𝐒𝐍𝐆 𝐃𝐞𝐬𝐢𝐠𝐧 & 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐨.,𝐥𝐭𝐝

  • Home
  • Myanmar
  • Mandalay
  • 𝐒𝐍𝐆 𝐃𝐞𝐬𝐢𝐠𝐧 & 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐨.,𝐥𝐭𝐝

𝐒𝐍𝐆 𝐃𝐞𝐬𝐢𝐠𝐧 & 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐨.,𝐥𝐭𝐝 ခိုင်ခံ့သော အိပ်မက်တွေဆီ SNG Construction ။

Hidden Beam အကြောင်း သိထားသင့်သည့် အချက် (၇) ချက် ။​ဗိသုကာလက်ရာ အလှအပကို မြှင့်တင်ပေးခြင်း ။Hidden Beam (Embedded Beam သ...
26/05/2026

Hidden Beam အကြောင်း သိထားသင့်သည့် အချက် (၇) ချက် ။

​ဗိသုကာလက်ရာ အလှအပကို မြှင့်တင်ပေးခြင်း ။

Hidden Beam (Embedded Beam သို့မဟုတ် Concealed Beam)က Slab ထဲမှာ မြုပ်နေတဲ့အတွက် အောက်ကကြည့်ရင် ရက်မ (Beam) ထွက်နေတာမျိုး မမြင်ရပါဘူး။ အခန်းမျက်နှာကျက်ကို ညီညာပြန့်ပြူးစေပြီး interior design ဆင်ရတာ ပိုမိုလှပစေပါတယ်။

အမြင့် Space ကို ပိုမိုရရှိစေခြင်း (Clear Headroom)။

ရိုးရိုး Beam တွေလို အောက်ကို ငေါ့မထွက်နေတဲ့အတွက် အခန်းရဲ့ အမြင့် Space (Headroom) ကို ပိုရစေပါတယ်။ ဒါ့အပြင် အခန်းကန့် နံရံတွေကိုလည်း စိတ်ကြိုက် လွတ်လပ်စွာ ကန့်နိုင်ခြေ ပိုရှိစေပါတယ်။

​Slab အထူအတွင်း၌သာ ရှိနေခြင်း ။

သူ့ရဲ့ ထူးခြားချက်က Beam အနက် (Depth) ဟာ Slab ရဲ့ အထူ (Thickness) နဲ့ အတူတူပဲ ဖြစ်ရပါမယ်။ (ဥပမာ- Slab က ၅ လက်မခွဲဆိုရင် Beam Depth ကလည်း ၅ လက်မခွဲပဲ ဖြစ်ရပါမယ်။)

​Span အရှည်ကြီးများအတွက် မသင့်တော်ခြင်း ။

Depth ကန့်သတ်ချက်ရှိလို့ အရှည် (Span) အလွန်ရှည်တဲ့ နေရာတွေမှာ သုံးဖို့ မသင့်တော်ပါဘူး။ အဓိကကတော့ အခန်းတိုတိုတွေနဲ့ လှေကားပတ်လည်၊ ရေချိုးခန်းပတ်လည်တွေမှာ တန်ဆာဆင်ပြီး သုံးလေ့ရှိပါတယ်။

​Heavy Load (ဝန်အလေးကြီးများ) မခံနိုင်ခြင်း ။

ရိုးရိုး Deep Beam တွေလောက် Moment နဲ့ Shear Force ကို မခံနိုင်တဲ့အတွက် အပေါ်ကနေ Heavy Wall (အုတ်နံရံအထူကြီးတွေ) ထိုင်မယ့်နေရာမျိုးဆိုရင် Structure Design သေသေချာချာ တွက်ချက်ဖို့ လိုပါတယ်။

​Stirrups (ကွင်းသံ) ပုံစံ စနစ်တကျရှိရန် လိုအပ်ခြင်း။

အနက် (Depth) ကျဉ်းပြီး ဗြက် (Width) ကျယ်တဲ့အတွက် ကွင်းသံ (Stirrups) တွေကို စနစ်တကျ ချည်နှောင်ဖို့နဲ့ သံဆင်တဲ့အခါ တိကျဖို့ အလွန်လိုအပ်ပါတယ်။

​Concreting ပုံလောင်းရာတွင် ဂရုစိုက်ရခြင်း ။

သံချောင်းတွေ စိပ်နေတတ်တဲ့အတွက် ကွန်ကရစ်လောင်းတဲ့အခါ Vi****or သေချာလိုက်ပေးရပြီး ကွန်ကရစ် အရည်အသွေး ကောင်းမွန်ဖို့ လိုပါတယ်။

​Formwork (အောက်ငြမ်း) ပိုမိုလွယ်ကူခြင်း ။

ရိုးရိုး Beam တွေလို ဘေးထောင်တွေ အများကြီး ရိုက်စရာမလိုဘဲ Slab ခင်းသလို တစ်ပြင်လုံး ခင်းရုံသာဖြစ်လို့ လက်သမားလုပ်ငန်း ပိုမိုမြန်ဆန်မှုရှိစေပါတယ်။

​SNG Construction ၏ စံချိန်စံညွှန်းနှင့် ကတိကဝတ် ။

​ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း သံဆင်ထားမှု စနစ်တကျရှိခြင်း၊ ပတ်လည်စင်တီမီတာ ကွာဝေးမှု တိကျခြင်းတို့ဟာ ကျွန်တော်တို့ SNG Construction ရဲ့ ဆိုက်အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများရဲ့ လက်ရာပဲ ဖြစ်ပါတယ် ခင်ဗျာ ။

​"ကျွန်တော်တို့ SNG Construction အနေနဲ့ အိမ်ရှင်တွေရဲ့ အိမ်မက်တွေကို ပုံဖော်ပေးတဲ့နေရာမှာ Structural ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှုကို အဓိက ဦးစားပေးပါတယ် ခင်ဗျာ ။"

***************************************************

ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ " ခိုင်ခံ့လှပသော အိပ်မက်တွေဆီ 𝐒𝐍𝐆 " ဆိုတဲ့ အတိုင်း ခိုင်ခံ့လှပတဲ့ အိမ်လေး တလုံး တည်ဆောက်ဖို့ တိုင်ပင် ဆွေးနွေးချင်တယ် ဆိုရင် ကျနော်တို့ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အမြဲ အဆင်သင့် ရှိပါတယ် ခင်ဗျာ ။

***************************************************

နှစ်သစ်မှာ အိမ်ဆောက်ဖို့ စိတ်ကူးနေတဲ့ အိမ်ရှင်တွေ အတွက် နှစ်သစ်ကူးလက်ဆောင် အစီအစဥ်လေးတွေလဲ ရှိတဲ့အတွက် လာရောက် တိုင်ပင် ဆွေးနွေးကြည့်ဖို့ အတွက် ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

*************************************************

🔸𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 : 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐒𝐭𝐫𝐨𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬.

🔹 ခိုင်ခံ့သော အိပ်မက်တွေဆီ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ။

ဖုန်း - 09-977 277 816 , 09-977 277 817

ရုံး - 61A,108x109, Chanmyatharsi Township, Mandalay

26/05/2026

အိမ်ဆောက်ဖို့ ဆောက်လုပ်ရေးအဖွဲ့ ရွေးတဲ့အခါမှာ အရေးအကြီးဆုံး အချက် (1) ချက် ။

***************************************************

ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ " ခိုင်ခံ့လှပသော အိပ်မက်တွေဆီ 𝐒𝐍𝐆 " ဆိုတဲ့ အတိုင်း ခိုင်ခံ့လှပတဲ့ အိမ်လေး တလုံး တည်ဆောက်ဖို့ တိုင်ပင် ဆွေးနွေးချင်တယ် ဆိုရင် ကျနော်တို့ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အမြဲ အဆင်သင့် ရှိပါတယ် ခင်ဗျာ ။

***************************************************

နှစ်သစ်မှာ အိမ်ဆောက်ဖို့ စိတ်ကူးနေတဲ့ အိမ်ရှင်တွေ အတွက် နှစ်သစ်ကူးလက်ဆောင် အစီအစဥ်လေးတွေလဲ ရှိတဲ့အတွက် လာရောက် တိုင်ပင် ဆွေးနွေးကြည့်ဖို့ အတွက် ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

*************************************************

🔸𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 : 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐒𝐭𝐫𝐨𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬.

🔹 ခိုင်ခံ့သော အိပ်မက်တွေဆီ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ။

ဖုန်း - 09-977 277 816 , 09-977 277 817

ရုံး - 61A,108x109, Chanmyatharsi Township, Mandalay

Slab ပြင် သံချည်ရာမှာ သိကိုသိရမည့် အချက် (၁၀) ချက် ။​၁။ သံချောင်း အမျိုးအစားနှင့် အရွယ်အစား မှန်ကန်မှု (Correct Rebar Si...
25/05/2026

Slab ပြင် သံချည်ရာမှာ သိကိုသိရမည့် အချက် (၁၀) ချက် ။

​၁။ သံချောင်း အမျိုးအစားနှင့် အရွယ်အစား မှန်ကန်မှု (Correct Rebar Size & Grade) ။

သံချည်သံကွေးအဖွဲ့သားတွေ သံဖြတ်၊ သံချည် မလုပ်ခင် Drawing မှာ ပြဌာန်းထားတဲ့ Structural Rebar Grade (ဥပမာ - HRB400 သို့မဟုတ် HRB500 ) နဲ့ သံချောင်း အရွယ်အစား (ဥပမာ - 10mm, 12mm) မှန်ကန်မှု ရှိ၊ မရှိကို အရင်ဆုံး စစ်ဆေးရပါမယ်။

​၂။ သံချောင်းများ၏ အကျယ် အကွာအဝေး (Spacing of Rebars) ။

​Drawing ထဲမှာ ပါတဲ့ Center to Center (ဥပမာ - 6" c/c သို့မဟုတ် 5" c/c) သတ်မှတ်ချက်ကို တိတိကျကျ တိုင်းတာပြီး ချည်ရပါမယ်။ သံချောင်းတွေ ကျဲသွားရင် ခံနိုင်ရည် လျော့နည်းသွားနိုင်သလို၊ အရမ်းစိပ်လွန်းရင်လည်း ကွန်ကရစ်လောင်းတဲ့အခါ ကျောက်ခဲတွေ ကြားညှပ်ပြီး Concrete Honeycomb (ဂျပိုးအုံ) ဖြစ်တတ်ပါတယ်။

​၃။ Main Bar နှင့် Distribution Bar အထားအသို မှန်ကန်မှု ။

​One-way Slab လား၊ Two-way Slab လား ဆိုတာပေါ် မူတည်ပြီး Load ကို အဓိက ထမ်းမယ့် Main Bar တွေကို အောက်ခြေကနေ စနစ်တကျ အရင် ခင်းရပါမယ်။ ပြီးမှ Distribution Bar (အပေါ်သံ) တွေကို စနစ်တကျ တင်ပြီး ချည်ရမှာ ဖြစ်ပါတယ်။ အောက်သံနဲ့ အပေါ်သံ လွဲမှားသွားပါက Slab ရဲ့ အလုပ်လုပ်ပုံ ပြောင်းလဲသွားပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။

​၄။ ကွန်ကရစ် ဖုံးအုပ်မှု အထူ (Concrete Cover) ။

​Bottom layer အောက်လွှာက သံချောင်းတွေ အထပ်သား (Plywood) နဲ့ လွတ်နေစေဖို့အတွက် Concrete Spacer Blocks (ကွန်ကရစ် ကာဗာတုံး) တွေကို စနစ်တကျ ခံပေးရပါမယ်။ ယေဘုယျအားဖြင့် Slab အတွက် ကာဗာအထူကို 20 mm မှ 25 (¾ လက်မ မှ 1 လက်မ) ဝန်းကျင် ရှိစေရပါမယ်။ ကာဗာတုံး မရှိရင် သံချောင်းတွေ သံချေးတက်ပြီး Slab ပျက်စီးလွယ်တတ်ပါတယ်။

​၅။ Chair Bar or Concrete Spacer များ စနစ်တကျ သုံးစွဲခြင်း ။

​Double Layer (အပေါ်ကွက်၊ အောက်ကွက်) ချည်တဲ့ Slab တွေမှာ အပေါ်သံကွက်နဲ့ အောက်သံကွက် ကြားထဲမှာ သတ်မှတ်ထားတဲ့ Gap အကွာအဝေး အတိအကျ ရှိနေစေဖို့အတွက် Chair Bar or Concrete Spacer တွေကို လုံလောက်တဲ့ အရေအတွက်အတိုင်း ကြားညှပ်ပြီး ခံပေးရပါမယ်။ ဒါမှ လူနင်းတဲ့အခါ အပေါ်သံကွက် ပြားကျမသွားမှာ ဖြစ်ပါတယ်။

​၆။ သံချောင်း ဆက်ကြောင်းများ (Lap Length) ။

​သံချောင်းတစ်ချောင်းတည်းနဲ့ မလောက်လို့ အဆက် (Lap) လုပ်ရတဲ့အခါ structural drawing ပါ သတ်မှတ်ချက် (ဥပမာ - 40D သို့မဟုတ် 50D) အတိုင်း Lap Length အရှည် အပြည့်အဝ ပေးရပါမယ်။ ဒါ့အပြင် အဆက်တွေကို တစ်နေရာတည်းမှာ စုမနေစေဘဲ Staggered (တစ်လှည့်စီ အကန့်လိုက်) ခွဲပြီး ဆက်ရပါမယ်။

​၇။ Crank Bar / Top Reinforcement (Extra Top) စနစ်တကျ ရှိမှု ။

​Slab ရဲ့ Beam (ရက်မ) အနီးတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ Negative Bending Moment (အပေါ်ဘက် တွန့်ကွေးမှုကို ဆန့်ကျင်တဲ့အား) ကို ခံနိုင်ဖို့အတွက် Crank Bar (ခေါက်သံ) တွေ သို့မဟုတ် Extra Top (အပေါ်သံတို) တွေကို ပုံစံတွက်ချက်မှု အတိုင်းအတာ (L/3 သို့မဟုတ် L/4) အတိအကျအတိုင်း နေရာမှန် ထည့်ပေးရပါမယ်။

​၈။ Beam နှင့် Slab သံချောင်းများ ချိတ်ဆက်မှု (Development Length) ။

​Slab သံချောင်းတွေရဲ့ အဖျားပိုင်းကို Beam (ရက်မ) ထဲအထိ စနစ်တကျ ထိုးထည့်ပြီး ချိတ်ဆက်ရပါမယ်။ ထောင့်စွန်းနေရာတွေမှာ Anchor ပေးတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ Hook (ကွေးချိတ်) သို့မဟုတ် Development Length (L_d) အရှည်အတိုင်း Beam core ထဲအထိ ရောက်အောင် ထည့်သွင်းရမှာ ဖြစ်ပါတယ်။

​၉။ သံချည်ကြိုးနှင့် သန့်ရှင်းရေး (Binding Wire & Cleaning) ။

​သံချောင်းတွေ တစ်ခုနဲ့တစ်ခု ရွေ့မသွားစေဖို့ Binding Wire (သံချည်ကြိုး) နဲ့ ကျပ်ကျပ်တည်းတည်း တုပ်နှောင်ရပါမယ်။ သံချည်ပြီးတဲ့အခါ ကွန်ကရစ် မလောင်းခင် Plywood ကြမ်းခင်းပေါ်က သစ်သားစကွဲစတွေ၊ သံချည်ကြိုးစတွေနဲ့ ဖုန်မှုန့်တွေကို အမှိုက်လှည်း၊ လေမှုတ်စက်တွေ သုံးပြီး စင်ကြယ်အောင် သန့်ရှင်းရေး လုပ်ရပါမယ်။

​၁၀။ ပိုက်လိုင်းနှင့် လျှပ်စစ်လိုင်းများ ကြိုတင်ထည့်သွင်းခြင်း (MEP Sleeves & Conduits) ။

​ကွန်ကရစ် မလောင်းခင်မှာ ရေဆိုးပိုက်လိုင်းအတွက် Sleeve ပိုက်တွေနဲ့ လျှပ်စစ်မီးလိုင်းConduit ပိုက်တွေကို Structural Thru-holes Drawing အတိုင်း ကြိုတင် နေရာချရပါမယ်။ ဒီပိုက်တွေကြောင့် သံချောင်းတွေရဲ့ ပုံသဏ္ဌာန် ပျက်ယွင်းမသွားစေဖို့နဲ့ ကွန်ကရစ် အသားပြည့် ဝင်နိုင်စေဖို့ သေချာ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

​SNG Design & Construction အနေဖြင့် မိတ်​ဆွေ ယတို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော် တည်ဆောက်ပေးရာမှာ အထက်ဖော်ပြပါ Slab ပြင် သံချည်ခြင်းဆိုင်ရာ အင်ဂျင်နီယာစံနှုန်း (၁၀) ချက်လုံးကို အဆင့်တိုင်းမှာ တိတိကျကျ၊ အတိအကျ လိုက်နာဆောင်ရွက်လျက် ရှိတာဖြစ်လို့ Premium Quality ပြည့်မီပြီး ရာသက်ပန် စိတ်ချရတဲ့ လုံခြုံနွေးထွေးမှု (Snuggle) ကို အပြည့်အဝ အာမခံချက် ပေးနိုင်တာ ဖြစ်ပါတယ် ခင်ဗျာ ။

***************************************************

ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ " ခိုင်ခံ့လှပသော အိပ်မက်တွေဆီ 𝐒𝐍𝐆 " ဆိုတဲ့ အတိုင်း ခိုင်ခံ့လှပတဲ့ အိမ်လေး တလုံး တည်ဆောက်ဖို့ တိုင်ပင် ဆွေးနွေးချင်တယ် ဆိုရင် ကျနော်တို့ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အမြဲ အဆင်သင့် ရှိပါတယ် ခင်ဗျာ ။

***************************************************

နှစ်သစ်မှာ အိမ်ဆောက်ဖို့ စိတ်ကူးနေတဲ့ အိမ်ရှင်တွေ အတွက် နှစ်သစ်ကူးလက်ဆောင် အစီအစဥ်လေးတွေလဲ ရှိတဲ့အတွက် လာရောက် တိုင်ပင် ဆွေးနွေးကြည့်ဖို့ အတွက် ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

*************************************************

🔸𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 : 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐒𝐭𝐫𝐨𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬.

🔹 ခိုင်ခံ့သော အိပ်မက်တွေဆီ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ။

ဖုန်း - 09-977 277 816 , 09-977 277 817

ရုံး - 61A,108x109, Chanmyatharsi Township, Mandalay

25/05/2026

ကျင်တွယ်ဖမ်းတယ်ဆိုတာ ဘာလဲ?

အိမ်တစ်လုံး တည်ဆောက်တဲ့နေရာမှာ မြေပြင်ပေါ်က အဆောက်အအုံရဲ့ မျဉ်းကြောင်းတွေဟာ 90ံ ထောင့်မှန် (Right Angle) ကျဖို့၊ တစ်နည်းအားဖြင့် "ကျင်တွယ်မိဖို့" က အသက်ပါ။ ဒါကို "ကျင်တွယ်ဖမ်းခြင်း (Setting Out / Right-Angle Squaring)" လို့ ခေါ်ပါတယ် ခင်ဗျာ ။

​ဒီအခြေခံကို သေချာမလုပ်ခဲ့ရင် နောက်ပိုင်း အုတ်စီတဲ့အခါ၊ ကြွေပြားကပ်တဲ့အခါနဲ့ အခန်းဖွဲ့တဲ့အခါတွေမှာ အိမ်က ရိုင်စောင်းပြီး ထောင့်မကျဘဲ ဖြစ်တတ်ပါတယ်။

​ဒီနေ့မှာတော့ ခေတ်မီစက်ကိရိယာတွေ ဘယ်လောက်ပဲ ပေါများလာပါစေ၊ ဆိုက်ထဲက အင်ဂျင်နီယာငယ်တိုင်း မဖြစ်မနေ တတ်ထားရမယ့် ပိုက်သာဂိုးရပ် သီအိုရမ် (Pythagoras' Theorem) သုံးပြီး ကျင်တွယ်ဖမ်းနည်းကို အသေးစိတ် ရှင်းပြပေးသွားပါမယ်။

​၁။ ပိုက်သာဂိုးရပ် သီအိုရမ် (Pythagoras' Theorem) အခြေခံ ။

​သင်္ချာသဘောတရားအရ ထောင့်မှန်တြိဂံတစ်ခုမှာ အနားတွေရဲ့ အချိုးအစားဟာ အောက်ပါပုံသေနည်းအတိုင်း ရှိပါတယ်။

a2 + b2 = c2

​a နှင့် b = ထောင့်မှန်ဖြစ်စေမည့် ကပ်လျက်အနားနှစ်ဖက် (Base & Height)
​c = အရှည်ဆုံးမျက်နှာချင်းဆိုင်အနား (Hypotenuse)

​ဒီပုံသေနည်းကို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလွယ်ကူဆုံး သုညအမှား (Zero Error) ဖြစ်အောင် အသုံးချတာကတော့ ၃:၄:၅ အချိုး (3-4-5 Rule) ပဲ ဖြစ်ပါတယ်။

​၂။ 3-4-5 သုံးပြီး ကျင်တွယ်ဖမ်းပုံ အဆင့်ဆင့် ။

​မြေပြင်ပေါ်မှာ 90ံထောင့်မှန်အတိအကျ ရဖို့အတွက် ပေကြိုး (Measuring Tape) တစ်ချောင်းရှိရုံနဲ့ အောက်ပါအတိုင်း အသေးစိတ် တိုင်းတာနိုင်ပါတယ်။

​အဆင့် (၁) - ပထမအခြေခံမျဉ်း (Baseline) ချခြင်း
​ဦးစွာပထမ မိမိတို့ သတ်မှတ်ထားတဲ့ အဆောက်အအုံရဲ့ ရှေ့မျက်နှာစာ မျဉ်းကြောင်း (သို့) အနားတစ်ဖက်ကို ကြိုးတန်းပြီး သတ်မှတ်ပါ။ ၎င်းမျဉ်းပေါ်မှာ အမှတ် A ကို မှတ်လိုက်ပါ။ (ဒါဟာ အိမ်ရဲ့ ထောင့်စွန်းဖြစ်လာပါမယ်)။

​အဆင့် (၂) - ၃ ပေ အကွာအဝေး မှတ်ခြင်း ။

​အမှတ် A မှစပြီး အခြေခံမျဉ်းအတိုင်း ပေကြိုးနဲ့ တိုင်းကာ ၃ ပေ နေရာမှာ အမှတ် B ကို သတ်မှတ်ပြီး သံရိုက်ပါ (သို့) ခဲတံနဲ့ မှတ်ပါ။

​အဆင့် (၃) - ၄ ပေ မျဉ်းကြောင်းအတွက် ကြိုးတန်းခြင်း

​ယခု ထောင့်မှန်ချချင်တဲ့ အမှတ် A ကနေ နောက်ထပ် ထောင့်မတ်မျဉ်းတစ်ကြောင်းကို ခန့်မှန်းခြေ 90ံ ဝန်းကျင် တန်းလိုက်ပါ။

​ထိုမျဉ်းပေါ်တွင် အမှတ် A မှစတင်ကာ ၄ ပေ တိုင်းပြီး အမှတ် C လို့ ယာယီမှတ်ထားပါ။

​အဆင့် (၄) - ၅ ပေ မျက်နှာချင်းဆိုင်အနားဖြင့် ညှိခြင်း ။

​အမှတ် B (၃ ပေ အမှတ်) နှင့် ယခု ယာယီမှတ်ထားသော အမှတ် C အကြားကို ပေကြိုးဖြင့် တိုင်းပါ။

​အကယ်၍ 3-4-5 အချိုးသုံးထားလျှင် B နှင့် C ကြားသည် ၅ ပေ တိတိ ရှိရပါမည်။

​ညှိယူပုံ: ပေကြိုးပေါ်တွင် ၅ ပေ ကွက်တိမကျမချင်း အမှတ် C ရှိသော ကြိုးလိုင်းကို ဘယ်/ညာ အနည်းငယ် ရွှေ့ပေးရပါမည်။ ၅ ပေ ကွက်တိဖြစ်သွားသော အချိန်တွင် အမှတ် C ကို အသေမှတ်လိုက်ပါ။

​ရလဒ်: ယခုဆိုလျှင် အမှတ် A တွင် ဖြစ်ပေါ်လာသော ထောင့်သည် စက်ကိရိယာမလိုဘဲ အတိအကျရရှိလာမည့် 90ံ ထောင့်မှန် (ကျင်တွယ်) ဖြစ်သွားပါပြီ။

​မှတ်ချက်။ ။ ဆိုက်အကျယ်ကြီးတွေမှာ တိကျမှု ပိုမိုမြင့်မားစေဖို့ ပေ၊ လက်မထက် မီတာ/စင်တီမီတာ (ဥပမာ - 3m : 4m : 5m) ကို သုံးပြီး ဖမ်းတာက ပိုမိုတိကျသေချာစေပါတယ်။

​"ခေတ်မီနည်းပညာတွေကို တတ်မြောက်တာ ကောင်းပေမယ့်၊ အခြေခံ အင်ဂျင်နီယာပညာရပ် (Site Fundamentals) တွေဟာ သမိုင်းရိုင်းမသွားတဲ့ ဓားထက်ထက်တစ်လက်လိုပဲ အမြဲတမ်း ဆောင်ထားရမှာ ဖြစ်ပါတယ်"

​အခုခေတ်မှာ Total Station တွေ၊ Theodolite တွေ၊ စက်တွေနဲ့ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကျင်တွယ်ဖမ်းလို့ ရနေပြီဆိုတာ မှန်ပါတယ်။ ဒါဟာ အလုပ်တွင်စေပြီး အင်မတန် အားကိုးရတဲ့ နည်းပညာတွေပါ။ ဒါပေမဲ့ အင်ဂျင်နီယာငယ်တစ်ယောက်အနေနဲ့ စက်တွေအပေါ်မှာပဲ ရာနှုန်းပြည့် ပုံအပ်ထားလို့ မရပါဘူး။

​ဘာဖြစ်လို့လဲဆိုတော့ -

​စက်ဆိုတာ Error ရှိနိုင်တယ်: ခေတ်မီစက်တွေဟာ Calibration (စက်ချိန်ညှိမှု) လွဲနေတာ၊ ဘက်ထရီကုန်တာ၊ ဒါမှမဟုတ် လုပ်ငန်းခွင် ရာသီဥတုကြောင့် အနည်းငယ်လွဲချော်တာမျိုး ဖြစ်တတ်ပါတယ်။

အဲဒီအခါ ကိုယ့်မှာ အခြေခံ Check လုပ်နည်း (Cross-check) မရှိရင် စက်မှားတာကို ကိုယ်ပါ လိုက်မှားပြီး တစ်အိမ်လုံး စောင်းသွားနိုင်ပါတယ်။

​လက်တွေ့ဖြေရှင်းနိုင်စွမ်း (Problem Solving): မီးမရှိတဲ့၊ စက်ပစ္စည်းအလွယ်တကူ မရနိုင်တဲ့ နယ်ဆိုက်တွေ (Remote Areas) မှာ အလုပ်လုပ်ရတဲ့အခါ ပေကြိုးတစ်ချောင်း၊ နိုင်းလွန်ကြိုးတစ်ခွေနဲ့တင် အလုပ်ပြီးအောင် ဖြတ်သန်းနိုင်ရပါမယ်။ အဲဒါဟာ အင်ဂျင်နီယာစစ်စစ်ရဲ့ အရည်အချင်းပါ။

​လက်သမား၊ အဖွဲ့သားတွေရဲ့ အထင်ကြီးလေးစားမှု: ဆိုက်ထဲမှာ စက်ကြီးတွေမပါဘဲ ပေကြိုးလေးနဲ့ ပိုက်သာဂိုးရပ် သီအိုရမ်သုံးပြီး ကျင်တွယ်ကို စစ်ဆေးပြလိုက်နိုင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ဝါရင့်လက်သမားကြီးတွေက အလိုအလျောက် ရိုသေလေးစားကြပါတယ်။

​နည်းပညာကို ရင်ပေါင်တန်းဖို့လိုသလို အခြေခံ Theory တွေကိုလဲ ကျကျနန ဆုပ်ကိုင်ထားဖို့ လိုပါတယ် ။

အင်ဂျင်နီယာတွေဟာ စက်ကိရိယာကိုလည်း ကျွမ်းကျင်ရမယ်၊ အခြေခံမြေပြင်အင်ဂျင်နီယာပညာမှာလည်း အမှားအယွင်းမရှိ စေ့စပ်သေချာနေရပါမယ် ခင်ဗျာ ။

***************************************************

ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ " ခိုင်ခံ့လှပသော အိပ်မက်တွေဆီ 𝐒𝐍𝐆 " ဆိုတဲ့ အတိုင်း ခိုင်ခံ့လှပတဲ့ အိမ်လေး တလုံး တည်ဆောက်ဖို့ တိုင်ပင် ဆွေးနွေးချင်တယ် ဆိုရင် ကျနော်တို့ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အမြဲ အဆင်သင့် ရှိပါတယ် ခင်ဗျာ ။

***************************************************

နှစ်သစ်မှာ အိမ်ဆောက်ဖို့ စိတ်ကူးနေတဲ့ အိမ်ရှင်တွေ အတွက် နှစ်သစ်ကူးလက်ဆောင် အစီအစဥ်လေးတွေလဲ ရှိတဲ့အတွက် လာရောက် တိုင်ပင် ဆွေးနွေးကြည့်ဖို့ အတွက် ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

*************************************************

🔸𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 : 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐒𝐭𝐫𝐨𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬.

🔹 ခိုင်ခံ့သော အိပ်မက်တွေဆီ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ။

ဖုန်း - 09-977 277 816 , 09-977 277 817

ရုံး - 61A,108x109, Chanmyatharsi Township, Mandalay

24/05/2026

ထုတ်သံဆင်ရာမှာ သိကို သိထားရမည့် အချက် (1) ချက် ။

MNBC2025 အရ ငလျင်ဒါဏ် ထည့်သွင်းတွက်ချက် ထားတဲ့ အဆောက်အဦးလေး ဘယ်လောက်ကုန်ကျမလဲ?

***************************************************

ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ " ခိုင်ခံ့လှပသော အိပ်မက်တွေဆီ 𝐒𝐍𝐆 " ဆိုတဲ့ အတိုင်း ခိုင်ခံ့လှပတဲ့ အိမ်လေး တလုံး တည်ဆောက်ဖို့ တိုင်ပင် ဆွေးနွေးချင်တယ် ဆိုရင် ကျနော်တို့ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အမြဲ အဆင်သင့် ရှိပါတယ် ခင်ဗျာ ။

***************************************************

နှစ်သစ်မှာ အိမ်ဆောက်ဖို့ စိတ်ကူးနေတဲ့ အိမ်ရှင်တွေ အတွက် နှစ်သစ်ကူးလက်ဆောင် အစီအစဥ်လေးတွေလဲ ရှိတဲ့အတွက် လာရောက် တိုင်ပင် ဆွေးနွေးကြည့်ဖို့ အတွက် ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

*************************************************

🔸𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 : 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐒𝐭𝐫𝐨𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬.

🔹 ခိုင်ခံ့သော အိပ်မက်တွေဆီ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ။

ဖုန်း - 09-977 277 816 , 09-977 277 817

ရုံး - 61A,108x109, Chanmyatharsi Township, Mandalay

23/05/2026

မေ့ကျန်လို့ လုံးဝမရတဲ့ Tie ကွင်းတွေ အကြောင်း ။

ငလျင်ဒါဏ်ကို ထည့်သွင်းတွက်ချက် ထားတဲ့ 24' x 50' နှစ်ထပ်ခွဲ အဆောက်အဦးကို ဘယ်လောက်ကုန်ကျမလဲ? ​ဒီနေ့မှာတော့ SNG Design & C...
23/05/2026

ငလျင်ဒါဏ်ကို ထည့်သွင်းတွက်ချက် ထားတဲ့ 24' x 50' နှစ်ထပ်ခွဲ အဆောက်အဦးကို ဘယ်လောက်ကုန်ကျမလဲ?

​ဒီနေ့မှာတော့ SNG Design & Construction ကနေ မကြာခင် အကောင်အထည်ဖော် တည်ဆောက်တော့မည့် မြေအကျယ် 29' x 60' ပေါ်က ဧရိယာ 24' x 50' ရှိ ခေတ်မီဆန်းသစ်သော Luxury နှစ်ထပ်ခွဲ RC လူနေအိမ်ဒီဇိုင်းသစ်ကို မိတ်ဆက်ပေးချင်ပါတယ် ခင်ဗျာ ။

​ငွေကြေးထပ် 'အရည်အသွေး' နှင့် 'ခိုင်ခံ့မှု' ကိုသာ သတ်မှတ်ထားတဲ့ အိမ်ရှင်များအတွက်
အချို့အရာတွေက ကုန်ကျစရိတ်ထက် "စိတ်ချရမှု" က ပိုပြီးတန်ဖိုးရှိပါတယ်။

ဒီအိမ်လေးက အကြမ်းထည်ကို သိန်း ၃၅၀၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အပေါ်ယံအလှအပတင်မကဘဲ မျက်စိနဲ့မမြင်ရတဲ့ အတွင်းပိုင်း ခိုင်ခံ့မှုကို အင်ဂျင်နီယာစံနှုန်းတွေနဲ့အညီ တည်ဆောက်မှာမို့လို့ပါ ခင်ဗျာ ။

​🛡️ MNBC-2025 စံနှုန်းနှင့် ငလျင်ဒဏ်ခံနိုင်ရည်ရှိမှု ။

မိသားစုရဲ့ အသက်အိုးအိမ်စည်းစိမ်ထက် အရေးကြီးတာ ဘာမှမရှိပါဘူး။ ဒါကြောင့် ယခုပရောဂျက်ကို Myanmar National Building Code (MNBC-2025) စံနှုန်းများအတိုင်း တိကျစွာ ငလျင်ဒဏ်တွက်ချက်မှု (Structural Analysis) ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်တွေ ဘယ်လောက်ပဲ ရှိပါစေ၊ မျိုးဆက်တစ်ခုကနေတစ်ခုအထိ ရေရှည်ခိုင်ခံ့နေမယ့် နားခိုရာ အိမ်လေးတလုံး ဖြစ်လာမှာပါ။

​"အိမ်ဆိုတာ... သာမန်အုတ်၊ သဲ၊ ဘိလပ်မြေတွေနဲ့ ဖွဲ့စည်းထားတဲ့ အဆောက်အအုံတစ်ခုထက် ပိုပါတယ်။ အပြင်ဘက်က ဘယ်လိုမုန်တိုင်းတွေပဲ တိုက်ခတ်နေပါစေ... ကိုယ့်အိမ်ထဲခြေချလိုက်တာနဲ့ စိတ်အေးချမ်းမှု၊ နွေးထွေးမှုနဲ့ အကြွင်းမဲ့လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နားခိုရာ 'Snuggle' (နွေးထွေးလုံခြုံသော ရင်ခွင်) တစ်ခု ဖြစ်ရပါမယ်။"

​📐 Architectural Concept — Modern Luxury Line

မျက်နှာစာဗိသုကာလက်ရာတွင် ခေတ်မီဆန်းသစ်ပြီး ဂုဏ်သရေရှိလှတဲ့ Modern Luxury Classic စတိုင်လ်ကို ဖော်ဆောင်ထားပါတယ်။

မှန်ချပ်ကြီးများရဲ့ ပွင့်လင်းမြင်သာမှုနဲ့ သစ်သားလိုင်း (Wooden Louvers) များရဲ့ နွေးထွေးမှုတို့ ပေါင်းစပ်ထားပြီး သဘာဝအလင်းရောင်နဲ့ လေဝင်လေထွက်ကို အကောင်းဆုံးရရှိစေမယ့် ရုပ်ထွက်ဖြစ်ပါတယ်။ Roof Deck အမိုးဆန်းနဲ့အတူ အဆင့်မြင့်တဲ့ နေထိုင်မှုပုံစံကို ခံစားရစေမှာပါ။

​SNG Design & Construction ၏ ကတိကဝတ် ။

ကျွန်တော်တို့ဟာ အဆောက်အဦးတွေကို တည်ဆောက်တာမဟုတ်ပါဘူး။ လူကြီးမင်းတို့ရဲ့ "အိမ်မက်တွေကို စိတ်ကူးအတိုင်း ပုံဖော်ပေးတာ" ဖြစ်ပါတယ်။

​ကုန်ကျစရိတ်ကို ဦးစားမပေးဘဲ မိမိတို့ရဲ့နားခိုရာ အိမ်ဂေဟာကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းစံနှုန်းတွေအတိုင်း စိတ်အေးချမ်းသာစွာ အပ်နှံတည်ဆောက်လိုတဲ့ အိမ်ရှင်များအတွက် SNG Construction က အသင့်ရှိနေပါတယ် ခင်ဗျာ ။

​📞 အိမ်မက်တွေကို စတင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

***************************************************

ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ " ခိုင်ခံ့လှပသော အိပ်မက်တွေဆီ 𝐒𝐍𝐆 " ဆိုတဲ့ အတိုင်း ခိုင်ခံ့လှပတဲ့ အိမ်လေး တလုံး တည်ဆောက်ဖို့ တိုင်ပင် ဆွေးနွေးချင်တယ် ဆိုရင် ကျနော်တို့ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အမြဲ အဆင်သင့် ရှိပါတယ် ခင်ဗျာ ။

***************************************************

နှစ်သစ်မှာ အိမ်ဆောက်ဖို့ စိတ်ကူးနေတဲ့ အိမ်ရှင်တွေ အတွက် နှစ်သစ်ကူးလက်ဆောင် အစီအစဥ်လေးတွေလဲ ရှိတဲ့အတွက် လာရောက် တိုင်ပင် ဆွေးနွေးကြည့်ဖို့ အတွက် ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

*************************************************

🔸𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 : 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐒𝐭𝐫𝐨𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬.

🔹 ခိုင်ခံ့သော အိပ်မက်တွေဆီ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ။

ဖုန်း - 09-977 277 816 , 09-977 277 817

ရုံး - 61A,108x109, Chanmyatharsi Township, Mandalay

​

20/05/2026

အိမ်တစ်လုံး ဆောက်ရမှာ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ foundation အပိုင်း ဆောင်ရွက်တဲ့အခါမှာ သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။

​အရင်ဆုံး ကျွန်တော်တို့တွေ footing ဇကာ မချခင်မှာ ကျွန်တော်တို့ ဒီ lean concrete လောင်းထားတဲ့အပေါ်မှာ ရှိတဲ့ ဒီမြေကြီးလေးကို ကျွန်တော်တို့ သန့်ရှင်းရေး ပြောင်စင်အောင် လုပ်တယ်ပေါ့နော်။

ဒီမြေကြီးလေးတွေက လုံးဝ ကျွန်တော်တို့ ကွန်ကရစ်လောင်းတဲ့ထဲမှာ ပါသွားလို့ မရပါဘူးခင်ဗျာ။ ဒီဟာလေးကလည်း အရေးကြီးတဲ့ အချက်ထဲမှာ ပါပါတယ်ခင်ဗျာ။ သန့်ရှင်းရေး ပြောင်ဖို့က အရမ်းအရေးကြီးပါတယ်။

​သန့်ရှင်းရေးလုပ်ငန်း ပြီးသွားတော့ ကျွန်တော်တို့တွေ ဒါ ကော်လံစင်တာ (column center) အတွက် ကျွန်တော်တို့ ချိန်ချတယ်ပေါ့နော်။

ကျွန်တော်တို့ ဒီ footing ဇကာရဲ့အောက်မှာ ကျွန်တော်တို့ ခုတဲ့အခါမှာပေါ့နော်၊ အုတ်နီခဲတွေ ခုတာမျိုး ကျွန်တော်တို့ ပြုလုပ်လို့မရပါဘူး။ ကျွန်တော်တို့ ဒီက ကွန်ကရစ်ကာဗာ (mortar spacers) တွေနဲ့ သပ်သပ်ရိုက်ပြီးတော့ ကွန်ကရစ်ကာဗာတုံး ခုဖို့က အရမ်းအရေးကြီးပါတယ်ခင်ဗျာ။ အုတ်နီခဲရဲ့ ခံနိုင်ရည်နဲ့ ကျွန်တော်တို့ ကွန်ကရစ်ရဲ့ ခံနိုင်ရည်နဲ့က လုံးဝ မတူလို့ ဖြစ်ပါတယ်ခင်ဗျာ။

​footing ဇကာလည်း ချပြီးသွားပြီ၊ ကျွန်တော်တို့ ကော်လံတိုင်လည်း ချပြီးသွားပြီဆိုရင် ကျွန်တော်တို့ ဒါ လက်သမားတွေအနေနဲ့ ဒါ ပုံကာခြင်း လုပ်ငန်း လုပ်ဆောင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

အဲဒီ ပုံကာတဲ့ နေရာမှာလည်း ကျွန်တော်တို့ကတော့ ဒီ structure designer ပေးထားတဲ့ footing size တိတိကျကျရဖို့ ကျွန်တော်တို့ ဒါ အရေးကြီးပါတယ်ခင်ဗျာ။ အဲဒါလေးကိုလည်း ဂရုစိုက်ရပါမယ်။

​ပြီးတော့ ဒီ ကျွန်တော်တို့ သံချောင်းတွေရဲ့ အစွန်းကနေပြီးတော့ cover ပေါ့နော်၊ clear cover သတ်မှတ်ထားတဲ့ clear cover ကျွန်တော်တို့ ကျန်ဖို့လည်း အရေးကြီးပါတယ်။

ကျွန်တော်တို့ ပုံကာခြင်း လုပ်ငန်း ပြီးသွားတော့ ဒီ footing စကားမှာ အနည်းငယ် ကပ်နေတဲ့ ဒါ ရွှံ့လေးတွေကို ကျွန်တော်တို့ ဒါ သန့်ရှင်းရေး သေချာပြန်လုပ်လိုက်တယ်ပေါ့နော်။

​ဟုတ်ကဲ့၊ အဆုံးထိ ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မိတ်ဆွေတို့အနေနဲ့ အိမ်လေးတစ်လုံး တည်ဆောက်ဖို့ စဉ်းစားနေတယ်၊ သိချင်တာလေးတွေကို လာရောက်တိုင်ပင် ဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော်တို့ SNG Construction က အမြဲအဆင်သင့် ရှိပါတယ်ခင်ဗျာ။

***************************************************

နှစ်သစ်မှာ အိမ်ဆောက်ဖို့ စိတ်ကူးနေတဲ့ အိမ်ရှင်တွေ အတွက် နှစ်သစ်ကူးလက်ဆောင် အစီအစဥ်လေးတွေလဲ ရှိတဲ့အတွက် လာရောက် တိုင်ပင် ဆွေးနွေးကြည့်ဖို့ အတွက် ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

*************************************************

🔸𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 : 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐒𝐭𝐫𝐨𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬.

🔹 ခိုင်ခံ့သော အိပ်မက်တွေဆီ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ။

ဖုန်း - 09-977 277 816 , 09-977 277 817

ရုံး - 61A,108x109, Chanmyatharsi Township, Mandalay

20/05/2026

ပတ်တန်း ရိုက်တယ်၊ ပန္နက်ရိုက်တယ်ဆိုတာ ဘာလဲ?

​အဆောက်အဦတစ်ခု တည်ဆောက်ရာမှာ ပတ်တန်းရိုက်ခြင်း၊ ပန္နက်ရိုက်ခြင်းဆိုတဲ့ လုပ်ငန်းက အရေးကြီးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

​ပန္နက်ရိုက်ခြင်းဆိုတာကို နားလည်လွယ်အောင် ပြောရမယ်ဆိုရင် ကိုယ်ဆောက်မယ့် အဆောက်အဦရဲ့ အတိုင်းအတာ၊ အခန်းဖွဲ့၊ ကော်လံတိုင်တွေရဲ့ နေရာ၊ ကျင်တွယ်ကျခြင်း ရှိ/မရှိကို တိုင်းတာစစ်ဆေးတာ ဖြစ်ပါတယ်။

​ပန္နက်ရိုက်ဖို့အတွက် အရင်ဆုံး ပတ်တန်းအရင်ရိုက်ရပါမယ်။ ပတ်တန်းရိုက်ရမယ့် ပတ်တန်းတွေရဲ့ level အနိမ့်အမြင့် ညီဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ site ထဲမှာတော့ ပတ်တန်းကို plinth level ထက် တစ်ပေအမြင့် ပိုတင်ပြီးတော့ ရိုက်ပါတယ်။

​ပတ်တန်းကို plinth level ထက် တစ်ပေပိုမြင့်ပြီးတော့ ရိုက်တဲ့အတွက် ချိန်ချဖို့ ကြိုးဆွဲတဲ့အခါ၊ မျဥ်းဖြောင့်ကြိုးဆွဲတဲ့အခါတွေမှာ ပိုမိုလွယ်ကူစေပါတယ်။

​ပတ်တန်းရိုက်ပြီးသွားရင် အဆောက်အဦကို ကျင်တွယ်၊ ထောင့်မှန်ကျဖို့အတွက် Pythagoras Theorem ကို သုံးပြီး ကျင်တွယ်ဖမ်းပါတယ်။

​အလွယ်မှတ်ရမယ်ဆိုရင် တြိဂံတစ်ခုရဲ့ အနားတွေက ၃၊ ၄၊ ၅ (၃ ပေ၊ ၄ ပေ၊ ၅ ပေ) ဖြစ်နေတယ်ဆိုရင် အဲ့ဒီတြိဂံက ထောင့်မှန်ကျပါတယ်။

ကျွန်တော်တို့ site ထဲမှာတော့ ၃၊ ၄၊ ၅ ကို နှစ်ဆမြှောက်ပြီးတော့ ၆၊ ၈၊ ၁၀ (၆ ပေ၊ ၈ ပေ၊ ၁၀ ပေ) နဲ့ ကျင်တွယ်ဖမ်းပါတယ် ခင်ဗျာ ။

***************************************************

ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ " ခိုင်ခံ့လှပသော အိပ်မက်တွေဆီ 𝐒𝐍𝐆 " ဆိုတဲ့ အတိုင်း ခိုင်ခံ့လှပတဲ့ အိမ်လေး တလုံး တည်ဆောက်ဖို့ တိုင်ပင် ဆွေးနွေးချင်တယ် ဆိုရင် ကျနော်တို့ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အမြဲ အဆင်သင့် ရှိပါတယ် ခင်ဗျာ ။

***************************************************

နှစ်သစ်မှာ အိမ်ဆောက်ဖို့ စိတ်ကူးနေတဲ့ အိမ်ရှင်တွေ အတွက် နှစ်သစ်ကူးလက်ဆောင် အစီအစဥ်လေးတွေလဲ ရှိတဲ့အတွက် လာရောက် တိုင်ပင် ဆွေးနွေးကြည့်ဖို့ အတွက် ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

*************************************************

🔸𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 : 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐒𝐭𝐫𝐨𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬.

🔹 ခိုင်ခံ့သော အိပ်မက်တွေဆီ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ။

ဖုန်း - 09-977 277 816 , 09-977 277 817

ရုံး - 61A,108x109, Chanmyatharsi Township, Mandalay

19/05/2026

ငလျင်ဒါဏ်ကို အပြည့်အဝ စဉ်းစားထားတဲ့ အဆောက်အဦးရဲ့ Ground Beam က ဘယ်လိုမျိုးလဲဆိုတာ သိချင်တယ်ဆိုရင် ဒီဗီဒီယိုလေးကို အဆုံးထိကြည့်ဖို့ အကြံလေးပေးချင်ပါတယ်ခင်ဗျာ။

​မင်္ဂလာပါ၊ ဒီနေ့ကတော့ ဒါ... ကျွန်တော်တို့ MNBC 2025 ကို အခြေခံပြီးတော့ Structural Design တွက်ချက်ထားတဲ့ (109B) ဆိုက်လေးရဲ့ Ground Beam လုပ်ငန်းခွင်ပုံစံကို လိုက်ပြပေးချင်ပါတယ်။

ဒီ Ground Beam မှာ ချည်ထားတဲ့ သံတွေကို တွေ့ရပြီးတော့ ပေါ့နော် အိမ်ရှင်ကတောင်မှ ဒါ... ဟာသလေးတစ်ခု ပြောထားသေးတယ်ပေါ့နော်။ 'နင်ပဲ လှုပ်နိုင်မလား၊ ငါတို့ပဲ လုပ်နိုင်မလား' တဲ့။ 'သံလို့မမြင်​​ေတာ့ဘူး၊ ပိုက်ဆံတွေလိုပဲ မြင်တယ်' တဲ့။

​ဟုတ်လည်း ဟုတ်တယ်ပေါ့နော်။ ကျွန်တော်တို့ ဒီ MNBC 2025 ကို အခြေခံပြီး တွက်ချက်ထားတဲ့ Structure Design တွေက ဒါ... ကျွန်တော်တို့ စီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း Concrete Grade တွေရော၊ ဒီ Rebar တွေလည်း ကျွန်တော်တို့ တော်တော်လေး သုံးရတယ်ပေါ့နော်။

ဒီမှာဆိုရင် ဒါ... ကျွန်တော်တို့ ဆိုက်မှာ သုံးထားတဲ့ ဒီ Ground Beam ရဲ့ Rebar Schedule လေးလည်း ကျွန်တော် ပြထားပေးပါတယ်။

​မိတ်ဆွေတို့အနေနဲ့ အခုလို ငလျင်ဒဏ်ကို အပြည့်အဝ စဉ်းစားထားတဲ့ ခိုင်ခံ့လှပတဲ့ အဆောက်အဦးတွေ ဆောက်ဖို့ တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော်တို့ SNG Construction က အမြဲတမ်း အသင့်ရှိပါတယ်ခင်ဗျာ။

ဒီဗီဒီယိုလေးက မိတ်ဆွေတို့အတွက် အကျိုးတစ်ခုခု ရတယ်ဆိုရင် ကော်မန့်မှာ 'YES' လို့ ရေးခဲ့ပေးပါဦး။

ဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ"

***************************************************

ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ " ခိုင်ခံ့လှပသော အိပ်မက်တွေဆီ 𝐒𝐍𝐆 " ဆိုတဲ့ အတိုင်း ခိုင်ခံ့လှပတဲ့ အိမ်လေး တလုံး တည်ဆောက်ဖို့ တိုင်ပင် ဆွေးနွေးချင်တယ် ဆိုရင် ကျနော်တို့ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အမြဲ အဆင်သင့် ရှိပါတယ် ခင်ဗျာ ။

***************************************************

နှစ်သစ်မှာ အိမ်ဆောက်ဖို့ စိတ်ကူးနေတဲ့ အိမ်ရှင်တွေ အတွက် နှစ်သစ်ကူးလက်ဆောင် အစီအစဥ်လေးတွေလဲ ရှိတဲ့အတွက် လာရောက် တိုင်ပင် ဆွေးနွေးကြည့်ဖို့ အတွက် ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

*************************************************

🔸𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 : 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐒𝐭𝐫𝐨𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬.

🔹 ခိုင်ခံ့သော အိပ်မက်တွေဆီ 𝐒𝐍𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ။

ဖုန်း - 09-977 277 816 , 09-977 277 817

ရုံး - 61A,108x109, Chanmyatharsi Township, Mandalay

Address

61A Between 108x 109
Mandalay

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959977277816

Alerts

Be the first to know and let us send you an email when 𝐒𝐍𝐆 𝐃𝐞𝐬𝐢𝐠𝐧 & 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐨.,𝐥𝐭𝐝 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share