Yati Plastic Products

Yati Plastic Products Plastic product

တခါတလေမှာ Social Energyတွေ ကုန်ဆုံးတတ်တယ်…မြင်ဖူးကြမှာပါ…တခါတလေမှာ Social ကောင်းပါတယ်ဆိုတဲ့သူတွေ ငြိမ်နေတာတွေ…လူတွေနဲ့သိ...
16/01/2025

တခါတလေမှာ Social Energyတွေ ကုန်ဆုံးတတ်တယ်…

မြင်ဖူးကြမှာပါ…တခါတလေမှာ Social ကောင်းပါတယ်ဆိုတဲ့သူတွေ ငြိမ်နေတာတွေ…
လူတွေနဲ့သိပ်စကားမပြောတာတွေ ကိုပေါ့..

ဒါဟာ သူတို့ရဲ့ Social Energy ကုန်ဆုံးနေလို့ပါ…

အထူးသဖြင့် Service ပေးရတဲ့လုပ်ငန်းက သူတွေဆိုရင် ပိုသိသာတယ်…

အလုပ်ထဲမှာသာ ပြုံးနိုင် စကားပြောနိုင်ပေမဲ့

အိမ်ရောက်တဲ့အခါ ဘယ်သူနဲ့မှ စကားပြောချင်စိတ်မရှိတော့ပဲ အနားပဲယူချင်တာမျိုးပေါ့…

ဘယ်သူနဲ့မှဘာစကားမှမပြောပဲကို အေးဆေးလေး ဖုန်းသုံးVideoကြည့်ချင်တာမျိုးပေါ့…

ထိုအခါ တချို့စုံတွဲတွေဆိုရင် ရန်သတ်နေရပါလေရော…

“နင်ကအလုပ်ထဲမှာကျ ဟီးဟီးဟားဟား နဲ့…

ငါနဲ့ကျ စကားတောင်ပြန်မပြောဘူး..စသဖြင့်ပေါ့…”

တနေကုန် အလုပ်နဲ့ပတ်သတ်သမျှတွေကို မရယ်ချင်လဲရယ်၊ ရယ်ချင်လဲရယ်၊ မပြုံးချင်လဲပြုံး၊ ပြုံးချင်လဲပြုံး…ပုံစံနေရတော့

အိမ်ရောက်ထဲအခါ စိတ်ကိုလွှတ်ချလိုက်ပေမဲ့ အိမ်က လူနဲ့ပါ ပြဿနာထပ်တက်ရလေရောပေါ့…

ဒါ့ကြောင့် Social Enegryကုန်ဆုံးပြီဆိုရင် ဘေးလူတွေကိုလဲ ကြိုပြောပြထားလိုက်ပါ…

အရမ်းပင်ပန်းနေကြောင်းကို…

သမီးရည်းစားဆိုရင်လဲ နားလည်မှုပေးနိုင်အောင်ပါ…

မဟုတ်ရင် အထင်တွေလွဲပြီး ပြဿနာတက်နိုင်လို့ပါ…

Credit original
Phtoto internet

17/11/2024

ပြန်မငြင်းတာ_အကောင်းဆုံး

- ဖောက်သည်နဲ့` ငြင်း

မင်းနိုင်သွားတော့

" ဝယ်သူပျောက်တယ် " ။

- လုပ်ဖော်ကိုင်ဖက်နဲ့` ငြင်း

မင်းနိုင်သွားတော့

" အဖွဲ့ကွဲသွားတယ် " ။

- သူဌေးနဲ့` ငြင်း

မင်းနိုင်သွားတော့

" အခွင့်အရေးတွေ ဆုံးရှုံးသွားတယ် " ။

- မိသားစုနဲ့ ` ငြင်း

မင်းနိုင်သွားတော့

" မေတ္တာတွေ လျှော့သွားတယ် " ။

- သူငယ်ချင်းတွေနဲ့ `

ငြင်း မင်းနိုင်သွားတော့

" မိတ်ပျက်သွားတယ် " ။

- သင်ဆရာနဲ့ `

ငြင်း မင်းနိုင်သွားတော့

" ရိုင်းတယ်လို့ အထင်ခံရတယ် " ။

- ချစ်သူနဲ့ ` ငြင်း

မင်းနိုင်သွားတော့

" ခံစားချက်တွေ အေးစက်လာတယ် " ။

- ( ဘယ်သူနဲ့ ငြင်းငြင်း

မင်းနိုင်သွားတာနဲ့

တစ်ဖက်မှာ ဆုံးရှူံးသွားပြီးပြီ ~~~

ဒါ့ကြောင့် မှားမှားမှန်မှန် ပြိုင်မငြင်းနဲ့တော့ )

Credit : #ထိန်လင်း #လူငယ်များသို့💪🇲🇲🫡

17/11/2024

ချမ်းသာကြွယ်ဝသူတွေက သူတို့ရဲ့ကလေးတွေကို သင်ပေးလေ့ရှိတဲ့ သင်ခန်းစာ (၁၆) ခု

၁။ ငွေကြေးစီမံခန့်ခွဲမှု
- ငွေကို စနစ်တကျသုံးစွဲတတ်ရန်
- စုဆောင်းခြင်းအလေ့အကျင့် ပျိုးထောင်ရန်
- ရသုံးမှတ်တမ်း ထားရှိရန်

၂။ အချိန်စီမံခန့်ခွဲမှု
- အချိန်တန်ဖိုးကို နားလည်ရန်
- အရေးကြီးကိစ္စများကို ဦးစားပေးဆောင်ရွက်ရန်
- အချိန်ဇယား ရေးဆွဲအသုံးပြုရန်

၃။ ပညာရေးအရေးပါမှု
- စဉ်ဆက်မပြတ် လေ့လာသင်ယူရန်
- အထူးကျွမ်းကျင်မှု တစ်ခုရှိအောင် ကြိုးစားရန်
- စာဖတ်ခြင်း အလေ့အကျင့် ပြုစုပျိုးထောင်ရန်

၄။ ဆက်ဆံရေးတည်ဆောက်ခြင်း
- လူမှုဆက်ဆံရေး ကောင်းမွန်စေရန်
- အကျိုးရှိသော မိတ်ဆွေများ ရွေးချယ်ရန်
- Network တည်ဆောက်တတ်ရန်

၅။ စီးပွားရေးအမြင်
- စီးပွားရေးအခွင့်အလမ်းများကို မျက်ခြည်မပြတ်စောင့်ကြည့်ရန်
- ရင်းနှီးမြှုပ်နှံမှု နည်းလမ်းများ လေ့လာရန်
- စွန့်စားမှုနှင့် အကျိုးအမြတ် ချိန်ဆတတ်ရန်

၆။ ကျန်းမာရေး ဂရုစိုက်မှု
- ပုံမှန်လေ့ကျင့်ခန်း လုပ်ရန်
- သင့်တော်သော အစားအသောက် ရွေးချယ်စားသုံးရန်
- လုံလောက်သော အနားယူအိပ်စက်မှု ရှိရန်

၇။ ခေါင်းဆောင်မှု အရည်အသွေး
- တာဝန်ယူမှု တာဝန်ခံမှု ရှိရန်
- ဆုံးဖြတ်ချက် ခိုင်မာစွာ ချမှတ်တတ်ရန်
- အခြားသူများကို လမ်းညွှန်နိုင်စွမ်း ရှိရန်

၈။ ဆန်းသစ်တီထွင်မှု
- ပြဿနာဖြေရှင်းရာတွင် ဆန်းသစ်သော နည်းလမ်းများ အသုံးပြုရန်
- ခေတ်နှင့်အညီ ပြောင်းလဲတတ်ရန်
- တီထွင်ဖန်တီးမှု စိတ်ကူးများ မွေးမြူရန်

၉။ စိတ်ဓာတ်ခွန်အား
- အခက်အခဲများကို မကြောက်ရွံ့ရန်
- ရှုံးနိမ့်မှုများမှ သင်ခန်းစာယူရန်
- စိတ်ရှည်သည်းခံမှု ရှိရန်

၁၀။ ကတိတည်မှု
- ပေးထားသော ကတိများကို တည်ရန်
- သစ္စာရှိမှုကို တန်ဖိုးထားရန်
- ယုံကြည်စိတ်ချရသူ ဖြစ်အောင် နေထိုင်ရန်

၁၁။ လုပ်ငန်းခွင် ကျင့်ဝတ်
- တာဝန်ကျေပွန်စွာ ဆောင်ရွက်ရန်
- အချိန်မှန်မှန် လုပ်ငန်းခွင် ရောက်ရှိရန်
- လုပ်ငန်းခွင်စည်းကမ်းများ လိုက်နာရန်

၁၂။ ဘဝရည်မှန်းချက်
- ရှင်းလင်းသော ရည်မှန်းချက်များ ချမှတ်ရန်
- ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် စီမံကိန်းရေးဆွဲရန်
- မိမိတိုးတက်မှုကို အကဲဖြတ်ရန်

၁၃။ ငွေကြေးရင်းနှီးမြှုပ်နှံမှု
- ရေရှည်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ ရေးဆွဲရန်
- မတူညီသော ရင်းနှီးမြှုပ်နှံမှု နည်းလမ်းများ လေ့လာရန်
- ဘေးအန္တရာယ်ကင်းသော ရင်းနှီးမြှုပ်နှံမှုများ ရွေးချယ်ရန်

၁၄။ မိသားစုတန်ဖိုးထားမှု
- မိသားစုအတွက် အချိန်ပေးရန်
- မိသားစုစည်းလုံးမှု တည်ဆောက်ရန်
- မိသားစုအတွက် ရေရှည်စီမံကိန်းများ ချမှတ်ရန်

၁၅။ လူမှုရေးတာဝန်သိမှု
- လူမှုအကျိုးပြု လုပ်ငန်းများတွင် ပါဝင်ရန်
- ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဂရုစိုက်ရန်
- အခြားသူများကို ကူညီတတ်ရန်

၁၆။ ကိုယ်ကျင့်တရား
- ရိုးသားခြင်းကို လက်ကိုင်ထားရန်
- ကိုယ်ချင်းစာတရား ရှိရန်
- ကောင်းမွန်သော စံပြပုဂ္ဂိုလ် ဖြစ်အောင် နေထိုင်ရန်

ဤသင်ခန်းစာများသည် ချမ်းသာကြွယ်ဝသော မိဘများက သားသမီးများအား အောင်မြင်သော ဘဝတစ်ခု တည်ဆောက်နိုင်ရန် သင်ကြားပေးလေ့ရှိသော အခြေခံကျသော သင်ခန်းစာများ ဖြစ်ပါသည်။ ဤအချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် ဘဝတွင် ပိုမိုအောင်မြင်မှုရရှိစေနိုင်ပါသည်။

#စီးပွားရေးပညာကိုအရင်းအနှီးအဖြစ်စုဆောင်းပါ
original uploader

🌹   🌹( စည်း - ကျင့်ဝတ် )📚📚📚📚📚📚📚အရမ်း ခင်နေရာကနေ မခင်ကြတော့ဘူးမုန်းသွားမယ်ဆိုတောင် ခင်မင်ကြတုန်းက ပြောခဲ့တဲ့ လှို့ဝှက်ချက...
23/03/2024

🌹 🌹
( စည်း - ကျင့်ဝတ် )
📚📚📚📚📚📚📚

အရမ်း ခင်နေရာကနေ
မခင်ကြတော့ဘူး
မုန်းသွားမယ်ဆိုတောင်
ခင်မင်ကြတုန်းက ပြောခဲ့တဲ့
လှို့ဝှက်ချက်တွေ
အတွင်းစကားတွေကို
အတင်းမပြောတဲ့ စည်း။

တစ်ယောက်နဲ့တစ်ယောက်
ရန်ဖြစ်ရင် မဆိုင်တဲ့
Personalတွေ
သူတပါးရဲ့အားနည်းချက်တွေကို
မပြောသင့်တဲ့ စည်း။

ကိုယ့်ကိုယုံကြည်လို့
ပြောခဲ့တဲ့စကားတွေကို
မျက်နှာလို မျက်နှာရ လိုချင်ဇောနဲ့
သွား သတင်းမပေးသင့်တဲ့ စည်း။

စည်းမရှိတော့ ဘာဖြစ်လဲ?
ဟုတ်ကဲ့။
ဘာမှတော့ မဖြစ်ပါ။
ကိုယ့်တန်ဖိုး ကို
မိမိကိုယ်တိုင်ရွေးချယ်ခြင်းပေါ့။

Ethic ကို
လူ့ကျင့်၀တ်၊ ကိုယ်ကျင့်သိက္ခာ၊
ကျင့်၀တ်တရား၊ ကိုယ်ကျင့်တရားလို့
အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

လူ့အသိုင်းအဝိုင်းကြီးထဲမှာ
Ethic ဆိုတဲ့ လူ့ကျင့်၀တ်က
အရမ်းကို အရေးကြီးပါတယ်။
အချင်းချင်းလေးစားမှုတွေ၊
စည်းကမ်းတွေ၊
လူသားချင်း စာနာမှု နဲ့
နားလည်မှုတွေ
အများကြီးပါ၀င်ပါတယ်။

Public Area တွေမှာ
စကားကို အကျယ်ကြီး
မပြောတာမျိုး၊
သီချင်းသံ အကျယ်ကြီး
မဖွင့်တာမျိုး။

၀င်ပေါက်နေရာမှာ
ပိတ်ရပ်​တတ်တာမျိုး ။

တခြားသူတွေ
စကားပြောနေတဲ့အချိန်မှာ
ကြားဖြတ်ပြီး ဝင်ပြောတတ်တာမျိုး။

ငွေကြေးအခက်အခဲရှိနေတဲ့
သူငယ်ချင်းတစ်ယောက်ရှေ့မှာ
ကိုယ်သုံးနေတဲ့
တန်ဖိုးကြီး Brandတွေ အကြောင်း
မပြောတာမျိုး။

မိသားစု ဖြစ်နေစေကာမူ
သူများအခန်းထဲ
၀င်တော့မယ်ဆို ကြိုအသိပေး
တံခါးခေါက်တာမျိုး။

အမှိုက်ကို အမှိုက်ပုံးထဲ
သေချာစွန့်ပစ်လိုက်တာမျိုး။

Privacy ကို
ထိခိုက်စေနိုင်တဲ့မေးခွန်းတွေ
#ဥပမာ_ကလေးမယူကြသေးဘူးလားလစာက_ဘယ်လောက်ရလဲ၊
#နင်တို့သမီးရည်းနှစ်ယောက်_လက်မထပ်ကြသေးဘူးလား
စတဲ့မေးခွန်းတွေ မမေးတာမျိုး။

သူတစ်ပါးရဲ့ ဖြစ်တည်မှုကို
မရှုံ့ချတာမျိုး။
#ဥပမာ_ဟယ်နင်၀လာလိုက်တာ_နင်အသားတွေမဲသွားတယ်နော်၊
#အမလေး_နင့်မျက်နှာကြီးကလဲအဖုတွေနဲ့နော်_SkinCareမလုပ်ဘူးလားစ
စတဲ့ အသေးမွှားမွှား
ကိစ္စလေးတွေကအစ
ကြီးကြီးမားမားကိစ္စတွေအဆုံး
သိတတ်နားလည်ခြင်းကို
Ethic ရှိတယ်လို့ခေါ်ပါတယ်။

Ethic ရှိတယ်ဆိုတာ
IQ ဘယ်လောက်ကောင်းတယ်၊
စာဘယ်လောက်တော်တယ်၊
ငွေ ဘယ်လောက် ရှာနိုင်တယ်
ဆိုတာနဲ့ မဆိုင်ပါဘူး။

ဘယ်လောက်တော်တော်
ဘယ်လောက်ကောင်းကောင်း
Ethic မရှိတဲ့သူက မရှိတာပါပဲ။

သင့်မှာ ရှိတဲ့ Ethic နဲ့ စည်းဟာ
သင့် အဆင့်အတန်း
သင့်ရဲ့တန်ဖိုးပါပဲ ။

👇✔︎👇✔︎👇✔︎👇✔︎👇✍

#မောင်သာချို

ပြုပြင်ဖို့ခက်တဲ့ ဗီဇ*******************သက်မဲ့အရာဝတ္ထုတစ်ခုကိုလိုရာဆွဲပြီးပုံသွင်းလို့ ရချင်ရလိမ့်မယ်။လူတစ်ယောက်ရဲ့နဂိုဗ...
02/03/2024

ပြုပြင်ဖို့ခက်တဲ့ ဗီဇ
*******************

သက်မဲ့အရာဝတ္ထုတစ်ခုကို
လိုရာဆွဲပြီး
ပုံသွင်းလို့ ရချင်ရလိမ့်မယ်။

လူတစ်ယောက်ရဲ့
နဂိုဗီဇကိုတော့
သင် ပြောင်းလဲနိုင်ဖို့
မကြိုးစားပါနဲ့။

မိသားစုတစ်ခုထဲက
အတူတူ ကြီးပြင်းလာကြတဲ့
မောင်နှမချင်းတွေတောင်မှ
စရိုက်ချင်း
တူချင်မှ တူကြတာပါ။

သူစိမ်းတစ်ယောက်ကိုတော့
သင့်စိတ်နဲ့
ထပ်တူကြဖို့ ဆိုတာ
ဘယ်လိုနည်းနဲ့မှ ဖြစ်နိုင်မှာ
မဟုတ်ပါဘူး။

ငါ့လက်ထဲ ရောက်ရင်
ပြောင်းလဲသွားမှာပါ ဆိုပြီး
အလွယ် မတွေးလိုက်ပါနဲ့။

တစ်ခါ မှားသွားတဲ့ အခါ
ခွင့်လွှတ်ပေးလိုက်ပါ။

လူဆိုတာက
အမှားနဲ့ မကင်းနိုင်ပါဘူး။

နှစ်ခါ မှားလာတဲ့ အခါ
စွန့်လွှတ်လိုက်ပါ။

လုံးဝပြုပြင်လို့ မရတဲ့အထဲမှာ
လူတစ်ယောက်ရဲ့
မွေးရာပါ ဗီဇ တစ်ခုလဲ
အပါအဝင်ပဲလေ။

လေးစားစွာဖြင့်
(ရာမညမြေ)

#𝐂𝐫𝐝𝐢𝐭 စာပေချစ်သူများ မင်္ဂလာပါ 📚🏡👇🏼



 #မျှတတဲ့ကိုယ်ချင်းစာစိတ်🌻🌻🌻🌻🌻🌻🌻🌻"ကြက်ဥတစ်လုံးဘယ်လောက်လဲ"လို့ အမျိုးသမီးတစ်ယောက်က ကြက်ဥသည် အဘိုးအိုကိုမေးတယ်။ အဘိုးအိုက ...
02/03/2024

#မျှတတဲ့ကိုယ်ချင်းစာစိတ်
🌻🌻🌻🌻🌻🌻🌻🌻

"ကြက်ဥတစ်လုံးဘယ်လောက်လဲ"လို့ အမျိုးသမီးတစ်ယောက်က ကြက်ဥသည် အဘိုးအိုကိုမေးတယ်။ အဘိုးအိုက "ကြက်ဥတစ်လုံး ၁၀၀ ပါ"တဲ့။

အဲဒီအမျိုးသမီးက အဘိုးအိုကို "ကျွန်မ ၁၀ လုံးယူမယ်လေ။ ၉၀၀ ပဲထား။ မရရင်တော့ မယူတော့ဘူး"လို့ဆစ်တော့အဘိုးအိုက"ဈေးဦးပေါက်မို့ ယူသွားပါသမီးရယ်၊ ဒီနေ့တစ်လုံးမှ မရောင်းရသေးလို့ပါ"လို့ပြန်ဖြေတယ်။

အမျိုးသမီးက ကြက်ဥတွေယူပြီး အောင်ပွဲခံခဲ့ပြီဆိုတဲ့ ဟန်ပန်နဲ့ ကြက်ဥသည် အဘိုးအိုရှေ့က ထွက်သွားတယ်။

ပြီးတော့ လှပတဲ့ကားကလေးပေါ်တက်ပြီး အဖော်နဲ့ တန်ဖိုးကြီးတဲ့ စားသောက်ဆိုင် သွားစားကြတယ်။ သူတို့ကြိုက်တာတွေမှာစားကြတယ်။ နည်းနည်းသာ စားပြီး ချန်ထားခဲ့တာတွေကအများကြီးပဲ။

ငွေရှင်းတော့ ၃၂၄၀၀ ကျတယ်။ ဆိုင်ရှင်ကို ၃၃၀၀၀ ပေးပြီး ပိုတာပြန်မအမ်းနဲ့တော့လို့ ပြောရင်း ခပ်ကြွားကြွား ထွက်လာခဲ့ကြ တယ်။ ပိုတဲ့ပိုက်ဆံပြန်မအမ်းခိုင်းတာက ဆိုင်ရှင်အတွက် ဘာမှ မထူးခြားတဲ့ တကယ့်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါပေမဲ့ ဆင်းရဲတဲ့ ကြက်ဥ သည် အဘိုးအိုအတွက်ကတော့ အင်မတန်နာကျင်ဖွယ်ရာပေါ့။

မေးခွန်း(၁) ။
ချို့တဲ့ပြီး ငွေလိုအပ်နေသူတွေဆီက တစ်ခုခုဝယ်ယူတဲ့အခါဘာလို့ကျွန်တော်တို့အာ ဏာ ပြရတာလဲ။

မေးခွန်း(၂)။
ကျွန်တော်တို့ဆီက ရက်ရောမှုကို မလိုအပ်တဲ့သူတွေကို ဘာလို့ ကျွန်တော်တို့က စေတနာပြချင်ရတာလဲ။

ဓမ္မရေချမ်းစင်
Credit......

ကြံ့ကြံ့ခံနိုင်မှု (Resilience) ဆိုတာ  🔹ကရုဏာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ဦးစားပေးပြီးတော့ ဟောတာ ဒုက္ခနဲ့တွေ့တဲ့အ...
27/02/2024

ကြံ့ကြံ့ခံနိုင်မှု (Resilience) ဆိုတာ



🔹ကရုဏာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ဦးစားပေးပြီးတော့ ဟောတာ ဒုက္ခနဲ့တွေ့တဲ့အခါမှာ ယိမ်းယိုင်မှု မရှိဘဲနဲ့ Resilience ၊ resilience ဆိုတာက ကြံ့ကြံ့ခံနိုင်တာပေါ့။ ကြံ့ကြံ့ခံနိုင်တယ် ဆိုတဲ့ဟာက ဟို resistance ပြောတာမဟုတ်ဘူး၊ resistance က resist လုပ်တယ် အဲဒါက ကြံ့ကြံ့ခံတယ် အဲဒါက တစ်ခု။ အသုံးပြုတဲ့ အင်္ဂလိပ်စကား။


🔹နောက်တစ်ခုက Resilience ဆိုတာက ဥပမာ ကားကြပ်လို့ ဒါမှမဟုတ် လိုချင်တဲ့ပစ္စည်းမှာတာ နောက်ကျနေလို့ စိတ်ညစ်သွားရင် စိတ်ညစ်တာကို သိလိုက်တယ်၊ အဲဒီ စိတ်ညစ်တာကနေပြန်ပြီး မြန်မြန်ဆန်ဆန် နလန်ထူနိုင်တာ။


🔹စိတ်ညစ်တဲ့အခါမှာ အဆိုးမြင်ဝါဒ ဝင်တယ်။ Negative thinking တွေ ဝင်တယ်၊ အဲဒီ Negative thinking ကနေ ပြန်နလန်ထူတာ recover ဖြစ်တယ် ခေါ်တာပေ့ါ။


🔹ပြန်ပြီးတော့ နလန်ထူတယ် ပြန်ပြီး recover ဖြစ်တယ် အဲဒီဟာကို positive thinking ခေါ်တာ။ အဲဒီလို ဒုက္ခနဲ့တွေ့တိုင်း ပြဿနာနဲ့ တွေ့တိုင်း ခလုတ်တိုက်တိုင်း ကိုယ့်ဟာကိုယ်ကို ပြန်ပြီးတော့ မြန်မြန်ဆန်ဆန် recover ဖြစ်တာ နလန်ထူတာ နလန်ထနိုင်တာ အတွေးအခေါ်အနေနဲ့ရော စိတ်ခံစားမှု emotion အနေနဲ့ရော ပြန်ပြီးတော့ နလန်ထနိုင်တာ။


🔹Negative attitude ကနေ Poisitive attitude ပြန်ဖြစ်သွားတယ်။ ရမှရပါ့မလားဆိုတဲ့ သံသယကနေပြီးတော့ ဒီဟာ လုပ်နိုင်ပါတယ်ဆိုပြီးတာ့ ယုံကြည်ချက်လေး ပြန်ပြီးတော့ ရရှိထားတယ်။ Negative ဘက်ကနေ Positive ဘက် ပြန်ရာက်သွားတယ်။

အဲဒါကို Resilience လို့ ခေါ်တယ်။


🔹Resilience ကို တချို့ psychologist တွေကတော့ Mental Immune System - immunity က ကိုယ်ခံအားကို ပြောတယ်လေ၊ ကိုယ်ခံအားကောင်းတဲ့လူ အအေးဒဏ် ခံနိုင်တယ်၊ နှာစီးဒဏ်တွေ ခံနိုင်တယ်၊ ရာသီဥတု climate ဒဏ်တွေခံနိုင်တယ်။


🔹အဲဒီလိုပါပဲတဲ့ စိတ်ထဲမှာ စိတ်ဓာတ်ခံအား ခေါ်ရမှာပေါ့ psychological immune system ကောင်းတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်ကလည်း တော်ရုံတန်ရုံ သူများဝေဖန်တာတို့ တော်ရုံတန်ရုံ အခက်အခဲနဲ့ တွေ့တာမျိုးတို့ အဲဒါမျိုးဆို သူက


🍃စိတ်ဓာတ် မကျတတ်ဘူး
🍃လက်မလျှော့တတ်ဘူး


လက်မလျှော့ရုံတင် မကဘူး မိမိတွေးခေါ်တဲ့နေရာမှာ -

🍃မိမိအတွက်လည်းတွေးတယ်
🍃သူတစ်ပါးအတွက်လည်း တွေးတယ်။


🔹တချို့ကျတော့ အခက်အခဲနဲ့တွေ့ပြီဆိုရင် ကိုယ့်အတွက်ပဲ တွေးတော့တယ်၊ inward-looking တစ်ခုပဲ လုပ်တော့တယ် outward-looking မလုပ်တော့ဘူး balance မဖြစ်တော့ဘူး။


🙏ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ🙏

"နေ့စဉ်အသုံးချ ကရုဏာ(၁၇.၁.၂၀၁၉ မြစ်ကြီးနားမြို့)" တရားတော်မှ ကောက်နှုတ် ရေးသားပူဇော်ပါသည်။


Credit

21/02/2024

အစွန်းရောက်သွားပြီ ဆိုလျှင်
အသိဥာဏ်ကို အမှောင်ဖုံးပြီး
အမှန်နှင့် အမှားကို
ခွဲခြားနိုင်စွမ်း မရှိတော့ပါဘူး …

ငါ လုပ်တာသာ
အဟုတ်ထင်နေတဲ့ အတွက်
သူများ ဘာလုပ်လုပ်
မဟုတ်ဘူးလို့ မြင်တော့တာပါပဲ …

ငါ ပြောတာသာ အမှန်ထင်နေတဲ့ အတွက်
သူများ ဘာပြောပြော မမှန်ဘူးလို့
မြင်တော့တာပါပဲ …

"အကျိုးကို ကြည့်ပြီး
အပြစ် မြင်တော့မည် ဆိုလျှင်
အကြောင်းကို ကြည့်ရတယ် … "

"အကြောင်းကို ကြည့်ပြီး
အပြစ် မြင်တော့မည် ဆိုလျှင်လည်း
အကျိုးကို ကြည့်ရပါတယ် … "

"အကြောင်း အကျိုးကို
မညှိထားတဲ့ အသိဟာ
အကောင်း, အဆိုးကိုလည်း
ခွဲခြားပြီး မသိနိုင်ပါဘူး …"

လူ့ဘဝက -
တခြား ဘဝတွေထက် သာတာဟာ
အဲဒီ အသိဥာဏ်တွေ ရှိလို့ပါ …

မြတ်စွာဘုရားကလည်း
မှာခဲ့တယ် မဟုတ်ပါလား …
အကန်း ယုံကြည်တာမျိုး
ရမ်းသမ်း ယုံကြည်တာမျိုးတွေ
မလုပ်ဖို့ကိုလေ …

အသိဥာဏ်ပါတဲ့ ယုံကြည်မှုမျိုးကသာ
ကိုယ့်သန္တာန်မှာ ရေရှည် တည်မြဲတာပါ …

အသိဥာဏ်နှင့် ယှဉ်တဲ့
ယုံကြည်မှုမျိုးကသာ ကိုယ့်အတွက်
ကောင်ကျိုးများစွာကို ဖြစ်စေမှာပါ … ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။စကားကို လက်လွယ်စပယ် မပြောပါနဲ့။ခံစားတတ်တဲ့ ဝေဒနာဆိ...
17/02/2024

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။


တချို့က အတုမှ ကြိုက်တယ် ..!!~~~~~~~~~~~~~~~~~~~~~~~အရက်ဆိုင်တစ်ဆိုင်ကို လူတစ်ယောက် အရက်လာဝယ်တယ်။ ဆိုက်နဲ့ဂိုက်နဲ့ တကယ့်သ...
11/02/2024

တချို့က အတုမှ ကြိုက်တယ် ..!!
~~~~~~~~~~~~~~~~~~~~~~~
အရက်ဆိုင်တစ်ဆိုင်ကို
လူတစ်ယောက် အရက်လာဝယ်တယ်။
ဆိုက်နဲ့ဂိုက်နဲ့ တကယ့်သူဌေးပုံစံပေါ့လေ။

သူကပြောတယ် ..
စျေးကြီးရင်ကြီးပါစေ အရက်အစစ်ပဲ ရောင်းပေးပါတဲ့။
ဆိုင်ရှင်ကသဘောပေါက်သွားပြီး..
သူ သေသေချာချာသိမ်းထားတဲ့ ပုလင်းကို ထုတ်လာပေးတယ်။
ဟိုလူက သေချာအောင် ထပ်မေးတယ်။ ကျုပ် ပုလင်းကို ခု ဖွင့်သောက်ကြည့်မယ်နော် မစစ်ရင် မဝယ်ဘူး။

ဆိုင်ရှင်ကလည်း သိပ်သေချာတယ်..
အိုကေ ချပေါ့။
ဟိုလူဖွင့်သောက်တယ် ဖွီးကနည်း ထွေးထုတ်တယ်။
အတုကြီးတဲ့ ပြီးတော့ ထပ်ပြောတယ်။
ကျုပ်က သောက်လာတာ ကြာပြီ အတုအစစ် ချက်ချင်းသိတယ်။
ကျုပ်ကိုမလိမ်နဲ့ အစစ်ပဲပေး ကြိုက်စျေးပြောတဲ့။

ဆိုင်ရှင် ထပ်သဘောပေါက်လိုက်ပြန်တယ်။
သူရောင်းနေကျ အတုတွေထဲကပဲ တစ်ပုလင်း ပြန်ထုတ်ပေးလိုက်တယ်။

ဟိုလူက ဖွင့်သောက်ကြည့်ပြီး ကျေနပ်သွားတယ်။
ပိုက်ဆံအထပ်လိုက်ထုတ်ပေးသွားတယ်။
ဆိုင်ရှင်ကတော့ ခပ်ပြုံးပြုံးလေးတွေးတယ်...။
အတုချည်းပဲသောက်ဖူးတော့
အစစ်ဆိုတာဘာမှန်းမသိဘူးပေါ့တဲ့။

နယ်မြို့လေးတစ်မြို့မှာ လူတစ်ယောက်ဆေးခန်းလာဖွင့်တယ်။
(ဆရာဝန် ဟုတ်မဟုတ်မပြောထားဘူးနော်)...
တဖြည်းဖြည်းနဲ့ သူ့ဆေးခန်းလူနာများလာတယ်။
အဲ့ဒီမြို့လေးမှာ သူနဲ့ပြိုင်ဘက် အပ်ပုန်းတစ်ကောင်ရှိတယ်။
ကြာလာတော့ ဟိုအပ်ပုန်းဆီကလူနာတွေ သူ့ဆီရောက်လာရော။
အပ်ပုန်းက မခံဘူး တဘက်လှည့်နဲ့ ကြားခံလူလွှတ်ပြီး သက်ဆိုင်ရာကိုသွားတိုင်တယ်။
ဒီလူ ဆရာဝန်မဟုတ်ဘဲ ဆေးကုနေတယ်ပေါ့။
ဟိုလူက အဲ့ဒါကိုပြန်ကြားတယ်။
ဒါပေမယ့် ....
သူဆရာဝန်ဟုတ်တယ်, မဟုတ်ဘူးဆိုတာကို ဘယ်သူ့ကိုမှ ဖြေရှင်းပြမနေဘူး။
ကုမြဲအတိုင်းပဲ ဆက်ကုတယ်...။
လူနာကလည်း များဆဲပဲ။

ဒီပုံစံကို ..ဟိုအပ်ပုန်းက ကြည့်မရတော့ဘူး။
အသေအချာကို မရအရ ထပ်တိုင်တယ်။
ကြာတော့ တာဝန်ရှိသူတွေကိုယ်တိုင် လာမစစ်လို့ မရတာ့ဘူး။
သူ့ဆေးခန်းအထိ လာစစ်ကြရတယ်။
အဲ့ဒီကျတော့မှ သူက တုန်တုန်ရင်ရင်နဲ့ သူ့ဘွဲ့လက်မှတ်နဲ့.. ဆမစာအုပ်လေးကို ထုတ်ပြတယ်။
ဟာ!! ခင်ဗျားဗျာ၊ ဆရာဝန်ဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့ နာမည်တွေ...
ဘွဲ့တွေ ...ဆိုင်းဘုတ်မချိတ်တာလဲဆိုတော့ ခပ်တိုးတိုးပြန်ဖြေရှာတယ်။
ဒီမှာက ဆရာဝန်အစစ်ဆို လူနာသိပ်မရဘူးတဲ့။

ဆရာမဂျူး စာပေဟောပြောပွဲတစ်ခုမှာ စပြောပြောချင်း အင်ထရို(Intro)ဝင်ပုံလေး.....
သူပြောတာက စားပွဲလေးပေါ်မှာရှိတဲ့ ပန်းအိုးလေးကိုကိုင်ပြရင်း
ပန်းအိုးလေးက လှလိုက်တာ ကျွန်မလေ မြင်မြင်ချင်း အတုလေးတွေလားလို့တောင် ထင်မိတယ်။

တခါတလေကျတော့
ကျမတို့ ပတ်ဝန်းကျင်မှာ အတုကိုအစစ်ထက်ပိုပြီး တန်ဖိုးထားကြတာတွေ များလာတယ်တဲ့။

ဘဏ်မှာငွေသွားအပ်လို့ ကိုယ့်ပိုက်ဆံမှာ အတုပါတယ်ဆိုပြီး အပေါက်ဖောက်လိုက်တယ်။
တံဆိပ်တုံးထုလိုက်တယ်။
ပြောရရင် ဖျက်ဆီးလိုက်တယ်ပေါ့။
ဒါကိုမှ လက်မခံရင် ရဲစခန်းမှာ လိုက်ရှင်းရမယ်။
ဘယ်သူမှ အလုပ်ရှုပ်မခံချင်တော့ ထားလိုက်ပါပေါ့လေ။

ကိုယ့်လက်ထဲ ရောက်လာတဲ့ပိုက်ဆံ
အတုလား၊ အစစ်လား??
ဘယ်သူမှတစ်ရွက်ချင်း လိုက်မစစ်နိုင်ကြဘူး။
စစ်လည်း မစစ်တတ်ဘူးလေ။
အဲ့ဒီအချိန်မှာ ငွေအတုလုပ်တဲ့သူက
ငွေအစစ်ကို အထုပ်လိုက် ပိုက်ပြီးပြေးပြီ။

နံပါတ်အတုနဲ့ကားက တိုက်ပြီးမောင်းပြေးသွားရင် ...
သူနဲ့နံပါတ်တူတဲ့ ကားအစစ်ပိုင်ရှင်က
ရုံးရောက်ဂတ်ရောက် ဖြေရှင်းရတယ်။ အခန့်မသင့်ရင် ထောင်ထဲဝင်ရမယ်။ နံပါတ်အတုမောင်းတဲ့ကောင်က
သာသာယာယာနှပ်နေပြီ။

တခါတလေကျတော့လည်း စဉ်းစားမိတယ်။
ငါတို့အစစ်အမှန်လို နေနေကြတာကရော လူအချို့အတွက်တန်ရဲ့လားလို့?🙄🙄🙄🙄🙄🙄

& Photo

နှစ်သစ်အတွက်
18/12/2023

နှစ်သစ်အတွက်

"အလွန်ကြီးမားတဲ့အောင်နိုင်မှု "~~~~~~~~~~~~~~~~~လူတွေကပြောကြတယ်၊မဟုတ်မခံဘူးဆိုပြီး ဂုဏ်ယူဝံ့ကြွားသေးတယ်၊မာန်မာနတွေက ဟုတ်...
15/12/2023

"အလွန်ကြီးမားတဲ့အောင်နိုင်မှု "
~~~~~~~~~~~~~~~~~

လူတွေကပြောကြတယ်၊
မဟုတ်မခံဘူးဆိုပြီး ဂုဏ်ယူဝံ့ကြွားသေးတယ်၊
မာန်မာနတွေက
ဟုတ်ရင်ရောခံသလားဆိုတော့
ဟုတ်ရင်လည်းမခံဘူး။

အဲဒီလို လောကလူတွေက
ဒေါသကိုလည်းဂုဏ်ယူတတ်တယ်၊
"ငါ့စိတ်ကိုမစမ်းနဲ့" ဆိုပြီးတော့...
အဲဒီလိုလောဘဒေါသမောဟတရားတွေ
လူ့စိတ်ကိုလွှမ်းမိုးပြီဆိုလို့ရှိရင်
လူ့စိတ်က စိတ်အလိုအတိုင်းလိုက်ပြီးတော့
နောက်ဆုံး ဆင်းရဲဒုက္ခရောက်ကြတယ်။

ဒါကြောင့်မို့ စ်ိတ်ကိုပိုင်ဆိုင်ဖို့ဆိုတာ
အင်မတန်အရေးကြီးတယ်၊
စိတ်ကိုပိုင်ဆိုင်ခြင်းကြောင့်
ကိုယ့်စိတ်ကိုကိုယ်ပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဟာ
တစ်ဖက်သားကိုတုန့်ပြန်ခြင်း,ရန်လိုခြင်းမရှိဘဲ
အရှုံးပေးလိုက်တာဟာအနိုင်ရတာပဲ၊
ဒီလိုဆိုလိုတယ်ပေါ့နော်။

မကောင်းတဲ့လောဘဒေါသ
မာန်မာနတွေကို နိုင်လိုက်တာ
"အလွန်ကြီးမားတဲ့အောင်နိုင်မှု" လို့
ဆိုလိုတယ်။ ။

(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

🙏🙏🙏🙏🙏🙏🙏🙏🙏
# Credit

Address

35th Road, Bet; 84th & 85th Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959962007058

Website

Alerts

Be the first to know and let us send you an email when Yati Plastic Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share