။
ဆုံလည်လေးတွေက uမြောင်းထဲချပြီးတပ်ဆင်ရင်မယမ်းတော့ပါ။
မခါခြင်ရင် သော့ခတ်တဲ့အလယ်ရင်စေ့ချောင်းတွေကို ၁ခွဲသုံးမတ်ဟောလိုနဲ့ ပိုးလိုက်ပါ။

အပေါ်ပိုင်းကိုလည်း မတပ်ခင်မှာ လျှောက်လမ်းအတိုနဲ့ထည့်ချိန်ကြည့်ပါ။
အပေါ်ပိုင်းကတော့ များများလေးသာဟထားပါ။
နပ်နဲ့ပြန်စွဲလို့ရပါတယ်။
တပ်ပြီးတဲ့အခါမှာ ဝါရှာကြားတွေထဲအင်ဂျင်ဝိုင်ထဲ့ပါ။
အပေါ်လိုင်းပေါ်အမဲဆီလူပေးပါ။
အဲ့ဒါမှဆွဲမကောင်းသေးဘူးဆိုရင် ပင်ဆုံချက်(ကတ်ကြေးတွဲဆုံချက်)တွေကို တခုချင်းလိုက်စစ်ပါ။
ပင်ထောက်နေတာလား
ဝါရှာထူသွားဒါလား

တင်းနေတဲ့ဆုံချက်နေရာကို ငယ်နိုင်နဲ့ကလန့်ပေးလိုက်ပါ။
ကလန့်တဲ့အခါ ချောင်ရုံလေးသာကလန့်ပါ။
ကလန့်တဲ့နည်းကတော့ နောက်ပိုင်းတော်တော်အသုံးဝင်ပါတယ်။

ကျွန်တော်တို့အသုံးပြုဒါက 6.5စူးသွားပါ။
အပေါက်လွဲမယ်လို့ထင်ရင်တော့ ပင်ပေါက်တွေကို 7နဲ့ဖောက်လည်းရပါတယ်။
လေပစ်ပေါက်ကတော့ 6.5တမျိုးထဲပဲရပါတယ်။
7ဆိုတာကတော့ နည်းမှန်တော့မဟုတ်ဘူး။
ပါးပါးလေးပုပ်တာပေါ့။
ပြီးတော့ ဘောနေရာမှာ တစ်ခွဲဘောသုံးပေးမဲ့ အလယ်ညွတ်နေဒါတို့ လေပစ်မတန်းပဲကျနေရင် အဲ့ဒိနေရာကို နည်းနည်းကြီးတဲ့ဘော လဲထည့်လိုက်ပါ။
မသိမသာလေးပေါ့။
တကယ်လို့များ လေပစ်နေရာတင်းနေရင်မစိုးရိမ်ပါနဲ့။
အဖွင့်အပိတ်သာများများလုပ်ပေးပါ။

ဘာဂျာရိုးရိုးမှာ ကတ်ကြေးတွဲ၂ပေနဲ့၁ပေငါးမူး ၂မျိုးပဲပါပါတယ်။
ဖောက်တဲ့နေရာမှာလည်း ကတ်ကြေးတွဲလေပစ်ပေါက်က အလယ်ပေါက်နဲ့ထိပ်ပေါက်ကြား အလယ် မှာဖောက်ပါတယ်။

မလေးဘာဂျာမှာတော့ အလယ်ပေါက်နဲ့ထိပ်ပေါက် ကိုတဝက်ခွဲ အဲ့ဒိတဝက်ကိုထပ်ခွဲဒါပါ။
ကတ်ကြေးတွဲလေပစ်ပေါက်နေရာပြောင်းသွားဒါပါ။
၂ပေကတ်ကြေးဖလက်ပြားကို
ဘာဂျာရိုးရိုးမှာ-
ထိပ်၂ဖက်ကနေ ၃မူးတပဲစီစည်းဆွဲရပါတယ်။
ပြီးရင်ထိပ်စည်း၂စည်းရဲ့အလယ်ဗဟိုမှာစည်းထပ်ဆွဲ။

ထိပ်စည်းနဲ့အလယ်စည်းနဲ့ကြားမှာစည်းထပ်ဆွဲတာက ကတ်ကြေးတွဲပေါက်ပါ
မလေးဘာဂျာမှာကျတော့-
ထိပ်စည်းနဲ့ခုနကတ်ကြေးတွဲပေါက်စည်း
ကြားမှာ စည်းထပ်ဆွဲပြီး ခုန ကတ်ကြေးတွဲစည်းကိုဖျောက်လိုက်တာပါ။

ရှင်းအောင်ထပ်ပြောပြပါ့မယ်။
ဘာဂျာရိုးရိုးရဲ့ကတ်ကြေးတွဲပေါက်စည်းဟာ ၄ပိုင်း၁ပိုင်းနေရာမှာရှိပါတယ်။
မလေးဘာဂျာ ကတ်ကြေးတွဲစည်းက ၈ပိုင်းတပိုင်းနေရာမှာကျပါတယ်။
အဲ့ဒိတပေါက်ပဲမတူတာပါ။

ရိုးရိုးက ချန်နယ် ၃ချောင်းကတ်ကြေးထားပါတယ်။
မလေးဘာဂျာက ငါးချောင်းသွားပါတယ်။
ပုံမှာကြည့်ပါ။

ဘာဂျာရိုးရိုးမှာ ကတ်ကြေးက ၂မျိုးပဲပါတယ်။
အရှည်ချောင်းက ၂ပေဆိုရင်အတိုချောင်းက ၁ပေငါးမူး

၂ပေချောင်းကို ၁ကျပ်နေရာမှာထား
၁ပေငါးမူးကို ငါးမူးနေရာမှာထား

ဘာဂျာရိုးရိုးမှာ ၁ကျပ်နဲ့ငါးမူး ပဲပါတယ်။

မလေးဘာဂျာမှာတော့-
၁ကျပ်
သုံးမတ်
ငါးမူး
တမတ် ကတ်ကြေးတွဲလေးမျိုးပါလာပါတယ်။

ဘယ်လိုချိတ်ဆက်လဲဆိုရင်-
ကတ်ကြေးတွဲ-
၁ကျပ်နဲ့တမတ်ပူးတယ်
၁ကျပ်နဲ့ငါးမူးကတ်ကြေးတွဲ
၁ကျပ်နဲ့သုံးမတ် ကတ်ကြေးတွဲ

အလွတ်ချောင်းတွေကတော့
တမတ် သုံးမတ် ငါးမူး

ဘာဂျာစီရင်တော့
ပထမ တမတ်ချောင်းကို စခင်း
ငါးမူးချောင်းက လေပစ်နဲ့မိတယ်။
သုံးမတ်ချောင်းထပ်ခင်း သူလည်လေပစ်နဲ့မိတယ်။
ပြီးရင်ခုနကတ်ကြေးတွဲထားတဲ့
၁ကျပ်နဲ့သုံးမတ်အတွဲကို ခုနအလွတ်ခင်းထားတဲ့တမတ်နဲ့ပြန်ချိတ်ဒါ
ငါးမူးချောင်းနဲ့ ၁ကျပ်ငါးမူ ကတ်ကြေးတွဲနဲ့ပြန်ချိတ်တယ်။

အလွတ်ခင်းထားတဲ့၃မတ်ချောင်းနဲ့ ၁ကျပ်တမတ်ကတ်ကြေးတွဲနဲ့ပြန်ချိတ်တယ်။
သဘောတရားကတော့
တကျပ်ဖြစ်အောင်
တမတ်နဲ့သုံးမတ်
ငါးမူးနဲ့ငါးမူး
သုံးမတ်နဲ့တမတ်ပြန်ချိတ်တဲ့ပုံစံပါ။

ပုံဆွဲပြီး ဖလက်အတိုလေးတွေနဲ့စမ်းကြည့်ပါ။
ရိုးရိုးကျွမ်းရင်မလေးဘာဂျာရိုက်လို့ရပါပြီ။

တင်ထားတဲ့ ၁နဲ့၂ကိုအရင်ဖတ်ပါ။

❇️( မူရင်းရေးသားတင်ပြသူ #ဘာပဲဖြစ်ဖြစ်မောင်ဘချစ် အားလေးစားစွာဖြင့် Credit ပေးပါသည်။

ယခုမှတင်ပါရစေ သင်္ကြန်မတိုင်ခင် တစ်လ အတွင်း တည်ဆောက်ပြီးစီးခဲ့သော Goat Farm Project ဖြစ်ပါတယ်.Goat Farm Project မှာဆိုရင...
10/05/2024

ယခုမှတင်ပါရစေ သင်္ကြန်မတိုင်ခင် တစ်လ အတွင်း တည်ဆောက်ပြီးစီးခဲ့သော Goat Farm Project ဖြစ်ပါတယ်.
Goat Farm Project မှာဆိုရင်
- ဆိတ်များထားရန်နေရာအတွက် စနစ်တကျ အခန်းနေရာများပါရှိခြင်း
- Outdoor ဆိတ်ကျောင်းရန်နေရာ
- အစာဂိုဒေါင် + သန့်ရှင်းရေလုပ်ရန် အဆောက်အဦးများ
- Outdoor Garden + Landscape
- ရုံးခန်း , ဝန်ထမ်းအိပ်ခန်း , ရေကန်
တစ်လုံး- Solar System ဖြင့် အသုံးပြုထားပီး CCTV ,Wifi , Electric , Pressur pump အစရှိသည့်ဖြင့် Facilities များပြည်စုံစွာပါဝင်သော အဆင့်မြင့် Goat Farm Project(SS _1 Stroey Buildings) ဖြစ်ပါသည်။




31/03/2024
Solar တပ်ဆင်ချင်တဲ့ အိမ်ရှင်များအတွက်  Installation ပိုင်းကို ကျွမ်းကျင်စိတ်ချရတဲ့ Safe  အဖွဲ့နှင့်အတူ ယုံကြည်စွာတပ်ဆင်န...
12/03/2024

Solar တပ်ဆင်ချင်တဲ့ အိမ်ရှင်များအတွက် Installation ပိုင်းကို ကျွမ်းကျင်စိတ်ချရတဲ့ Safe အဖွဲ့နှင့်အတူ ယုံကြည်စွာတပ်ဆင်နိင်ပါကြောင်း သတင်းကောင်းပါးပါရစေ

28/02/2024

ဆွဲဆောင်မူရှိတဲ့ နံရံတွေပေါ်က SUZUKA MONOKRETE

အိမ်တွင်းအိမ်ပြင် Decoration ဆောင်ရွက်တော့မယ် ဆိုတာနဲ့ မဖြစ်မနေပါဝင်နေမယ့် နံရံတွေပေါ်က ဆွဲဆောင်မှုကို မေ့ထားလို့မရတဲ့အတွက် Textured Paints တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။

ဒီ့အတွက် Classic HomeMart မှာလည်း Suzuka Textured Paints တွေကို ရောင်းချပေးနေပြီးတော့ Interior အတွက်ဆို Suzuka Strato Series ထဲက

▪️Cashmere
▪️Velours
▪️Taffeta
▪️Cement Texture တို့ကို ရရှိနိုင်ပြီး

MONOKrete ဆိုတာကတော့ Exterior အတွက်ပါ။ Texture အရတော့ Cement Texture ဖြစ်ပြီး အားသာချက်အနေနဲ့ Exterior သာမက Interior မှာပါ အသုံးပြုနိုင်ခြင်းပါပဲ။

နံရံပေါ်ကို ဆေးသားရောက်တာနဲ့ Texture နဲ့တကွ Shades တွေ ပေါ်လာမှာဖြစ်သလို အရောင်အရဆိုရင်လည်း တစ်ရောင်တည်းနဲ့ ပြီးပြည့်စုံစေမယ့် Monochrome ကိုမှ အရောင်ရင့်ပြီး သဘာဝဆန်တဲ့ဘက်ကို ရောက်ပါတယ်။

Water & UV Resistance ဖြစ်တာကြောင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး အချိန်ကြာလာရင်တောင် အရောင်လွင့်သွားတာမျိုးမရှိတဲ့အပြင် Crack Resistance ဖြစ်တဲ့အတွက် အက်ကြောင်းတွေ ပေါ်လာတာမျိုးလည်း မရှိလို့ Cost Effective ဖြစ်စေမှာလည်း အသေချာပါပဲ။

နောက်ပြီး သမားရိုးကျ အိမ်သုတ်ဆေးတွေလို မြေဖြူမပါဝင်တဲ့အပြင်( No Chalk)၊ Low Smell ဖြစ်တဲ့အတွက် Eco-Friendly ဖြစ်သလို ကျန်းမာရေးအတွက်လည်း စိတ်ချရပါတယ်။

Classic HomeMart မှာတော့ အရောင်(4)မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး တစ်ဘူးမှာ (4) Litres ပါဝင်ကာ (3) ကျင်းစာလောက် အသုံးပြုနိုင်ပါတယ်။

ဆက်သွယ်မှာယူလိုပါက -

☎️01 - 3100986 ,
☎️09 - 794947157 တို့ကိုဆက်သွယ်နိုင်တဲ့အပြင်

Page Messenger ကနေလည်း မှာယူနိုင်ပါတယ်။

🏠 No. (7), Bayint Naung Road, (26) Ward, South Dagon Township, Yangon







Address

Mandalay

Telephone

+9592027866

Website

Alerts

Be the first to know and let us send you an email when New Look Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share