K-Myanmar Design & Construction Group

K-Myanmar Design & Construction Group Construction & Decoration Company Ltd.

04/07/2023
https://www.facebook.com/104537445267208/posts/123080130079606/
21/10/2021

https://www.facebook.com/104537445267208/posts/123080130079606/

" တိုက်ခန်းဝယ်မယ်ဆိုရင်... "

ကန် ထရိုက် တိုက် ဝယ် ရင် မိုးတွင်းကို ဝယ်..
မိုးတွင်းဆို ရင် နံ ရံ ရေ စိမ့် တာ သိ နိုင် တယ်..
အ ပေါ် ဆုံးထပ် ကို ဝယ် ရင် မျက် နှာ ကျက် က နေ ရေ ယို မယို စစ် ရ မယ် ၊
မိုးတွင်းတော့ သိ သာ ပေမယ့် နွေ ဆို မသိ နိုင် ဘူး၊
ဘေးလှေခါးလား၊အလယ် လှေ ခါးနဲ့နှစ် ခန်း တွဲ ရင် ခွဲလားကြည့် ရမယ်..
နှစ် ခန်းတွဲ ရင် ခွဲ တိုက် တွေရဲ့အ ပေါ်ဆုံးအလွှာ မှာ အလယ် မြင်းမို ကို အုတ်စီထားသလား..
ဒါမှ မဟုတ် သံဇကာ ကာထားသလားကြည့် ရ မယ်..
နို့မို ဆို တစ် ဘက် ခန်းနဲ့တဘက်ခန်းမျက် နှာ ကျက် ကနေ ကူးနိုင် တာမို့ လုံ ခြုံ မှု မရှိ နိုင် ဘူး။

နောက် ဖေးမိလ္လာ ကန် တွေ အနံ့ထွက် ပိုက် (ခေါ်) လေ ပိုက် တပ် ဆင် ထား မှု လည်းစစ်
ဆေးရ မယ်..
အနံ ထွက် ပိုက် လေ ပိုက် တပ်ဆင် ထားမှု စံနစ် မကျ ရင် မိလ္လာ နံ့တွေ အခန်းထဲ ဝင် လာ နိုင် တယ်။

နောက် ဖေးအ ရေးပေါ် လှေ ကား က တော့ အာစီ တွေ ချည်ပါပဲ ၊
ဒါ ပေမဲ့လက် ရန်းတွေက စတီးလား ဟော် လို လား ကြည့် ရမယ်..
စတီးဆို မ ဆွေးဘူး ဟော် လို ဆို ရင် သံ ချေးကိုက် ပြီးဆွေးမယ်..
နောက် ဖေး အဝတ် လှမ်းတဲ့ အခါ အ ရေးပေါ် လှေကားက မဖြစ် မ နေ
ဆင်းရ တဲ့အခါ လက် ရန်း ဆွေးနေ ရင် အန္တရာယ် ရှိ တယ်။

မြေ ညီ စက် ခန်းက ရေ လှောင် ကန် ရေ လုံ
မလုံလည်း စုံ စမ်းရမယ် ရေ မလုံ လို့တော့
လုံးဝ မဝယ် နဲ့ ၊တစ် ချို့ စေတနာ ပါ တဲ့ ကန်
ထရိုက် တွေ က မြေ အောက် ရေ လှောင် ကန်
ကို ကြွေပြားပါ ကပ် ပေးတာ ၊ရေ ကန် ဆို တာ
ပုံ မှန် ရေ လှယ် ဆေး ကြော ရ တော့ ကြွေ ပြား
ကပ် တာ ကောင်းပါ တယ်။

နောက် ရေ လှောင် ကန် အဖုံး အဖုံး အနားကွပ် က ၆လက်္မ လောက် မြင့် ထားရ တယ်၊
ရေ မော် တာ ရေ စုပ် ပိုက် က ရေ ထွက် ပေါက် ကို ၂လက် မ ပိုက် ၆လက်မ
လောက် စွပ်ပြီးမဆလာ နဲ့ပိတ် ထားရ တယ် ၊
ရေကန် ရေပြည့် လို့ရေ လျှံ ရင် ရေ ကန် အဖုံး စလပ် က မကောင်းတဲ့ရေ တွေ ကန် ထဲ မကျ
တော့ ဘူး၊
အပြင် ဘက် ကို လည်းရေ ဆင်းကောင်း အောင် လျှော စောက် လုပ် မလုပ် ကြည့် ရတယ်။
လူ နေ ပြီးသားတိုက် ကို ဝယ် တဲ့ အခါ တိုက် ဆောက် လုပ် တဲ့ ရာဇဝင် ကို မသိနိုင်
ပေမယ့် ခန့်မှန်းလို့ တော့ ရ ပါ တယ်။

ဘေး ဝဲယာ ၊ရှေ့နောက် စောင်းမ စောင်းမျက်
မြင် နဲ့ခန့်မှန်းပေါ့ ၊နောက် မြေ ညီ တိုင်
(Column)အရွယ် အစား ကို ကြည့် ၊တစ် ချို့
၅ထပ် ၆ထပ် တိုက် တွေ မြေ ညီ တိုင်ကစ
9"×12"အရွယ် တွေလုပ် ထားတာ ၊နံ ရံ တွေ
အက် ကွဲ မှု ရှိ မရှိ လည်း မျက် မြင် နဲ့လေ့ လာ
လို့ရ ပါ တယ် ။

၆ထပ် တိုက် တစ် လုံးတွေ့ဘူးတယ် အုတ်စီ
ပြီးရှေ့ကို ငိုက် သွားလို့ အ ပေါ် ဆုံး ပါရာပတ်
က နေ ကြိုးဆွဲ ပြီးပလာစတာ လုပ် လိုက် တာ
တစ် တိုက် လုံး စကွဲ ယားကျ ဖြစ် သွားတယ်
အတွင်း ကော် လာ တွေ ပါ လိုက် ချော ပြစ် ရ
တာ ပေါ့ ၊နောက် တိုက် တစ် လုံးကျ တော့
အ ရှေ့နောက် Level တိုက် တာ ၉"လောက်
ကွာ နေ လို့ ညီ အောင် ပြန် ခင်းတာ တွေ
တယ် အဲ ဒီ တော့ တိုက် က ဝန် ပို တွေ များ
လာ တာ ပေါ့ ။

ကွန် ဒို မဟုတ် ပဲ ရိုးရိုးဖေါင် ဒေး ရှင်းတိုက်
တွေ ဝယ် ရင် သေ ချာ နားလည် တဲ့ သူ နဲ့
ဝယ် မှ ၊မင်္ဂလာ တောင် ညွန့် ထဲ မှာ တိုက်
တစ် လုံးမြေ ထဲ ကြွံ ဝင် သွားတာ မြေ ညီ တစ်
ထပ် လုံး မြေထဲ ရောက် သွားတယ်။
အခု ကန် ထရိုက် တိုက် တွေ ဆောက် နေ တာ
အင် ဂျင် နီယာ မပါ ဘူး၊အင် ဂျင် နီယာ ဆို တာ
လက် မှတ် ထိုးရုံ ပဲ ၊ပန်းရံ လက် သမား
တွေ က ပဲ ဦးစီးနေ တာ ၊သံ ချောင်းရယ်
ကျောက် ရယ် သဲ ရယ် ဘိ လပ် မြေ ရယ် တွေ့
ရင် အာစီ ဖြစ် တာ ပဲ ဆို တဲ့အသိ စွဲ နေ ကြ
တာ ။

၆လွှာ အ ပေါ် ဆုံးထပ် ကို သိန်း၂၀၀ လောက်ပေးဝယ် ရတာ ၊
သိန်း၂၀၀ ဆို တာ ပလုံ သွားရင် ပြန် ရှာ လို့မလွယ် တဲ့ ခေတ် ကြီးမှာ တိုက်ခန်းဝယ် မယ် ဆို သေ သေ ချာ ချာ စဉ်းစားပေါ့။

ပြီးစလွယ် ဆောက် တဲ့ ကန် ထရိုက် တွေ အ နေ နဲ့
မ ကျေနပ် လည်းမတတ် နိုင် ဘူး ၊အ
မြတ် ကို အဓိ ကမထား ပဲ လူ ပေါင်းများစွာ
ရဲ့ဘဝ ၊အသက် တွေ ၊ချွေး နည်းစာ တွေ ကို
မသမာ တဲ့နည်းနဲ့မဖျက် စီးပါနဲ့မရ ယူ ပါ
နဲ့၊ဆရာ ဝန် မှားရင် အသက် တစ် ချောင်းပဲ
ဆုံးရှုံး မယ် ကန် ထရိုက် ပြီးစလွယ် လုပ် ရင်
အသက် ပေါင်းများစွာ ဘဝ ပေါင်းများစွာ ဆုံး
ရှုံး မယ်။

အင် ဂျင် နီယာ အစားကန် ထရိုက် လို့ ဘာ
့ဖြစ် လို့ပြော ရတာ လည်းဆို တော့ အင် ဂျင်
နီယာ တာဝန် ယူ ရ တဲ့ တိုက် က ကွန် ဒို က
လွဲ ရင် မရှိ သ လောက် ပဲ မို့ လို့ပါ။

Address

53rd X 54st Road , ChanMyaTharZe Township
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when K-Myanmar Design & Construction Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share